ကလိမ်ကကျစ်ကြီး၊ ကလိမ်ကကျစ်လေး
Vol. 58 Ch. 767
လုလီနှင့် ဘုရင်ခံသုံးပါးက ကောင်းကင်ယင်သားတော်ကို ကြည့်၍ အံတင်းတင်းကြိတ်နေကြသော်လည်း မည်သို့မျှ မတတ်နိုင်ပေ။
“ကလိမ်ကကျစ်ကောင်”
သူတို့သည် ယိုတုတွင် စခန်းချရန် ကောင်းကင်နတ်ဘုံမှ စေလွှတ်ထားသည့် ဘုရင်ခံများအဆင့်သာ ရှိ၏။ ကောင်းကင်သားတော်ကမူ ကောင်းကင်နတ်ဘုံ၏ နယ်မြေအပိုင်စား အရာရှိတစ်ဦး ဖြစ်သည်။ သူက မင်တုကို အုပ်ချုပ်သော ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်၏။
အစွမ်းအစများနှင့် ပတ်သက်လျှင် ဘုရင်ခံလေးဦးဖြစ်သည့် သူတို့မှာ ကောင်းကင်ယင်သားတော်နှင့် အတိုက်အခံလုပ်ရန် အသာထား၊ အခွင့်ရေးရလျှင်ရသလို ဖော်လံဖားရသေးသည်။
သူတို့လေးယောက် အပင်ပန်းခံ အစီအစဉ်ချပြီးနောက် ယိုတု၏အာဏာပိုင်များစွာ စည်းရုံးခဲ့ကာ ဤယိုတုသားတော်ကို သားသတ်ဒယ်အိုးထဲ၌ ဖမ်းနိုင်ခဲ့၏။ သို့သော် ယခုတွင် ကောင်းကင်သားတော်က ဆိုင်းမဆင့် ဗုံမဆင့် ရောက်ချလာကာ သိုင်းကွက်လေးနှစ်ကွက်တည်းဖြင့် ယိုတု၏အာဏာပိုင်တစ်ယောက်မကျန် သတ်ဖြတ်လိုက်ရင်း သူတို့ ကြိုးစားပမ်းစား ပျိုးထောင်ထားသော အသီးအပွင့်တို့ကို အသာလေး ခူးဆွတ်ပေတော့မည်။
ထိုယိုတုအာဏာပိုင်များသည် သူတို့လေးဦးဆီမှ တိုက်ရိုက်ဆင်းသက်လာသော အမျိုးအနွယ်များဟု ဆိုနိုင်ပြီး ယခုတွင် အားလုံး အမြစ်ဖြုတ်ခံလိုက်ရချေပြီ။
ယိုတု၏အာဏာပိုင်အများစုက သေဆုံးပြီးသည့်အချိန်တွင် ယိုတုသို့ ကျရောက်လာခဲ့ကြသော ကောင်းကင်နတ်ဘုံသားများ ဖြစ်ကြသည်။ ဧကရာဇ်ပလ္လင်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်ကြသော်လည်း ရုပ်ခန္ဓာသေဆုံးသွားမှုကြောင့် အားနည်းချက်များ ရှိကြသည်။ ထို့ကြောင့် အသက်ဆက်ရှင်နိုင်ရန် ဘုရင်ခံလေးပါး၏ လက်အောက်ငယ်သားအဖြစ် ထမ်းဆောင်ကာ ဘုရင်လေးပါးကို အမှီပြုရ၏။
ယိုတုသည် မြေအောက်ဘုံအရှင်သခင်၏နယ်မြေ မဟုတ်ပါ၏လော။ သူတို့အပြင် ရန်သူတပ်ဖွဲ့များမှ ဧကရာဇ်ပင်လယ်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်များလည်း သေဆုံးပြီးလျှင် ဤနေရာသို့ ဆင်းသက်ကြသည်။
သို့ဖြစ်၍ အဆင့်မြင့်သိုင်းပညာရှင် ရန်သူများ၏ သတ်ဖြတ်ခြင်းမခံလိုလျှင် ဘုရင်ခံလေးပါး၏ လက်အောက်၌ ခိုလှုံကာ ကောင်းကင်နတ်ဘုံ၏ အာဏာကို ငှားယူရုံအပြင် ရွေးချယ်စရာမရှိပေ။ တစ်ဦး အကျိုးအမြတ်ရလျှင် အားလုံး အကျိုးအမြတ်ရသော အခြေအနေဖြစ်သည့်အတွက် သူတို့အားလုံး ဘုရင်ခံလေးဦး၏ ခိုင်းစေမှုကို လိုလိုလားလား နာခံကြသည်။ ထို့ကြောင့်လည်း ယိုတုသားတော်ကို တိုက်ခိုက်ရန် လုလီ စည်းရုံးသည့်အခါ အကုန်လုံး ၀မ်းမြောက်၀မ်းသာ ရောက်လာခဲ့ကြခြင်းဖြစ်၏။
သူတို့အားလုံး အတူတူ စုစည်းနေလျှင် မင်တု၏ ကောင်းကင်ယင်သားတော်ကိုပင် တိုက်ခိုက်နိုင်သည်။
ယိုတုနှင့် မင်တုရှိ ကောင်းကင်နတ်ဘုံသားများက မတည့်ကြပေ။ မတည့်ရသော အကြောင်းရင်းက ခံစားရသော အကျိုးအမြတ်များနှင့် သက်ဆိုင်သည်။ ကောင်းကင်ယင်သားတော်ဖြစ်စေ၊ လုလီဖြစ်စေ တစ်ယောက်ခေါင်းပေါ် တစ်ယောက် တက်ထိုင်ချင်ကြ၏။
ကောင်းကင်နတ်ဘုံမှ ဘုရင်ခံလေးပါးအား ယိုတုတွင် စခန်းချစေခဲ့သည့် အကြောင်းအရင်းမှာ မြေအောက်ဘုံအရှင်သခင်ကို ချုပ်နှောင်၍ မင်တုနောက်တစ်ခု ဖန်တီးရန်အပြင် ကောင်းကင်ယင်သားတော်၏အာဏာ ကြီးထွားလာမည်ကို စိုးရိမ်သောကြောင့်လည်း ပါသည်။ ကောင်းကင်နတ်ဘုံက လုလီတို့ ဘုရင်ခံလေးပါးနှင့် ကောင်းကင်ယင်သားတော် ယှဉ်ပြိုင်တိုက်ခိုက်ရအောင် အခြေအနေများ တမင်ဖန်တီးပေးတတ်သည်။
သို့သော် ယှဉ်ပြိုင်နေသော အခြေအနေမှာ အဆုံးသတ်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲတွင် ယိုတု၏အာဏာပိုင်များစွာ သေဆုံးသွား၍ ဘုရင်ခံများသာ ကျန်ခဲ့သည်။ သို့နှင့် ကောင်းကင်ယင်သားတော်သည် ယိုတုသားတော်ကို ရရှိသွားပြီး မြေအောက်ဘုံအရှင်သခင် နောက်တစ်ယောက် ဖြစ်လာလိမ့်မည်။
ကောင်းကင်နတ်ဘုံကလည်း မြေအောက်ဘုံအရှင်သခင်ကို ဖယ်ရှားရန် ကောင်းကင်ယင်သားတော်ကို အသုံးချပြီး သေချာပေါက် အကျိုးအမြတ်များစွာ ပေးလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် လုလီတို့ မည်သို့မျှ မျက်နှာသာ အပေးခံရတော့မည်မဟုတ်ပေ။
‘နဂါးဟန်ခေတ်ကနေ ဒီနေ့အထိ အသက်ရှင်နေသေးတဲ့ ကလိမ်ကကျစ်အဘိုးကြီး ပီသပါပေတယ်... ကောလဟာလတွေအတိုင်း ကောင်းကင်ယင်သားတော်က ဘယ်တော့မှ မရှုံးဘူး”
လုလီတို့မှာ နှလုံးသွေးများ ယိုစီးကျနေတော့သည်။
ဤအချိန်တွင် ကောင်းကင်ယင်သားတော်က သားသတ်ဒယ်အိုးဆီ ရောက်သွား၍ ကောင်းကင်ပိုက်ကွန်အဖုံးအား ဆွဲဖယ်လိုက်သည်။ အတွင်းထဲမှ လေများ စိမ့်ထွက်လာသဖြင့် တရွှီးရွှီးမြည်သံများ ကြားလိုက်ရပြီး အနက်ရောင်အခိုးအငွေ့များ ပန်းထွက်လာသည်။
လုလီတို့ စိုးရိမ်လာတော့သည်။ သားသတ်ဒယ်အိုးသည် ကောင်းကင်နတ်ဘုံမှ သူတို့လက်ထဲ အပ်ထားသော အရေးပါသည့် ရတနာတစ်ခု ဖြစ်၏။ ဤဒယ်အိုးကို သူတို့အသက်သွင်းလိုက်လျှင် ကောင်းကင်ယင်သားတော်ကို သေအောင် သတ်နိုင်မည်လော....
သို့သော် သူတို့လေးယောက်လုံး တွန့်ဆုတ်နေကြသေးသည်။ ကောင်းကင်ယင်သားတော်ကို သတ်သည့်ပြစ်မှုက သေးသေးမွှားမွှား မဟုတ်ပေ။ ဤကိစ္စကို ကောင်းကင်နတ်ဘုံမှ ဆက်လက်စုံစမ်းလျှင် သူတို့လည်း ကောင်းကင်ယင်သားတော်နှင့်အတူ သေဆုံးရလောက်သည်။
ရုတ်တရက် ကောင်းကင်သားတော်၏ အခြားလက်တစ်ဖက်က ထူးဆန်းသော မုဒြာလက်ဟန်ကို ဖော်ဆောင်လိုက်ကြောင်း လုလီ မြင်လိုက်ရသည်။ သူက လက်ခလယ်၊ လက်ညှိုးနှင့် လက်သူကြွယ်ကို ကွေးဆုပ်၍ လက်မနှင့်လက်သန်းကို ထောင်လိုက်၏။
ယန်ချန်းကျောင်းနှင့် ကျန်ရှိသူများကို သတ်ပစ်ခဲ့သော တစ္ဆေအလင်းတန်းက ပေါ်လာပြန်ပြီး သူတို့ကို လှည့်ပတ်နေသဖြင့် လေးယောက်စလုံး ရင်တမမ ဖြစ်နေကြတော့သည်။
ကောင်းကင်ယင်သားတော်သည် ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း ထင်ရှား၏။ သူတို့သာ သားသတ်ဒယ်အိုးကို အသက်သွင်းလိုက်လျှင် ကောင်းကင်ယင်သားတော်ကို မသတ်နိုင်ခင် ဤတစ္ဆေအလင်းတန်းကြောင့် ဦးစွာသေဆုံးကြရလိမ့်မည်။
လေးယောက်စလုံး တစ္ဆေအလင်းတန်းကို ကြည့်၍ မလှုပ်ရဲကြပေ။
ကောင်းကင်ယင်သားတော်က လက်ထဲရှိ ကောင်းကင်ပိုက်ကွန်ကို မြှောက်၍ ဒယ်အိုးထဲသို့ ငုံ့ကြည့်နေသည်။ အပြုံးတစ်ခုသည် သူ့မျက်နှာတွင် တောက်ပစွာ ဖြစ်ထွန်းနေ၏။ “ယိုတုသားတော်ရဲ့ စွမ်းအား....”
သူ ငုံ့ကြည့်နေစဉ် လက်ချောင်းတစ်ချောင်းက မည်သည့်နေရာကမှန်းမသိ ဘွားခနဲ ထွက်လာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိလိုက်သည်။
“ကပ်ဘေးဓား၊ ပထမဓားကွက်”
ကောင်းကင်ယင်သားတော် အံ့အားသင့်သွားပြီး လုလီတို့လည်း မှင်သက်သွားကြသည်။ ကပ်ဘေးဓား၏ စွမ်းအားက ဓားလက်ချောင်းထဲမှ တရှိန်ထိုး ပေါ်ထွက်လာ၏။
ကောင်းကင်ယင်သားတော်မှာ ဓားရောင်တစ်ချက် သူ့ခေါင်းကို ဝိုက်ဖြတ်လိုက်ကြောင်း ခံစားလိုက်ရသည်။ နှင်းးကဲ့သို့ ဖြူဆွတ်နေသော ဓားရောင်သည် တမုဟုတ်ချင်း သူ၏ကောင်းကင်ရတနာခုနစ်ခုကို ထိုးဖောက်၍ ကောင်းကင်တံတားတစ်လျှောက် ဖြတ်သန်းသွားကာ တောင်ကောင်းကင်မုခ်ဝထဲသို့ ဦးတည်ဝင်ရောက်သွား၏။
ဓားရောင်က လမ်းတွင် ရှိသမျှ အရာအားလုံးကို ဖျက်စီးနေပြီး ကောင်းကင်နန်းဆောင်များဆီသို့ ဆက်လက်ရွေ့လျားသွားသည်။ နဂါးသွဲ့အဆောင်နှင့် နဂါးသွဲ့ရေကန်ထက်မှ ဓားရောင် ဖြတ်သွားသည့်အခါ ရေမျက်နှာပြင်မှာ တဗွမ်းဗွမ်း ပေါက်ကွဲကုန်ပြီး မိုင်သုံးသောင်းမြင့်မားသော လှိုင်းလုံးကြီးများက ကောင်းကင်အထက်သို့ မြောက်တက်လာတော့သည်။
ဓားရောင်သည် နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖောက်ထွင်း၍ ကျောက်စိမ်းမြို့တော်အတွင်း ဝင်ရောက်သွားသည်။ ကျောက်စိမ်းမြို့တော်၏ မြို့ဂိတ်တံခါးမှာ ဓားရောင်အောက်တွင် စိစိညက်ညက် ကြေမွသွားပြီး ခန်းမဆောင်ကြီးများ ပြိုကျလာသည်။
ဓားရောင်ကား နတ်ကောင်းကင်ခန်းမဆီ တန်းတန်းမတ်မတ် သွားနေချေပြီ။
ဝှမ်
နှင်းဖြူရောင်ဓားရောင်က တမုဟုတ်ချင်း ပြန့်ကားလာပြီး မယှဉ်သာအောင် ထူလာသည်။ ၎င်းသည် နတ်ကောင်းကင်ခန်းမ၏ တံခါးများကို ဖျက်စီးလျက် ဧကရာဇ်ပလ္လင်ထက်၌ ထိုင်နေသော ကောင်းကင်ယင်သားတော်၏ မူလဝိညာဉ်ဆီ ပြေးဝင်သွားနေ၏။
ဓားရောင်မှာ နှေးသယောင် ထင်ရသော်လည်း အလွန်မြန်သည်။ ကောင်းကင်ယင်သားတော်၏ မူလဝိညာဉ် တုံ့ပင် မတုံ့ပြန်နိုင်ခင် ဓားရောင်က သူ့ကို ခုတ်ချလိုက်တော့သည်။
ကမ္ဘာမြေတုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီး နတ်ကောင်းကင်ခန်းမထဲမှ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာအားလှိုင်းများက နတ်ကောင်းကင်ခန်းမကို ဗဟိုပြု၍ ဖြာထွက်လာ၏။ ကျောက်စိမ်းမြို့တော်အတွင်းရှိ နန်းဆောင်များလည်း တသိမ့်သိမ့် တုန်ခါသွားကြပြီး လေးဖက်လေးလံရှိ မြို့ဂိတ်တံခါးများအနက်မှ တစ်ခု ပေါက်ကွဲသွားသည်။ ကျန်ဂိတ်တံခါးသုံးခုလည်း လွင့်ထွက်သွားကြကာ တစ်နေရာရာသို့ ကျသွားကြသည်။
နတ်ကောင်းကင်ခန်းမကို ဗဟိုပြုလျက် ဖြာထွက်နေသော နှင်းဖြူရောင်စက်ကွင်းများသဖွယ် အားလှိုင်းတို့က နဂါးသွဲ့ကန်ကိုပင် ရိုက်ခတ်လိုက်သဖြင့် ရေအားလုံး ကောင်းကင်ယံသို့ မြောက်တက်ကုန်သည်။ ကောင်းကင်ရတနာခုနစ်ခုလည်း သက်ရောက်ခံလိုက်ရသောကြောင့် တောင်တန်းများ၊ မြစ်ပြင်များ ပြိုကွဲပျက်စီးကုန်၏။ နေနှင့်လမှ လွင့်ထွက်သွားသလို၊ ကြယ်တာရာများလည်း ဖရိုဖရဲ ပြန့်ကြဲသွားသည်။
ဤဖြစ်ရပ်သည် ကောင်းကင်ယင်သားတော်၏ ခေါင်းထဲ၌ ဖြစ်ပျက်နေသော မြင်ကွင်း ဖြစ်သော်လည်း အပြင်ရှိ လုလီတို့အတွက်မူ... ကောင်းကင်ယင်သားတော် မျက်ခုံးနှစ်ဖက်ကြားသို့ ဓားလက်ချောင်းဖြင့် လှမ်းထိခံလိုက်ရသော အခိုက်အတန့်တွင် တခဏ မှင်သက်သွားသယောင်သာ ထင်ရသည်။
နောက်တခဏတွင် သွေးရောင်မြားတစ်စင်းက သူ၏နောက်စေ့မှ ဖောက်ထွက်လာ၏။
မြားက သိပ်မရှည်၊ ကိုက်ခြောက်ဆယ်အကွာအဝေးအထိ ပျံသန်းသွားသည်။
ကောင်းကင်ယင်သားတော် ကမန်းကတန်း နောက်ဆုတ်လိုက်သည့်အခါ ဒယ်အိုးထဲမှ ခုန်ထွက်လာသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသည်။ ထိုနတ်ဘုရားက ခန္ဓာကိုယ်ကို လေပွေလို လှည့်၍ လက်တစ်ထောင် ဗုဒ္ဓရှင်တော်မြတ်တစ်ပါးပမာ ပြောင်းလဲသွားသည်။ တဘုန်းဘုန်း မြည်ဟည်းနေသော ရိုက်နှက်သံများနှင့်အတူ လှည့်ပတ်နေသော နတ်ဘုရား၏ လက်သီးချက်များက ကောင်းကင်ယင်သားတော်အပေါ် ကျရောက်လာ၏။
ကောင်းကင်ယင်သားတော်မှာ ကောင်းကင်ဆီ ရိုက်ထုတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ အရိုးကျိုးသံများ မြည်လာသည်။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရားက လေပွေလို လှည့်နေဆဲ ဖြစ်ကာ ကောင်းကင်ယင်သားတော်အနား ကပ်လာနေ၏။
သူက သုံးပုံတစ်ပုံ လှည့်ပြီးတိုင်း လက်များမြှောက်၍ တိုက်ခိုက်တတ်သည်။ ချီစွမ်းအင်သည် သူ့လက်ထဲသို့ စီးမျောဝင်ရောက်လာရင်း ဓားမရှည်နှစ်ဖက် ဖွဲ့တည်ပေးလိုက်၏။ ထို့နောက် ဓားမရှည်များက လေကို ခုတ်ပိုင်းနေသည်။
သူသည် လျင်မြန်စွာ လှည့်နေသည့်အပြင် သွက်လက်စွာ ရွေ့လျားနေ၏။ လုလီမှာ ပြီးပြည့်စုံသည်အထိ မွမ်းမံထားသော ဓားရောင်များ တဖျတ်ဖျတ် ခုတ်ချနေသည်ကိုသာ မြင်တွေ့ရသည်။ ဓားရောင်များက တစ်ရောင်နှင့်တစ်ရောင် ချိတ်ဆက်ပေါင်းစည်း၍ တစ်သားတည်း ဖြစ်လာသောကြောင့် ကျောက်စိမ်းအကျဉ်းထောင်တံခါးအရှေ့တွင် လင်းထိန်တောက်ပနေတော့သည်။
ဓားရောင်များက ကောင်းကင်ယင်သားတော်၏ နဖူးကို တစ်ပြိုင်တည်း ခုတ်ပိုင်းနေဟန်တူ၏။
လုလီနှင့် ကျန်ရှိသူများမှာ ကောင်းကင်ယင်သားတော်၏ နဖူးဒဏ်ရာ ကျယ်သထက် ကျယ်ပြီး ရှည်သထက် ရှည်လာနေကြောင်း မြင်တွေ့နေရသည်။ ရွှမ့်မင်က တုန်လှုပ်ချောက်ချားစွာ ထအော်သည်။ “ယိုတုသားတော် မသေသေးဘူး”
“ကောင်းကင်ယင်သားတော် ခေါင်းနှစ်ခြမ်း ကွဲတော့မယ်” ဟန်လဲ့က အော်ဟစ်သည်။
လုလီဆီမှလည်း အော်သံထွက်လာ၏။ “ပြေး”
ကျွယ်ဟွမ်က သတိပေးသည်။ “သားသတ်ဒယ်အိုးနဲ့ ကောင်းကင်ပိုက်ကွန် ကျန်သေးတယ်”
ဘုရင်ခံလေးယောက် ပြန်လှည့်ရတော့မလို တွေဝေသွားကြသော်လည်း သားသတ်ဒယ်အိုးဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ချင်မူက ဒယ်အိုးထဲမှ ခုန်ထွက်၍ ကောင်းကင်သားတော်ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားကြောင်း မြင်လိုက်ရသည်။ သားသတ်ဒယ်အိုးသည် ချင်မူ့နောက် လိုက်သွားပြီး ဘုရင်ခံလေးယောက်အား အဖက်မလုပ်ပေ။
ကောင်းကင်နတ်ဘုံမှ သူတို့ကို ယိုတု၏ဘုရင်ခံများအဖြစ် တာဝန်ပေးခဲ့ပြီးနောက်တွင် ဘုရင်ခံလေးယောက်မှာ ဤဒယ်အိုးကို နေ့ညမပျက် ယဇ်ပူဇော်ခဲ့ရသည်။ သူတို့၏သွေးများကိုပင် ဒယ်အိုးဆီသို့ ကျွေးခဲ့ပြီးနောက်မှ သားသတ်ဒယ်အိုးကို သူတို့စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင် သားသတ်ဒယ်အိုးကား သူတို့ကို ပုန်ကန်စွန့်ခွာကာ ယိုတုသားတော်နောက် လိုက်သွားချေပြီ။
“ဒယ်အိုးကို ထားခဲ့တော့”
လုလီက ကမန်းကတန်း ပြောသည်။ “ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်... ယိုတုသားတော် ကောင်းကင်ယင်သားတော်ကို သတ်ပြီးသွားရင် ငါတို့ဘက် မြားဦးလှည့်လာမှာ”
သူတို့လေးယောက် အလျင်အမြန် ထွက်ပြေးနေကြစဉ် ကျွယ်ဟွမ်က ကပျာကယာ သတိပေး၏။ “ကောင်းကင်ပိုက်ကွန်ကလည်း ကောင်းကင်ယင်သားတော်ရဲ့ လက်ထဲ ရောက်နေတယ်”
“ထားခဲ့လိုက်”
လုလီ၏ မြွေအမြီးက လျှောတိုက်သွားနေပြီး လုလီသည် စိတ်မရှည်သလို ပြောနေသည်။ “အဲဒီယင်မျိုးရိုးနဲ့ တစ်ယောက်အတွက် စျာပနလက်ဆောင်လို့ပဲ သဘောထားလိုက်... ငါတို့ ဒီနေရာကနေ ဝေးဝေးရောက်ဖို့ အရေးကြီးတယ်”
ရွှမ့်မင်မှာ သူမနောက်မှ ပြေးလိုက်လာရင်း မေးလေသည်။ “မမကြီး၊ ကျုပ်တို့ ယိုတုမှာ နေလို့ ရပါဦးမလား.. ယိုတုသားတော်က ကောင်းကင်ယင်သားတော်ကို သတ်နိုင်နိုင်၊ မသတ်နိုင်နိုင် ကျုပ်တို့ကို ယိုတုမှာ လိုက်ရှာလောက်တယ်... ဒီတော့ ယိုတုကနေ ထွက်ပြေးပြီး ကောင်းကင်နတ်ဘုံမှာ တပ်ကူသွားတောင်းရအောင်”
လုလီက စိတ်ပျက်နေသောအမူအရာဖြင့် မဲ့ရွဲ့ကာ ပြန်ပြော၏။ “ငါတို့က အခု ယိုတုကို ရှုံးသွားပြီလေ... ကောင်းကင်နတ်ဘုံဆီ ပြန်သွားရင် နတ်ဘုရားစီရင်ရာစင်မြင့်ဆီ အပို့ခံရမှာပေါ့ဟဲ့... အရူးပဲ ကောင်းကင်နတ်ဘုံဆီ ပြန်လိမ့်မယ်”
ဘုရင်ခံသုံးယောက် ကြောက်ရွံ့သွားကြသည်။
လုလီက ဆက်ပြောသည်။ “မြေအောက်ဘုံအရှင်သခင်က ယိုတုသားတော် သောင်းကျန်းနေတာကို သည်းခံမှာမဟုတ်တော့ ကောင်းကင်နတ်ဘုံနဲ့ သူ ခွာပြဲဦးမှာ မဟုတ်သေးဘူး... သူက သေချာပေါက် ယိုတုသားတော်ကို နှင်ထုတ်လိမ့်မယ်... ယိုတုမှာ နေရင် ငါတို့ အသက်ရှင်နိုင်သေးတယ်... ကောင်းကင်နတ်ဘုံဆီ ပြန်တာကတော့ သေကြောင်းကြံတာနဲ့ မခြားဘူး... ဒီကိစ္စကို ကောင်းကင်နတ်ဘုံဆီ မတင်ပြဘဲ နေကြစို့... မဟုတ်ရင် ငါတို့အားလုံး နတ်ဘုရားစီရင်ရာစင်မြင့်မှာ ခေါင်းဖြတ်ခံရလိမ့်မယ်”
ဘုရင်ခံသုံးဦး ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။
လုလီ နောက်ပြန်လှည့်ကြည့်သည့်အခါ ကောင်းကင်ယင်သားတော်၏ တစ္ဆေအလင်းတန်းက ယိုတုသားတော်ကို ပစ်မှတ်ထားနေကြောင်း မြင်လိုက်ရသည်။ ကောင်းကင်ယင်သားတော် မှင်သက်နေရာမှ သတိပြန်ဝင်သွားပြီဖြစ်၏။
ဧကရာဇ်ပလ္လင်အဆင့်သည် ဧကရာဇ်ပလ္လင်အဆင့်ပင် မဟုတ်ပါ၏လော။ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်သူတိုင်းကာ သာမန်လူမဟုတ်သဖြင့် လွယ်လွယ်ကူကူ သေဆုံးသွားမည်မဟုတ်ပေ။
ထို့အပြင် ကောင်းကင်ယင်သားတော်က နှစ်တစ်သန်းကြာသည့်တိုင်အောင် အသက်ရှင်နေသေးသော မကောင်းဆိုးဝါးအိုကြီး၊ ကလိမ်ကကျစ်အဘိုးကြီး ဖြစ်သည်။ ချင်မူက သူ့ကို လှည့်စားနိုင်ခဲ့သော်လည်း ကောင်းကင်ယင်သားတော်ကို လိုက်မှီရန် ဝေးကွာနေသေးသည်။
မင်တုကောင်းကင်မုခ်ဝကလည်း အမှောင်ပင်လယ်ထဲမှ ထွက်လာနေသည်။ ဝိညာဉ်အမှုန်များဖြင့် ဖွဲ့စည်းနေသည့် ပင်လယ်မှာ မင်တုထဲမှ တဝေါဝေါ ထွက်လာနေပြီး ကောင်းကင်ယင်သားတော်သည် အလွန်ဒေါသထွက်နေပုံရ၏။ သူက ယိုတုသားတော်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရင်း မည်သူက ပိုသန်မာအားကောင်းသည်လဲ ကြည့်ရန် ကြံစည်နေသည်။
“နှစ်ယောက်လုံး ဒဏ်ရာရသွားတဲ့အချိန် ငါတို့ အခွင့်အကောင်းယူလို့ ရလောက်တယ်...”
လုလီ အရှိန်လျှော့၍ ရပ်ကြည့်ရန် ပြင်လိုက်စဉ် ချင်မူ့နောက်သို့ တကောက်ကောက် လိုက်နေသော သားသတ်ဒယ်အိုးက ပျံသန်းလာသည်။ ဒယ်အိုးအတွင်းမှ မိစ္ဆာနတ်ဆိုးချီများ တရှိန်ထိုး ထွက်လာကာ မင်တုအမှောင်ပင်လယ်၏ တစ်ဝက်ကျော် ဝါးမြိုလိုက်၏။
ချင်မူ့အား ပစ်မှတ်ထားနေသည့် တစ္ဆေအလင်းတန်းပင် သားသတ်ဒယ်အိုးထဲသို့ စုပ်ယူခံလိုက်ရသည်။
လုလီ ရင်ထဲ အေးခဲသွားပြီး ကပျာကယာ အရှိန်ပြန်တင်လိုက်မိသည်။
သူတို့အနောက်မှ ပြင်းထန်အားကောင်းသော လှိုင်းလုံးကြီးများ လိမ့်ထွက်လာပြီး ဘုရင်ခံလေးပါးအား လေပေါ် မြောက်တက်သွားစေသည်။ လေးယောက်သား ဤအဟုန်ကို အသုံးချ၍ မြန်မြန် ပြေးလိုက်ကြသည်။
လုလီ နောက်ပြန်ကြည့်လိုက်ရာတွင် ကျောက်စိမ်းအကျဉ်းထောင်တံခါးအရှေ့၌ တောင်တန်းကြီးများသဖွယ် ကြီးမားလှသော လက်သီးများ၊ လက်ဝါးများနှင့် လက်ချောင်းများ ဖွဲ့တည်နေကြောင်း မြင်လိုက်ရသည်။ ၎င်းတို့က သိုင်းကွက်တစ်ကွက်တည်း ဖြစ်လာကာ ကောင်းကင်ယင်သားတော်၏ ခန္ဓာကိုယ်ဆီသို့ ပြင်းပြင်းထန်ထန် ဝင်တိုက်လိုက်ကြ၏။
ကောင်းကင်ယင်သားတော်မှာ နောက်သို့ လွင့်ထွက်သွားပြီး မင်တုကောင်းကင်မုခ်ဝကို တိုက်ချသွားသည်။ သူက တစ်ခါတည်း မုခ်ဝထဲ ဝင်ပြေးတော့သည်။
ထိုအချိန်တွင် သားသတ်ဒယ်အိုးထဲသို့ စုပ်ယူခံလိုက်ရသော တစ္ဆေအလင်းတန်းကလည်း နှစ်တန်းကွဲထွက်သွားသည်။ တစ်တန်းက သားသတ်ဒယ်အိုးအပြင် ထွက်သွားပြီး ကောင်းကင်ယင်သားတော်နှင့်အတူ မင်တုထဲ ပြန်ပြေးသွားလေသည်။
ခေါင်းသုံးလုံး လက်ခြောက်ဖက်နတ်ဘုရားက မင်တုကောင်းကင်မုခ်ဝ၏ တံခါးဘောင်ကို ဆုပ်ကိုင်ကာ မင်တုထဲ အတင်းတိုးဝင်ရန် ကြိုးစား၏။
“လိမ္မာတဲ့ ကောင်လေး”
ကျယ်လောင်ပြတ်သားသော ကလေးအသံတစ်သံ ကြားလိုက်ရသည်။ “ပုန်းမနေနဲ့ မြန်မြန် ထွက်ခဲ့”
ဘုန်း
ကြောက်မက်ဖွယ်ရာအားလှိုင်းတစ်လှိုင်း လိမ့်ဆင်းလာ၍ ယိုတုသားတော် လွင့်ထွက်သွားသည်။
ထိုအချိန်တွင် သူ၏လက်ခြောက်ဖက်မှ ဆုပ်ကိုင်ခဲ့မှုကြောင့် မင်တုကောင်းကင်မုခ်ဝမှာလည်း စုတ်ပဲ့နေပြီဖြစ်သည်။ မုခ်ဝသည် မြေကြီးထဲ နစ်မြုပ်ကာ ပျောက်ကွယ်သွား၏။
“ကောင်းကင်ယင်သားတော်ရဲ့ မင်တုကောင်းကင်မုခ်ဝက ဒဏ္ဍာရီတွေထဲကလိုလည်း အင်အားကြီးတဲ့ပုံမပေါ်ပါလား... အရင်ကလောက် အစွမ်းမထက်တော့သလိုပဲ”
လုလီ အနည်းငယ် မှင်သက်နေမိသည်။ ကောင်းကင်ယင်သားတော်၏ မင်တုကောင်းကင်မုခ်ဝသည် ဖန်ဆင်းစွမ်းအား ကိန်းဝပ်နေသည့်အပြင် အတိုင်းထက်အလွန် အင်အားကြီးမား၏။ ၎င်းက ကောင်းကင်ယင်သားတော်ကို အသက်ပြန်သွင်းပေးနိုင်သည့်အပြင် အသွင်ပြောင်းလဲ၍ ပြန်မွေးဖွားလာစေနိုင်သည်။
ယခု မင်တုကောင်းကင်မုခ်ဝမှာမူ ဧကရာဇ်ပလ္လင်အဆင့် ရတနာတစ်ပါးနှင့် မတူဘဲ အတုကြီးနှင့် တူနေသည်။
သူမ မသိသည်မှာ ကောင်းကင်ယင်သားတော်၏ မင်တုကောင်းကင်မုခ်ဝသည် တိရီယွဲ့၏လက်ထဲ ရောက်သွားခဲ့ပြီး လက်ရှိမုခ်ဝက ပြန်လည်ဖန်တီးထားသော မင်တုကောင်းကင်မုခ်ဝတစ်ခု ဖြစ်နေသည်ကိုပင်။ အပြီးမသတ်ရသေးသောကြောင့် မူလတစ်ခုနှင့် မယှဉ်နိုင်ခြင်း ဖြစ်၏။
သူမအတွေး ဤနေရာအရောက်တွင် ယိုတုသားတော်က ကုန်းရုန်းထလာပြီး မုခ်ဝပျောက်ကွယ်သွားသော နေရာဆီ ခုန်အုပ်လိုက်သည်။ သူက ဟိုဟိုသည်သည် ထုရိုက်နေသော်လည်း ကောင်းကင်ယင်သားတော်ကို ရှာမတွေ့သေးပေ။ ထို့နောက် သူ၏ခေါင်းသုံးလုံးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေ၏။
လုလီ ထိတ်လန့်သွားသည်။ သူတို့လေးယောက်သား မြေအောက်ဘုံအရှင်သခင်၏ခန္ဓာကိုယ်ပေါ်တွင် ကပ်နေအောင် ဝပ်ထားကြပြီး တိတ်တိတ်ကလေး ရင်ခုန်နေကြတော့သည်။
ဝှမ်
ယိုတုသားတော်၏ နှင်းဖြူရောင်အကြည့်က မီးမောင်းထိုးနေသည့်အလား သူတို့ဝပ်နေသော နေရာဆီသို့ ရွေ့လျားလာသည်။ ဘုရင်ခံလေးပါးမှာ ရင်ဘတ်ထဲမှ နှလုံးများ ခုန်ထွက်တော့မလို ကြောက်လန့်နေကြသည်။ သူတို့က ယိုတုမိစ္ဆာနတ်ဆိုးချီများဖြင့် ခန္ဓာကိုယ်ကို ဖုံးကွယ်ရင်း ထွက်ပြေးနေကြ၏။
“ဒီဘုရင်ခံလေးပါးကို ခွင့်မလွှတ်နိုင်ဘူး” ချင်မူ့အသံ ထွက်လာသည်။
ဘုရင်ခံလေးပါးမှာ ကြောက်အားလန့်အား ပြေးနေကြပြီး အသံတစ်ချက် မထွက်ရဲကြပေ။
“မဟာကြယ်ခြုံလွှမ်း လက်ဝါးသိုင်း”
ရုတ်တရက် ချင်မူ၏အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၍ ဘုရင်ခံလေးပါး မောကြည့်လိုက်ကြသည်။ ကြယ်စုံနေသော ကောင်းကင်တစ်ခု လင်းလက်တောက်ပလာသည်ကို မြင်တွေ့လိုက်ရပြီး အလင်းရောင်ကြောင့် မြေပြင်မှာ နှင်းကဲ့သို့ ဖြူဆွတ်လာလေသည်။
“မြေအောက်ဘုံအရှင်သခင်ရဲ့ ချော်ရည်ပူမြစ်ထဲ ခုန်ချကြ”
လေးယောက်သား ချော်ရည်ပူမြစ်ထဲသို့ ကမန်းကတန်း ခုန်ချလိုက်ပြီး သူတို့မြစ်ထဲ ရောက်သွားသည့်အချိန်မှာပင် မည်းမည်းအရိပ်ကြီးတစ်ခု ကောင်းကင်ထက်၌ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ရာ မိစ္ဆာနတ်ဘုရားတစ်ပါးက ကြယ်ရောင်ကို အားပြု၍ သူတို့ကို လိုက်ရှာနေလေသည်။
၎
င
၎
၎