နဂါးဟန်ခေတ်၏ လောကသခင်ခန္ဓာ
Vol. 58 Ch. 769
မြေအောက်ဘုံအရှင်သခင်က ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ကြည့်ကာ ပြောသည်။ “မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ယိုတုသားတော် မဟုတ်လို့ ဘယ်သူ ရှိမှာလဲ... သူ့ကို ဖမ်းချုပ်ထားတာက ငါလေ ... မသိဘဲ နေမလား... ဒီမိုးမခသစ်ရွက်အပေါ်မှာ ကောင်းကင်နယ်စားမင်းရဲ့ အတားအဆီးအစီအရင်လည်း ရှိနေတယ်... မင်း ကောင်းကင်နယ်စားမင်းနဲ့တွေ့ခဲ့လို့ သူက ယိုတုသားတော်ကို ချုပ်ထားနိုင်အောင် အတားအဆီးအစီအရင်တစ်ခု ထပ်တင်ပေးလိုက်သေးတယ် မဟုတ်လား... ဒါပေမဲ့ မင်း ယိုတုသားတော်ရဲ့ ခွန်အားကို ထိန်းချုပ်နိုင်နေတာက တော်တော်လေး ထူးဆန်းတယ်...”
မြေအောက်ဘုံအရှင်သခင်မှာ အသေးစိတ် မတွေးကြည့်ခဲ့မိသော်လည်း ယခု စဉ်းစားကြည့်သည့်အခါ ချင်မူ ယိုတုသားတော်၏ အစွမ်းအစများအား ထိန်းချုပ်နိုင်သည်မှာ ထူးဆန်းပေသည်။
မြေအောက်ဘုံအရှင်သခင်၏အမြင်အရ ချင်မူမှာ အနှေးနှင့်အမြန် ယိုတုသားတော်၏အစားခံရမည့် ငချွတ်ကလေးတစ်ယောက်သာ ဖြစ်သည်။ သို့သော် စောစောက ကျောက်စိမ်းအကျဉ်းထောင်တံခါး တိုက်ပွဲတွင် ချင်မူသည် ယိုတုသားတော်၏ စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့ရုံသာမက ပြန်လည်ချိတ်ပိတ်နိုင်ခဲ့သေး၏။ ဤအခြင်းအရာက အမှန်တကယ် မသင်္ကာစရာကောင်းသည်။
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဟုတ်တာပေါ့ ကျွန်တော့်ကို ကူညီနေတဲ့သူ ရှိတယ်”
မြေအောက်ဘုံအရှင်သခင် တစ်ယောက်တည်း ရေရွတ်နေပြီးနောက် ပြောလေသည်။ “အဲဒီတာအိုမိတ်ဆွေက ဘယ်သူလဲ တစ်ချက်လောက် ဝင်ကြည့်ကြည့်တာပေါ့”
မြေအောက်ဘုံအရှင်သခင်က ကျောက်ရုပ်သဖွယ် ရပ်တန့်သွားသည်။ ချင်စာလုံးမြေပြင်ထဲတွင် မြေကြီးမှ ချော်ရည်ပူများ စတင်ဆူပွက်လာပြီး ချော်ရည်ကန်တစ်စင်း ဖြစ်လာသည်။ ကန်ထဲရှိ ချော်ရည်များက ဝဲကဲ့သို့ လှည့်ပတ်ပြီး အကွေ့အကောက်ကိုးခုရှိသော ချိုတစ်စုံ မြောက်တက်လာသည်။ ထို့နောက် ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကြီး ဖွဲ့တည်လာ၏။
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ချော်ရည်ကန်ထဲမှ ထွက်လာသည်။ ချော်ရည်ပူများသည် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်မှ အဆက်မပြတ် စီးကျလာနေ၍ မြေပြင်တွင် မီးကျွမ်းလောင်ကုန်၏။
လောလောဆယ်တွင် ခေါင်းကြီးကြီးကလေးကြီးက သားသတ်ဒယ်အိုးထဲ ခေါင်းစိုက်လျက် အထဲတွင် တစ်ခုခုရှိသလား ကြည့်နေသည်။ အခြားတစ်ဖက်တွင် ချိဧကရာဇ်က မဟာနေဧကရာဇ်၏ ဘေးတွင် စိတ်ဝင်တစား နားထောင်နေ၏။ ကောင်းကင်နယ်စားမင်းမှာတော့ တောင်တစ်လုံး၏ အနောက်၌ ပုန်းနေချေသည်။
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်မှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း အံ့အားသင့်နေ၏။ သူ၏မျက်လုံးသုံးလုံးစလုံးက ကလယ်ကလယ် ဖြစ်နေသည်။
ဤချင်စာလုံးမြေပြင်မှာ မူလက သူ့ချိုထဲရှိ အမှောင်မြေထုတစ်ခု ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ချင်ဖုန်းကျင့်ကို ချိတ်ပိတ်ရန် သူကိုယ်တိုင် အတားအဆီးအစီအရင်တစ်ခုအဖြစ် ပြောင်းလဲ၍ ကျောက်စိမ်းလည်ဆွဲအား ဖန်တီးခဲ့၏။ ချင်ဖုန်းကျင့် ထွက်ပြေးရန် ကြိုးစားသည့်အခါ ကျောက်စိမ်းလည်ဆွဲကို ချင်မူ၏တတိယမျက်လုံးထဲသို့ ရိုက်ထည့်ကာ ချင်ဖုန်းကျင့်ကို ချုပ်ထားသော မြေပြင်ဖြစ်လာခဲ့စေသည်။
အတားအဆီးအစီအရင်ကို သူ ဖန်ဆင်းထားခြင်း ဖြစ်သော်လည်း ဤမြေပြင်တွင် ယခုလို စည်ကားနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
မြေအောက်ဘုံအရှင်သခင် ခေါင်းမော့ကြည့်လိုက်သည်။ အပေါ်တွင် မတူညီသော အတားအဆီးအစီအရင်သုံးခုသည် သင်္ကေတအမှတ်အသားများအကြား၌ ထင်းလင်းနေ၏။ တစ်ခုက ယိုတု၏အတားအဆီးအစီအရင် ဖြစ်ပြီး တစ်ခုက ဗြဟ္မဗုဒ္ဓဆီမှ ဗုဒ္ဓစည်းတံဆိပ် ဖြစ်သည်။ ရွှမ်တု၏ စည်းတံဆိပ် အတားအဆီးအစီအရင်လည်း ရှိနေလေသည်။
“ဗြဟ္မဗုဒ္ဓ”
မြေအောက်ဘုံအရှင်သခင်က ကောင်းကင်ထက်ရှိ ဗုဒ္ဓဆီသို့ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ချင်မူသည် တစ်ခါတုန်းက ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်သို့ သွားရောက်ကာ မိစ္ဆာစရိုက်လွန်ကဲစွာဖြင့် ဗြဟ္မဘုံတစ်ဝက်ကို ယိုတုအဖြစ် ပြောင်းလဲခဲ့ဖူးသည်။
ဤနေရာတွင် ဗြဟ္မဗုဒ္ဓ၏ စည်းတံဆိပ် ရှိနေသည်မှာ အံ့ဩစရာမရှိပေ။
ထို့နောက် မြေအောက်ဘုံအရှင်သခင် မဟာနေဧကရာဇ်ဆီသို့ လှမ်းကြည့်ပြီး သူ့အကြည့်က မဟာနေဧကရာဇ်ဆီမှ ရွေ့လျားသည်။ မဟာနေဧကရာဇ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့သူဖြစ်ပြီး စောစောတိုက်ပွဲတွင် ဤနေရာသို့ ဆွဲသွင်းခံလိုက်ရခြင်း ဖြစ်လိမ့်မည်။
“ချိဧကရာဇ်”
သူ့အကြည့်က ချိဧကရာဇ်အပေါ် ကျရောက်သွားလေသည်။ “ချိမင်ခေတ်ရဲ့ ချိဧကရာဇ်က ရွှမ်တုရဲ့ အလင်းရောင်နဲ့ ယိုတုရဲ့ တရားစီရင်မှုကနေ ရှောင်တိမ်းနိုင်တဲ့ စကြဝဠာအသေးစားတစ်ခုကို တည်ဆောက်ခဲ့တယ်... ငါတောင်မှ ချိဧကရာဇ် ဘယ်မှာ မြှုပ်နှံခံခဲ့ရလဲ မသိဘူး... တာအိုမိတ်ဆွေကို ဒီနေရာမှာ တွေ့ရမယ်လို့ ဘယ်သူ ထင်ပါ့မလဲ”
ချိဧကရာဇ်၏ အသိစိတ်အလျဉ်က ကပျာကယာ နှုတ်ဆက်သည်။ “တာအိုနောင်တော်၊ ကျုပ်က ခန္ဓာကိုယ်နဲ့ အဲဒီစကြဝဠာအသေးလေးကို ဖာထေးခဲ့ပြီး ကျုပ်ပြည်သူတွေအတွက် အနားယူစရာနေရာလေး ဖန်တီးခဲ့ရုံပါ...... ကျုပ်ဝိညာဉ်ကတော့ ပြိုကွဲသေဆုံးသွားခဲ့တာ ကြာပြီ”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နဲ့ မိတ်ဆွေ မင်ဧကရာဇ်ဆီ အကြောင်းကြားခဲ့တုန်းက ကျုပ် မိတ်ဆွေရဲ့ ထာဝရနတ်ဘုရားအသိစိတ်အလျဉ် လှုပ်ရှားနေတာကို အာရုံရခဲ့သေးတယ်”
သူက သားသတ်ဒယ်အိုးထဲမှ ခေါင်းပြန်ထုတ်လိုက်သော ချင်ဖုန်းကျင့်ဆီသို့ ကြည့်လိုက်သည်။ ကလေးကြီးသည် ဒယ်အိုးအနောက်တွင် ပုန်း၍ သူ့ကို ချောင်းကြည့်နေ၏။ သူ့ပုံစံက သားကောင်ကို ခုန်အုပ်ရန် ကြောင်ကလေးသဖွယ် ဖင်ကလေး လှုပ်တုပ်လှုပ်တုပ် ဖြစ်နေပြီး လက်နှစ်ဖက်ကိုလည်း စိတ်လှုပ်ရှားစွာ ပွတ်နေသည်။
မြေအောက်ဘုံအရှင်သခင် သူ့ကို အဖက်မလုပ်ဘဲ ချင်စာလုံးမြေပြင်၏ တောင်တန်းဆီသို့ လှမ်းကြည့်သည်။ “ရွှမ်တုအဆွေတော်ကြီး ဘာလို့ ပုန်းနေတာလဲ ... ငါ မင်းကို မြင်ပါတယ်ကွ”
မုတ်ဆိတ်ဖြူအဘိုးအိုက တောင်နောက်မှ ထွက်လာကာ တဟားဟား ရယ်လေသည်။ “ယိုတုအဆွေတော်ကြီး၊ ငါလည်း မင်းလာမှာကို စောင့်နေတာပါ.... မင်း တကယ် ရောက်လာတာပဲ... အခု ဒီမြေပြင်မှာ တစ်လောကလုံးရဲ့ ပညာရှင်တွေ စုဝေးနေပြီလို့တောင် ပြောလို့ရတယ်”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သူ့ကို ကြည့်၍ စကားတစ်ခွန်း မပြောပေ။
ကောင်းကင်နယ်စားမင်း၏ ရုပ်သွင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာခြားမှ သူတော်စင်တန်ခိုးရှင်တစ်ဦးပမာ တည်ကြည်လေးနက်နေ၏။
အတန်ကြာသော် ချော်ရည်မြေအောက်ဘုံအရှင်သခင်၏ မျက်နှာတွင် အပြုံးတစ်ခု တဖြည်းဖြည်း ဖြစ်ထွန်းလာသည်။ ယိုတု၏အရှင်သခင် နတ်ဘုရားမှာ မအောင့်နိုင်တော့ဘဲ တဟားဟား အော်ရယ်တော့သည်။ ရယ်ရလွန်း၍ သူ့မှာ မျက်ရည်ပင် ဝဲနေပြီး ဒူးနှစ်ဖက်ပေါ် လက်တင်ထားရသည်။
ကောင်းကင်နယ်စားမင်း၏ မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားကာ သူက အေးစက်စက် ပြော၏။ “ရယ်လို့ ဝပြီလား”
မြေအောက်ဘုံအရှင်သခင်၏ ရယ်သံများ ဖြည်းဖြည်းချင်း တိုးသွားသည်။ သို့သ်ော သူ့မှာ ကောင်းကင်နယ်စားမင်းကို နောက်တစ်ခေါက် ကြည့်ကာ မအောင့်နိုင်ဘဲ ရယ်မိပြန်သည်။
ဤအချိန်တွင် ဒယ်အိုးအနောက်မှ ချောင်းနေသော ကလေးကြီးက ကြောင်ကလေးတစ်ကောင်လို ခြေကားရားလက်ကားရားဖြင့် လှမ်းခုန်အုပ်သည်။ သူက မြေအောက်ဘုံအရှင်သခင်၏ ကျောကို ကုပ်တွယ်ကာ ကြိမ်းဝါး၏။ “ခင်ဗျားကြီးကို မိပြီ... ကျုပ် ခင်ဗျားကို စားလိုက်တာနဲ့ မြေအောက်ဘုံအရှင်သခင် ဖြစ်တော့မယ်”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သူ့ကို ကပျာကယာ ခါချသော်လည်း မည်သို့မျှခါမရပေ။ သူ အထိတ်တလန့် ဖြစ်သွားပြီး မှော်စွမ်းအင်ကို အလျင်အမြန် လှည့်ပတ်လိုက်သည်။ သူ့ခြေထောက်အောက်ရှိ မြေပြင်သည် တမုဟုတ်ချင်း အရည်ပျော်သွားပြီး ချော်ရည်ဖြစ်လာ၏။
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင် ချော်ရည်ကန်ထဲ နစ်မြုပ်သွားသော်လည်း ကလေးကြီးက သူ့ကိုယ်ပေါ်တွင် တွယ်ကပ်ကာ သူ့ခေါင်းအား ဝါးနေသည်။
ကောင်းကင်နယ်စားမင်းမှာ မနေနိုင်တော့ဘဲ သက်ပြင်းချကာ ပြောလိုက်၏။ “စိတ်ကူးမနေနဲ့... မိုးမခသစ်ရွက် ဖုံးထားရင် ငါတို့အတားအဆီးအစီအရင်တွေကို ချိုးဖျက်ပစ်မှ အပြင်ထွက်နိုင်မှာ”
“အရသာလည်း မရှိဘူး”
ခေါင်းကြီးကြီးကလေးကြီးက ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ကို တစစီ ပိုင်းပစ်ပြီးနောက် စိတ်မဝင်စားတော့ပေ။ သူက သားသတ်ဒယ်အိုးထဲရှိ မင်တုအမှောင်ပင်လယ်ကို စပ်စုရန် ပြေးထွက်သွားသည်။
မြေအောက်ဘုံအရှင်သခင် ခန္ဓာကိုယ်ကို ပြန်ဆက်ပြီး ထရပ်လိုက်၏။ “အပြင်ကနေ မိုးမခသစ်ရွက်ကို ခွာလိုက်ရင်လည်း ငါတို့ ထွက်နိုင်ပါတယ်”
ကောင်းကင်နယ်စားမင်း ဝမ်းသာအားရဖြင့် သူ့ကို လော်ဆော်သည်။ “ဒါဆို မင်း ခွာလိုက်လေ”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင် အသံတိတ်သွားသည်။
ကောင်းကင်နယ်စားမင်းမှာ သူ့ကို သံသယများဖြင့် ကြည့်နေသည်။ မြေအောက်ဘုံအရှင်သခင်က စကားတစ်ခွန်း မပြောသေးပေ။ အတော်လေး ကြာသည့်အခါ အသံထွက်လာ၏။ “ငါ့ကို စိုက်ကြည့်မနေပါနဲ့”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက မေးလေသည်။ “မင်း ဘာလို့ မိုးမခသစ်ရွက်ကို မခွာတာလဲ”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင် တိတ်ဆိတ်သွားပြန်ပြီး ပြောလိုက်၏။ “သူက အရာရှိမင်းရဲ့ စက္ကူလှေကို စီးပြီး သက်ရှိကမ္ဘာဆီ ရောက်နေပြီ”
ကောင်းကင်နယ်စားမင်း ကြက်သေသေသွားသည်။ ထို့နောက် ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ “မင်း အဲဒီခွေးကောင်လေး လှည့်စားတာ ခံလိုက်တာကိုး.... ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါတို့ ဒီမှာလည်း အေးအေးဆေးဆေး နေနိုင်တယ်... ဒါ့အပြင် ဒီမှာ နားထောင်စရာ လျှို့ဝှက်ချက်တွေလည်း အများကြီးပဲ... ခေါင်းကြီးကြီး ခွေးလေး စိတ်တိုနေတဲ့အချိန် ရိုက်ပုတ်တာက လွဲရင် နေရထိုင်ရ မဆိုးပါဘူး”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သူ့ကို စိုက်ကြည့်သည်။ “မင်းမှာ ထွက်ပြေးနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်... သူ မိုးမခသစ်ရွက်ကို ခွာလိုက်တာနဲ့ မင်း ထွက်ပြေးနိုင်တာပဲလေ.. ဘာကြောင့် ဒီမှာ ဆက်နေတာလဲ”
ကောင်းကင်နယ်စားမင်း အသံတိတ်သွားသည်။
“ရွှမ်တုက စိတ်ဝင်စားစရာမကောင်းဘူး”
သူက ပြောသည်။ “ရွှမ်တုထဲက နတ်ဘုရားတွေက ကောင်းကင်နတ်ဘုံရဲ့ အင်အားစုတွေချည်းပဲလေ... ငါ့အဖြစ်က မင်းထက်တောင် ဆိုးသေးတယ်... အဲဒါကြောင့် ရွှမ်တုမှာ နေတာထက်စာရင် ဒီမှာနေရတာ ပိုသဘောကျတယ်... ငှက်လေး၊ မင်း စောစောက ကောင်းကင်နတ်ဧကရီရဲ့ လုပ်ကြံမှုအကြောင်း ပြောနေတာမဟုတ်လား... ဆက်ပြောပါဦးကွာ...”
မဟာနေဧကရာဇ်က မြေအောက်ဘုံအရှင်သခင်ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းကြီးကြီးကလေးကြီးဆီသို့ တစ်ချက်ကြည့်သည်။ ကောင်းကင်နယ်စားမင်း ပြုံးလျက် ပြောလိုက်၏။ “မြေအောက်ဘုံအရှင်သခင်တောင် ရှိနေပြီပဲ၊ ငါတို့ ကြောက်စရာ သိပ်မလိုပါဘူး... ယိုတုသားတော် မင်းကို စားရဲရင် ငါတို့အားလုံး ပေါင်းပြီး သူ့ကို ဖိနှိပ်ပေးမယ်”
မဟာနေဧကရာဇ် အကြီးအကျယ် ဝမ်းသာသွားသည်။
ထိုစဉ် တဝေါဝေါ လေတိုက်သံများ ကြားလိုက်ရ၏။ ချင်ဖုန်းကျင့်က သားသတ်ဒယ်အိုးကို အသက်သွင်းနေ၍ သားသတ်ဒယ်အိုးထဲမှ ကြောက်မက်ဖွယ်ရာစွမ်းအား ဖြာထွက်လာလေသည်။ ကောင်းကင်မှာ နှစ်ခြမ်းကွဲလုဆဲဆဲ ဖြစ်သွားသည့်အပြင် အဝေးရှိ တောင်တန်းများလည်း နိမ့်ဆင်းကုန်ကြသည်။
ကောင်းကင်ထက်ရှိ ဗုဒ္ဓလည်း သားသတ်ဒယ်အိုး၏ စွမ်းအားကြောင့် ဒယိမ်းဒယိုင် ဖြစ်နေသည်။
အားလုံး မျက်နှာများ သွေးဆုပ်ဖြူလျော်သွားကြကာ ခံစားချက်မကောင်းကြတော့ပေ။
“ယိုတုသားတော်က ကြီးထွားလာနေတုန်းပဲ... မကြာခင် သူ့မှာ ဧကရာဇ်ပလ္လင်အဆင့် စွမ်းအား ရှိလာလောက်တယ်... သားသတ်ဒယ်အိုးရဲ့ ကြောက်စရာစွမ်းအားကိုတောင် သူ အသက်သွင်းနိုင်သွားလိမ့်မယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ
ချင်မူ ကောင်းကင်နတ်အရှင်ယွီကို ခေါ်၍ စက္ကူလှေပေါ်မှ ဆင်းလိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ညရောက်နေပြီဖြစ်၍ အဝေးရှိ မြို့ထဲတွင် မီးအိမ်များ လင်းထိန်နေသည်။
“ကောင်းကင်နတ်အရှင်ရုံ၊ ကျွန်တော့်ကို ဒီအထိပဲ ပို့ပေးလို့ရပါတယ်” ချင်မူက ပြောလိုက်သည်။
မရဏတမန်တော်က သူ့ကို ကြည့်၏။ “မင်း မြေအောက်ဘုံအရှင်သခင်ကို လှည့်စားခဲ့တဲ့ပြစ်မှု... စာအုပ်ထဲမှာ မှတ်ထားရမယ်”
ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “မှတ်လိုက်ပါ ထူးမှ မထူးတော့ဘဲ”
“အေးလေ မင်းမှာ ဆုံးရှုံးစရာမှ မရှိတာ”
မရဏတမန်တော်က ခေါင်းယမ်းလိုက်ပြီးနောက် ကောင်းကင်နတ်အရှင်ယွီကို အရိုအသေပေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ အစ်ကိုကြီးကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးပါ” ထိုသို့ပြောပြီးနောက် စက္ကူလှေလေးသည် ယိုတု၏အမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
ချင်မူလည်း သူ ထွက်သွားသည်ကို ကြည့်ပြီးသည့်အခါ ကောင်းကင်နတ်အရှင်ယွီကို ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီသို့ ခေါ်လာခဲ့သည်။ မရဏတမန်တော်ကို ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်သို့ လိုက်ပို့ခိုင်းခဲ့သော အကြောင်းအရင်း သပ်သပ်ရှိ၏။
လက်ရှိကောင်းကင်နတ်အရှင်ယွီမှာ ဗလာကျင်းနေသော စက္ကူအဖြူတစ်ရွက်သဖွယ် ဖြစ်သည်။ နားကန်းတစ်လုံးမျှ နားမလည်သလို၊ နားကန်းတစ်လုံးမျှလည်း မသိပေ။ သူ၏စားစရာ၊ သောက်စရာများကိုပင် ပြင်ဆင်ပေးရသည်။ ထို့ကြောင့် အခြေခံအကျဆုံး ကျင့်ဝတ်များ၊ အပြူအမူများအား သင်ပေးရန် လိုအပ်၏။ ထိုမျှသာမက ကောင်းကင်နတ်သိုင်းများ သင်ပေး၍လည်း မဖြစ်ပေ။ သင်ပေးလိုက်လျှင် မျိုးကောင်းမျိုးသန့် အစေ့တစ်စေ့အား ဖျက်စီးလိုက်သလို ဖြစ်လိမ့်မည်။
အကောင်းဆုံးနည်းလမ်းမှာ သူ့ကို အခြေခံသင်္ကေတအမှတ်အသားများ သင်ပေးပြီး ကိုယ်တိုင်စဉ်းစားသုံးသပ်စေခြင်း ဖြစ်ပေသည်။
နောက်တစ်နေ့ မနက်စောစောတွင် ချင်မူ ကောင်းကင်နတ်အရှင်ယွီကို အခြေခံစာသင်ခန်းတစ်ခန်းထဲ ပို့ပြီး ဝိညာဉ်ခန္ဓာလေးမျိုးနှင့် ဓာတ်ကြီးငါးပါးကြယ်တာရာများ၏ သင်္ကေတအမှတ်အသားများအား သင်ယူစေသည်။ ဒုတိယနေ့ရောက်သည့်အခါ ထိုစာသင်ခန်း၏ အတန်းပိုင်ဆရာက ကောင်းကင်နတ်အရှင်ယွီကို ပြန်ပို့ပေးသည်။ “ဂိုဏ်းသခင်၊ သူ အကုန်လုံး တတ်သွားပြီ... ကျုပ် ထပ်မသင်ပေးနိုင်တော့ဘူး.. ဒါ့အပြင် သူက အခြေခံစာသင်ကျောင်းက ကျောင်သားတွေကိုလည်း အနိုင်ယူခဲ့သေးတယ်”
ချင်မူ မှင်သက်သွားသည်။ ကောင်းကင်နတ်အရှင်ယွီကို စမ်းသပ်ကြည့်သည့်အခါ အမှန်ပင် မီးငှက်၊ လိပ်နက်၊ ကျားဖြူနှင့် နဂါးစိမ်းတို့၏ အခြေခံသင်္ကေတအမှတ်အသားအားလုံး တတ်မြောက်သွားကြောင်း တွေ့လိုက်ရ၏။ သူက သင်္ကေတအမှတ်အသားများမှ အချက်အလက်များပင် ထုတ်နုတ်ကာ ကောင်းကင်နတ်သိုင်းများစွာ ဖန်တီးထားသေးလေသည်။ ကောင်းကင်နတ်သိုင်းများက အကြမ်းထည်သာ ရှိသော်လည်း အားနည်းသည်ဟု ဆိုမရပေ။
‘သူက လောကသခင်ခန္ဓာများလား’
ချင်မူ ကောင်းကင်နတ်အရှင်ယွီကို ရွာလူကြီးဆီ ခေါ်သွားကာ ရွာလူကြီး၏ သင်ကြားပို့ချမှုများအား နားထောင်စေသည်။ ရွာလူကြီး ပို့ချနေသည်မှာ အခြေခံအကျဆုံး ဓားကွက်များ ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွီက နှစ်ရက်တည်းနှင့် အကုန်လုံး တတ်သွားသဖြင့် ရွာလူကြီးပင် ချွေးပြန်သွား၏။
“သူက လောကသခင်ခန္ဓာလား” ချင်မူ မေးလိုက်မိသည်။
ရွာလူကြီးမှာ ကြောင်ကြောင်ငေးငေး ဖြစ်နေရာမှ ပြန်ဖြေသည်။ “ဟုတ်တဲ့ပုံပဲ... မင်း ဒီကလေးကို ဘယ်က ကောက်လာတာလဲ”
“လွန်ခဲ့တဲ့ နှစ်တစ်သန်းက”
ရွာလူကြီး ပို၍ပင် ဆွံ့အသွားကာ တစ်ယောက်တည်း ရေရွတ်နေတော့သည်။ “လွန်ခဲ့တဲ့ နှစ်တစ်သန်းက လောကသခင်ခန္ဓာ ... ခဏလေး ငါ သွေးတက်သွားပြီ...”
ချင်မူက ကောင်းကင်နတ်အရှင်ယွီကို သားသတ်သမား၏ အခန်းဆီ ခေါ်သွားပြီး ကောင်းကင်ဓားမကွက်များ သင်ယူစေသည်။ ကောင်းကင်နတ်အရှင်ယွီသည် ဓားမသိုင်းကိုလည်း လျင်မြန်စွာ တတ်မြောက်သွား၏။
“မူအာ၊ ဒီကလေးက မင့်ထက် အများကြီးတော်တယ်” သားသတ်သမား တဟားဟား ရယ်မောနေသည်။
ချင်မူ နှာခေါင်းရှုံ့ပြီး ဘဝင်မကျဖြစ်နေ၏။ “ကျွန်တော်လည်း အခြေခံဓားချက်တွေကို ရက်ပိုင်းလေးနဲ့ တတ်ခဲ့တာပါနော်.... ဒါပေမဲ့ တကယ် ကျွမ်းကျင်ဖို့ကတော့ အင်မတန် ခက်တယ်”
“သူက မင့်ထက် သင်ယူတတ်မြောက်တာ မြန်သလို၊ သူ့ရဲ့ တွေးခေါ်နိုင်စွမ်းက မင့်ထက် အများကြီး မြင့်တယ်”
သားသတ်သမားက ပြောသည်။ “သူက ဟိုကောင်လေး ရှုရှန်းဟွာထက်တောင် သာတဲ့ပုံပဲ”
ချင်မူ့မျက်နှာသည် မည်းမှောင်မှုန်ကုပ်နေ၏။ သူက ကောင်းကင်နတ်အရှင်ယွီကို ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ စာသင်ခန်းတိုင်းဆီသို့ ခေါ်သွားသည်။ ကောင်းကင်နတ်အရှင်ယွီကား မည်သည့်ကျင့်စဉ်ပညာရပ်ကိုမဆို လွယ်ကူလျင်မြန်စွာ တတ်မြောက်နေ၏။ အခက်ခဲဆုံး သင်္ချာအတန်းနှင့် ဖန်ဆင်းပညာအတန်းကိုလည်း မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားသည်။
သုံးလကြာသော် သူကား ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ အခြေခံသင်္ကေတအမှတ်အသားများနှင့် အခြေခံသိုင်းကွက်အားလုံး တတ်မြောက်သွားချေပြီ။
တာအိုသခင်လင်းရွှမ်လည်း ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တွင် သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ရောက်နေကြောင်း ကြားသဖြင့် အပြေးအလွှား ရောက်လာသည်။ သူက ကောင်းကင်နတ်အရှင်ယွီကို သင်္ချာပညာ ဆက်လက်ဆူးပူးစေရန် တာအိုဂိုဏ်းဆီ ခေါ်သွားမည် လုပ်သော်လည်း ချင်မူ၏ မောင်းထုတ်ခြင်း ခံလိုက်ရ၏။
နောက်ဆုံးတော့ ချင်မူက ကောင်းကင်နတ်အရှင်ယွီကို မှတ်တမ်းဆောင်ထဲ ထည့်ပြီး စာအုပ်တိုင်း ဖတ်ရှုစေသည်။ နောက်တစ်လကြာသည့်အခါ ကောင်းကင်နတ်အရှင်ယွီသည် မှတ်တမ်းဆောင်မှ ထွက်လာ၏။
ချင်မူမှာ မယုံနိုင်တော့ပေ။ “အကုန် လေ့လာပြီးပြီလား”
ကောင်းကင်နတ်အရှင်ယွီက ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။ “ဖတ်ပြီးသွားပေမယ့် မလေ့လာခဲ့မိဘူး... အဲဒီစာအုပ်တွေမှာ အမှားတွေ အများကြီးပါနေသလို ခံစားရတယ်”
ချင်မူ ယိုင်ယိုင်နဲ့နဲ့ သက်ပြင်းချ၍ စိတ်ပြန်ထိန်းလိုက်သည်။ သူ့ခေါင်းထဲတွင် ထူးဆန်းသောအတွေးတစ်ခု ပေါ်လာသည်။ ‘ငါ လောကသခင်ခန္ဓာ အတုဖြစ်ပြီး သူကမှ အစစ် ဖြစ်နေတာလား... မဖြစ်နိုင်ဘူး၊ ရှုရှန်းဟွာနဲ့ တွေ့ပေးရမယ်”
အနောက်ကမ္ဘာမြေ အထက်ကောင်းကင်ဘုံတက္ကသိုလ်
ရှုရှန်းဟွာသည် တည်ကြည်လေးနက်သော အမူအရာဖြင့် သူ့အရှေ့ရှိ ကောင်းကင်နတ်အရှင်ယွီဆီသို့ စိုက်ကြည့်နေ၏။ သူက သွေးတိုးစမ်းကာ မေးကြည့်သည်။ “လောကသခင်ခန္ဓာလား”
ချင်မူ ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ညိတ်၍ ခါးသီးစွာ ပြောလိုက်၏။ “သူက ငါ့ထက်တောင် တော်သေးတယ်...”
“သူ့အထုံပါရမီနဲ့ တွေးခေါ်နိုင်စွမ်းက ငါ့လောက်နီးနီး ရှိနေတယ်လို့ ခံစားရတာ အံ့ဩစရာမရှိဘူးပဲ”
ရှုရှန်းဟွာက ချီးကျူးနေသည်။ “သဘောပေါက်သွားတာနဲ့ ဘာမဆို တတ်မြောက်နိုင်တဲ့ အစွမ်းအစ ... သိပ်ထူးခြားတယ်... ဒါပေမဲ့ သူ့ပုံစံက ဘာလို့ အရူးနဲ့ တူနေတာလဲ”
၎
င
၎
၎