သူတို့ကိုရောင်းစားခဲ့တာတောင် သူတို့က သူမရဲ့ အစီအစဥ်တွေကို ကူညီဖို့လုပ်နေကြတုန်းပဲ
Vol. 10 Ch. 140
ထိုအချိန်မှာ ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က ရှစ်မိသားစုနေအိမ်ကို သွားခဲ့သည်။
ဒီနေ့တော့ ရှစ်သခင်မကြီးနှင့် တခြားလူတွေက ရှစ်ချင်းလျို့ကိုတွေ့တော့ မျက်နှာကြီး ပုပ်သိုးမနေပေ။
"နင်တို့ လာပြီပဲကို၊ ထိုင်ကြ။"
ရှစ်သခင်မကြီးက အလွန်စိတ်အားထက်သန်နေကာ သူမရဲ့ တခြားချွေးမဖြင့် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်အတွက် လက်ဖက်ရည် ပြင်ခိုင်းခဲ့သည်။
ရှားရှားပါးပါး လက်ဖက်ရည်ထဲ သကြားညိုထည့်ဖို့ပင် ပြောခဲ့သေးသည်။
ရှစ်ချင်းလျို့က ထိုင်ပြီး တစ်ငုံသောက်ခဲ့သည်။ "ဝူမိသားစုက ဒီနေ့က ရှင့်တောင်းဆိုချက်တွေကို သဘောတူလား။"
ရှစ်သခင်မကြီးက ပြုံးကာ ပြောခဲ့သည်။ "အင်း ဒါတွေအကုန် နင့်ကျေးဇူးကြောင့်ပါ။"
ရှစ်ချင်းလျို့က သူမကို ကြည့်ကာ မေးခဲ့သည်။ "ရှင် ကျွန်မကိုတော့ ရောင်းမစားခဲ့ပါဘူးနော်။"
ရှစ်သခင်မကြီးက ချက်ချင်း လက်ခါပြခဲ့သည်။ "မဟုတ်တာ ဘာလို့ ရောင်းစားရမှာလဲ။"
အဓိက အချက်က သူမ မလုပ်ရဲတာ ဖြစ်သည်။
ဒီအယုတ်တမာမ ရှာတွေ့သွားခဲ့ပါက သူမရဲ့ သားကို သင်ခန်းစာပေး ရိုက်နှက်လိမ့်မည်။
ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "မှန်တယ်၊ ကျွန်မမှာ ကောင်းမွန်တဲ့ဘဝရှိရင် ရှင်တို့လည်း စံစားရတာပေါ့။"
သူမက ရှစ်မိသားစုရဲ့ စတုတ္ထသားကို လှည့်မေးခဲ့သည်။ "ရှင် ဝူမိသားစုကို ဆေးပုလင်း မပေးခဲ့ဘူး မလား။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက ချက်ချင်း ခေါင်းခါပြခဲ့သည်။ "မပေးခဲ့ပါဘူး၊ ဝူသခင်လေး ဘယ်လိုပဲ ကမ်းလှမ်းပါစေ မပေးနဲ့လို့ မင်းပဲ ပြောခဲ့တယ်မလား၊ ငါ သဘောမတူခဲ့ဘူး။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းတယ်။"
သူမက ဆက်ပြောခဲ့သည်။ "မနက်ဖြန် ရှင်နဲ့ ကျွန်မယောက်ျား စီရင်စုမြို့ကိုသွားပြီး တရားသူကြီးမင်းမော့ကို အဲ့ပုလင်း သွားပေးလိုက်။"
သက်သေက မော့ချင်းလင်ကို ပိုစုံစမ်းရအောင် ခွင့်ပြုလိမ့်မည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားက ကြက်သေ သေသွားခဲ့သည်။ "ဟမ် သူ့ကို ဘာလို့ ပေးချင်တာလဲ၊ ဝူမိသားစုကို ဆက်ခြိမ်းခြောက်ဖို့ ငါတို့ဘာသာ သိမ်းထားရမှာ မဟုတ်ဘူးလား။"
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "တရားသူကြီးမင်းမော့ကို ပေးလိုက်မှ ကျွန်မတို့ ဆက်အသက်ရှင်နိုင်မှာ၊ ဝူမိသားစုက ကြင်နာတတ်တဲ့လူတွေ မဟုတ်ဘူး၊ ဒီဆေးပုလင်းကို ဆက်သိမ်းထားရင် ရှင့်အသက်အန္တရာယ်ကို ခြိမ်းခြောက်မယ့် အဆောင် ဖြစ်လာနိုင်တယ်။"
သူမက ဆက်ပြောခဲ့သည်။ "ပြီးတော့ ခြိမ်းခြောက်တာက ကျွန်မတို့ မဟုတ်ဘဲ ရှင်တို့လေ။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက မျက်မှောင်ကြုတ်ခဲ့သည်။ "ဒီဆေးပုလင်းကြောင့် ဝူမိသားစုက ငါ့ကို သတ်လိမ့်မယ်လို့ ပြောတာလား။"
အဲလို မဟုတ်ဘူး မလား။
သူ မယုံတာတွေ့တော့ ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "သခင်လေးဝူက နာမည်ဆိုးနဲ့ ကျော်စောတဲ့ ကြိုးကိုင်သူလို့ ကြားတယ်၊ ရှင် ကျွန်မကို မယုံဘဲ သူ့ကို အနိုင်ယူနိုင်မယ်ထင်ရင် ဆက်သိမ်းထားလေ။"
သူမက အဓိပ္ပာယ်ပါပါ ဆက်ပြောခဲ့သည်။ "သခင်ကြီးဝူနဲ့ သူ့သားသာ နယ်စပ်ကို တာဝန်ကျခဲ့ရင် အိမ်မှာ အမျိုးသမီးတွေပဲကျန်မှာ၊ ဒါဆိုရင် တစ်ဦးတည်းသော သမက်ဖြစ်တဲ့ ရှင်က သူတို့ပိုင်ဆိုင်မှုတွေ အများကြီး ရလိမ့်မယ်။"
ထိုစကားကြားတော့ ရှစ်မိသားစုရဲ့ စတုတ္ထသားက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
ရှစ်သခင်မကြီးက သူမ ပေါင်ကိုပုတ်ပြီး သူ့ကိုပြောခဲ့သည်။ "ချင်းလော့ ပြောတာ နားထောင်လိုက်။"
ဝူမိသားစု ဖျက်စီးခံရရင် သူမသားလည်း ဝေစုတွေ ရလိမ့်မည်။
ထိုအချိန်ကျရင် ငွေ ၁၀၀၀ မဟုတ်ဘဲ ဘယ်လောက်များမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
တွေးကြည့်ရုံဖြင့် သူမကို စိတ်လှုပ်ရှားစေသည်။
ရှစ်ချင်းလျို့က ခပ်ဖွဖွရယ်ခဲ့သည်။ "ကျွန်မကို အယုတ်တမာမလို့ မခေါ်တော့ဘူးလား။"
ရှစ်သခင်မကြီးနှင့် တခြားလူတွေက အသံတိတ်နေခဲ့သည်။
ရှစ်သခင်မကြီးက ကသိကအောက်ဖြစ်စွာ ပြုံးခဲ့သည်။ "ငါတို့က မိသားစုပဲကို၊ နင့်ကို ဘာလို့ အယုတ်တမာမလို့ ခေါ်ရမှာလဲ။"
ရှစ်မိသားစုရဲ့ စတုတ္ထသားနှင့် ရှစ်သခင်မကြီးက အတွေးတူနေသည်။
စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ပြောခဲ့သည်။ "ကောင်းပြီ မနက်ဖြန်ကျရင် တရားသူကြီးမင်းမော့ကို ဆေးပုလင်း ပေးလိုက်မယ်။"
အသက်အန္တရာယ်ကျရောက်မည့်အကြောင်းနှင့် ခြိမ်းခြောက်တာထက်စာရင် အကျိုးအမြတ် ဆုံးရှုံးမည့်အကြောင်းနှင့် ခြိမ်းခြောက်တာက ပိုထိရောက်မည်ဖြစ်ကြောင်း ရှစ်ချင်းလျို့သိသည်။
သူမက ရှစ်မိသားစုရဲ့ စတုတ္ထသားကို ကြည့်ကာ ပြောခဲ့သည်။ "ရှင် မိသားစုပိုင်ဆိုင်မှုကို မြန်မြန် လိုချင်ရင် ရှင့်မိန်းမနဲ့ လက်ထပ်ပြီး ၃ရက်ကြာတဲ့အခါ သူ့မိဘအိမ်ကို ပြန်သွားလိုက်၊ ရှင်တို့နှစ်ယောက် ဝူမိသားစုအိမ်မှာပဲနေ ထွက်မသွားနဲ့၊ ဝူမိသားစုကို ထောင်ထဲ ပို့နိုင်မယ် ဒါမှမဟုတ် သူတို့မိသားစုကို အဝေးပို့နိုင်မယ့် သက်သေ တစ်ခုခု ရှိရင် မြန်မြန်လေး တရားသူကြီးမင်းမော့ဆီ ပို့ပေးလိုက်၊ ရှင်က သက်သေပေးတဲ့အတွက် ဝူမိသားစုရဲ့ သမက်အနေနဲ့ မငြိစွန်းတဲ့အပြင် ကျွန်မတို့ရဲ့ စီရင်စုမြို့ တရားသူကြီးမင်းက ရှင့်ကိုတောင် ချီးကျူးလိမ့်မယ်။"
ဒီလောက် အကျိုးအမြတ်တွေ ပြောပြထားမှတော့ ရှစ်မိသားစုရဲ့ စတုတ္ထသားက ဝူမိသားစုနှင့် ပူးပေါင်းဖို့ သွေးဆောင်ခံရသည်အထိ တုံးအမည် မဟုတ်ပေ။
ခွေးချင်းကိုက်သည့်ပွဲက ဆက်ဖြစ်လိမ့်မည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားက အဓိပ္ပာယ်ရှိကြောင်း ခံစားလိုက်ရသည်။ "ပြဿနာ မရှိဘူး။"
ရှောင်ဟန်ကျန့်နှင့် တရားသူကြီးမင်းမော့က အရမ်း ရင်းနှီးတာ သူသိသည်။
ဒါဆို သူဘာကို စောင့်နေရမည်နည်း။ ဝူမိသားစုကို မြန်မြန်ဆွဲချနိုင်လေလေ သူ ပိုင်ဆိုင်မှုတွေ မြန်မြန်ရလေလေ ဖြစ်သည်။
ရှစ်ချင်းလျို့ပြောသလိုပဲ သူသာ သက်သေ ကမ်းပေးပါက အမှု မငြိစွန်းမည့်အပြင် တရားသူကြီးမင်းရဲ့ ဆုချီးမြှင့်တာပါ ခံရမည်။
သူက ဝူမိသားစုကို ချက်ချင်း ဖျက်စီးဖို့ ဆုံးဖြတ်ချက် ချခဲ့လေသည်။
ဝူမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကြောင့် တခြားရှစ်မိသားစုဝင်တွေလည်း မိန်းမောကုန်လေသည်။ "ဝူမိသားစုက အနိုင်ကျင့်သူတွေက ပြည်နှင်ဒဏ်ပေးခံရသင့်တယ်၊ ငါတို့မှာ သက်သေရှိရင် ကောင်းကောင်း အသုံးချမယ်။"
ရှစ်မိသားစုရဲ့ တတိယသားရဲ့ နှုတ်ခမ်းက ကော့တက်သွားခဲ့သည်။
သူ့မိသားစုက သူ့အကြံကို လက်ခံကာ ကောင်းမှု လုပ်နေခြင်း ဖြစ်သည်။
ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ဟုတ်တယ်၊ အချိန်ကျေရင် ဝူမိသားစု အနိုင်ကျင့်ခဲ့တဲ့လူတွေက ရှင်တို့ကို ကျေးဇူးတင်လိမ့်မယ်။"
ထို့နောက် သူမက အဓိပ္ပာယ်မရှိတာတွေကို တည်ကြည်စွာ ပြောခဲ့လေသည်။ "နံပါတ်၄ဦးလေးရဲ့ ဂုဏ်သတင်းက အခုဆိုရင် မွှေးပျံ့နေပြီမလို့ သူ့တော်ဝင်စာမေးပွဲအတွက် အထောက်အကူ ပြုလိမ့်မယ်၊ သူက အနာဂတ်မှာ အဆင့်မြင့် စာသင်သား ဒါမှမဟုတ် အရာရှိကြီး ဖြစ်လာနိုင်တယ်။"
ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ ဉာဏ်များသည့် စိတ်ဓာတ်အရ စာသင်သားဖြစ်ဖို့ အခွင့်အရေးများပြီးသား ဆိုပေမယ့် သူမ ထုတ်မပြောခဲ့ပေ။
ရှစ်မိသားစုကို မျှော်လင့်ချက် များများပေးထားမှ သူတို့ ပိုကြိုးစားမှာ ဖြစ်သည်။
ထိုစကားတွေက ရှစ်မိသားစု တစ်ခုလုံးကို စိတ်ကျေနပ်စေခဲ့သည်။
"ချင်းလျို့ ဟိုးတုန်းက နင့်ကို အထင်မှားခဲ့မိတာတွေက အဖွားရဲ့ အမှားတွေပါ။"
ရှစ်သခင်မကြီးက ရှစ်ချင်းလျို့ကို ကြင်နာစွာ ကြည့်လိုက်သည်။ "ငါတို့က မိသားစုတွေပဲ၊ မကောင်းတဲ့ကိစ္စတွေကို မေ့လိုက်ရအောင်၊ အနာဂတ်မှာ ကောင်းကောင်း အဆက်အသွယ် လုပ်ကြတာပေါ့။"
ဒီမိန်းကလေးက မသေမျိုးရဲ့ တပည့် ဖြစ်ထိုက်သည်။
သူမရဲ့ ဦးနှောက်က တကယ် သွက်လက်ချက်ချာသည်။
အနာဂတ်မှာ သူတို့ ပိုကြွယ်ဝချင်ပါက သူမနှင့် ကောင်းကောင်း ဆက်ဆံဖို့ လိုသည်။
သူတို့ကို သူမ အကြံကောင်းတွေပေးဖို့ တကယ် အဓိက ကျသည်။
ရှစ်ချင်းလျို့ကလည်း နွေးထွေးစွာ ပြုံးခဲ့သည်။ "ဒါပေါ့ ကျွန်မတို့က မိသားစုတွေပဲလေ၊ အဖွားတို့ပျော်တော့ ကျွန်မလည်း ပျော်ရတာပေါ့။"
မသိသည့် လူတွေကတော့ သူတို့တွေ တကယ်ပဲ ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည်ဟု ထင်ကြကုန်လိမ့်မည်။
ရှောင်ဟန်ကျန့်က သူ့ဇနီးကိုကြည့်ပြီး ပြုံးခဲ့သည်။
သူ့ဇနီးက ပြဿနာကောင်တွေကို လှည့်စားခဲ့ပြီး သူတို့က သူတို့ဘာသာသူတို့ သူမဆီ လျှောက်လာခဲ့လေသည်။
သူ့ဇနီးက သူတို့ကိုရောင်းစားခဲ့တာတောင် သူတို့က သူမရဲ့ အစီအစဥ်တွေကို ကူညီဖို့ လုပ်နေကြသေးသည်။
ရှစ်ချင်းလျို့က ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေကို ညွှန်ကြားပြသပေးပြီးနောက် ရှောင်ဟန်ကျန့်နှင့် ပြန်သွားခဲ့သည်။
သူတို့နောက်ကနေ ဘဲငန်းတစ်ကောင်က လူလိုလိုက်နေတာကိုတွေ့တော့ ရှစ်ချင်းလျို့က သူမ လိုချင်တာကို ရအောင် လုပ်နိုင်သည့်အစွမ်းကို သူတို့ အံ့သြခဲ့ကြသည်။
သူမရဲ့ ဘဲငန်းတောင် ဒီလိုပုံစံဖြစ်နေတာတွေ့တော့ ရှစ်မိသားစုရဲ့ တတိယသားက အနာဂတ်မှာ သူ့သမီးစကားကို နားထောင်ဖို့ ဆုံးဖြတ်ခဲ့လေသည်။
သူမရဲ့ ဘဲငန်းတောင် လူလို နာခံတတ်သည်။
ဒီမိန်းကလေးက တကယ် အံ့သြဖို့ကောင်းသည်။ ဒါက သူ သားတစ်ယောက်ရဖို့အတွက် ဖြစ်နိုင်လောက်သည်။
ရှစ်သခင်မကြီးက ခဏလောက် တွေးပြီးနောက် သူမ မိသားစုကိုညွှန်ပြခဲ့သည်။ "သူ့ကို အယုတ်တမာမလို့ မခေါ်နဲ့တော့၊ ကြားရတာ အဆင်မပြေဘူး။"
အမျိုးသမီးနျိုက မဲ့ခဲ့သည်။ "ဒါဆို ဘယ်လို ခေါ်ရမှာလဲ။"
သူမကို ကြာပွတ်ဖြင့် ရိုက်ခဲ့သည့် သမီးဖြစ်သူကိုကြောက်ကာ မကျေမနပ် ဖြစ်နေသည်။
ရှစ်သခင်မကြီးက သူမကို သတိပေးသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။ "ချင်းလျို့ လို့ခေါ်၊ အဲ့တာ မသေမျိုး ဘုန်းတော်ကြီး ပေးခဲ့တဲ့ နာမည်ပဲ၊ ကောင်းချီးပေးခံရတဲ့ နာမည်ပဲ။"
အဓိက အချက်ကတော့ သူမကို အရင်လို ဆက်ခေါ်ပါက သူမ မပျော်မရွှင်ဖြစ်သွားပြီး သူတို့ကို အကြံတွေ မပေးတော့သည့်အခါ တခြား ဘယ်သူက ကူညီမည်နည်း။
ဒါ့အပြင် သူမခင်ပွန်းက အခြေခံစာသင်သားဖြစ်ပြီး တရားသူကြီးမင်းနှင့် အလွန်ရင်းနှီးကာ သူ့နောက်တွင် အာဏာကြီးသည့် ဆရာ ရှိနေသည်။
မြို့တော်က မျိုးရိုးမြင့် သခင်လေးကလည်း သူမ အိမ်မှာ တည်းခိုနေသည်။
သူ့အနာဂတ်က အကန့်သတ်မဲ့နေကြောင်း လူတိုင်းပြောနိုင်သည်။
အခု သူတို့က ဆက်ဆံရေး ကောင်းမွန်အောင် ပြုပြင်နေသည့် အချိန်ဖြစ်နေကာ အရူးကသာ သူမကို အရင်လိုခေါ်ပြီး ဆန့်ကျင်မည်ဖြစ်သည်။
ဒီရှုထောင့်မှာတော့ ရှစ်သခင်မကြီးက ဉာဏ်ထက်သည်။
အတိတ်တုန်းက အဲလို မပြောခဲ့ပါဘူးဟု အမျိုးသမီးနျိုက တွေးလိုက်လေသည်။
အရင်တုန်းကတော့ ရွာသူမှာ ဒီနာမည်ရှိတာ ကျိန်စာလို့ ပြောခဲ့တာဘယ်သူများလဲ။ အခုတော့ ကောင်းချီးပေးခံရတာ ဖြစ်သွားပြန်ပြီ။
ရှစ်မိသားစုရဲ့ တတိယသားက ရှစ်သခင်မကြီးက သူမရဲ့ အတွေးတွေကို ကောင်းကောင်းနားလည် သဘောပေါက်ကြောင်း သိခဲ့သည်။
သူက လက်မထောင်ပြခဲ့သည်။ "အမေက သိပ်အံ့သြဖို့ကောင်းတာပဲ၊ သက်တမ်းရင့် ချင်းက ပိုစပ်တယ်ဆိုတဲ့ တရုတ်စကားပုံအတိုင်းပဲ။"
ရှစ်သခင်မကြီးက ဘဝင်မြင့်သွားခဲ့သည်။ "ဒါပေါ့။"
ရှစ်သခင်မကြီးက အိမ်ရဲ့တာဝန်ခံဖြစ်တာကြောင့် အမျိုးသမီးနျိုနှင့် တခြားသူတွေလည်း မတတ်နိုင်စွာ ရပ်တည်ချက် ပြောင်းခဲ့ရသည်။