ငါးကငါးစာကိုထပ်မဟပ်တော့ဘူး
Vol. 10 Ch. 147
လျန်သခင်ကြီးနှင့် တခြားလူတွေ ရုံးတော်က ပြန်လာတော့ လျန့်ယိုရှောင် ပြန်ရောက်သည့် သတင်း ကြားခဲ့လေသည်။
အကြီးဆုံးလျန်သခင်က ပြည်သူ့အုပ်ချုပ်ရေးမှူးအိမ်ရဲ့ ဆက်ခံသူဖြစ်လာကတည်းက သူ့ဒေါသတွေကို ထိန်းချုပ်ခဲ့သည်။
သူက ပြောခဲ့သည်။ "နောက်ဆုံးတော့ ကောင်စုတ်လေးပြန်လာပြီ၊ ဒီတစ်ခါတော့ ကောင်းကောင်း ပညာပေးရမယ်၊ မကြာခင်က လျန့်ယိုရှောင်က မဟုတ်တာကို လုပ်ခဲ့တယ်၊ ဟိုတစ်ခါက အဖေက သူ့ကို ခြံထဲမှာ ဆင်ခြင်သုံးသပ်ဖို့ လွှတ်လိုက်တာကို ဖေးအိမ်က သခင်လေးနဲ့ ခိုးထွက်သွားသေးတယ်။"
"ငါတို့ လျန်မိသားစုက သခင်လေးက ဘယ်လိုလုပ် စီးပွားရေးလောကထဲ စွန့်စားရမှာလဲ၊ ရှက်ဖို့ကောင်းလိုက်တာ။" အကြီးဆုံး လျန်သခင်ရဲ့ ညီတွေက မီးတောက်အောင် လောင်စာဖြည့်ပေးခဲ့သည်။
လျန့်ယိုရှောင်ရဲ့ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုက မျက်မှောင်ကြုတ်ပြီး ရှေ့တိုးကာ အဖိုးဖြစ်သူကို ဖျောင့်ဖျပေးဖို့ အကူအညီတောင်းရန် လုပ်ခဲ့သည်။
လျန့်ယိုရှောင်နှင့် ဆက်ဆံရေးကောင်းသည့် စတုတ္ထလျန်သခင်ကလည်း ကူညီပေးဖို့ လုပ်ခဲ့သည်။
သို့ပေမယ့် လျန်သခင်ကြီးက မုတ်ဆိတ်မွေးပွတ်ကာ ပြောခဲ့သည်။ "သူက အရိုက်ခံရဖို့ ထိုက်တန်တယ်။"
လျန့်ယိုရှောင်ရဲ့ အစ်ကိုတွေလည်း ခြေလှမ်းပြန်ဆုတ်ကာ ထင်ရာစိုင်းတတ်သည့် ညီဖြစ်သူကိုသာ ဂရုဏာသက်နေရလေသည်။
သို့သော်လည်း သူက တကယ် အလွန်တရားလွန်လွန်းသည်။
အဖိုးက သူ့ကို နံရံကိုကြည့်ကာ သုံးသပ်ခိုင်းသည့်အချိန်မှာပဲ သူက ထွက်ပြေးရဲသေးသည်။
စတုတ္ထလျန်သခင်ကလည်း ပြောမည့်စကားတွေကို ပြန်မျိုချခဲ့သည်။
လျန်သခင်ကြီးက သူ့သားနှင့် မြေးတွေကိုခေါ်ကာ လျန်သခင်မကြီးရဲ့ အဆောင်ကို သွားခဲ့သည်။
အထဲဝင်လိုက်သည်နှင့် အခန်းထဲက ပျော်ရွှင်ရယ်မောသံတွေ ကြားလိုက်ရလေသည်။
"ငါနိုင်ပြီ၊ ဒေါင့်တွေချည်းပဲ၊ ပိုက်ဆံပေးတော့။"
လျန်သခင်ကြီးနှင့် တခြားလူတွေက ဆွံ့အသွားခဲ့သည်။ သူတို့ ဘာတွေပြောနေကြတာလဲ။
လျန်သခင်မကြီးနှင့် သခင်မသုံးယောက်က လေးထောင့်စားပွဲမှာ ထိုင်ကာ လေးထောင့်သစ်သားတုံးလေးတွေ ကိုင်ထားတာ တွေ့လိုက်လေသည်။
သူတို့ ဘာလုပ်နေလဲဆိုတာတော့ ဘယ်သူမှ မသိပေ။
ဒါ့အပြင် သူ့ရဲ့ ချွေးမနှစ်ယောက်၊ မြေးသမက်နှင့် မြေးမချွေးမတို့က ဘေးမှာထိုင်ကာ သူတို့ကို ကြည့်နေသေးသည်။
လျန်သခင်ကြီးက ရှုပ်ထွေးသွားခဲ့သည်။ "ဘာတွေ လုပ်နေကြတာလဲ။"
လျန်သခင်မကြီးကလွဲလို့ ခြံထဲကလူတွေအကုန် ချက်ချင်း ထရပ်ကာ ခေါင်းငုံ့အရိုအသေပေးခဲ့သည်။
လျန်သခင်မကြီးက ပြုံးကာ ပြောခဲ့သည်။ "မာကျောက် ကစားနေတာလေ။"
လျန်သခင်ကြီးက မျက်ခုံးပင့်ခဲ့သည်။ "မာကျောက် ဟုတ်လား။" အဲ့တာက ဘာတုန်း။
လျန်သခင်မကြီးက ရွှင်ပျစွာ ပြောခဲ့သည်။ "ယို့ရှောင်က မြို့တော်ကထွက်ပြီး ကျွန်မ အပျင်းပြေအောင် သွားရှာလာပေးတာလေ၊ တကယ် ပျော်ဖို့ကောင်းတယ်။"
အခု သူမက အိမ်တော်တာဝန်ခံ အာဏာက သူများတွေကို လွှဲပေးလိုက်ပြီမလို့ မနက်စာ စားပြီးတာနှင့် လာမှ လုပ်စရာမရှိဘဲ အလွန်ပျင်းနေသည်။
မာကျောက်ကစားသည့် အချိန်မှာတော့ အချိန်တွေကုန်တာမြန်ပြီး သူမ တကယ် အများကြီး သဘောကျသည်။
လျန်သခင်ကြီးက အသံတိတ်နေခဲ့သည်။ သူ့ဇနီး အလွန်ပျော်ရွှင်နေတာကို တွေ့ရတာ ရှားသည်။
သို့ပေမယ့် သူက လျန့်ယိုရှောင်ကို စိုက်ကြည့်ခဲ့သည်။ "မျိုးမစစ်လေး၊ ပျော်ပါးနေပြီး ပြန်ရောက်တာနဲ့ အဖွားကိုဆွဲပြီး ဖျော်ဖြေနေတယ်ပေါ့။"
လျန့်ယိုရှောင် ဘာမှ မပြောရသေးခင်မှာပဲ လျန်သခင်မကြီးက မကျေမနပ်ပြောခဲ့သည်။ "ကျွန်မရဲ့ မြေးအလိမ္မာလေးကို ဘာလို့ ဆူနေတာလဲ၊ ကျွန်မက အိုနေပြီ၊ ပျင်းတဲ့အခါ အပျင်းပြေအောင် ပျော်စရာကောင်းတာလေးတွေ ကစားလို့မရဘူးလား၊ ယို့ရှောင်ကသာ ဘယ်သွားသွား ကျွန်မကို တွေးပေးတာ၊ သူက အသိတတ်ဆုံးပဲ၊ ရှင်က သူ့ကိုဆူချင်နေသေးတယ်၊ ကျွန်မ နှလုံးသားကို ထပ်ထိုးဖောက်နေတာလား။"
လျန်သခင်ကြီးက ကြက်သေသေသွားခဲ့သည်။ ဒီလောက်လေး ပြောတာနဲ့ ဘယ်လိုလုပ် နှလုံးသားကို ထိုးဖောက်တယ် ဖြစ်ရတာလဲ။
ယို့ရှောင်က အဖွားကို ပျော်အောင် လုပ်ပေးတတ်တဲ့ အသိတတ်ဆုံးမြေးလေးဆိုတော့ သူတို့က 'အမှိုက်ပုံက ကောက်ရတဲ့လူတွေလား'ဟု တခြားမြေးတွေက တွေးလိုက်သည်။
သူ့သားကို ဆူမည့် အကြီးဆုံးလျန်သခင်က သူ့အဖေတောင် သူ့အမေရဲ့ ဆူငေါက်တာကို ခံနေရတာ မြင်လိုက်တော့ ချက်ချင်း အသံတိတ်သွားခဲ့လေသည်။
ဒီကိစ္စကို အိမ်က အသက်အကြီးဆုံး အဖေပဲ ကိုယ်တိုင်ရှင်းလိုက်တာ ပိုကောင်းမယ်။
လျန်သခင်ကြီးက အမြဲတမ်း ဇနီးဖြစ်သူကို နည်းနည်းကြောက်ရသည်။
သူ့ဇနီးလေး မပျော်မရွှင်ဖြစ်နေတာတွေ့တော့ သူက ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဘယ်လို ပျော်ရွှင်မှုမျိုး ယူဆောင်လာပေးတာလည်းဆိုတာ ကြည့်ပါရစေဦး။" အခုတော့ ဒီကောင်စုတ်လေးကို လွှတ်ပေးလိုက်ဖို့ သူဆုံးဖြတ်လိုက်လေသည်။
လျန်သခင်မကြီးက ထိုစကားကြားတော့ ပျော်ရွှင်စွာပြုံးပြီး လက်ဝေ့ယမ်းပြခဲ့သည်။ "လာလေ၊ ကစားနည်းသင်ပေးမယ်၊ တကယ်ပျောိဖို့ကောင်းတယ်။" လျန်သခင်ကြီးက ရင်ထဲမှာတော့ အထင်သေးမှုတွေ ပြည့်နေသည်။
ဒီသစ်သားတုံးတွေက ဘာများ ပျော်စရာ ကောင်းမှာမလို့လဲ။
သို့ပေမယ့် သူက မှန်ရဲ့လားဆိုတာသိဖို့ ထိုင်လိုက်လေသည်။ "ကောင်းပြီ ကစားကြည့်မယ်။"
သူထိုင်လိုက်သည်နှင့် သူ့ရဲ့ တခြားသားတွေနှင့် ချွေးမတွေက ပျော်ရွှင်စွာ ဆက်မကစားရဲတော့ပေ။
ထို့ကြောင့် လျန့်ယိုရှောင်က ကစားဖို့ ဝင်လိုက်သည်။
သူက သူ့လောက် ကစားရတာ ကြိုက်သည့် စတုတ္ထလျန်သခင်ကို ပြောလိုက်သည်။ "နံပါတ် ၄ ဦးလေးလည်း လာကစားလေ။"
စတုတ္ထလျန်သခင်က သူ့ဖိတ်ကြားမှုကို လက်ခံကာ ထိုင်ခဲ့သည်။
လျန်မိသားစုက တခြားအမျိုးသားတွေက ဘာမှမပြောဘဲ ပွဲကြည့်ဖို့ ထိုင်လိုက်ကြလေသည်။
အကြီးဆုံး လျန်သခင်က ပိုဒေါသထွက်လာခဲ့သည်။
သူက လျန့်ယိုရှောင်ကို ခပ်စူးစူးကြည့်ပြီး သားဖြစ်သူကို လည်ဂုတ်ကဆွဲကာ ချက်ချင်း ရိုက်ပစ်ချင်နေသည်။
လျန့်ယိုရှောင်ကတော့ အသားကျနေပြီဖြစ်သည်။
သူက အရေထူကာ မမြင်ချင်ယောင်ဆောင်ခဲ့သည်။
ထို့နောက် သူနှင့် သူ့အဖွားက အဖိုးနှင့် နံပါတ် ၄ ဦးလေးကို မာကျောက်ကစားနည်း သင်ပေးခဲ့သည်။
ပွဲစဥ်အနည်းငယ် ကစားပြီးနောက် သူ့အဖိုးက ကျွမ်းဝင်လာခဲ့သည်။
သူက သူ့နောက်မှာရှိနေသည့် သားတွေကို လက်ဝေ့ယမ်းပြလိုက်သည်။ "မင်းတို့တွေ အဆောင်ပြန်ပြီး အရင်သွားနားကြတော့၊ ဟုတ်သား ငါ ဒီနေ့ နေသိပ်မကောင်းလို့ နေ့လည် ရုံးတော်ကို မသွားတော့ဘူး၊ သားကြီး မင်းသွားတဲ့အခါ ငါ့ကို ခွင့်တိုင်ပေးလိုက်ဦး။"
အကြီးဆုံး လျန်သခင်က ဆွံ့အသွားခဲ့သည်။ စောနက ကစားနေတုန်းကတောင် အားအင်အပြည့် ရှိနေတာလေ။ နေမကောင်းဖြစ်နေပုံလည်း မတူပါဘူး။
သူ့အဖေက သူ့သားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရကာ ကစားရဖို့အတွက် ရုံးတော် မသွားနိုင်သည်အထိ ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ပေ။
သူက လျန့်ယိုရှောင်ကို မှုန်ကုပ်စွာကြည့်ပြီး ပြောခဲ့သည်။ "ငါ့အဆောင်ကို ခဏလိုက်ခဲ့။ "
လျန့်ယိုရှောင်က ချက်ချင်း အကူအညီတောင်းလိုက်လေသည်။ "အဖိုး၊ အဖွား လုပ်ပါဦး၊ အဖေက ကျွန်တော့်ကို ရိုက်ချင်နေတယ်။"
လျန်သခင်မကြီးက သူမရဲ့ သားကြီးကို မပျော်မရွှင်ကြည့်လိုက်သည်။ "နောက်ဆုံးတော့ ငါ့မြေး ပြန်လာပြီလေ၊ နင်က ဘာလုပ်ချင်နေတာလဲ။"
သူမက နှာမှုတ်ကာ ပြောခဲ့သည်။ "သူ့ကို လက်ဖျားနဲ့ပဲထိကြည့်လိုက် ဘာဖြစ်သွားမလဲဆိုတာ ကြည့်လိုက်။"
လျန်သခင်ကြီးက လျန့်ယိုရှောင်ကို ကူပြောပေးသည်ဆိုတာ ရှားသည်။ "သားကြီးကလည်းကွာ ဒီတစ်ခါတော့ ထားလိုက်ပါတော့၊ နောက်မှ သူ အမှားထပ်လုပ်မှ အပြစ်ပေးတာပေါ့။"
အကြီးဆုံး လျန်သခင်က ဆွံ့အသွားခဲ့သည်။ စောနက အရိုက်ခံရဖို့ ထိုက်တန်တယ်လို့ ဘယ်သူက ပြောခဲ့တာလဲ။
ချက်ချင်း အပြောင်းအလဲမြန်သွားသူကြောင့် ကျန်သည့်လူတွေလည်း ကြက်သေ သေနေခဲ့သည်။
ထို့နောက် လျန်သခင်ကြီးက သူတို့ကို အဖတ်မတန်စွာ လက်ခါပြလိုက်သည်။ "သွား သွား၊ ရပ်နေတာ မာကျောက် ကစားချင်လို့လား။" တခြားလူတွေလည်း ထွက်သွားရလေသည်။
သူတို့ထွက်သွားပြီးနောက် စတုတ္ထလျန်သခင်မက ပထမလျန်သခင်မကိုကြည့်ကာ မေးခဲ့သည်။ "ယောက်မ ယို့ရှောင်က နင့်ကို မာကျောက် အစုံပေးလိုက်လား၊ ပေးလိုက်ရင် နေ့လည်ကျရင် နင့်အဆောင်ကို ငါလာကစားမယ်။"
တတိယလျန်သခင်မကလည်း ပြုံးကာ ပြောခဲ့သည်။ "ကျွန်မလည်း ပါမယ်။"
ဒုတိယလျန်သခင်မက ပြောခဲ့သည်။ "ဒီလိုဆိုရင် ကျွန်မလည်း ပါချင်တယ်။"
ပထမ လျန်သခင်မဆီမှာ မာကျောက် မရှိပေ။
သူမ ယဥ်ယဥ်ကျေးကျေး ငြင်းပယ်မည့်အချိန်မှာပဲ လျန့်ယိုရှောင်က မာကျောက်သေတ္တာယူကာ ထွက်လာခဲ့သည်။ "အမေ ဒါ ကျွန်တော် လက်ဆောင်ပေးတာ။" ပထမ လျန်သခင်မရဲ့ မျက်လုံးတွေက လင်းလက်သွားခဲ့သည်။
ထင်သည့်အတိုင်း သူမရဲ့ သားလေးက အသိတတ်ဆုံး ဖြစ်သည်။
ထို့နောက် သူမက တခြားအမျိုးသမီးတွေကို ပြုံးပြကာ ပြောခဲ့သည်။ "ဒါပေါ့ မနက်စာ စားပြီးရင် ကျွန်မ အဆောင်ကို လာပြီး လာကစားလေ။"
အကြီးဆုံး လျန်သခင်နှင့် တခြားလူတွေက ကြက်သေသေသွားခဲ့သည်။ မာကျောက်က တကယ်ပဲ ပျော်ဖို့ကောင်းတာလား။
မာကျောက်ကြောင့် သူ့သား အရိုက်မခံရသလို သူ့အမေနှင့် သူ့မိန်းမကပင် သူ့သားကို ပစ္စည်းကောင်းတွေ အများကြီး ဆုချခဲ့သည်။
လျန်မိသားစုက တခြားမြေးတွေလည်း အးမနာလို အားကျခဲ့ကြသည်။
ဒီမျိုးမစစ်လေးက ဘာမှသေချာမလုပ်ဘဲနဲ့ အဖွားဖြစ်သူကို အမြဲချော့မော့နိုင်သည်။
လျန့်ယိုရှောင်က ရှီလွေ့နှင့် တခြားလူတွေကို သွားမရှာခဲ့ပေ။
နောက်နှစ်ရက်အထိ သူ့အဖိုးအဖွားနှင့်အတူ မာကျောက် ကစားခဲ့သည်။
လျန်သခင်ကြီးက လျန်သခင်မကြီးနှင့် မာကျောက် ကစားရတာ ရင်ဖိုစရာသိပ်မကောင်းတော့ဘူးဟု ခံစားလိုက်ရလေသည်။ ဒါ့အပြင် မာကျောက်ကို သစ်သားတုံးလေးတွေဖြင့် ကစားရတာ စိတ်မကျေနပ်သဖြင့် ကျောက်စိမ်းဖြူဖြင့် မာကျောက်တုံးလေးတွေကို လုပ်ခိုင်းခဲ့လေသည်။
နောက်တစ်နေ့ကျတော့ လျန်သခင်ကြီးက သူ့မိတ်ဆွေကြီးတွေနှင့် မာကျောက်ကစားဖို့ ထွက်သွားခဲ့သည်။
သခင်လေးဖြစ်သူက အပြင်မထွက်သဖြင့် လျန့်ယိုရှောင်ရဲ့ ယုံကြည်ရသည့်လက်ထောက်က မေးခဲ့သည်။ "သခင်လေး သခင်လေးရှီကို သွားမရှာဘူးလား။" သူပွဲကြီးပွဲကောင်း ကြည့်ချင်နေပြီဖြစ်သည်။
လျန့်ယိုရှောင်က လက်ဖက်ရည်ကို ဇိမ်ခံသောက်နေလေသည်။ "ဘာကိစ္စ ငါက သူ့ကို ကိုယ်တိုင် သွားရှာရမှာလဲ၊ ငါက သူ့ကိုလှည့်စားဖို့လုပ်နေတယ်လို့ မသိတဲ့လူတွေက ထင်နေမှာပေါ့၊ ငါးစာလွှတ်ပြီးပြီ၊ ငါးက အစာလာဟပ်တာကို စောင့်ဖို့ပဲကျန်တယ်။" သူ့ရဲ့ ယုံကြည်ရသည့် လက်ထောက်က ကြက်သေသေနေခဲ့သည်။ "ငါးစာက ဘယ်တုန်းက လွှတ်လိုက်တာလဲ။" သူလည်း မသိလိုက်ရပါလား။
လျန့်ယိုရှောင်က ဘဝင်ခိုက်စွာ ပြုံးလိုက်သည်။ "မနေ့က ငါ့အဖိုး ကျောက်စိမ်းဖြူနဲ့ လုပ်ထားတဲ့ မာကျောက်တွေ ယူပြီး အပြင်ထွက်သွားတာ မင်းမတွေ့လိုက်ဘူးလား။"
မိတ်ဆွေတွေနှင့် မာကျောက် ကစားဖို့သွားသည်ဆိုတာ ကြည့်ကောင်းအောင် ပြောတာ ဖြစ်သည်။ သူ့မြေးက ခရီးရှည်ကြီးသွားကာ သူနှင့် သူ့ဇနီး အပျင်းပြေဖို့အတွက် ကစားနည်း သွားရှာပေးခဲ့ကြောင်းကို ရည်ရွယ်ချက်ရှိရှိ ကြွားဝါချင်တာ ဖြစ်သည်။
ဒါက သူ့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်သည်။
သခင်ကြီးကို ငါးစာအဖြစ် သုံးလိုက်တာကိုးဟု သူ့ရဲ့ လက်ထောက်က တွေးလိုက်လေသည်။
လျန်သခင်ကြီးသာ သိသွားပါက သူ့သခင်လေးရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မလားဟုလည်း သူတွေးနေသည်။
သူပြောပြီးတဲ့အချိန်မှာပဲ သခင်လေးရှီနှင့် တခြားလူတွေ ရောက်နေကြောင်း လူတစ်ယောက်က လာတင်ပြသွားခဲ့သည်။
လျန့်ယိုရှောင်က ယပ်တောင်ဖွင့်ကာ ဘဝင်ခိုက်စွာ ကိုယ့်ဘာသာကိုယ် ယက်ခပ်နေသည်။
သူက ဂုဏ်ယူစွာဖြင့် သူ့လက်ထောက်ကို ပြောလိုက်သည်။ "ကြည့်ပါဦး ငါးက ငါးစာကိုဟပ်သွားပြီ။" မကြာခင်မှာ ငါးအကြီးစားဟာလည်း ထိုငါးစာကို ဟပ်လိမ့်မည်။