မိတ်ဆွေဖွဲ့ အကျွမ်းဝင်မှု အောင်မြင်ခြင်း
Vol. 10 Ch. 149
ရှီလွေ့ဒေါသ ထွက်နေတာတွေ့တော့ လျန့်ယိုရှောင်က မေးခဲ့သည်။ "ဆိုတော့ မင်းက လက်စားမချေတော့ဘူးလား။"
ရှီလွေ့က နှာမှုတ်ခဲ့သည်။ "ဘာလို့ မလုပ်ရမှာလဲ၊ ငါ့ကို အကောက်ကြံဖို့ သိပ်လွယ်တယ်လို့ ထင်နေတာလား၊ နည်းလမ်းမရှိလို့သာ ဒီတိုင်းနေ နေတာကွ။"
သူ့လက်တွေကို အကြောလျှော့ခဲ့သည်။ "ငါလုပ်ချင်ရင် ရှင်းအောင် လုပ်လို့ ငါ့အဖေကပြောတယ်၊ အပေါ်ယံပဲ ထိမယ်ဆိုရင်တော့ ပြဿနာမရှာနဲ့တဲ့။"
"ကြားရတာ ဒေါသထွက်လိုက်တာကွာ။"
လျန့်ယိုရှောင်က မြေပဲကို ပါးစပ်ထဲပစ်ထည့်ပြီး မေးခဲ့သည်။ "ရင်ဖိုပြီး ပျော်ဖို့ကောင်းတာလေးလုပ်ဖို့ စိတ်ဝင်စားလား။"
ရှီလွေ့က မျက်ခုံးပင့်ခဲ့သည်။ "ဘယ်လို ပျော်ဖို့ကောင်းတာလဲ။"
လျန့်ယိုရှောင်က ရှီလွေ့ကို အနားတိုးလာဖို့ လက်ပြလိုက်သည်။ "မြို့တော်က လူတွေကို ရှောင်ယွမ်ရှစ်ရဲ့ ပွဲကြီးပွဲကောင်း ကြည့်ခိုင်းရအောင်။"
ထို့နောက် သူက ရှစ်ချင်းလျို့ရဲ့ အကြံတွေကို သူ့ကို ပြန်ပြောပြခဲ့သည်။
ရှီလွေ့ရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်။ "ညီကိုရေ မင်းရဲ့အကြံတွေက တော်တော်ရက်စက်တာပဲ၊ ငါကြိုက်တယ်။"
ဒါတွေက သူ့အကြံမဟုတ်ဘဲ ရက်စက်သည့်လူက သူ မဟုတ်ကြောင်း လျန့်ယိုရှောင်က ပြောချင်နေသည်။
ရှီလွေ့က မတုံးအပေ။ "မင်းနဲ့ရှောင်ယွမ်ရှစ် ငြိထားလို့လား။"
မဟုတ်ပါက ဒီလူက ရှောင်မိသားစုအကြောင်း ပြောမည်နည်း။
ဒါ့အပြင် အချိန်တိုအတောအတွင်း ဒီလိုကောက်ကျစ်သည့် အကြံလည်း ထွက်နိုင်စရာ မရှိပေ။
လျန့်ယိုရှောင်က ရယ်ခဲ့သည်။ "ငါ့မှာ ရှောင်ယွမ်ရှစ်နဲ့ ဘာရန်ငြိုးမှမရှိပေမယ့် ငါ့မိတ်ဆွေကတော့ ရှောင်ယွမ်ရှစ်တို့ လင်မယားနဲ့ ရန်ငြိုးရှိနေတယ်၊ အဲအမျိုးသမီးကပဲ အကြံပေးတာ။"
ရှီလွေ့က သူရောင်းစားခံရမယ်ဆိုတာ သိလည်း ပြဿနာ မရှိဘူးဟုရှစ်ချင်းလျို့က ပြောခဲ့သည်။
ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့ရန်သူက ကိုယ့်မိတ်ဆွေဖြစ်သည်။
ဒီလို ကြီးမားသည့် အစီအစဥ်ကို အောင်မြင်အောင် ဆောင်ရွက်ပြီးပါက အနာဂတ်မှာ သူတို့က မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်သည်။
ရှီလွေ့ရဲ့ စိတ်ဝင်စားမှုတွေက ချက်ချင်း နှိုးကြားခံလိုက်ရလေသည်။ "ဘာမိတ်ဆွေလဲ၊ သူ့ကို ငါနဲ့ မိတ်ဆက်ပေးလို့ရမလား။"
ဒီလို ကောက်ကျစ်သည့် အကြံထွက်သည့်လူကို သူသဘောကျသည်။
လျန့်ယိုရှောင်က ပြုံးကာ ပြောခဲ့သည်။ "သူက မာကျောက်နဲ့ ဖဲကစားနည်း အကြံပေးတဲ့လူပဲ၊ ငါ့မှာ မင်းအတွက် ပျော်စရာကောင်းတာလေးရှိသေးတယ်၊ အဆင်သင့်ဖြစ်ရင် မင်းစမ်းကြည့်လို့ရအောင် ငါပို့ပေးလိုက်မယ်။"
ရှီလွေ့က ဆွံ့အ သွားခဲ့သည်။ "အခု စမ်းခိုင်းလို့ မရဘူးလား။"
လျန့်ယိုရှောင်က ခေါင်းခါခဲ့သည်။ "မရဘူး။"
သူက ရှီလွေ့ကို စကိတ်ဘုတ်ပြား ပေးမဆော့ချင်တာ မဟုတ်ပေ။
သူက စကိတ်ဘုတ်ထုတ်လုပ်ခြင်းကို အားအင်အပြည့်ဖြင့် လုပ်နေတာ ဖြစ်သည်။
အကယ်၍ သူ့ကိုပေးစမ်းလိုက်ပါက သူများတွေက တုပပြီး အရင်ရောင်းခဲ့ရင် သူ အရှုံးကြီး ရှုံးနိုင်သည်။
သူက စကိတ်ဘုတ်ကနေ ပထမဆုံး ငွေပုံအကြီးကြီး အချီကြီး ရှာချင်သေးသည်။
ရှီလွေ့က မျက်လုံးလည်ခဲ့သည်။ "ငါ့ကို သိချင်စိတ်တွေ တယွယွဖြစ်အောင် လုပ်နေတာပဲ။"
သူက ဆက်ပြောခဲ့သည်။ "ဒါဆိုလည်း ရှောင်ယွမ်ရှစ်ကို ရှင်းထုတ်ဖို့ အစီအစဥ် သေချာလုပ်ရအောင်။"
လျန့်ယိုရှောင်က ခဏလောက်တွေးကာ ပြောခဲ့သည်။ "ဘုရင့်ရဲ့ ဦးရီးတော် မကြာခဏသွားတတ်တဲ့ လောင်းကစားရုံကို မနက်ဖြန် သွားရအောင်၊ ပြီးရင် သူ့ကို မာကျောက်က ပျော်ဖို့ကောင်းတဲ့အကြောင်း တမင်ရည်ရွယ်ပြီးပြောပြရအောင်၊ သူ့ကို ငါတို့နဲ့ မာကျောက် ကစားဖို့ မျှားခေါ်မယ်၊ မင်းနဲ့သူ ပိုရင်းနှီးလာတဲ့အခါ ပိုစိတ်ဝင်စားဖို့ ကောင်းတာလေး လုပ်ချင်လားလို့ သူ့ကိုမေးလိုက်၊ ပြီးတာနဲ့ ရှောင်ယွမ်ရှစ်မှာလည်း သူ့လို တူညီတဲ့ဝါသနာရှိတာ အသိပေးလိုက်၊ ဘုရင့်ရဲ့ ဦးရီးတော် သေချာပေါက် စိတ်ဝင်စားလိမ့်မယ်။"
ရှီလွေ့က သူ့လက်တွေကို ပွတ်ခဲ့သည်။ "မင်းက သူ့ကို ဘာလို့ မပြောတာလဲ။"
လျန့်ယိုရှောင်က မေးခဲ့သည်။ "ရှောင်ယွမ်ရှစ်နဲ့ ရန်ငြိုးရှိတာကမင်းလေ၊ ငါ မဟုတ်ဘူး၊ ငါက ပွဲကြည့်ရုံပဲ၊ မင်း မလုပ်ချင်လည်း ရပါတယ်၊ ငါ့ဘက်က အရှုံးမရှိပါဘူး။"
ရှီလွေ့က အသံတိတ်နေသည်။ ဒီမျိုးမစစ်က ငါ့ကို စောင့်နေတာ။
သို့ပေမယ့် ဒီလို စိတ်လှုပ်ရှားစရာကောင်းသည့် ပွဲကို သူ လက်လွှတ်ခံပါ့မလား။
သူက ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ ငါသွားမယ်။"
လျန့်ယိုရှောင် မေးလိုက်သည်။ "စကားမစပ် ဒီအစီအစဥ် အောင်မြင်သွားရင် မင်းအဖေက မင်းခြေထောက်ကို ရိုက်ချိုးမှာလား။"
သေချာပေါက်ကို ရှီလွေ့က သူ့ဘာသာသူ တွေးပြီးသားဖြစ်သည်။
သူက ခပ်ဟဟရယ်ခဲ့သည်။ "ငါ့ခြေထောက်တွေ အချိုးခံရရင် အကြံပေးတဲ့အထဲ မင်းလည်းပါတဲ့အကြောင်း ငါဖော်ထုတ်မှာ၊ ငါတို့က ညီအစ်ကိုတွေပဲလေ အတူတူ ခြေထောက် အချိုးခံတာပေါ့။"
လျန့်ယိုရှောင်က ဆွံ့အနေသည်။ ငါ့မှာ ဒီလို ရူးကြောင်ကြောင် ညီအစ်ကို မရှိပါဘူး။
သို့ပေမယ့် နှစ်ယောက်လုံးက အကြောက်တရားကင်းမဲ့သည်။
အကယ်၍ ခြေထောက်တွေ ရိုက်ချိုးခံရမယ်ဆိုရင်တောင် သူတို့ လုပ်ရဲသည်။
ထို့ကြောင့် နောက်ရက်တွေကျတော့ သူက ရှီသခင်မကြီးနှင့် တခြားလူတွေကို ပျော်ရွှင်အောင် ထားခဲ့သည်။
နောက်တစ်နေ့ကျတော့ ရှီလွေ့က လောင်းကစားရုံကို သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ဘုရင့်ဦးရီးတော်ဖြင့် ဆုံခဲ့လေသည်။
သူက ဂိမ်းတချို့ ကစားချင်ယောင်ဆောင်ကာ သွားလိုက်ပြီး စိတ်မပါချင်ဟန်ဆောင်ကာ ကြည့်လိုက်သည်။
"ဒီလို လောင်းပွဲအသေး၊ လောင်းပွဲအကြီးတွေ ကြည့်ရတာ ပျင်းဖို့ကောင်းလိုက်တာ၊ မာကျောက် ကမှ ပိုပျော်ဖို့ကောင်းဦးမယ်။"
ဘုရင့်ဦးရီးတော်က ထိုစကား ကြားသွားခဲ့သည်။ "ဘယ်လို ပျော်ဖို့ကောင်းတာလဲ။"
မကြာခင်က လူနှစ်ယောက်က မာကျောက်ကစားဖို့ တခြားလူတွေကို ခေါ်နေတာ သူကြားခဲ့သည်။
သို့ပေမယ့် သူတို့က လူမှုအသိုင်းအဝိုင်း မတူညီပေ။
ဒါ့အပြင် ထိုနှစ်ယောက်က စစ်မြေပြင်က ပြန်လာတာကြောင့် သွေးစွန်းကာ သွေးညှီနံ့တွေ ထွက်နေသည်။
သူက ဒါကို သဘောမကျဘဲ အတူတူ မကစားချင်ပေ။
သေချာပေါက်ကို သူတို့ကလည်း သူနှင့် မကစားချင်ပေ။
ရှီလွေ့စကားကိုကြားတော့ သူက ထပ်မေးမိခဲ့သည်။
ရှီလွေ့က ချက်ချင်း သူ့ကို မာကျောက် အကြောင်း မိတ်ဆက်ပေးခဲ့သည်။ "ကျွန်တော်က အခုပဲ လျန့်ယိုရှောင်ကို သွားရှာပြီး မာကျောက် ကစားမလို့၊ ဦးရီး စိတ်ဝင်စားရင် လိုက်ကစားပါ့လား။"
ဘုရင့်ရဲ့ ဦးရီးတော်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းသဘောတူခဲ့သည်။ "ကောင်းပြီ။"
သူက ရှီလွေ့ရဲ့ ပုခုံးကို ပုတ်ခဲ့သည်။ "မင်းက မဆိုးဘူးပဲ၊ ငါတို့တွေ မိတ်ဆွေဖွဲ့ရအောင် ကောင်လေး။"
အထက်တန်းလွှာတွေကြားက မိတ်ဆွေဆက်ဆံရေးက ဤမျှလောက် ရိုးရှင်းသည်။
ထို့နောက် သူတို့နှစ်ယောက်က လျန့်ယိုရှောင် ရွေးထားသည့် လက်ဖက်ရည်ဆိုင်ကိုသွားကာ မာကျောက် စတင် ကစားခဲ့သည်။
သူနဲ့ အတူ ဖဲလည်း ကစားခဲ့သေးသည်။
သို့ပေမယ့် သူက မာကျောက် ကစားတာကို ပိုနှစ်သက်ပြီးနောက်နေ့တွေလည်း သူတို့ကို တက်တက်ကြွကြွ လာရှာခဲ့သည်။
ဤနည်းဖြင့် လျန့်ယိုရှောင်နှင့် ရှီလွေ့က ဘုရင့်ဦးရီးတော်နှင့် မိတ်ဆွေဖွဲ့ အကျွမ်းဝင်မှု အောင်မြင်ခဲ့ကာ ရင်းနှီးသည့် မာကျောက် မိတ်ဆွေတွေ ဖြစ်ခဲ့သည်။
သူတို့က မာကျောက် ကစားတာတင်မကဘဲ အချင်းချင်း ဖိတ်ခေါ်ကာ သောက်စားပျော်ပါးခဲ့ကြသည်။
လျန်မိသားစုနှင့် ရှီမိသားစုတို့ ထိုအကြောင်း သိသွားသည့်အခါ ဆွံ့အကြကုန်လေသည်။
သို့သော်လည်း ဒီသခင်လေးနှစ်ယောက်ကို သွားရှုပ်လို့ မရပေ။
ဒီကောင်လေးနှစ်ယောက်နှင့် ဘုရင့်ဦးရီးတော်တို့ ပေါင်းကာ ပြဿနာမရှာရင်ဘဲ အဆင်ပြေနေပြီ ဖြစ်သည်။
သို့ပေမယ့်လည်း သူ့အမူအကျင့်တွေ အတုမခိုးဖို့တော့ ကလေးနှစ်ယောက်ကို သတိပေးခဲ့သည်။
ဒါကလွဲရင် သူတို့မိသားစုက ကျန်တာ သိပ်ဂရုမစိုက်ပေ။
စစ်သူကြီးစံအိမ်တွင်ဖြစ်သည်။
ကောချွန်းရုက ကောချွန်းယီကို ခေါ်ခဲ့သည်။
သူမက မောင်ဖြစ်သူကိုကြည့်ကာ အင်တင်တင်ဖြင့် ပြောခဲ့သည်။ "ချွန်းယီ နင့်ယောက်ဖက နင့်ကို စစ်တပ်ထဲဝင်ဖို့ စီစဥ်ထားတယ်၊ လဝက်အတွင်း လူတစ်ယောက်က နင့်ကို နယ်စပ်ကိုပို့လိမ့်မယ်။"
ရှောင်မိသားစုကြောင့်သာ မဟုတ်ရင် သူမ မောင်က ဒီလို အဝေးပို့ခံရမည် မဟုတ်ပေ။
ကောချွန်းယီက အလွန် မပျော်မရွှင်ဖြစ်နေသည်။ "အစ်မ ရှောင်မိသားစုက ကျွန်တော့်ကို အန္တရာယ်ပေးခဲ့တာကို ဒီတိုင်းထားလိုက်တော့မှာလား။"
ကောချွန်းရုက မျက်လုံးမှေးကျဥ်းလိုက်သည်။ "ထားစရာလား၊ နင့်ယောက်ဖက သူတို့ကို နယ်စပ်ပို့ရအောင် စီစဥ်ထားပြီး သူတို့ရဲ့ အကြီးဆုံးမြေးကို စီရင်စုမြို့ရဲ့ တရားသူကြီးမင်း လုပ်ခိုင်းလိမ့်မယ်၊ နင့်တပ်စခန်းနဲ့ မဝေးဘူး၊ နင် အဲ့မှာ ခြေကုပ်ကျားကုပ်မြဲတဲ့အခါ နင်ကြိုက်သလို လက်စားချေလို့ ရတယ်။"
သူမက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "နယ်စပ်မှာ ပဋိပက္ခတွေ မကြာခဏ ဖြစ်တာမလို့ လူအနည်းငယ် သေတာက ပုံမှန်ပါပဲ။"
အကယ်၍ သူမ မောင်လေးသာ ကိုယ်တိုင်လက်စား မချေရပါက သူ့တစ်ဘဝလုံး အခဲမကျေနိုင်ဖြစ်နေမှာကို သူမ သိသည်။
ထို့ကြောင့် ရှောင်မိသားစုဟောင်းကို နယ်စပ်ပို့ပေးဖို့ ရှောင်ယွမ်ရှစ်ကို ပြောခဲ့တာ ဖြစ်သည်။
သို့ပေမယ့် သူမ မောင်လေးထွက်သွားပြီမှ သူတို့က သွားရမှာ ဖြစ်သည်။
အစ်မဖြစ်သူရဲ့ စကားကိုကြားတော့ ကောချွန်းယီက မျက်လုံးတွေ လက်သွားခဲ့သည်။ "ဟုတ်ကဲ့ အစ်မက သိပ်တော်တာပဲ။"
ရှောင်မိသားစုဝင်တွေကို သတ်ပစ်ခြင်း သို့မဟုတ် ငရဲမှာနေထိုင်ရသည့် ဘဝမျိုးရအောင် သူလုပ်ပစ်မည်။
ကောချွန်းရုက လက်မြှောက်ကာ မောင်ဖြစ်သူရဲ့ ခေါင်းကို ပုတ်ခဲ့သည်။ "နင်က ကောမိသားစုမှာ ကျန်တဲ့ တစ်ဦးတည်းသော ယောက်ျားလေးပဲ၊ ဒါကြောင့် နင့်အတွက်ဆိုရင် ငါ အကုန်လုပ်ပေးမယ်။"
သူမရဲ့ အဖေ မသေခင်က ရှိခဲ့သည့် ဆန္ဒဖြစ်သည့် မောင်ဖြစ်သူကို အောင်မြင်အောင် သူမ လုပ်ပေးကာ အဖေ့ဆန္ဒကို ဖြည့်ဆည်းပေးမည်။
ကောချွန်းယီက ခေါင်းငြိမ့်ပြခဲ့သည်။ "ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်၊ အစ်မ စိတ်မပျက်စေရပါဘူး။"
ထို့နောက် သူ့ရဲ့ ညာဖက်လက်ကို ကြည့်ခဲ့သည်။ "ဒီလက်က ဓားကိုင်ဖို့ နှောင့်နှေးစေခဲ့တယ်၊ မကြာခင်က ဘယ်လက်နဲ့ လေ့ကျင့်နေပေမယ့် ညာလက်လို သွက်လက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ မသိဘူး။"
ခွေးမသား ရှီလွေ့ မင်း သတိထားနေလိုက်။
သူမ မောင်လေးကို ဒီပုံစံဖြင့် မြင်ရတာကြောင့် ကောချွန်းရုက ရင်နာနေသည်။ "စိတ်မပူပါနဲ့၊ အစ်မ လက်စားချေပေးပြီးပါပြီ၊ အနာဂတ်မှာ အခွင့်အရေးရှိလာရင်လည်း အဲကောင်ကို အလွတ်မပေးဘူး။"
သူမ မောင်က သူမရဲ့ အသည်းညှာလေးဖြစ်ကာ ဘယ်သူ့ကိုမှ ထိခွင့် မပြုပေ။