← Chapters

ကံတရားက ကျရှုံးဖို့ သတ်မှတ်ပြီးသား

Vol. 65 Ch. 691

ကံတရားက ကျရှုံးဖို့ သတ်မှတ်ပြီးသား

Vol. 65 Ch. 691

ဟန်ကျွယ်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်ပြီး စာအိတ်ကို ပိတ်ကာ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ ဘိုးဘေးရှီတျန် ကိစ္စကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ပိုပြီးတော့ ဂရုစိုက်သွားပါတယ်။

ကောင်းကင်တာအိုက ဒီထက်ပိုပြီးတော့ အင်အာကြီးလာဖို့ လိုအပ်ပါတယ်။ ပဋိပက္ခသိစိတ်လို ရှေးဟောင်းနတ်ဘုရားတောင် ဝင်နှောင့်ယှက်လို့မရတဲ့အထိ အင်အားကြီးမားလာဖို့ လိုပါတယ်။

ပဋိပက္ခ ကောင်းကင်လမ်းကို တာအိုပညာရှိဂိုဏ်းတွေ ဦးဆောင်ဝင်ကတည်းက တခြားကျင့်ကြံသူတွေလည်း ပဋိပက္ခ ကောင်းကင်လမ်းကို ပိုပိုရောက်လာပြီး ဘာမှန်းမသိနိုင်တဲ့ အခွင့်အရေးကို ရှာဖွေကြပါတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် ဒီကိစ္စက မကြာခင်မှာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာမှာပါ။

အင်မော်တယ်ကမ္ဘာက ဆက်တိုက် ကျယ်ပြန့်နေတယ်ဆိုပေမဲ့ သက်ရှိတွေ တိုးလာတဲ့နှုန်းနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။

သေမျိုးကမ္ဘာတွေ တိုးနှုန်းကလည်း စပြီးတော့ နှေးလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ သေမျိုးကမ္ဘာအသစ် ဖွင့်လှစ်တဲ့အခါ စိတ်ဝိညာဉ်ချီက အရင်သေမျိုးကမ္ဘာတွေကို မမီတော့လို့ပါပဲ။ ဒီအဖြစ်အပျက်ကနေ ကောင်းကင်တာအို ထမ်းဆောင်နိုင်တဲ့ သေမျိုးကမ္ဘာအရေအတွက်က ပြည့်ခါနီးပြီဆိုတာကို သိနိုင်ပါတယ်။

သေမျိုးကမ္ဘာက တိုက်တစ်တိုက်လိုမျိုး ရိုးရှင်းတဲ့အရာ မဟုတ်ပါဘူး။ သင့်လျော်တဲ့ ကြယ်တာရာ အစုအဝေးကိုလည်း ဖန်တီးရပါသေးတယ်။ ဒါကြောင့် သေမျိုးကမ္ဘာတစ်ခုက စကြဝဠာတစ်ခု လိုအပ်ပါတယ်။ သေမျိုးကမ္ဘာတစ်သောင်းနဲ့ စကြဝဠာတစ်သောင်းအတွက် လိုအပ်တဲ့ စိတ်ဝိညာဉ်က ကိန်းဂဏန်းနဲ့ ဖော်ပြလို့ရတဲ့အရာ မဟုတ်ပါဘူး။

ဟန်ကျွယ်ရဲ့အကြည့်ဟာ ငရဲပြည်ဆီကို ရောက်သွားပါတယ်။

ပြန်လည်မွေးဖွားခြင်း စက်ဝန်းရဲ့ အလုပ်တွေက အရင်ကထက် အများကြီး ပိုများပါတယ်။ သရဲအမှုထမ်း အရေအတွက်တောင် နဂိုကထက် အများကြီး တိုးလာပါတယ်။ ငရဲမင်းခန်းမတွေလည်း ဒါဇင်ကျော် ရှိနေပြီး နွေဦးဝါအထက်မှာ ထိုးထားတဲ့ တံတားတွေကလည်း တစ်စင်းမကတော့ပါဘူး။ ဒီတံတားလေးငါးဆယ်စင်းရှေ့မှာ တန်းစီရပ်နေတဲ့ ဝိညာဉ်တန်းကြီးက မိုင်ပေါင်းရာချီ ရှည်လျားတဲ့ နဂါးတစ်ကောင်လိုပါပဲ။

ကပ်ဘေးမျိုးနွယ်စုနဲ့ မိုးကောင်းကင်မျိုးနွယ်စုဟာ လက်ထပ်ပြီး မဟာမိတ်ဖွဲ့ကြတဲ့အတွက် မျိုးနွယ်စုနှစ်စုဟာ ပိုပြီးတော့ သဟဇာတ ဖြစ်နေကြပါတယ်။

အရာအားလုံးက သဟဇာတဖြစ်ပြီး အဆင်ပြေ ချောမွေ့နေကြပါတယ်။

ဟန်ကျွယ်ဟာ ဧကရီဟုတ်ထို ပြန်မလာသေးတာကို ရုတ်တရက် ရှာတွေ့သွားပါတယ် ‘သူက ပြန်လည်မွေးဖွားခြင်းကို လက်လျှော့လိုက်ပြီလား...’ သေချာပြန်တွေးကြည့်ရင် ဧကရီဟုတ်ထိုအတွက်တော့ ပြန်လည်မွေးဖွားခြင်း စက်ဝန်းက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပါ။

ပြန်လည်မွေးဖွားခြင်း စက်ဝန်းက တည်ဆောက်ပြီးပြီမလို့ ဧကရီဟုတ်ထိုဟာ အရာအားလုံးကို လိုက်ထိန်းချုပ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဧကရီဟုတ်ထို ရှေ့ဆက် မတက်နိုင်အောင် ပြန်လည်မွေးဖွားခြင်း စက်ဝန်းက နှောင်ဖွဲ့ထားပါတယ်။

ဧကရီဟုတ်ထို တာအိုကို ရယူနိုင်တဲ့ အကြောင်းရင်းကလည်း ပြန်လည်မွေးဖွားခြင်းနဲ့ ရေစက်ဖြတ်လိုက်လို့ပါ။

ဟန်ကျွယ်ဟာ သူ့တပည့် စုချီကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ် ထင်တဲ့အတိုင်းပါပဲ။ စုချီရဲ့ ပြန်လည်မွေးဖွားခြင်း ကံတရား အထောက်အပံ့က အရင်ကထက် အများကြီး ပိုများနေပါတယ်။ ဧကရီဟုတ်ထိုထက် မနိမ့်ကျတော့ပါဘူး။ ကြည့်ရတာ ဧကရီဟုတ်ထိုက စုချီကို ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ စုချီကို ပဋိပက္ခနတ်ဘီလူး ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့အတွက် ပြန်လည်မွေးဖွားခြင်း တာအိုပညာရှိအဖြစ်နဲ့ နှောင်ဖွဲ့ခံရတာကို မမြင်ချင်ပါဘူး။

ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်တဲ့အခါ စုချီက ပြန်လည်မွေးဖွားခြင်း ကံတရား အထောက်အပံ့ပဲရှိပြီး ပြန်လည်မွေးဖွားခြင်း ကံတရားနဲ့ လုံးဝ နှောင်ဖွဲ့မခံရတာကို တွေ့သွားပါတယ်။

‘ဒီကောင်လေးက လက်ထဲမှာ ဝှက်ဖဲတွေ ရှိနေတာပဲ’

ဟန်ကျွယ်ဟာ စုချီကို ဒီအကြောင်း မေးမြန်းဖို့ စိတ်ကူးမရှိပါဘူး။ စုချီက ကြီးပြင်းလာပြီ ဖြစ်တဲ့အတွက် သူ့ဘာသာ လုပ်ကိုင်နိုင်စွမ်း ရှိနေပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ စုချီကို ကလေးငယ် တစ်ယောက်လိုမျိုး လိုက်ဂရုမစိုက်တော့ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ငရဲပြည်အပြင်ဘက်ကို ရောက်လာသွားပါတယ်။

မူလလောကဦး။

သူကတော့ အိပ်ပျော်နေတုန်းပါ။ ခေါင်းတလားကလည်း မရွေ့လျားပါဘူး။ လောကဦးပဋိပက္ခ ကမ္ပည်းပြားကလည်း ကုန်သွားတဲ့အချိန်တွေက သူနဲ့ ဘာမှမဆိုင်သလို ခေါင်းတလားရှေ့မှာ မားမားမတ်မတ် ရှိနေတုန်းပါ။

ကြည့်ရတာ မူလလောကဦးက လောကဦးနတ်ဘီလူး အဖြစ် အသွင်ပြောင်းပြီးမှ နိုးထလာမဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ ရုတ်တရက် သိချင်လာတာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “သူ အောင်မြင်ဖို့ အချိန်ဘယ်လောက် ယူရမှာလဲ”

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အောင်မြင်စွာ အသွင်မပြောင်းနိုင်ပါ။]

‘ဟင်... မအောင်မြင်နိုင်ဘူး...’

‘ဘာဖြစ်လို့ မအောင်မြင်နိုင်ရတာလဲ...’

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မေးလိုက်ပါတယ်။

[စနစ်၏ အကန့်အသတ်ထက် ကျော်လွန်သော ကံတရားပါဝင်နေ၍ တွက်ချက်မရပါ။]

ဟန်ကျွယ်ဟာ အကြောင်းရင်းကို နားလည်သွားပါတယ်။ မူလလောကဦး အသွင်မပြောင်းနိုင်အောင် အချုပ်နိယာမတစ်ခုခုက ကန့်ထားတာပါ။ ဟန်ကျွယ်ဟာ မူလလောကဦးကို သနားသွားပါတယ်။ မူလလောကဦးက သူ့ကြိုးစားမှုတွေ သဲထဲရေသွန်ဖြစ်ဖို့ ကံတရားက သတ်မှတ်ပြီးသားဆိုတာကို မသိရှာပါဘူး။

ဒါလည်း ကောင်းပါတယ်။ မူလလောကဦးသာ လောကဦး နတ်ဘီလူး ဖြစ်လာရင် ကောင်းကင်တာအိုနဲ့ နီးကပ်လွန်းတဲ့အတွက် ကောင်းကင်တာအိုကို ပြဿနာရှာကောင်း ရှာနိုင်ပါတယ်။ ပြဿနာမရှာဘူးဆိုရင်တောင် တခြား ပြဿနာတော်တော်များများကို ဆွဲဆောင်မှာကတော့ ကျိန်းသေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး မဟာတာအိုကို ဆက်ပြီးတော့ သုံးသပ်နားလည်ပါတယ်။

ဟန်ကျွယ်အနေနဲ့ မဟာတာအိုရှိ ဖြစ်လာဖို့က အရေးအကြီးဆုံး မဟုတ်ပါလား။

.....

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ တာအိုပညာရှိ တာအိုစက်ကွင်း။

ဟွမ်ဇွမ်တျန်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ တာအိုပညာရှိ ဖြစ်လာပြီးနောက်ပိုင်း ဟွမ်ဇွမ်တျန်ရဲ့ ဟန်ပန်အမူအရာက သာမန်မဟုတ်ပါဘူး။ ဘိုးဘေးရှီတျန်နဲ့ ကောင်းကင်အရှင်ရွှမ်တုလိုမျိုး ကိုယ်ဟန် ရှိပါတယ်။

ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ် ‘ကျင့်ကြံမှုအလျင်က တော်တော်နှေးတာပဲ၊ ရပ်နေတယ်လို့တောင် ပြောလို့ရတယ်’

ဟွမ်ဇွမ်တျန်ဟာ စိတ်ပျက်သွားပါတယ်။ အတိတ်မှာတုန်းက တာအိုပညာရှိဆိုတာ သူ လက်လှမ်းမမီတဲ့ နေရာတစ်ခုပါ။ အခု တာအိုပညာရှိ ဖြစ်လာတဲ့အခါမှာတော့ ဟွမ်ဇွမ်တျန်ဟာ ဆက်ပြီးတော့ စွမ်းအားကြီးချင်လာပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီကိစ္စက မဖြစ်နိုင်ဘူးဆိုတာကို ဟွမ်ဇွမ်တျန် ရှာတွေ့သွားပါတယ်။

ဟန်ကျွယ်နဲ့ ပန်ရှင်းကိုသာ မတွေ့ဘူးဆိုရင် ဟွမ်ဇွမ်တျန်ဟာ သူ့ကျင့်ကြံမှုကို ကျေနပ်မှာပါ။

ဒါကလည်း လူသားတွေရဲ့ သဘာဝပါ။ ကိုယ့်ထက်သာတဲ့လူကို တွေ့တာနဲ့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ကြတော့ပါဘူး။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို တွေးမိလိုက်ပါတယ်။ ဟန်ကျွယ်က တာအိုပညာရှိ ဖြစ်လာပြီးနောက်ပိုင်း တာအိုပညာရှိ မဟုတ်တဲ့အတိုင်း ခပ်မြန်မြန် စွမ်းအားကြီးလာတာကို ဟွမ်ဇွမ်တျန် ကြားထားပါတယ်။ အခုတော့ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကိုပဲ မှီခိုရပါတော့မယ်။

ဟန်ကျွယ်အတွက်သာ သူ အေးအေးဆေးဆေး အလုပ်လုပ်ပေးမယ်ဆိုရင် ဟန်ကျွယ်က သူ့ကို မမျှမတ ဆက်ဆံမှာ မဟုတ်ပါဘူး။

တာအိုကိုရရှိပြီးနောက် ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ကို ဟန်ကျွယ် နာမည်ပြောပြီး ဘယ်လို သဘောထားလဲဆိုတာ မေးခဲ့ပါတယ်။ နောက်ဆုံးမှာ ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်တျန်ကျွယ် ဆူငေါက်တာကို ခံလိုက်ရပြီး ဟန်ကျွယ်အကြောင်း ဘာမှမပြောဖို့ သတိပေးတာ ခံခဲ့ရပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ ဟန်ကျွယ်အပေါ် လေးစားမှုက ဟွမ်ဇွမ်တျန်ရဲ့ နှလုံးသားကို ထိရှစေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ သူ တာအိုကို အရယူနိုင်ခဲ့တာက ဟန်ကျွယ်ကြောင့် ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်မှာတုန်းက သူနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဒီလောက်ထိ မရင်းနှီးခဲ့လို့ပါပဲ။

ဟွမ်ဇွမ်တျန်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်ပြီးနောက် ကျင့်ကြံအားထုတ်တာ ရပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ် ဘာလုပ်ချင်တယ်ဆိုတာကို စပြီးတော့ စဉ်းစားပါတယ်။

‘ငါ သူ့ကို ဘယ်လို ကူညီရမလဲ’

“မင်းဒီထက်ပိုပြီး စွမ်းအားကြီးချင်လား...”

အသံတစ်သံဟာ ဟွမ်ဇွမ်တျန်ရဲ့ နားထဲကို ဝင်လာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပြီး တာအိုပညာရှိအာရုံကို ဖြန့်ကြက်လိုက်ပေမဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့ပါဘူး။

“မင်းရဲ့ အရည်အချင်းက အကန့်အသတ်ကို ရောက်နေပြီ၊ မင်း ဒီထက်ပိုပြီး အမြင့်ကို တက်ချင်ရင် ဖျက်ချပြီး ပြန်တည်ဆောက်မှပဲ ရလိမ့်မယ်”

ဟွမ်ဇွမ်တျန်ဟာ ဒီအသံကို တစ်ခါမှ မကြားဖူးတဲ့အပြင် ရင်းနှီးတယ်လို့တောင် တစ်စက်ကလေးမှ မခံစားရပါဘူး။

“ကောင်းကင်တာအိုပညာရှိ ဆိုတာက တာအိုဘိုးဘေးရဲ့ အလိမ်အညာတစ်ခုပဲ၊ ကိုယ်စွမ်းကိုယ်စနဲ့ တာအိုကို မရယူနိုင်တာ မဟုတ်ဘူး၊ ငါ မင်းကို အသွင်ပြောင်းအောင် ကူညီပြီး ကောင်းကင်တာအို တစ်ခုလုံးထက် ကျော်လွန်စေမယ်”

ဟွမ်ဇွမ်တျန်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ် “ခင်ဗျားက ဘယ်သူလဲ”

“ငါ့ကို လာရှာချည်... ငါ မင်းကို စောင့်နေမယ်”

ဒီအရောက်မှာတော့ ဟွမ်ဇွမ်တျန်ဟာ တစ်စုံတစ်ခုကို နားလည်သွားပြီး သူ့အကြည့်ဟာ ငရဲပြည် အပြင်ဘက်က ခေါင်းတလားဆီ ရောက်သွားပါတယ်။

‘ဒီဟာလား...’

ဟွမ်ဇွမ်တျန်ဟာ ဒီခေါင်းတလားက အရမ်းအန္တရာယ်များတယ်ဆိုတာကို ဂိုဏ်းချုပ်တျန်ကျွယ်ဆီက ကြားထားပါတယ်။ ခေါင်းတလားနား မကပ်ဖို့ကိုလည်း ဂိုဏ်းချုပ်တျန်ကျွယ်က သူ့ကို အထပ်ထပ်အခါအခါ သတိပေးထားပါသေးတယ်။

အကြောင်းတချို့ကြောင့် ဟွမ်ဇွမ်တျန်ရဲ့ သာမန်အတိုင်း ဆက်မကျင့်ကြံချင်တဲ့စိတ်က ကြီးထွားလာပြီး ဟွမ်ဇွမ်တျန်ရဲ့ နှလုံးသားကို လျင်မြန်စွာ နေရာယူသွားပါတယ်။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ တာအိုပညာရှိ ဖြစ်တာကြောင့် ချက်ချင်းပဲ သဘောပေါက်သွားပြီး နဖူးချွေးစို့သွားပါတယ်။

‘ဒါ ဘယ်လို တည်ရှိမှုမျိုးလဲ... စကားလုံးတွေနဲ့တင် တာအိုပညာရှိရဲ့ နှလုံးသားကို ဖြားယောင်းနိုင်တယ်’

ဟွမ်ဇွမ်တျန်ဟာ မူလလောကဦး ခေါင်းတလားကို ထပ်ကြည့်လိုက်ပြီး စူစမ်းလေ့လာချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါတယ် ‘ငါ သွားကြည့်သင့်လား... ဒါက ကောင်းကင်တာအို နားမှာပဲ၊ ဘာဖြစ်နိုင်မှာလဲ’

ဟွမ်ဇွမ်တျန်ဟာ အံကြိတ်လိုက်ပြီး မူလလောကဦး ခေါင်းတလားကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ သတိကြီးတဲ့လူ ဖြစ်တဲ့အလျောက် ကိုယ်ပွားနဲ့ အရင်စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပင်မခန္ဓာကိုယ်ကတော့ ကောင်းကင်တာအိုထဲမှာနေပြီး စောင့်ကြည့်မှာပါ။

ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဟွမ်ဇွမ်တျန်ဟာ ထိုင်ရာကထပြီး နေရာကနေ ကွယ်ပျောက်သွားပါတယ်။

.....

မျက်တောင်တစ်ခတ်အတွင်း နှစ်ငါးထောင် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ရောင်ဝါဟာ အချိန်မရွေး ပျောက်ကွယ်နိုင်သလိုမျိုး နူးညံသိမ်မွေ့ လာပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ မဖြစ်သေးပေမဲ့ မဟာတာအိုပညာရှိဆီကို အသွင်ပြောင်းလဲနေပါပြီ။

တာအိုက နေရာတိုင်းမှာ အရိပ်ပမာ တည်ရှိနေပေမဲ့ လိုက်ရှာရင်လည်း ရှာမတွေ့ပြန်ပါဘူး။

“အင်း...”

ဟန်ကျွယ်ဟာ အသက်ရှူထုတ်လိုက်ပြီး သူ့မျက်လုံးတွေက ကြည်လင်လာပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ ဖြစ်လာဖို့ လိုအပ်နေပါသေးတယ်။ မဟာတာအိုကို အချိန်ယူပြီး သုံးသပ်နားလည်မှပဲ ဒီ လိုနေတာကို ဖြည့်နိုင်မှာပါ။

ဟန်ကျွယ်ဟာ အာရုံကို တခြားပြောင်းချင်တဲ့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ပျက်စီးသွား၏။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် အစီအမံကြောင့် ဖျက်ဆီးခံရပြီး မဟာတာအို ခွာယူခံလိုက်ရ၏။]

[သင့်တပည့် ကျိုးဖန်သည် ပဋိပက္ခ နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၂၁၀၂၃

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် ပေါင်းစပ်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်သား ဟန်ထော်သည် မူလ ပဋိပက္ခတာအိုထဲသို့ မတော်တဆ ဝင်ရောက်မိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters