တာအိုပညာရှိ အသိုင်းအဝန်းရဲ့ဗဟိုချက်မ
Vol. 65 Ch. 693
“အဲဒီ အင်အားစုက ကပ်ဘေးသားတော်ကို ရွေးချယ်နိုင်မှာလား...” ပန်ရှင်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “လောလောဆယ်မှာ အနန္တကပ်ဘေးသားတော်က ဘာဖြစ်ရမယ်ဆိုပြီး ကန့်သတ်ချက် မရှိဘူး၊ ငါတို့တွေ အနန္တကပ်ဘေးသားတော်ကို သတ်မှတ်လိုက်ရင် တခြားသက်ရှိတွေမှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး၊ ငါတို့တွေ သက်ရှိအားလုံးကို အခွင့်အရေးတစ်ခု ပေးသင့်တယ်၊ နောက်ပြီး ဒီတစ်ခါ အနန္တကပ်ဘေးက သူရဲကောင်းတွေကို မွေးထုတ်မှာ၊ အရင်လိုမျိုး တာအိုပညာရှိဂိုဏ်းတွေပဲ လက်ဝါးကြီးအုပ်စရာ မလိုဘူး”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ အခုအချိန်မှာ တာအိုပညာရှိက အရင်လို ကိုးပါး မကတော့ပါဘူး။ အရင်လိုမျိုး အနန္တကပ်ဘေးကို တာအိုပညာရှိဂိုဏ်းတွေပဲ လက်ဝါးကြီးအုပ်မယ်ဆိုရင် အားနည်းတဲ့ တာအိုပညာရှိတွေက အမြဲတမ်း နောက်မှာပဲ ရှိနေမှာပါ။ ဘယ်သူက နောက်မှာပဲ အမြဲတမ်း နေချင်မှာလဲ။
ကောင်းကင်အရှင်ရွှမ်တု သတိပေးလိုက်ပါတယ် “အဲဒီအချိန်ကျလို့ အနန္တကပ်ဘေးသားတော် မွေးဖွားလာရင် မင်းတို့တွေ သူ့ကို စည်းရုံး သိမ်းသွင်းလို့ရတယ်၊ ဒါပေမဲ့ ဖိအားပေးတာတို့ ခြိမ်းခြောက်တာတို့ မလုပ်ရဘူး၊ ဒါ ကောင်းကင်တာအို ကောင်းဖို့အတွက်ပဲ၊ တာအိုပညာရှိတစ်ပါးပါးက အကောက်ကြံလိုက်တာနဲ့ ညီမျှမှုကို ပျက်စီးစေလိမ့်မယ်”
“ငါတို့တွေ ဒီလောက်အကြာကြီး စီစဉ်ထားရတာ ကျင့်ကြံဖို့အတွက်ပဲ ကြိုးစားအားထုတ်သင့်တယ်၊ နောက်ကျရင် ကောင်းကင်တာအိုမှာ ကောင်းကင်တာအိုပညာရှိတွေက ထိပ်တန်းတည်ရှိမှု ဖြစ်နေမှာ မဟုတ်ဘူး၊ သက်ရှိအားလုံးရဲ့ ရှေ့မှာ အမြဲတမ်းရှိနေအောင် ငါတို့တွေ အမြင့်ကို ဆက်ပြီး ကြိုးစားတက်ရလိမ့်မယ်”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ ဒီအတိုင်း ထိုင်နားထောင်နေပေမဲ့ ကောင်းကင်အရွှင်ရွှမ်တုရဲ့ စကားကိုတော့ သဘောတူပါတယ်။
အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာက သူတို့ရဲ့ အင်အားကို ယုတ်လျော့စေမှာပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ အနန္တကပ်ဘေး သားတော် အကြောင်းကို ထပ်မပြောတော့ပါဘူး။ ဘယ်သူက လူပေါင်းများစွာရဲ့ ခေါင်းပေါ် တက်နင်းပြီး အနန္တကပ်ဘေးသားတော် ဖြစ်လာမလဲဆိုတာ မသိနိုင်သေးဘူး မဟုတ်ပါလား။
တာအိုပညာရှိတွေဟာ ဘယ်ကံတရား အထောက်အပံ့ဂိုဏ်းက အနန္တကပ်ဘေးသားတော်ကို လက်ခံမလဲဆိုတာ ဆွေးနွေးကြပါတယ်။ ဒီကိစ္စက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကံတရား အထောက်အပံ့ဂိုဏ်းက အနန္တကပ်ဘေးသားတော်ကို လက်ခံလိုက်တာနဲ့ လူတိုင်းရဲ့ပစ်မှတ် ဖြစ်လာမှာပါ။
ဒီအနန္တကပ်ဘေးက အရင်အနန္တကပ်ဘေးတွေလောက် မကြမ်းဘူးဆိုပေမဲ့ တာအိုပညာရှိတွေဟာ သူတို့ထောက်ပံ့ထားတဲ့ဂိုဏ်း အင်အား ဆုတ်ယုတ်မှာကို မမြင်ချင်ကြပါဘူး။ အချိန်အတော်ကြာ ငြင်းခုံပြီးတဲ့နောက်မှာတော့ တာအိုပညာရှိတွေဟာ ကံတရား အထောက်အပံ့ဂိုဏ်းကနေ မျိုးနွယ်စုတစ်စုကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံတရား အထောက်အပံ့ဂိုဏ်းကို ရွေးချယ်တာက သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာနိုင်လို့ပါပဲ။
နောက်ဆုံးမှာတော့ တာအိုပညာရှိတွေဟာ မဲပေးဖို့ ရွေးချယ်လိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ငါ မိုးကောင်းကင်မျိုးနွယ်စုကို ရွေးချယ်တယ်။ ရှီတုတောက်က သဘောတူတဲ့အနေနဲ့ လက်မြှောက်လိုက်ပါတယ်။
“ငါကတော့ နာမည်ရှိမျိုးနွယ်စုကို ရွေးချယ်တယ်” ပန်ရှင်းက တခြားမျိုးနွယ်စုကို ရွေးချယ်လိုက်ပါတယ်။ ကြည့်ရတာ ပန်ရှင်းက နာမည်ရှိမျိုးနွယ်စုကို ထိန်းချုပ်ထားနိုင်ပုံပါပဲ။ ဧကရာဇ်ရှောင်နဲ့ ကျင်းရှန်ဟာ အတူတူ လက်မြှောက်လိုက်ကြပါတယ်။
ကျန်တဲ့ တာအိုပညာရှိတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
“လူသားမျိုးနွယ်စု”
ဟန်ကျွယ်အသံကို ကြားတာနဲ့ လီတောက်ခုံး၊ ဖန်းလျန်၊ ကောင်းကင်အရှင်ဝူဖာ၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ချုံရှီလိုင်နဲ့ ဟွမ်ဇွမ်တျန်တို့ဟာ လက်မြှောက်လိုက်ကြပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ကို တစ်ချက်ကြည့်ပြီး လက်မြှောက်ဖို့ ရွေးချယ်လိုက်ပါတယ်။
အဖြေက သိသာလှပါတယ်။
ကောင်းကင်အရှင်ရွှမ်တုကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။
ပန်ရှင်းကတော့ ဟန်ကျွယ်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။ ပန်ရှင်းဟာ ဟန်ကျွယ်က သူတို့ဆွေးနွေးတာကို ဒီအတိုင်း ထိုင်ကြည့်နေတဲ့အတွက် ဟန်ကျွယ်က ဒီကိစ္စထဲ ဝင်မပါတော့ဘူးလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဟန်ကျွယ်က တစ်ခါတည်း ရွေးချယ်မှု လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဒီထက်ပိုပြီး အရေးကြီးတာက တာအိုပညာရှိအများစု ထောက်ခံကြတာပါ။ ပန်ရှင်းဟာ တာအိုပညာရှိတွေအထဲမှာ ကောင်းကင်အရှင်ရွှမ်တုက ဩဇာအညောင်းဆုံးလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုကြည့်ရတာတော့ သူ ထင်မြင်ချက် မှားနေပုံပါပဲ။
‘ဒီကောင်လေး...’ ပန်ရှင်းဟာ ရွေးချယ်စရာမရှိဘဲ ဟန်ကျွယ်ကို သေချာ အကဲခတ်လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ စနစ်ကို အသုံးပြုပြီး သူ့ကျင့်ကြံမှုကို ကောင်းကင်တာအိုပညာရှိအဆင့်မှာပဲ ဖော်ထားပါတယ်။ ဒါပေမဲ့ ပန်ရှင်းဟာ ဟန်ကျွယ်က လွတ်လပ် တာအိုပညာရှိ ဖြစ်နေပြီဆိုတာကို ကြားထားပါတယ်။
ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ အကြည့်ကို ဂရုမစိုက်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုဟာ အနန္တကပ်ဘေးသားတော်က လူသားမျိုးနွယ်စုမှာ ပေါ်လာလိမ့်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အသစ်မွေးဖွားလာမှာလား၊ ပြန်ဝင်စားမှာလား ဆိုတာကတော့ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ပေါ်မှာပဲ မူတည်ပါတယ်။ ဆွေးနွေးမှုပြီးတာနဲ့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး စကြဝဠာခန်းမထဲကနေ ထွက်ခွာပါတဘ်။
“သူငယ်ချင်းလေးဟန်... စကားခဏ ပြောလို့ရမလား” ပန်ရှင်းဟာ ဟန်ကျွယ်နားကို ရောက်လာပြီး တဟားဟားနဲ့ ပြောလိုက်ပါတယ်။
‘သူငယ်ချင်းလေး...’ ဟန်ကျွယ်ဟာ ပြုံးမိလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုတောင် သူ့ကို တာအိုရောင်းရင်းဟန်လို့ ခေါ်တာပါ။ ဒါကြောင့် ပန်ရှင်း သူ့ကို သူငယ်ချင်းလေးလို့ ခေါ်လိုက်တာက အသားယူချင်လို့ဆိုတာ သိသာလှပါတယ်။
ချုံရှီလိုင်ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းပန်... စကားကို ကြည့်ပြော၊ ငါတို့အားလုံးက တာအိုပညာရှိတွေ၊ အကုန်လုံး တန်းတူပဲ၊ တာအိုရောင်းရင်းပန်ရဲ့ စကားကိုသာ သက်ရှိတွေကြားရင် ရယ်ရလွန်းလို့ ငရဲပြည် ဆင်းရနေဦးမယ်”
ဂိုဏ်းချုပ်တျန်ကျွယ်၊ ကောင်းကင်အရှင်ဝူဖာ၊ လီတောက်ခုံးနဲ့ တခြားတာအိုပညာရှိတွေကလည်း ချုံရှီလိုင်စကားကို ထောက်ခံကြပါတယ်။ ပန်ရှင်းရဲ့ အပြုံးဟာ အေးခဲသွားပါတယ်။ ပန်ရှင်းဟာ ဒီအတိုင်း ပါးစပ်ထဲရှိတာ ပြောလိုက်တာပါ။ အခုလိုမျိုး တာအိုပညာရှိတွေ ဝိုင်းတိုက်တာကို ခံရလိမ့်မယ်လို့ ထင်မထားပါဘူး။
ဟွမ်ဇွမ်တျန်နဲ့ ကျင်းရှန်ဟာ တာအိုပညာရှိအသိုင်းအဝိုင်းရဲ့ ဗဟိုချက်က တိတ်ဆိတ်ဂိုဏ်းချုပ် ဆိုတာကို ချက်ချင်း နားလည်သွားပါတယ်။ ပန်ရှင်းကတော့ တာအိုပညာရှိအသိုင်းအဝန်းထဲကို ခြေချရုံပဲ ရှိသေးပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်းပန်... ငါ့မှာ ကောင်းကင်တာအိုရဲ့ ကိစ္စတွေကို ဝင်ပါဖို့ စိတ်ကူးမရှိဘူး၊ တာအိုရောင်းရင်းပန်မှာ ပြောစရာရှိတယ်ဆိုရင် တခြားတာအိုပညာရှိတွေနဲ့ ဆွေးနွေးပါ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ခုန်ဆင်းလိုက်ပါတယ်။
ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်ရင်း ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ် ‘လူတွေ့ရှေ့မှာ တစ်မျိုးလုပ်ပြီး သူတို့နောက်မှာ လျှို့ဝှက်ကြံစည်ရတာ တော်တော် ခံစားလို့ ကောင်းတာပဲ... တာအိုပညာရှိတွေ ဒီလောက် အကြံအစည်များတာ မထူးဆန်းတော့ပါဘူး...’
ပန်ရှင်း ဘာတွေးတယ်ဆိုတာကိုတော့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ ပန်ရှင်းက တော်တော် ပြောင်းလဲသွားပါပြီ။ မကြာခင်မှာ သူ့ရဲ့ သူရဲဘောကြောင်တဲ့ အရင်ပုံစံကို ပြန်ရောက်သွားတော့မှာပါ။ ပန်ရှင်းက တာအိုပညာရှိတွေကို ဒုက္ခရောက်အောင် အကောက်ကြံနိုင်လောက်တဲ့အထိ ဉာဏ်မကောင်းပါဘူး။
စကြဝဠာခန်းမမှာတုန်းက ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို အကဲခတ်နေခဲ့တာပါ။ ဟန်ကျွယ် အကဲခတ်ရသလောက်တော့ မူလလောကဦးက ဟွမ်ဇွမ်တျန်အပေါ် သက်ရောက်မှု မရှိသလိုပါပဲ။ မူလလောကဦးရဲ့ ခေါင်းတလားက ငရဲပြည်အပြင်ဘက်က မှောင်မည်းတဲ့ ဟင်းလင်းပြင်မှာ ရှိနေတုန်းပါ။ လောကဦးပဋိပက္ခ ကမ္ပည်းပြားကလည်း ခေါင်းတလားရှေ့မှာ မားမားမတ်မတ် တည်ရှိနေတုန်းပါပဲ။
ဟန်ကျွယ်ကလွဲရင် မူလလောကဦးက ဟွမ်ဇွမ်တျန်နဲ့ ပေါင်းစပ်သွားပြီဆိုတာကို ဘယ်သူမှ သတိမထားမိကြပါဘူး။ ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ အန္တိမမူလ မဟာတာအိုကို ဆက်ပြီးတော့ သုံးသပ်နားလည်ပါတယ်။
လူသားမျိုးနွယ်စုမှာ အနန္တကပ်ဘေးသားတော် ပေါ်လာလိမ့်မယ်လို့ တာအိုပညာရှိတွေ သတ်မှတ်လိုက်ကတည်းက လူသားမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ဟာ စပြီးတော့ မြင့်တက်လာပါတယ်။ တာအိုပညာရှိ ဂိုဏ်းအသီးသီးကလည်း လူသားမျိုးနွယ်စုကို စပြီးတော့ ထောက်ပံ့လာကြပါတယ်။
လူသားမျိုးနွယ်စုရဲ့ ခြေလှမ်းတွေကလည်း စတင်ကျယ်ပြန့်လာပြီး အင်မော်တယ်ကမ္ဘာအနှံ့ လူသားမြို့တွေ တည်ဆောက်ကြပါတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ လူသားမျိုးနွယ်စုက တစ်ခါမှ မရောက်ဖူးတဲ့ အမြင့်တစ်ခုကို ရောက်သွားမှာပါ။
တစ်ချိန်တည်းမှာပဲ သက်ရှိအားလုံးဟာ ပဋိပက္ခ ကောင်းကင်လမ်းကို အသိအမှတ်ပြုလာကြပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်းကို လျှောက်သွားတဲ့ ကျင့်ကြံသူတွေ ဆက်တိုက် ပြန်လာတဲ့အတွက် ပဋိပက္ခနဲ့ ပတ်သက်တဲ့ အသိဉာဏ်ပညာမျိုးစုံဟာ ကောင်းကင်တာအိုမှာ စတင် ပျံ့နှံ့လာပါတယ်။
ပဋိပက္ခ ကောင်းကင်လမ်းကို လျှောက်ဖို့အတွက် အခြေခံ လိုအပ်ချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါက အင်မော်တယ်ဧကရာဇ် အဆင့် ရှိဖို့ပါပဲ။ ဒီထက်တော့ နိမ့်လို့ မရတော့ပါဘူး။ အမှောင်တားမြစ်နယ်မြေမှာ အင်မော်တယ်ဧကရာဇ်အောက် ဘယ်သက်ရှိမှ မရှင်သန်နိုင်ပါဘူး။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။ လူသားမျိုးနွယ်စုမှာ မင်းဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ပေါ်လာပါတယ်။ လူသားဧကရာဇ်က တစ်ချိန်လုံး ဂူအောင်းကျင့်ကြံပြီး အာဏာကို လူသားမျိုးနွယ်စုထံ လွှဲထားလိုက်တဲ့အတွက် ဘုရင်တွေ ဧကရာဇ်တွေ ပိုပိုပေါ်လာပါတယ်။ ဘုရင်တွေ ဧကရာဇ်တွေ များလာလေလေ တိုက်ပွဲကလည်း ပိုများလာလေလေပါပဲ။
ရည်မှန်းချက်ကြီးတဲ့ တချို့လူတွေက တာအိုပညာရှိတွေ အပတ်တကုတ် ကြိုးစားတည်ဆောက်ထားရတဲ့ ငြိမ်းချမ်းရေးကို ဂရုမစိုက်ကြပါဘူး။ မင်းဆက်နိုင်ငံတွေက သူတို့နယ်မြေတွေကို ဆက်တိုက်ချဲ့ထွင်တဲ့အခါ တခြားမင်းဆက်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်လာပြီး စစ်ပွဲတွေ စတင် ဖြစ်ပေါ်လာပါတော့တယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို မသိပါဘူး။ တကယ်လို့ သိခဲ့ရင်တောင် ဂရုစိုက်မှာ မဟုတ်ပါဘူး။
နှစ်ငါးထောင်ပြည့်တဲ့အခါ ဟန်ကျွယ်ဟာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာတာကို ခံစားနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိအဆင့်ကို ပိုပြီးတော့ မျှော်ကြည့်မိလေလေပါပဲ။
စိတ်ကောင်းဝင်နေတဲ့ ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီတော့ စစ်ဆေးလိုက်ပါတယ်။
ပဋိပက္ခနက်ထဲမှာ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်နေတဲ့ အဖြူရောင်ဝတ်ရုံနဲ့ အမျိုးသမီးတစ်ဦး လမ်းလျှောက်နေပါတယ်။ သူမမျက်နှာက လှပပြီး သန့်ရှင်းစင်ကြယ်လှပါတယ်။ သူမအဝတ်အစားတွေရဲ့ အောက်မှာတော့ မြွေမြီးတစ်မြီးကို တွေ့မြင်နိုင်ပါတယ်။
ဒီအမျိုးသမီးကတော့ နွီဝါပါ။
နွီဝါဟာ ကျောက်စိမ်းပုလင်းကို လက်ထဲမှာ ကိုင်ပြီး ပျံသန်းနေတာပါ။ ခုနစ်ရောင်ခြယ် နတ်ရေစင်ဟာ ပုလင်းထဲကနေ ထွက်လာပြီး ဟင်းလင်းပြင်အနှံ့ ပြန့်ကျဲသွားပါတယ်။
ဒီနယ်မြေမှာ မရေမတွက်နိုင်တဲ့ ဥက္ကာခဲတွေ ရှိနေပါတယ်။ ဒီဥက္ကာခဲတွေဟာ ခုနစ်ရောင်ခြယ် နတ်ရေစင်နဲ့ ထိမိတဲ့အခါ တိုက်ကြီးတစ်တိုက်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကြပါတယ်။ မရေမတွက်နိုင်တဲ့ သစ်ပင်ပန်းမန်တွေဟာ တိုက်ကြီးပေါ်မှာ လျင်မြန်စွာ ကြီးထွားလာပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးက အလွန်တရာမှ မှော်ဆန်လှပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ နွီဝါဟာ ကျောက်သားစင်မြင့်တစ်ခုအပေါ် ဆင်းသက်လိုက်ပါတယ်။ ဒီစင်မြင်ရဲ့ အလယ်မှာ အမျိုးသားတစ်ယောက် ရှိနေပါတယ်။ တခြားလူ မဟုတ်ပါဘူး။ ဖူရှီပါ။
ဖူရှီဟာ ပြုံးလိုက်ပါတယ် “ဒီလောက်ထိ အလောတကြီး လုပ်စရာ လိုလို့လား”
နွီဝါဟာ ခေါင်းခါပြီး မတတ်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “အချိန်က ဘယ်သူကိုမှ မစောင့်ဘူး၊ ရှေးပျက်သုဉ်းနယ်မြေထဲမှာ ဘာတွေပုန်းနေတယ်ဆိုတာကို ကျွန်မတို့တွေမှ မသိတာ၊ မဟာတာအို အနန္တကပ်ဘေးက လောကဦး နတ်ဘီလူးကနေ မလာဘဲ ရှေးပျက်သုဉ်းနယ်မြေကနေ လာလိမ့်မယ်လို့ ကျွန်မ ခံစားနေရတယ်”
ဖူရှီဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဆရာက ငါတို့ကို လိမ်ခဲ့တယ်လို့ ဆိုလိုချင်တာလား”
နွီဝါက ပြန်မဖြေတဲ့အတွက် ဖူရှီဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။
နွီဝါက စကားလမ်းကြောင်း ပြောလိုက်ပါတယ် “ဒီအတောအတွင်း တစ်ယောက်ယောက် မဟာတာအိုပညာရှိအဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေတယ်”
“ဒီအဆင့်ကို ရောက်နိုင်တဲ့ ကျင့်ကြံသူက သိပ်မရှိဘူး၊ အဖြစ်နိုင်ဆုံးက နတ်ဒေါင်းအရှင်ပဲ၊ နတ်ဒေါင်းအရှင်က လျှို့ဝှက်ဆန်းကြယ်တဲ့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးနောက်ကို လိုက်နေတယ်လို့ ပြောသံကြားတယ်” ဖူရှီက တွေးတွေးဆဆနဲ့ ပြောလိုက်ပါတယ်။
နွီဝါက ခေါင်းခါလိုက်ပါတယ် “နတ်ဒေါင်းအရှင် မဟုတ်ဘူး... ဟန်ကျွယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။