← Chapters

ကြောက်မက်ဖွယ် အရည်အချင်း

Vol. 65 Ch. 695

ကြောက်မက်ဖွယ် အရည်အချင်း

Vol. 65 Ch. 695

“နဂါး... နဂါးကြီး...”

မိန်းမကြီးဟာ တိမ်ပင်လယ်ထဲကနေ ထွက်ပေါ်လာတဲ့ နဂါးခေါင်းကြီးကိုကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပါတယ်။ ကြောက်ရွံ့မှုကြောင့် လက်တွေ တုန်ယင်သွားပေမဲ့ မိန်းမကြီးဟာ လက်ထဲက ကလေးငယ်ကို ခပ်တင်းတင်း ဖက်ထားလိုက်ပါတယ်။

လက်သည်းငါးခုနဲ့ ရွှေရောင်နဂါးဟာ မိန်းမကြီးကို အေးစက်တဲ့ မျက်လုံးတွေနဲ့ ငုံ့ကြည့်လိုက်ပါတယ်။

မိန်းမကြီးဟာ ရွှေရောင်နဂါးရဲ့ အကြည့်ကြောင့် ပြိုလဲလုနီး ဖြစ်သွားတဲ့အချိန်မှာ ရွှေရောင်နဂါးဟာ ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတန်းအသွင် ပြောင်းလဲပြီး ကျုံ့သွားကာ အောက်ကို ပြုတ်ကျလာပါတယ်။

မိန်းမကြီးဟာ ကြောက်လန့်တကြား နောက်ကို ဆုတ်လိုက်ပါတယ်။ ရွှေရောင်အလင်းတန်းဟာ သစ်လုံးအိမ်လေးရှေ့ကို ပြုတ်ကျလာပြီး ရွှေရောင်စစ်လှံအသွင် ပြောင်းလဲသွားပါတယ်။ လှံသွားကတော့ မြေကြီးထဲကို စိုက်ဝင်နေပါတယ်။ ရွှေရောင်စစ်လှံဟာ မဆိုစလောက် တုန်ခါနေပြီး နေအလင်းရောင်အောက်မှာ တော်တော်လေး ကြည့်ကောင်းလှပါတယ်။

“ဝါး...”

အနှီးထဲက ကလေးငယ်ဟာ ရုတ်တရက် အော်ငိုလိုက်ပါတယ်။ ကလေးငယ်ရဲ့ အသံဟာ အရင်ကထက်တောင် ပိုကျယ်ပါသေးတယ်။ ကလေးငယ်ဟာ သူ့ရဲ့ လက်ကလေးကို မြှောက်ပြီး ရွှေရောင်စစ်လှံ ရှိတဲ့ဘက်ကို ယမ်းလိုက်ပါတယ်။

မိန်းမကြီးဟာ ကလေးငယ်ကို တစ်လှည့် ရွှေရောင်စစ်လှံကို တစ်လှည့် ကြည့်ရင်း အံ့ဩမှင်တက်သွားပါတယ်။ မိန်းမကြီးဟာ သေမျိုးဆိုပေမဲ့ သူ ပြဿနာတက်ပြီဆိုတာကို သိလိုက်ပါတယ်။ ဒီကလေးလေးက အင်မော်တယ် နတ်ဘုရား ပြန်ဝင်စားတယ်ဆိုတာ သေချာနေပြီ မဟုတ်ပါလား။

နှစ် ၂၀ ကြာပြီးနောက်။

တောင်တစ်တောင်အပေါ်မှာ လူငယ်တစ်ယောက်ဟာ စစ်လှံကို ဝှေ့ယမ်း ကစားနေပါတယ်။ ဒီလူငယ်ဟာ ကျားသားရေနဲ့ ချုပ်ထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့လှုပ်ရှားမှုတွေက အားမာန်အပြည့် ပါပါတယ်။ လူငယ်ဟာ ရုပ်ရည်ချောမောပေမဲ့ ကြမ်းတမ်းရက်စက်တဲ့ ရောင်ဝါလည်း ရှိနေပါတယ်။ လူငယ်ရဲ့ အနည်းငယ် ရှုပ်ပွနေတဲ့ ဆံပင်တွေဟာ လေထဲမှာ လူးလွန့်နေပြီး သူ့မျက်လုံးတွေက နီရဲနေပါတယ်။ ဘယ်လိုပဲကြည့်ကြည့် လူငယ်က တော်တော် ကြောက်ဖို့ ကောင်းပါတယ်။

ပေလေးငါးရာ အကွာမှာတော့ အမျိုးသမီးတစ်ယောက်ဟာ တောင်လမ်းလေးအတိုင်း တောင်ပေါ်ကို တက်လာပါတယ်။ သူမရဲ့ ညာလက်ထဲမှာတော့ သစ်သီးမျိုးစုံ ထည့်ထားတဲ့ ဝါးခြင်းတောင်း‌ တစ်တောင်းကို ဆွဲလာပါတယ်။

အမျိုးသမီးဟာ ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းတဲ့ လူငယ်ကို လက်ဝှေ့ယမ်းပြီး ‌အော်ခေါ်လိုက်ပါတယ် “လင်းအာ... စားသောက်ပြီး အိမ်ပြန်ဖို့ အချိန်ရောက်ပြီ”

လူငယ်ဟာ စစ်လှံ ဝှေ့ယမ်းနေတာကို ရပ်လိုက်ပြီး ရုတ်တရက် လှည့်ကြည့်လိုက်ပါတယ်။ အဲဒီနောက် လေပွေလို အသွင်ပြောင်းလဲပြီး အမျိုးသမီးရှေ့ကို တစ်မုဟုတ်ချင်း ရောက်သွားကာ အမျိုးသမီးလက်ထဲက ဝါးခြင်းတောင်းကို ယူလိုက်ပါတယ်။

“မေမေကလည်း တောင်ပေါ်က တက်လာစရာ မလိုပါဘူးလို့ ကျွန်တော် ပြောပြီးပြီလေ၊ ကျွန်တော် ဒီနားမှာရှိတဲ့ သားရဲကြမ်းတွေနဲ့ နတ်ဆိုးသားရဲတွေကို အကုန်သတ်ပြီးပြီ ဆိုပေမဲ့ တောင်က မတ်စောက်လွန်းတယ်၊ မတော်လို့ ပြုတ်ကျပြီး ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ၊ နောက်ပြီး ဒီသစ်သီးတွေက ကျွန်တော် သွားကြားတောင် ညပ်မှာ မဟုတ်ဘူး” လူငယ်ဟာ ငြီးတွားလိုက်ပါတယ်။

အမျိုးသမီးဟာ ပြုံးလိုက်ပါတယ် “အမေသိပါတယ်၊ ဒါပေမဲ့ အမေက ဒီအတိုင်း မနေချင်လို့ပါ...”

သားအမိနှစ်ယောက်ဟာ လမ်းလျှောက်ရင်း စကားပြောဆိုကြပါတယ်။

အမျိုးသမီးက ပြောလိုက်ပါတယ် “လင်းအာ... အမေ့မှာ အစွမ်းအစ သိပ်မရှိဘူး၊ ဒါပေမဲ့ သားရဲ့အဘိုးဆီ အမေ စာရေးပြီး လူသားမျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေမှာ သား ကျင့်ကြံအားထုတ်နိုင်ဖို့ ပြောထားတယ်၊ သားရဲ့ အရည်အချင်းက သားရဲ့အဘိုးကို လုံးဝသဘောကျစေလိမ့်မယ်၊ အဲဒီအချိန်ရောက်ရင် သားရဲ့အဘိုးကို ပြန်မပြောမိစေနဲ့၊ သား အပြင်ဘက်မှာဆိုရင်...”

အမျိုးသမီးဟာ မဆုံးနိုင်တဲ့ ဆုံးမစကားကို စပြောပါတော့တယ်။

ချင်လင်းဟာ မျက်မှောင်ကြုတ်သွားပြီး နည်းနည်း မပျော်မရွှင် ဖြစ်သွားပါတယ်။ ချင်လင်းဟာ ငယ်ငယ်ကလေးက သူ့အမေနဲ့ပဲ နေခဲ့ရတာမလို့. ဆွေမျိုးသားချင်းတွေကို တော်တော်လေး မကြိုက်ပါဘူး။

ချင်လင်းက မျက်နှာမဲ့ကာ ပြောလိုက်ပါတယ် “မေမေ... ကျွန်တော်က ကျင့်ကြံစရာ မလိုဘူး၊ နေ့တိုင်း လှံကို ဝှေ့ယမ်းတာနဲ့ တစ်နေ့ထက်တစ်နေ့ ခွန်အားကြီးလာတာပဲ”

အမျိုးသမီးဟာ ခေါင်းခါလိုက်ပါတယ် “လင်းအာ... အပြင်လောကက ဘယ်လောက်ထိ ကြီးလဲဆိုတာကို မသိဘူးလား၊ စွမ်းအားကြီး ကျင့်ကြံသူတွေက မြေလျှိုးမိုးပျံပြီး ရေပြင်ကို မြေပြင်လို သွားလာနိုင်တယ်၊ ကြယ်တွေကို ဆွတ်ခူးနိုင်ပြီး နေလကို ရွှေ့နိုင်တယ်၊ သားက အဲဒီလို လုပ်နိုင်လို့လား...”

ချင်လင်းဟာ ဆွံ့အသွားပါတယ်။

“နောက်ပြီး... သားရဲ့အဖေကိုရော မရှာချင်ဘူးလား၊ သားက မကြာခင် အပြင်ထွက်ရမှာပဲ၊ ငယ်ရွယ်တုန်းမှာ အရည်အချင်းကို အားကိုးအားထားပြုမှ သူများထက် တစ်ပန်းသာနိုင်လိမ့်မယ်၊ မဟုတ်လို့ အမေ အသက်ကြီးလို့ သေတာကို စောင့်နေရင် သားရဲ့ အနာဂတ်ကို နှောင့်နှေးစေလိမ့်မယ်” အမျိုးသမီးက စိုးရိမ်စွာ ပြောလိုက်ပါတယ်။

အဖေအကြောင်းကို ကြားရတဲ့အခါမှာတော့ ချင်လင်းဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးတွေထဲမှာ မီးတောက်သွားပါတယ်။ ချင်လင်းအတွက် သူ့အဖေက အနာတစ်ခုလိုပါပဲ။ သူ့အဖေက သူတို့ကို ဘာဖြစ်လို့ စွန့်ပစ်သွားတယ်ဆိုတာ ချင်လင်း နားမလည်နိုင်ပါဘူး။

ငယ်ငယ်တုန်းက ချင်လင်းဟာ တစ်နေ့ကျရင် သူ့အဖေကိုရှာပြီး အကြောင်းရင်းကို မရရအောင် မေးမြန်းမယ်လို့ ကြုံးဝါးခဲ့ဖူးပါတယ်။ ချင်လင်းဟာ သူ့အဖေကို နောင်တရစေချင်ပါတယ်။

ဒီအချိန်မှာပဲ မိုးကုပ်စက်ဝိုင်းဆီကနေ တိမ်တိုက်တစ်ခု ပျံသန်းလာပါတယ်။ ဒီတိမ်တိုက်က အလွန်တရာမှ လျင်မြန်လှပါတယ်။ သေချာဂရုတစိုက် ကြည့်မယ်ဆိုရင် သက်လတ်ပိုင်းအရွယ် မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူတစ်ဦး တိမ်ပေါ်မှာ မတ်တတ်ရပ်နေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီကျင့်ကြံသူဟာ လက်ထဲမှာ သစ်သားတုတ်ချောင်းတစ်ချောင်းကို ကိုင်ထားပြီး အလျင်လိုနေပါတယ်။

မီးခိုးရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူဟာ ချင်လင်းနဲ့ သူ့အမေရှေ့မှာ လျင်မြန်စွာ ဆင်းသက်လိုက်ပါတယ်။ ချင်လင်းဟာ လန့်သွားပြီး သူ့အမေရှေ့မှာ မတ်မတ် ရပ်လိုက်ပါတယ်။ ချင်လင်းဟာ တစ်ယောက်ယောက် တိမ်စီးတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။

“ခင်ဗျား ဘာလိုချင်လို့လဲ” ချင်လင်းက မေးလိုက်ပါတယ်။

မီးခိုရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူဟာ ချင်လင်းကို ခေါင်းအစခြေအဆုံး အကဲခတ်ပြီး အံ့အားသင့်သွားပါတယ် ‘တော်တော်အားကောင်းတဲ့ သွေးနှစ်ပါလား... အင်မော်တယ်နဲ့တောင် ယှဉ်နိုင်တယ်၊ တော်တော် အံ့ဩဖို့ ကောင်းတာပဲ’

မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ ပြုံးလိုက်ပါတယ် “ငါက မြေလျှောက်အင်မော်တယ်ပဲ၊ ငါ လောကအနှံ့ ခြေဆန့်တုန်း ဒီနေရာကို ဖြတ်အသွားမှာ မင်းရဲ့ သွေးနှစ်ကို အာရုံခံမိခဲ့တယ်၊ မင်းအရည်အချင်းက သိပ်မဆိုးဘူး၊ ငါ့ကို ဆရာတင်ဖို့ ဆန္ဒရှိလား၊ ငါ မင်းကို ကျင့်ကြံမှုလမ်းဆီ ဆောင်ကြဉ်းပြီး ထာဝရအသက်ဆီ လမ်းညွှန်ပေးမယ်”

ချင်လင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။

အမျိုးသမီးက ချက်ချင်းပဲ ပြောလိုက်ပါတယ် “အင်မော်တယ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့သားမှာ ဆရာတစ်ယောက် ရှိနေပြီ၊ ဒါကြောင့် အင်မော်တယ်ကို ဆရာတင်နိုင်တော့မယ် မထင်ဘူး”

အမျိုးသမီးဟာ သူမသားကို သူမမိသားစုနဲ့ မိတ်ဆက်ပေးပြီးပြီမလို့ မရင်းနှီးတဲ့ တခြားကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲကို မထည့်လိုက်ချင်ပါဘူး။

မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ချင်လင်းရဲ့ မျက်လုံးတွေကတော့ ဝင်းလက်သွားပါတယ် “ခင်ဗျားက မြေလျှောက်အင်မော်တယ်လား၊ ဒါဆို ခင်ဗျားရဲ့ စွမ်းအားကို ကျွန်တော် သိရအောင် ကျွန်တော်နဲ့ တိုက်ခိုက်ပါလား၊ ဒါပေမဲ့ ခင်ဗျား ပျံလို့တော့ မရဘူး၊ ကျွန်တော် လောလောဆယ် ဘယ်လိုပျံရမလဲဆိုတာ မသိသေးဘူး”

မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ မရယ်ဘဲ မနေနိုင်ပါဘူး “ရတာပေါ့”

မီးခိုးရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူဟာ ချင်လင်းကို စွမ်းအားကြီးမန္တန်တွေနဲ့ သိမ်းသွင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ချင်လင်းဟာ သူ့အမေကို နောက်ဆုတ်ခိုင်းလိုက်ပါတယ်။ အမျိုသမီးဟာ သူ့သားအတွက် စိုးရိမ်ပေမဲ့ သူ့သားရဲ့ စရိုက်ကို အသိဆုံးမလို့ ဘာမှမပြောဘဲ ထွက်ခွာသွားပါတယ်။

သူ့အမေ ထွက်သွားတာနဲ့ ချင်လင်းဟာ နောက်ကျောမှာ လွယ်ထားတဲ့ ရွှေရောင်စစ်လှံကို ဆွဲထုတ်ပြီး မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဆီ တစ်ဟုန်ထိုး ပြေးသွားပါတယ်။ ရွှေရောင်စစ်လှံ ပေါ်လာတဲ့အချိန်မှာပဲ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့က မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူကို မျက်ဆံကျယ်သွားစေပါတယ်။

ဓမ္မရတနာ။

ချင်လင်းဟာ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူကို စစ်လှံနဲ့ အလွန်လျင်မြန်စွာပဲ ခုတ်ချလိုက်ပါတယ်။

မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ လက်မြှောက်ပြီး လက်ညိုးညွှန်လိုက်ပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ လှံသွားကို လက်ညှိုးတစ်ချောင်းတည်းနဲ့ အသာလေး ဟန့်တားလိုက်ပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ ဓမ္မစွမ်းအား အသုံးပြုပြီး မမြင်နိုင်ပေမဲ့ ခိုင်ခံ့တဲ့ အရံအတားတစ်ခုကို ဖန်တီးလိုက်တာကြောင့် ချင်လင်းကို သံမဏိနံရံ ခုတ်မိသလိုမျိုး ခံစားသွားရစေပါတယ်။

ချင်လင်းဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ဘက် တွေ့သွားလို့ပါ။ ချင်လင်းဟာ ငယ်ငယ်ကတည်းက အခုထိ ပြိုင်ဘက် မတွေ့သေးပါဘူး။

ချင်လင်းဟာ အရူးအမူး တိုက်ခိုက်ပါတော့တယ်။ ချင်လင်းဟာ သိုင်းမတတ်တာကြောင့် ကြုံရာကျပန်း တိုက်ခိုက်ပါတယ်။ ချင်လင်း အားကိုးအားထားပြုတဲ့အရာက ခွန်အားနဲ့ လျင်မြန်မှုပါ။

မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ ချင်လင်းရဲ့ တိုက်ကွက်တွေကို လက်ညှိုးနဲ့ အသာလေး ကာကွယ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း မီးခိုရောင်ဝတ်ရုံ တာအိုကျင့်ကြံသူရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ ပျောက်ကွယ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချင်လင်းရဲ့ တိုက်ခိုက်မှုတွေက တဖြည်းဖြည်း အားကောင်းသထက် အားကောင်းလာလို့ပါပဲ။

ချင်လင်းဟာ ရုတ်တရက် ခုန်တက်ပြီး စစ်လှံကိုမြှောက်ကာ အားကုန် ခုတ်ချလိုက်ပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ ဓမ္မစွမ်းအားကို အစွမ်းကုန်ထုတ်ပြီး လှံသွားကို လက်ဝါးနဲ့ ဖမ်းလိုက်ပါတယ်။ ဒါပေမဲ့ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ နောက်ကို ခြေလေးငါးဆယ်လှမ်း ဆုတ်သွားရပါတယ်။

ချင်လင်းဟာ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ သူ့ခွန်အားက ပိုပိုကြမ်းတမ်းလာပါတယ်။

မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ ရွေးချယ်စရာ မရှိတော့ဘဲ သစ်သားတုတ်ချောင်းကို မြှောက်ပြီး ချင်လင်းနဲ့ တိုက်ခိုက်ရပါတော့တယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ လန့်သွားပေမဲ့ စိတ်မလွတ်ပါဘူး။ မဟုတ်ရင် သူ့မန္တန်တစ်ခုတည်းနဲ့ ချင်လင်းကို တစ်ချက်တည်း သတ်ပစ်နိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံက တိမ်တိုက်တွေပေါ်မှာ ဒီတိုက်ပွဲကို ကြည့်နေတဲ့ လူနှစ်ယောက် ရှိနေပါတယ်။ ဒီလူနှစ်ယောက်ကတော့ ဟန်ယွီနဲ့ သူ့တပည့် တျန်ယုံတို့ပါ။

ဟန်ယွီဟာ ငုံ့ကြည့်ပြီး သူ့တပည့်ကို မေးလိုက်ပါတယ် “မင်း ဘာမြင်လဲ”

တျန်ယုံဟာ မျက်မှောင်ကြုတ်သွားပါတယ် “သူ့ခန္ဓာကိုယ်က တစ်ခုခု မူမမှန်ဘူး၊ သူ့ခန္ဓာကိုယ်ထဲမှာ အလွန်ဗိုလ်ကျလွန်းတဲ့ စွမ်းအား ရှိနေတယ်၊ နောက်ပြီး ဒီစစ်လှံကလည်း မူမမှန်ဘူး၊ ဒီစစ်လှံက နတ်မင်းအဆင့် ရွှေနဂါးကနေ ဖြစ်တည်လာတာ”

ဟန်ယွီဟာ သက်ပြင်းချလိုက်ပါတယ်။ လီတောက်ခုံးရဲ့ အသံလွှင့်စကားကြောင့်သာ မဟုတ်ရင် လူသားမျိုးနွယ်စုမှာ ဒီလိုမျိုး ပါရမီရှင်တစ်ပါး ပေါ်ထွန်းလာမှာကို သူ သိမှာ မဟုတ်ပါဘူး။ ဒီကလေးက အသက်နှစ်ဆယ်ပဲ ရှိသေးပေမဲ့ အင်မော်တယ်တွေကို တိုက်ခိုက်နိုင်စွမ်း ရှိနေပါတယ်။ ဒီအရည်အချင်းက တော်တော်ကို ကြောက်ဖို့ကောင်းတာပါ။

“ဒီတိုက်ပွဲ ပြီးသွားရင် မင်း အောက်ဆင်းပြီး ဒီကလေးကို တပည့်အဖြစ် လက်ခံလိုက်”

ဟန်ယွီရဲ့ စကားကြောင့် တျန်ယုံဟာ မျက်မှောင် ပိုကြုတ်သွားပါတယ် “ဆရာသခင်... ကျွန်တော် တပည့် လက်မခံချင်သေးဘူး၊ ကျွန်တော် ကျင့်ကြံအားထုတ်ရဦးမယ်လေ”

ဟန်ယွီဟာ မျက်လုံးကို ပင့်တင်လိုက်ပါတယ် “မင်း သူ့ကို တပည့်အဖြစ် လက်ခံရုံပဲ၊ ကျန်တာ ငါ့တာဝန်ထား၊ ရပြီလား...”

ဒီတော့မှ တျန်ယုံရဲ့ မျက်မှောင်ဟာ ပြေလျော့သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters