ကောင်းကင်တာအို နတ်စိတ်ဝိညာဉ်၊ လောကဦးနယ်ပိုင် ခန္ဓာကိုယ်
Vol. 65 Ch. 696
တျန်ယုံဟာ ပခုံးတွန့်လိုက်ပါတယ် “ကျွန်တော်တို့တွေ သူ့ကို ဘာဖြစ်လို့ လာရှာလဲဆိုတာ ကျွန်တော် အခုထိ နားမလည်နိုင်သေးဘူး၊ သူ့အရည်အချင်းက တကယ် ထက်မြက်ပါတယ်၊ ဒါပေမဲ့ သူက အားနည်းလွန်းတယ်၊ တပည့်အဖြစ် လက်ခံတယ်ဆိုရင်တောင် အနည်းဆုံး အဆင့်တစ်ခုတော့ ရှိသင့်တယ်၊ သူ့မှာလည်း သူ့ကိုယ်ပိုင် ကြီးထွားတဲ့အချိန် ရှိလာမှာပါ”
လက်ရှိ အင်မော်တယ်ကမ္ဘာက ပါရမီရှင်တွေ မရှားပါဘူး။ တစ်တောင်ထက် တစ်တောင် ပိုမြင့်သလို တစ်ယောက်ထက် တစ်ယောက် ပိုတော်ကြတာချည်းပါပဲ။
ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “သူက တခြားလူတွေနဲ့ မတူဘူး”
“ဘယ်လိုများ မတူတာလဲ”
“နောက်ကျရင် မင်း နားလည်လာလိမ့်မယ်”
တျန်ယုံဟာ နှုတ်ခမ်းတွန့်လိုက်ပြီး ဟန်ယွီက ဘက်လိုက်တယ်လို့ ခံစားလိုက်ရပါတယ်။
ဒီအချိန်မှာပဲ ရွှေရောင်အလင်းတန်းဟာ ကောင်းကင်ပေါ်ကို ထိုးတက်လာပြီး တိမ်ပင်လယ်ကို ထိုးဖောက်သွားပါတယ်။ အလင်းတန်းထဲမှာ နဂါးတစ်ကောင်က ကောင်းကင်ပေါ် ထိုးတက်လာပါတယ်။
ဟန်ယွီနဲ့ တျန်ယုံလည်း မြေပြင်ပေါ်ကို အခြေအနေကို လှမ်းကြည့်လိုက်တဲ့အခါ မှင်တက်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချင်လင်းက မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူကို လှံနဲ့ မထားပြီး မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူရဲ့ သွေးတွေဟာ မြေကြီးပေါ် ပြန့်ကျဲနေလို့ပါပဲ။
မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူရဲ့ ရင်ဘက်ဟာ လှံထိုးစိုက်ချက်ကြောင့် သွေးတွေ စီးကျနေပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ သူ ဒဏ်ရာရသွားတာကို မယုံနိုင်ပါဘူး။
ချင်လင်းလည်း အံ့ဩမှင်တက်သွားပါတယ်။ ချင်လင်းဟာ ရွှေရောင်စစ်လှံကို အမြန်အောက်ချပြီး မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူကို အထိတ်တလန့် ကြည့်လိုက်ပါတယ် “ခင်ဗျား အဆင်ပြေရဲ့လား...”
ချင်လင်းဟာ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူကို ထိုင်ဖို့ ကူညီလိုက်ပါတယ်။ ချင်လင်းဟာ လက်ရည်စမ်းရုံသာ ဖြစ်တဲ့အတွက် မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူကို သတ်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။
မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ ရွှေရောင်စစ်လှံကို ဆွဲနှုတ်ပြီး နေရာမှာတင် တရားထိုင်ကာ ဓမ္မစွမ်းအားကို လှည့်ပတ်ပြီး သူ့ဒဏ်ရာကို ကုသပါတယ်။
ချင်လင်းဟာ တော်တော်လေး ရင်ထိတ်နေပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူကတော့ လန့်သွားတာထက် ရှက်သွားတာက ပိုပါတယ်။ ချင်လင်းရဲ့ လှံချက်က သူ့အသက်ကို ယူလုနီးနီးပါပဲ။ ချင်လင်းသာ အချိန်မီ မရပ်လိုက်ဘူးဆိုရင် ရွှေရောင်စစ်လှံက သူ့ကို နှစ်ခြမ်းခွဲသွားမှာပါ။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ တွင်းတူးပြီး ဝင်ပုန်းချင်စိတ်တောင် ပေါက်သွားပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူဟာ တပည့်လက်ခံချင်စိတ်တောင် မရှိတော့ဘဲ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်နေပါပြီ။
ဒီအချိန်မှာပဲ သူတို့ရှေ့ကို ရုပ်သွင်တစ်ခု ဆင်းသက်လာပါတယ်။
တျန်ယုံပါ။
တျန်ယုံဟာ ကပ်ဘေးမျိုးနွယ်စု ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ သားတော် ပြန်ဝင်စားတာ ဖြစ်တဲ့အတွက် သူ့အရည်အချင်းကလည်း ကြောက်ဖို့ကောင်းပါတယ်။ ဒါ့အပြင် တျန်ယုံဟာ ဟန်ယွီရဲ့ အမွေကိုပါ ထပ်ရလိုက်တဲ့အတွက် သူ့ကျင့်ကြံမှုက အင်မော်တယ်အဆင့်ကို ကျော်သွားတာ ကြာပါပြီ။
တျန်ယုံဟာ ချင်လင်းကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ့ကို ဆရာတင်”
တျန်ယုံရဲ့ လေသံက တစ်ချက်လွှတ်အမိန့်လိုပါပဲ။
ချင်လင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာလည်း ဒေါသထွက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ရာရလို့ ကုသမလို့လုပ်နေဆဲမှာ နှောင့်ယှက်ခံလိုက်ရလို့ပါပဲ။
တျန်ယုံဟာ ညာလက်မြှောက်ပြီး တစ်စုံတစ်ခုကို ဆုပ်ကိုင်ဟန် ပြုလိုက်ပါတယ်။ လေးငါးဆယ်မိုင် အကွာက မြင့်မားတဲ့ တောင်တစ်တောင်ဟာ လေပေါ်ကို ရုတ်တရက် မြောက်တက်သွားပါတယ်။ ဖုန်မှုန့်တွေဟာ ကောင်းကင်ပေါ် ထိုးတက်သွားပြီး လောကကြီးကို တုန်လှုပ်သွားစေပါတယ်။
တျန်ယုံဟာ ညာလက်ကို ဆုပ်လိုက်တဲ့အခါ လေပေါ်မြောက်နေတဲ့ တောင်တစ်ခုလုံး ကွဲကြေသွားပါတယ်။
ဒါကိုကြည့်ပြီး ချင်လင်းဟာ မျက်လုံးပြူးသွားပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာလည်း ထိတ်လန့်သွားပါတယ်။ ဒီတောင်က အနည်ဆုံး ပေတစ်သောင်းကျော် မြင့်မားပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူဟာ တိမ်စီးတတ်ပေမဲ့ တောင်တစ်တောင်ကို ဒီလိုရွှေ့ပြီး ဒီလိုဖျက်ဆီးနိုင်စွမ်း မရှိပါဘူး။
တျန်ယုံက ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် “ဒူးထောက်ပြီး ငါ့ကို ဆရာတင်”
ချင်လင်းဟာ လက်သီးဆုပ်ပြီး အံကြိတ်လိုက်ပါတယ်။
“ဘာလဲ... မင်းက လက်မခံချင်သေးဘူးလား”
“ကျွန်တော့်အိမ် မရှိတော့ဘူး”
ချင်လင်းရဲ့ အဖြေကြောင့် တျန်ယုံဟာ ကြက်သေသေပြီး မျက်နှာပူသွားပါတယ်။ တျန်ယုံဟာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး အရင်လို ဟိတ်ဟန် မထုတ်တော့ပါဘူး “တပည့်... ငါ့နောက်ကို လိုက်ရင် မင်းနဲ့ မင်းအမေ တောင်တွေထဲမှာ ပုန်းအောင်းနေစရာ မလိုဘူး”
ချင်လင်းဟာ တိတ်ဆိတ်သွားပါတယ်။ ချင်လင်းဟာ အပြင်ကို မထွက်ချင်ပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ် မျက်လုံး ထပ်ဖွင့်လိုက်တဲ့အခါ နောက်ထပ် နှစ်ငါးထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ရဲ့ အခြေအနေဟာ ပိုပိုပြီးတော့ နူးညံသိမ်မွေ့လာပါတယ်။ သူ့မျက်လုံးတွေကလည်း မရေမတွက်နိုင်တဲ့ အံ့ဖွယ်ပညာရပ်တွေ ပါဝင်နေသလိုမျိုး သိမ်မွေ့နက်နဲလာပါတယ်။
“သိပ်မကြာတော့ဘူး...” ဟန်ကျွယ်ဟာ သူ့ဘသာ ရေရွတ်လိုက်ပါတယ်။ နောက်ဆုံးတော့ ဟန်ကျွယ်ရဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှု ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ လူသားပြန်ဆန်သွားပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို ဖတ်လိုက်ပါတယ်။ ဟန်ကျွယ်အတွက်တော့ နှစ်ငါးထောင်က အရမ်းကို မြန်လွန်းပါတယ်။ ဒါပေမဲ့ သေမျိုးကမ္ဘာအတွက်တော့ နှစ်ငါးထောင်က ခေတ်သစ်တစ်ခုပါ။
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် အမှောင်ထုစွမ်းအားကို ထိန်းချုပ်လိုက်၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]x၈၂၉၀၂၁၁
[သင့်သား ဟန်ထော်သည် မဟာတာအို စမ်းသပ်မှုကွင်းသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ရှေးပျက်သုဉ်းနယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မျိုးဆက် ဟန်ယွီသည် ကောင်းကင်တာအို ဆန်းကြယ်စွမ်းအားတစ်မျိုးကို သင်ယူတတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် မဟာတာအိုစက်ဝန်းသို့ ကျရောက်ပြီး လောကကြီး၏ ဒုက္ခတရားအားလုံးကို ခါးစည်းခံစားရ၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မူလစွမ်းအားကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
‘ပန်ရှင်းက ကောင်းကင်တာအိုကနေ တကယ်ကြီး ထွက်သွားတာလား... ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ပန်ရှင်းက ကောင်းကင်တာအိုဆီ ရန်သူတွေ ဆွဲဆောင်လာမှာကို စိုးရိမ်သွားပါတယ်။
ဆက်ဖတ်တဲ့အခါ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ အဖြစ်အပျက်ကို တွေ့သွားပြီး သက်ပြင်းချမိလိုက်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခသိစိတ်က စွမ်းအားကြီးလွန်းတဲ့အတွက် ဟန်ကျွယ်လည်း ဘိုးဘေးရှီတျန်ကို မကူညီနိုင်ပါဘူး။
‘ငါ ကျိန်စာတိုက်သင့်လား... ဒါပေမဲ့ ကျိန်စာတိုက်တာက မဆုံးနိုင်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေလိမ့်မယ်၊ နောက်ပြီး ငါ အမှောင်သခင်ကြီးဆိုတာလည်း အလွယ်လေး ပေါ်သွားနိုင်တယ်၊ အခုအချိန်မှာ ငါ့ရန်သူတွေက ငါ့ကို အမှောင်သခင်ကြီးနဲ့ ပတ်သက်တယ်လို့ပဲ ထင်နေကြတာ...’
“ပဋိပက္ခသိစိတ်က ငါ့ရဲ့ တာအိုစက်ကွင်းထဲကို တိုးဝင်လာနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဝင်နိုင်ပါသည်။]
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို တောင်းပန်ရုံပဲ တတ်နိုင်ပါတော့တယ်။ သူတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ သူ့အသက်ကို စွန့်စားပြီး ဘိုးဘေးရှီတျန်ကို ကယ်တင်မှာ မဟုတ်ပါဘူး။ နောက်ပြီး အခုအချိန်မှာ သူ့အသက်ကို စွန့်စားရင်တောင် ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ စာစောင်တွေ အကုန်လုံးကို ဖတ်ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။
လက်ရှိ အင်မော်တယ်ကမ္ဘာက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ တာအိုပညာရှိတွေကြောင့်ပဲလား တခြားအကြောင်းကြောင့်ပဲလား မသိပါဘူး။ ပါရမီရှင်တွေ နေရာတိုင်းမှာ မှိုလိုပေါက်နေပါတယ်။ ပါရမီရှင်တွေနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အဆင့်တွေဟာ ဒေသအသီးသီးကို တောမီးလို ပျံ့နှံ့သွားပါတယ်။ ပါရမီရှင်တွေရဲ့ ဂုဏ်ကျက်သရေဟာ လောကမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို လွှမ်းမိုးသွားပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ဟန်ယွီရဲ့ ကံတရား အထောက်အပံ့က ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံ စာရင်းမှာ ထိပ်တန်း ၁၀၀ ဝင်သွားတာကို ရှာတွေ့သွားပါတယ်။ ဟန်ယွီဆီမှာ လူသားမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့အပြင် တခြား ထူးဆန်းတဲ့ ကံတရား အထောက်အပံ့တစ်ခုလည်း ရှိနေပါတယ်။ ဟန်ကျွယ်တောင် ဒီကံတရား အထောက်အပံ့ရဲ့ ဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ယွီရဲ့ ဒီထူးဆန်းတဲ့ ကံတရား အထောက်အပံ့က သူ့မြေးတပည့် ချင်လင်းဆီက လာတာမို့လို့ပါ။ ချင်လင်းက နှစ်ငါးရာ ကျင့်ကြံအားထုတ်ပြီး အင်မော်တယ်ဧကရာဇ် ဖြစ်နေပါပြီ။ ချင်လင်းရဲ့ ကျင့်ကြံမှုအလျင်က ဟန်ကျွယ်ထက်တောင် ကြောက်ဖို့ ကောင်းနေပါသေးတယ်။
ဟန်ကျွယ်ဟာ ချင်လင်းရဲ့ နောက်ခံကို တွက်ချက်ကြည့်ပါတယ်။ ဒါပေမဲ့ တွက်ချက်လို့ မရပါဘူး။
‘စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ၊ ရိုးရိုးတွက်လို့ မရမှာတော့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးရတော့မှာပေါ့...’
“ငါ ချင်လင်းရဲ့ နောက်ခံကို သိချင်တယ်”
[သက်တမ်း ၁၀ သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ချင်လင်းရဲ့ တန်ဖိုးက နည်းနည်း မြင့်ပါတယ်။ အင်မော်တယ်ဧကရာဇ် ကျင့်ကြံသူတစ်ယောက် အတွက် ဆိုရင်ပေါ့။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ချင်လင်း: အင်မော်တယ်ဧကရာဇ် တတိယအဆင့်၊ ကောင်းကင်တာအို နတ်စိတ်ဝိညာဉ်၊ လောကဦးနယ်ပိုင် ခန္ဓာကိုယ်၊ ဘိုးဘေးနဂါး ကံတရား အထောက်အပံ့၊ အနန္တကပ်ဘေး သားတော်၊ မိုးမြေသားတော်။]
‘ကံတရား အထောက်အပံ့တွေ များလှချည်လား...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဒါက ဟန်ကျွယ် စစချင်းတုန်းကထက်တောင် ပိုအထင်ကြီးဖို့ ကောင်းပါတယ် ‘ဒါက ကောင်းကင်အရှင်ရွှမ်တုပြောတဲ့ အနန္တကပ်ဘေး သားတော်လား... သူက ဘယ်လိုလုပ်ပြီး ဟန်ယွီလက်အောက်ကို ရောက်နေတာလဲ’
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ ထပ်တွက်ကြည့်တဲ့အခါ ဒီကံတရားရဲ့ ဇာစ်မြစ်က လီတောက်ခုံးဆီက လာတာကို တွေ့သွားပါတယ်။ လီတောက်ခုံးဟာ ချင်လင်းရဲ့ တစ်မူထူးခြားမှုကို ရှာတွေ့သွားတဲ့အတွက် ချင်လင်းကို လက်ခံဖို့ ဟန်ယွီကို စေလွှတ်လိုက်တာပါ။
ချင်လင်း ပေါ်လာတာကို တခြား တာအိုပညာရှိတွေလည်း သတိထားမိပါတယ်။ ဒါပေမဲ့ ပန်ရှင်းက ကောင်းကင်တာအိုကနေ ထွက်ခွာပြီး ရှေးပျက်သုဉ်းနယ်မြေကို သွားတဲ့အတွက် ဒီအခွင့်အရေးကို လွတ်သွားပါတယ်။
လီတောက်ခုံးက ချက်ချင်း လှုပ်ရှားလိုက်တဲ့အခါ ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်းတဲ့ တာအိုပညာရှိတွေက လီတောက်ခုံးကို ထောက်ပံ့ကြပါတယ်။ ဧကရာဇ်ရှောင်နဲ့ ကျင်းရှန်တောင် ဟန်ကျွယ်ကို ရန်စမိမှာစိုးတဲ့အတွက် လွှတ်ပေးလိုက်ပါတယ်။
ချင်လင်းက တစ်မူထူးခြားပေမဲ့ အနန္တကပ်ဘေး သားတော်ရဲ့ ကံတရား အထောက်အပံ့က အခုထက်ထိ အစွမ်းမပြသေးပါဘူး။ ဒါ့အပြင် တာအိုပညာရှိတွေဆီမှာ စနစ်မရှိတဲ့အတွက် ချင်လင်းက အနန္တကပ်ဘေး သားတော်ဆိုကို မသိနိုင်ကြပါဘူး။ နောက်ပြီး မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ မွေးဖွားတိုင်းမှာ အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်တာချည်းပါပဲ။
ချင်လင်းကို တာအိုပညာရှိတွေ သတိထားမိတာကလည်း လက်သည်းငါးခုရှိတဲ့ ရွှေရောင်နဂါး ထွက်ပေါ်လာတာကြောင့်ပါ။ ဒီလက်သည်းငါးခုရှိတဲ့ ရွှေရောင်နဂါးက မရိုးရှင်းပါဘူး။ ဒီနဂါးက အင်မော်တယ်ကမ္ဘာရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ပုန်းအောင်းနေခဲ့တာပါ။ ဇာစ်မြစ်လိုက်မယ်ဆိုရင် လောကဦးနဂါးမျိုးနွယ်စုဆီတောင် ရောက်ပါတယ်။
ဟန်ကျွယ်ဟာ ချင်လင်းကို အကဲခတ်လိုက်ပါတယ်။ ချင်လင်းက ပုကျိုးနတ်တောင်မှာ ကျင့်ကြံအားထုတ်နေပါတယ်။ သူ့သွေးနှစ်က အတော်စွမ်းအားကြီးပြီး သူ့ရောင်ဝါကလည်း အတော်ပြင်းထန်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် ‘ဟန်ယွီက ဆိုးတော့ မဆိုးဘူးပဲ၊ သူလက်ခံတဲ့ တပည့်ရော မြေးတပည့်ရော သာမန်မဟုတ်ဘူး၊ နှစ်ယောက်စလုံး စွမ်းအားကြီးတဲ့ နောက်ခံတွေ ရှိကြတယ်’
ဟန်ယွီသာ စိတ်ထင်ရာ လျှောက်မလုပ်ဘူးဆိုရင် အနာဂတ်မှာ ဒီတပည့်နှစ်ယောက်ကိုမှီပြီး ကောင်းကင်ဘုံကို စိုးမိုးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ချင်လင်းက ဟန်ယွီရဲ့တပည့်ဆိုတော့ တိတ်ဆိတ်ဂိုဏ်းသားပါပဲ။ ဒါက ကောင်းတဲ့ကိစ္စပါ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က တိတ်ဆိတ်ဂိုဏ်းမှာ အရည်အချင်းရှိသူတွေ အများကြီး ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ အပြင်တပည့်တွေထဲမှာ ပါရမီရှင်စစ်စစ် တစ်ယောက် လိုနေပါတယ်။ တကယ့်ပါရမီရှင်က အရည်အချင်းအပြင် ကျော်ကြားဖို့လည်း လိုပါတယ်။ ကျော်ကြားမှုဆိုတာက တခြားလူတွေရဲ့ အလောင်းကို တက်နင်းတာ မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။