← Chapters

အတိတ်အား ဖျက်ပစ်ခြင်း

Vol. 66 Ch. 703

အတိတ်အား ဖျက်ပစ်ခြင်း

Vol. 66 Ch. 703

တစုန်ကောင်းကင် ထွက်ခွာသွားတဲ့အခါ ဟန်ကျွယ်ဟာ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်ကို ကြည့်လိုက်ပါတယ်။

မြေအင်မော်တယ်ကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာ ဆက်သွယ်သွားတဲ့အခါမှာ ကျင့်ကြံတဲ့ လေထုက သိသိသာသာ တိုးတက်လာပါတယ်။ လွမ်ဟွေအာကာသဟာ အလွန်များပြားတဲ့ ကျင့်ကြံမှုရင်းမြစ်တွေကို လွမ်ဟွေသမားတွေဆီ ဖြန့်ဝေပေးလိုက်ပါတယ်။ ထိပ်တန်း လွမ်ဟွေသမားအနေနဲ့ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်တို့ဟာ ကျင့်ကြံမှုရင်းမြစ်တွေကို အများဆုံး ရရှိကြပါတယ်။

သူတို့နှစ်ယောက်ဟာ အင်မော်တယ်ဧကရာဇ် အဆင့်မှာပဲ ရှိနေပါသေးတယ်။ သူတို့နှစ်ယောက်ဟာ နတ်မင်းအဆင့် အလှမ်းဝေးနေသေးပေမဲ့ ပုံမှန် တိုးတက်နေတုန်းပါ။ သူတို့ရဲ့ အရည်အချင်းက သိပ်ထက်မြက်တာ မဟုတ်ပါဘူး။ လွမ်ဟွေအာကာသရဲ့ ရင်းမြစ်တွေကြောင့်သာ ဒီအခြေအနေအထိ ရောက်လာနိုင်တာပါ။

သူတို့နှစ်ယောက်ဟာ ဒီအတောအတွင်း ခက်ခဲလာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ကမ္ဘာ ကျင့်ကြံသူတွေ ပိုပိုပြီး ရောက်လာလို့ပါ။ အင်မော်တယ်ကမ္ဘာက ကျင့်ကြံသူတွေထဲမှာ အင်အားစုမျိုးစုံ မိသားစုမျိုးစုံ ပါဝင်တဲ့အတွက် သဘောထားကွဲလွဲမှုတွေ တရစပ် ဖြစ်ပေါ်လာပါတယ်။

အင်မော်တယ်ကမ္ဘာက ကျင့်ကြံသူတွေဟာ အင်မော်တယ်ကမ္ဘာမှာ အပြင်းအထန် တိုက်ခိုက်ရင် တာအိုပညာရှိတွေ အပြစ်ပေးမှာကို စိုးရိမ်ရပါသေးတယ်။ ဒါပေမဲ့ မြေအင်မော်တယ်ကမ္ဘာမှာတော့ ဒီလိုစိုးရိမ်ပူပန်မှုတွေ မရှိပါဘူး။ မြေအင်မော်တယ်ကမ္ဘာကို ဘယ်တာအိုပညာရှိက ထိန်းချုပ်တယ် ဆိုတာကိုလည်း သူတို့တွေ မသိကြပါဘူး။

အင်မော်တယ်ကမ္ဘာမှာ ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ စိတ်သဘောထားကွဲလွဲမှုတွေကို မြေအင်မော်တယ်ကမ္ဘာမှာ တိုက်ခိုက်ပြီး ဖြေရှင်းတဲ့ အခြေအနေတွေတောင် ရှိလာပါတယ်။ တာအိုပညာရှိတွေဟာ ဒီအခြေအနေကို မျက်စိမှိတ်ပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောထား ကွဲလွဲမှုတွေက ဖိနှိပ်လေလေ စုပုံလေလေ ဖြစ်ပြီး တစ်ချိန်ကျရင် လုံးဝထိန်းသိမ်းမရဘဲ ပေါက်ကွဲထွက်သွားနိုင်တာကြောင့်ပါ။ အခုလိုမျိုး သဘောထား ကွဲလွဲမှုတွေကို ပုံချလို့ရတဲ့ နေရာတစ်ခုရှိနေတာက ကောင်းတဲ့ကိစ္စတစ်ခုပဲ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်ကို အိပ်မက်ပေးပြီး သူတို့ရဲ့ လွတ်လပ်မှုကို စွန့်လွှတ်ဖို့ ပြင်ဆင်ပြီးပြီလားလို့ မေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်တို့ဟာ ဆက်ပြီးတော့ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာ လွတ်လပ်မှုရဲ့ အရသာကို မစွန့်လွှတ်ချင်သလို သူတို့ဘာသာ ဘယ်အထိ သွားနိုင်တယ် ဆိုတာကိုလည်း မြင်ချင်ကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ရဲ့ ရွေးချယ်မှုကို လေးစားပေးလိုက်ပါတယ်။ သူ့အတွက် ဒီကိစ္စက အလျင်မလိုဘူး မဟုတ်ပါလား။

အမှန်တကယ် သိမြင်နားလည် သဘောပေါက်မှသာ လုံ့လဝီရိယကြီးစွာနဲ့ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်နိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ ဟန်ကျွယ် သူတို့နှစ်ယောက်ကို ဒုတိယ တာအိုစက်ကွင်းဆီ အတင်းအဓမ္မ ခေါ်ဆောင်လာရင် အခြေမခိုင်တဲ့အတွက် အတွင်းနတ်ဆိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ကျင့်ကြံမှု မြင့်မားလာတာနဲ့အမျှ ဟန်ကျွယ်ရဲ့ စိတ်အခြေအနေကလည်း ပြေလျော့လာပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ သူ့တပည့်တွေ သူ့အတွက် ပြဿနာရှာမှာကို ကြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့တပည့်တွေက အပြင်ထွက်ဖို့ တောင်းဆိုလာခဲ့ရင် အရင်လို တင်းတင်းကြပ်ကြပ် မတားဆီးတော့ပါဘူး။

ဒါပေမဲ့ ဒီအတောအတွင်း အပြင်ထွက်တဲ့ တပည့်ရင်းတွေ မရှိပါဘူး။ သူတို့တွေက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ နေထိုင်ရတာကို အသားကျသွားပုံပါပဲ။

ဟန်ကျွယ် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်တဲ့အခါ တာအိုဘုံကျောင်းရှေ့မှာ စောင့်ဆိုင်းနေတဲ့ လီရွှမ်အောက်ကို တွေ့လိုက်ရပါတယ်။ လီရွှမ်အောက်က အပြင်ထွက်ဖို့ စောင့်ဆိုင်းနေတာပါ။

ဟန်ကျွယ်ဟာ အတွေးတစ်ချက်နဲ့ လီရွှမ်အောက်ကို အပြင်ဘက် ပို့လိုက်ပါတယ်။ ဒီလို အထဲသွင်းလိုက် အပြင်ပို့လိုက် လုပ်တာက ကရိကထတော့ များပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ လုံခြုံပါတယ်။ ဟန်ကျွယ်ဟာ တပည့်ရင်းတွေကိုတောင် စိတ်ကြိုက်ဝင်ထွက်ခွင့် မပေးနိုင်ပါဘူး။ တစ်နေ့ကျလို့ ရန်သူက ရောယောင်ပြီး ဝင်လာရင် ကိစ္စပြတ်မှာပါ။

ကျင့်ကြံမှု မြင့်လေလေ ဟန်ကျွယ်ဟာ ပိုပြီးတော့ ဂရုစိုက်လေလေပါပဲ။ ထိပ်သီး ကျင့်ကြံသူတွေက ယုံကြည်မှုလွန်ကဲရင် ဟိုးအောက်ဆုံးအထိ ပြုတ်ကျတာ သဘာဝပဲ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ‌ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ် မဟာတာအိုကို ရယူလိုက်တာက ကောင်းကင်တာအိုထဲမှာ အုတ်အောင်းသောင်းနင်း မဖြစ်စေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မသိလို့ပါ။

အခုအချိန်မှာ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုထဲမှာရှိတဲ့ တစ်ဦးတည်းသော မဟာတာအိုပညာရှိ ဖြစ်ပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ ပန်ကူးခန်းမ။

ပန်ရှင်းဟာ ကော်ဇောပေါ်ထိုင်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ပန်ရှင်းဟာ ပင်ပန်းလွန်းလို့ လက်ချောင်းကလေးတွေကို မလှုပ်ချင်တော့ပါဘူး။

မကြာခင်မှာပဲ ကျင်းရှန်နဲ့ ဧကရာဇ်ရှောင်တို့ ရောက်လာပါတယ်။ ကျင်းရှန်နဲ့ ဧကရာဇ်ရှောင်တို့ဟာ ပန်ရှင်းကို ဦးညွှတ်လိုက်ပါတယ်။

ပန်ရှင်းဟာ ညာလက်ကို အသာမြှောက်ပြီး ထိုင်ဖို့ အချက်ပြလိုက်ပါတယ်။

“ဒီတစ်ခေါက် ပဋိပက္ခကို သွားတာက နောက်ခံကောင်းကောင်း ရှာတွေ့ခဲ့တယ်၊ နောက်ကျလို့ မင်းတို့တွေ ပဋိပက္ခကို သွားရင် အဆင်ပြေလိမ့်မယ်၊ ဒါပေမဲ့ ပဋိပက္ခက အမြဲတမ်း ဖရိုဖရဲ ဖြစ်နေတာဆိုတော့ သတိတစ်ချက် လွတ်လို့မရဘူး” ပန်ရှင်းက ပြောလိုက်ပါတယ်။

ကျင်းရှန်နဲ့ ဧကရာဇ်ရှောင်တို့ဟာ ပျော်ရွှင်သွားကြပါတယ်။

ကောင်းကင်တာအို ပဋိပက္ခကို ဦးတည်တာက အားလုံးရဲ့ စိတ်ဆန္ဒပါ။ အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအိုကို ထပ်ခါထပ်ခါ ကျူးကျော်ခဲ့တယ်ဆိုပေမဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံက ပဋိပက္ခကို ကိုယ်စားမပြုနိုင်ပါဘူး။ ပဋိပက္ခက အလွန်တရာ ကျယ်ဝန်းပါတယ်။ အဆုံးသတ် အပျက်အစီး နတ်ဘုံက ပဋိပက္ခရဲ့ ထောင့်လေးတစ်နေရာပါ။

တာအိုပညာရှိနှစ်ပါးဟာ ပန်ရှင်းက ပျော်ရွှင်မှုမရှိတာကို ရှာတွေ့သွားပါတယ်။

ဧကရာဇ်ရှောင်က မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး၊ ငါ ကျင့်ကြံမှုမှာ ပြဿနာတစ်ခု ရှိနေရုံပါ၊ ငါက တစ်ခါတည်း မဟာတာအိုပညာရှိ ဖြစ်ချင်တာ၊ ဒါပေမဲ့ စီနီယာက ငါ့အုတ်မြစ် မခိုင်သေးဘူးတဲ့၊ ငါ ထပ်ပြီးတော့ စောင့်ရဦးမယ်”

‘မဟာတာအိုပညာရှိ’ ဧကရာဇ်ရှောင်နဲ့ ကျင်းရှန်ဟာ လန့်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ကောင်းကင်တာအို ပညာရှိအထက်မှာ လွတ်လပ်တာအိုပညာရှိ၊ လွတ်လပ် တာအိုပညာရှိ အထက်မှာ မဟာတာအိုပညာရှိ ရှိနေတာကို သိကြပါတယ်။

‘ပန်ရှင်းက မဟာတာအိုပညာရှိအဆင့်ကို ထိနိုင်သွားပြီလား... သူက ကောင်းကင်တာအိုထဲမှာ တကယ်ကို ပြိုင်ဘက်ကင်း တည်ရှိမှုပဲ’

ဧကရာဇ်ရှောင်က မျက်လုံးကျဉ်းပြီး မေးလိုက်ပါတယ် “တခြားတာအိုပညာရှိတွေက ပဋိပက္ခ ကောင်းကင်လမ်းရဲ့ အဆုံးမှာ တာအိုစက်ကွင်း ဖွင့်ချင်နေကြတယ်၊ သူတို့ကို ဘယ်လို အဖြေပြန်ပေးလိုက်ရမလဲ”

“ဟွန်း... အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာက သူတို့အတွက် မလုံလောက်ဘူးလား၊ သူတို့အကုန်လုံးကို ငြင်းပစ်လိုက်၊ အဲဒီကောင်တွေက ခန္ဓာစစ်နဲ့လည်း သွားရဲတာ မဟုတ်ဘူး၊ သူတို့တောင်းဆိုချက်ကိုသာ သ‌ဘောတူလိုက်ရင် အနာဂတ်မှာ ငါတို့တွေ သူတို့တာအိုစက်ကွင်းကိုပါ ဂရုစိုက်ပေးနေရလိမ့်မယ်”

ပန်ရှင်းဟာ တာအိုပညာရှိတွေ အရှက်မရှိတာကို ကြုံတွေ့ခံစားပြီးပါပြီ။ သူ ဒီနေ့ သဘောတူလိုက်ရင် နောက်နေ့မှာ တာအိုပညာရှိတွေက အကြောင်းအရင်းမျိုးစုံ ယုတ္တိပေါင်းမျိုးစုံနဲ့ ဒီထက် ပိုတောင်းဆိုမှာပါ။

ပန်ရှင်းဟာ သူ့ပုံရိပ်ကို ပြန်တည်ဆောက်ချင်တဲ့အတွက် အရင်လို လွန်လွန်ကဲကဲ မလုပ်တော့ပါဘူး။ ပန်ရှင်းဟာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ အမူအရာမျိုး မရှိသလို စကားလုံးချင်းယှဉ်ရင်လည်း ကောင်းကင် တာအိုပညာရှိတွေကို မမီသေးပါဘူး။

ဧကရာဇ်ရှောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ကျင်းရှန်ဟာ ဧကရာဇ်ရှောင်ကို တစ်ချက်ကြည့်ပြီး တစ်စုံတစ်ခုကို တွေးတောလိုက်ပါတယ်။

နှစ်ငါးထောင် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ပဟေဠိ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မဟာတာအိုပညာရှိ ဖြစ်လာပေမဲ့ တာအိုဖြတ်ကျော် ဆရာကြီး မဟုတ်လို့ပါပဲ။ ဒါပေမဲ့ မဟာတာအိုရဲ့ နှောင်ဖွဲ့မှုကိုလည်း လုံးဝ မခံရပါဘူး။

‘ငါက အန္တိမမူလ မဟာတာအိုကို ဖန်တီးခဲ့လို့ မဟာတာအိုပညာရှိပဲ ဖြစ်နေတာလား...’ ဒီအကြောင်းအရင်းကလွဲပြီး ဟန်ကျွယ်ဟာ တခြားအကြောင်းအရင်းကို စဉ်းစားလို့မရပါဘူး။

မဟာတာအိုပညာရှိ ဖြစ်လာပြီးနောက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ဟာ ရုတ်တရက် နှေးကွေးသွားပါတယ်။ ဟန်ကျွယ်ရဲ့ လက်ရှိ ကျင့်ကြံမှုနည်းလမ်းက တာအိုကို သုံးသပ်နားလည်တာပါ။

တာအိုကို သုံးသပ်နားလည်တာက တရားထိုင်သလိုပါပဲ။ ဒါပေမဲ့ တကယ်တော့ မဟာတာအိုကို တိုးတက်ပြောင်းလဲအောင် ကူညီပေးတာပါ။ ဟန်ကျွယ် ဘာပဲတွေးတွေး မဟာတာအိုက အဲဒီဘက်ကို တိုးတက်ပြောင်းလဲပါတယ်။

ဟန်ကျွယ်ဟာ တွေးနေတာ ရပ်လိုက်ပြီး စာအိတ်ကို ဖွင့်လိုက်ပါတယ်။

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးထံမှ လမ်းညွှန်မှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ တစုန်ကောင်းကင်သည် ကိုယ်စွမ်းကိုယ်စဖြင့် တာအိုကို အရယူပြီး လောကဦးပဋိပက္ခ တာအိုအသီးကို ရရှိသွားသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် တာအိုဘိုးဘေး အိပ်မက်ပေးခြင်းကို လက်ခံရရှိခဲ့သည်။]

[သင့်တပည့် ကျိုးဖန်သည် ခုနစ်ပါး တာအိုပညာရှိ အိပ်မက်ပေးခြင်းကို လက်ခံရရှိခဲ့သည်။]

[သင့်တပည့် ရန်ထျန်တုန်းသည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်ရန်သူ ကျိန်စာနတ်ဘီလူး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်ရန်သူ ကျိန်စာနတ်ဘီလူးသည် သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လက်ကျန်ဝိညာဉ်သာ ကျန်ရှိတော့၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် သင့်ရန်သူဖူရှီ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

ဟန်ကျွယ်ဟာ တစုန်ကောင်းကင် တာအိုရယူနိုင်တာကို မအံ့ဩပါဘူး။ ဒီလိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားပါ။ နတ်ဒေါင်းအရှင်ကတော့ ဟန်ကျွယ်ကို အံ့အားသင့်စေပါတယ်။ ကျိန်စာနတ်ဘီလူးနောက်ကို ဇွဲရှိရှိနဲ့ ဆက်လိုက်နေတယ် မဟုတ်ပါလား။

အဲဒီနောက် ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုနဲ့ ဖူရှီတိုက်ခိုက်တာကို တွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီနှစ်ယောက် တိုက်ခိုက်တာက အပေါ်ယံဖြစ်ပြီး အတွင်းထဲမှာ အင်အားစုနှစ်စု ထိပ်တိုက်တွေ့တော့မှာကို ခံစားမိပါတယ်။

ဘိုးဘေးမှော်ပညာရှိတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အင်အားစုလို့ ယူဆလို့မရပါဘူး။ သူတို့တွေက လက်စားပြန်ချေတာ ဖြစ်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် အရင်တုန်းက မှော်မျိုးနွယ်စုရဲ့ ဝမ်းနည်းဖွယ် အဆုံးသတ်က တာအိုပညာရှိတွေကိုပဲ အပြစ်တင်စရာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးတွေက ကောင်းကောင်းမွန်မွန် ဆက်ရှိနေပြီး မှော်မျိုးနွယ်စုက မျိုးတုံးပျောက်ကွယ်သွားလို့ပါပဲ။

မှော်မျိုးနွယ်စုမှာ တာအိုပညာရှိ နောက်ခံမရှိတာလည်း ပါပါတယ်။ ဧကရီဟုတ်ထိုက ပြန်လည်မွေးဖွားခြင်း တာအိုပညာရှိသာ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုပညာရှိကို မမီပါဘူး။ နတ်ဆိုးတွေနောက်မှာက နွီဝါနဲ့ ဖူရှီ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ စိတ်ဝင်တစား ဆက်ဖတ်ပါတယ်။ မဟာတာအိုပညာရှိ ဖြစ်လာပြီးနောက် ဟန်ကျွယ်ဟာ သူ့ရန်သူတွေကိုကြည့်ရင်း ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရပါတယ်။ အနည်းဆုံးတော့ ဟန်ကျွယ်ဟာ အရင်လိုမျိုး ခြိမ်းခြောက်ခံရတဲ့ ခံစားချက်ကို မခံစားရတော့ပါဘူး။

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။

[လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခုက သင့်အား ဖျက်ပစ်နေကြောင်း စစ်ဆေးတွေ့ရှိထား၏။ ပဋိပက္ခ ကံတရားမြစ်သို့ ဦးတည်ပြီး ရပ်တန့်လိုပါသလား။]

[သင် သွားမည်ဆိုလျှင် စနစ်မှ သင့်ကံတရားကို ကာကွယ်ပြီး ပဋိပက္ခ ကံတရားမြစ် အပြင်ဘက်မှ တိုက်ခိုက်မှုများကို ဟန့်တားပေးမည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါက ဘာကိုဆိုလိုတာလဲ’

“ငါ မသွားရင် ဘာဖြစ်မှာလဲ”

[အတိတ် ဖျက်ပစ်ခံရလိမ့်မည်။ သင့်တပည့်၊ သင့်ဆွေမျိုး၊ သင့်ကိုသိသော လူအားလုံး သင့်တည်ရှိမှုကို မေ့လျော့သွားလိမ့်မည်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters