← Chapters

အစ်ကိုဟန်

Vol. 66 Ch. 705

အစ်ကိုဟန်

Vol. 66 Ch. 705

ဟန်ကျွယ် အင်မော်တယ်ကမ္ဘာကို အကဲခတ်နေတုန်းမှာပဲ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံက နားထဲကို ဝင်လာပါတယ် “တာအိုရောင်းရင်းဟန်... စကြဝဠာခန်းမကို လာခဲ့ပါဦး”

‘ဒီကောင်က စိတ်ခံစားချက်ကို တကယ်ဖတ်တတ်တာပဲ’ ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို လောကဦးကမ္ဘာထဲ ထည့်လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တစ်ချိန်တည်း အလုပ်တစ်ခုထက်ပိုလုပ်ပြီး ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ဆက်ပြီးတော့ ပေါင်းစပ်ခိုင်းပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ခုန်တက်ပြီး စကြဝဠာခန်းမထဲ ဝင်လိုက်ပါတယ်။ တာအိုပညာရှိတွေဟာ တစ်ပါးပြီးတစ်ပါး ရောက်လာပါတယ်။

ဟန်ကျွယ် ထင်တဲ့အတိုင်းပါပဲ။ ဒီတစ်ခါကိစ္စက တာအိုပညာရှိ နေရာအသစ် အတွက်ပါ။

ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ တာအိုပညာရှိတွေ တိုက်ခိုက်တာကို ထိုင်ကြည့်ပါတယ်။

ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “မိစ္ဆာမျိုးနွယ်စုရဲ့ တာအိုပညာရှိနေရာကို ပေးသင့်ပြီထင်တယ်၊ ငါ ဒီနေရာကို စောင့်နေတာ နှစ်မရေတွက်နိုင်တော့ဘူး”

ချုံရှီလိုင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါတို့ အနောက်ဂိုဏ်းကလည်း စောင့်နေတာပဲ”

တောင်ဘက်စွန်း ကောင်းကင်အရှင်ကလည်း ဝင်ပြောပါတယ် “အရင်တုန်းက ရွမ်လိန့်ကျောင်းတော်မှာ တာအိုပညာရှိနေရာ နှစ်နေရာ ရှိခဲ့တာ၊ ကောင်းကင်အရှင်ရွှမ်တုကလည်း ကြိုးကြိုးစားစားနဲ့ အကျိုး‌ဆောင်ခဲ့တာပဲမလား၊ သူလည်း ရွမ်လိန့်ကျောင်းတော်အတွက် တွေးပေးသင့်တာပေါ့၊ အားလုံးပဲ... ဟုတ်တယ်မလား”

ကောင်းကင်အရှင်ရွှမ်တုဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ် ‘ငါ ဘယ်တုန်းက မင်းကို ရန်စမိလို့လဲ’

ပန်ရှင်းက ပြောလိုက်ပါတယ် “ပဋိပက္ခ ကောင်းကင်လမ်းမှာ တာအိုပညာရှိတွေကို လိုအပ်တယ်၊ ဒီနေရာက ငါ့အတွက်ပဲ”

ပန်ရှင်းဟာ မျက်နှာအရေထူထူနဲ့ တစ်ခါတည်း တောင်းဆိုလိုက်ပါတယ်။

ဒီလိုနဲ့ တာအိုပညာရှိတွေဟာ အချင်းချင်း တိုက်ခိုက်ပြီး အချေအတင် ငြင်းခုံကြပါတော့တယ်။

ရှီတုတောက်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။ လီရွှမ်အောက်လည်း နောက်ကနေ ချက်ချင်း လိုက်သွားပါတယ်။ မကြာခင်မှာ တာအိုပညာရှိနှစ်ယောက် တိုက်ခိုက်တဲ့ ဖိအားက ဟင်းလင်းပြင်ကနေ လာဟပ်ပါတယ်။

ဟန်ကျွယ်ဟာ ထွက်မသွားသေးဘဲ တာအိုပညာရှိတွေကို စိတ်ဝင်တစား ကြည့်ပါတယ်။

ဟန်ကျွယ်နဲ့ ကောင်းကင်တာအိုပညာရှိတွေက အများကြီး ကွာဟနေပါပြီ။ ပန်ရှင်းနဲ့ ကောင်းကင်အရှင်ရွှမ်တုကလည်း သူ့နောက်မှာ အများကြီး ကျန်ခဲ့ပါပြီ။ ဘယ်သူမှ သူ့ကို မခြိမ်းခြောက်နိုင်တော့ပါဘူး။ တာအိုပညာရှိတွေ ငြင်းခုံတာကို ထိုင်ကြည့်ရတာက သူ့ရဲ့ ပျင်းရိဖွယ် ကျင့်ကြံခြင်းနှစ်တွေကို အပျင်းပြေစေပါတယ်။

အတန်ကြာတဲ့အခါမှာတော့...

ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကိုကြည့်ပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ဒီကိစ္စကို ဘယ်လိုထင်လဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့ကို မေးနေတာလား၊ ဒါဆို ငါ့ကို ပေးလိုက်လေ၊ ဒီလို ငြင်းခုံနေစရာ မလိုတော့ဘူး”

တာအိုပညာရှိတွေဟာ မှင်တက်ပြီး အံ့အားသင့်သွားကြပါတယ်။

ဒါက ဟန်ကျွယ်ရဲ့ ပုံစံ မဟုတ်ပါဘူး။

ချုံရှီလိုင်က ချက်ချင်းပဲ ပြောလိုက်ပါတယ် “ငါလည်း ဒီလိုပဲ ထင်တယ်”

ဂိုဏ်းချုပ်တျန်ကျွယ်ကလည်း ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်က ကောင်းကင်တာအိုအတွက် အများကြီး အကျိုးဆောင်ထားတာပဲ၊ ငါတို့တွေ တိတ်ဆိတ်ဂိုဏ်းကို တာအိုပညာရှိ တစ်နေရာနဲ့ ဆုပေးသင့်တယ်”

ကောင်းကင်အရှင်ဝူဖာ၊ ဖန်းလျန်နဲ့ ဟွမ်ဇွမ်တျန်တို့ကလည်း သဘောတူကြပါတယ်။

ပန်ရှင်းဟာ ခပ်တည်တည် ရှိနေပေမဲ့ နှလုံးသားကတော့ တရွရွ ဖြစ်သွားပါတယ်။ ပန်ရှင်းဟာ ဒီတာအိုပညာရှိငါးပါးက ဟန်ကျွယ်ရဲ့ နောက်လိုက်ခွေးတွေဆိုတာ ကျိန်းသေသွားပါတယ်။

ခုနက အပြင်ထွက်သွားတဲ့ လီတောက်ခုံးကလည်း တိတ်ဆိတ်ဂိုဏ်းကပါ။ ကောင်းကင်အရှင်ရွှမ်တုကလည်း ဟန်ကျွယ်ကို ဖားနေတာပါ။ ဒါကြောင့် ဟန်ကျွယ်ကို ထောက်ပံ့နေတဲ့ တာအိုပညာရှိက ခုနစ်ပါး ရှိနေပါပြီ။

တောင်ဘက်စွန်း ကောင်းကင်အရှင်ကလည်း အခြေအနေကို ထိုးဖောက်မြင်တဲ့အတွက် ချက်ချင်းပဲ ဟန်ကျွယ်ကို ထောက်ပံ့လိုက်ပါတယ်။ မကြာခင်မှာ သူလည်းပဲ ဘက်ရွေးရတော့မှာ မဟုတ်ပါလား။ ဟန်ကျွယ်နောက်ကို လိုက်တာက သူလက်ခံနိုင်တဲ့ အရာပါ။ ကောင်းကင်တာအိုကို ပန်ရှင်းနဲ့ ကောင်းကင်အရှင်ရွှမ်တု ဦးမဆောင်ဘူးဆိုရင် အဆင်ပြေပါတယ်။

တာအိုပညာရှိ ရှစ်ပါး ရှိသွားပါပြီ။ ဟန်ကျွယ်ကိုပါ ထပ်ပေါင်းလိုက်ရင် တာအိုပညာရှိ ကိုးပါးပါ။

ပန်ရှင်းဟာ နှလုံး တဒိတ်ဒိတ် ခုန်သွားပါတယ်။ ဒီအခြေအနေက သူ့အတွက် လုံးဝ မကောင်းပါဘူး။ ပန်ရှင်းဟာ ချက်ချင်းပဲ ဟန်ကျွယ်ကို ကြည့်ပြီး ‌မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်က ငါနဲ့ တိုက်ခိုက်ချင်တာလား...”

ပန်ရှင်းဟာ ဘယ်လောက်ပဲ တုံးအပါစေ ဟန်ကျွယ်က ခေါင်းဆောင်ဆိုတာကိုတော့ သိပါသေးတယ်။ ဟန်ကျွယ်သာ လက်လျှော့လိုက်ရင် တခြားတာအိုပညာရှိတွေက ဘာမှပြောတော့မှာ မဟုတ်ပါဘူး။ ပန်ရှင်းဟာ ဟန်ကျွယ်က သူ့ကို အကောက်ကြံဖို့ တာအိုပညာရှိတွေကို ခိုင်းထားတယ်လို့တောင် သံသယဝင်လာပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း တကယ် လိုချင်တလား”

ပန်ရှင်းက ပြန်ဖြေပါတယ် “လိုချင်တာပေါ့”

“ဒါဆို မင်း ဘယ်သူ့ကို ပေးမှာလဲ”

“လောလောဆယ် ဘယ်သူ့ပေးရမှန်း မသိသေးဘူး”

“ဒါဆိုရင် မင်းဆီမှာ သင့်တော်တဲ့လူ မရှိဘူးပေါ့၊ မင်းက တာအိုပညာရှိနေရာကို အရင်ယူထားချင်တာလား၊ ငါ တိတ်ဆိတ်ဂိုဏ်း တပည့် တာအိုအရှင်သခင်ကို ထောက်ခံချက်ပေးတယ်၊ အားလုံးလည်း သူ့ရဲ့အရည်အချင်းကို သိမှာပါ” ဟန်ကျွယ်ဟာ ခပ်တည်တည်ပဲ ပြောလိုက်ပါတယ်။ တာအိုပညာရှိတွေကလည်း ခေါင်းညိတ် လက်ခံကြပါတယ်။

တာအိုအရှင်သခင်က အင်မော်တယ်ကမ္ဘာမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့ဖူးပါတယ်။ အခု သူက တာအိုပညာရှိအတု ဖြစ်နေပါပြီ။ ဒါကြောင့် ကောင်းကင်တာအိုပညာရှိ နေရာအတွက် အရည်အချင်း ပြည့်မှီပါတယ်။

ပန်ရှင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပဋိပက္ခ ကောင်းကင်လမ်းက တာအိုပညာရှိ‌တွေ စောင့်ကြပ်ဖို့ လိုအပ်တယ်၊ မင်းတို့တွေ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် တာအိုပညာရှိတစ်ပါးကို ပဋိပက္ခဆီ စေလွှတ်ပေး...”

တာအိုပညာရှိတွေဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်လည်း တိတ်ဆိတ်သွားပါတယ်။

ပဋိပက္ခကို ဘယ်သူက သွားရဲမှာလဲ။ ကောင်းကင်တာအိုပညာရှိတွေက ကောင်းကင်တာအိုကနေ ထွက်ခွာရင် သေနိုင်ပါတယ်။ ဟန်ကျွယ်ကတော့ ပဋိပက္ခနတ်မင်းတွေကို ကြောက်တာကြောင့် အပြင်မထွက်ရဲပါဘူး။

ပန်ရှင်းက ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “မင်းတို့က ငကြောက်တွေပဲ၊ ဒါနဲ့များ ဘာဖြစ်လို့ ငါနဲ့ တိုက်ခိုက်ချင်နေရတာလဲ၊ ငါလည်း ကောင်းကင်တာအိုအတွက် တွေးနေတာပါ၊ အနာဂတ်မှာ ကောင်းကင်တာအိုက စွမ်းအားကြီးမားတဲ့ ရန်သူတွေကို ကျိန်းသေပေါက် ရင်ဆိုင်ရလိမ့်မယ်၊ နောက်ပြီး တာအိုပညာရှိတွေ ပဋိပက္ခကိုသွားပြီး ကမ္ဘာအသစ်တွေ ဖွင့်ဖို့လည်း လိုအပ်တယ်၊ အာဏာအတွက် ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုကို မနှောင့်နှေးပါစေနဲ့”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆိုရင် ငါ မင်းကို ဒီနေရာပေးမယ်၊ ဒါပေမဲ့ မင်း ကောင်းကင်တာအိုထဲက လူကိုပဲ ရွေးရမယ်”

“အင်း... ကောင်းကင်တာအိုထဲကပဲ ရွေးမှာပါ”

“ဒီလိုဆို တာအိုပညာရှိအသစ် နေရာကို တာအိုရောင်းရင်းပန်က ဆုံးဖြတ်လိမ့်မယ်” ကောင်းကင်အရှင်ရွှမ်တုက နိဂုံးချုပ်လိုက်ပါတယ်။

ဟန်ကျွယ်က သဘောတူတဲ့အတွက် ကျန်တဲ့တာအိုပညာရှိတွေလည်း ဘာမှမပြောတော့ပါဘူး။ တာအိုပညာရှိ အစည်းအဝေးလည်း ပြီးဆုံးသွားပါတယ်။

တာအိုပညာရှိတွေ တစ်ပါးပြီးတစ်ပါး ထွက်ခွာသွားကြပါတယ်။

ပန်ရှင်းဟာ ဟန်ကျွယ်ကို ပန်ကူးခန်းမဆီ ဖိတ်ခေါ်ပါတယ်။ ဟန်ကျွယ်ကလည်း မငြင်းပါဘူး။ ပန်ရှင်းနဲ့ ဟန်ကျွယ်ဟာ ပန်ကူးခန်းမထဲ လျှောက်သွားပြီး ထိုင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူးခန်းမက တာအိုပညာရှိတွေ ထောက်လှမ်းမှုကို ဟန့်တားနိုင်တဲ့ ကန့်သတ်စည်း အသက်ဝင်လာတာကို ခံစားမိပါတယ်။

ပန်ရှင်းဟာ သက်ပြင်း အရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နားမလည်သလိုနဲ့ မေးလိုက်ပါတယ် “တာအိုရောင်းရင်းပန်... တာအိုပညာရှိအသစ် နေရာကို ရသွားပြီမလား၊ ဘာလို့ သက်ပြင်းချနေရသေးတာလဲ”

“တာအိုရောင်းရင်းဟန်... ငါက မင်းထက် အသက်ကြီးပြီး မိတ်ဟောင်းဆွေဟောင်းလို့ ယူဆလို့ရတယ်၊ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို မခေါ်ကြရမှာလဲ၊ ငါက ဒုက္ခခံနေရတာ၊ ငါ့ရဲ့ ပြီးခဲ့တဲ့ ကိစ္စတွေကို ညီအစ်ကိုဟန်လည်း ကြားမိမှာပါ၊ အခု ငါက စွမ်းအားကြီးတယ်လို့ ထင်ရပေမဲ့ လွတ်လပ်မှုမရှိဘဲ ရှေ့ကို တွန်းပို့ခံနေရတာ၊ ငါက ကောင်းကင်တာအိုကို ကျေးဇူးပြန်ဆပ်ချင်တယ်၊ ဒါပေမဲ့ တာအိုပညာရှိတွေက ငါ့ကို အမြဲတမ်း သတိထားနေကြတယ်...”

ပန်ရှင်းဟာ စပြီးတော့ စောဒက တက်ပါတော့တယ်။

ပန်ရှင်းက သူ့ကို ညီအစ်ကိုလို့ ခေါ်တာကြောင့် ဟန်ကျွယ်ဟာ မျက်လုံးမကျဉ်းဘဲ မနေနိုင်ပါဘူး။ ဟန်ကျွယ်ဟာ ပန်ရှင်းကို လောကဦးထောင်ထဲ ချက်ချင်း ပစ်ထည့်ချင်စိတ် ပေါက်သွားပါတယ်။

“ညီအစ်ကိုဟန်... နောက်ကျရင် ငါ့ကို ပံ့ပိုးပေးရမယ်နော်၊ ညီအစ်ကိုဟန် ကောင်းကင်တာအိုကို ကာကွယ်တာက ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကို လိုချင်လို့မလား၊ ငါက ကောင်းကင်တာအိုကို ကာကွယ်မယ်၊ ကောင်းကင်တာအိုက ညီအစ်ကိုဟန်ကို ကာကွယ်ပေးလိမ့်မယ်၊ ငါတို့ညီအစ်ကိုနှစ်ယောက်သာ ပူးပေါင်းမယ်ဆိုရင် မဟာတာအို ကျိန်းသေပေါက် အတူတူ ရောက်နိုင်လိမ့်မယ်” ပန်ရှင်းက ရည်မှန်းချက်ကြီးစွာ ပြောလိုက်ပါတယ်။

ဒီတစ်ကြိမ်မှာ ဟန်ကျွယ်က တာအိုပညာရှိနေရာက အရင်ဆုံး လက်လျှော့ပေးတဲ့အတွက် ပန်ရှင်းဟာ မျှော်လင့်ချက်ရောင်ခြည် မြင်သွားတာပါ။ ဟန်ကျွယ်ကိုသာ စည်းရုံးသိမ်းသွင်နိုင်မယ်ဆိုရင် ကောင်းကင်တာအိုက သူ့အိတ်ကပ်ထဲရောက်ပြီ မဟုတ်ပါလား။ ပန်ရှင်းဟာ ဒီအကြောင်းကို တွေးမိရုံနဲ့တင် အ‌တော်လေး စိတ်လှုပ်ရှားသွားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “တာအိုရောင်းရင်းပန်က ဘာဖြစ်လို့ ကောင်းကင်တာအိုကို ဒီလောက်တောင် ထိန်းချုပ်ချင်နေရတာလဲ၊ တာအိုရောင်းရင်းပန်က ကောင်းကင်တာအိုကို စီမံနိုင်တဲ့ အရည်အချင်းလည်း မရှိဘဲနဲ့”

ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ပန်ရှင်းရဲ့ မျက်နှာဟာ နီရဲသွားခြင်း မရှိသလို နှလုံးခုန်လည်း မြန်မသွားပါဘူး။

“အဲဒီတော့မှ ငါ လေ့ကျင့်နိုင်မှာ၊ နောက်ဆုံးကျတော့ အဲဒါက ‌ရွေးချယ်မှုတစ်ခုပဲ၊ ကောင်းကင်အရှင်ရွှမ်တု ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူ့ဆရာသခင်က အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အဖေပဲ”

“ဒါပေမဲ့ ငါက သူတို့နဲ့မတူဘူး၊ ငါက ပန်ကူးရဲ့ မျိုးဆက်၊ ကောင်းကင်တာအိုကို ကာကွယ်တာက ပန်ကူးနတ်ဘုရားကို ကာကွယ်တာပဲ”

“တာအိုရောင်းရင်ပန်က ကောင်းကင်တာအိုကို စုစည်းပြီးရင် ဘာလုပ်မှာလဲ”

‘အချိန်ကျပြီ’ ပန်ရှင်းဟာ စိတ်လှုပ်ရှားမှု ဖိနှိပ်လိုက်ပါတယ်။ ပန်ရှင်းဟာ သူ အောင်မြင်တော့မယ်လို့ ခံစားလိုက်ရပါတယ်။ ပန်ရှင်းဟာ အလျင်စလို ပြန်မဖြေဘဲ တစ်ခဏ စဉ်းစားလိုက်ပါတယ်။

“ရွှမ်တုရဲ့ ပဋိပက္ခကို လေ့လာစူးစမ်းတဲ့ အကြံဉာဏ်က ကောင်းတယ်၊ ဒါပေမဲ့ ကောင်းကင်တာအိုက ပဋိပက္ခမှာ အခြေခိုင်ချင်တယ်ဆိုရင် နောက်ခံရှာဖို့ လိုသေးတယ်၊ ကောင်းကင်တာအိုကို တိုးတက်ပြောင်းလဲအောင် လုပ်ရင်း ကောင်းကင်တာအိုအတွက် နောက်ခံကြီးကြီးမားမားကို ငါ ရှာဖွေမယ်၊ အဆုံးသတ် အပျက်အစီးနတ်ဘုံကို ခြိမ်းခြောက်နိုင်တဲ့ နောက်ခံမျိုးပေါ့၊ ငါ့ရဲ့ ကနဦးပစ်မှတ်က ရှေးဟောင်း မဟာတာအို နတ်စိတ်ဝိညာဉ်ပဲ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက မဟာတာအိုပညာရှိတွေနဲ့ အဆင့်တူတယ်ဆိုပေမဲ့ အဲဒီ ရှေးဟောင်း မဟာတာအို နတ်စိတ်ဝိညာဉ်တွေက မဟာတာအိုပညာရှိထက် ကျော်လွန်တဲ့ စွမ်းအားတွေ ရှိတယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။

ပန်ရှင်းလည်း ပြုံးပြီး မေးလိုက်ပါတယ် “အစ်ကိုဟန်... အစ်ကိုဟန်လည်း ကျွန်တော် အမြင်ကို သဘောတူတယ်မလား”

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို လက်မြှောက်ပြီး ပန်ရှင်းကို ရိုက်ချလိုက်ပါတယ်။

ပန်ရှင်းဟာ တုံ့ပြန်ချိန်မရတာကြောင့် မဟာချုပ်နှောင်လက်ဝါး ထိပြီး လှုပ်လို့မရတော့ပါဘူး။ ပန်ရှင်းရဲ့ ဓမ္မစွမ်းအားဟာ ချိပ်ပိတ်ခံရပြီး ဝိညာဉ်ကလည်း ခန္ဓာကိုယ်ကနေ ထွက်ခွာလို့ မရတော့ပါဘူး။

“မင်း...” ပန်ရှင်းဟာ မျက်လုံးပြူးကျယ်သွားပါတယ်။

ဟန်ကျွယ်ဟာ နောက်ထပ် ဘာမှမပြောတော့ဘဲ ပန်ရှင်းကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က တာအိုဘုံကျောင်းဆီ ခေါ်သွားပြီး လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။

ပန်ရှင်းဟာ ဟန်ကျွယ်ကို ဝါးစားမတတ် စိုက်ကြည့်ရင်း သူ့မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ ကြောက်ရွံတဲ့ မယုံကြည်နိုင်တဲ့ ခံစားချက်တွေ ပေါ်လာပါတယ်။

ပန်ရှင်းက ဟန်ကျွယ် သူ့ကို ဘာလို့ ရုတ်တရက် တိုက်ခိုက်ရလဲဆိုတာကို နားမလည်နိုင်ပါဘူး။ ပန်ရှင်းဟာ ဟန်ကျွယ်ရဲ့ စွမ်းအားကိုလည်း ကြောက်ရွံ့ပါတယ်။ ပန်ရှင်း မယုံနိုင်တာကတော့ ဟန်ကျွယ်က သူ့ကို တစ်ခါတည်း ဖိနှိပ်လိုက်နိုင်တာကိုပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters