မဟာဝရုန်းသုန်းကား ကာလ
Vol. 66 Ch. 706
ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်ပြီးနောက် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အခုဆိုရင် ပန်ရှင်းကို ဘယ်သူမှ မကယ်နိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ အကြည့်ကို ရင်ဆိုင်ပြီး လေသံအေးလေးနဲ့ ပြောလိုက်ပါတယ် “မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မင်းခုနက ပြောလိုက်တဲ့ စကားကိုပဲ အပြစ်တင်ရလိမ့်မယ်၊ မင်းရဲ့ ရွေးချယ်မှုက ငါ့ကို ရင်လေးစေတယ်”
ပန်ရှင်းဟာ အံကြိတ်လိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
ဒီအချိန် ပန်ရှင်းရဲ့ စိတ်ထဲမှာ ဟန်ကျွယ်ရဲ့ ပုံရိပ်က လျှို့ဝှက်ဆန်းကြယ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀,၀၀၀ ဟန်ကျွယ်ကို သူစတွေ့တုန်းက ဟန်ကျွယ်ဟာ ပုရွက်ဆိတ်တစ်ကောင်ပဲ ရှိသေးတယ် မဟုတ်ပါလား။
ဒါပေမဲ့ အခုတော့ သူက လွတ်လပ် တာအိုပညာရှိ ဖြစ်နေတာတောင် ဟန်ကျွယ် အလွယ်လေး ဖိနှိပ်တာကို ခံလိုက်ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဟန်ကျွယ်က အနည်းဆုံး မဟာတာအိုပညာရှိ အဆင့်ကို ရောက်နေပြီးတယ်ဆိုတာ သိသာ ထင်ရှားလှပါတယ်။
နှစ် ၂၀၀,၀၀၀ တည်းနဲ့ သေမျိုးကနေ မဟာတာအိုပညာရှိ ဖြစ်အောင် ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ ဒါကြောင့် ဖြစ်နိုင်ခြေတစ်ခုပဲ ရှိပါတော့တယ်။ အဲဒါက ဟန်ကျွယ်ကိုယ်တိုင် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်နေခဲ့တာပါ။
ပန်ရှင်းဟာ မဟာတာအိုပညာရှိတွေက သူတို့ရဲ့ကိုယ်ပွား ဒါမှမဟုတ် ဓမ္မရုပ်တုတွေနဲ့ ပြန်လည်မွေးဖွားပြီး ပဋိပက္ခရဲ့ ထောင့်အသီးသီးမှာ လျှို့ဝှက်အကြံအစည်တွေ စီစဉ်ကြတာကို သိပါတယ်။ ဟန်ကျွယ်ကိုလည်း ဒီထဲကတစ်ယောက်လို့ မှတ်ယူလိုက်ပါတယ်။
ပန်ရှင်းရဲ့ မေးခွန်းကို ကြားရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြုံးရုံသာပြုံးပြီး ပါးစပ်ကို အသေပိတ်ထားလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး နောက်တစ်ခါ ဂူအောင်းကျင့်ကြံပါတယ်။
.....
ပဋိပက္ခနက်၊ မဟာတာအိုမျှော်စင်။
နှစ်သောင်းချီ တိုးတက်ပြောင်းလဲပြီးနောက် မဟာတာအိုမျှော်စင်ဟာ ပုံစံပေါ်လာပါပြီ။ လေပေါ်ကျွန်းမျိုးစုံဟာ မဟာတာအိုမျှော်စင်ကို ဗဟိုထားပြီး မိုင်ပေါင်းဘီလီယံအတွင်း ဂလက်ဆီတစ်ခုလို စုဝေးနေကြပါတယ်။
မဟာတာအိုမျှော်စင်ရဲ့ ပထမဆုံးထပ်မှာ ကျိုးဖန်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခန်းမတစ်ခုအတွင်း ထိုင်နေကြပါတယ်။ ဒီခန်းမထဲမှာ သူတို့နှစ်ယောက်ပဲ ရှိပါတယ်။ တတိယလူ မရှိပါဘူး။
ကျိုးဖန်က မေးလိုက်ပါတယ် “ဟန်ထော် ဘယ်မှာလဲ”
ကျိုးဖန်ဟာ ဟန်ထော်ကို တော်တော်လေး ဂရုစိုက်ပါသေးတယ်။ ဟန်ထော်က ဟန်ကျွယ်ရဲ့သား ဖြစ်တဲ့အတွက် သူ့ရဲ့ ဂျူနီယာ မဟုတ်ပါလား။
“ဟန်ထော်က တာအိုကို ရယူဖို့ ကြိုးစားနေတယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြန်ဖြေလိုက်ပါတယ်။
ကျိုးဖန်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ် “မဆိုးဘူး... ငါ့ရဲ့ ဆရာသခင်သာသိရင် ကျိန်းသေပေါက် ပျော်ရွှင်မှာပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ်။
ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အကဲခတ်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “အရှင်မင်းကြီး... ကျွန်တော် အရှင်မင်းကြီးကို မမြင်နိုင်တော့ဘူး၊ အရှင်မင်းကြီး ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ”
အမှောင်တားမြစ်နယ်မြေမှာ ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သတင်းက တစ်နေ့တစ်ခြား ကြီးမားလာပါတယ်။ မကြာသေးခင်က ကောင်းကင်စစ်သားတွေဟာ သူတို့နဲ့အတူတူ တိုက်ခိုက်ဖို့ အမင်္ဂလာ မကောင်းဆိုးဝါးတွေကိုပါ ခေါ်သွားခဲ့ပါတယ်။ ဒီကိစ္စကို ပဋိပက္ခတစ်ခုလုံးကို လန့်သွားစေပါတယ်။ ဒီအဖြစ်အပျက်ကနေ ကောင်းကင်ရုံးတော်က ဧရာမအင်အားစုကြီး ဖြစ်လာပြီဆိုတာ သိသာထင်ရှားလှပါတယ်။ အဆုံးသတ် အပျက်အစီးနတ်ဘုံက မဟာတာအိုပညာရှိတွေတောင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို မျက်နှာ မပေးလို့ မရတော့ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်နောက်ပစ်လိုက်ပါတယ် “ဟီးဟီး... ငါက ဘယ်သူနဲ့မှ မဟုတ်ပါဘူး၊ ငါ့အသက်အတွက် တိုက်ခိုက်နေရုံပါ...”
“အရှင်မင်းကြီးရဲ့ အသက်အတွက် တိုက်ခိုက်နေတာ...” ကျိုးဖန်ဟာ အတွေးနက်သွားပါတယ်။ သူတို့တွေဟာ ကောင်းကင်တာအိုကို ကျော်ဖြတ်ပြီး ပဋိပက္ခမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပါတယ်။ သူတို့တွေဟာ အတိတ်နဲ့ အနာဂတ်ကို သွားလာနိုင်ပြီး သက်ရှိအားလုံးကို ငုံ့ကြည့်လို့ရပါတယ်။ ဒီလိုအဆင့်က သူတို့တွေ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့အရာပါ။ ဒါတောင် သူတို့တွေဟာ လှောင်ပိတ်ခံထားရတုန်းပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “တော်ပြီ... ဒါတွေ မပြောပဲ နေရအောင်၊ ငါ ဒီနေ့ မင်းဆီလာတာက ရှေးဟောင်း ပဋိပက္ခ နတ်ဘီလူး အလောင်းကနေ ဖြစ်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ် နယ်ပယ်အတွက် အစီအစဉ်ဆွဲဖို့ပဲ၊ ဒီနယ်ပယ်ထဲမှာ အခွင့်အရေး အကြီးစားကြီးတွေ ရှိနေတယ်၊ ငါ့ ကောင်းကင်ရုံးတော်တစ်ခုတည်း ဒီအခွင့်အရေးတွေကို သိမ်းပိုက်မယ်ဆိုရင် ဆုံးရှုံးမှုက နည်းမှာ မဟုတ်ဘူး၊ ငါ မင်းကို အကျိုးအမြတ် တချို့ ခွဲပေးမယ်၊ ပြီးခဲ့တဲ့ ပူးပေါင်းမှုကနေ ငါ့ရဲ့ စိတ်ရင်းအမှန်ကို မင်းလည်း သိပြီးပါပြီ၊ မင်း လှုပ်ရှားချင်လား”
ကျိုးဖန်က မေးလိုက်ပါတယ် “အဲဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်ကရော တိုက်ခိုက်မှာလား...”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “သူမပါဘဲ ငါ မလှုပ်ရှားရဲဘူး”
“ကောင်းပြီ၊ မဟာတာအိုမျှော်စင်က ကောင်းကင်ရုံးတော်နဲ့ လက်တွဲမယ်” ကျိုးဖန်ဟာ ချက်ချင်း သဘောတူလိုက်ပါတယ်။ ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်အပေါ်မှာ ယုံကြည်ချက်ရှိတာ မဟုတ်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်က လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ် အပေါ်မှာ ယုံကြည်ချက် ရှိတာပါ။
ကျိုးဖန်ဟာ သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်သူလဲ၊ သူက အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်နေတာလား...”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “တချို့ကိစ္စတွေက မမေးတာ ပိုကောင်းတယ်၊ မင်းက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ပဲ ရှိသေးတယ်”
တခြားလူတွေသာ ဒီစကားပြောရင် ကျိုးဖန်ဟာ သူ့ကို စော်ကားတယ်လို့ ခံစားရမှာပါ။ ဒါပေမဲ့ ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ရဲ့ စကားကနေ စိုးရိမ်မှုကို ခံစားနိုင်ပါတယ်။ ကြည့်ရတာ သူ ဆက်မေးရင် တားမြစ်ချက်ကို ချိုးဖောက်မိမဲ့ အတိုင်းပါပဲ။
ကျိုးဖန်ဟာ အင်မော်တယ်ကမ္ဘာက ဘာမှမသိတဲ့ သေမျိုးတစ်ယောက် မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ပဋိပက္ခကို နည်းနည်း နားလည်နေပါပြီ။ အဆုံးမဲ့အောင် ကျယ်ပြောလှတဲ့ ပဋိပက္ခမှာ စုံစမ်းလို့ မရတဲ့ ပါးစပ်နဲ့တောင် ထုတ်ပြောလို့မရတဲ့ တားမြစ်ချက်တွေ ရှိနေပါတယ်။
မဟာတာအိုပညာရှိတွေတောင် ဒီတားမြစ်ချက်တွေကို မချိုးဖောက်ရဲကြပါဘူး။
“နှစ် ၃,၀၀၀ ကြာရင် မင်းလူတွေကို လဆုတ်ကြယ်စုဆီ ခေါ်လာခဲ့ချည်၊ ငါ ကောင်းကင်စစ်သား ဆယ်သန်းနဲ့ မင်းကို စောင့်နေမယ်” စကားဆုံးတာနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရွှေရောင်မီးခိုးအသွင် ပြောင်းပြီး လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ကျိုးဖန်ဟာ မျက်လုံးကျဉ်းသွားပါတယ်။ ကျိုးဖန်ဟာ ကောင်းကင်ရုံးတော်ရဲ့ တိုးတက်မှုနှုန်းကို တွေးပြီး လန့်သွားပါတယ်။ ဒီကောင်းကင်စစ်သား ဆယ်သန်းက နယ်ရုပ်အနေနဲ့ စေလွှတ်တာ ဖြစ်တဲ့အတွက် ကောင်းကင်ရုံးတော်ရဲ့ အင်အားအပြည့် မဟုတ်ပါဘူး။
မျက်စိတစ်မှိတ်အတွင်း နှစ်ငါးထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ လောကဦး ကောင်းကင်ထောင်ဟာ ပန်ရှင်းကို အခုထိ ကျွန်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ပန်ရှင်းဟာ သိစိတ်ပျောက်ပြီး မမြင်ရတဲ့ လောကဦး ကောင်းကင်ထောင်ထဲမှာ တိတ်တဆိတ် ထိုင်နေပါတယ်။
လွတ်လပ်မှု လောကဦး ပဋိပက္ခ ထိပ်ဆုံးအဆင့်လို့ မပြောရပါဘူး။ တကယ်ကို ကျွန်ပြုဖို့ ခက်တာပါ။ ဒီအတိုင်းဆို ပဋိပက္ခနတ်မင်းတွေကို ကျွန်ပြုဖို့က နှစ်သန်းချီကြာမဲ့ပုံပါပဲ။ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ စပြီးတော့ စိုးရိမ်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ မစွန့်စားဘဲ ဂရုတစိုက် ကစားမယ်ဆိုရင် ပဋိပက္ခနတ်မင်းတွေကို ယှဉ်နိုင်ပြီး ပဋိပက္ခနတ်မင်းတွေထက်တောင် ကျော်လွန််နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ စနစ်မရှိဘူးဆိုရင်တောင် ဟန်ကျွယ်ဟာ သူ့မှာ ရှိတာတွေနဲ့ ဆက်ပြီးတော့ ကြီးထွားနိုင်ပါတယ်။
ဒီလိုဆိုပေမဲ့လည်း ဟန်ကျွယ်ဟာ စနစ်ကို ကျေးဇူးတင်နေတုန်းပါ။ စနစ်သာ မရှိခဲ့ဘူးဆိုရင် သူဟာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲမှာ လည်နေပြီး အခုလိုမျိုး တာအိုနောက်ကိုလိုက်တဲ့ ထာဝရအသက်ကို ရနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်း အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ တံခါးဝမှာ စောင့်နေပါတယ်။
အပြင်မှာ လေ့ကျင့်ပြီးနောက် တာအိုအရှင်သခင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်လာပြီး ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့က တာအိုအရှင်သခင်နဲ့ အနီးကပ်ဆုံးပါ။ ဘာပဲဖြစ်ဖြစ် သူတို့သုံးယောက်က ပါရမီရှင်တွေပါ။
ဟန်ကျွယ်ဟာ အထဲကနေ လှမ်းမေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
တာအိုအရှင်သခင်တို့ သုံးယောက်ဟာ တာအိုဘုံကျောင်းရှေ့မှာ ဒူးထောက်နေတာ နှစ်အတော်ကြာပါပြီ။ ဆက်ပြီးတော့ မစောင့်လိုတဲ့ ကျန်းယီက ပထမဆုံး ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်တော်တို့ သုံးယောက် ပဋိပက္ခကိုသွားပြီး လေ့ကျင့်ချင်တယ်”
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေကြပါပြီ။ သူတို့နှစ်ယောက်ဟာ အချိန်မရွေး တာအိုပညာရှိအတု ဖြစ်နိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ကျင့်ကြံမှုတွေကို ဖိနှိပ်ခဲ့ကြပါတယ်။ ဒီကိစ္စက တာအိုအရှင်သခင်နဲ့ ပတ်သက်နေပါတယ်။
တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “ဒီအတောအတွင်း ပဋိပက္ခ ကောင်းကင်လမ်းနဲ့ ပတ်သက်ပြီး သတင်းတချို့ ရထားတယ်၊ ပဋိပက္ခ ကောင်းကင်လမ်းရဲ့ အဆုံးက သျန်ဖန်ကမ္ဘာတဲ့၊ အဲဒီကမ္ဘာက အင်မော်တယ်ကမ္ဘာထက် ပိုပြီး ဘေးပတ်လည်မှာလည်း မရေမတွက်နိုင်တဲ့ ပြင်ညီတွေ လျှို့ဝှက်နယ်မြေတွေ ပုန်းအောင်းနေတယ်တဲ့၊ အဲဒီမှာ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ရှိတော့ ကျွန်တော်တို့သုံးယောက် ကြိုးစားကြည့်ချင်တယ်”
“ပဋိပက္ခက အရမ်းအန္တရာယ်များတယ်၊ တစ်ခုခုဖြစ်ရင် ငါ မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး၊ မင်းတို့တွေ သေချာစဉ်းစားကြ” ဟန်ကျွယ်က သတိပေးလိုက်ပါတယ်။
ကျောက်ရွမ်ယွမ်က အပြုံးနဲ့ ပြန်ဖြေပါတယ် “ဆရာသခင်... ကျွန်တော်တို့အတွက် မစိုးရိမ်ပါနဲ့၊ ပြီးခဲ့တဲ့ ကပ်ဘေးမှာ ဖြစ်ပျက်ခဲ့သလိုမျိုး ထပ်မဖြစ်တော့ပါဘူး၊ ကျွန်တော်တို့တွေ သေချာပေါက် ဂရုစိုက်ပါ့မယ်၊ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့ သုံးယောက်က ကျွန်တော်တို့ရဲ့ ဝိညာဉ်တွေက ကျွန်တော်တို့ရဲ့ တာအိုဘုံကျောင်းမှာ ခွဲပြီး ချန်ထားခဲ့တယ်၊ အများဆုံး ပြန်ကျင့်ကြံရုံပေါ့”
ကေင်းကင်ဘဝဂ် ရွှေအင်မော်တယ်မှာ ဒီလိုနည်းလမ်းမျိုးရှိတာက မထူးဆန်းပါဘူး။
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ သုံးယောက်ကို အပြင်ဘက် ပို့လိုက်ပါတယ်။ သူတို့သုံးယောက်က လမ်းတစ်ခု ချန်ထားခဲ့ပြီ ဖြစ်တဲ့အတွက် အပြင်ထွက်ပြီး စူးစမ်းလေ့လာတာ ကောင်းပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခအကြောင်းကို အများကြီး မသိသေးပါဘူး။ သတင်းစုဆောင်းဖို့ တပည့်တွေ စေလွှတ်တာက ကောင်းတဲ့ကိစ္စပါ။
အနာဂတ် ကောင်းကင်တာအိုက လုံးဝလုံခြုံမှာ မဟုတ်ပါဘူး။ မဟာဝရုန်းသုန်းကားကာလက အခုမှ စတင်တာပါ။
တာအိုအရှင်သခင်တို့ သုံးယောက်ကို အပြင်ဘက် ပို့ပြီးနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
နောက်ထပ် နှစ် ၃၀၀၀ ကုန်ဆုံးသွားပါတယ်။
[လောကဦး ကောင်းကင်ထောင်သည် ပစ်မှတ်အား အောင်မြင်စွာ ကျွန်ပြုလိုက်ပါပြီ။]
[ပန်ရှင်းသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ပန်ရှင်းကို ကျွန်ပြုဖို့က နှစ်ရှစ်ထောင် အချိန်ယူလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ အချက်အလက်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ပန်ရှင်း: လွတ်လပ်မှု လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ ပန်ကူး၏ မျိုးဆက်၊ လောကကြီး ဖန်တီးပြီးနောက် ပထမဆုံး ဖြစ်ပေါ်လာသော သက်ရှိများတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။ အနန္တကပ်ဘေးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး သေမျိုးကမ္ဘာတွင် လျှောက်သွားနေခဲ့သည်။ ရှေးဟောင်း ကပ်ဘေးသခင် ရှာတွေ့မည်ကို ကြောက်ရွံ့သဖြင့် ဓားတာအိုမြစ်ထဲသို့ ဝင်ပုန်းခဲ့သည်။ သင့်စရိုက်ကြောင့် ပန်ရှင်းသည် သင့်ကို စိတ်ဝင်စားခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ပန်ရှင်းက လွတ်လပ်မှု လောကဦးပဋိပက္ခမှာ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့အတွက် ဟန်ကျွယ်သာ ကူညီမယ်ဆိုရင် မဟာတာအိုပညာရှိ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ မဟာတာအိုတံခါးကို ဖွင့်လှစ်ဖို့က ကြိုးစားမှု လိုပါတယ်။ တခြားလူတွေ မကူညီနိုင်ပါဘူး။ အနည်းဆုံး အခုအချိန်မှာပေါ့။ အများဆုံး သူ့ရဲ့ အတွေ့အကြုံကိုပဲ ပြောပြနိုင်ပါတယ်။
ဒီအချိန်မှာပဲ...
[ပန်ကူးသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။