အဆင့်မြင့် ပဋိပက္ခ
Vol. 66 Ch. 707
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမှာ မှင်တက်သွားပါတယ် ‘ပန်ကူး... ဒီကောင်က တကယ်ကို မသေသေးတာပဲ’
ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ နှလုံး တဒိတ်ဒိတ် ခုန်သွားပါတယ်။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ ပန်ကူးကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပါတယ်။
ပန်ကူးရဲ့ ပုံရိပ်ဟာ တော်တော်လေး ဗိုလ်ကျလွန်းပါတယ်။ ပန်ကူးဟာ ရက်စက်ကြမ်းကြုတ်တဲ့အသွင်နဲ့ ကောင်းကင်ကို ဟိန်းဟောက်နေပါတယ်။ သူ့မျက်လုံးတွေက ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေပြီး သူ့ဆံပင်တွေက ဖွာလန်ကျဲကာ အတော်လေး ရှေးကျပုံ ပေါ်နေပါတယ်။
[ပန်ကူး: ကျင့်ကြံမှုမသိ၊ ပဋိပက္ခ နတ်ဘီလူး၊ ကောင်းကင်တာအို ဖန်တီးရှင်၊ အရာအားလုံး၏ ဘိုးဘေး၊ နတ်ဘီလူးသတ်သမား။ ပန်ရှင်းအား ထိန်းချုပ်ရန် ချန်ထားခဲ့သော သူ၏ စိတ်ဆန္ဒအား သင်ဖြတ်တောက်လိုက်သဖြင့် ပန်ကူးသည် သင့်ကို အမြင်မကြည်တော့ပေ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
‘ကံတရား အထောက်အပံ့တွေက ကြမ်းလှချည်လား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကျင့်ကြံမှုမသိဆိုတဲ့အတွက် ပန်ရှင်းက သူ့ထက် စွမ်းအားကြီးမှာ ကျိန်းသေနေပါပြီ။ ဘယ်လောက်ထိ စွမ်းအားကြီးတယ် ဆိုတာတော့ လောလောဆယ်မှာ ဟန်ကျွယ် မခန့်မှန်းနိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ သူက ပန်ကူးကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
‘ကြည့်ရတာ ငါ မစဉ်းစား မဆင်ခြင်ဘဲ လုပ်မိလိုက်ပြီနဲ့ တူတယ်… ငါ ပန်ရှင်းကို အလျင်စလို ကျွန်မပြုလိုက်သင့်ဘူး၊ ငါ သူ့ကို လုံးဝ ထိန်းချုပ်နိုင်နေတာပဲ၊ အားလေးနည်းနည်းပဲ စိုက်ရမှာကို...’
ဒီအချိန်မှာ ပန်ရှင်းဟာ သူ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပါတယ်။ ပန်ရှင်းဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ပန်ကူးကို မြင်ဖူးလား”
ပန်ရှင်းဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး တအံ့တဩ ဖြစ်သွားပါတယ် “ဧရာမ ပန်ကူးနတ်ဘုရားက သေသွားတာ ကြာပြီလေ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး သူ့ကို မြင်ဖူးမှာလဲ၊ သူ့အမွေထဲမှာတောင် ကျွန်တော် သူ့ရဲ့ ရုပ်သွင်ကိုပဲ မြင်တွေ့ရတယ်၊ သူ့ရဲ့ ခန္ဓာစစ်ကို မတွေ့ရဘူး”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ပန်ကူးက ဘယ်ရောက်နေတာလဲ’ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဒီတန်ဖိုးက တာအိုဖန်တီးရှင် ပဋိပက္ခသိစိတ်နဲ့ သွားညီမျှနေပါပြီ။
ဆက်တွက်မယ်။
ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တစ်ခု ပေါ်လာပါတယ်
[ပန်ကူး၏ နေရာအတိအကျအား မတွက်ချက်နိုင်ပါ။ ဤအချိန်၌ ပန်ကူးသည် အသက်မရှင်နေပါ။]
‘သေတော့သေတယ်၊ ဒါပေမဲ့ လုံးလုံးကြီး မသေသေးတဲ့ သဘောပေါ့...’
ဟန်ကျွယ်က ဆက်ပြီးတော့ မေးလိုက်ပါတယ် “ပန်ကူးက လောလောဆယ်မှာ ငါ့ကို ခြိမ်းခြောက်နိုင်လား”
[မခြိမ်းခြောက်နိုင်ပါ။]
ဒီတစ်ခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်း အနှုတ်မခံရပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကြည့်ရတာ ပန်ကူးက တကယ်သေသွားပုံပါပဲ။ ဒါပေမဲ့ သူ့စိတ်ဆန္ဒက မဟာတာအိုပညာရှိတွေတောင် နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ ဆက်တည်ရှိနေပုံ ရပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ပန်ကူးက သူ့ကို မခြိမ်းခြောက်နိုင်သေးပါဘူး။
ဟန်ကျွယ်ကို ပန်ရှင်းကို ပြန်ကြည့်လိုက်ပါတယ်။ ပန်ရှင်းဟာ အစေခံလိုမျိုး တရိုတသေ ဒူးထောက်နေပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “အခု ဘယ်သူက အစ်ကိုလဲ၊ ဘယ်သူက ညီလေးလဲ”
ပန်ရှင်းဟာ မှင်တက်သွားပြီး မချိပြုံးပြုံးလိုက်ပါတယ် “သခင်က ကျွန်တော်ရဲ့ အစ်ကိုပါ၊ ကျွန်တော်က သခင်ရဲ့ ညီပါ၊ ကျွန်တော်ကို သခင်ကြိုက်သလို ခေါ်လို့ ရပါတယ်”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ် ‘ငါ့ရှေ့မှာ မင်းကို ဘယ်သူက ဟိတ်ဟန်ထုတ်ခိုင်းလို့လဲ’
ဟန်ကျွယ်ဟာ ပန်ရှင်းကို ခက်ခဲအောင် မလုပ်ပါဘူး။ ခွေးနဲ့ ပြိုင်ကိုက်သလို ဖြစ်နေမှာစိုးလို့ပါ။ ဘာပဲဖြစ်ဖြစ် ပန်ရှင်းက လွတ်လပ် တာအိုပညာရှိပါ။ မျက်နှာနည်းနည်းတော့ ပေးသင့်ပါတယ်။
“မင်းနေရာကို ပြန်ရောက်ရင် ငါတို့အကြောင်း တစ်စွန်းတစ်စတောင် ထုတ်မပြောမိစေနဲ့၊ မင်း အရင်က လုပ်နေတာတွေကိုပဲ ဆက်လုပ်၊ ဒါပေမဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်ကို မကူညီနဲ့၊ အနာဂတ်မှာ ကောင်းကင်တာအိုကိုပဲ အာရုံစိုက်၊ ပဋိပက္ခက တည်ရှိမှုတွေကို ကောင်းကင်တာအိုထဲ ခေါ်လာဖို့ မကြိုးစားနဲ့၊ ငါ ပြောတာ နားလည်လား...”
ပန်ရှင်းဟာ ခေါင်းညိတ်ပြပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပန်ရှင်းကို သတိထပ်ပေးပြီး ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ဆီ ပို့ပေးလိုက်ပါတယ်။
ပန်ရှင်း ပန်ကူးခန်းမကို ရောက်တာနဲ့ ဧကရာဇ်ရှောင်နဲ့ ကျင်းရှန်တို့ ပေါ်လာပါတယ်။ တာအိုပညာရှိနှစ်ပါးဟာ ပန်ရှင်းကို အကောင်းပကတိ တွေ့လိုက်ရတော့မှ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
တာအိုပညာရှိတွေဟာ ပန်ရှင်းက ဟန်ကျွယ်ကို ဖိတ်ခေါ်တာ မြင်လိုက်ကြပါတယ်။ ဒါပေမဲ့ ပြီးတဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ ရောင်ဝါက ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။
ဧကရာဇ်ရှောင်နဲ့ ကျင်းရှန်ဟာ ဟန်ကျွယ်ရဲ့ အောင်မြင်မှု မှတ်တိုင်တွေကို သိရှိထားတဲ့အတွက် ဟန်ကျွယ်ဆိုရင် အရိုးထဲကကို ကြောက်တာပါ။ ဒါကြောင့် သူတို့ဟာ ပန်ရှင်းတော့ ဒုက္ခရောက်ပြီလို့ တွေးထင်ထားခဲ့ကြပါတယ်။
အခုပန်ရှင်း ပြန်လာမှာပဲ တာအိုပညာရှိနှစ်ပါးရဲ့ ရင်ထဲက ကြောက်စိတ်ဟာ လုံးဝ ပျောက်ကွယ်သွားရပါတယ်။
“ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ” ကျင်းရှန်က မေးလိုက်ပါတယ်။
ပန်ရှင်းက ခပ်တည်တည်ပဲ ပြန်ဖြေပါတယ် “နှစ်ရှစ်ထောင်လေးက ဘယ်လောက် ကြာလို့လဲ၊ ငါက တာအိုရောင်းရင်းဟန်နဲ့ တာအိုဆွေးနွေးနေတာ”
ပန်ရှင်းဟာ ပန်ကူးခန်းမထဲ ဝင်လိုက်ပါတယ်။ တာအိုပညာရှိနှစ်ပါးလည်း နောက်ကနေ လိုက်သွားပါတယ်။
စကြဝဠာခန်းမ။
ကောင်းကင်အရှင်ရွှမ်တုဟာ ဒီမြင်ကွင်းကိုကြည့်ပြီး အတွေးနက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်ရှင်းက ပြောင်းလဲသွားလို့ပါပဲ။
ကောင်းကင်အရှင်ရွှမ်တုဟာ အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ ဟန်ကျွယ်နဲ့ အချိန်တစ်ခုကြာအောင် ပျောက်ကွယ်သွားတဲ့ တာအိုပညာရှိတွေဟာ ပြန်ပေါ်လာတဲ့အခါ ဟန်ကျွယ်ကို အလွန်တရာ လေးစားပြီး ဟန်ကျွယ် စကားနားထောင်တာကို သွားတွေ့ပါတယ်။
‘ပန်ရှင်းကလည်း အဲဒီလိုမျိုး ဖြစ်လာမှာလား...’
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ်။ ပန်ရှင်းက လွတ်လပ် တာအိုပညာရှိပါ။ အဆုံးသတ် အပျက်အစီး နတ်ဘုံက မဟာတာအိုပညာရှိတွေတောင် ပန်ရှင်းကို ဘာမှမလုပ်နိုင်ပါဘူး။ ဟန်ကျွယ်မှာ ပန်ရှင်းကို ခြိမ်းခြောက်ဖို့ ဘာရှိနိုင်မှာလဲ။
ကောင်းကင်အရှင်ရွှမ်တုရဲ့ အမြင်မှာ ပန်ရှင်းကို အညံ့ခံလာအောင် တွန်းအားပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ အစွမ်းအစကိုလည်း မျက်ကွယ်မပြုနိုင်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ ကြီးထွားလာနှုန်းကို နားမလည်နိုင်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ ပန်ရှင်းကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို အကဲခတ်ပြီးနောက် စာအိတ်ကို ဖွင့်ဖတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေဆီမှာ ကိစ္စကြီးကြီးမားမား ဖြစ်ပျက်ခဲ့လားဆိုတာကို သိချင်နေပါပြီ။
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် စကြဝဠာ အဆုံးမဲ့အက်ကြောင်းသို့ ပြုတ်ကျသွားသည်။]
[သင့်သားဟန်ထော်သည် နတ်ဘီလူးမျိုးဆက်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၇၀၃၈၂၇
[သင့်တပည့် ကျိုးဖန်သည် နတ်ဘီလူးမျိုးဆက်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၀၄၄၈၃
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ရှေးဟောင်း ပဋိပက္ခနတ်ဘီလူး တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ကမ္ဘာတစ်ခုအား ဖန်တီးလိုက်သည်။ ပြန်လည်မွေးဖွားခြင်း စွမ်းအားသည် အရာအားလုံးအဖြစ် အသွင် ပြောင်းလဲသွားသည်။]
[သင့်တပည့် တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် လျှို့ဝှက်ဆန်းကြယ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် ကျန်းယီသည် လျှို့ဝှက်ဆန်းကြယ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခု၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ထပ်တိုက်ပြန်ပါပြီ။ စာစောင်တွေ ဖတ်ရုံနဲ့တင် အဲဒီစစ်ပွဲရဲ့ ရက်စက်မှုကို ဟန်ကျွယ် ခံစားနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မစိုးရိမ်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က နောက်ဆုံးမှာ ရယ်နိုင်လိမ့်မယ်လို့ ဟန်ကျွယ် ယုံကြည်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်တဲ့အခါ တာအိုအရှင်သခင်တို့ သုံးယောက်က လျှို့ဝှက်နယ်မြေထဲ ဝင်သွားတာကို တွေ့လိုက်ရပါတယ်။ ဒီအုပ်စုနှစ်စုကလွဲရင် ကျန်တဲ့မိတ်ဆွေတွေက ကျင့်ကြံအားထုတ်ရင် အားထုတ် အားမထုတ်ရင်လည်း အခွင့်အရေးတွေ လိုက်ရှာကြပါတယ်။ ယေဘုယျအားဖြင့်တော့ အခြေအနေတွေက တည်ငြိမ်နေပါတယ်။
စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။ သန္ဓေသားလောင်းက အရင်အတိုင်းပါပဲ။ ဘယ်အချိန် မွေးဖွားမယ်ဆိုတာ ခန့်မှန်းဖို့ မဖြစ်နိုင်သေးပါဘူး။ ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသားက ထွက်မလာတော့ဘူးလို့တောင် ရုတ်တရက် တွေးမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ် “ငါ့အငယ်ဆုံးသားက ဘယ်အချိန်ကျရင် မွေးဖွားလာမှာလဲ”
[သက်တမ်း သန်း ၅၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မမွေးဖွားနိုင်ပါ။ ပဋိပက္ခတွင် လောကဦး နတ်ဘီလူးနှစ်ပါး ဝင်မဆံ့နိုင်ပါ။]
ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ်။ သူ့အတွေးက မှန်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ သူ့အငယ်ဆုံးသားက တကယ်ကို ထွက်မလာနိုင်တာပါ။
‘နေပါဦး... ဒီလိုဆိုရင် မူလလောကဦး အသွင်မပြောင်းနိုင်တာက ငါ့ကြောင့်လား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလိုဆိုရင် ငါ့ရဲ့ အငယ်ဆုံးသားက သူ့အမေဗိုက်ထဲမှာ ထာဝရနေရမှာလား... ဒါက ချိပ်ပိတ်ခံရတာနဲ့ ဘာကွာတော့မှာလဲ...’
ဒါက တကယ့်ကို ပြဿနာပါ။ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ထပ်မေးလိုက်ပါတယ် “ပဋိပက္ခမှာ လောကဦးနတ်ဘီလူးနှစ်ပါး ဝင်ဆံ့အောင် ငါ ဘယ်လိုလုပ်ရမလဲ”
[သက်တမ်း ၁၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
‘တာအိုဖန်တီးရှင်ထက်တောင် ဆယ်ဆ ပိုများနေပါလား...’ ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ်။
[လက်ရှိ ပဋိပက္ခအား ဖျက်ဆီး၍ အဆင့်ပိုမြင့်သော ပဋိပက္ခအား ဖန်တီးပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ပြီးခဲ့တဲ့ အနာဂတ်တွက်ချက်မှုကို ပြန်တွေးမိလိုက်ပါတယ်။ ချင်လင်းက ပဋိပက္ခကို ဖျက်ဆီးပြီး လောကဦးကမ္ဘာကို ဖွင့်လှစ်မယ်လို့ ကြုံးဝါးခဲ့တယ် မဟုတ်ပါလား။ အခုကြည့်ရတာ အဲဒါက သူ့အစီအစဉ် ဖြစ်နေနိုင်ပါတယ်။
ကောင်းကင်တာအို စစ်တပ်နောက်က ကြောက်မက်ဖွယ်ရာ ဧရာမအရိပ်တွေကလည်း သူ့ရဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေ ဖြစ်နိုင်ပါတယ်။
‘ဒီလိုကိုး...’
ဟန်ကျွယ်ရဲ့ အမူအရာဟာ ရှုပ်ထွေးသွားပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေးကို စောစောကျရောက်အောင် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒီလိုဆိုရင် သူ့အငယ်ဆုံးသားကလည်း ရှင်းဟုန်ရွှမ်ရဲ့ ဗိုက်ထဲမှာ အနည်းဆုံး ၂၃ ဘီလီယံတောင် နေရပါလိမ့်မယ်။ သူ့အငယ်ဆုံသားရဲ့ ခံစားချက်ကို ဘေးဖယ်ထားရင်တောင် ရှင်းဟုန်ရွှမ်က ဒီလောက်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
‘တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား...’
‘ပဋိပက္ခက လောကဦးနတ်ဘီလူးနှစ်ပါး မဆံ့ဘူးဆိုတော့ ငါ လောကဦးနတ်ဘီလူး မဟုတ်ရင် ငါ့အငယ်ဆုံးသားက မွေးဖွားလာမှာလား..’
မြန်မာပြည် ငြိမ်းချမ်းပါစေ။