← Chapters

ပန်ကူးရဲ့ စိတ်ဆန္ဒ

Vol. 66 Ch. 709

ပန်ကူးရဲ့ စိတ်ဆန္ဒ

Vol. 66 Ch. 709

ယီတျန်ဟာ ဟန်ထော်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ် “ဒီတစ်ခါ ငါတို့တွေ အသက်ရှင်လျက် ပြန်သွားနိုင်မယ်လို့ မင်း ထင်လား”

အရင်တုန်းကနဲ့ မတူတာက ဒီတစ်ခါမှာ သူတို့တွေ ဖိနှိပ်ခံရတာ မဟုတ်ပါဘူး။ အဆက်မပြတ် တိုက်ခိုက်နေရတာပါ။ နှစ်ထောင်ချီ တရစပ် တိုက်ခိုက်ရတဲ့အခါမှာတော့ တာအိုပညာရှိအတုလောက် သန်မာပါတယ်ဆိုတဲ့ ယီတျန်ဟာ ပြိုလဲလုနီး ဖြစ်နေပါပြီ။

ယီတျန်ဟာ ဒီလောက်ကြာအောင် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပါဘူး။ နောက်ပြီး ယီတျန်ဟာ နေ့တိုင်း အားကုန်ထုတ်ပြီး တိုက်ခိုက်ရပါတယ်။ မဟုတ်ရင် ဒီနေရာ သေသွားမှာပါ။

“ဝုန်း...”

ယိုယွင်းနေတဲ့ ဇရပ်ဘေးက အာကာသဟာ ရုတ်တရက် ကွဲကြေပြီး ဧရာမပါးစပ်ကြီးတစ်ခု ပျံထွက်လာပါတယ်။ ဒီပါးစပ်က ဂြိုဟ်တစ်လုံးကို တစ်ချက်တည်းနဲ့ ဝါးမျိုနိုင်လောက်အောင် ကြီးမားပါတယ်။ ဒီပါးစပ်ရှေ့မှာ ယီတျန်နဲ့ ဟန်ထော်က အမှုန်အမွှားလောက်တောင် မရှိပါဘူး။ ယီတျန်နဲ့ ဟန်ထောင်ဟာ ကြက်သီးမွေးညင်းထသွားပြီး ချက်ချင်း ရှောင်တိမ်းလိုက်ပါတယ်။

ဟန်ထော်ဟာ နတ်လှံကို ကိုင်ရင်း ဧရာမပါးစပ်ကြီးကို သေချာကြည့်လိုက်ပါတယ်။ ဒီဟာက ပဋိပက္ခသားရဲ တစ်ကောင်ပါ။ ဝေလငါးခေါင်းနဲ့ မြွေလိုလို ဖွတ်လိုလို ခန္ဓာကိုယ်မျိုး ရှိပါတယ်။ ဒီပဋိပက္ခသားရဲဟာ မျက်လုံးမရှိဘဲ တောင်အရွယ်အစားလောက်ရှိတဲ့ သွားတွေရှိပါတယ်။ ဒီသွားတွေကနေ ထွက်ပေါ်နေတဲ့ သွေးရောင်ဝါက သာမန်မျက်စိနဲ့ ကြည့်ရင်တောင် မြင်နိုင်ပါတယ်။

ဒီပဋိပက္ခသားရဲရဲ့ ခေါင်းထက်မှာ သံချပ်ကာ အထူကြီး ဝတ်ဆင်ထားတဲ့ နက်မှောင်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရုပ်သွင်တစ်ခု ရှိနေပါတယ်။ ဒီရုပ်သွင်ဟာ မျက်နှာလုံအောင် ဖုံးထားတဲ့ ခေါင်းဆောင်းကို ဝတ်ဆင်ထားတာကြောင့် မျက်နှာကို မမြင်နိုင်ပါဘူး။

ဒီရုပ်သွင်ဟာ အနက်ရောင်မီးလျှံတွေ တောက်လောင်နေတဲ့ ဓားရှည်ကို ကိုင်ထားပြီး ဟန်ထော်နဲ့ ယီတျန်ကို ခုတ်ချလိုက်ပါတယ်။ ဒီဓားချက်ကနေ မရေမတွက်နိုင်တဲ့ သရဲတွေနဲ့ ရန်ငြိုး စိတ်ဝိညာဉ်တွေ ထွက်ပေါ်လာပါတယ်။ အရာအားလုံးကို ဖျက်ဆီးနိုင်တဲ့ အနက်ရောင် လေဆင်နှာမောင်းလို တားမရဆီးမရတဲ့ အရှိအဟုန် ရှိပါတယ်။

ဟန်ထော်ဟာ သူ့လှံကို မြှောက်ပြီး ပြန်ထိုးထုတ်လိုက်ပါတယ်။ ဟန်ထော်ရဲ့ လှံဟာ နဂါးတစ်ကောင်လိုမျိုး အနက်ရောင် လေဆင်နှာမောင်းကို ဆုတ်ဖြဲပစ်လိုက်ပါတယ်။

ယီတျန်ဟာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ယီတျန်ရဲ့ ရုပ်သွင်ဟာ ပေတစ်သောင်းကျော် မြင့်မားတဲ့ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး ပဋိပက္ခသားရဲကြမ်းတစ်ကောင်လို လက်သီးတွေ ထိုးထုတ်လိုက်ပါတယ်။ သူ့ရဲ့ ပြင်းထန်တဲ့ ရောင်ဝါက ဟင်းလင်းပြင်ကိုတောင် တုန်လှုပ်သွားစေပါတယ်။

အသက်ရှူခွင့် ရလိုက်တဲ့ ဟန်ထော်နဲ့ ယီတျန်ဟာ ထပ်ပြီးတော့ တိုက်ပွဲထဲ ပြန်ရောက်သွားပါတယ်။ ဒါက စစ်မြေပြင်တစ်နေရာမှာ ဖြစ်ပျက်နေတာပါ။ တခြား ကောင်းကင်စစ်သားတွေလည်း ဒီလိုပဲ ဒုက္ခခံနေရတာပါ။

ဟင်းလင်းပြင်နက်ထဲမှာ။

ကျိုးဖန်ဟာ မဟာတာအိုမျှော်စင်ကို ကိုင်ပြီး မန္တန်တွေ ဆက်တိုက် ထုတ်ပါတယ်။ မဟာတာအိုမျှော်စင်ဟာ ကျိုးဖန်ရဲ့ လက်ထဲမှာ အလွန်လျင်မြန်စွာ လည်ပတ်ပြီး ရေတွက်ဖို့ မဖြစ်နိုင်တဲ့ အံ့ဖွယ်ပညာရပ်တွေ ထွက်ပေါ်လာပါတယ်။ ရွှေရောင်ကြားပန်တွေဟာ ရှေ့ကို ပြန့်ကျဲ ထွက်သွားပါတယ်။ ရွှေရောင်မိုးဟာ မြားနဲ့တူပြီး လျှပ်စီးတွေက ဓားသွားလိုပါပဲ။

ကျိုးဖန်ရဲ့ အကြည့်နောက်ကို လိုက်မယ်ဆိုရင် ဘယ်လောက် အမြင့်ရှိမှန်းမသိတဲ့ ရုပ်သွင်တစ်ခုကို တွေ့မြင်နိုင်ပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ နေရာအများစုကို ကျယ်ပြောတဲ့ မြူတွေက ဝန်းရံထားပါတယ်။ မဟာတာအိုမျှော်စင်ရဲ့ အံ့ဖွယ်ပညာရပ်တွေက သူ့ခန္ဓာကိုယ်ကို ထိမှန်ပေမဲ့ ဘာထိခိုက်မှုမှ မဖြစ်စေပါဘူး။

“ဒါက ပဋိပက္ခ နတ်ဘီလူးလား၊ အလောင်းတောင် ဒီလောက် စွမ်းအားကြီးတာလား...” ကျိုးဖန်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားပါတယ်။

ကျိုးဖန်ရဲ့ ရှေ့မှာရှိတဲ့ ကြောက်မက်ဖွယ် ရုပ်သွင်က ရှေးဟောင်း ပဋိပက္ခ နတ်ဘီလူးတစ်ပါးရဲ့ အလောင်းပါ။ ဒီအလောင်းက သိစိတ်မရှိဘဲ အလိုလိုတုံ့ပြန်တာပဲ ရှိပါတယ်။ ဒီအလောင်းဟာ သူ့မျိုးဆက်တွေကို ဘာမှမလုပ်ဘဲ သူ့မျိုးဆက် မဟုတ်တဲ့ တခြားသက်ရှိတွေကိုသာ တိုက်ခိုက်တာပါ။

ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်ဟာ ဒီအလောင်းနဲ့ တိုက်ခိုက်တာ နှစ်ထောင်ချီပါပြီ။ အချိန်ကြာလာတာနဲ့အမျှ ဆုံးရှုံးမှုကလည်း များလာပါတယ်။ ဒါပေမဲ့ သူတို့တွေ နောက်ဆုတ်လို့ မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်ပြင်က ဟင်းလင်းပြင်ကို ချိပ်ပိတ်တဲ့ သီးသန့် အစီအမံတစ်ခုပါ။ ဝင်လို့ပဲ ရပြီး ထွက်လို့ မရပါဘူး။

ကျိုးဖန်ဟာ ပဋိပက္ခနတ်ဘီလူးနဲ့ တိုက်ခိုက်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် နိုင်ပါစေလို့ပဲ မျှော်လင့်ချက် ထားနိုင်ပါတော့တယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်က လုံးဝကို နက်မှောင်ပြီး တော်တော်လေး ကြောက်ဖို့ ကောင်းပါတယ်။

ဒီစွမ်းအားကြီးပုဂ္ဂိုလ်က တခြားမဟုတ်ပါဘူး။ အမင်္ဂလာနတ်ဧကရာဇ်ပါ။

ကျိုးဖန်ဟာ ဒီနှစ်ထောင်ချီ တိုက်ပွဲအတွင်းမှာ အမင်္ဂလာနတ်ဧကရာဇ် အကြောင်းကို မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီကနေ သိခွင့်ရခဲ့ပါတယ်။ အမင်္ဂလာနတ်ဧကရာဇ်က အမင်္ဂလာ မကောင်းဆိုးဝါးတွေကို အုပ်ချုပ်သူပါ။ မဟာတာအိုပညာရှိတွေနဲ့ ယှဉ်နိုင်တဲ့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုဆိုလည်း မမှားပါဘူး။

ဒါတောင် အမင်္ဂလာနတ်ဧကရာဇ်က ပဋိပက္ခ နတ်ဘီလူးကို လွယ်လင့်တကူ အနိုင်မယူနိုင်ပါဘူး။

ဧရာမက လက်မည်းကြီးဟာ အပေါ်ကနေ ရုတ်တရက် ဆင်းသက်လာပြီး ကျိုးဖန်ကို ဖမ်းဆုပ်လိုက်ပါတယ်။ ကျိုးဖန်ဟာ အရူးအမူး ရုန်းကန်ပါတော့တယ်။

တခြားတစ်ဖက်မှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မရေမတွက်နိုင်တဲ့ အနက်ရောင် ချပ်ဝတ် စစ်သားတွေ ဝန်းရံတာကို ခံနေရပါတယ်။ အတော့်ကို ခက်ခဲတဲ့ အခြေအနေပါ။

‘ငါတို့တွေ ဘာဖြစ်လို့ ဒီနတ်ဘီလူး စစ်သားတွေကို သတ်လို့မရတာလဲ’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်ပူပန်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပဋိပက္ခ နတ်ဘီလူးကို လျှော့တွက်မိခဲ့လို့ပါပဲ။

‘ဒီလို အခြေအနေတောင် ရောက်လာပြီလား...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။

နှစ် ၂,၀၀၀ ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ကြမ္မာဆိုးစာအုပ်ဟာ အောင်မြင်စွာ အဆင့်တက်သွားပါတယ်။ ဒီတစ်ခါ ကြမ္မာဆိုးစာအုပ်က ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ နှစ်တစ်သောင်းကြာအောင် ပေါင်းစပ်နေတာပါ။ တော်တော် မလွယ်ပါဘူး။

[ကြမ္မာဆိုးစာအုပ်ကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။ ကြမ္မာဆိုးစာအုပ်သည် လွတ်လပ်မှု အကောင်းစား ရတနာအဆင့်မှ မဟာတာအို စိတ်ဝိညာဉ်ရတနာ အဖြစ်သို့ ရောက်ရှိသွားပါပြီ။]

ဒီစာကြောင်းကို မြင်တာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကြမ္မာဆိုးစာအုပ်ကို လောကဦးကမ္ဘာကနေ ထုတ်ယူလိုက်ပါတယ်။

‘ဒီတစ်ခါ အောင်အောင်မြင်မြင် အဆင့်တက်နိုင်တာက လွယ်တာ မဟုတ်ဘူး၊ ငါ ရန်သူတစ်ယောက်ကို သတ်ပြီး အောင်ပွဲခံသင့်လား...’

‘ငါရဲ့ မဟာတာအိုပညာရှိ အဆင့်နဲ့ မဟာတာအို ရတနာကိုပါ ပေါင်းလိုက်ရင် အနည်းဆုံး မဟာတာအိုပညာရှိ တစ်ပါးကိုတော့ သေအောင် ကျိန်စာတိုက်နိုင်လောက်ပါတယ်’

ဟန်ကျွယ်ဟာ ခဏပဲတွေးပြီး သူ့အတွေးကို ဖျက်ပစ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ်မှာ မလိုအပ်လို့ပါ။ ဒီအတောအတွင်း ဟန်ကျွယ်ရဲ့ ရန်သူတွေက ကောင်းကင်တာအိုကို အကောက်မကြံတဲ့အတွက် ဟန်ကျွယ်ဟာ တဒင်္ဂ ရရှိထားတဲ့ ငြိမ်းချမ်းရေးကို မဖျက်ဆီးချင်ပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေးရဲ့ လမ်းကြောင်းကို မပြောင်းလဲဖို့ ဆုံးဖြတ်ထားပြီးသား မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းပြီး ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံကို ကြားလိုက်ရပါတယ် “တာအိုရောင်းရင်းဟန်... စကြဝဠာခန်းမကို အမြန်လာခဲ့ပါဦး”

ဟန်ကျွယ်ဟာ ချက်ချင်းပဲ စကြဝဠာခန်းမကို ဦးတည်လိုက်ပါတယ်။

စကြဝဠာခန်းမမှာ ကောင်းကင်အရှင်ရွှမ်တု တစ်ပါးပဲ ရှိပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်ပြီး မှောင်မည်းတဲ့ မျက်နှာနဲ့ တရားထိုင်နေပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရှေ့ လျှောက်သွားပြီး မေးလိုက်ပါတယ် “ဘာကိစ္စလဲ”

ကောင်းကင်တာအိုနားမှာ စွမ်းအားကြီးရန်သူ မရှိပါဘူး။ ဒါ့အပြင် အင်မော်တယ်ကမ္ဘာကလည်း အေးချမ်းနေပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “တစ်ခုခု လွဲနေတယ်၊ ဒီအတောအတွင်း ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က အကြီးအကျယ် ပြောင်းလဲသွားတယ်၊ တိုးလာတာလည်း မဟုတ်ဘူး၊ အားနည်းသွားတာလည်း မဟုတ်ဘူး၊ ကံတရား အထောက်အပံ့က အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာဆီ ဆင်းသက်တာ၊ ငါ ဖန်းလျန်ကို မေးကြည့်ပြီးပြီ၊ သူလည်း ဒီကိစ္စကို နားမလည်နိုင်ဘူး၊ ကောင်းကင်တာအိုက ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ သူလည်း မသိဘူး”

ဟန်ကျွယ်ဟာ ကောင်ကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် ကောင်းကင်တာအိုကို ကြည့်လိုက်ပါတယ်။

မဟာတာအိုပညာရှိရဲ့ မျက်လုံးထဲမှာ ကောင်းကင်တာအိုက ချီအလုံးတစ်လုံးပါ။ ဒီအချီအလုံးဟာ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာရဲ့ အဝါရောင်ချီကို ရစ်ပတ်လွှမ်းခြုံပြီး ကောင်းကင်တာအိုရဲ့ အတွင်းပိုင်းကို ကာကွယ်ထားပါတယ်။

‘ဟင်...’ ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုမှာ အလင်းကြိုးမျှင်တွေ ပေါ်လာပြီး အနန္တကမ္ဘာကို ပစ်လွှတ်လိုက်လို့ပါပဲ။ ဒီထဲမှာ အများစုက အင်မော်တယ်ကမ္ဘာကို ဆင်းသက်သွားပါတယ်။

‘ဒါက ဘာတွေလဲ’

ဟန်ကျွယ်ဟာ တိတ်တဆိတ် တွက်ချက်ကြည့်ပေမဲ့ ဒီအလင်းကြိုးမျှင်တွေရဲ့ ဇာစ်မြစ်ကို တွက်ချက်မရပါဘူး။

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။

[ပန်ကူး၏ စိတ်ဆန္ဒသည် ကောင်းကင်တာအိုကို ထိန်းချုပ်နေကြောင်း စစ်ဆေးတွေ့ရှိထား၏။ ပန်ကူး၏ မျိုးဆက် အမြောက်အများ မွေးဖွားလာလိမ့်မည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ချက်ချင်း ရပ်တန့်ပါ။ ပန်ကူး၏ ကမ္ဘာမကျေ ရန်သူ ဖြစ်လာပြီး ဆုလာဘ်အဖြစ် အကောင်းစား ရတနာတစ်ပါးနှင့် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]

[၂။ မရပ်တန့်ပါနှင့်။ ဤကိစ္စသည် ကောင်းကင်တာအို၏ ကံတရား အထောက်အပံ့ကို တိုးတက်စေသည်။ ကောင်းကင်တာအို၏ တိုးတက်ပြောင်းလဲမှုကို စောင့်ကြည့်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိပါမည်။]

‘ပန်ကူးရဲ့ စိတ်ဆန္ဒ...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ပန်ရှင်းကို သူ့ သိမ်းသွင်းအပြီးမှာ ပန်ကူးက သူ့မျိုးဆက် အမြောက်အများကို ဖန်တီးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ တကယ်ကို အကွက်ကောင်းပါ။

ဟန်ကျွယ်ဟာ ပန်ကူးနဲ့ ကမ္ဘာမကျေရန်သူဖြစ်ဖို့ စိတ်ကူးမရှိပါဘူး။ ပန်ကူးက သူ့ကို နည်းနည်းပဲ မကျေနပ်တာပါ။ နောက်ပြီး ဒီကိစ္စက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို တိုးတက်စေမှာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ တားဆီးစရာအကြောင်း လုံးဝ မရှိပါဘူး။

ဒီထက်ပိုပြီး အရေးကြီးတာက နောက်ထပ် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ထပ်ရမှာ ဖြစ်တဲ့အတွက် နောက်ထပ် ပဋိပက္ခနတ်ဘီလူးတစ်ပါး ထပ်မွေးဖွားလာနိုင်ပါပြီ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် ပန်ကူး၏ စိတ်ဆန္ဒကို မရပ်တန့်ဘဲ ကောင်းကင်တာအို၏ တိုးတက်ပြောင်းလဲမှုကို စောင့်ကြည့်ရန် ရွေးချယ်ခဲ့သဖြင့် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]

“ငါတို့တွေ ဘာဖြစ်မှန်း မသိမှတော့ စောင့်ကြည့်ကြတာပေါ့၊ ကောင်းကင်တာအိုက သူ့ဘာသာသူတော့ မဖျက်ဆီးလောက်ပါဘူး၊ ဟုတ်တယ်မလား...”

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ စကားက အဓိပ္ပာယ်ရှိတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။

ကိစ္စမရှိတောတဲ့အတွက် ဟန်ကျွယ်ဟာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ကောင်းကင်အရှင်ရွှမ်တုက ရုတ်တရက် မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ပန်ရှင်းက ဒီအတောအတွင်း ပြောင်းလဲသွားတယ်၊ ပဋိပက္ခ ကောင်းကင်လမ်းကို ပြည့်စုံအောင်လုပ်ဖို့တောင် ခရီးထွက်သွားတယ်၊ ဒီကိစ္စကို တာအိုရောင်းရင်းဟန် ဘယ်လိုထင်လဲ”

ဟန်ကျွယ်ဟာ နောက်လှည့်ပြီး ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက် ကြည့်လိုက်ပါတယ် “ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား...”

အကြောင်းအရင်းတချို့ကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ အကြည့်ကို ကြည့်ပြီး ရင်တဒိတ်ဒိတ် ခုန်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်နဲ့ တွေ့ခဲ့တဲ့ အရင်အချိန်တွေမှာ ဒီလိုခံစားချက်မျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပါဘူး။

ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ဆရာသခင် လောင်ဇီကို တွေးမိလိုက်ပါတယ်။ သူ့ဆရာသခင်ကို ရင်ဆိုင်ရတဲ့အခါမှာလည်း ကောင်းကင်အရှင်ရွှမ်တုဟာ ဒီလိုမျိုး အထိတ်တလန့် ခံစားရပါတယ်။

“တကယ်တော့ ဒါက ကောင်းတဲ့ကိစ္စပါ၊ ဒါပေမဲ့ ပန်ရှင်းက ပဋိပက္ခကို ခဏခဏ သွားနေတာဆိုတော့ သိပ်စိတ်ချလို့ မရဘူး၊ ဒီကိစ္စက တာအိုရောင်းရင်းဟန် စီစဉ်တာဆိုရင်တော့ ဘာမှစိုးရိမ်စရာ မရှိတော့ပါဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters