ငါ့မိန်းမက အရမ်းလှတယ်(၂)
Vol. 26 Ch. 376
စုရှောင်းယွီ စိတ်ဆိုးသွားသည်။ "ဟွန်း အကျင့်မကောင်းတဲ့ ဆရာ။ မထိကြည့်ဖူးပဲနဲ့ သေးမှန်း ဘယ်လို သိမှာလဲ။ ငါနင့်ကို စကားမပြောတော့ဘူး"
လင်းဖန် "..."
သူထိချင်ရင်တောင် သူ့မိန်းမက ခွင့်ပြုပါ့မလား။
သူ့ဇနီးလောင်းကိုတောင် လင်းဖန် အရွယ်အစား သေချာ မသိရသေးပါ။
နေ့လည်ခင်းတွင် Draogn TV နဲ့ Mango TV မှ ကောင်လေး နှစ်ယောက် ညှိနှိုင်းဖို့အတွက် ရောက်လာခဲ့ပါသည်။
စုရှောင်းယွီက သူတို့ကို ကြိုဆိုလိုက်ပါသည်။
ကောင်လေးနှစ်ယောက် စုရှောင်းယွီကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားရသည်။
စုရှောင်းယွီ ဘာလို့ ဒီလောက် လှရတာလဲ။
သူတို့ ဗီဒီယိုကို ကြည့်ပြီးသွားကြသောအခါ ကောင်လေးနှစ်ယောက် သွားရည်ပင် ကျနေပါပြီ။
'၂၀ကျော်ဘဝများ' ရုပ်သံဒရမ်မာက အလွန်ကောင်းပါသည်။
ဆွေးနွေးညှိနှိုင်းခန်းထဲတွင် စုရှောင်းယွီက လက်ရမ်းပြလိုက်သည်။ "သန်း ၇၀၀ ပဲ။ သန်း ၇၀၀ အောက်နည်းရင် ဘာမှ မရောင်းနိုင်ဘူးနော်~"
စုမူချင်းက ဓားထုတ်ခြင်းအနုပညာကို သန်း ၆၅၀ နဲ့ရောင်းခဲ့နိုင်မှန်း သူမ သိပြီးသားဖြစ်သည်။ စုရှောင်းယွီလည်း အနိုင်မခံ အရှုံးမပေးဘဲ စျေးနှုန်းကို သန်း ၇၀၀ အထိ တိုးလိုက်ပါသည်။
ကောင်လေး တစ်ယောက်က ပြောလိုက်၏။ "သန်း ၇၀၀... စုရှောင်းယွီ '၂၀ကျော်ဘဝများ' ရုပ်သံဒရမ်မာ တကယ်ပဲ အရမ်းကောင်းတယ်ဆိုပေမယ့် ပရိတ်သတ်ကို ဆွဲဆောင်နိုင်တဲ့အရာ အများကြီးတော့ မရှိဘူးမလား။ ခင်ဗျားတို့ရဲ့ ဇာတ်ပို့သရုပ်ဆောင် စုမူချင်းကလည်း ပွဲမထုတ်ရသေးတဲ့ တက်သစ်စ တစ်ယောက် ဖြစ်တဲ့ပုံပဲ။ ဒီရုပ်သံဒရမ်မာက ဒီစျေးနဲ့တော့ မတန်ဘူးထင်တယ်"
အမှန်ပင်။ ဒီရုပ်သံဌာနတွေက စျေးကို လျှော့နိုင်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားကြလိမ့်မည်။ စုမူချင်းကလည်း စျေးလျှော့နိုင်မည့် အချက်တစ်ချက် ဖြစ်ပါသည်။
ထိုစကားကို စုရှောင်းယွီ ကြားသောအခါ သူမ ရပ်တန့်သွား၏။ "ခဏနေဦး။ စုမူချင်းက ဒီစျေးနဲ့ မတန်ဘူးလို့ ပြောရဲတဲ့လူရှိရင် သူ့ကို ခေါ်လာပြမယ်~"
စုရှောင်းယွီက စုမူချင်းကို ဆွေးနွေးခန်းထဲ ဆွဲခေါ်လာခဲ့ပါသည်။
စုမူချင်းကို မြင်လိုက်ရတော့ ကောင်လေးများ မျက်လုံးပြူးကျယ်သွားရသည်။
စုရှောင်းယွီက အပြင်ဘက်မှာ အလွန် ရူးသွပ်နေသည့်ပုံပေါ်တတ်ပြီး တစ်ခါတစ်လေမှ တိတ်ဆိတ်နေတတ်သူ ဖြစ်ပါသည်။
စုမူချင်းကတော့ မွေးကတည်းက အလွန် တိတ်ဆိတ်တတ်သည့် မိန်းကလေးမျိုးပင်။ သူမက မြင်တွေ့နေကျ Queen တစ်ယောက်၊ နူးညံ့သူ၊ ချစ်ဖိုကောင်းသူ၊ ချိုမြိန်သူ၊ သန့်စင်သူ တစ်ယောက် ဖြစ်သည်။ ဒီလို မိန်းကလေးမျိုးက ပို၍ပင် ဆွဲဆောင်မှုရှိပါသည်။
စုမူချင်းက အလွန်လှပမှန်း မြင်လိုက်ရ၏။ ရုပ်သံဒရမ်ထဲကထက်တောင် ပိုလှပါသည်။
ကောင်လေးနှစ်ယောက် ခံနိုင်ရည် မရှိတော့ပါ။
အနာဂတ်တွင် စုမူချင်းက ကျိန်းသေ ကြယ်ပွင့် တစ်ပွင့် ဖြစ်လာလိမ့်မည်။
'၂၀ကျော်ဘဝများ' ရုပ်သံဒရမ်မာလည်း တကယ် ရေပန်းစားလာနိုင်သည်။
စုမူချင်းရဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်စွမ်းရည်တို့ကို ကြည့်လိုက်ရုံနဲ့ သူတို့ ယုံကြည်သွားကြပါပြီ။
နောက်ဆုံးမှာတော့ ၂၀ ကျော်ဘဝများ ရုပ်သံ ဒရမ်မာကို သန်း ၇၀၀ ဖြင့် ရောင်းထွက်ခဲ့ပါသည်။
လင်းဖန် ထိုအကြောင်းကြားတော့ သတိပါ လစ်ချင်သွားသည်။
ဓားထုတ်ခြင်းအနုပညာက ထုတ်လုပ်မှုကုန်ကျစရိတ် သန်း ၄၀ ရှိသည်ဆိုလျှင် ၂၀ ကျော်ဘဝများက တကယ့် ကုန်ကျစရိတ် ပိုနိမ့်သည့် ရုပ်သံဒရမ်မာ ဖြစ်ပါသည်။
ရုပ်သံဒရမ်မာ တစ်ခုလုံးကို ရိုက်ကူးဖို့ ယွမ် ၆ သန်းတောင် မကုန်ခဲ့ပါ။
ယွမ် ၆ သန်းနဲ့ ရုပ်သံဒရမ်မာ တကယ် ရိုက်နိုင်ပါ့မလား ဆိုလျှင် တကယ် ရိုက်နိုင်ပါသည်။
စုရှောင်းယွီ၊ စုမူချင်း၊ လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့က အဓိက သရုပ်ဆောင်များ ဖြစ်ကြသည်။ သူတို့က ကုန်ကျစရိတ်အများကြီးမရှိဘဲ ရိုက်ကူးရေးကြေးကလည်း သိပ်မကုန်ခဲ့ပါ။ သူတို့ကို အစုပေါ်အမြတ်နဲ့ အန်ဒိုစာများ ပေးထားပြီးသား ဖြစ်ပါသည်။
အဓိက အချက်က သူတို့အားလုံး လင်းဖန်ရဲ့ ကုမ္ပဏီကချည်းဖြစ်သည်။ သူတို့အားလုံးက အစုပေါ် အမြတ်ကိုပဲ ခွဲယူကြဖို့ ရွေးချယ်ထား၏။ ရုပ်သံဒရမ်မာ ရေပန်းစားလာပါက သူတို့ ငွေတွေ အများကြီး ရပါလိမ့်မည်။
တကယ့်ကို ထုတ်လုပ်မှုကုန်ကျစရိတ်နိမ့်သည့် ရုပ်သံဒရမ်မာ ဖြစ်ပါသည်။
ထိုကဲ့သို့ ရုပ်သံဒရမ်မာမျိုးကို စုရှောင်းယွီက သန်း ၇၀၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။
ဒီတစ်ခေါက် လင်းဖန်က ဒါရိုက်တာ တစ်ယောက်အဖြစ် မပါဝင်တော့ပါ။ သူ့ဝန်ထမ်းတွေကိုသာ ကိုင်တွယ်ခိုင်းထားပါသည်။
ဝန်ထမ်းတွေက အကောင်းဆုံး ရုပ်သံဒရမ်မာကို ရိုက်ကူးဖို့ ငွေပမာဏ အနည်းဆုံးကိုသာ သုံးခဲ့ကြ၏။
ထို့နောက် သူ့ဘေးက ကောင်မလေးနှစ်ယောက်ဖြစ်သည့် စုမူချင်းနဲ့ စုရှောင်းယွီတို့က ဒရမ်မာကို ဒီလောက်စျေးမြင့်မြင့်ဖြင့် ရောင်းချနိုင်ခဲ့ကြပါသည်
လင်းဖန်က ဘော့စ်တစ်ယောက်ဖြစ်ပြီး အသုံးမကျဘူးဟု ကိုယ့်ကိုယ်ကို ခံစားလိုက်ရပါသည်။
သူ့ဝန်ထမ်းတွေ ဘာလို့ ဒီလောက် တော်ရတာလဲ။
သူ့ဘေးက ကောင်မလေးတွေ အားလုံးကလည်း အလွန်လှပကြသည်။
သူ့ချစ်သူကတောင် ရှားဝမ်ချွေ့လို လှပသည့် ကောင်မလေးမျိုး ဖြစ်သည်။
လင်းဖန်က ကုမ္ပဏီ အများစုတွင် အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်သည်။
သူ့ဘဝက ဘာလို့ ဒီလောက်အေးချမ်းပြီး ပျော်ဖို့ ကောင်းတယ်လို့ ခံစားနေရပါလိမ့်.....။
လင်းဖန်က ဇာတ်ညွှန်း ၂ ခုသာ ရေးပေးလိုက်ပြီး ရုပ်သံဒရမ်မာများကို စတင်ထုတ်လွှင့်မပြသခင်မှာပင် ၁.၃ ဘီလီယံ ပိုင်ဆိုင်သွားပါပြီ။
ရုတ်ခြည်းဆိုသလို ၁.၃ ဘီလီယံလောက် ပိုင်ဆိုင်သွား၏။
ငွေဝင် အလွန်မြန်လှသည်။ အိပ်မက်တစ်ခုလိုပင်။
ဒီလို ဘော့စ်တစ်ယောက်လုပ်ပြီး ငွေရှာရတာလည်း မဆိုးလှပါ။
လင်းဖန် ထိုင်လိုက်ပြီး ရယ်မောလိုက်၏။ သူ့အကောင့်ထဲက ၁.၃ ဘီလီယံကို ကြည့်ကာ ပျော်ပျော်ရွှင်ရွှင် ပြုံးလိုက်ပါသည်။
တကယ်ပဲ ကုမ္ပဏီတစ်ခု တည်ထောင်ပြီး ငွေရှာရတာ ကျေနပ်ဖို့ကောင်းပါသည်။ လပိုင်းတည်းနဲ့ ၁.၃ ဘီလီယံကို ပိုင်ဆိုင်သွားသည်။
ယခုတော့ သူ တကယ် ချမ်းသာသွားပြီဟု ဆိုနိုင်ပါသည်။
စုရှောင်းယွီ သူ့ရှေ့မှာ လာရပ်လိုက်သည်။ သူမရဲ့ မျက်နှာက မျှော်လင့်စောင့်စားမှုများနဲ့ ပြည့်နှက်နေပြီး သူမ၏ ဆုလာဘ်ကို စောင့်မျှော်နေပါသည်။
လင်းဖန်က စုရှောင်းယွီနဲ့ စုမူချင်းတို့၏ လက်များကို ဆွဲလိုက်ပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။ "ဘာမှ ပြောဖို့ မလိုတော့ဘူး။ နင်တို့နှစ်ယောက် ဒီနေ့ အရမ်းတော်တယ်။ ငါတို့ တစ်ချက်တည်းနဲ့ အမြတ် ၁.၃ ဘီလီယံ ရသွားပြီ"
ထို့နောက် လင်းဖန်က ကုမ္ပဏီတွင် တရားဝင် ကြေညာခဲ့ပါသည်။
"ကုမ္ပဏီအတွက် အားလပ်ရက် ၃ ရက်ပေးမယ်လို့ ကြေညာပါတယ်"
"နောက်ထပ် ၃ ရက်အတွင်း ဘာမှ ရိုက်ကူးခွင့် မရှိဘူး"
"စုရှောင်းယွီ၊ စုမူချင်း၊ လင်းခဲ့ရှင်း၊ ချူးယောင်ယောင်၊ ထန်ရှင်းရန်၊ ရှုယန်၊ လင်းကျင်းကျင်း၊ ဖန်တုံတုံတို့ အားလုံး ငါ့အိမ်ကို လာပြီး ပါတီအတူတူလုပ်ကြစို့"
"မင်းတို့အတွက် စားတော်ပွဲတစ်ခု အခမဲ့ ချက်ပြုတ်ပေးမယ်။ အကင်တွေစားကြ ရှုခင်းတွေ ကြည့်ကြ။ ဘဝကို ပျော်ပျော်နေကြစို့"
စုရှောင်းယွီ ပျော်ရွှင်သွားပါသည်။
စုမူချင်း၏ ပါးများက နီမြန်းနေ၏။
ဘော့စ်လင်း ပျော်တာ ပျော်ပေမယ့် ဘာလို့ သူမ လက်ကို ဆွဲပြီး ပြန်မလွှတ်သေးတာလဲ။
မိန်းကလေးတွေကို ဒီလို အနိုင်ကျင့်ပြီး အခွင့်ကောင်းယူလို့ ရမလား။
သူမက စုမိသားစု၏ ဒုတိယသမီးဖြစ်ကာ ယခင်တုန်းက ယောက်ျားလေးတစ်ယောက် ဒီလို အနိုင်ကျင့်တာမျိုးကို တစ်ခါမှ မခံရဖူးပါ။
သို့သော်လည်း တစ်ဖက်လူက ဘော့စ်ဖြစ်နေသဖြင့် စုမူချင်း ဘာမှ မပြောရဲခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ဘော့စ်က ဘော့စ်ပါပဲ။
လင်းဖန် ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် ကုမ္ပဏီတစ်ခုလုံး ဗြောင်းဆန်သွားခဲ့သည်။
"အား ဘော့စ်လင်းက အရမ်း သဘောကောင်းတာပဲ။ ပိတ်ရက် ၃ ရက်ပေးပြီး ဘောနပ်စ်တွေတောင် ပေးသေးတယ်"
"ငါတို့ကုမ္ပဏီရဲ့ ဘော့စ်ကွ။ ငိုတောင်ငိုချင်လာပြီ။ နောက်ကို ကုမ္ပဏီမှာ အလုပ်ကောင်းကောင်းလုပ်ရမယ်။ ကျားရှင်းမှာ အလုပ်လုပ်ရတာ ပျော်တယ်ကွာ"
"ဒါပေမယ့် ငါအလုပ်လုပ်ချင်တယ်လေ။ ငါဘယ်လို လုပ်ရမလဲ။ ငါအလုပ်မလုပ်ရင် ဘော့စ်လင်းကို တွေ့ရမှာ မဟုတ်ဘူး"
"ဘောနပ်စ်နောက်တစ်ခုလည်း ရှိသေးတယ်။ ဘော့စ်လင်းက အရမ်းချောတာပဲ~"
တကယ်တော့ လင်းဖန်က သူမကို အခွင့်အရေးယူခြင်း မဟုတ်ပါ။ အပျော်လွန်သွားတာသာ ဖြစ်သည်။
၁.၃ ဘီလီယံယွမ်ကို ပိုင်ဆိုင်လိုက်ရလျှင် ဘယ်သူက မပျော်ဘဲ နေနိုင်မှာလဲ။ အချိန်အကြာကြီး အလုပ်တွေ ကြိုးစားပြီးနောက် ပျော်ပျော်နေတာ ကောင်းပါသည်။
ထိုအချိန်တွင် ကောင်မလေးတစ်ယောက်က ကုမ္ပဏီထဲ လျှောက်ဝင်လာခဲ့ပါသည်။
အန်ဒိုစာ ရိုက်ကူးရေး ခုမှ ပြီးသွားတာ ဖြစ်သည့် ရှားဝမ်ချွေ့ ဖြစ်သည်။
"မြောင် မြောင်" ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်၏။
"မိန်းမ အားလပ်ရက်ကျရင် အိမ်ပြန်ကြစို့။ နောက် ရက်ပိုင်းထဲ နင် အန်ဒိုစာရိုက်ခွင့် မရှိဘူး" လင်းဖန် ပြောပြီး ရှားဝမ်ချွေ့၏ ပါးကို နမ်းလိုက်ပါသည်။
"မရိုက်တော့ပါဘူး။ ငါလည်း အလုပ်ပြီးပြီ" ရှားဝမ်ချွေ့ လင်းဖန်ကို ကြည့်ကာ ချိုမြိန်စွာ ပြုံးပြလိုက်ပါသည်။ သို့သော်လည်း သူမ မျက်နှာက အနည်းငယ် နီရဲနေပါသည်။
"နှာဘူးကောင် ငါ့ကို မြင်တာနဲ့ နမ်းဖို့ပဲ" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်သည်။
"ငါ့မိန်းမက အရမ်းလှတာကိုး" လင်းဖန် သက်ပြင်းချလိုက်ပါသည်။ ရှားဝမ်ချွေ့က လှပလွန်း၏။ သူ့မှာ ရွေးချယ်စရာ မရှိပေ။ လင်းဖန် စုရှောင်းယွီနဲ့ စုမူချင်းတို့လို မိန်းမလှလေး နှစ်ယောက်ကြားထဲမှာ မနေနိုင်တော့ပါ။
သူ ခံနိုင်ရည် မရှိတော့ရင် ဘယ်လိုလုပ်ရမလဲ။ တခြား ကောင်မလေးတွေကိုလည်း အနိုင်ကျင့်လို့ မရသဖြင့် သူ့မိန်းမကိုသာ အနိုင်ကျင့်နိုင်ပါသည်။
"အမှိုက်ကောင်၊ နင်ဘာလို့ အရမ်းပျော်နေတဲ့ပုံ ပေါက်နေတာလဲ" ရှားဝမ်ချွေ့က ခေါင်းလေးစောင်းကာ လင်းဖန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ပြောစရာ မလိုအောင် စုမူချင်းနဲ့ စုရှောင်းယွီတို့ရဲ့ ညှိနှိုင်းစကေးတွေက အရမ်းကောင်းတာ။ သူတို့ ဒီနေ့ ၁.၃ ဘီလီယံ ရှာနိုင်ခဲ့တယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"တကယ်လား" ရှားဝမ်ချွေ့လည်း မှင်သက်သွားသည်။
"ဒါပေါ့" လင်းဖန် ခေါင်းငြိမ့်လိုက်၏။
"ကိုယ့်ကို ဆုမချဘူးလား" လင်းဖန်က မေးကာ မျက်လုံးမှိတ်လိုက်ပါသည်။
စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိသည့် အမူအယာလေး လုပ်ပြလိုက်သည်။ ထို့နောက် ခြေဖျားထောက်ပြီး လင်းဖန်၏ ပါးကို အမြန်နမ်းလိုက်ပါသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း စုရှောင်းယွီဘေးကို ပြေးသွားလေသည်။
"ဒါပဲလား..." လင်းဖန် အနည်းငယ် စိတ်ပျက်သွား၏။
သူစိတ်ပျက်သွားသော်လည်း မျက်နှာကို မသုတ်ရက်ပါ။
သူငွေဘယ်လောက်ရရ အရေးမကြီးပေ။ သူ့မိန်းမ နမ်းတာကို ခံရသည့် ခံစားချက်က ဖော်ပြလို့တောင် မရနိုင်ပေ။
ရှားဝမ်ချွေ့လက်ကို ကိုင်ပြီး အိမ်ပြန်ဖို့ ပြင်လိုက်၏။
သူဌေးတစ်ယောက်ရဲ့ ဘဝက ဒီလောက် ရိုးရှင်းပါသည်။ ပျင်းဖို့လည်းကောင်း၊ ပျော်ဖို့လည်း ကောင်း၏။