လင်းဖန်ကို မတော်တဆ ချစ်မိိသွားရင် ဘယ်လိုလုပ်မလဲ
Vol. 26 Ch. 377
Tomson Riviera ဗီလာကြီးတွင်...
တန်ဖိုးကြီး ဧရာမ မီးဆိုင်းကြီးတစ်ခု၊ သိမ်မွေ့သည့် မီးအလင်းရောင်၊ သစ်သားကြမ်းပြင်တို့ ရှိနေသည်။ မီးဆိုင်းကြီး၏ အောက်တွင် လူ ၁၀ ယောက်ကျော် ထိုင်ဆံ့နိုင်သည့် စားပွဲဝိုင်းကြီး တစ်လုံး ရှိပါသည်။
ရှုယန်နဲ့ ဖန်တုံတုံတို့ အတူတူ ထိုင်နေကြသည်။ ဒါရိုက်တာလုပမ်ခိုင်းနဲ့ လျို့မိုတို့လည်း ပါသည်။
မိန်းကလေးများလည်း အတူတကွ ထိုင်နေကြသည်။
မြင်ရသလောက်တော့ အားလုံးက မိန်းမလှလေးတွေချည်းပင်။
လင်းဖန်၏ ဗီလာထဲမှာ မလှပသည့် မိန်းကလေးဟူ၍ မရှိပါ။
နောက်ဆုံးဟင်းလျာဖြစ်သည့် ငါးပေါင်းကို စားပွဲဝိုင်းဆီ လာတည်ခင်းပေးလိုက်ပြီးနောက် လင်းဖန်လည်း ဝင်ထိုင်လိုက်ပါသည်။
ဒီနေ့ လင်းဖန် စားတော်ပွဲကြီးတစ်ခု ဖန်တီးခဲ့သည်။
အမှန်ပင်။ အိမ်ချက် ဟင်းလျာတချို့လည်း ရှိပါသည်။ အသီးအရွက်ဟင်းကများပြီး အသားဟင်းက နည်းသည်။
ငါးပေါင်း၊ သိုးသား၊ ငါးကင်၊ ဘဲကင်၊ ကြက်ကင်၊ အရသာရှိသည့် ငါးစွပ်ပြုတ်၊ ကျောက်ပုစွန်ကြီးများ အားလုံး ရှိပါသည်။
အသီးအရွက်ဟင်းက ပိုများ၏။ ခရမ်းချဉ်သီးကင်၊ အာလူးထောင်း၊ ခရမ်းသီးမီးဖုတ်၊ သခွားသီးထောင်း စသည်ဖြင့် ရှိကြပါသည်။
ကောင်မလေးများအတွက် အသီးအရွက်သုပ်ကိုပင် လင်းဖန် ပြင်ဆင်ပေးထားသေးသည်။
ကောင်မလေးများက အစကတည်းက အစားနည်းကြသူများဖြစ်သည်။ စုရှောင်းယွီကတော့ ခြွင်းချက်ဖြစ်၏။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ရပါသည်။
စားတော်ပွဲမှာ ဟင်းလျာတွေ ဘယ်လောက်များများ ဖန်တုံတုံ ရှိသရွေ့ ဘာမှ အလကားဖြစ်မှာ မဟုတ်ပါ။
"အား ဟင်းလျာတွေ ရောက်လာပြီ။ နောက်ဆုံးတော့ ရောက်လာပြီကွ။ အနံ့တစ်ခုတည်းနဲ့ ဒီနေ့စားတော်ပွဲကြီး အရမ်းအရသာရှိမယ်လို့ ခံစားနေရပြီဟေ့" ဖန်တုံတုံက ပြောလိုက်သည်။ မျက်လုံးများကလည်း တောက်ပလျက် ရှိ၏။
"မိုက်လိုက်တာ။ ဘဲကင်၊ ကြက်ကင်၊ သိုးသား၊ ကြက်တောင်ပံတွေကော ဘာလို့ အားလုံးနီးပါး ရှိနေရတာလဲ။ တို့ဟူး၊ သိုးသားတုတ်ထိုး၊ ဇီရာမှုန့်၊ ငရုတ်သီးမှုန့်တွေလည်း ရှိတယ်။ ငါအကင်တွေတောင် စားချင်လာပြီ ဟားဟား" ဖန်တုံတုံ ကြက်ကင်တစ်ဝက်ကို ယူလိုက်ပြီး စတင် စားပါလေတော့သည်။
ဖန်တုံတုံလောက် ဘယ်သူမှ မစားနိုင်ကြပါ။ စုရှောင်းယွီလည်း အစားပုပ်တစ်ယောက် ဖြစ်တာတောင် အသီးအရွက်သာ ပိုစားရပါသည်။
"ဟွန်း။ တကယ်စားနိုင်တာပဲ။ ငါ့ထက်တောင် ပိုစားနိုင်တယ်" စုရှောင်းယွီက ပြောဆိုလိုက်ပြီး ကြက်ပေါင်တစ်ချောင်းကို ယူလိုက်ပါသည်။
"ရှောင်းယွီ နင်ကြက်ပေါင်စားလို့ မရဘူးလေ။ ဝသွားလိမ့်မယ်" ရှားဝမ်ချွေ့က ပြောလိုက်သည်။
သူတို့လို့ နာမည်ကျော်တွေက ဝိတ်ကျဖို့ တစ်နေ့လည်ခင်းလုံး လေ့ကျင့်ခန်းလုပ်ရသူတွေ ဖြစ်သည်။ သူမသာ ကြက်ပေါင်တစ်ချောင်း စားလိုက်ပါက ကယ်လိုရီတွေ ပြန်ဆုံးရှုံးဖို့ အချိန် ဘယ်လောက်တောင် ကြာမလဲ မသိနိုင်ပါ။
စုရှောင်းယွီက ကြက်ပေါင်တစ်ကိုက်ကိုက်ကာ ပြောလိုက်သည်။ "ဟွန်း။ ငါ ဝလာလည်း ဘာဖြစ်လဲ။ ငါ ဝလာရင်တောင် ကြက်ပေါင်စားမှာပဲ။ ဆရာ့ကြက်ပေါင်တွေက ကြီးပြီး ထူနေတာပဲ။ စားလို့ ကောင်းတယ်"
ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်သည်။ "ညစာပြီးရင်တော့ ငါလေ့ကျင့်ခန်းလုပ်ရတော့မှာပဲ~"
စုရှောင်းယွီလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါပြီ ~ ဒါဆို ခွေးမလေး အရင်စားတော့မယ်"
ခဏလောက်ကြာသောအခါ စုရှောင်းယွီက ရှားဝမ်ချွေ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။ "အစ်မဝမ်ချွေ့။ အသားမစားသင့်ဘူးလို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ငါးပေါင်းတွေအကုန် နင်ပဲ စားသွားတယ်။ ငါတောင် မစားရသေးဘူး"
ရှားဝမ်ချွေ့က တစ်ရှူးဖြင့် ပါးစပ်ကို သုတ်ကာ ပြောလိုက်သည်။ "အင်း... ငါ ဝလာလည်း ဘာမှ မဖြစ်ဘူး။ လင်းဖန်ရဲ့ ငါးပေါင်းက အရမ်း အရသာရှိတာကိုး"
ထန်ရှင်းရန်၏ မျက်လုံးများလည်း ဝိုင်းစက်သွားသည်။ "အာ~ အစ်ကိုလင်းဖန်ရဲ့ စားတော်ပွဲက အရမ်း အရသာရှိတာပဲ။ အစ်ကိုလင်းဖန် နောက်ဆို နေ့တိုင်း စားလို့ ရမလား"
လင်းဖန်က ထန်ရှင်းရန်ကို ခေါင်းခေါက်ကာ ပြောလိုက်ပါသည်။ "မရဘူး။ နင်က ငယ်သေးတယ် ဆိုပေမယ့် နင့်ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်။ နေ့တိုင်း စားတော်ပွဲတွေ စားနေလို့ မဖြစ်ဘူး။ ဝလာလိမ့်မယ်"
ချူးယောင်ယောင်နဲ့ လင်းခဲ့ရှင်းတို့ အတူတူ ထိုင်နေကြပါသည်။ ကောင်မလေးနှစ်ယောက်က တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေကြသည်။
ချူးယောင်ယောင် လင်းခဲ့ရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "လင်းဖန်ရဲ့ စားတော်ပွဲက... တကယ် အမြဲတမ်း အရမ်းအရသာ ရှိတာပါလား။ ဒီလောက် အရသာရှိတဲ့ စားတော်ပွဲမျိုးကို စားဖူးတာ ပထမဆုံးအကြိမ်ပဲ။ ဟင်းအနှစ်တွေက အရမ်း အရသာရှိတယ်။ အသီးအရွက်သုပ်ကတောင် ငါ့ကို မှင်သက်သွားစေတယ်"
လင်းခဲ့ရှင်း ပြောလိုက်ပါသည်။ "ဟုတ်တယ်။ လင်းဖန်ရဲ့ စားတော်ပွဲကို ငါစားနိုင်မယ်ဆိုရင် တစ်လ လစာဖြတ်ခံရလည်း ဖြစ်တယ်။ ကြယ် ၅ပွင့် ဟိုတယ်က စားဖိုမှူးချက်တဲ့ စားတော်ပွဲကို ငါစားဖူးပါတယ်။ ဒါပေမယ့်လင်းဖန်ရဲ့ စားတော်ပွဲနဲ့ ခြားနားလွန်းတယ်။ ကွာခြားချက်က များလွန်းပါတယ်"
စုမူချင်းလည်း သူမရဲ့ အသီးအရွက်သုပ်ကို တိတ်ဆိတ်စွာ စားနေလိုက်ပါသည်။
သူမ အသားနည်းနည်း ကိုက်စားလိုက်သည်။ တစ်ကိုက်လောက် ကိုက်လိုက်တာနဲ့ တစ်ကိုယ်လုံး တုန်ခါသွားရ၏။
သိုးသားကို ဒီလောက်အရသာ ရှိအောင် ဘယ်လိုလုပ် ချက်နိုင်တာလဲ။
တစ်ကိုက်လောက် ကိုက်လိုက်ရုံနဲ့ လူတွေကို ယစ်မူးသွားစေပြီး မရပ်တန့်နိုင်တော့ပါ။
သူမ တစ်ကိုက်သာ ကိုက်ပြီး ထပ်မစားတော့ပေ။ ထို့နောက် အသီးအရွက်သုပ်သာ စားနေလိုက်ပါသည်။
"အသီးအရွက်သုပ်က တကယ် အရသာရှိတာပဲ~" စုမူချင်း နူးညံ့စွာ ပြောလိုက်ပါသည်။ သူမရဲ့ မျက်လုံး လှလှလေးများက လင်းဖန်ကို ပျော်ရွှင်စွာ ကြည့်လိုက်ပါသည်။
သူမ လင်းဖန်ရဲ့ လက်ထောက်လာ လုပ်တာ တကယ်ပဲ မှန်ကန်ပါသည်။
လင်းဖန်ဆီက သင်ယူစရာတွေ အများကြီး ရရုံတင် မကဘဲ ဒီလိုအရသာရှိသည့် အစားအစာများကိုပါ စားသုံးနိုင်ပါသည်။
သူမက ခေါက်ဆွဲစားရတာကို အကြိုက်ဆုံးဖြစ်သည်။ သို့သော်လည်း လင်းဖန် ဘယ်တော့ ခေါက်ဆွဲချက်ကျွေးမလဲဆိုတာကို သူမ မသိပါ။
လင်းဖန်ရဲ့ ခေါက်ဆွဲကလည်း အရသာ ရှိလောက်ပါသည်။
ခေါက်ဆွဲများက ဝါးလို့ကောင်းပြီး သာမန် ထမင်းနဲ့ ခြားနားသည်။
ခေါက်ဆွဲများကို နှုတ်ခမ်းဖြင့် စုပ်ယူလိုက်ပြီး စွပ်ပြုတ် ကြည်ကြည်လင်လင်ကိုလည်း သောက်သုံးနိုင်သည်။ သူမ တစ်ကျိုက်တည်းတောင် သောက်နိုင်ပါသည်။ အရသာရှိလွန်း၏။
ကတ်ကြေးကိုက်ခေါက်ဆွဲများ၊ အချဉ်ရည်ခေါက်ဆွဲများစသဖြင့် ထိုခေါက်ဆွဲများ အားလုံးက အရသာရှိပါသည်။
စုမူချင်းက မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ရှက်သွေးဖြာသွားပြီး ခေါင်းပြန်ငုံ့လိုက်ပါသည်။
လက်ထောက်တွေက ကိုယ့်ဘော့စ်ကိုယ် ချစ်မိသွားလို့ မဖြစ်ဘူးဟု ဆိုကြ၏။
သို့သော်လည်း လင်းဖန်၏ ညစာကို စားပြီးနောက် လင်းဖန်ကို အနည်းငယ်ပင် ပိုသဘောကျသွားပါသည်။
ဒီလောက်တော်တဲ့လူမျိုး ဘယ်မှာ ရှိနိုင်မှာလဲ။
သူမငယ်စဉ်ကတည်းက မိသားစုဝင်ပေါင်းစုံနဲ့ တွေ့ဆုံဖူးပါသည်။ ဒုတိယမျိုးဆက် သူဌေးသားတွေပဲ ဖြစ်ဖြစ်၊ ဘော့စ်ကြီးတွေပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှ ပညာသင်ပြီး ပြန်လာသည့် ပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ထိပ်တန်း တက္ကသိုလ်နှစ်ခုမှ ဉာဏ်ကြီးရှင်တွေပဲဖြစ်ဖြစ် သူမ အားလုံးနဲ့ ဆုံဖူးပါသည်။
သို့သော်လည်း လင်းဖန်လို လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးပါ။
ဥပမာအားဖြင့် Alibaba ၏ ဘော့စ်မာက တော်ပါသည်။ သို့သော်လည်း ဘော့စ်မာရဲ့ စားတော်ပွဲက လင်းဖန် ချက်တာလောက် အရသာ ရှိနိုင်ပါ့မလား။
တချို့ယောက်ျားတွေက မိန်းကလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ လှလှပပ စကားလုံးများ သုံးကြသည်။
တချိုက ရုပ်ရည်ကို အားကိုးပြီး မိန်းကလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ကြသည်။
လင်းဖန်ရဲ့ ရုပ်ရည်ကလည်း ပြောစရာမလိုပါ။
လင်းဖန်က မိန်းကလေးတွေရဲ့ နှလုံးသားကို ဖမ်းစားဖို့ အချက်အပြုတ်စွမ်းရည်ကို အားကိုးပါသည်။
လင်းဖန်ရဲ့ စားတော်ပွဲကို စားဖူးသည့် ဘယ်လို မိန်းကလေးမှ ခံနိုင်ရည်ရှိမှာ မဟုတ်ကြပါ။
ဘဝမှာ အကြီးများဆုံး ပျော်ရွှင်မှုက သာသာယာယာ နေဖို့ဖြစ်သည်။
သာသာယာယာနေဖို့ အကောင်းဆုံးနည်းလမ်းက စားသောက်ဖို့သာ ဖြစ်သည်။
စားသောက်ခြင်းဆိုတာ လူတိုင်းနေ့စဉ် လုပ်ဆောင်ရသည့် အလုပ်မျိုးလည်း ဖြစ်၏။
အချက်အပြုတ်ကောင်းသည့် ကောင်လေးမျိုး ပိုင်ဆိုင်ထားရတာလည်း ကောင်းပါသည်။
ဘာကြောင့်မှန်းမသိဘဲ စုမူချင်း စိတ်ဝင်စားသွား၏။
သူမ အနည်းငယ်လည်း ရှက်ရွံ့သွားပါသည်။
ဘေးနားမှာ လူတွေ အများကြီး ရှိသော်လည်း စုမူချင်း ရှက်သွေးဖြာနေတာကို ဘယ်သူမှ သတိမထားမိကြပါ။
သူမလို တည်ငြိမ်ပြီး အေးဆေးသည့် မိန်းကလေးမျိုးက တစ်ခါမှ မချစ်ကြိုက်ခဲ့ဖူးပေ။
သူမက စက္ကူဖြူတစ်ရွက်လိုမျိုး အပြစ်ကင်းစင်သည်။ ဒီနေ့ သူမရဲ့ အချစ်တွေ ပထမဆုံးအကြိမ်အဖြစ် နိုးထလာပုံရသည်။
အရင်တုန်းကလည်း စုမူချင်း တခြား ရုပ်ချောချော ကောင်လေးများကို မြင်ဖူးပါသည်။
သို့သော်လည်း ထိုရုပ်ချောချော လူတွေကတောင် လင်းဖန်ကို လုံးဝ မယှဉ်နိုင်ပါ။
လင်းဖန်က တကယ်ပဲ ချောမောလွန်းပါသည်။
ညစာစားပြီးနောက် လင်းဖန်၏ ဗီလာမျက်နှာချင်းဆိုင်ရှိ ဗီလာကို သွားပြီး အနားယူကြသည်။
စုရှောင်းယွီက လေ့ကျင့်ခန်းသွားလုပ်ပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ ထိုင်ပြီး တီဗီကြည့်နေကြပါသည်။
ရှားဝမ်ချွေ့က လင်းဖန်၏ ပခုံးပေါ်တွင် နူးနူးညံ့ညံ့ မှီထားသည်။ သူတို့ ဆက်ဆံရေးက တည်ငြိမ်ပြီး အေးချမ်းပါသည်။
လင်းဖန်ဘေးတွင် မှီထားသောအခါ ရှားဝမ်ချွ့ ပါးပြင်များ အနည်းငယ် နီမြန်းနေ၏။
လင်းဖန်ရဲ့ လက်က ဆိုဖာထောင့်ကို ပတ်သွားပြီး ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို နူးညံ့စွာ ဖက်ထားလိုက်ပါသည်။
ရှားဝမ်ချွေ့က အနည်းငယ် ရှက်ရွံ့သွားပြီး ခေါင်းငုံ့လိုက်သည်။ သို့သော်လည်း သူမ မငြင်းဆန်ခဲ့ပါ။
မီးရောင်များက မှေးမှိန်နေ၏။ တီဗီ၏ အလင်းရောင်နဲ့ ကြော်ငြာသံတွေသာ ရှိပါသည်။
လင်းဖန် ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
ရှားဝမ်ချွေ့လည်း လင်းဖန်ကို ကြည့်လိုက်၏။
သူတို့ အကြည့်များ ဆုံတွေ့သွားခဲ့၏။
ရှားဝမ်ချွေ့၏ ခါးကိုဖက်ထားပြီး သူ့ရင်ခွင်ထဲက ကောင်မလေးကို ကြည့်လိုက်သည်။ အခုချိန်ထက် ကမ္ဘာပေါ်မှာ ပျော်စရာကောင်းသည့် အရာမျိုး ရှိမှာ မဟုတ်တော့ပါ။
ရှားဝမ်ချွေ့၏ နှလုံးခုန်သံ၊ အသက်ရှူသံနဲ့ လေပြည်လေညှင်းများကိုတောင် လင်းဖန် ခံစားမိပါသည်။
ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲတွင် ရူးရူးမိုက်မိုက်ပြုံးလိုက်ပြီး မျက်လုံးများကို နူးညံ့စွာ မှိတ်လိုက်ပါသည်။
ထိုအချိန်တွင် ရှားဝမ်ချွေ့က အလှပဆုံး ဖြစ်နေပြီး နတ်သမီးလေးတစ်ပါးလို အေးချမ်းသည်။
သူမက လင်းဖန်၏ ရင်ခွဲထဲမှာ ရှိနေသည်။ သူမရဲ့ ရှက်ရွံ့နေသည့် ပုံစံလေးနဲ့ ဦးဆောင်မှုတို့ကြောင့် သူ မက်မောသွားရသည်။ သူမ မျက်လုံးတွေကို မှိတ်လိုက်ပြီး လက်များကို လင်းဖန်၏ ပခုံးပေါ် တင်လိုက်ပါသည်။
ဒီလို မိန်းကလေးမျိုးက ကမ္ဘာပေါ်မှာ ရှားပါးသည်။
ဒေါက်။
နာရီက သန်းခေါင်ယံကို ကျော်လွန်သွားပါပြီ။
နှစ်ယောက်သား ဖက်ထားရင်း လင်းဖန်၏ အနမ်း ရှားဝမ်ချွေ့၏ နှုတ်ခမ်းနီနီလေးအပေါ် ကျရောက်လာခဲ့ပါသည်။