ငါ့ကိုသဘောကျလား စုရှောင်းယွီ
Vol. 26 Ch. 378
မီးရောင်မှိန်မှိန်နဲ့ တီဗီပေါ်က ဆူညံသံတွေက လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို မနှောင့်ယှက်နိုင်ပါ။
ရိုးရိုးရှင်းရှင်း အနမ်းလေးက ၁၀ စက္ကန့်ကျော် ကြာမြင့်ခဲ့သည်။
ရှားဝမ်ချွေ့ကို လင်းဖန် လွှတ်လိုက်တော့ သူမ မျက်နှာက နီရဲနေပါပြီ။
လင်းဖန်ရင်ခွင်ထဲမှာ ရှားဝမ်ချွေ့ ပုန်းနေလိုက်ပြီး သူ့ရင်ဘတ်ကို ထုလိုက်သည်။ သူမ နူးညံ့စွာ ပြောလိုက်သည်။ "ဟွန်း အကျင့်မကောင်းတဲ့ကောင်"
သူ့ရင်ခွင်ထဲက ကောင်မလေးကို ဖက်ထားရင်း လင်းဖန် တစ်ခါမှ မကြုံဖူးသည့် အားရကျေနပ်မှု ခံစားချက်မျိုးကို ခံစားလိုက်ရပါသည်။
သူ့ရင်ခွင်ထဲက ကောင်မလေးနဲ့ သူမ ပိုင်ဆိုင်သမျှ အရာအားလုံးက သူ့အပိုင်ပဲ ဖြစ်သည်။
အရေးအကြီးဆုံး အရာကို မပိုင်ဆိုင်ရသေးသော်လည်း ထိုနေ့ရက် မကြာခင် ရောက်လာပါတော့မည်။
လင်းဖန်က ရှားဝမ်ချွေ့ကို ပွေ့ဖက်လိုက်ပြီး ပြောလိုက်၏။ "ဝမ်ချွေ့ ငါ့ယောက္ခမကို ဘယ်တော့ သွားတွေ့ကြမှာလဲ။ နင့်အိမ်ကို သွားပြီး နင့်မိဘတွေ တွေ့ဖို့ အချိန်ကျပြီလေ"
ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်သည်။ "အင်းပါ။ အချိန်မရွေးသွားလို့ရတယ်။ ငါ့အဖေ မကြာသေးခင်ကမှ ကျန်းမြို့ကို ပြန်ရောက်လာတာ။ ငါ့အမေတော့ မရှိဘူ။ ရက်ပိုင်းလောက်နေရင် ငါ့အဘိုး မွေးနေ့ရောက်တော့မယ်။ ငါတို့ အတူတူ အိမ်ပြန်လို့ရတယ်~"
"လင်းဖန်၊ ငါလည်း ငါ့ယောက္ခမလောင်းတွေကို တွေ့ချင်တယ်။” ရှားဝမ်ချွေ့က လင်းဖန်ကို အတည်ပေါက် ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
စုံတွဲတစ်တွဲက လက်ထပ်ချင်ပြီး မိဘများ၏ သဘောတူညီမှုကို ရရှိနိုင်ပါက သူတို့ ပို၍ပင် ပျော်ရွှင်နိုင်ကြပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ကိုယ့်အချစ်ရေးကြောင့် ဘယ်သူမှ မိသားစုကို ပဋိပက္ခ မဖြစ်စေချင်ကြဘူး မဟုတ်လား။
လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "ငါ့အဖေနဲ့ အမေကို ယောက္ခမတွေလို့ ခေါ်လိုက်ပြီဆိုတော့ ငါ့ကို လက်ထပ်ဖို့ သဘောတူလိုက်တဲ့သဘောပဲ"
ရှားဝမ်ချွေ့က လျှာထုတ်လိုက်၏။ "အခု ပြေးလို့ လွတ်သေးလား"
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပြီး သူမကို ထပ်နမ်းရှိုက်လိုက်ပါသည်။
ဒီတစ်ခေါက် အလွန် အားပါလွန်း၏။
လင်းဖန်က ရှားဝမ်ချွေ့၏ မျက်ဝန်းထဲကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "နင်က ငါ့ကောင်မလေးပဲ။ ထာဝရ ငါပဲ ပိုင်ဆိုင်ရမှာ။ နင့်ကို ထွက်ပြေးခွင့် မပြုနိုင်ဘူး"
ရှားဝမ်ချွေ့က ချိုမြိန်စွာပြုံးလိုက်ပြီး လင်းဖန်ကို လှလှပပ မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ "ဒါဆို... ရှောင်းယွီကကော"
"ရှောင်းယွီလည်း နင့်ကို သဘောကျတယ်လေ" ရှားဝမ်ချွေ့ ပြောလိုက်ပါသည်။
"သူ ငါ့ကို သဘောမကျပါဘူး။ ငါ့ကို အစ်ကိုကြီး တစ်ယောက်လို အားကိုးတာ နေမှာပါ" လင်းဖန်က ပြုံးကာ ပြောလိုက်၏။
"ဟုတ်လား။ သူသာ နင့်ကို တကယ်ကြိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒီတစ်သက် နင်ကလွဲပြီး တခြား ဘယ်သူမှ လက်ထပ်မှာ မဟုတ်တော့ဘူ။ သူက ငါ့ညီမပဲကို" ရှားဝမ်ချွေ့ နူးညံ့စွာ သက်ပြင်းချလိုက်ပါသည်။ စုရှောင်းယွီ ဘယ်လို ကောင်မလေးမျိုးလဲဆိုတာကို သူမ ကောင်းကောင်း သိပါသည်။ သူမ တစ်ယောက်ယောက်ကို သဘောကျလျှင် ထာဝရ စောင့်နေဖို့ ဆုံးဖြတ်လိမ့်မည်။
"သူ့ကို ငါ့ညီမလေးတစ်ယောက်လို အမြဲတမ်း ကောင်းကောင်း ဆက်ဆံသွားမှာပါ။ ပြီးတော့... ငါ့မှာ ကောင်မလေး ရှိပြီးသားလေ" လင်းဖန်က ရှားဝမ်ချွေ့ လက်ကို ကိုင်ရင်း ပြောလိုက်ပါသည်။
လင်းဖန် သေချာ တွေးကြည့်ပြီးပါပြီ။ သူ့ဘဝသာ ဝတ္ထုတစ်ပုဒ်ဆိုလျှင် ကျိန်းသေ မိန်းကလေး စာရေးဆရာ တစ်ယောက် ရေးထားတာ ဖြစ်ရမည်။
သူနဲ့ ရှားဝမ်ချွေ့တို့က အလယ်တန်းကတည်းက တစ်ယောက်ကိုတစ်ယောက် ရင်းနှီးခဲ့ကြသည်။ သူတို့ကို ငယ်ကျွမ်းဆွေများဟုပင် ခေါ်ဆိုနိုင်သည်။ ဒီနေ့ဒီလိုနေရာအထိ ရောက်အောင် လျှောက်လှမ်းလာခဲ့ကြပြီး နောက်ဆုံးတော့ အတူတူ ရှိနေနိုင်ပါပြီ။
ကမ္ဘာပေါ်မှာ ထက်မြက်သည့် မိန်းကလေးများစွာ တကယ်ပဲ ရှိပါသည်။ သို့သော်လည်း လင်းဖန် ရွေးရမည်ဆိုလျှင် ရှားဝမ်ချွေ့ကိုသာ ရွေးချယ်ပါမည်။
ထို့အပြင် စုရှောင်းယွီ သူ့ကို သဘောကျသည်ဟူသည့် အချက်ကို လင်းဖန် တစ်ခါမှ မတွေးဖူးပါ။
စုရှောင်းယွီက အစွမ်းအစပိုင်းမှာ အလွန်ထူးချွန်သည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ စုရှောင်းယွီလို အထင်ကြီးစရာ မိန်းကလေးမျိုးက သူ့ကို သဘောမကျလောက်ဘူးဟု လင်းဖန် ခံစားမိပါသည်။
ရှားဝမ်ချွေ့ ဒီလိုပြောရင်တောင် လင်းဖန် ယုံမှာ မဟုတ်ပါ။
သူမ စမ်းသပ်ဖို့ပြောတာဆိုရင် ဘယ်လိုလုပ်မလဲ။
သူ့ကို သူမ သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ကာယကံရှင် ပြောမှ လင်းဖန် ယုံပါမည်။
စုရှောင်းယွီက သူ့ကိုတစ်ခါမှမပြောဖူးပါ။ သို့မဟုတ် သဘောကျကြောင်း အရိပ်အယောင်တောင် မပြဖူးပါ။
တစ်ခါလေးတောင် မပြဖူးပါ။ စုရှောင်းယွီက ဒီလိုပဲ ဖြစ်သည်။
လင်းဖန် ပြုံးကာ ပြောလိုက်၏။ "စုရှောင်းယွီ ငါ့ကို တကယ်သဘောကျတယ်ဆိုရင်တောင် သူငါ့ကို တစ်ခါမှ ထုတ်မပြောဖူးဘူး။ အဲ့တာကြောင့် ငါ့ကို သဘောမကျလောက်ပါဘူး။ သူက အရမ်းထူးချွန်တဲ့လူ။ ငါ့လို သာမန်လူမျိုးကို ကြိုက်ပါ့မလား။ ငါ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား စုရှောင်းယွီကို မယှဉ်နိုင်ဘူး။ သူက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဖြစ်လာနိုင်တဲ့ ကောင်မလေးပဲ"
လင်းဖန် စကားကို ကြားသောအခါ ရှားဝမ်ချွေ့ အနည်းငယ် ပဋိပက္ခဖြစ်သွားရပါသည်။
လင်းဖန်က တကယ့် ငတုံးအကြီးစားပဲ။
စုရှောင်းယွီက အလွန်တော်သည့် ကောင်မလေးမို့လို့ လင်းဖန်ကို သဘောကျကြောင်း ဘာအရိပ်အမြွက်မှ မပေးခဲ့တာ ဖြစ်သည်။
လင်းဖန်မှာ ကောင်မလေးရှိမှန်း သူမ သိပြီးသား ဖြစ်သည်။ တမင်သက်သက် သူ့ကို ဒီလို လုပ်လို့ ဖြစ်ပါ့မလား။
ရှားဝမ်ချွေ့က သူမ၏ မျက်လုံးလှလှလေးများဖြင့် အပြင်က ရှုခင်းများကို ကြည့်လိုက်သည်။
သူမမှာ ညီမတစ်ယောက်သာ ရှိပြီး သူမ စုရှောင်းယွီအပေါ် အကြွေးတင်နေသည်ဟု အမြဲတမ်း ခံစားခဲ့ရ၏။
စုရှောင်းယွီ၏ အဖေက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်သည်။ သူ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူဖြစ်လာရသည့် ၇၀ ရာခိုင်နှုန်းက စုရှောင်းယွီကြောင့် ဖြစ်ပါသည်။
စုရှောင်းယွီက တစ်ခါမှ မိခင်မေတ္တာ မခံစားဖူးပါ။
သူမမှာ အမေ ရှိသော်လည်း မိခင်မေတ္တာ မရခဲ့ပါ။
လက်ရှိ စုရှောင်းယွီက နေ့တိုင်း အပူအပင်ကင်းသည့်ပုံ ပေါ်သော်လည်း စုရှောင်းယွီ အစစ်က ဘယ်သူမှန်း လူတိုင်းမသိကြပါ။
သူမက တရုတ်နိုင်ငံရဲ့ စွယ်စုံ ကြယ်ပွင့်တစ်ပွင့်ဖြစ်နိုင်သည်။
ကမ္ဘာပေါ်မှာ ဉာဏ်ကြီးရှင် မိန်းကလေးတစ်ယောက်လည်း ဖြစ်ကာ ဟားဗတ်တက္ကသိုလ်တွင် Ph.D ဘွဲ့လက်မှတ်လည်း ရရှိထားသူ ဖြစ်၏။ စီးပွားရေး ပါရမီရှင်လည်း ဖြစ်ကာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူရဲ့ ညာလက်ရုံးလည်း ဖြစ်သည်။
သူမ အပူအပင်ကင်းသည့် အစားပုပ်လေးလည်း ဖြစ်သည်။
စုရှောင်းယွီ အစစ်က ဘယ်တစ်ခုလဲ။
စုရှောင်းယွီ ဘယ်လိုပုံစံလဲဆိုတာ တခြားသူတွေ မသိသော်လည်း ရှားဝမ်ချွေ့ကတော့ သိပါသည်။
စုရှောင်းယွီ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်လာသည့်အချိန်တွင် အားလုံး သူ့အတွက် ပျော်ရွှင်နေကြ၏။
စုရှောင်းယွီကတော့ မိုးရေထဲမှာ တစ်ယောက်တည်း လျှောက်လှမ်းရင်း ထောင့်တစ်နေရာမှာ ကလေးမလေး တစ်ယောက်လိုမျိုး ငိုကြွေးနေခဲ့သည်။
သူမ အဖေကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်အောင် လုပ်ပေးနိုင်ရင် သူမ လာတွေ့မည်ဟု ပြောခဲ့သည်။
စုရှောင်းယွီ လုပ်ပေးနိုင်ခဲ့သည်။
သို့သော် သူမ အမေကတော့ ရောက်မလာခဲ့ပါ။
စုရှောင်းယွီမှာ အမေ ရှိသော်လည်း သူမက အမိမဲ့ ကလေးတစ်ယောက်လိုပင်။
စီးပွားရေးလောကထဲက အကျော်အမော်တွေ ကြားထဲမှာ အမြဲတမ်း တောက်ပနေတတ်သည့် ဉာဏ်ကြီးရှင် ကောင်မလေး စုရှောင်းယွီက မိုးရေတတ်မှာ ငိုတတ်သည့် စုရှောင်းယွီလည်း ဖြစ်သည်။
ထိုနေ့က စပြီး စုရှောင်းယွီ ပြောင်းလဲသွား၏။ စီးပွားရေး ပါရမီရှင် စုရှောင်းယွီ ပျောက်ကွယ်သွားခဲ့ပြီး ချစ်ဖို့ကောင်းသည့် ခွေးလေးတစ်ကောင်နဲ့ စူပါစတားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။
စုရှောင်းယွီအပေါ် အကြွေးတင်နေသည်ဟု ရှားဝမ်ချွေ့ အမြဲတမ်း ခံစားမိပါသည်။ ညီမ ဖြစ်သူကို ဂရုမစိုက်ခဲ့မိတာ သူမ အပြစ်သာ ဖြစ်သည်။
ထို့နေ့က လင်းဖန်ကို သဘောကျသလားဟု စုရှောင်းယွီကို သူမ မေးခဲ့၏။
စုရှောင်းယွီ သဘောမကျဘူးဟုသာ ဖြေခဲ့ပါသည်။
စုရှောင်းယွီ သဘောကျသည်ဟုဆိုလျှင် ရှားဝမ်ချွေ့ နောက်ဆုတ်ပေးလောက်၏။
အခုတော့ ဘာလုပ်ရမှန်း ရှားဝမ်ချွေ့ မသိတော့ပါ။
ဒီတိုင်း... လင်းဖန် သူမအနားမှာရှိနေလျှင် သူမ အလွန်ပျော်ရွှင်တာလေး တစ်ခုတည်းသာ ရှိသည်။
လင်းဖန်က ရှားဝမ်ချွေ့၏ ခေါင်းလေးကို ညင်ညင်သာသာ ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။ "နောက်ကျနေပြီ။ သွားနားတော့။"
ရှားဝမ်ချွေ့လည်း နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အဲ့တာဆို အိပ်တော့မယ်။ ဂွတ်နိုက်"
လင်းဖန် "ဂွတ်နိုက်"
ရှားဝမ်ချွေ့ အခန်းထဲ ဝင်သွားပြီးနောက် ပြန်ရောက်လာသည့် စုရှောင်းယွီကို လင်းဖန် တွေ့လိုက်ရပါသည်။
စုရှောင်းယွီက ရေလဲပဝါကို ဝတ်ဆင်ထား၏။ လေ့ကျင့်ခန်းလုပ်ပြီးနောက် သူမ ရေချိုးထားပါသည်။
သူမ ဆံပင်တွေက ရေစိုနေဆဲဖြစ်ကာ ရေစက်များက သူမရဲ့ နှင်းလို ဖြူဖွေးသည့် ခြေသလုံးပေါ်မှ စီးကျနေပါသည်။
ကိုယ်လုံးကိုယ်ပေါက် လှပပြီးသားဖြစ်သည့် စုရှောင်းယွီက ရေလဲပဝါဝတ်ဆင်ထားပြီး သူမရဲ့ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်က အထင်းသား ပေါ်နေပါသည်။ သူမရဲ့ လှပသေသပ်သည့် ညှပ်ရိုးနဲ့ နှင်းလိုဖြူဖွေးသည့် ခြေသလုံးများက ယောက်ျားတိုင်းကို ရင်ခုန်စေသည်။
"ဆရာ~" စုရှောင်းယွီက လင်းဖန်ကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ပြုံးလိုက်ပါသည်။
"ရှောင်းယွီ။ ငါနင့်ကို မေးခွန်းတစ်ခု မေးမယ်" လင်းဖန် အတည်ပေါက် ပြောလိုက်၏။ သူ စုရှောင်းယွီရှေ့ကို လျှောက်သွားပြီး သူမကို ကြည့်လိုက်ပါသည်။
သူ အနည်းငယ် ဝေခွဲရခက်နေ၏။ စုရှောင်းယွီ သူ့ကို သဘောကျတာလား။
စုရှောင်းယွီသာ သူ့ကို တကယ်သဘောကျပါက...
သူ ဘာလုပ်ရမလဲ။
စုရှောင်းယွီနဲ့ သူ့ဆက်ဆံရေးက အလွန် ကောင်းမွန်ပါသည်။ စုရှောင်းယွီသာ မရှိလျှင် အခု ဒီလိုနေရာထိ လင်းဖန် ရောက်လာနိုင်မှာ မဟုတ်ပါ။
ရေလဲပဝါဖြင့် စုရှောင်းယွီက သူမရဲ့ မျက်လုံးလှလှလေးများကို တဖျပ်ဖျပ် ခတ်လိုက်ပါသည်။ "ဆရာ မေးစရာ ရှိရင် မနက်ဖြန်မှ မေးပါ~ ငါ ရေလဲပဝါကြီးနဲ့ အထဲမှာလည်း ဘာမှ ဝတ်မထားဘူး"
လင်းဖန် အလျှော့မပေးပါ။
သူ မေးကို မေးရမည်။
ဒီမေးခွန်းက လင်းဖန်ရဲ့ နှလုံးသားထဲမှာ ရှိနေခဲ့တာ ကြာပါပြီ။
တကယ်သာ အမှန်ဆို သူ ဘာလုပ်ရမလဲ။
စုရှောင်းယွီ သူ့ကို မကြိုက်ဘူးဟု လင်းဖန် ခံစားမိသည်။
အနည်းဆုံးတော့ စုရှောင်းယွီနဲ့ အတူတူ ရှိနေချိန်မှာ ဘာပြစ်ချက်မှ မတွေ့ရပါ။
လင်းဖန်က တခြားကောင်မလေးများဖြစ်သော လင်းချမ့်ဝေ၊ စုမူချင်း၊ လင်းခဲ့ရှင်း၊ ချူးယောင်ယောင်တို့နဲ့လည်း ပတ်သက်ပါသည်။ အားလုံးက သာမန်ပဲ ဖြစ်၏။
ထိုအချိန်တွင် ကောင်မလေးနှစ်ယောက်က သူ့ကို ကြိုက်နေသည်ဟု လင်းဖန်ကို ပြောသွားသည်။
ဘယ်ကောင်မလေးတွေလဲ လင်းဖန် မသိပါ။
သူ့ကို သဘောကျချင်ရင်တောင် အရိပ်အမြွက် တစ်ခုခုတော့ ပေးသင့်သည်။
သံသယဖြစ်စရာ ဘာမှ မရှိခဲ့ပါ။ သူ့ကို ဘယ်လိုလုပ်ပြီး သဘောကျမှာလဲ။
စုရှောင်းယွီက လင်းဖန်၏ တည်တံ့နေသည့် မျက်နှာထားကို ကြည့်ကာ သူမရဲ့ လှလှပပ မျက်လုံးလေးများက စိတ်လှုပ်ရှားပြီး မတည်မငြိမ် ဖြစ်လာသည်။
လင်းဖန် အတည်ပေါက် မေးလိုက်၏။ "ငါမေးခွန်းတစ်ခုကို အမြဲတမ်း အတည်ပြုချင်ခဲ့တာ။ ငါတို့က သူငယ်ချင်းကောင်းတွေပ။ အခု ငါတို့နားမှာ တခြား ဘယ်သူမှ မရှိတုန်း ငါ မေးခွန်းတစ်ခု မေးချင်တယ်။ ငါ့ကို အတည်ပေါက် ပြန်ဖြေပါ"
"စုရှောင်းယွီ နင်ငါ့ကို သဘောကျလား"
စုရှောင်းယွီက လင်းဖန်ကို လှလှပပ မျက်လုံးလေးများဖြင့် ကြည့်ကာ ရှက်သွေးဖြာသွားသည်။ "အောင်မယ်လေး။ ဆရာ ဖွင့်ပြောတော့မလို့လး။ ငါ အသင့်မဖြစ်သေးဘူး။ နင် ရည်းစားစကားပြောရင် အစ်မဝမ်ချွေ့ စိတ်ဆိုးသွားမှာ မဟုတ်ဘူးလား"
လင်းဖန် ထပ်မေးလိုက်သည်။ "ဒီမေးခွန်းက အရမ်း အရေးကြီးတယ်နော်"
စုရှောင်းယွီက သူမရဲ့ မျက်လုံးလှလှလေးများဖြင့် မော့ကြည့်လိုက်သည်။ ယခင်က ချစ်ဖို့ကောင်းသည့် ခွေးမလေးက လုံးဝ ပျောက်ဆုံးသွားပြီး သူမ ကာစီနိုထဲက ထွက်လာတုန်းက ပုံစံ ပြန်ဖြစ်သွားသည်။
သူမပုံစံက အလွန်လေးနက်ကာ မျက်နှာထားက အရင်တုန်းကလိုမျိုး မပြောင်စပ်တော့ပါ။ သူမ အသံလည်း သိမ်မွေ့သွား၏။ "ငါဖြေမှ ဖြစ်မှာလား"
လင်းဖန်: "ဖြေမှ ဖြစ်မယ်"
"ထပ်မေးမယ်။ စုရှောင်းယွီ၊ နင်ငါ့ကို သဘောကျနေတာလား"
စုရှောင်းယွီက မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်ပါသည်။
ဒီတစ်ခေါက် သူမ အလွန် လေးနက်သွားပါသည်။
နွေးဦးလေပြည်လေညှင်းလေးကို ခံလိုက်ရသလိုမျိုး စုရှောင်းယွီ ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
တိတ်ဆိတ်ပြီး လှပပါသည်။ ဒီအခြေအနေမှာ စုမူချင်းထက်တောင် သူမက ပိုမို လှပသေးသည်။
သန့်စင်ပြီး အပြစ်ကင်းစင်သည့် စုရှောင်းယွီက အဖြူရောင် ဂါဝန်လေးတစ်ထည်ကို ဝတ်ထားသည်။ လေပြည်လေညှင်းက သူမဂါဝန်ရဲ့ အနားစများနဲ့ သူမရဲ့ ပါးပြင်ကို လျှပ်တိုက်သွားခဲ့၏။
ယခုစုရှောင်းယွီက ရေလဲပဝါကို ဝတ်ထားဆဲ ဖြစ်သော်လည်း သူမရဲ့ အရှိန်အဝါကတော့ အရင်တုန်းကလိုပင်။
စီးပွားရေး ပါရမီရှင်၊ ဉာဏ်ကြီးရှင် ကောင်မလေး စုရှောင်းယွီ ဖြစ်သည်။
စုရှောင်းယွီ တွန့်ဆုတ်မနေတော့ဘဲ ပြောလိုက်၏။
"ငါ..."