← Chapters

စုမူချင်းကို ငါသွေးဆောင်မိပြီလား

Vol. 26 Ch. 380

စုမူချင်းကို ငါသွေးဆောင်မိပြီလား

Vol. 26 Ch. 380

လင်းဖန် အနည်းငယ် ပျော်ရွှင်သွား၏။

သူ ဉာဏ်မျက်စိကို ရရှိသွားခဲ့ပါသည်။

လင်းဖန်အတွက် ငွေနဲ့တိုင်းတာနိုင်သည့် ပစ္စည်းများက ဒီလိုစွမ်းရည်တွေနဲ့ ယှဉ်လို့ မရပါ။

ဒီဉာဏ်မျက်စိကို ၁ ဘီလီယံယွမ်ရမှ သုံးလို့ရမှာ ဖြစ်သော်လည်း လုံလောက်ပါသည်။

စနစ်က ပေးထားသည့် တန်ဖိုးမှာ အကြွင်းမဲ့ တိကျသည်။

ထို့အပြင် ဉာဏ်မျက်စိနဲ့သာဆို သူ့အပေါ် လူဘယ်လောက်များများ သစ္စာရှိကြသလဲ လင်းဖန် ကြည့်နိုင်လိမ့်မည်။

သူ့ကို သဘောကျသည့် ကောင်မလေးများစွာလည်း ရှိပါသည်။

ငွေအကန့်အသတ်သာမရှိလျှင် ကောင်မလေးတွေ သူ့ကို ဘယ်လောက်သဘောကျကြသလဲ လင်းဖန် ကြည့်နိုင်သည်။

လင်းဖန်သာ လူယုတ်မာဆိုရင် ဉာဏ်မျက်စိ စွမ်းရည်ကိုသုံးပြီး ကောင်မလေးများစွာနဲ့ ပွေရှုပ်နိုင်ပါသည်။

"ဒင်... သခင်လေး ၂ ဘီလီယံယွမ်ကို ရရှိထားပါတယ်။ ကျေးဇူးပြုပြီး သဘောထား သို့မဟုတ် သစ္စာရှိမှုတို့ကို စစ်ဆေးဖို့အတွက် လူ ၂ယောက်ကို ရွေးချယ်ပေးပါ"

"မှတ်ချက်။ သစ္စာရှိမှုကို သခင်လေးရဲ့ လက်အောက်ငယ်သားတွေအပေါ်မှာပဲ စစ်ဆေးကြည့်လို့ ရပါတယ်။ သခင်လေးရဲ့ လက်အောက်ငယ်သား မဟုတ်ပါက သစ္စာရှိမှုကို မြင်နိုင်မှာ မဟုတ်ပါ။ စွဲလမ်းမှုကိုတော့ လူတိုင်းမှာ စစ်ဆေးကြည့်နိုင်ပါတယ်"

လင်းဖန် ချက်ချင်းပဲ ၂ ယောက် ရွေးလိုက်ပါသည်။ "ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီ"

စုရှောင်းယွီက လင်းဖန်ကို သဘောမကျဘူးဟု ဆိုခဲ့သော်လည်း စုရှောင်းယွီ သူ့ကို ဘယ်လောက် သဘောကျလဲ ဆိုတာ လင်းဖန် မြင်ချင်ဆဲ ဖြစ်သည်။

စုရှောင်းယွီကို ဘာကြောင့် သူရွေးလိုက်မိသလဲ လင်းဖန်ကိုယ်တိုင် မသိသော်လည်း ရွေးတော့ ရွေးလိုက်ပါသေးသည်။

ထင်ထားတဲ့အတိုင်း ဉာဏ်မျက်စိကို အသုံးပြုပြီးနောက် လင်းဖန်ရှေ့မှာ ဒေတာ စာရင်း ၂ ခု ပေါ်လာခဲ့သည်။

[အမည် : ရှားဝမ်ချွေ့]

အသက်: ၂၄

အရပ်: ၁၆၇

ကိုယ်အလေးချိန်: ၄၆ကီလိုဂရမ်

ပုံပန်းသဏ္ဌာန်အမှတ်: ၉၉

ကိုယ်လုံးကိုယ်ပေါက်အမှတ်: ၁၀၀

စွဲလမ်းမှု: ၉၆

[အမည်: စုရှောင်းယွီ]

အသက်: ၂၃

အရပ်: ၁၆၆

ကိုယ်အလေးချိန်: ၄၄ကီလိုဂရမ်

ပုံပန်းသဏ္ဌာန်အမှတ်: ၉၉

ကိုယ်လုံးကိုယ်ပေါက်အမှတ်: ၉၉

စွဲလမ်းမှု: “...”

စာရင်းနှစ်ခုကို ကြည့်ပြီးနောက် လင်းဖန် မျက်လုံးပြူးသွား၏။

သူ့အပေါ် ရှားဝမ်ချွေ့ရဲ့ စွဲလမ်းမှုက ၉၆ မှတ်ဖြစ်ကာ ကိုယ်လုံးကိုယ်ပေါက်က ၁၀၀ မှတ် ဖြစ်သည်။ အဆင်ပြေသည်ဟု လင်းဖန် ခံစားမိပါသည်။

အမှတ်အပြည့်က ဘယ်လောက်မှန်း မသိသော်လည်း ဒီစွဲလမ်းမှု ၉၆ မှတ်ကတော့ ကျိန်းသေ မနိမ့်ကျနိုင်ပါ။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ ပုံပန်းသဏ္ဌာန်က နှစ်ယောက်စလုံး ၉၉ မှတ်ဖြစ်သည်။ ရှားဝမ်ချွေ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ၁၀၀ ဖြစ်သော်လည်း စုရှောင်းယွီကတော့ ၉၉ မှတ်သာ ဖြစ်သည်။ သူမ ရင်ဘတ်ကြောင့် ဖြစ်နိုင်ပါသည်။

လင်းဖန် "စနစ်။ ဘာလို့ စုရှောင်းယွီရဲ့ စွဲလမ်းမှုကို မမြင်ရတာလဲ"

စနစ်: "စုရှောင်းယွီက ထူးခြားပါတယ်။ သူမရဲ့ စွဲလမ်းမှုကို စစ်ဆေးလို့ မရပါ။ သူမ သခင်လေးကို ကြိုက်မကြိုက်က သခင်လေးအပေါ် မူတည်ပါတယ်"

လင်းဖန် "ငါတို့ ဘာမှ မမြင်ရဘူးဆိုတော့ တခြားတစ်ယောက်ကို စစ်ကြည့်ရအောင်... စုမူချင်း"

ဘာပဲဖြစ်ဖြစ် စုမူချင်းက ယခုချိန်မှာ လင်းဖန်ဘေးရှိ အရေးအကြီးဆုံး လူတစ်ယောက် ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ အလွန်အရေးကြီးသည့် အလုပ်ကိုလည်း တာဝန်ယူထားရသည်။

[အမည်: စုမူချင်း]

အရပ်: ၁၆၆

ကိုယ်အလေးချိန်: ၄၆.၅ ကီလိုဂရမ်

အသက်: ၂၀

ပုံပန်းသဏ္ဌာန်အမှတ်: ၁၀၀

ကိုယ်လုံးကိုယ်ပေါက်အမှတ်: ၉၇

သစ္စာရှိမှု: ၉၉

စွဲလမ်းမှု: ၈၂

စုမူချင်း၏ အချက်အလက်များကို ဖတ်ကြည့်ပြီးနောက် လင်းဖန် ပြုံးလိုက်ပါသည်။

သစ္စာရှိမှု ၉၉ မှတ်က မဆိုးလှပါ။

လင်းဖန် အံ့အားသင့်သွားရတာက အမှတ် ၁၀၀ ဖြစ်သည်။

စုမူချင်းရဲ့ ပုံပန်းသဏ္ဌာန်က ကြောင်မလေးနဲ့ ခွေးမလေးတို့ထက်တောင် ပိုမြင့်နေပါသေးသည်။

လင်းဖန်ရဲ့ မျက်လုံးထဲမှာတော့ သူ့မိန်းမက အလှပဆုံးပဲပေါ့။

သို့သော် ဒါက စနစ်ရဲ့ သုံးသပ်ချက် ဖြစ်သည်။ စုမူချင်းက ပိုကြည့်ကောင်းသည်ဟု စနစ်က ခံစားသွားရတာ ဖြစ်မည်။

သို့သော် စုမူချင်းရဲ့ စွဲလမ်းမှုကတော့ မယုံနိုင်စရာ ကောင်းလှပါသည်။

သူမရဲ့ စွဲလမ်းမှုက ၈၂ မှတ်တောင် ရောက်သွားပါပြီ။ စုမူချင်းက သာမန် မဟုတ်ပေ။

ကံကောင်းစွာဖြင့် ဘေးကင်းသည့် ပမာဏ ဖြစ်ပါသည်။ စုမူချင်းရဲ့ စွဲလမ်းမှုက ၉၂ လောက်ရှိပါက ပွဲသိမ်းသွားလောက်သည်။

ကံကောင်းတာက စုမူချင်း လင်းဖန်ကို မကြိုက်သေးပါ။

စနစ်က ပြသထားသည့် အဆင့်သတ်မှတ်ချက်များကို ကြည့်ခြင်းအားဖြင့် စုမူချင်းက ယုံကြည်လို့ရမှန်း လင်းဖန် အပြည့်အဝ နားလည်သွားပါသည်။

နောက်တစ်နေ့ ကုမ္ပဏီတွင်...

လင်းဖန် ရုံးခန်းထဲမှာ ထိုင်လျက် ဇာတ်ညွှန်းတွေ ရေးနေပါသည်။ သူက ဘော့စ်တစ်ယောက် ဖြစ်နေပြီ ဆိုသော်လည်း ဇာတ်ညွှန်းရေးသည့် အလေ့အကျင့်ကိုတော့ ဆက်လက် ထိန်းသိမ်းထားပါသေးသည်။

စုမူချင်း ဝင်လာပြီး လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်၏။ သူမ ဒီနေ့ လုပ်ငန်းဝတ်စုံကို မဝတ်ထားဘဲ သာမန်အဝတ်အစားတွေသာ ဝတ်ထားပါသည်။

လင်းဖန် လှမ်းကြည့်လိုက်တော့ ကြက်သေ သေသွားရပါသည်။

နူးညံ့၊ တိတ်ဆိတ်၊ သန့်စင်ပြီး ချိုမြိန်လှသည်။ မိန်းကလေးတွေကို ဒီလိုပုံစံနဲ့ ညွှန်းဖွဲ့တာမျိုး ဖြစ်နိုင်ပါသည်။

သူမက ရပ်နေရုံနဲ့ မျက်စိကျစရာ ကောင်းသည်။

လက်ထောက်လှလှလေး ရှိထားရင် တော်ပါပြီ။

"ဘော့စ်လင်း လက်ဖက်ရည်သောက်ပါဦး" စုမူချင်းက လင်းဖန်အတွက် လက်ဖက်ရည်ဖျော်လာပြီး ဘေးမှာ လက်ဖက်ရည်ခွက် ချပေးလိုက်ပါသည်။

"အင်း" လင်းဖန်ခေါင်းငြိမ့်လိုက်၏။ သူ့အကြည့်က စုမူချင်းပေါ်မှာ ကျရောက်နေဆဲဖြစ်၏။

ပုံမှန်ဆို သိပ်ပြီး ဂရုမစိုက်တတ်ပေ။ သို့သော်လည်း စုမူချင်းရဲ့ ပုံပန်းသဏ္ဌာန်က အမှတ် ၁၀၀ ရှိမှန်း သိပြီးကတည်းက သူမ တကယ် လှပမှန်း လင်းဖန် သတိထားမိသွားသည်။

သူမရဲ့ ပုံစံက ပေကျင်းရုပ်ရှင် တက္ကသိုလ်ရဲ့ ကျောင်းတော် Queen လင်းခဲ့ရှင်းနဲ့တော့ ယှဉ်နိုင်မှာ မဟုတ်ပါ။

သူမရဲ့ ပုံစံက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လောက် အဆင့်ရှိသော်လည်း သူမရဲ့ အရှိန်အဝါက သာမန်နဲ့ ခြားနားပြီး ထူးခြားသည်။

သူမ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သန့်စင်ပြီး ချစ်ဖို့ကောင်းသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။

ဖော်ပြဖို့ နည်းလမ်းတစ်ခု ရှိမယ်ဆို ပြီးပြည့်စုံသည်ဟုသာ ဖြစ်လိမ့်မည်။

သူမက စက္ကူဖြူတစ်ရွက်လို ဖြူစင်သည်။

သူမ မျက်လုံးထဲမှာ မသန့်စင်မှု မရှိပါ။

ခေါင်းအစခြေအဆုံး သန့်ရှင်းသည်။

ရှေးခေတ်အဝတ်အစားမျိုး ဝတ်လိုက်ပါက အင်တာနက်တခွင်လုံးမှာ သူမ ရေပန်းစားလာနိုင်ပါသည်။

လင်းဖန် စိုက်ကြည့်တာကို ခံနေရသဖြင့် စုမူချင်း ရှက်သွေးဖြာသွားပါသည်။

"ဘာတွေတွေးနေတာလဲ" စုမူချင်းက မေးလိုက်ပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်ပါသည်။ သူမက လှပလွန်းသည်။

လင်းဖန် မတ်တပ်ရပ်လိုက်ပြီး စုမူချင်းဘေးကို လျှောက်သွားလိုက်၏။ သူမကို တစ်ပတ်ပတ်ကြည့်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။

"ငါ စဉ်းစားနေတာ။ '၂၀ကျော်ဘဝများ' နာမည်ကြီးလာသည်ဖြစ်စေ မကြီးသည်ဖြစ်စေ နင့်ကို ရိုက်စေချင်တဲ့ ဒရမ်မာတစ်ကား ရှိတယ်။ 'လင်းတသူရဲကောင်း'ထဲက ရှောင်းလုံနု နေရာကနေ သရုပ်ဆောင်လိုက်" လင်းဖန် ပြုံးကာ ပြောလိုက်၏။

အမှန်ပင်။ လင်းဖန် ကျိန်းသေပေါက် တချို့ရေးလို့ မရသည့် ဇာတ်ဝင်ခန်းတွေကိုတော့ ရေးနိုင်မှာ မဟုတ်ပါ။ သို့သော် စုမူချင်းရဲ့ အရှိန်အဝါနဲ့သာဆို သူမ ဒီ Role နဲ့ လိုက်ဖက်လိမ့်မည်ဟု လင်းဖန် ခံစားမိပါသည်။

"ဘာလို့လဲ။ လင်းခဲ့ရှင်း၊ စုရှောင်းယွီ၊ ချူးယောင်ယောင်တို့က ကျွန်မထက် ပိုသရုပ်ဆောင် ကောင်းမယ် ထင်ထားတာ" စုမူချင်းက အတည်ပေါက် ပြောလိုက်ပါသည်။

"နင်က ရှေးခတ်အဝတ်အစားဝတ်ရင် ပိုလိုက်ဖက်တယ်။ သေချာပေါက် လှပမှာပါ။ ဟုတ်ပါတယ်။ သူတို့ကလည်း အရမ်းလှကြပါတယ်။ ဒါပေမယ့် ဒီလိုအရာမျိုးက လိုက်ဖက်မှု ရှိမရှိပေါ်မှာ မူတည်တယ်" လင်းဖန်က ပြောလိုက်ပါသည်။

"ငါစဉ်းစားပြီးပြီ။ နင့်ကို ညွှန်းဖွဲ့ဖိုဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ မြောက်ပိုင်းက မိန်းမလှလေး။ သူက ပြိုင်ဘက်ကင်းပြီး သူမတူအောင် လှတယ်။ မြို့တွေ နိုင်ငံတော်တွေကိုတော် ပြိုလဲသွားစေတယ်" လင်းဖန်က ပြုံးကာ ပြောလိုက်၏။ "သူက နင့်လိုမျိုး အသက်ရှူမှားလောက်အောင် လှတယ်"

စုမူချင်းက ပို၍ပင် ရှက်သွေးဖြာသွားပြီး လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပါသည်။ "ကျွန်မ တကယ်... လုပ်နိုင်ပါ့မလား"

လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါပေါ့။ အနာဂတ်မှာ ကျိန်းသေပေါက် ကြယ်ပွင့်တစ်ပွင့် ဖြစ်လာလိမ့်မယ်"

စုမူချင်းမှာ ရိုက်ကူးရေး အတွေ့အကြုံ မရှိပေ။ လင်းဖန်က သူမအတွက် '၂၀ကျော်ဘဝများ' ရုပ်သံ ဒရမ်မာကိုသာ ရိုက်ကူးပေးဖူးသည်။

ဘယ်လောက် အာနိသင်မလဲဆိုတာလည်း သေချာ မသိသေးပါ။

လင်းဖန်က ကြယ်ပွင့်တွေလည်း ပျိုးထောင်နိုင်သည်။ စုမူချင်းက အနာဂတ်မှာ ကျိန်းသေပေါက် ကြယ်ပွင့် တစ်ပွင့် ဖြစ်လာပါလိမ့်မည်။

စုမူချင်းကို လင်းဖန် ချီးကျူးပြီးနောက် သူမရဲ့ ဒေတာတွေ မြင့်တက်သွားတာကို မြင်လိုက်ရ၏။

သူမရဲ့ စွဲလမ်းမှုက ၈၂ မှ ၈၄ အထိ တက်သွားခဲ့သည်။

လင်းဖန် တုန်ယင်သွားသည်။

ဒါ....

သူ ဒီတိုင်းသာ ဆက်လုပ်နေပါက စုမူချင်းကို သွေးဆောင်ဖြားယောင်နိုင်မှာလား။

သူက စုမူချင်းကို ကြယ်ပွင့်တစ်ပွင့်ဖြစ်အောင် မြေတောင်မြှောက်ပေးပြီး ငွေများများ ရှာချင်ရုံသာ ဖြစ်သည်။ စုမူချင်းကို သွေးဆောင်လိုက်ပါက အပြစ်သား ဖြစ်မသွားနိုင်ဘူးလား။

ထိုအချိန်တွင် Tencent Arts ထံမှ လင်းဖန်ဆီ ဖုန်းဝင်လာခဲ့သည်။

"ဘော့စ်လင်း ၂၀ ကျော်ဘဝများ ရုပ်သံဒရမ်မာက ရေပန်းစားနေပြီ"

"စတင်ထုတ်လွှင့်တဲ့နေ့မှာတင် ကြည့်ရှုသူ သန်း ၂၀၀ ကျော်တယ်။ ပရိတ်သတ်တွေလည်း ရူးသွပ်ကုန်ကြပြီ"

"စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ သရုပ်ဆောင်ထားတဲ့ ရုပ်သံဒရမ်မာကို အင်တာနက်တစ်ခွင်လုံးက ချီးကျူးနေကြတာ။ အရေးအကြီးဆုံးက အဲ့တာ မဟုတ်ဘူး။ အရေးအကြီးဆုံးက ဘော့စ်လင်း တက်သစ်စ တစ်ယောက်ကို ရဲရဲတင်းတင်း သုံးခဲ့တာပဲ။ အခု စုမူချင်းပါ ရေပန်းစားလာပါပြီ"

"စုမူချင်းအကြောင်း ပြောကြတာလည်း အရမ်း ရေပန်းစားနေပြီ။ ဘော့စ်လင်း ကြယ်ပွင့်တစ်ပွင့်ကို ပျိုးထောင်ပေးနိုင်ခဲ့ပြီဗျ"

Tencent Arts ၏ ဖုန်းကို နားထောင်ပြီး လင်းဖန် စုမူချင်းကို ကြည့်လိုက်ပါသည်။

သူမြေတောင်မြှောက်ပေးထားတဲ့ ကောင်မလေး နောက်တစ်ယောက် ရေပန်းစားလာပြန်ပါပြီ။

ဆိုလိုတာက... အနာဂတ်မှာ ငွေတွေ အဆုံးမရှိ ဝင်လာပါတော့မည်။

All Chapters