← Chapters

ဒီကယောက်ျားလေးအနုပညာရှင်တွေက ဘော့စ်လင်းလောက် မချောဘူး

Vol. 26 Ch. 382

ဒီကယောက်ျားလေးအနုပညာရှင်တွေက ဘော့စ်လင်းလောက် မချောဘူး

Vol. 26 Ch. 382

စုမူချင်း အလုပ်များပြီးနောက် လင်းဖန် စုရှောင်းယွီကို သွားတွေ့ခဲ့သည်။

စုရှောင်းယွီက ဟောသွန်းသကြားလုံးများ စားနေသည်။ ဘောင်းဘီတိုတိုဝတ်ထားပြီး ခြေတံသွယ်သွယ်များကို နေပူဆာ လှုံထားပါသည်။

တခြားသူတွေကတော့ ကိုယ့်အလုပ်စားပွဲမှာ လိမ်လိမ်မာမာ ထိုင်နေတတ်သော်လည်း စုရှောင်းယွီက မုန့်စားလိုက်၊ ဒရမ်မာကြည့်လိုက်၊ အာလူးကြော်စားလိုက်နဲ့ အလွန်ကျေနပ်နေသည့် ပုံစံပင်။

ထို့အပြင် စုရှောင်းယွီက အလွန်လည်း လှပါသည်။

သို့သော်လည်း စုရှောင်းယွီ သူ့ကို သဘောမကျမှန်း သိပြီးနောက် လင်းဖန် အနည်းငယ် စိတ်ပေါ့ကာ ဘာမှ မသင့်တော်တာ မတွေးတော့ပေ။

"ရှောင်းယွီ နင့်ကို မုန့်စားခွင့် မပေးတော့ဘူး" လင်းဖန် ပြောလိုက်၏။ ရှေ့တိုးကာ စုရှောင်းယွီရဲ့ အာလူးကြော်များကို သိမ်းလိုက်ပါသည်။

"အာဝူး၊ ဆရာ နင်ရောက်လာပြီလား။ နင်ရောက်လာရင်တောင် ငါ့မုန့်တွေ လုစားလို့ မရဘူးလေ" စုရှောင်းယွီက လင်းဖန်ဆီက ပြန်လုဖို့ ကြိုးစားရင်း ပြောလိုက်ပါသည်။

"တော်စမ်း။ နင်မုန့်တွေ ဒီ့ထက်ပိုစားရင် ဗိုက်က ၂ ဆလောက် ပိုကြီးလာမယ်။” လင်းဖန်က အပြစ်တင်လိုက်သည်။ ဘယ်လောက်ပဲစားစား စုရှောင်းယွီဝမှာ မဟုတ်ပါ။ သူလည်း ဒီလိုခန္ဓာကိုယ်မျိုးကို လိုချင်မိ၏။

"ငါ ဝလည်းမဝဘူး ဝိတ်လည်းမလွန်ဘူး။ နင် မယုံရင် ထိကြည့်ပါလား ဆရာ" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်သည်။

"ဖယ်စမ်း။ ငါအလုပ်အကြောင်း ပြောဖို့လာတာ။ နင့်ကို အန်ဒိုစာလုပ်ပေးဖို့ ကမ်းလှမ်းတဲ့ ကုမ္ပဏီ ၂၃ ခုရှိတယ်။ သူတို့ကို ပြန်ဆက်သွယ်လိုက်ဦး" လင်းဖန် ပြောလိုက်၏။

"ဘယ်လောက်ရမှာလဲ" စုရှောင်းယွီ မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်ပါသည်။

"တစ်ခုကို ၂ သန်းဆိုတော့ ၄၃ သန်းလောက် ရှိလိမ့်မယ်" လင်းဖန်ပြုံးကာ ပြောလိုက်လေသည်။ အလွန်များပြားသည့် ငွေပမာဏပင်။

"ငါလက်မခံဘူး~" စုရှောင်းယွီ လျှာထုတ်လိုက်သည်။

"ဆရာ၊ ငါ့လက်ချောင်းလေး လှုပ်လိုက်တာနဲ့ သန်း ၄၀၀ လောက်ရနေတာကို။ ဆရာပိုက်ဆံလိုရင်လည်း ငါ့ကိုလာပြော။ ငွေတွေအများကြီး ရှာပေးမယ်လို့ ကတိပေးတယ်~"

လင်းဖန် "..."

သူ့ဘဝကတော့... နှိုင်းယှဉ်စရာ မရှိိတော့ပါ။

လင်းဖန် ရုပ်သံဒရမ်မာတစ်ခုထံမှ သန်းရာဂဏန်းလောက်သာ ရနိုင်သည်။

နောက်ဆုံးတော့ စုရှောင်းယွီက လက်ချောင်းလေး လှုပ်လိုက်တာနဲ့ ထိုပမာဏလောက် ရနိုင်တယ်ဆိုပဲ။

စုရှောင်းယွီက မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဆရာ ငါ့ကို သဘောကျလား"

"တကယ်တော့ ငါလည်း နင့်ကို နည်းနည်း သဘောကျပါတယ်။ မနေ့ညက ဆရာ့ကို စနေတာ။ ငါ့ကို သဘောကျရင် ရှောင်းယွီက နင့်ရဲ့ ရည်းစားလေး လုပ်ပေးလို့ ရတယ်။ အစ်မဝမ်ချွေ့ မရှိတာကို အခွင့်ကောင်းယူပြီး အချိန်တူတူ ဖြုန်းကြရအောင်~"

"ဆရာ့အတွက် ရေကူးဝတ်စုံ ဝတ်ပြလို့ ရတယ်။ ခရီးသွားလို့ရတယ်၊ အပန်းဖြေခရီးထွက်လို့ရတယ်၊ Maldives ကို သွားလို့လည်း ရတယ်။ ဆရာနဲ့ စင်ရော်ငှက်တူတူကြည့်ပြီး ချားရဟတ်လည်း စီးလို့ ရတယ်။ ညဘက် အတူတူတောင် အိပ်လို့ ရတယ်"

စုရှောင်းယွီတောင် သူများတွေကို မြူဆွယ်တတ်နေပါပြီ။

ဒါက တကယ် မဟုတ်မှန်း လင်းဖန်သိပါသည်။

စုရှောင်းယွီက ဒီလိုစကားတွေပြောပါ့မလား။

ရှားဝမ်ချွေ့ ပြောခိုင်းတာ ဖြစ်နိုင်သည်။ သူ့ကို စမ်းသပ်ဖို့အတွက် ပြောခိုင်းတာ ဖြစ်နိုင်ပါသည်။

မိန်းမတွေများ။

မနေ့ညက စုရှောင်းယွီ သဘောမကျဘူးဟု ပြောခဲ့စဉ်က သူမရဲ့ မျက်လုံးတွေ မလိမ်ညာနိုင်ပါ။

စုရှောင်းယွီ ဒီလိုအရာတွေကို သူနဲ့ အတူတူ လုပ်လိမ့်မည်ဟု လင်းဖန် မထင်ပါ။

စုရှောင်းယွီပြောတာသာ အမှန်ဖြစ်ပြီး Maldives ကို သူမနဲ့အတူတူ အပန်းဖြေခရီးထွက်လိုက်ပါက ညဘက် အတူတူအိပ်ပြီး လေ့ကျင့်ခန်းတူတူ လုပ်နိုင်သည်...။

မိန်းကလေးတစ်ယောက်က ဒီလိုအရာတွေ ပြောပါ့မလား။

ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ရှားဝမ်ချွေ့ ကြံစည်ထားတာ ဖြစ်မည်။

လင်းဖန် သုံးသပ်ပြီးနောက် စုရှောင်းယွီရဲ့ ခေါင်းကို သွားခေါက်လိုက်ပါသည်။ "ဟုတ်ပြီ ငါ့ကို စမ်းချင်သလောက်စမ်း။ နင့်ကို သဘောတူလိုက်ရင် ငါသေသွားလိမ့်မယ်"

စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်သည်။ "နာတယ်။ တကယ်တော့ ဆရာ့ရဲ့ မျက်နှာထားကို ကြည့်ချင်လို့ပါ"

လင်းဖန် ပြောလိုက်၏။ "ဒါဆို ငါ့မျက်နှာထားကို မြင်လိုက်ရလား"

စုရှောင်းယွီ ခေတ္တစဉ်းစားကာ ပြောလိုက်၏။ "ဆရာ စိတ်ဝင်စားသွားတယ်"

လင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။ "ဖယ်ပါ"

စုရှောင်းယွီ ငေါ့ကာ ပြန်ပြောလိုက်ပါသည်။ "ဟွန်း ဆရာက လူဆိုးပဲ။ နင်လက်ခံရဲရင် အစ်မဝမ်ချွေ့နဲ့ တိုင်လိုက်မှာ။ ကံကောင်းလို့ ဆရာက အခု လူကောင်း ဖြစ်နေလို့"

လင်းဖန် စုရှောင်းယွီကို ခေါင်းထပ်ခေါက်လိုက်ပြီး ထွက်သွားခဲ့ပါသည်။

ထို့နောက် လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့၏ ရုံးခန်းကို သွားခဲ့ပါသည်။

လင်းခဲ့ရှင်းက အွန်လိုင်းပေါ်က ကောမန့်များကို လေးလေးနက်နက် ဖတ်ကြည့်နေသည်။

ချူးယောင်ယောင် မေးလိုက်သည်။ "လင်းခဲ့ရှင်း နင် လင်းဖန်ကို သဘောကျလား"

လင်းဖန်အကြောင်း တွေးမိသောအခါ လင်းခဲ့ရှင်း မျက်နှာ နီရဲသွားသည်။ "ရုပ်ချောပြီး သဘောကောင်းတဲ့ ဘော့စ်ကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။ ပြီးတော့ လင်းဖန်က ငါ့ဘဝကို ကယ်ထားတာ။ သူ့ကြောင့်သာမဟုတ်ရင် အခုလို အနုပညာရှင် ဖြစ်လာနိုင်မယ် မထင်ဘူး"

လင်းခဲ့ရှင်း ချူးယောင်ယောင်ကို ကြည့်လိုက်သည်။ "ယောင်ယောင်၊ နင်ကော လင်းဖန်ကို သဘောကျလား"

ချူးယောင်ယောင်က ခေါင်းငြိမ့်သည်။ "ဟီးဟီး ဒါပေါ့ သဘောကျတာပေါ့။ လင်းဖန်ရဲ့ ကောင်မလေး ဖြစ်ခွင့်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ လင်းဖန်မှာ ကောင်မလေးရှိပြီးသားဆိုတော့ နှမြောစရာပဲ။ ငါတို့ အခွင့်အရေး မရှိတော့ဘူး"

ထို့နောက် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

လင်းဖန် ဝင်လာပြီး ပြုံးလိုက်သည်။ "နင်တို့ ဘာတွေ ပြောနေကြတာလဲ"

လင်းဖန်ကို မြင်တော့ လင်းခဲ့ရှင်း မျက်လုံးများ တောက်ပသွား၏။ "အစ်ကိုလင်းဖန်။ ကျွန်မတို့ အစ်ကိုလင်းဖန်အကြောင်း ပြောနေကြတာ။ အားလုံးက အစ်ကိုလင်းဖန်ကို အရမ်းသဘောကျကြတယ်။ ဟိုလိုပုံစံမျိုး သဘောကျတာ မဟုတ်ပါဘူး။ လေးလည်း လေးစားတယ်။ ကျွန်မတို့ အစ်ကို့အကြောင်း ပြောနေတုန်း အစ်ကို ရောက်လာတာပဲ"

လင်းခဲ့ရှန်း ဒီလို တုန့်ပြန်ခဲ့သည်။

ချူးယောင်ယောင်ကလည်း အမြန်ခေါင်းငြိမ့်လိုက်၏။ လင်းဖန်ကိုမြင်တော့ သူမခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်ပါသည်။

သူက တကယ်... ချောလွန်းပါသည်...

ထိုအိုင်ဒေါဒရမ်မာတွေထဲက ခေါင်းဆောင်မင်းသားတွေက လင်းဖန်နဲ့ လယ်ဗယ် လုံးဝ ကွာကြသည်။

ယောက်ျားတစ်ယောက်က အလွန်ချောမောကာ အစွမ်းအစလည်းရှိ၊ ချမ်းလည်းချမ်းသာ၊ ပါရမီလည်း အလွန်မြင့်သည့်အခါ သူ့ဆွဲဆောင်မှု အလွန်မြင့်မားသွားတတ်သည်။

လင်းဖန်ရဲ့ အဝတ်အစားတွေ အကုန်လုံးကို စုမူချင်း ကိုယ်တိုင် သီးသန့် ဖန်တီးပေးထားခြင်း ဖြစ်၏။

ကောင်မလေးများစွာရဲ့ အမြင်မှာတော့ ဒီလို ဆွဲဆောင်မှုမျိုးကို ခံနိုင်ရည် မရှိကြပါ။

လင်းဖန်ရဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှုတို့က ကောင်မလေး များစွာကို သဘောကျသွားအောင် လုပ်ဖို့အတွက် လုံလောက်ပါသည်။

စာရွက်စာတမ်းများကို ကောင်မလေးနှစ်ယောက်ရှေ့ ချပေးပြီး ပြောလိုက်သည်။ "အန်ဒိုစာ စုစုပေါင်း ၃၀ ကျော်ရှိတယ်။ စစ်ကြည့်ပြီး ကောင်းတာတချို့ ရွေးရိုက်လိုက်"

လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့ မျက်လုံးများ အရောင်လက်သွား၏။

စုရှောင်းယွီက အန်ဒိုစာ မရိုက်ပေ။ စုမူချင်းလည်း မရိုက်ပါ။ ထို့ကြောင့် ထိုကုမ္ပဏီတွေက အန်ဒိုစာ ရှာဖို့ လိုအပ်နေသေးသည်။

ထို့ကြောင့်... လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့သာ ကျန်ပါတော့သည်။

လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့က အန်ဒိုစာကို တကယ်လိုအပ်နေကြသည်။

သူတို့ အန်ဒိုစာ လုပ်နိုင်ပါက ငွေလည်း ရနိုင်မည်။

သာမန် ဖျော်ဖြေရေးကုမ္ပဏီတွေမှာ အန်ဒိုစာ ရင်းမြစ် အများကြီး မရှိသော်လည်း ကျားရှင်းဖျော်ဖြေရေးမှာတော့ ရှိပါသည်။

လင်းဖန် ပြောလိုက်၏။ "နင်တို့ သွားရိုက်လို့ ရတယ်။ ဒါပေမယ့် အနိုင်ကျင့်မခံရစေနဲ့။ အနိုင်ကျင့်ခံရရင် ကုမ္ပဏီကို ပြန်လာပြီး ငါ့ကိုပြော။ ကျားရှင်းဖျော်ဖြေရေးက ကုမ္ပဏီထဲက အနုပညာရှင်တိုင်းကို ကာကွယ်ပေးမယ်။”

"ဟုတ်တာပေါ့။ နင့်တို့ကလည်း သတင်းဆိုး မထွက်အောင် ဂရုစိုက်ရမယ်။ နင်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းဘူး။ စောစောစီးစီးလည်း အချစ်ရေးမစဉ်းစားကြနဲ့။ ရည်းစားထားတာက နင်တို့ရဲ့ လုပ်ငန်းအတွက် မကောင်းဘူး" လင်းဖန် ပြောလိုက်ပါသည်။

သက် ၂၀ ဝန်းကျင် ယောက်ျားလေး၊ မိန်းကလေး အနုပညာရှင်များ ရည်းစားရသွားကြလျှင် ပရိတ်သတ်များစွာကို ဆုံးရှုံးပါလိမ့်မည်။

လင်းခဲ့ရှင်းက ပြောလိုက်၏။ "ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်မ သိပါတယ် ဘော့စ်လင်း။ ကျွန်မ ရည်းစား မထားတတ်သေးပါဘူး"

ချူးယောင်ယောင်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ကျွန်မကောပဲ"

လင်းဖန် စိတ်အေးစွာ ခေါင်းငြိမ့်လိုက်ပြီး ပြန်သွားပါတော့သည်။

လင်းဖန်ထွက်သွားပြီးနောက် လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့ အချင်းချင်း ဖက်လိုက်ကြပါသည်။

"ဘော့စ်လင်းက အရမ်းသဘောကောင်းတာပဲ။ လက်တလော ငါအလုပ်များများစားစား မရခဲ့ဘူး။ ဒါပေမယ့် ရိုက်စရာ အန်ဒိုစာတွေ အများကြီး ပေါ်လာမယ်လို့ ဘယ်သူထင်မှာလဲ" လင်းခဲ့ရှင်း ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

ချူးယောင်ယောင်ကလည်း သဘောတူ၏။ "ဟုတ်ပါ့။ ဘော့စ်လင်းက ငါတို့ကို ရည်းစားလည်း မထားစေချင်သေးဘူး။ တကယ်တော့ သူ မပြောရင်တောင် ငါတို့နားလည်ပြီးသားပါ။ ဘော့စ်လင်းနဲ့ အကြာကြီး ရင်းနှီးပြီးတော့ တခြား သူတွေနဲ့ ရည်းစားတောင် မထားချင်တော့ဘူး"

"အဲ့ဒီယောက်ျားလေး အနုပညာရှင်တွေကလည်း ဘော့စ်လင်းလောက် မချောမောကြဘူး။ သူ့လောက် ဆွဲဆောင်မှုရှိဖို့ဆို ပိုဆိုး။ ဘော့စ်လင်းကို မြင်တိုင်း နည်းနည်း..."

ထိုအချိန်တွင် ချူးယောင်ယောင် ရှက်သွေးဖြာသွားသည်။

'ငါ...'

သူမ သန့်စင်ခန်းသွားရတော့မည်။ တခြားနည်းလမ်း မရှိပါ။ လင်းဖန်ကို မြင်တိုင်း သူမ ထိန်းချုပ်လို့ မရပေ။

All Chapters