← Chapters

အင်တာနက်တခွင်လုံး တုန်လှုပ်သွားခြင်း

Vol. 26 Ch. 383

အင်တာနက်တခွင်လုံး တုန်လှုပ်သွားခြင်း

Vol. 26 Ch. 383

နောက်တစ်နေ့....

ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းအားလုံး အောင်ပွဲခံနေကြသည်။

အဘယ့်ကြောင့်ဆိုသော်... ကျားရှင်းဖျော်ဖြေရေးက ရိုက်ကူးထားသည့် 'ဓားထုတ်ခြင်းအနုပညာ'နဲ့ '၂၀ကျော်ဘဝများ' ရုပ်သံဒရမ်မာ နှစ်ကားစလုံးက ရေပန်းစားလာတာကြောင့်ပင်။

အထူးသဖြင့် ဓားထုတ်ခြင်းအနုပညာ၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ရင်သပ်ရှုမောဖွယ်ကောင်းပါသည်။

ဓားထုတ်ခြင်းအနုပညာကို Central TV ပလက်ဖောင်းတွင် ထုတ်လွှင့်ပြသခဲ့ပြီး ၂၀ကျော်ဘဝများ ရုပ်သံဒရမ်မာကိုတော့ Tencent Arts နဲ့ iQiyi တို့မှာ အွန်လိုင်းဒရမ်မာအဖြစ် ထုတ်လွှင့် ပြသခဲ့ပါသည်။

"ဘော့စ်လင်းက တော်လိုက်တာနော်။ ငါတို့ ကုမ္ပဏီက ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာ ၂ ကားစလုံး ရေပန်းစားလာပြီ။ တကယ် ရေပန်းစားလာပြီ"

"အခုလို ရလဒ်မျိုးရလာခဲ့တာ အားလုံး ဘော့စ်ဖေး ကျေးဇူးကြောင့်ပဲ။ ဘော့စ်ဖေးကိုယ်တိုင် ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်တယ်။ အားလုံး ရေပန်းစားခဲ့တယ်။ ဘော့စ်လင်း ဇာတ်ညွှန်းပဲရေးပြီး ရိုက်ကူးဖို့ တာဝန်ကို ဝန်ထမ်းတွေဆီ အပ်ထားတာတောင်... ရေပန်းစားလာတုန်းပဲ"

"ဒါမှ ငါတို့ကုမ္ပဏီရဲ့ ဘော့စ်လင်းပေါ့။ ဘော့စ်လင်းက နောက်ထပ် အောင်မြင်မှုမှတ်ကျောက် တစ်ခု စိုက်ထူနိုင်ခဲ့ပြန်ပြီ။ တစ်ခုက ဂျပန်ကျူးကျော်မှုအကြောင်း ရိုက်ကူးထားတဲ့ စစ်ပွဲ ဒရမ်မာတစ်ကား၊ နောက်တစ်ခုက လူငယ်တွေ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်သံဒရမ်မာတစ်ကား။ နှစ်ခုစလုံးက နာမည်ကြီးသွားတယ်။ ဘော့စ်လင်းရဲ့ အစွမ်းအစကြောင့်လား"

ရှုယန်လည်း ထွက်လာပြီး ရုပ်သံဒရမ်မာ ၂ ခု၏ ဒေတာများကို စစ်ကြည့်လိုက်ပါသည်။

"ရုပ်သံဒရမ်မာ ၂ ကားကို ထုတ်လွှင့်ထားတာ လဝက်ပဲ ရှိသေးတယ်။ ဒါပေမယ့် ၂၀ကျော်ဘဝများ ရုပ်သံဒရမ်မာက ကြည့်ရှုသူ သန်း ၃၀၀ တောင် ရှိသွားပြီ။ စုရှောင်းယွီရဲ့ ပရိတ်သတ်က သန်း ၃၀ ကျော်သွားပြီ. လင်းခဲ့ရှင်းရဲ့ ပရိတ်သတ်တွေလည်း တိုးနေတုန်းပဲ။ အနုပညာလောကထဲမှာ ရှားဝမ်ချွေ့ပြီးရင် သူ ပထမပဲ။ စုမူချင်းကလည်း အရင်း မှင်သက်ဖို့ကောင်းတယ်။ လင်းဖန်က တကယ်အားကောင်းတာပဲ။ အစက စုမူချင်း သာမန် အနေအေးတဲ့မိန်းကလေးတစ်ယောက်၊ အခုတော့ ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်သွားပြီ"

လင်းခဲ့ရှင်းလည်း ရှုယန်ဘေးမှာ လာရပ်လိုက်၏။ "အင်း... ဟုတ်တာပေါ့ အစ်ကိုလင်းဖန်က အရမ်း တော်တာပေါ့။ နောက်ဆို ကုမ္ပဏီထဲမှာ ကြယ်ပွင့်ကြီး နောက်တစ်ပွင့် ရှိလာတော့မယ်"

'ဓားထုတ်ခြင်းအနုပညာ' ၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကိုလည်း ရှုယန် ကြည့်လိုက်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "လခွမ်း... ဒီကြည့်ရှုသူ အဆင့်သတ်မှတ်ချက်တွေက ကြောက်ဖို့တောင်ကောင်းတယ်။ တကယ်ကြီးလား..."

ဓားထုတ်ခြင်းအနုပညာ၏ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်ကို တခြားသူတွေ မြင်သွားသောအခါမှာလည်း တုန်လှုပ်သွားကြရပါသည်။

ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ကြောက်ဖို့ကောင်းလောက်အောင် မြင့်မားနေပါသည်။

Central TV တွင်...

လင်းဝေဝေလည်း ကြည့်ရှုသူအဆင့်သတ်မှတ်ချက်များကို မြင်ကာ အော်လိုက်၏။ "ဓားထုတ်ခြင်းနည်းပညာ ရုပ်သံဒရမ်မာရဲ့ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်က ၇ ရာခိုင်နှုန်းတောင် ကျော်သွားပြီ"

"အရင်တုန်းက Central TV ကလွှင့်တဲ့ ရုပ်သံဒရမ်မာတွေထဲမှာ ဘယ်တစ်ခုမှ ဓားထုတ်ခြင်း အနုပညာနဲ့ မယှဉ်နိုင်ဘူးလို့တောင် ပြောလို့ ရတယ်"

"ခေါင်းဆောင်ကြီး။ ဒီရုပ်သံဒရမ်မာ အောင်မြင်သွားပြီ။ တကယ်အောင်မြင်သွားပြီ။ ဂျပန်စစ်ပွဲ ရုပ်သံဒရမ်မာတစ်ခုက အရင် သမိုင်းဝင်စံချိန်တွေကို ချိုးဖျက်ပြီး အရင်တုန်းက စစ်ပွဲဒရမ်မာတိုင်းကို အနိုင်ယူသွားပြီ"

လင်းဝေဝေ ပြောပြီးတာနဲ့ Central TV က ဝန်ထမ်း အားလုံးလည်း အံ့အားသင့်သွားကြပါသည်။

"မဖြစ်နိုင်တာ။ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်က ဒီလောက် မြန်မြန်ကြီး ထိုးတက်သွားတာလား"

"မဖြစ်နိုင်တာ... ကျားရှင်းဖျော်ဖြေရေးရဲ့ ရုပ်သံ ဒရမ်မာတွေက အံ့သြဖို့ကောင်းလိုက်တာကွာ။ ရုပ်သံဒရမ်မာတိုင်းက ရေပန်းစားလာနိုင်တယ်။ ဒီရုပ်သံဒရမ်မာကောပဲ။”

"အဓိကက လင်းဖန်ကြောင့်ပေါ့။ လင်းဖန်ရဲ့ ဇာတ်ညွှန်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာကြောင့်လေ။ ဓားထုတ်ခြင်းအနုပညာကို ငါ့သွေးတွေ ဆူတဲ့အထိ ထိုင်ကြည့်ခဲ့တာ။ လင်းဖန်က တကယ့် ပါရမီရှင် ဇာတ်ညွှန်းဆရာပဲ။ အရမ်းကို တော်လွန်းပါတယ်။

ဒီကိစ္စကြောင့် Central TV ၏ ခေါင်းဆောင်ကြီးများပင် သတိထားမိသွားကြသည်။

ကျောက်ကွမ်းမင်က Central TV ၏ ခေါင်းဆောင်ဖြစ်ကာ တချို့ အလားအလာရှိသည့် ရုပ်သံဒရမ်မာများကို ရှာဖွေဖို့ တာဝန်ယူထားသူ ဖြစ်သည်။

ထို့ကြောင့် Central TV ရှာဖွေဖူးသည့် ရုပ်သံဒရမ်မာတွေထဲ ဒီလောက် ကြည့်ရှုသူ အဆင့် မြင့်မားတဲ့ ရုပ်သံဒရမ်မာမျိုး မရှိခဲ့ဖူးပေ။

လူငယ်တွေ ကြိုက်တတ်တာ ဘယ်လို ဒရမ်မာမျိုးတွေမို့လို့လဲ။ ဥပမာ အိုင်ဒေါဒရမ်မာ၊ ရှန်းရှ ဒရမ်မာ၊ ဇာတ်ဆန်လွန်းတဲ့ ဒရမ်မာ စသည်တို့ ဖြစ်ကြသည်။ ထိုရုပ်သံဒရမ်မာမျိုးတွေကို Central TV မှာ ထုတ်လွှင့်ပြသမှာ မဟုတ်ပေ။

Centra TV မှ ထုတ်လွှင့်ပြသသည့် ရုပ်သံဒရမ်မာများက ပုံမှန်အားဖြင့် သက်ဝင်သည့် အရှိန်အဝါမျိုးရှိကာ အလွန်ကောင်းကျိုးပေးရမည်။

ကျောက်ကွမ်းမင်က လင်းဝေဝေကို ကြည့်ကာ ပြောလိုက်ပါသည်။ "လင်းဝေဝေ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က တကယ်ကြီး... ၇ ရာခိုင်နှုန်း ကျော်သွားတာလား"

လင်းဝေဝေက အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။ "အမှန်ပဲ။ တိတိကျကျပြောရရင် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၇.၀၃ ရာခိုင်နှုန်းလောက် ရှိတယ်။ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်က ဆက်တိုက် တက်နေပြီး ဒိရုပ်သံဒရမ်မာရဲ့ ရေပန်းစားမှုကလည်း တိုးသထက် တိုးနေတာ"

ကျောက်ကွမ်းမင်က မယုံနိုင်စွာ ပြောလိုက်သည်။ "ဒီလင်းဖန်ဆိုတာ တကယ်ပဲ အဲ့လောက်တောင် တော်တာလား။ ဒီရုပ်သံဒရမ်မာကို သူကိုယ်တိုင် ရိုက်တာမဟုတ်ဘူးမလား။ ဒီရုပ်သံဒရမ်မာရဲ့ ရိုက်ကူးမှုမှာ သူမပါခဲ့ပေမယ့် ဒီရုပ်သံဒရမ်မာက ရေပန်းစားလာတုန်းပဲ။ ဆိုလိုတာက... ကျားရှင်းဖျော်ဖြေရေး ကုမ္ပဏီမှာ တကယ်ပဲ ကိုယ်ပိုင် အစွမ်းအစရှိတယ်။၊ ပြောင်မြောက်တဲ့ ဇာတ်ညွှန်းတစ်ခုကို ချပေးလိုက်တာနဲ့ ကုမ္ပဏီရဲ့ အဖွဲ့တစ်ဖွဲ့လုံးက ပြောင်မြောက်တဲ့ ရုပ်သံဒရမ်မာ ဖြစ်လာအောင် ရိုက်ကူးနိုင်ကြတယ်"

လင်းဝေပြောလိုက်၏။ "ဟုတ်ပါတယ်။ ဘော့စ်လင်းက တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ပဲ။ သူ တစ်ယောက်တည်း သရုပ်ဆောင်မယ်ဆိုရင်တောင် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က မြင့်နိုင်ဦးမှာပဲ။ သူ့အစွမ်းအစက ကြီးမားလွန်းလို့ ရုပ်သံဒရမ်မာ တစ်ခုကို အသက်ဝိညာဥ်ပေးစွမ်းနိုင်တယ်။ သူဆန္ဒရှိရင် ကြိုက်တဲ့ ရုပ်သံဒရမ်မာကို ရေပန်းစားအောင် လုပ်နိုင်တယ်"

ကျောက်ကွမ်းမင်က သက်ပြင်းချလိုက်လေသည်။ "လင်းဖန်... ငါတကယ်သူ့ကို ဆုံချင်တယ်။ ရုပ်သံဒရမ်မာတိုင်းက ရေပန်းစားလာတယ်ဆိုရင် လင်းဖန်က သိမ်းသွင်းဖို့ ထိုက်တန်တဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ သက်သေပြလိုက်သလိုပဲ"

အကြီးစား ဖျော်ဖြေရေးကုမ္ပဏီကြီးအားလုံးလည်း တုန်လှုပ်သွားကြလေသည်။

ကျားရှင်းဖျော်ဖြေရေးက ထုတ်လုပ်လိုက်သည့် ရုပ်သံဒရမ်မာ ၂ ကားစလုံး ထပ်ပြီး ရေပန်းစားလာခဲ့ပြန်ပါပြီ။

ဆိုလိုတာက...

တရုတ်ရုပ်သံဒရမ်မာစျေးကွက်ရဲ့ နယ်ပယ်အများစုကို ကျားရှင်းဖျော်ဖြေရေးက သိမ်းပိုက်သွားလေပြီ။

တခြား ဖျော်ဖြေရေးကုမ္ပဏီတွေလည်း ရုပ်သံဒရမ်မာကောင်းကောင်း ရိုက်နိုင်ပါသည်။ သို့သော် ကျာရှင်းဖျော်ဖြေရေးကိုတော့ မှီမှာ မဟုတ်ပေ။

"မဖြစ်နိုင်တာ။ ကျားရှင်းဖျော်ဖြေရေးရဲ့ ရုပ်သံဒရမ်မာက ရေပန်းစားလာပြန်ပြီလား"

"လင်းဖန်ဘယ်လိုများ လုပ်လိုက်တာလဲ။ ဒီကောင့်ကို တကယ် လေးစားသွားပြီကွာ။ ရှန်းရှဒရမ်မာတွေ၊ သမိုင်းကြောင်းဒရမ်မာတွေ၊ လူငယ်ကျောင်းသားဘဝ ဒရမ်မာတွေ ရိုက်ကူးပြီး အကုန်လုံး ရေပန်းစားလာနိုင်မယ်လို့ ဘယ်သူထင်မှာလဲ။ စစ်ပွဲဒရမ်မာရိုက်ကူးပြီးတောင် ရေပန်းစားလာနိုင်တယ်။ သူလူတောင် ဟုတ်သေးရဲ့လား။ သူများတွေအတွက်တောင် နေရာချန်မပေးတော့ဘူးလား"

"ဟူး... ကျားရှင်းဖျော်ဖြေရေးက နောက်ထပ် ကြယ်ပွင့် တစ်ပွင့်ကို မွေးထုတ်ပေးလိုက်ပြန်ပြီ။ အခု ငါသေချာ စဉ်းစားကြည့်မှ ကျားရှင်းဖျော်ဖြေရေးက ကြယ်ပွင့်တွေအများကြီးကို မွေးထုတ်ပေးခဲ့တာပဲ။ လင်းခဲ့ရှင်း၊ ထန်ရှင်းရန်၊ စုမူချင်း၊ ဖန်တုံတုံတို့ အားလုံး အခုဆို နာမည်ကြီးနေကြပြီ။ ပြီးတော့ အဲ့ဒီ ကောင်မလေးတွေက လင်းဖန်ရဲ့ ကုမ္ပဏီထဲမှာ အလုပ် ကောင်းကောင်း လုပ်ကြတယ်"

"ကောင်းလိုက်တာ။ ငါလည်း ကျားရှင်းဖျော်ဖြေရေးကို သွားချင်လိုက်တာ။ တစ်နေ့နေ့ လင်းဖန် ငါ့ကိုသဘောကျသွားရင် ငါလည်း ကြယ်ပွင့်တစ်ပွင့် ဖြစ်လာနိုင်တယ်။ ပြီးတော့ ကျားရှင်းဖျော်ဖြေရေးမှာ ကောင်မလေးတွေ အများကြီးရှိတယ်။ ငါသာ ကျားရှင်းဖျော်ဖြေရေးကို သွားရင် နေ့တိုင်း အလှပဂေးလေးတွေကို မြင်ရမှာ။ ဘယ်လောက်တောင် ကောင်းလိုက်မလဲ"

ထိုနေ့ နေ့လည်ခင်းတွင်။

ဆွဲငင်အားဖျော်ဖြေရေးမှ ဝန်ထမ်းနှစ်ယောက် ကျားရှင်းဖျော်ဖြေရေးကို သွားရောက်ဖို့ ပြင်ဆင်နေကြ၏။

တစ်ယောက်က ကျန်းစန်ဟု ခေါ်ပြီး နောက်တစ်ယောက်က လီစစ်ဟု ခေါ်သည်။

ကျန်းစန်က ဂရာဗတီရဲ့ ဒါရိုက်တာဖြစ်ပြီး လီစစ်က နောက်ဆက်တွဲထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်ပါသည်။

သူတို့မှာ မစ်ရှင်တစ်ခုရှိသည်။

ကျားရှင်းဖျော်ဖြေရေးက လူတွေကို သူတို့ဘက် ရောက်လာအောင် သိမ်းသွင်းဖို့ ဖြစ်ပါသည်။

ကျားရှင်းဖျော်ဖြေရေးမှာ အလွန်ထူးချွန်တဲ့ အဖွဲ့တစ်ဖွဲ့ရှိသည်။ ကျားရှင်းဖျော်ဖြေရေးက လူတွေကိုသာ ဆွဲခေါ်နိုင်ပါက သူတို့လည်း ပြောင်မြောက်တဲ့ ရုပ်သံဒရမ်မာတစ်ကားကို ထုတ်လုပ်နိုင်ပါလိမ့်မည်။

ဒါက အမြန်ဆန်ဆုံးနဲ့ အာနိသင်အရှိဆုံး နည်းလမ်း ဖြစ်ပါသည်။

ကုမ္ပဏီတစ်ခုကလူတွေကို သိမ်းသွင်းခြင်းနဲ့ မူပိုင်ရှိ ဝန်ထမ်းများကို သိမ်းသွင်းခြင်းတို့က ခုခေတ် စီးပွားရေးပြိုင်ဆိုင်မှုတွေရဲ့ အဓိက နည်းလမ်းတွေလို ဖြစ်လာပါပြီ။

ကျန်းစန်က ပြုံးကာ ပြောလိုက်၏။ "အစ်မလီ။ ဒီမစ်ရှင်ကို အားကိုးမယ်နော်။ ခင်ဗျားက ကျားရှင်း ဖျော်ဖြေရေး နောက်ဆက်တွဲ ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ရွှယ်ခဲ့ရှင်း၊ ဒါရိုက်တာ လုပမ်ခိုင်းတို့နဲ့ သိတယ်လို့ ကြားတယ်နော်"

လီစစ်က ပြုံးလိုက်၏။ "စိတ်မပူပါနဲ့။ ကျွန်မတို့ ကျိန်းသေပေါက် ဒီတစ်ခေါက် မစ်ရှင်ကို အောင်မြင်မှာပါ။ အင်တာနက်တစ်ခွင်လုံးမှာ ကျွန်မတို့ရဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေက အကောင်းဆုံးပဲလေ။ ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းတွေကို မသိမ်းသွင်းနိုင်ဘူးဆိုတာ ကျွန်မ မယုံဘူး။ အနုပညာလောကထဲမှာ အစွမ်းအစရှိတဲ့ လူမှန်သမျှက ငွေကို စိတ်ဝင်စားကြတယ်။ အဲ့တာကြောင့် ဝါရင့်ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ ကျွန်မတို့က ကျားရှင်းဖျော်ဖြေရေးကို အလွယ်လေး အနိုင်ယူနိုင်တယ်"

"နောက်ဆုံးတော့လည်း ကျွန်မတို့ သူတို့ကို ကျေးဇူးတင်သင့်တယ်နော်"

"ကျွန်မတို့အတွက် ပါရမီရှင်လေးတွေ အများကြီး ပျိုးထောင်ပေးထားလို့ ကျေးဇူးပါပဲလင်းဖန်။ အခု အဲ့ဒီ ပါရမီရှင်လေးတွေအကုန်လုံးကို သိမ်းသွင်းလိုက်ကြစို့။ ဒါမှ ကျွန်မတို့ ဆွဲငင်အားဖျော်ဖြေရေးက ဒီ့ထက် မြင့်မြင့် ပျံသန်းနိုင်လိမ့်မယ်"

All Chapters