လင်းဖန်ရဲ့ လက်ထောက်ဖြစ်ရတာ တကယ်ကောင်းတယ်
Vol. 26 Ch. 385
ရွှယ်ခဲ့ရှင်းက ခေါင်းငြိမ့်လိုက်၏။ "ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းခေါ်ယူနေပါသေးတယ်။ ကုမ္ပဏီက တည်ထောင်ခါစဆိုတော့ လူတွေ အများကြီး လိုသေးတယ်။ အဲ့အခါမှ ကျားရှင်းဖျော်ဖြေရေးက ဆက်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ"
ရွှယ်ခဲ့ရှင်း ပြောတာကို ကြားသောအခါ ကျန်းစန်နဲ့ လီစစ်တို့ ပြုံးလိုက်ကြ၏။
သူတို့လည်း ကျားရှင်းဖျော်ဖြေရေးကို ဝင်ရောက်နိုင်ပါသည်။
ထိုနေ့က သူတို့မူလကုမ္ပဏီတွင် အလုပ်ထွက်ခြင်း လုပ်ငန်းစဉ်များကို အပြီးဆောင်ရွက်ခဲ့ပြီး ကျားရှင်းဖျော်ဖြေရေးကို သွားဖို့ ပြင်ခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် ဘယ်လိုသာမန်လူကမှ ကျားရှင်းဖျော်ဖြေရေးရဲ့ လစာကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။
ကျန်းစန်နဲ့ လီစစ်တို့က အနုပညာလောကထဲမှာ ပါရမီရှင်များဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူတို့လည်း ငွေများများပိုရဖို့ မျှော်လင့်မိကြတာ သဘာဝပင်။
နေ့လည်ခင်းတွင် ကျန်းစန်နဲ့ လီစစ်တို့ ကျားရှင်းဖျော်ဖြေရေး ဝင်ပေါက်သို့ ရောက်လာကြသည်။
"ဟာ... ကုမ္ပဏီက အကြီးကြီးပါလား။ ကုမ္ပဏီအတွင်းပိုင်းကလည်း အရမ်းကို ခမ်းနားလွန်းတယ်။ ကုမ္ပဏီဝင်ပေါက်နားမှာ ပါကင်ထိုးထားတဲ့ ကားတွေကိုကြည့်ပါဦး။ သိန်းချီပြီးတန်တဲ့ ကားကောင်းတွေချည်းပဲ။ Mercedes-Benz နဲ့ BMW ကားတွေကိုတောင် မြင်ခဲ့တယ်...."
"ဧကန္တ ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းတိုင်းက ဒီလိုကားကောင်းတွေ စီးနိုင်ကြတာလား" ကျန်းစန် အံ့အားသင့်စွာ ပြောလိုက်သည်။
ဆိုလိုတာက ကုမ္ပဏီတစ်ခုလုံး အလွန်ချမ်းသာကြမယ့်ပုံ။
လင်းဖန် သူ့ဝန်ထမ်းတွေကိုပေးတဲ့လစာက မနိမ့်ပါ။ ထို့ကြောင့်ပဲ ကုမ္ပဏီက လက်ရှိ အခြေအနေထိကို ရောက်လာနိုင်တာဖြစ်ပြီး ဝန်ထမ်းတွေကလည်း ငွေတွေအများကြီး ရနိုင်ပါသည်။
သူတို့ မနာလို အားကျမိကြသည်။
ကျားရှင်းဖျော်ဖြရေးနဲ့ လင်းဖန်ဆီမှာ အလုပ်လုပ်သူတိုင်းက ဒီလောက်တောင် ပိုက်ဆံ အများကြီး ရကြတာလား။
ကုမ္ပဏီဝင်ပေါက်ကို ရောက်တာနဲ့ တံခါးမှ လုံခြုံရေး အစောင့်များက အနည်းငယ် ဦးညွှတ်လိုက်ကြသည်။
ဒီက လုံခြုံရေးအစောင့်များကလည်း အရည်အသွေး မြင့်ကြပါသည်။
အမှန်ပင်။ အရပ်တွေလည်း အလွန်ရှည်လျားကြ၏။ အရပ်အပုဆုံး လုံခြုံရေးဝန်ထမ်းကတောင် ၁၈၅ စင်တီမီတာ ရှိသည်။
ကျားရှင်းဖျော်ဖြေရေးမှာ လုံခြုံရေးလုပ်ဖို့တောင် ပညာရေးက အရေးပါပါသည်။
ပညာရေးအဆင့်မြင့်မားပါက ဝန်ထမ်းအရည်အသွေး ပိုမြင့်နိုင်ပြီး အသိပညာလည်း ပိုကြွယ်ဝပေလိမ့်မည်။
ဒီကလုံခြုံရေးအစောင့်အားလုံးက ဘွဲ့ကြိုပညာတတ်များ ဖြစ်ကြသည်။ အများစုက နာမည်ကျော်ကျောင်းများမှ ပါရမီရှင်များ ဖြစ်ကြ၏။
ဒီလိုလူတွေတောင် လုံခြုံရေး လိုလိုလားလားနဲ့ ဝင်လုပ်နေကြသည်။
ကျားရှင်းဖျော်ဖြေရေးကလည်း လစာအများကြီး ပေးတာကိုး။
လုံခြုံရေးအစောင့်တွေရဲ့ လစာတွေကတောင် တစ်လ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရောက်နေပါပြီ။
အမှန်ပင်။ လုံခြုံရေးဝန်ထမ်းအနေဖြင့် ထူးချွန်လာပါက ဆယ်လီတစ်ယောက်ရဲ့ လုံခြုံရေးတောင် ဖြစ်လာနိုင်သည်။
"မစ္စတာကျန်းနဲ့ မစ္စလီ။ ကျားရှင်းဖျော်ဖြေရေးကနေ ကြိုဆိုပါတယ်ဗျာ။” တံခါးပေါက်မှ လုံခြုံရေး အစောင့်က ပြုံးကာ ပြောလိုက်ပါသည်။ ရွှေ့ခဲ့ရှင်းနဲ့ လုပမ်ခိုင်းတို့ မိတ်ဆက်ပေးထားတာကြောင့် ဒီနှစ်ယောက်ကို လုံခြုံရေးတွေက ကြိုသိထားပြီးသား ဖြစ်ပါသည်။
"သြော် မင်္ဂလာပါ" ကျန်းစန်နဲ့ လီစစ်တို့လည်း ယဉ်ကျေးပျူငှာစွာ ပြန်ဖြေလိုက်ပါသည်။
"ဒီဘက်ကို ကြွပါခင်ဗျ" လုံခြုံရေးအစောင့်က ပြုံးကာ ပြောလိုက်ပြီး ကျန်းစန်၊ လီစစ်တို့နဲ့ အတူတူ လျှောက်လာခဲ့ပါသည်။
ကျားရှင်းဖျော်ဖြေရေးကြီးတစ်ခုလုံးကို မြင်လိုက်ရတော့ ကျန်းစစ်နဲ့ လီစစ်တို့ မှင်သက်သွားကြလေသည်။
ဒါ ဘယ်လို ကောင်းကင်ဘုံ ကုမ္ပဏီမျိုးလဲ...
ကုမ္ပဏီကြီးက ကြီးလွန်းပါသည်။
ကုမ္ပဏီထဲက အပြင်အဆင်တွေကလည်း အလွန် မျက်စိကျစရာပင်။
ဝန်ထမ်းတွေအကြားက အလုပ်စားပွဲနေရာတွေလည် ကျယ်သည်။ တချို့ ကုမ္ပဏီတွေလို ပြွတ်သိပ်မနေပါ။
မကြာမီ ကျန်းစန်နဲ့ လီစစ်တို့နှစ်ယောက် လှပတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရပါသည်။
ဒီကောင်မလေးကို သူတို့မြင်ဖူးပါသည်။
စုမူချင်း ဖြစ်၏။
သူမက သူတို့နှစ်ယောက်ရှေ့ကို လျှောက်လာခဲ့ပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။ "ဟယ်လို မစ္စတာကျန်းနဲ့ မစ္စလီတို့။ ကျွန်မက ဘော့စ်လင်းရဲ့ လက်ထောက် စုမူချင်းပါ။ ရှင်တို့နှစ်ယောက်ကို ကြိုဆိုဖို့ တာဝန်ရှိသူပါ"
စုမူချင်းကို မြင်တော့ ကျန်းစန် မျက်လုံးများ ဝိုင်းစက်သွားရ၏။ "အရမ်းလှတာပဲဗျာ။ '၂၀ကျော်ဘဝများ'မှာပါတဲ့ စုမူချင်းမဟုတ်လား။ အခု ခင်ဗျားတောင် ကြယ်ပွင့်တစ်ပွင့် ဖြစ်သွားပြီ"
လီစစ်လည်း အနည်းငယ် အားကျမိပါသည်။ စုမူချင်းကို အပြင်မှာမြင်လိုက်ရတော့ ဘယ်လောက် လှပမှန်း သိလိုက်ရသည်။
စုမူချင်းက ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်။ ရှင်တို့နှစ်ယောက် ကုမ္ပဏီထဲမှာ လိုက်လံကြည့်ရှုပြီး အရင်ဆုံးရင်းနှီးအောင် လုပ်လို့ရပါတယ်"
ကျန်းစန်နဲ့ လီစစ်တို့ကို သူမ ကုမ္ပဏီတစ်ပတ် လိုက်ပြခဲ့ပါသည်။
နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့အတွက်ပဲဖြစ်ဖြစ် ဒါရိုက်တာအဖွဲ့အတွက်ပဲဖြစ်ဖြစ် အလုပ်ပတ်ဝန်းကျင်က ကောင်းမွန်လွန်းပါသည်။
ကုမ္ပဏီမှာ အနားယူနေရာ၊ မုန့်ပဲသရေစာနေရာ၊ အရသာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်စသည်တို့ ရှိကြသည်။ အားလုံးက ကျန်းစန်နဲ့ လီစစ်တို့ အာရုံစိုက်စရာတွေချည်းသာ။
သူတို့အတွက် ကျားရှင်းဖျော်ဖြေရေးရဲ့ အလုပ်ပတ်ဝန်းကျင်က ကောင်းကင်ဘုံတစ်ခုနှယ်။
စုမူချင်း နောက်လှည့်ကာ ပြုံးပြလိုက်၏။ "ကျားရှင်းဖျော်ဖြေရေးကို ရှင်တို့ လာချင်လို့လား"
ကျန်းစန်က ပြောလိုက်၏။ "ကျားရှင်းဖျော်ဖြေရေးမှာ အလုပ်လုပ်ရရင် ကျွန်တော့်အတွက် ဂုဏ်ယူစရာ ဖြစ်မှာပါဗျာ။ ဒီက အလုပ်ပတ်ဝန်းကျင်က ကောင်းလွန်းတယ်"
လီစစ်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ကျွန်တို့နှစ်ယောက်စလုံး အလုပ်ထွက်လာခဲ့ကြပြီ။ ကျားရှင်းဖျော်ဖြေရေးထဲ ဝင်ဖို့လေ။ တစ်ခုလောက် မေးလို့ရမလား။ ဘော့စ်လင်းကို ကျွန်မတို့ တွေ့ဖို့ မလိုဘူးလားဟင်"
လင်းဖန်အကြောင်း စဉ်းစားမိသောအခါ စုမူချင်း ပါးတွေ အနည်းငယ်နီမြန်းသွားရ၏။ "မလိုပါဘူးရှင်။ ကျွန်မက ဘော့စ်လင်းရဲ့ လက်ထောက်ဖြစ်ပြီး HR တာဝန်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရှင်တို့ နှစ်ယောက်စလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကြည့်ပြီးသားပါ"
"ကံကောင်းစွာနဲ့ ရှင်တို့နှစ်ယောက်စလုံး ကျားရှင်းဖျော်ဖြေရေးရဲ့ ဝန်ထမ်းခေါ်ယူမှု စံနှုန်းတွေနဲ့ ပြည့်မှီကြပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ ဒါရိုက်တာအဖွဲ့နဲ့ နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့တွေက အရမ်းပရော်ဖက်ရှင်နယ်ကျတဲ့ အသိပညာကို လိုအပ်တယ်။ အဲ့တာကြောင့် ကုမ္ပဏီက ပေးတဲ့ ထရိန်နင်ကို ဆင်းပြီးမှ ကုမ္ပဏီကို ဝင်ရောက်နိုင်ပါမယ်။ လောလောဆယ် နှစ်ယောက်စလုံးကို ပေးထားမယ့် လစာက ယွမ် ၁၀,၀၀၀ပါ။ ၃ လကြာ အစမ်းခန့်ကာလ လုပ်ကြည့်ရမယ်။ အစမ်းခန့်ကာလနဲ့ ထရိန်နင်ကာလ ဆင်းပြီးသွားပြီဆိုတာနဲ့ တရားဝင်ဝန်ထမ်း ဖြစ်လာနိုင်ပါပြီ။ ပြီးရင်တော့ ရှင်တို့ရဲ့ လစာက တစ်လ ယွမ် ၃၀,၀၀၀ အောက် နိမ့်မှာ မဟုတ်ဘူး"
"တခြား ပြဿနာ မရှိရင် စာချုပ်လက်မှတ်ထိုးပြီး ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်တွေကို စတင်လို့ ရပါပြီရှင်" စုမူချင်းက ပြောလိုက်၏။
အစမ်းခန့်ကာလတွင် လစာ ယွမ် ၁၀,၀၀၀ ရမည်။
ဒီလစာက ယခင်လစာတွေနဲ့ မယှဉ်နိုင်သော်လည်း သူတို့ ရာသက်ပန်ဝန်ထမ်းတွေ ဖြစ်သွားတာနဲ့ အလွန် မြင့်တဲ့ လစာမျိုးကို ရရှိနိုင်ပါပြီ။
ထို့အပြင် တစ်လကို ယွမ် ၁၀,၀၀၀ ပဲ ရမယ်ဆိုရင်တောင် ကျန်းစန် ရောက်အောင် လာမည်။
ကျားရှင်းဖျော်ဖြေရေးမှာ အချောအလှတွေ များလွန်းတာကိုး။
ခုလေးတင် ကုမ္ပဏီကိုရောက်လာတော့ မိန်းမလှလေးများစွာကို မြင်ခဲ့ရသည်။
လှပတဲ့ ဧည့်ကြိုမလေးများ၊ လှပတဲ့ ဆယ်လီလေးများ၊ ရွေးချယ်ခံထားရတဲ့ မိန်းကလေး အနုပညာရှင်တွေလည်း ရှိသည်။ ကုမ္ပဏီက ပေကျင်းရုပ်ရှင်တက္ကသိုလ်ကို သွားပြီး ကျောင်းသားတွေကို ပုံမှန်ခေါ်ယူကာ ရုပ်သံဒရမ်မာမှာ ပါဝင်သရုပ်ဆောင်ဖို့ လူတွေလည်း ရှာတတ်သည်။
ခုနက ကျန်းစန်ဖြတ်လာတော့ ရှားဝမ်ချွေ့ကို မြင်ခဲ့ရ၏။ ထိုအချိန်မှာပဲ ကျားရှင်းဖျော်ဖြေရေးရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ သူစိတ်ဆုံးဖြတ်ချက် ချလိုက်ပါပြီ။
မိန်းမလှလေးတွေ အများကြီးကို မြင်ရရင်ပဲ တော်လှပါပြီ။ အားလုံးက မျက်စိကျစရာတွေချည်းပင်။
တခြားပြောဖို့ မလိုဘဲ ကျားရှင်းဖျော်ဖြေရေးရဲ့ အနုပညာရှင်အားလုံးက အလွန်လှပကြပြီး ယောက်ျားလေး သရုပ်ဆောင်တွေကလည်း ချောမောကြသည်။
သူတို့နှစ်ယောက် စာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီထဲ တရားဝင် ဝင်ရောက်ပြီးသောအခါ စုမူချင်းရဲ့ တစ်နေ့တာ တာဝန်လည်း ပြီးဆုံးသွားခဲ့ပါပြီ။
ကုမ္ပဏီကို လူနှစ်ယောက် ထပ်ခန့်နိုင်အောင် သူမ ကူညီပေးခဲ့သည်။
သူတို့ရဲ့ လစာတွေကိုလည်း အတော်လေး နိမ့်အောင် ထားပေးခဲ့သည်။
အရည်အသွေးပြည့်မှီတဲ့ လက်ထောက်တစ်ယောက် ဖြစ်လာဖို့ အရေးအကြီးဆုံးအရာက လင်းဖန်အတွက် ငွေကို ခြွေတာနိုင်ဖို့ပင်။
ကုမ္ပဏီက ချမ်းသာသော်လည်း ကျားရှင်းဖျော်ဖြေရေးမှာ လူတိုင်း လစာမြင့်မြင့်ရလို့ မဖြစ်ပါ။
ကုမ္ပဏီက အနုပညာရှင်တစ်ယောက်ရဲ့ အစွမ်းအစကို ကြည့်ပြီးမှ သူတို့ရဲ့ လစာကို အကဲဖြတ်သုံးသပ်သည်။
ကျန်းစန်နဲ့ လီစစ်တို့ နောက်ပိုင်း ထူးထူးချွန်ချွန် ဖြစ်လာပါက သူတို့လစာတွေလည်း တိုးမြှင့်ပေးခံရပါမည်။
ပင်ပန်းရတဲ့နေ့ နောက်ဆုံးတော့ ကုန်လွန်သွားခဲ့ပါပြီ။
Tomson Riviera ကိုပြန်ရောက်တော့ စုမူချင်း လင်းဖန်အကြောင်းကို တွေးပြီး ရူးသွပ်စွာ ပြုံးမိသည်။
လင်းဖန်က Tomson Riviera ရှိ ဗီလာတစ်လုံးတွင် နေထိုင်သည်။ ထိုနေရာတွင် နေထိုင်သည့် ကောင်မလေးတွေလည်း ရှိပါသေးသည်။ စုမူချင်း၊ လင်းခဲ့ရှင်း၊ ချူးယောင်ယောင်နဲ့ ထန်ရှင်းရန်တို့ ဖြစ်ကြသည်။
ကောင်မလေး ၄ ယောက်သာ ရှိသော်လည်း ဒီလို ဗီလာကြီးတစ်လုံးမှာ နေထိုင်ကြရသည်။
စုမူချင်းက အဝတ်အစားများ ချွတ်လိုက်သောအခါ သူမရဲ့ ဖြူဖြူဖွေးဖွေး ခြေတံသွယ်၊ လှပကျော့ရှင်းတဲ့ ညှပ်ရိုးနဲ့ သန့်စင်တဲ့ ခန္ဓာကိုယ်တို့ ပေါ်လာပြီး ရေချိုးဇလုံထဲ ဝင်စိမ်လိုက်ပါသည်။
လင်းဖန်ရဲ့ လက်ထောက်ဖြစ်ရတာ ကောင်းလိုက်တာ။
ဒီနေ့လင်းဖန်ကို သိပ်မတွေ့ခဲ့ရသော်လည်း ကုမ္ပဏီမှာ အလုပ်လုပ်ရတာနဲ့တင် သူမအတွက် ကောင်းချီးတစ်ခုလိုပင်။