← Chapters

ဒီလိုကောင်မလေးမျိုးရထားရင် ဘာလိုဦးမှာလဲ

Vol. 26 Ch. 386

ဒီလိုကောင်မလေးမျိုးရထားရင် ဘာလိုဦးမှာလဲ

Vol. 26 Ch. 386

မနက်ခင်းစောစောအချိန်တွင်...

စုမူချင်း လင်းဖန်ရဲ့ ရုံးတံခါးကို ခေါက်လိုက်ပြီး ဝင်လာခဲ့ပါသည်။ "ဘော့စ်လင်း။ ကျန်းမြို့ကိုသွားဖို့ နေ့လည်လေယာဉ်လက်မှတ် ဝယ်ထားပြီးပါပြီ။ ကျန်းမြို့ကို ရောက်ရင် အစ်မဝမ်ချွေ့နဲ့ အိမ်အတူတူ ပြန်လို့ ရပါပြီ"

"ဘော့စ်လင်း လိုချင်တဲ့ ပစ္စည်းတွေလည်း ပြင်ဆင်လာခဲ့ပါတယ်။ လက်ဖက်ရွက်ကောင်းလေးတွေနဲ့ ဝိုင်ကောင်းတွေလည်း အများကြီး ပါတယ်"

"သြော်ဟုတ်သား၊ ကျန်းမြို့မှာ ကားတစ်စီးလည်း ပြင်ဆင်ပေးထားပါသေးတယ်။ ဒါပေမယ့် နည်းနည်း အလောတကြီး လုပ်လိုက်ရတာကြောင့် ကျွန်မ Buick GL6 တစ်စီးပဲ ပြင်ဆင်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဝမ်ချွေ့အဘိုးရဲ့ မွေးနေ့ရောက်ရင် ကျွန်မ ဘော့စ်လင်းအတွက် ကားအသစ်စက်စက် တစ်စီး ပြင်ဆင်ပေးပါ့မယ်" စုမူချင်း ပြောလိုက်သည်။

"ဟုတ်ပြီ။ ရပါတယ်။ ကားဆိုတာ ပို့ဆောင်ရေးအတွက် သုံးတဲ့ နည်းလမ်တစ်ခုပါပဲ။ ဘယ်လိုကားမျိုးလဲဆိုတာ အရေးမကြီးဘူး" လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "နင် ပင်ပန်းသွားပြီ"

နေ့လည်ခင်းတွင် သူတို့ ကျန်းမြို့တော်ကို တရားဝင် သွားရောက်တော့မည်။

သူ ရှားဝမ်ချွေ့ အဖေနဲ့ တရားဝင် တွေ့ပါတော့မည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တကယ်ပေါင်းဖက်နိုင်မလား ဆိုတာက သူ့မိဘတွေ သဘောတူ မတူ အပေါ်မှာပဲ မူတည်ပါသည်။

သူမ မိဘတွေသာ သဘောမတူပါက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးမှာ ပြဿနာများစွာ ရှိလာနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က ရှားဝမ်ချွေ့အဖေကို အများကြီး လေးစားထားသည်။

သူ့ရဲ့ ယောက္ခမလောင်းကြီးကလည်း သူ့ကို သေချာ စောင့်ကြည့်ထားမှန်း လင်းဖန် သိပါသည်။

ရှားဝမ်ချွေ့အဖေရဲ့ စံနှုန်းတွေကို ပြည့်မှီပါက သူ့ရဲ့ သဘောတူညီချက်ကို လင်းဖန် ရနိုင်ပါလိမ့်မည်။

လွန်ခဲ့တဲ့ ၆ လအတွင်း လင်းဖန်က ကုမ္ပဏီတစ်ခုကို တည်ထောင်ကာ ရေပန်းစား ရုပ်သံဒရမ်မာတချို့ကို ရိုက်ကူးနိုင်ခဲ့သည်။ တရုတ်စစ်တုရင် ကစားနည်းကိုလည်း သင်ယူခဲ့ပါသည်။

နေ့လည်ခင်းတွင် ရှားဝမ်ချွေ့ ပြန်လာခဲ့သည်။

ဒီနေ့ သူမ လှလှပပ ဝတ်ဆင်ထား၏။ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကာ ကြောင်ပုံနဲ့ လက်တိုအင်္ကျီကို ဝတ်ထားသည်။ သူမ ပခုံးပေါ်မှာလည်း ကြောင်လွယ်အိတ် အသေးလေး တစ်လုံးကို သယ်ထားသေးသည်။

ရှားဝမ်ချွေ့ ဝိတ်ထပ်ကျသွားသလို လင်းဖန် ထင်မိသည်။

သူမကို မြင်တော့ မှင်သက်သွားရပါသေးသည်။

ဒီနေ့ ရှားဝမ်ချွေ့ရဲ့ ဆံပင်စတိုင်က အလွန်ရိုးရှင်းသည်။ နက်မှောင်ကာ ဖြောင့်ဖြူးလျက် ရှိပြီး အိမ်နီးနားချင်း ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်မျိုး ပေးစွမ်းနေသည်။

"မြောင် မြောင်" ရှားဝမ်ချွေ့ လင်းဖန်ကို ကြည့်လိုက်ပြီး ချစ်စရာ အမူအယာလေး လုပ်ပြလိုက်ပါသည်။

ကုမ္ပဏီဝင်ပေါက်တွင် လင်းဖန် ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကို ရှေ့တိုး ဖက်လိုက်လေသည်။

"နင် ဒီနေ့ ဝတ်ထားတာ အရမ်းလှတယ်" လင်းဖန် ချီးကျူးလိုက်၏။

"အရင်တုန်းက မလှဘူးပေါ့" ရှားဝမ်ချွေ့ လင်းဖန်ကို ကြည့်ကာ မေးလိုက်ပါသည်။

"နှစ်ခုစလုံး လှပါတယ်" ရှားဝမ်ချွေ့လက်ကို လင်းဖန် ကိုင်လိုက်သည်။ ဒီလိုကောင်မလေးမျိုး အနားမှာ ရှိနေပါက သူ့ခံစားချက်တွေ ခြားနားပါသည်။

"အဲ့လိုမှပေါ့" ရှားဝမ်ချွေ့ လျှာကလေး ထုတ်လိုက်ပါသည်။

"ဒီနေ့ ငါ့အဖေကို ကျန်းမြို့မှာ သွားတွေ့ရတော့မှာနော်။ နင်ကြောက်နေလား"

လင်းဖန်က ရှားဝမ်ချွေ့ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။ "ဘာကြောက်စရာလိုလို့လဲ။ ငါ့ယောက္ခမလောင်းကြီးကို တွေ့ရမှာပဲကို"

ရှားဝမ်ချွေ့က ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ "ငါ နင့်ကို လက်တောင် မထပ်ရသေးဘူး။ အဲ့လိုတောင် ခေါ်နေပြီလား။"

"သိပ်မှ မလိုတော့တာ။ သွားကြစို့" ရှားဝမ်ချွေ့အတွက် လင်းဖန် ကားတံခါးဖွင့်ပေးလိုက်ပြီး နောက်ခုံမှာ ထိုင်လိုက်ကြပါသည်။

ထို့နောက် လေဆိပ်ကို သွားခဲ့ကြ၏။

လေဆိပ်ကိုရောက်တော့ လင်းဖန် ရှားဝမ်ချွေ့နဲ့ လက်တွဲကာ လေဆိပ်ထဲ လျှောက်ဝင်လာခဲ့သည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို လူပေါင်းများစွာ မြင်သွားကြပြီးနောက် အော်ဟစ်ကုန်ကြပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ လက်ရှိ ရေပန်းစားမှုမျိုးနဲ့ လူထုရှေ့ကို ရောက်လာလျှင် ကျိန်းသေပေါက် အားပေးခံရပါလိမ့်မည်။

"အား ငါ လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို တွေ့လိုက်တယ်"

"လင်းဖန် ဘာလို့ ဒီလောက်ချောရတာလဲ။ ရှားဝမ်ချွေ့လည်း အရမ်းလှတယ်"

"သဘောကျတယ်။ သဘောကျတယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လက်ချင်းတွဲထားကြတုန်းပဲ။ သူတို့ အချစ်ရေးက အရမ်းကြည်နူးဖို့ ကောင်းတာပဲ"

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဘယ်သွားကြမလို့လဲ မသိဘူးနော်။ ဒါပေမယ့် သူတို့နှစ်ယောက်ကို အတူတူ တွေ့လိုက်ရရင် ငါအရမ်းပျော်တာပဲ။ ငါလည်း ဒီလို ချိုမြိန်တဲ့ အချစ်နဲ့ ဆုံရဖို့ မျှော်လင့်မိပါတယ်"

သို့သော်လည်း ပရိတ်သတ်များက ယဉ်ကျေးမှု ရှိကြပါသည်။ သူတို့နှစ်ယောက်ကို ဝန်းရံပြီး ဓာတ်ပုံ ရိုက်ရုံကလွဲပြီး တခြား ဘာမှမလုပ်ကြပါ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့လည်း သူတို့နားက ပရိတ်သတ်တွေကို နှုတ်ဆက်လိုက်ကြပါသည်။

လေယာဉ်ပေါ်တွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ ထိုင်နေတာကို မြင်သောအခါ လေယာဉ်မယ်လည်း ချိုမြိန်စွာ ပြုံးမိပါသည်။

လင်းဖန်ရဲ့ ချောမောမှုက လေယာဉ်ပေါ်ရှိ လေယာဉ်မယ် အားလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။

ရှားဝမ်ချွေ့ကလည်း အလွန်လှပသဖြင့် လေယာဉ်မယ်များက သူမကို သဘောကျကြပါသည်။

ဒီလေယာဉ်ပေါ်မှာ ဆယ်လီကြီးနှစ်ယောက်ကို ဝန်ဆောင်မှုပေးရလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပါ။

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ပါလား အောင်မလေး။ လေယာဉ်ပေါ်မှာ မြင်ရလိမ့်မယ်လို့ ထင်မထားဘူး။ ဓာတ်ပုံတွဲရိုက်လို့ ရမလားဟင်" လေယာဉ်မယ် တစ်ယောက်က လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို မြင်သွားပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။

"ရှင် ရိုက်တဲ့ 'ဘဝရဲ့ပျော်ရွှင်မှု'နဲ့ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' ရုပ်သံဒရမ်မာတွေကို ကျွန်မ အရမ်းကြိုက်တာ။ အရမ်းကောင်းလွန်းတယ်။ အီးဟီး... အပြင်မှာ မြင်လိုက်ရတော့ တီဗီထဲကထက်တောင် ပိုချောနေမှန်း သိလိုက်ရတယ်" လေယာဉ်မယ်က ပျော်ရွှင်စွာ ပြောလိုက်လေသည်။

"ဓာတ်ပုံ အတူတူ တွဲရိုက်လို့ ရပါတယ်ဗျာ" လင်းဖန် ပြုံးလိုက်သည်။

လင်းဖန်၊ ရှားဝမ်ချွေ့နဲ့ လေယာဉ်မယ်တချို့ ဓာတ်ပုံ အတူတူ တွဲရိုက်လိုက်ကြပါသည်။

ဓာတ်ပုံရိုက်ပြီးနောက် လေယာဉ်မယ်များရဲ့ ဝန်ဆောင်မှုက ပို၍ပင် တက်ကြွလာခဲ့ပါသည်။

First-class တန်း ခရီးသည် နောက်တစ်ယောက်က လင်းဖန်ကို မြင်ပြီး ပြုံးပြလိုက်၏။ "မစ္စတာလင်း ခင်ဗျားကောင်မလေးက အရမ်းလှတာပဲ။”

လင်းဖန်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "အင်း ကျွန်တော်လည်း အဲ့လိုပဲ ထင်တာပဲ"

ရှားဝမ်ချွေ့ ထိုလူကို လျစ်လျူရှုလိုက်ပါသည်။

ယဉ်ကျေးမှုအရသာ ပြုံးပြလိုက်ပြီး လင်းဖန်ကို မျက်လုံးလှလှလေးဖြင့် ပြန်ကြည့်လိုက်ပါသည်။

သာမန်လူတွေကတော့ လေယာဉ်ပေါ်မှာ အချိန်ဖြုန်းဖို့ ဖုန်းသုံးကြလိမ့်မည်။

အောင်မြင်တဲ့လူတချို့က လေယာဉ်ပေါ်မှာ စာဖတ်ခြင်း သို့မဟုတ် ကွန်ပျူတာ ဖွင့်ခြင်းများကို ပြုလုပ်လေ့ ရှိသည်။

ရှားဝမ်ချွေ့ကတော့ ခြားနားပါသည်။ သူမ လေယာဉ်ပေါ်တက်ကတည်းက ဖုန်းတစ်ခါမှ ထုတ်မသုံးခဲ့ပါ။

သူမ လင်းဖန်နဲ့ အတူတူ ရှိနေပါက ဖုန်းကို မကြည့်သလောက် ရှားပါးသည်ဟု ဆိုနိုင်ပါသည်။

"ဘာဖြစ်လို့ ဖုန်း ထုတ်မသုံးတာလဲ" လင်းဖန်က ရှားဝမ်ချွေ့ကို စိတ်ဝင်တစား ကြည့်လိုက်ပါသည်။

ရှန်ဟိုင်းမြို့မှ ကျန်းမြို့သို့ ၃ နာရီ ပျံသန်းရသည်။ ၃ နာရီဆိုတာ တိုလည်းမတို ရှည်လည်းမရှည်ပါ။ အချိန်ဖြုန်းဖို့ အကောင်းဆုံး နည်းလမ်းက ဖုန်းသုံးဖို့ ဖြစ်ပါသည်။

လိုင်းမမိသော်လည်း ဒေါင်းလုတ်ဆွဲထားသည့် ရုပ်သံဒရမ်မာများကို ကြည့်နိုင်သည်။ သို့မဟုတ် ဝတ္ထုများ ဖတ်လို့ရပါသည်။ ဒီလိုဆို အချိန်ကုန် မြန်ပါလိမ့်မည်။

ထို့အပြင် လေယာဉ်ကလည်း မထွက်သေးပေ။ ဖုန်းသုံးပြီး စာပို့လို့ ရပါသေးသည်။

ရှားဝမ်ချွေ့ ခေါင်းခါလိုက်၏။ သူမ လင်းဖန်ကိုသာ ကြည့်နေသည်။ "ငါ့ဖုန်းကို မကြည့်ချင်တော့ဘူး။ တခြားသူတွေနဲ့ စာမပို့ချင်ဘူး။ စာရင်းထဲမှာလည်း နင်တစ်ယောက်ပဲရှိတာ။ နင်ဖုန်းကြည့်ချင်ရင်ကြည့်ပါ။ ငါ့ဖုန်းကို စစ်ဦးမလား"

ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ လင်းဖန် သူမဖုန်းကို စစ်မှာ စိတ်မပူပါ။

"ဟုတ်ပြီ။ စစ်ကြည့်ကြစို့" လင်းဖန်က ရယ်မောလိုက်ပြီး ရှားဝမ်ချွေ့ဖုန်းကို ယူလိုက်သည်။ တကယ်တော့ သူမ ဖုန်းကို စစ်တယ်လို့တော့ မဟုတ်ပေ။ ဒီတိုင်း ပျင်းလို့ သူ့မိန်းမဖုန်းကို ယူကြည့်ခြင်းသာ ဖြစ်သည်။

ရှားဝမ်ချွေ့ဖုန်းကို ဖွင့်ကြည့်လိုက်တော့ သူမရဲ့ Screen Saver က ကြောင်ပုံလေးတစ်ပုံ ဖြစ်နေသည်။

ရှားဝမ်ချွေ့ရဲ့ QQ ကို လင်းဖန် ဖွင့်ကြည့်ဖို့ ရှာသည်။

ရှားဝမ်ချွေ့ ဖုန်းထဲမှာ QQ မတွေ့ရပါ။ သူမ App တောင် မထည့်ထားပေ။

ရှားဝမ်ချွေ့ရဲ့ WeChat ကိုဖွင့်ကြည့်လိုက်သောအခါ လူ ၃ ယောက်သာ ရှိပါသည်။

တစ်ယောက်က လင်းဖန်၊ တစ်ယောက်က စုရှောင်းယွီ၊ နောက်တစ်ယောက်က သူမ အဖေ ဖြစ်သည်။

ရှားဝမ်ချွေ့က တခြားသူတွေရဲ့ မက်ဆေ့ကို ဖတ်လေ့ မရှိဘဲ စာပြန်တာလည်း ရှားပါသည်။

ဖုန်းဆက်ဖို့ကလည်း မဆက်သလောက် ရှားသည်။

ရှားဝမ်ချွေ့ရဲ့ ဓာတ်ပုံအယ်လ်ဘန်ထဲမှာလည်း ကြောင်ပုံတွေနဲ့ ပြည့်နေပါသည်။ ကျန်တာက စုရှောင်းယွီ၊ လင်းဖန်တို့နဲ့ အတူတူ ရိုက်ထားသည့် ဆယ်လ်ဖီပုံများ ဖြစ်သည်။

ဒီလိုကောင်မလေးမျိုးကို ရထားသဖြင့် သူ့တစ်ဘဝလုံး သာယာလွန်းပါသည်။

ထို့ကြောင့်လည်း သူမ ဖုန်းကို မသုံးတာဖြစ်မည်။

WeChat မှာ သူမကို စကားလာပြောသည့် ယောက်ျားလေး ဆယ်လီများစွာ ရှိပါသည်။

သို့သော်လည်း ထိုယောက်ျားလေးအနုပညာရှင်များကို သူမ စာမပြန်ချင်ပါ။

အဘယ့်ကြောင့်ဆိုသော်... သူမအတွက် အရေးအကြီးဆုံး ယောက်ျားလေးက တစ်ယောက်သာ ရှိသည်။

လင်းဖန် ပင်။

All Chapters