နင်နဲ့အတူတူရှိရတာ တကယ်ပျော်ဖို့ ကောင်းတယ်
Vol. 26 Ch. 387
ရှားဝမ်ချွေ့ ထိုင်ခုံခါးပတ်ပတ်ကာ လေယာဉ်ပြတင်းပေါက်ဘက်မှာ ထိုင်လိုက်သည်။
လင်းဖန်က ရှားဝမ်ချွေ့ဖုန်းကို ကြည့်လိုက်ပြီး ပြန်ပေးလိုက်ပါသည်။
ရှားဝမ်ချွေ့လည်း လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "ငါ့ကို စစ်လို့ ပြီးပြီလား"
လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။ "အဲ့တာကို စစ်တယ် ခေါ်မလား။ ဒီတိုင်း WeChat ထဲ ဝင်ကြည့်တာပါ"
သူ့ဖုန်းကို ထုတ်လိုက်သည်။ "ငါ့ဖုန်းကိုကော စစ်ဦးမလား"
ရှားဝမ်ချွေ့ မျက်တောင် ခတ်လိုက်ပြီး နူးညံ့စွာ ခေါင်းခါလိုက်ပါသည်။ သူမ လင်းဖန်ရဲ့လက်မောင်းကိုတွဲလိုက်ပြီး ပြောလိုက်၏။ "စစ်စရာ မလိုပါဘူး~ အရင်တုန်းကတည်းကနေ အခုချိန်အထိ ငါနင့်ကို အမြဲတမ်း ယုံကြည်ခဲ့တာ။ ချစ်သူနှစ်ယောက်အကြားမှာ တစ်ယောက်ကို တစ်ယောက် ယုံကြည်သင့်တယ် မဟုတ်ဘူးလား"
လင်းဖန်က ရှားဝမ်ချွေ့၏ နဖူးလေးကို နမ်းကာ ပြုံးလိုက်ပါသည်။ "ဒါပေါ့။ တစ်ယောက်ကို တစ်ယောက် ယုံကြည်ရမှာပေါ့။ နင့်လို့ အရမ်းတော်တဲ့ ကောင်မလေးတစ်ယောက် ရထားလို့ ကိုယ့်ကိုယ်ကို တကယ် ဂုဏ်ယူမိတယ်"
ရှားဝမ်ချွေ့ နူးညံ့စွာ ပြောလိုက်သည်။ "လူရှေ့သူရှေ့မှာ အဲ့လောက်ကြီး ချစ်ပြခွင့် မရှိဘူးနော်။ သူများတွေကို အဲ့လိုနှိပ်စက်ရင် သူတို့ စိတ်ဆိုးသွားကြလိမ့်မယ်"
တစ်ချိန်တည်းမှာပင် လေယာဉ်မယ်က သူတို့ရဲ့ ထိုင်ခုံခါးပတ်များကို စစ်ဆေးပြီးသွားပါပြီ။
ရင်းနှီးနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ လေယာဉ်အရာရှိက ခရီးသည်တွေကို ထိုင်ခုံခါးပတ် သေချာ ပတ်ထားဖို့ ပြောခြင်း ဖြစ်ပါသည်။ လေယာဉ် ပြေးလမ်းပေါ်မှာ ပြေးနေပြီး ထွက်ခွာဖို့ အသင့် ဖြစ်နေပါပြီ။
လေယာဉ် ပျံတက်သွားပြီးနောက် ပြန်လည် ငြိမ်သက်သွားပါတော့သည်။
ရှားဝမ်ချွေ့လည်း လင်းဖန်ရဲ့ ပခုံးပေါ် ဖြည်းဖြည်းချင်း မှီလိုက်ပြီး အေးအေးချမ်းချမ်း အိပ်ပျော်သွားခဲ့လေသည်။
ဒါက လင်းဖန် သူမကို ပေးစွမ်းထားတဲ့ ဘေးကင်း လုံခြုံစေသော ခံစားချက်လေးဖြစ်သည်။ လင်းဖန်သာ အနားမှာရှိပါက သူမ ဘာကိုမှ မကြောက်ပါ။
လေယာဉ်ပေါ်တွင် ခရီးသည်တွေ စားဖို့အတွက် လေယာဉ်မယ်က အစားအသောက်တချို့ ပေးပါသည်။
လေယာဉ်မယ်ရောက်လာသောအခါ လင်းဖန်က တိုးတိုးတိတ်တိတ် အမူအယာလုပ်ပြလိုက်ပြီး လေယာဉ်မယ်ကို ရှားဝမ်ချွေ့အား စောင်ခြုံပေးခိုင်းလိုက်ပါသည်။
ထိုကဲ့သို နွေးထွေးသော မြင်ကွင်းလေးကြောင့် အားလုံး မနာလို အားကျသွားကြသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို လူတိုင်းသိကြပါသည်။ သူတို့ကို ဓာတ်ပုံရိုက်နေသူတွေတောင် ရှိသေးသည်။
လေယာဉ်ပေါ်တွင် ရှားဝမ်ချွေ့က လင်းဖန်ရဲ့ ပခုံးကို မှီပြီး အိပ်ပျော်နေပါသည်။
သူမ အယုံကြည်ရဆုံးလူကသာ သူမကို ဒီလို လုံခြုံမှုမျိုး ပေးစွမ်းနိုင်လိမ့်မည်။
"ဟူး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အချစ်ရေးကို ငါတကယ် အားကျတာပဲ"
"အားကျလွန်းလို့ ငိုတောင် ငိုချင်လာပြီ..."
"ကိုယ့်ဟာကိုယ် လေယာဉ်လာစီးနေတာကို မျက်နှာပူအောင် အလုပ်ခံရမယ် ထင်မထားဘူး။ ဒီလောက်ကောင်းတဲ့ ကောင်မလေးမျိုး ရထားတာ လင်းဖန်ကို အားကျလိုက်တာကွာ"
"လင်းဖန် တစ်ခုလောက် မေးလို့ရမလား။ ရှားဝမ်ချွေ့ရဲ့ ပထမဆုံး လက်တွဲမှု၊ ပထမဆုံး အနမ်းနဲ့ ပထမဆုံး ပွေ့ဖက်ခြင်းတွေက ခင်ဗျားအတွက်ပဲလား"
လင်းဖန်ဘေးက ခရီးသည်က သူ့ကို တိုးတိုးတိတ်တိတ် စိတ်ဝင်တစား မေးလိုက်ပါသည်။
လင်းဖန် ပြုံးသာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။
အမှန်ပင်။ ငယ်စဉ်တုန်းက ရှားဝမ်ချွေ့ အဖေရဲ့ ပွေ့ဖက်ခြင်းနဲ့ လက်တွဲခြင်းတွေကိုတော့ ထည့်မတွက်ပါ။ သူတို့က မိသားစုတွေပဲ ဖြစ်သည်။
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်တို့အကြားက အချစ်ရေးကို ရှားဝမ်ချွေ့ စတင် နားလည်ပြီးကတည်းက သူမရဲ့ ပထမဆုံးတိုင်းက လင်းဖန်အတွက် ဖြစ်သည်။
နောက်ဆုံးအဆင့်ကိုတော့ သူမကျော်လွှားနိုင်သေးပေ။
သူမမှာ ရှိသမျှ လင်းဖန် ပိုင်ဆိုင်ပါသည်။
လင်းဖန် ထိုသို့ ပြောတာကိုကြားသောအခါ ဘေးက ခရီးသည် အနည်းငယ် အားကျသွားပါသည်။
ရှားဝမ်ချွေ့ လူပေါင်းများစွာရဲ့ ရင်ထဲက နတ်သမီးလေး ဖြစ်သည်။ ယခုတော့ ဘွဲ့ဂုဏ်ထူးသစ် တစ်ခုကို ထပ်မံ ပိုင်ဆိုင်သွားလေပြီ။
လင်းဖန်ရဲ့ ကောင်မလေးက အနာဂတ်ဇနီးလောင်းလည်း ဖြစ်ပါသည်။
ဒီလိုနဲ့ ၃ နာရီ အချိန် ကုန်လွန်သွားခဲ့သည်။
လေယာဉ်ဆင်းသက်တော့ ရှားဝမ်ချွေ့ နိုးလာပါသည်။
အခု လေယာဉ်ပေါ်က ခရီးသည်တွေ အားလုံး ဆင်းသွားကြပြီ ဖြစ်ပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သာ ကျန်ခဲ့ကြပါသည်။
ရှားဝမ်ချွေ့က မျက်လုံးလှလှလေးများကို ပင့်ကာ လင်းဖန်၏ လက်မောင်းကို ချစ်ကြည်နူးစွာဖြင့် ပွေ့ဖက်ထားဆဲ ဖြစ်သည်။ "ရောက်ပြီလား"
လင်းဖန် ခေါင်းငြိမ့်လိုက်ပြီး ရှားဝမ်ချွေ့ရဲ့ ပါးလေးကို ပွတ်ပေးလိုက်ပါသည်။ "အင်း ကျန်းမြို့ကို ရောက်ပြီ"
ရှားဝမ်ချွေ့ နှုတ်ခမ်းစူသွားပြီး ပြောလိုက်ပါသည်။ "သြော် ငါ ၃ နာရီတောင် အိပ်ပျော်သွားတာလား"
လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တယ်။ ဒီရက်ပိုင်းထဲ နင်ကောင်းကောင်း မနားခဲ့ရဘူး ထင်တယ်"
ရှားဝမ်ချွေ့ ပြောလိုက်၏။ "အင်း ရောက်ပြီဆိုတော့ အိမ်ပြန်ကြစို့~"
လေဆိပ်မှ ထွက်လာသောအခါ ကောင်းကင်ပေါ်မှာ ကြယ်တွေပင် ပြည့်နှက်နေပါပြီ။
ကျန်းမြို့မှ ရှားဝမ်ချွေ့အိမ်ကို ကားဖြင့်မောင်းသွားလျှင် ၂ နာရီလောက် ကြာပါလိမ့်မည်။
အခုတောင် ည ၁၁ နာရီထိုးနေလေပြီ။ ကားဖြင့် သွားပါက ၁ နာရီ ထိုးသွားပါလိမ့်မည်။
အိမ်ပြန်ဖို့ အချိန်ကောင်းတော့ မဟုတ်တော့ပေ။
လေဆိပ်မှာ လူတွေ အများကြီးမရှိသော်လည်း ဟိုတယ်များစွာတော့ ရှိပါသည်။
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပြီး ပြုံးလိုက်ပါသည်။ "ဝမ်ချွေ့ ဒီနေ့ည ဟိုတယ်မှာပဲ တည်းလိုက်ရအောင်။ မနက်ဖြန်ကျမှ နင့်အိမ်မှာ နင့်အဖေနဲ့ သွားတွေ့ကြမယ်"
ဟိုတယ်သွားရမည်ဟူသော စကားကို ကြားသောအခါ ရှားဝမ်ချွေ့ မျက်နှာနီရဲသွားပြီး ပြောလိုက်သည်။ "ဟွန်း လူဆိုးကောင် နင် တမင်သက်သက် ကြံစည်ထားတာမလား"
လင်းဖန် သက်ပြင်းချလိုက်သည်။ "လေယာဉ်နောက်ကျမယ်မှန်း ငါ ဘယ်လိုလုပ် သိမှာလဲ။ ဘယ်လိုဖြစ်လို့ ကြိုတင်ကြံစည်နိုင်ရမှာလဲ။ ဟိုတယ်မှာ အခန်း ၂ ခန်း ငှားမှာပါ။ နင့်ကို အနိုင်မကျင့်ပါဘူး"
ရှားဝမ်ချွေ့က လင်းဖန်၏ လက်ကိုကိုင်ကာ ခါရမ်းလိုက်ပါသည်။ "ဟွန်း၊ ငါ့ကိုအနိုင်ကျင့်နေတာပဲ။ လင်းဖန် တစ်ခန်းတည်းပဲ ငှားပါ။ ငွေပိုမဖြုန်းနဲ့~"
လင်းဖန်၏ အသက်ရှူသံများ ပြောင်းလဲသွား၏။ "အခန်းတစ်ခန်းတည်း ဟုတ်လား"
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။ "အင်း~ ဒါပေမယ့် ငါ့ကို အနိုင်ကျင့်လို့ မရဘူးနော်"
လင်းဖန်ပြုံးကာ ပြောလိုက်ပါသည်။ "ဒါပေါ့ အနိုင်မကျင့်ပါဘူး။ ညဘက်ကျရင် စိတ်မထိန်းနိုင်မှာပဲ စိုးရိမ်မိတယ်"
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားကာ ပြောလိုက်သည်။ "စိတ်မထိန်းနိုင်ရင်တောင် ထိန်းရမှာပဲ။ ငါ့ကို အနိုင်ကျင့်ရင် နောက်ဆို မခေါ်ဘူး"
လင်းဖန် အဆင့်မြင့်မြင့် ဟိုတယ်တစ်ခုကို ရှာလိုက်ပါသည်။
ညည့်နက်နေပြီ ဖြစ်သဖြင့် အနီးနားမှ ဓာတ်ပုံခိုးရိုက်နေကြသော သတင်းသမားတွေလည်း မရှိပါ။
ဒီဟိုတဘ်မှာ လူတွေ အများကြီးရှိပြီး အခန်းက မကြီးပေ။
အခန်းက ၁၀၀ စတုရန်းမီတာသာ ကျယ်သည်။ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ တီဗီတစ်လုံး၊ ရေချိုးခန်းတစ်ခန်းတို့ ပါဝင်သည်။
ဟိုတယ်ထဲမှာ ကင်မရာ မရှိမှန်း အတည်ပြုပြီးနောက် လင်းဖန် စိတ်အေးသွားပါသည်။
ပတ်ဝန်းကျင်အခြေအနေက အနည်းငယ် သိမ်မွေ့လွန်းနေခြင်းသာ ရှိသည်။
သူနဲ့ ရှားဝမ်ချွေ့တို့ ဗီလာတစ်ခုတည်း အချိန်အတော်ကြာ နေခဲ့ကြသော်လည်း တကယ်တမ်း တစ်ခါမှ အတူတူမနေဖူးကြပါ။
ဒီနေ့က ပထမဆုံးအကြိမ်အဖြစ် တစ်ခန်းတည်း နေဖူးတာ ဖြစ်သည်။
ရှားဝမ်ချွေ့ လင်းဖန်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်ပါသည်။ "လင်းဖန် ငါရေချိုးလိုက်ဦးမယ်"
ရှားဝမ်ချွေ့ရဲ့ စကားလုံးကြမ်းကြမ်းများကို လင်းဖန်နားထောင်လိုက်သည်။ သူတို့ တစ်ခန်းတည်း အတူ ရှိနေတာကို သူဘယ်လို ခံနိုင်ရည်ရှိမည်နည်း။
ထို့အပြင် ရေချိုးခန်းက ဘေးနားလေးတင်ဖြစ်ကာ ဖန်ဖြင့် ပြုလုပ်ထား၏။ အပြင်ဘက်က မမြင်ရသော်လည်း သူ့ကောင်မလေး ရေချိုးနေတယ် ဆိုတာကိုတော့ သိပါသည်။
သူဘာမှ မတုန့်ပြန်ဖို့ မဖြစ်နိုင်ပါ။
ရေစက်သံများ ထွက်ပေါ်လာခဲ့၏။
နာရီဝက်လောက်ကြာသောအခါ ရှားဝမ်ချွေ့ ရေလဲပဝါဖြင့် ထွက်လာလေသည်။
လင်းဖန်ကို မြင်တော့ ရှက်သွေးဖြာသွားသည်။
"တစ်နေကုန် ခရီးသွားလာရတာ နင်လည်း ရေချိုးသင့်တယ်နော်" ရှားဝမ်ချွေ့က လင်းဖန်ရဲ့ အင်္ကျီစကို ဖြန့်ပေးလိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။
ရှားဝမ်ချွေ့ကို ကြည့်လိုက်သောအခါ သူမရဲ့ လှလှပပ ကိုယ်လုံးကိုယ်ပေါက်ကို ရေလဲပဝါဖြင့် လွှမ်းခြုံထားသည်။ သူမ ဆံပင်တွေ ရေစိုနေဆဲ ဖြစ်ကာ လင်းဖန်ရှေ့မှာ အနည်းငယ် ရှက်ရွံ့နေပါသည်။
ဘယ်သူမှ စိတ်ထိန်းနိုင်မှာ မဟုတ်ပေ။
လင်းဖန် ရှေ့တိုးလာပြီး ရှားဝမ်ချွေ့ကို ပွေ့ဖက်လိုက်ပါသည်။ သူ့အသက်ရှူသံတွေ တဖြည်းဖြည်းနဲ့ မြန်ဆန်လာရ၏။
ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ကာ ပြောလိုက်ပါသည်။ "ရေသွားချိုးတော့လေ~"
လင်းဖန် စိတ်ပျက်လက်ပျက်ဖြင့်သာ ရေချိုးလိုက်ရတော့သည်။
သို့သော်လည်း လင်းဖန် မျှော်လင့်ထားသည်။
ရှားဝမ်ချွေ့က သူ့ကို ရေချိုးခိုင်းသဖြင့် ဒီနေ့ညများ...
ဒါသာ အမှန်ဆို ပျော်ဖို့ မကောင်းဘူးလား။
လင်းဖန်လည်း ရေချိုးလိုက်ပါသည်။ သူထွက်လာတော့ ရှားဝမ်ချွေ့က ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေမှန်း မြင်လိုက်ရပါသည်။
သူမ ဆံပင်ကို အခြောက်ခံပြီး ညအိပ်ဝတ်စုံတောင် ဝတ်ထားကာ သူမရဲ့ နှင်လိုဖြူဖွေးသည့် ခြေတံရှည်ရှည်သွယ်သွယ်နဲ့ ပြီးပြည့်စုံနောက် နောက်ကျောအလှတို့ကို အထင်းသား ပေါ်လွင်နေစေသည်။
လင်းဖန် ဆံပင်ကို အခြောက်ခံပြီးနောက် ရှားဝမ်ချွေ့ဘေးကို သွားလိုက်ပါသည်။ ရှားဝမ်ချွေ့ ဆံပင်မှ သင်းရနံ့ကို သူရနေပါသေးသည်။
ရှားဝမ်ချွေ့ပြုံးကာ လင်းဖန်၏ ပခုံးပေါ်တွင် တိုးတိုးတိတ်တိတ် မှီလိုက်ပါသည်။ သူ့ရဲ့ လက်ချောင်းလေးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။
"လင်းဖန် နင်နဲ့အတူတူရှိနေရတာ တကယ်ပျော်တယ်..."
"နင့်ကိုသာ လက်ထပ်နိုင်ရင် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး မိန်းကလေး ဖြစ်သွားလောက်တယ်"