← Chapters

ခဲအိုက အရမ်းတော်တာပဲ

Vol. 26 Ch. 388

ခဲအိုက အရမ်းတော်တာပဲ

Vol. 26 Ch. 388

"ဒါပေမယ့် ငါတို့အတူတူနေဖို့ကို ငါ့မိဘတွေ သဘောမတူမှာ စိတ်ပူတုန်းပဲ" ရှားဝမ်ချွေ့၏ မျက်လုံးလှလှလေးများ အနည်းငယ် ဝမ်းနည်းသွားပါသည်။ သူမမိဘတွေရဲ့ အကျင့်စရိုက်ကို သူမ သိသည်။

"သူတို့ သဘောတူအောင် ငါ အကောင်းဆုံး ကြိုးစားမှာပါ။ ငါ့ကို ယုံထား။” လင်းဖန်ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ နှုတ်ခမ်းနီနီလေးကို နမ်းရှိုက်လိုက်ပါသည်။

ဟိုတယ်ထဲတွင် မီးအလင်းရောင်များက မှေးမှိန်နေ၏။

လင်းဖန် ရှားဝမ်ချွေ့၏ နှုတ်ခမ်းနီနီလေးကို နူးညံ့စွာ နမ်းလိုက်ပြီး ဒီအခိုက်အတန့်လေး၏ အလှတရားကို ခံစားလိုက်သည်။

"ငါတို့ လက်ထပ်ရမှ ဖြစ်မယ်။ နင့်မိဘတွေ သဘောကျတာ ဘယ်လိုသားမက်မျိုးပဲ ဖြစ်ဖြစ် သူတို့သဘောကျလာအောင် ငါအကောင်းဆုံး ကြိုးစားမှာ"

"ငါတို့အတူတူနေပြီး နင့်ကိုလက်ထပ်ဖို့အတွက် နင့်မိဘတွေ လက်ခံလာအောင် ကျိန်းသေပေါက် လုပ်မယ်" လင်းဖန် ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ ပခုံးပေါ် လက်တင်လိုက်ပါသည်။

"အင်း~"

"အကောင်းဆုံးပဲ~" ရှားဝမ်ချွေ့ နူးညံ့စွာ ပြောလိုက်သည်။

အနားယူဖို့အချိန်ကျပြီဖြစ်ကာ အခန်းထဲမှာလည်း ကုတင်တစ်လုံးသာရှိပါသည်။

လင်းဖန် ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို နူးညံ့စွာ ပွေ့ဖက်လိုက်ပြီး လှဲလိုက်လေသည်။

သူ့ဘေးက မိန်းမလှလေးကို ကြည့်ပြီး လင်းဖန် ဘယ်လောက်ပဲ ရုန်းကန်ရပါစေ ထိုက်တန်သည်ဟု ခံစားမိပါသည်။

လင်းဖန် ရှားဝမ်ချွေ့ကို ကြည့်ကာ ပြောလိုက်သည်။ "ငါတို့..."

လင်းဖန်ကို ကြည့်ပြီး ရှားဝမ်ချွေ့ တခစ်ခစ်ရမယ်မောကာ စောင်ထဲဝင်ပုန်းလိုက်သည်။ "လင်းဖန် မပြောနဲ့..."

"ငါတို့ လက်ထပ်ပြီးမှ ပြောကြမယ်... ဟုတ်ပြီလား"

"ငါ့မှာရှိတဲ့ အရေးအကြီးဆုံးအရာကို ငါတို့ရဲ့ အရေးအကြီးဆုံးနေ့မှာပဲ ပေးချင်တယ်"

ရှားဝမ်ချွေ့စကားကိုကြားသောအခါ လင်းဖန်ပြုံးကာ ဘာမှမပြောတော့ပေ။

ရှားဝမ်ချွေ့ကို သူလေးစားသည်။ သူတို့လက်ထပ်ပြီးမှ အရေးအကြီးဆုံးအရာကို ပေးရပါမည်။

ဘာပဲဖြစ်ဖြစ် မကြာခင် ရှားဝမ်ချွေ့မိသားစုကိုလည်း တွေ့ရတော့မှာဖြစ်သည်။ သူအောင်မြင်ပါက သူမကို လက်ထပ်ရဖို့ အလှမ်းမဝေးတော့ပါ။

သိပ်မကြာလိုက်ဘဲ နောက်တစ်နေ့ ရောက်လာခဲ့သည်။

ဒီနေ့က ရှားဝမ်ချွေ့အဘိုးရဲ့ မွေးနေ့လည်း ဖြစ်ပါသည်။

စုမူချင်း လင်းဖန်အတွက် ပြင်ဆင်ပေးထားသည့် ပြိုင်ကားနဲ့ လက်ဆောင်တို့ ရောက်နေပါပြီ။

Koenigsegg One ဖြစ်သည်။

"အိမ်ပြန်ကြစို့" လင်းဖန်ပြုံးလိုက်ပြီး သူ ရင်းနှီးပြီးသား Koenisegg One ကားထဲမှာ ထိုင်လိုက်ပါသည်။ ဒါ သူ့ရဲ့ ပြိုင်ကား ဖြစ်သည်။

Bugatti ပြိုင်ကား နှစ်စီးကိုတော့ အိမ်မှာပဲ ထားခဲ့ပါသည်။

ဒီ Koenigsegg One ပြိုင်ကားကသာ တစ်ခါမှ မတိုက်ဖူးသည့် ကား ဖြစ်သည်။

မကြာမီ ရှားဝမ်ချွေ့တို့အိမ်ကို လင်းဖန် ရောက်လာခဲ့ပါသည်။

ရှားဝမ်ချွေ့တို့က အိမ်ဝန်းကြီးတစ်ခုဖြင့် နေထိုင်သည်။ ဗီလာကြီး မဟုတ်သော်လည်း အလွန် တန်ဖိုးကြီးမည့်ပုံပေါက်ပါသည်။

ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့အဖေရဲ့ ကုမ္ပစီက ၁၀၀ ဘီလီယံ ယွမ်အထိ ပိုင်ဆိုင်မှုရှိသွားပြီ မဟုတ်လား။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ရောက်လာတော့ ရှားဝမ်ချွေ့ရဲ့အိမ်မှဦ လူတွေ အများကြီး ရောက်နေပြီးသား ဖြစ်သည်။

ဒီနေ့က သခင်ကြီးရှားရဲ့ မွေးနေ့ဖြစ်သဖြင့် ဆွေမျိုးနဲ့ မိတ်ဆွေများစွာ ရောက်နေကြပါသည်။

ထိုဆွေမျိုးနဲ့ မိတ်ဆွေတွေ Koenigsegg One ကားကို မြင်သောအခါ မှင်သက်စွာ ပြောလိုက်ကြသည်။

"လခွမ်း အဲ့တာ Koenigsegg One ကားမလား"

"Limited Edition ပြိုင်ကားကြီးပဲ။ ယွမ် သန်း ၁၂၀ ကျော်တန်တယ်။ သန်းရာချီပြီးတန်တဲ့ ပြိုင်ကား တစ်စီးပဲ"

"ဘော့စ်ကြီးတစ်ယောက်က ဒီနေ့ ရှားမိသားစုဆီကို ပြိုင်ကားတစ်စီး မောင်းလာတယ်။ အဘိုးရဲ့ မွေးနေ့ပွဲ လာတာပဲလား"

"မဖြစ်နိုင်တာ။ တကယ်ကြီး သန်းရာချီတန်တဲ့ ပြိုင်ကား မောင်းတဲ့သူရှိတယ်ပေါ့။ ငိုတောင်ငိုချင်လာပြီ။ တကယ့် သူဌေးအစစ်တစ်ယောက်ပဲ ဒီလိုပြိုင်ကားမျိုးကို မောင်းနိုင်မှာ မဟုတ်လား"

"ဟူး... ယှဉ်လို့တောင်မရဘူး။ ငါဆို ဒီပြိုင်ကားရဲ့ ဆီဖိုးတောင် တတ်နိုင်မှာ မဟုတ်ဘူး။

နောက်ထပ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ ပို၍ပင် အံ့အားသင့်သွားကြရပါသည်။

ပြိုင်ကားထဲက ပထမဆုံးထွက်လာသူက လင်းဖန် ဖြစ်သည်။ လင်းဖန်က ရှားဝမ်ချွေ့အတွက် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး သူမ ထွက်လာခဲ့သည်။

ဆွေမျိုးနဲ့ မိတ်ဆွေများ ရှားဝမ်ချွေ့ကို မြင်တော့ မျက်လုံးတွေ အရောင်တောက်သွားခဲ့ရပါသည်။

"ဘယ်သူများလဲလို့။ ဝမ်ချွေ့ပြန်လာတာကိုး"

"ငါတို့မတွေ့တာ ၁ နှစ်လောက်ပဲ ရှိသေးတယ်။ ဝမ်ချွေ့က အရမ်းလှလာတာပဲ"

"ဝမ်ချွေ့ ဒါ နင့်ကောင်လေး လင်းဖန် မဟုတ်လား"

ဆွေမျိုးများစွာက ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ကို ဝန်းရံလိုက်ကြပြီး ဝိုင်းကြည့်ကြပါသည်။

အထူးသဖြင့် လင်းဖန်ကို မြင်သောအခါ ဆွေမျိုးနဲ့ မိတ်ဆွေများစွာ တုန်လှုပ်သွားကြသည်။

လင်းဖန်က တီဗီထဲက ထက်တောင် ပိုပြီး ချောမောနေပါသေးသည်။

သူတို့ စူပါစတား လင်းဖန်ကို တွေ့လိုက်ကြရသည်။

ထိုဆွေမျိုးနဲ့ မိတ်ဆွေတွေကလည်း လင်းဖန်မှာ ရှားဝမ်ချွေ့ရဲ့ ကောင်လေးဖြစ်ကြောင်းကို သိကြပါသည်။

ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပြီး လင်းဖန်၏ လက်ကို တွဲလိုက်ပါသည်။ သူမပြုံးကာ ပြောလိုက်၏။ "သမီးကောင်လေး လင်းဖန်နဲ့ မိတ်ဆက်ပေးပါရစေ"

"လင်းဖန် ငါမိတ်ဆက်ပေးမယ်။ ငါက ငါ့ဒေါ်လေး ရှားလန်"

"ဒါက ငါ့ဦးလေး စုကော်ချန်း"

"ဒါက ငါ့ဝမ်းကွဲ ညီမလေး ရှားချမ့်ချမ့်"

"ဒါက ငါ့ဝမ်းကွဲညီမလေး ရှားချင်း"

"ဒါက..."

ရှားဝမ်ချွေ့ မိတ်ဆက်ပေးပြီးနောက်တွင် လင်းဖန် ဆွေမျိုး၊ မိတ်ဆွေများနဲ့ လက်ချင်းဆွဲ နှုတ်ဆက်လိုက်ပါသည်။

ရှားဝမ်ချွေ့က လင်းဖန်၏ လက်မောင်းကို တွဲထားသည်။ လင်းဖန်က သူမအတွက် ဘယ်လောက်တောင် အရေးပါသလဲဆိုတာကို သူမ ဆွေမျိုးများအား ပြသနေခြင်းပင်။

လင်းဖန်လည်း ပြုံးကာ ပြောလိုက်လေသည်။ "ဟယ်လို ဦးလေးနဲ့ အန်တီတို့။ ကျွန်တော်က လင်းဖန်ပါ။ ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံဖူးတာပါ။ လက်ဆောင်တွေတော့ ဘာမှ မယူလာမိဘူး။ ခွင့်လွှတ်ပေးပါဦး"

ရှားလန်လည်း နွေးနွေးထွေးထွေး ပြုံးပြီး ပြောလိုက်ပါသည်။ "ဘာလက်ဆောင် ယူလာစရာ လိုလို့လဲ။ လူကိုယ်တိုင် ရောက်လာရင်တော်ပြီပေါ့။ လာကြလာကြ။ အိမ်ထဲမြန်မြန်ဝင်ကြ။ ရှားဝမ်ချွေ့အဖေ နင့်ကို အနိုင်ကျင့်ရဲရင် ငါ့ခွင့်မလွှတ်ဘူး"

စုကော်ချန်းကလည်း အလွန် အားတက်သရော ပြောလိုက်ပါသည်။ "လင်းဖန်။ မင်းရိုက်တဲ့ ရုပ်သံဒရမ်မာတွေကို ငါအရမ်းသဘောကျတာ။ ဓားထုတ်ခြင်းအနုပညာက အရမ်းကောင်းတယ်။ အခု နေ့တိုင်း စောင့်ကြည့်နေတာ။ ဟားဟား တခြား ဘာမှ ပြောမနေပါနဲ့တော့။ ရှားဝမ်ချွေ့ရဲ့ အမေနဲ့ ဖြေရှင်းနိုင်ဖို့ ငါကူညီပေးမယ်။ ငါတို့က မောင်နှမတွေပဲကို သူငါ့ကို မျက်နှာမပေးဘဲ မနေနိုင်ပါဘူး"

ရှားလန်နဲ့ စုကော်ချင်းတို့က အလွန်စိတ်အားတက်ကြွနေကြသဖြင့် လင်းဖန် အနည်းငယ် အံ့အားသင့်သွားရသည်။

ဝတ္ထုတွေထဲမှာဆို ဆွေမျိုးနဲ့ မိတ်ဆွေတွေက ဇာတ်လိုက်ကို လှောင်ပြောင်လေ့ ရှိကြပြီး အရှက်ခွဲလေ့ ရှိသည်။

အခုတော့ သူ့ကို မလှောင်ပြောင်ရုံတင်မကဘဲ ရှားလန်နဲ့ စုကော်ချင်းတို့က အလွန်ပျော်ရွှင်နေကြပါသည်။

ရှားဝမ်ချွေ့ရဲ့ မိဘတွေနဲ့ စာရင်းရှင်းဖို့ ကူညီပေးမည်ဟုတောင် ပြောသေးသည်။

လင်းဖန်လည်း နွေးနွေးထွေးထွေး ပြုံးပြလိုက်ပါသည်။ "ကောင်းပါပြီ။ ဒါဆို ကျွန်တော် ဦးလေးနဲ့ဒေါ်လေးတို့ကို ကျေးဇူးတင်ရမှာပေါ့"

လင်းဖန်ရဲ့ စကားကို ကြားသောအခါ စုကော်ချန်းနဲ့ ရှားလန်တို့ ပါးစပ်မပိတ်နိုင်ကြတော့ပါ။ "နင်က စကားပြောကောင်းတာပဲ"

လင်းဖန်ကို အစကတည်းက သိပြီးသားဖြစ်သဖြင့် သူတို့နှစ်ယောက် ဒီလိုသဘောကောင်းနေကြခြင်း ဖြစ်ပါသည်။

လင်းဖန်က စူပါစတား တစ်ယောက်ဖြစ်လာပြီး ကုမ္ပဏီတစ်ခုတောင် တည်ထောင်ထားသေးသည်။ သက်လတ်ပိုင်း လူနှစ်ယောက်အတွက် အကြိုက်ဆုံး အရာက ရုပ်သံဒရမ်မာတွေ ကြည့်ဖိုသာ ဖြစ်သည်။

သူတို့ လင်းဖန်ရဲ့ ရုပ်သံဒရမ်မာများကို အလွန် သဘောကျကြပါသည်။ ယခု လင်းဖန် သန်းရာချီသည့် ပြိုင်ကားတစ်ကားမောင်းနေတာကို သူတို့ မြင်လိုက်ရပြီ ဖြစ်သဖြင့် လုံးဝ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်မှန်း သိလိုက်ရပါသည်။

သူတို့ရဲ့ တူမလေးက ဘော့စ်မာကို ခင်ပွန်းတော်ဖို့ ခေါ်လာသလိုပင်။ ဘယ်သူက သဘောမကျဘဲ နေမှာလဲ။

ရှားလန်နဲ့ စုကော်ချန်းတို့က ငွေအများကြီး မရှာနိုင်ပါ။ သူတို့ လင်းဖန်နဲ့ မယှဉ်နိုင်ကြပေ။

ဒီလိုလူမျိုးက အနာဂတ်မှာ မိသားစုအတွင်း ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မှီပါသည်။ သူက ယဉ်ကျေးမှုရှိပြီး သူ့စကားလုံးတွေက သာမန်ထက် ထူးကဲသဖြင့် နှစ်ယောက်စလုံး သူ့ကို အလွန်သဘောကျကြပါသည်။

ကောင်မလေးနှစ်ယောက်ဖြစ်သည့် ရှားချမ့်ချမ့်နဲ့ ရှားချင်းတို့ လင်းဖန်ကို မြင်သောအခါ ပရိတ်သတ်လေးတွေနဲ့ ချက်ချင်း တူသွားပါသည်။

လင်းဖန် ရုပ်ချောလွန်းတာကလွဲပြီး တခြား အကြောင်းအရင်း မရှိပါ။

"ခဲအိုက အရမ်းတော်တာပဲ ဒီနေ့ သူ့ကို အပြင်မှာ မြင်လိုက်ရပြီ။ တကယ် ချောတာပဲ"

ရှားချမ့်ခချမ့်က လင်းဖန်ကို ကြည့်လိုက်ပြီး မျက်နှာ အနည်းငယ် နီမြန်းသွားပါသည်

"ဟားဟား ခဲအိုကို တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ တီဗီပေါ်မှာထက် အပြင်မှာ ပိုချောတယ်။ ဓာတ်ပုံ အတူတူလည်း ရိုက်လို့ ရပြီ။ လက်မှတ် ထိုးပေးပါလား" ရှားချင်း ပြောလိုက်ပါသည်။

ကောင်မလေးနှစ်ယောက် လင်းဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

လင်းဖန်က ချမ်းသာပြီး ချောမောသည်။ သူက မိန်းကလေးတွေရဲ့ အသည်းစွဲပဲ ဖြစ်သည်။

All Chapters