လင်းဖန်မှာ စုငွေ ၄ ဘီလီယံတောင် ရှိတယ်လား
Vol. 26 Ch. 389
ထိုဆွေမျိုးနဲ့ မိတ်ဆွေများအပြင် ရှားမိသားစု ဘေးနားက လူတွေပါ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားကြရသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ပြန်လာပါပြီ။
အထူးသဖြင့် လင်းဖန်၏ ကားကို မြင်လိုက်ကြရသောအခါ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားရသည်။
ရှားဝမ်ချွေ့အိမ်က အဆင့်မြင့် အိမ်ရာတစ်ခုအတွင်းမှာ ရှိပြီး အဆင့်မြင့် အိမ်ရာထဲက နေထိုင်သူ အများစုက တန်ဖိုးကြီးကားများကိုသာ မောင်းနှင်ကြသည်။
သို့သော်လည်း လင်းဖန်ရဲ့ ကားကို မြင်လိုက်ကြရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရပါသည်။
"ဒါ... ငါအမြင်များ မှားနေတာလား။ လင်းဖန်က သန်းရာချီတန်တဲ့ Koenigsegg One ပြိုင်ကားကို မောင်းလာတာလား။ အဲ့တာ သန်းရာချီတန်တဲ့ Limited Edition ပြိုင်ကားကြီးနော်။ ကမ္ဘာပေါ်မှာ တစ်စီးပဲ ရှိတယ်" ကောင်မလေးတစ်ယောက်က အံ့အားသင့်စွာ ပြုံးလိုက်ပါသည်။
"ဟုတ်တယ်။ သူက လင်းဖန်ကိုး။ သန်းရာချီတန်တဲ့ Koenigsegg One အပြင် သန်းရာချီပြီးတန်တဲ့ Bugatti ပြိုင်ကားနှစ်စီးလည်း ပိုင်ဆိုင်သေးတယ်။ ဒီဇိုင်နာက လင်းဖန်အတွက် ပြိုင်ကားကို ကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားတာလို့ ကြားတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က Bugatti ကော်ပိုရေးရှင်းက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး လင်းဖန်အတွက် ပြိုင်ကားအသစ်စက်စက် တစ်စီး ထုတ်ပေးဖို့ စီစဉ်ကြတယ်" အပြာရောင် ဂါဝန်နဲ့ ကောင်မလေး နောက်တစ်ယောက်က ပြောလိုက်ပါသည်။
"ရှားဝမ်ချွေ့ကို အရမ်းအားကျတာပဲ။ ရှားမိသားစုမှာ ဒီလောက်ကောင်းတဲ့ သားမက်မျိုး ရထားတာ။ လင်းဖန်က သူ့မိဘတွေနဲ့ တွေ့တော့မှာ။ မကြာခင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လက်ထပ်ကြတော့မယ် ထင်တယ်" အဝါရောင် ဂါဝန်လေးနဲ့ ကောင်မလေးက ပြောလိုက်ပါသည်။
လင်းဖန်နဲ့ ဆွေမျိုးများ ရှားမိသားစုအိမ်ထဲသို့ ဝင်လာခဲ့သည်။
ရှားမိသားစု အိမ်တော်၏ အပြင်အဆင်များက တန်ဖိုးကြီးသည်။ အခန်းတွေက အလွန်ကြီးမားပြီး လူတွေကို ကောင်းကင်ဘုံ ရောက်သွားသလို ခံစားရစေသည်။
အဆင့်မြင့် အိမ်ရာကြီးများက အမြဲတမ်း ဒီလိုပဲ ဖြစ်ပါသည်။ အပြင်အဆင်ပဲဖြစ်ဖြစ်၊ ရှုခင်းပဲဖြစ်ဖြစ် အိမ်ရာစီမံရေးပဲဖြစ်ဖြစ် အရည်အသွေး အမြင့်ဆုံးသာ ဖြစ်ကြသည်။
အဆင့်မြင့် အိမ်ရာတစ်ခုမှာ လုံခြုံရေးအစောင့်နဲ့ အိမ်ရာအေးဂျင့်လုပ်ဖို့တောင် ပညာအရည်အချင်း လိုအပ်ပါသည်။
ရှားမိသားစုအိမ်တော်ထဲ ဝင်လာပြီးနောက် ရှားမိသားစုမှ လူများစွာကို လင်းဖန် မြင်လိုက်ရသည်။
အားလုံးက သူစိမ်းတွေ ဖြစ်ကြသော်လည်း လင်းဖန်ကို မြင်သောအခါ အားလုံးရဲ့ မျက်လုံးတွေ တောက်ပသွားကြရပါသည်။
"လင်းဖန် ရောက်လာပြီလား။ ဒေါ်လေးက ဝမ်ချွေ့ရဲ့ ဒုတိယဒေါ်လေးပါ။ ဒေါ်လေးက မင်းကို အရမ်း သဘောကျတာ။ မင်းရိုက်တဲ့ ရုပ်သံဒရမ်မာတွေက အရမ်းကောင်းတယ်နော်"
"လင်းဖန်လား တကယ်ကြီး လင်းဖန်ပဲ။ ငါက ရှားဝမ်ချွေ့ရဲ့ ဦးလေးပါ။ မင်းကို တွေ့ရဖို့ မျှော်နေတာ တော်တော်ကြာပြီ။ တီဗီပေါ်မှာထက် အပြင်မှာ ပိုချောမယ် ထင်မထားဘူးကွာ"
"လင်းဖန် ငါက ရှားဝမ်ချွေ့ရဲ့ ဒုတိယ ဦးလေးပါ။ မင်းကုမ္ပဏီတစ်ခုကို တည်ထောင်ထားပြီး ကျားရှင်း ဖျော်ဖြေရေးရဲ့ ဥက္ကဌဆို။ သူရဲကောင်းဆိုတာ လူငယ်တွေဆီက စတယ်ဆိုတာ တကယ်ပါပဲ။ မင်း ဒီလောက်ငယ်ငယ်လေးနဲ့ ကျားရှင်းဖျော်ဖြေရေးရဲ့ ဥက္ကဌတောင် ဖြစ်နေပြီ"
ချက်ချင်းဆိုသလိုပဲ ဆွေမျိုးနဲ့ မိတ်ဆွေများစွာ လင်းဖန်ကို ဝန်းရံလိုက်ကြပါသည်။
လင်းဖန်ကလည်း နွေးနွေးထွေးထွေး ပြန်ပြော၏။
ထင်မထားစွာဖြင့် ရှားမိသားစု၏ ဆွေမျိုးများက သူ့ကို အလွန်သဘောကျကြပါသည်။
အားလုံး ကျားရှင်းဖျော်ဖြေရေးအကြောင်း ပြောနေကြတာကို ကြားသောအခါ ရှားလန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရပါသည်။ "လင်းဖန်က ကြယ်ပွင့်တစ်ပွင့် မဟုတ်ဘူးလား။ သူ့ကို ဘာလို့ ဥက္ကဌလို့ ခေါ်နေကြတာလဲ"
စုကော်ချင်းက ပြောလိုက်သည်။ "မင်း မသိဘူးလား။ လင်းဖန်က အခု ကျားရှင်းဖျော်ဖြေရေးရဲ့ ဥက္ကဌဖြစ်ပြီး ဧကရာဇ်ဖျော်ဖြေရေးရဲ့ ဥက္ကဌပါ ဖြစ်နေပြီ။ အခု လင်းဖန်မှာ ဖျော်ဖြေရေး ကုမ္ပဏီ ၂ ခုတောင် ရှိနေပြီ။ အဲ့ဒီ ဖျော်ဖြေရေးကုမ္ပဏီနှစ်ခုရဲ့ စျေးကွက်တန်ဖိုးက အခုလောက်ဆို ၄ ဘီလီယံလောက် ရှိနေလောက်ပြီ"
ရှားလန် မျက်လုံးပြူးသွားရ၏။ "မဖြစ်နိုင်တာ... ဖျော်ဖြေရေးကုမ္ပဏီနှစ်ခုရဲ့ စုစုပေါင်း စျေးကွက် တန်ဖိုးက ၄ ဘီလီယံကျော်တယ် ဟုတ်လား။ လင်းဖန်မှာ စုငွေ ၄ ဘီလီယံတောင် ရှိနေတာလား"
ရှားဝမ်ချွေ့ရဲ့ အဖေက အလွန်ချမ်းသာသော်လည်း ရှားမိသားစုရဲ့ တခြားဆွေမျိုးတွေပါ ချမ်းသာလိမ့်မည်ဟု မဆိုလိုပေ။
လင်းဖန်ရဲ့ ကုမ္ပဏီမှာ စျေးကွက်တန်ဖိုး ၄ ဘီလီယံ ရှိနေပြီဟု ရှားလန် ကြားလိုက်ရသောအခါ ပို၍ပင် မှင်သက်သွားခဲ့ရပါသည်။
သူတို့အတွက် စုငွေ သန်းဂဏန်းလောက် ရှိနေရင်ပဲ ချမ်းသာပြီဟု သတ်မှတ်နိုင်သည်။
စုငွေက ၁၀ သန်းကျော်သွားပြီဆို ဘော့စ်ကြီး တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
အမှန်ပင်။ သန်း ၁၀၀ ကျော်လောက် ရောက်သွားပြီ ဆိုရင်တော့ ပြိုင်ဘက်ကင်းဟုသာ ခေါ်ဆိုနိုင်ပါလိမ့်မည်။
သူ့ဆုငွေက ၄ ဘီလီယံကျော်ဆို ဘယ်လို နတ်ဘုရားမျိုး ဖြစ်နေမလဲ...
ယခင်တုန်းက သန်း ၁၀၀ ဆိုတာ ပန်းတိုင်အသေးစား ဖြစ်ပြီး ဘီလီယံအနည်းငယ်လောက်က ပန်းတိုင် အလယ်အလတ်စား ဖြစ်သည်ဟု စီအီးအိုဝမ် ပြောခဲ့တုန်းက လူတွေအများကြီး တုန်လှုပ်ခဲ့ရသည်။
ဘီလီယံချီပြီးမပြော၊နဲ့ သန်း ၁၀၀ ဆိုရင်တောင် လူပေါင်းများစွာ တစ်သက်လုံး မရနိုင်မည့် ငွေပမာဏမျိုး ဖြစ်သည်။
လင်းဖန်မှာ စုငွေ ၄ ဘီလီယံရှိသည်ဟု တခြား ဆွေမျိုးတွေ ကြားလိုက်ရသောအခါ ပါးစပ် အဟောင်းသား ဖြစ်သွားကြပါသည်။
၄ ဘီလီယံတဲ့။
"လခွမ်း ၄ ဘီလီယံတောင်လး။ လင်းဖန်ကို သာမန် သူဌေးတစ်ယောက်လို့ ထင်ထားတာ။ ဘော့စ်ကြီး တစ်ယောက် ဖြစ်နေမယ် ထင်မထားဘူး"
"သူ့ကို ဘော့စ်ကြီး တစ်ယောက်လို့တောင် ခေါ်လို့ ရပါဦးမလား"
"ငါ ငိုတောင် ငိုချင်သွားပြီ။ ၄ ဘီလီယံ မပြောနဲ့။ ငါ့မှာ အခု ယွမ် ၄၀ တောင်မရှိဘူး..."
"ဟာ ခဲအိုက အရမ်းတော်တာပဲ~"
လင်းဖန်က ပြုံးကာ အမြန်ရှင်းပြလိုက်ပါသည်။ "စျေးကွက်တန်ဖိုး ၄ ဘီလီယံရှိတာနဲ့ပဲ စုငွေ ၄ ဘီလီယံ မရှိနိုင်ပါဘူး။ ကုမ္ပဏီက တည်ထောင်ခါစ ဖြစ်ပြီးတော့ ငွေလည်း လိုအပ်နေတုန်းပဲ။ ဘယ်လိုလုပ် စုငွေ ၄ ဘီလီယံ ရှိနိုင်မှာလဲ"
ထိုစကားကို ကြားသောအခါ ရှားလန် ဇဝေဇဝါ ဖြစ်သွားပါသည်။ "ဟားဟား ဒေါ်လေးလည်း တကယ် နားမလည်ပါဘူး။ ဒါပေမယ့် အရမ်းကောင်းမယ့်ပုံပဲ။ ကုမ္ပဏီကြီးတစ်ခုရဲ့ ဘော့စ်ကြီးပေါ့။ ကြားရတာ ကောင်းလိုက်တာ။"
စုကော်ချန်းလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။ ဒါပေမယ့် ကုမ္ပဏီ စျေးကွက်က ၄ ဘီလီယံတောင်ရောက်နေပြီဆိုတော့ လင်းဖန် အရမ်း အစွမ်းအစရှိတယ်လို့ ဆိုလိုတာပဲ။ ငါတို့ဝမ်ချွေ့လေးကိုသာ သူ လက်ထပ်လိုက်ရင် အရှုံးမရှိပါဘူး"
ကလေးများစွာလည်း ရှားဝမ်ချွေ့ကို အားကျသွားကြသည်။
ဒီလောက်ကောင်းတဲ့ ကောင်လေးမျိုး ရထားတာကို ဘယ်သူက အားမကျဘဲ နေနိုင်မှာလဲ။
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ပြောလိုက်ပါသည်။ "ဦးလေး သမီးလင်းဖန်ကို လက်တောင် မထပ်ရသေးဘူး... သမီးအဖေ ဘယ်မှာလဲ။ အဘိုးကော။ သူတို့ကိုမတွေ့ပါလား။ အမေကော ဘယ်မှာလဲ"
စုကော်ချန်းလည်း မသိသဖြင့် ခေါင်းခါလိုက်ပါသည်။
ထိုအချိန်တွင် စူပါပြိုင်ကားတစ်စီးဖြစ်သော Maybach တစ်စီး ဝင်ပေါက်မှာ လာရပ်ပါသည်။
Maybach က သန်းကြွယ်သူဌေးတစ်ယောက်ရဲ့ သင်္ကေတဖြစ်ပြီး အတော်လန်းသည့် ပြိုင်ကား တစ်စီးလည်း ဖြစ်သည်။
Maybach ကိုမြင်တော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပါသည်။
ထင်ထားတဲ့အတိုင်း ရှားမိသားစုထံ လာရောက်သည့် အကျော်အမော်များစွာ ရှိနေပါသည်။
လူငယ်လေးတစ်ယောက် ပြိုင်ကားထဲမှ ထွက်လာသည်။ သူ့နာမည်က ကောင်းရုန် ဖြစ်သည်။
ကောင်းရုန်က ကောင်းမိသားစု၏ အကြီးဆုံးသား ဖြစ်သည်။ ကျန်းမြို့တော်မှာလည်း နာမည်ကြီး တစ်ယောက် ဖြစ်သည်။ သူ့မိသားစု ပိုင်ဆိုင်မှုက ၁၀၀ ဘီလီယံယွမ် ကျော်သွားပါပြီ။ အိမ်ခြံမြေလောကထဲတွင် ကောင်းမိသားစုက ငွေကြေးသူဌေးများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။
ကျန်းမြို့တော်ရှိ အိမ်ခြံမြေ တစ်ဝက်နီးပါးလောက်ကို ကောင်းမိသားစုက ကိုင်တွယ်ထားခြင်း ဖြစ်သည်။ ကောင်းမိသားစု နှစ်တိုင်းဝင်ငွေ ဘယ်လောက်ရမလဲ ဆိုတာ ခန့်မှန်းကြည့်လို့ ရပါသည်။
ကောင်းရုန်က ကျန်းမြို့တော်က လူတိုင်း သိသည့် ထိပ်တန်း ကျောင်းသားတစ်ယောက် ဖြစ်ပါသည်။
ကမ်းဘရေ့ဂျ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဆုပေါင်းများစွာကို ရရှိခဲ့ပြီး ကျန်းမြို့တော်ဆီ ပြန်လာကာ အိမ်ခြံမြေလုပ်ငန်းကို တိုးချဲ့ခဲ့သည်။
ရှားလန် ခပ်မြန်မြန်ပဲ ရှေ့ကို တိုးသွားခဲ့ပါသည်။ ကောင်းမိသားစုက ရှားမိသားစုထက်ပင် ပိုမို အာဏာကြီးသည်ဟု ဆိုနိုင်၏။
"ရောက်လာပြီလား စီအီးအိုကောင်း" ရှားလန်က ပြုံးလိုက်ပြီး နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။
"မတွေ့တာ ၁ နှစ်လောက်ကြာပြီ။ အခု ဒေါ်လေး ပိုပြီးတောင် နုသွားသေးတယ်" ကောင်းရုန်က ပြုံးကာ ပြောလိုက်သည်။ Suit တစ်ခုကို ဝတ်ဆင်ထားပြီး အလွန်ယဉ်ကျေးသည့်ပုံ ပေါက်ပါသည်။
စကားအနည်းငယ်ပြောပြီးနောက် လင်းဖန်လည်း ကောင်းရုန်ကို သတိထားမိသွားပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ မေးလိုက်ပါသည်။ "အဲ့ဒီကောင်းရုန်ရဲ့ နောက်ကြောင်းရာဇဝင်က ဘာလဲ"
ရှားဝမ်ချွေ့က မျက်တောင်ခပ်လိုက်ပြီး ပြုံးလိုက်ပါသည်။ "အင်း သူက တော်တော် တော်ပါတယ်။ ကောင်းမိသားစုရဲ့ ပိုင်ဆိုင်မှုကလည်း ဘီလီယံရာကျော်တယ်။ ကောင်းရုန်ကလည်း အရမ်းတော်တာ။ ငါ့အဖေနဲ့ မကြာခဏ လုပ်ငန်းတွဲလုပ်လေ့ရှိတယ်။ ငါ့အဘိုးမွေးနေ့ပွဲကို ရောက်လာတာ ဖြစ်မယ်"
လင်းဖန်က ခေါင်းငြိမ့်လိုက်ပြီး စုမူချင်းကို မက်ဆေ့ ပို့လိုက်ပါသည်။
စုမူချင်းကလည်း ခပ်မြန်မြန်ပဲ မက်ဆေ့ ပြန်ပို့လိုက်ပါသည်။
"ဘော့စ်လင်း ကောင်းရုန်က ကောင်းမိသားစုရဲ့ သားအကြီးဆုံးပါ။ ကျန်းမြို့တော်က အိမ်ခြေမြေ လောကထဲမှာ ကောင်းမိသားစုက ပိုင်နက် တစ်ဝက်လောက်ကို သိမ်းပိုက်ထားတယ်။ အိမ်ခြံမြေ လောကမှာ ဘယ်သူမှ ကောင်းမိသားစုကို မတိုက်ခိုက်ရဲကြဘူး။ ကောင်းမိသားစု လုပ်ငန်းတွေရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုက ၄၀၀ ဘီလီယံ ကျော်လောက်တယ်"
ထိုစကားကို ကြားသောအခါ လင်းဖန်ပြုံးကာ ပြောလိုက်၏။ "တော်သားပဲ"
စုမူချင်းက သူ့ကို WeChat ပေါ်မှာ ချီးကျူးလိုက်ပါသည်။ "မဟုတ်တာ။ ဘော့စ်လင်းလောက် တော်ပါ့မလား။ ဘော့စ်လင်းက သူတို့ထက် အများကြီး ပိုတော်နေပြီ"
သတင်းကိုကြည့်ပြီးနောက် စုမူချင်း ရင်ဖိကာ တောက်ပစွာ ပြုံးလိုက်ပါသည်။
အမှန်ပင်။ ကောင်းရုန်က အလွန်တော်ပါသည်။ သို့သော်လည်း လင်းဖန်နဲ့ ယှဉ်ပါက အပြတ်အသတ် အနိုင်ယူခံရမည်။
စုမူချင်းရဲ့ အမြင်မှာတော့ လင်းဖန်က အလုံးစုံ ထူးချွန်သည့် လူတစ်ယောက် ဖြစ်သည်။
လင်းဖန်ရဲ့ သရုပ်မှန်သာ ပေါ်သွားပါက လူပေါင်းများစွာ တုန်လှုပ်သွားကြလိမ့်မည်။