တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ပေးရတာပေါ့
Vol. 26 Ch. 390
ရှားမိသားစု အိမ်တော်တွင်။
ကောင်းရုန် ဝင်လာသောအခါ လူတိုင်း အားပေးလိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် သူ့အဆင့်အတန်းက သိသာလွန်းတာပဲ မဟုတ်လား။
ကောင်းရုန်လည်း လင်းဖန်ကို မြင်သွားပြီး ချက်ချင်း မျက်လုံးများ မှောင်မိုက်သွား၏။
သူက ကျန်းမြို့တော်က ဖြစ်ကာ ရှားမိသားစုကလည်း ကျန်းမြို့တော်က ဖြစ်သည်။
ကောင်းမိသားစုနဲ့ ရှားမိသားစုတို့ အတူတူ အလုပ်လုပ်နေကြတာ အချိန်အတော်ကြာပြီဟု ဆိုနိုင်သည်။
ကောင်းရုန် သဘောအကျဆုံး ကောင်မလေးက ရှားဝမ်ချွေ့ ဖြစ်သည်။
ထို့ကြောင့် ကောင်းရုန်ချက်ချင်းပဲ ရှားဝမ်ချွေ့ရဲ့ အဖေနဲ့ အလုပ်လုပ်ဖို့ စီစဉ်ခဲ့သည်။
တကယ်တော့ သက်ရောက်မှုက ကောင်းမွန်ပါသည်။
ကောင်းမိသားစု ကော်ပိုရေးရှင်းနဲ့ ရှားမိသားစုတို့ နှစ်ဖက်စလုံး ငွေအများကြီး ရရှိခဲ့ကြသည်။
ရှားမိသားစုနဲ့ ကောင်းမိသားစုတို့က ကျန်းမြို့တော်မှာ အတော်လေး လွှမ်းမိုးကြသူများ ဖြစ်သည်။
ကောင်းရုန်က ရှားဝမ်ချွေ့ရဲ့ အဖေနဲ့ ရင်းနှီးမှုရှိပြီး စီးပွားရေးပါတနာလည်း ဖြစ်သည်။
ရှားဝမ်ချွေ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာသော်လည်း အကြင်နာပေးခန်း မရိုက်ကူးတာကို ကောင်းရုန် ကြားမိသောအခါ အလွန်ဝမ်းသာခဲ့ရပါသည်။
ဒီလို ဖြူစင်ပြီး လှပတဲ့ ကောင်မလေးကို မကြိုက်တဲ့သူ ရှိပါ့မလား။
သို့သော်လည်း... သိပ်မကြာလိုက်ဘဲ ရှားဝမ်ချွေ့ လင်းဖန်နဲ့ တွဲလိုက်ပါသည်။
စောစောတုန်းက ကောင်းရုန်လည်း လင်းဖန်အကြောင်း စုံစမ်းခဲ့ပြီး ဖျော်ဖြေရေး ကုမ္ပဏီ ၂ ခု ဖွင့်ထားကြောင်း သိခဲ့ရပါသည်။ ဒါ အကုန်ပင်။
ကောင်းရုန် ပိုပြီး ဒေါသထွက်ခဲ့ရတာက လင်းဖန် ရှားဝမ်ချွေ့နဲ့ အကြင်နာပေးခန်း ရိုက်ကူးခဲ့တာကိုပင်။
ဒီလိုဇာတ်သိမ်းမျိုးကို ကောင်းရုန် လက်မခံနိုင်ပါ။
သူ ကြံစည်ခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်ပြီး ရှားဝမ်ချွေ့ရဲ့ အဖေကိုတောင် အယုံသွင်းနိုင်ခါနီးပြီ။ သို့သော်လည်း နောက်ဆုံး အနိုင်ပွဲကို လင်းဖန်က လုယူသွားပါသည်။
ဒီနေ့ ကောင်းရုန် Maybach စီးလာခဲ့သည်။
ကောင်းမိသားစု ဘယ်လောက် သန်မာလဲဆိုတာ အားလုံးကို မြင်စေချင်ပါသည်။
သူက လင်းဖန်ထက် အဆပေါင်းများစွာ ပိုသာကြောင်း ရှားဝမ်ချွေ့ကို ပြသချင်ခြင်း ဖြစ်ပါသည်။
ကောင်းရုန် လင်းဖန်ရှေ့ကို လျှောက်လာခဲ့သည်။
လင်းဖန်က လက်ကမ်းလိုက်ပြီး ကောင်းရုန်နဲ့ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ဖို့ ပြင်လိုက်ပါသည်။
သို့သော်လည်း ကောင်းရုန်က လင်းဖန်ကို လျစ်လျူရှုလိုက်ပြီး လက်ဆွဲမနှုတ်ဆက်ခဲ့ပေ။
ကောင်းရုန်ဘေးရှိ အနက်ရောင်ဝတ်စုံနဲ့ လုံခြုံရေး အစောင့်က လင်းဖန်ကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်ပါသည်။ "နောက်တစ်ခေါက် မင်းလက်ဆွဲမနှုတ်ဆက်ခင် စီအီးအိုကောင်းက ဘယ်လိုလူမျိုးလဲဆိုတာကို မျက်လုံးဖွင့်ပြီး သေချာကြည့်။ သူက မင်း ကပ်လို့ ရမယ့် လူမျိုးလား"
လုံခြုံရေးအစောင့်၏ အရွဲ့တိုက်သံကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး အခြေအနေ တင်းမာသွားသည်။
လင်းဖန် ကောင်းရုန်ကိုကြည့်ရင်း လက်လည်း လေထဲမှာပဲ ရပ်တန့်သွားသည်။
ခေါင်းဆောင်မင်းသားဖြစ်သည့် လင်းဖန်သည် ချက်ချင်းပဲ ကောင်းရုန်ရဲ့ ရန်လိုမှုကို ခံစားလိုက်ရပါသည်။
ကမ္ဘာပေါ်မှာ သူများကို အထင်သေးတတ်သည့် လူပေါင်းများစွာ ရှိသည်။ ကောင်းရုန်ကလည်း ၎င်းတို့ထဲက တစ်ယောက် ဖြစ်ပါသည်။
ဘေးကလူတွေ အားလုံး လင်းဖန်ကို ကြည့်လိုက်ကြ၏။
လူရှေ့သူရှေ့မှာ ဘော့စ်မာကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်သော်လည်း ဘော့စ်မာက မသိချင်ယောင်ဆောင်ပြီး သူ့ဘေးက လုံခြုံရေးအစောင့် လှောင်ပြောင်တာကို ခံလိုက်ရလျှင် ဘယ်လောက် နေရခက်လိမ့်မလဲ။
အခြေအနေတစ်ခုလုံး တိတ်ဆိတ်သွား၏။
ဘယ်သူမှ စကားမပြောကြပေ။
ပင်အပ် ကျသံတောင် ကြားနိုင်သည်။
ကောင်းမိသားစုရဲ့ သားကြီး၊၊ ကျန်းမိသားစုရဲ့ မျက်နှာစာ ကောင်းရုန်က လင်းဖန်ကို မျက်နှာသာ မပေးခဲ့ပါ။
လင်းဖန်ကိုလည်း ဒီစင်ပေါ်က ကောင်းရုန် ထွက်မသွားစေချင်ပါ။
မကြာမီ ရှားဝမ်ချွေ့က လင်းဖန်ဘေးကို လျှောက်လာပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ လင်းဖန်ရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး လုံခြုံရေးအစောင့်နဲ့ ကောင်းရုန်တို့ကို ကြည့်လိုက်သည်။ "ဒါ ကျွန်မကောင်လေး လင်းဖန်ပါ။ လုံခြုံရေးအစောင့် ပြောတာ မှန်ပါတယ်။ ရှားမိသားစုထဲက ဘယ်သူမှ စီအီးအိုကောင်းရဲ့ အဆင့်အတန်းကို မမှီပါဘူး။ စီအီးအိုကောင်း ဘာလို့ ရှားမိသားစုကို လာခဲ့တာလဲ”
ရှားဝမ်ချွေ့ရဲ့ စကားလုံးများက အလွန်ထင်ရှားသည်။
ကောင်းရုန်ဘေးက လူတွေ လင်းဖန်ကို မလေးမစား လုပ်ပါက ရှားဝမ်ချွေ့လည်း သူတို့ကို လေးစားနေမှာ မဟုတ်ပါ။
ထိုစကားကိုကြားသောအခါ ကောင်းရုန်ရဲ့ မျက်နှာထား ပြောင်းလဲမသွားပေ။ သူက ပြုံးသာ ပြုံးပြီး ပြောလိုက်ပါသည်။
"ချွေ့ချွေ့ နင့်ကောင်လေးကိုး။ ငါ့အစေခံကို ကောင်းကောင်း မဆုံးမထားလို့ သူပေါက်ကရတွေ လျှောက်ပြောနေတာပါ"
"လင်းဖန်၊ ကျားရှင်းဖျော်ဖြေရေးရဲ့နဲ့ ဧကရာဇ်ဖျော်ဖြေရေးတို့ရဲ့ ဥက္ကဌကြီးပေါ့။ ဘယ်ဆိုးလို့လဲ။ ကုမ္ပဏီ ၂ ခုရဲ့ စျေးကွက်တန်ဖိုးက ၄ ဘီလီယံ ရှိတယ်။ ဒါပေမယ့် ကျားရှင်းဖျော်ဖြေရေးက တည်ထောင်ခါစနော်။ ငွေအများကြီး မဝင်လောက်ဘူး ထင်တယ်။ အခက်အခဲရှိရင် ကျွန်တော့်ကို ပြောပါ" ကောင်းရုန်က လင်းဖန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့က သူ့ရှေ့မှာ လင်းဖန်ကို ကာကွယ်ပေးနေသည်။ ထို့ကြောင့် ကောင်းရုန် ပိုပြီး ဒေါသထွက်သွားရပါသည်။
သူ သဘောကျသည့် ကောင်မလေးက သူများရဲ့ ရည်းစား ဖြစ်သွားသည်။
ဒီလိုအရာမျိုးကို သူသည်းခံနိုင်ပါ့မလား။
ရှားဝမ်ချွေ့ရှေ့မှာ ကောင်းကောင်းမွန်မွန် မရပ်တည်နိုင်လျှင် လင်းဖန်ကို ကောင်းရုန် ဂရုတောင် စိုက်မှာ မဟုတ်ပါ။
လင်းဖန် ပြုံးကာ ပြောလိုက်၏။ "ကျားရှင်းဖျော်ဖြေရေးက ဘယ်သူ့ အကူအညီမှ မလိုပါဘူး"
အကျော်အမော်ကြီး နှစ်ယောက် အချင်းချင်း ရန်လိုနေကြတာကို မြင်သောအခါ ရှားလန်က အခြေအနေကို ဖြောင်းဖြဖို့ အမြန်ရောက်လာခဲ့ပါသည်။
တစ်ဖက်မှာတော့ ကောင်းရုန်ရှိသည်။ ရှားမိသားစု သူ့ကို တိုက်ခိုက်လို့မရပါ။
နောက်တစ်ဖက်မှာလည်း လင်းဖန်က ဘော့စ်ကြီး တစ်ယောက်ဖြစသည်။ ထို့အပြင် လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ကောင်လေး ဖြစ်သည်။ ထိုအဆင့်အတန်း တစ်ခုတည်းနဲ့ လင်းဖန်ကိုလည်း ထိခိုက်အောင် လုပ်လို့မရပါ။
သူတို့ စကားပြောနေရင်း သခင်ကြီးရှား ရောက်လာလေသည်။
ရှားဝမ်ချွေ့ရဲ့ အဖေ ရှားကျန်းချန်လည်း ရောက်လာခဲ့ပါသည်။
"ဘာတွေ ပြောနေကြတာတုန်း" သခင်ကြီးရှားက မေးလိုက်သည်။ သူအသက်ကြီးပြီ ဖြစ်သော်လည်း ဂုဏ်သိက္ခာရှိပါသေးသည်။
သခင်ကြီးရှားနဲ့ ရှားဝမ်ချွေ့ရဲ့ အဖေတို့ကို မြင်သောအခါ ဆွေမျိုးများစွာ အမြန်ဝန်းရံလိုက်ကြပါသည်။
ရှားမိသားစု၏ သခင်ကြီးရှား အဆင့်အတန်းက သိသာလွန်းပါသည်။
သခင်ကြီးရှားကို မြင်သောအခါ ကောင်းရုန် ချက်ချင်းပဲ လျှောက်သွားလိုက်၏။ "ကျွန်တော်ပါ ကောင်းရုန်လေ။ သခင်ကြီး မွေးနေ့မှာ ပျော်ရွှင်ပြီး အသက်ရှည်ရှည်နေရပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ"
ကောင်းရုန်ကိုမြင်တော့ သခင်ကြီးရှား စိတ်အေးလက်အေး ပြုံးလိုက်ပါသည်။ "ငါ့မွေးနေ့ကို လူတွေအများကြီးလာကြမယ် ထင်မထားဘူး။ ငါ့မွေးနေ့မှာ အချိန်ယူပြီး လာပေးကြတာ ရှားတယ်နော်"
ကောင်းရုန် ရယ်မောလိုက်ပြီး သခင်ကြီးရှားကို တွဲခေါ်ဖို့ ရှေ့တိုးလိုက်ပါသည်။ "မဟုတ်တာ မဟုတ်တာ"
ရှားဝမ်ချွေ့ကိုလည်း သခင်ကြီးရှား မြင်သွားသည်။ "ငါ့အဖိုးတန်မြေးမလေးလည်း ရောက်နေပြီကိုး။ မတွေ့တာ နှစ်ဝက်လောက်ရှိပြီ"
ရှားဝမ်ချွေ့လည်း သခင်ကြီးရှားရဲ့ တခြား တစ်ဖက်ကို သွားလိုက်ပြီး ပြုံးလိုက်ပါသည်။ "ဘိုးဘိုးနဲ့ မတွေ့တာကြာပြီ။ ဘိုးဘိုးကိုလည်း ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်~"
လင်းဖန်ကတော့ ခပ်လှမ်းလှမ်းကပဲ ရပ်ကြည့်နေပါသည်။
တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ ကောင်းရုန် ရှားဝမ်ချွေ့ကို အလွန် သဘောကျမှန်း သူပြောနိုင်ပါသည်။
ထို့အပြင် ကောင်းရုန်က သခင်ကြီးရှားနဲ့လည်း ရင်းနှီးမှု ရှိသည်။
ကောင်းရုန်သာ ရှားဝမ်ချွေ့ကို ပိုးပန်းချင်ပါက သခင်ကြီးရှားမှတဆင့် ပိုးပန်းနိုင်ပြီး သခင်ကြီးရှားကလည်း သဘောတူလောက်သည်။
ထို့အပြင် ကောင်းရုန်က ရှားဝမ်ချွေ့ရဲ့ အဖေနဲ့ပါ ဆက်ဆံရေးကောင်းတာကို လင်းဖန် သိပါသည်။
လင်းဖန်က ရှားဝမ်ချွေ့နဲ့ အဆင်ပြေပြီး ကောင်းရုန်က ရှားဝမ်ချွေ့အဖေနဲ့ အဘိုးတို့နဲ့ အဆင်ပြေသည်။
ရှားဝမ်ချွေ့ရဲ့ အဖေနဲ့အဘိုးသာ သူမကို ဖိအားပေးပါက ကောင်းရုန်ကို လက်ထပ်မှာလား။
ဒီနေ့က သခင်ကြီးရှား၏ မွေးနေ့ ဖြစ်သဖြင့် ကောင်းရုန်က သိတတ်စွာ လျှောက်သွားသည်
ရှားဝမ်ချွေ့ကလည်း သခင်ကြီးရဲ့ မြေးမ ဖြစ်သဖြင့် သူမလည်း လျှောက်သွားရပါသည်။
ကောင်းရုန်က သူ့ကို ပစ်မှတ်ထားဖို့လာခဲ့တာဟု လင်းဖန် တွေးလိုက်မိပါသည်။
ထင်မထားစွာဖြင့် ကောင်းရုန်က ရှားဝမ်ချွေ့ကို လာရောက်လုယူတာ ဖြစ်သည်။
ဒီလိုအရာမျိုးတွေကို သူသည်းခံနိုင်ပါ့မလား။
ထို့အပြင် ကောင်းရုန် ကြွားဖို့ ရောက်လာတာဆိုတာ လင်းဖန်ပြောနိုင်ပါသည်။
ကြွားဝါမှုအရ ယှဉ်ပြိုင်ရမယ်ဆို လောလောဆယ် ကောင်းရုန်ကို လင်းဖန် မနိုင်လောက်သေးပါ။
အမှန်ပင်။ ရှားဝမ်ချွေ့ကလည်း လင်းဖန်၏ ခံစားချက်များကို ဂရုစိုက်ပါသည်။ သခင်ကြီးရှားကို အဓိက ထိုင်ခုံမှာ ထိုင်နိုင်အောင် ကူညီပေးပြီးနောက် လင်းဖန်ရှေ့ကို ပြန်လျှောက်လာပြီး လက်မောင်းကို တွဲလျက် ချိုမြိန်စွာ ပြုံးလိုက်သည်။ "ဘိုးဘိုး မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ ဒါ သမီးကောင်လေး လင်းဖန်လေ~"
လင်းဖန်လည်း သခင်ကြီးရှားရှေ့ကို လျှောက်သွားပါသည်။ "မင်္ဂလာပါ အဘိုး။ ကျွန်တော်က ဝမ်ချွေ့ရဲ့ ကောင်လေးပါ။ အဘိုးရဲ့ မွေးနေ့ပွဲမှာ လာဆုတောင်းပေးတာပါ။ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ အဘိုး"
ထိုသို့ပြောပြီးနောက် လင်းဖန် ကောင်းရုန်ကို ကြည့်လိုက်ပါသည်။
သူများတွေက သူ့ကောင်မလေးကို ခိုးယူဖို့ အမြဲတမ်း ကြိုးစားနေကြသည်။
သူသည်းခံနိုင်ပါတော့မလား။
သူ ဒီနေ့ ကောင်းကောင်း မလုပ်လျှင် သခင်ကြီးရှားနဲ့ ရှားဝမ်ချွေ့အဖေတို့ရဲ့ ရင်ထဲမှာ အမှတ်နိမ့်သွားလိမ့်မည်။
သူက တိုက်ခိုက်ချင်တယ်ဆိုမှတော့ ... တိုက်ခိုက်ပေးရတာပေါ့။