← Chapters

အခန်း (၈၀၀)

Vol. 58 Ch. 800

အခန်း (၈၀၀)

Vol. 58 Ch. 800

ဓားစံအိမ်သည် ယခင်အတိုင်းပင်ဖြစ်သည်။

“ခလွမ် ....”

သူက ဓားကို ဆွဲထုတ်လိုက်သည်။

အဝတ်စသည် ဓားကို ညင်သာစွာပွတ်တိုက်သွားပြီး ချီစွမ်းအင်အလင်းသည် ဓားသွားပေါ်တွင် တောက်ပနေသည်။

ဓား၏အမည်သည် ချီတက်ခြင်းဖြစ်ပြီး အဆင့်နိမ့်ဝိညာဉ်လက်နက် ဖြစ်သည်။

ထိုဓားကို ကျောက်စိမ်း၊ ရွှေသတ္တုဖြင့် သန့်စင်ထားပြီး သုံးပေတစ်လက်မ ရှည်လျားသည်။ ဆယ်ပေါင်ခန့် လေးသည်။

ထိုဓားသည် သွယ်လျပြီး အကြမ်းခံသောဝိညာဉ်အင်းကွက်များကို ထည့်သွင်းထားသည့်အတွက် ထိုးခုတ်ရန် သင့်တော်သည်။

ထိုဓားကို ချောင်မိသားစုက ဖန်တီးခဲ့သည်။

....

အမျိုးမျိုးသော သတင်းအချက်အလက်များသည် ဟန်မူယဲ့၏စိတ်ထဲသို့ စီးဝင်လာပြီး ပုံရိပ်များကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ဓားအလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဓားစံအိမ်၏ ဓားချီစီးဆင်းမှုကို ဖရိုဖရဲဖြစ်သွားစေသည်။

ဟန်မူယဲ့သည် ဓားစံအိမ်၏ တတိယထပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။

သူ့ရှေ့တွင် ရွှေရောင်ကိုးထပ်ဓားစံအိမ်သည် တုန်ခါလျက် လွင့်မျောနေသည်။

ဓားအလင်းများသည် နဂါးများအဖြစ် ပြောင်းလဲသွားပြီး သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေကြသည်။

ဟန်မူယဲ့က မျက်လုံးမှိတ်ထားသည်။ သူ၏ မူလဝိညာဉ်ဓားသည် သူ့နောက်တွင် အပေါ်အောက်လှုပ်ရှားလျက် လွင့်မျောနေသည်။

သူ့စိတ်ထဲတွင် အံ့ဖွယ်ကိုးပါးတောင်သို့ ရောက်ရှိခဲ့သောအချိန်မှစ၍ ယခု သူတော်စင်အထွတ်အထိပ်အဆင့်တွင် ရှိနေသည်အထိ လေ့ကျင့်လာခဲ့သော ဓားတာအိုဉာဏ်အလင်းများအားလုံးသည် ထင်ရှား‌သောစာလိပ်များအဖြစ် ပြောင်းလဲသွားပြီး လည်ပတ်နေကြသည်။

ထိုစာလိပ်များသည် ပိုမိုလျင်မြန်စွာ လှုပ်ရှားလာကြပြီး အဆုံးတွင် အစိမ်းပုပ်ရောင်အငွေ့အသက်အဖြစ် ပြောင်းလဲသွားကြသည်။

ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် အစိမ်းရောင်အလင်းသည် ဖြတ်ပြေးသွားခဲ့သည်။

“ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားမှာ ဓားက ရွေးချယ်စရာဖြစ်တယ်”

အစိမ်းပုပ်ရောင်အငွေ့အသက်သည် ဟန်မူယဲ့၏နောက်တွင်ရှိသော မူလဝိညာဉ်ဓားနှင့် ဝင်တိုက်လိုက်ပြီး မူလဝိညာဉ်ဓားကို တုန်ခါသွားစေခဲ့သည်။

မီးခိုးရောင်အင်းကွက်များသည် ဓားကိုယ်ထည်တွင် ပေါ်လာခဲ့ပြီး ဓား၏ ရွှေရောင်အလင်းကို လွှမ်းခြုံ၍ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားကို ဖော်ပြနေသည်။

“ဖျက်ဆီးခြင်းနဲ့တည်ဆောက်ခြင်းရဲ့ ဓားတာအိုကို ဖျက်ဆီးခြင်းနဲ့တည်ဆောက်ခြင်းထက် ကျော်လွန်အောင် လုပ်သင့်တယ်”

ဟန်မူယဲ့၏ပတ်ဝန်းကျင်တွင်ရှိသော ဓားအငွေ့အသက်သည် လျော့နည်းသွားသည်။ သူ့မျက်လုံးထဲတွင်ရှိသော အစိမ်းပုပ်ရောင်အလင်းသည် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် သူက ပြုံးနေသည်။

သူ့နောက်ကျောတွင်ရှိသော မူလဝိညာဉ်ဓားသည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာခဲ့သည်။

အရာအားလုံးသည် တည်ငြိမ်အေးချမ်းနေပြီး ကောင်းကင်နှင့်မြေကြီး၏ ဂုဏ်ကျက်သရေသည် ဤလောကကို ကျော်လွန်သွားသည်။

တာအိုဘိုးဘေး ....

ဓားဘိုးဘေး ....

ယနေ့မှစ၍ ဟန်မူယဲ့သည် ဓားတာအို၏ ဘိုးဘေးတစ်ဦး ဖြစ်သွားခဲ့သည်။

ထိုအဆင့်သို့ ရောက်ရှိခြင်းသည် ကမ္ဘာပြိုကွဲစေနိုင်သော ခံစားချက်များကို ဖယ်ရှားပြီး ရိုးရှင်းမှုသို့ ပြန်သွားခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မဟာတာအိုသည် ဤလောက၏ အကန့်အသတ်ကို ကျော်လွန်နေသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲတွင် ဒန်ထျန်၊ ချီပင်လယ်နှင့် စိတ်နယ်ပယ်ကို ထိုး‌ဖောက်ထားသော မူလဝိညာဉ်ဓားသည် ပျောက်ကွယ်သွားခဲ့သည်။

ထိုဓားသည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားတွင်ရှိသော သူ့စိတ်ထဲတွင် နေရာယူထားသည်။

အဘယ်ကြောင့်ဆိုသော် ထိုဓားသည် လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်နိုင်သည်။

အစိမ်းရောင်ဓားရှည်သည် သူ့စိတ်ထဲတွင် လွင့်မျောနေသည်။

ဓားအလင်းသည် ဖျတ်ခနဲတောက်ပသွားပြီး ထက်မြိသောဓားသွားကို ဖော်ပြသည်။

ထိုဓားသည် မလှုပ်ရှားဘဲ လေဟာနယ်ကို ထိုးခွဲနိုင်ပုံရသည်။

“စိတ်ဝင်စားစရာပဲ”

“ဓားက လူသတ်လက်နက်ဖြစ်ပေမဲ့ တရားမျှတမှုကို သယ်ဆောင်ထားတယ်”

“သတ်ဖြတ်မှုကို သတ်ဖြတ်မှုနဲ့ တားဆီးမယ်”

ဟန်မူယဲ့က အလွန်အားကောင်းသောဓားကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

သတ်ဖြတ်ခြင်းဓား ....

သို့မဟုတ် သားသတ်သမားဓားဟု ‌ခေါ်နိုင်သည်။

သူက ကိုယ်ပိုင်ဓားဝိညာဉ်ကို ဓားသွားအဖြစ် အသုံးပြုခဲ့သောကြောင့် ထိုဓားသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို အပြည့်အဝဦးတည်ထားပြီး လောကတွင် အထက်မြိဆုံးဓားသွားကို ပိုင်ဆိုင်သည်။

တည်ငြိမ်အေးချမ်းပြီး ယှဉ်ပြိုင်မှုကိုမလိုလားသော ဟန်မူယဲ့သည် သတ်ဖြတ်ခြင်းဓားဖြင့် ဓားဘိုးဘေးတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုဓားကို ထုတ်သုံးလိုက်လျှင် သေချာပေါက် သွေးစွန်းသွားလိမ့်မည်။

ဓားတစ်လက်သည် သဘာဝအရ သတ်ဖြတ်ခြင်းလက်နက် ဖြစ်သည်။

ဟန်မူယဲ့က ထိုသတ်ဖြတ်ခြင်းလက်နက်ကို အဆုံးစွန်အထိ အဆင့်မြှင့်ထားခဲ့သည်။

သူက ထိုဓားကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ကောင်းကင်နှင့်မြေကြီးကို ဟန်ချက်ညီစေမည်။

တရားမျှတပြီး သမာသမတ်ကျမှုကို သယ်ဆောင်ထားသည်။

ထိုဓားတာအိုကြောင့် သူက အမြဲသတိရှိနေပြီး သူ၏စိတ်အခြေအနေသည် ညစ်ညမ်းသွားမည်မဟုတ်ပေ။

ထိုအရာသည် ဓားတာအိုဖြစ်သလို ကျင့်ကြံခြင်းနည်းစနစ်တစ်ခုလည်း ဖြစ်သည်။

သူက အစွန်းအထင်းများအားလုံးကို ဖြတ်တောက်ရမည်။

ထိုအစွန်းအထင်းများသည် လူသားလောကနှင့် မသက်ဆိုင်ဘဲ နှလုံးသားထဲတွင်ရှိသောဓားနှင့် သက်ဆိုင်သည်။ ဓားသည် လွတ်လပ်ပြီး တောက်ပနေရမည်။

“အဆုံးမဲ့နတ်ဘုရားဘုရင်၊ ခင်ဗျားကို တကယ်ကျေးဇူးတင်သင့်တယ် ....”

ဟန်မူယဲ့က ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး အဆုံးမရှိဆန့်တန်းသွားသော အဆောက်အအုံများကိုကြည့်လျက် တီးတိုးရေရွတ်သည်။

အဆုံးမဲ့နတ်ဘုရားဘုရင်သည် လွတ်မြောက်ခြင်းလမ်းစဉ်အတွက် အဆုံးမဲ့ပင်လယ်ထဲသို့ ဆင်းသက်ပြီး ငရဲကြီးဆယ်ရှစ်ထပ်ကို တည်ဆောက်ရမည်။

သူက စိတ်ဓာတ်ခိုင်မာစွာဖြင့် လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်တွင် လျှောက်လှမ်းခဲ့သောကြောင့် ဟန်မူယဲ့ကို တက်ကြွလာစေခဲ့သည်။

ကျင့်ကြံခြင်းသည် ခက်ခဲသောလမ်းစဉ်တစ်ခု ဖြစ်သည်။ သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ဓားကို ကိုယ်ပိုင်တာအိုအဖြစ် အသုံးချပြီး ရုပ်ခန္ဓာနှင့် ဓားနှလုံးသားကို ကျင့်ကြံရမည်။

ကျင့်ကြံခြင်းလောကဖြစ်စေ၊ လူသားလောက ဖြစ်စေ တရားမျှတမှုနှင့် သမာသမတ်ကျမှုသည် ရှားပါး‌သောအရာများ ဖြစ်ကြသည်။

ထိုအရာများကို လိုအပ်နေသောကြောင့် ဓားဖြင့် ရှာဖွေရမည်။

အသန့်စင်ဆုံးနှလုံးသားကို ကျင့်ကြံပြီး အထက်မြိဆုံးဓားကို ကိုင်ဆောင်ထားမည်။

ဟန်မူယဲ့၏ဓားတာအိုသည် နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်သို့ အပြည့်အဝရောက်ရှိပြီး လွတ်မြောက်ခြင်းလမ်းစဉ်သို့ တိုက်ရိုက်တက်လှမ်းနိုင်သည်။

“အဆုံးမဲ့နတ်ဘုရားဘုရင်၊ ကျွန်တော်တို့ နောက်တစ်ကြိမ်တွေ့တဲ့အခါမှာ ခင်ဗျား အံ့အားသင့်သွားလိမ့်မယ်”

ဟန်မူယဲ့က ညင်သာစွာပြုံးသည်။

အမျိုးမျိုးသောလမ်းစဉ်များနှင့် ပေါင်းစပ်ထားသည့် အမြင့်ဆုံးလမ်းစဉ် ....

ဟန်မူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ယုံကြည်ချက်ရှိနေသည်။

ဟန်မူယဲ့က ဓားစံအိမ်မှ ထွက်လာသောအခါတွင် ဓားကျင့်ကြံသူတစ်ယောက်ကဲ့သို့ ကြမ်းတမ်းမနေတော့ပေ။ သူက ပိုမိုသိမ်မွေ့လာသည်။

“ကောင်လေးဟန်၊ သတ်ဖြတ်နေတဲ့အချိန်ကလွဲပြီး မင်းက အလယ်ပိုင်းကုန်းမြေရဲ့ ကျောင်းတော်သားတွေနဲ့ အတူတူပဲ”

သေရည်သောက်ရန် ရောက်လာသော မဟာအကြီးအကဲတောက်ရင်က ငြီးငွေ့နေသောလေသံဖြင့် ပြောသည်။

ကောင်းချန်ကုန်းက ခေါင်းညိတ်လိုက်ပြီး ထောက်ခံ့သည်။

ဟန်မူယဲ့၏ကြီးပြင်းမှုကို စောင့်ကြည့်လာသောလူများအတွက် ဟန်မူယဲ့၏ ကျင့်ကြံခြင်းနှင့် အဆင့်အတန်းက ထိပ်ဆုံးသို့ ရောက်နေလျှင်ပင် ဓားစံအိမ်၏ ဓားထိန်းတစ်ယောက် ဖြစ်နေသေးသည်။

သူတို့က ကျင့်ကြံသူများဖြစ်သောကြောင့် ထိုစိတ်အခြေအနေကို နားလည်သည်။

ထိုသို့မဟုတ်လျှင် သူတို့က ကောင်းကင်အဆင့်သို့ ရောက်လာကြမည်မဟုတ်ပေ။

“သခင်လေး၊ ကျေးဇူးပါ”

ကျန်းမင်က ဟန်မူယဲ့ကို ဦးညွတ်သည်။

ယခုအချိန်တွင် ကျန်းမင်သည် မူရှန်မြို့၏ အာခီမီစည်းဝေးပွဲမှ မောက်မာသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး မဟုတ်တော့ပေ။

သူက အံ့ဖွယ်ကိုးပါးတောင်၏ အာခီမီခန်းဆောင်မှ မဟာအကြီးအကဲတစ်ဦး ဖြစ်ပြီး အာခီမီဆရာသခင်တစ်ဦးလည်း ဖြစ်သည်။ အရေးအကြီးဆုံးအနေဖြင့် သူက ဖခင်တစ်ဦး ဖြစ်သည်။

သူက ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများကို မလိုအပ်ပေ။

သို့သော် သားဖြစ်သူ ကျန်းယုချန်အတွက် လုံလောက်သောအခွင့်အရေးကို မပေးနိုင်ခဲ့ပေ။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကျန်းမင်၏ပခုံးကို ပုတ်ပေးသည်။ သူက တစ်ဖက်သို့လှည့်ပြီး မူဝမ်နှင့်အတူလျှောက်လာသော နတ်မိမယ်ကျင်းယွမ်ကို ကြည့်သည်။

ကျန်းမင်သာမက ကျောက်ဖူနှင့် တခြားလူများကလည်း မျိုးဆက်သစ်များကို ခေါ်လာကြသည်။

ထိုလူငယ်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်ကို လေးစားရုံမှလွဲ၍ သိချင်စိတ်ပိုများနေကြသည်။

လူငယ်များသည် အိပ်မက်များရှိကြသည်။

သူတို့၏အမြင်တွင် အကြီးအကဲများ၏အဆင့်အတန်းသည် သူတို့၏ ရည်မှန်းချက်ပန်းတိုင် မဟုတ်ပေ။

သူတို့၏အနာဂတ်သည် အဆုံးမရှိသော ကြယ်ပင်လယ်တွင် တည်ရှိနေသည်။

ဟန်မူယဲ့နှင့်မူဝမ်က သူတို့ကို အကြံပေးစကားပြောပြီး လက်ဆောင်များပေးခဲ့သည့်အပြင် အထက်ဘုံသို့ ခေါ်သွားမည်ဟု သဘောတူခဲ့ကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် နေရာကောင်းတစ်ခုဖြစ်သော်လည်း အထက်ဘုံကဲ့သို့ သဘာဝစွမ်းအင် ကြွယ်ဝမှုမရှိပေ။

ထို့အပြင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အလွန်ငြိမ်းချမ်းနေသည်။

သူတို့က အထက်ဘုံတွင် နေထိုင်သင့်သည်။

“ဝီ”

ဓားစံအိမ်၏ အပြင်ဘက်တွင် ခမ်းနားသောချီစွမ်းအင်အလင်းသည် တောက်ပလာပြီး ဝင်္ကပါတစ်ခုကို ပုံဖော်သည်။

သုံးထပ်ဓားစံအိမ်သည် လေထုထဲတွင် လွင့်မျောနေပြီး မြေအောက်တွင် ဖိနှိပ်ထားသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါသည် အသက်ဝင်လာခဲ့သည်။

“သွမ်မင်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်”

ဝင်္ကပါထဲမှထွက်လာသော သွမ်မင်သည် ဟန်မူယဲ့ကို ရိုသေစွာ ဦးညွတ်လိုက်သည်။

ဟန်မူယဲ့က ဓားစံအိမ်၏အောက်တွင် ဖိနှိပ်ထားသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှတစ်ဆင့် ခရီးသွားခဲ့ဖူးသည်။

သူက တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားမှ ထွက်လာ‌သောအချိန်တွင် ဤနေရာနှင့် အနန္တကမ္ဘာဝင်္ကပါအား ချိတ်ဆက်ရန်အတွက် သွမ်ချန်ကျီကို ပြောခဲ့သည်။

ထိုသို့ဖြင့် အံ့ဖွယ်ကိုးပါးတောင်သည် အထက်ဘုံနှင့် တိုက်ရိုက်ဆက်သွယ်သွားလိမ့်မည်။

ဟန်မူယဲ့ကြီးပြင်းလာသော အံ့ဖွယ်ကိုးပါးတောင်သည် ထိုဝင်္ကပါ၏အကူအညီကြောင့် သေချာပေါက် တိုးတက်လာလိမ့်မည်။

သုံးရက်အကြာတွင် ထို့ပါ့ချန်က တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှတစ်ဆင့် ထွက်သွားသော ကျောက်ဖူဦးဆောင်သည့် ဂိုဏ်းတပည့်များနှင့် မူမိသားစု၏တပည့်များကို ကြည့်နေခဲ့သည်။

သူတို့က တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားတွင် နေထိုင်ပြီး ဟွမ်ကျစ်ဟူ၏ ဓားကျင့်ကြံသူစစ်တပ်တွင် လေ့ကျင့်ရလိမ့်မည်။ ထို့အပြင် ဓမ္မစင်မြင့်ကိုလည်း တက်လှမ်းနိုင်ကြလိမ့်မည်။

ဓမ္မစင်မြင့်သည် လူတစ်ယောက်၏ ကျင့်ကြံခြင်းနည်းစနစ်များကို ပိုမိုနားလည်လာအောင် ကူညီပေးနိုင်သော်လည်း ချက်ချင်း အကျိုးအမြတ်ရမည်မဟုတ်ပေ။

အကယ်၍ လူတစ်ယောက်သည် စိတ်ဓာတ်ခိုင်မာမှုမရှိဘဲ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် လျော့ရဲနေမည်ဆိုလျှင် ဓမ္မစင်မြင့်ပေါ်သို့ တက်ရောက်လိုက်သောကြောင့် ရူးသွပ်သွားလိမ့်မည်။

သူတို့က ကောင်းမွန်စွာလေ့ကျင့်ပြီး ခိုင်မာသောအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားလျှင် ဓမ္မစင်မြင့်တွင် အကောင်းဆုံးအကျိုးအမြတ်များကို ရယူနိုင်ကြလိမ့်မည်။

“ဂိုဏ်းချုပ်က အထက်ဘုံကို လိုက်မသွားဘူးလား”

ဟန်မူယဲ့က ထို့ပါ့ချန်ကို လှည့်ကြည့်သည်။

“သူတို့ပြန်လာရင် ငါက အရာအားလုံးကို ချန်ထားနိုင်ပြီ”

ထို့ပါ့ချန်က အပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

သွေးချီနှင့် ဓားချီများ သွယ်ယှက်နေသော ကျားဖြူစွမ်းအားသည် သူ့ခန္ဓာကိုယ်တွင် လှုပ်ရှားနေခဲ့သည်။

အရာအားလုံးကို ချန်ထားခဲ့မည်။

မဟာကျင့်ကြံသူကြီးတစ်ယောက်အတွက် ဂိုဏ်းသည် အရင်းအမြစ်နှင့် အထောက်အပံ့ဖြစ်သလို ချုပ်နှောင်မှုတစ်ခုလည်း ဖြစ်သည်။

အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်သည် အဆုံးတွင် ကိုယ့်ကိုယ်ကိုယ် မှီခိုရသည်။

ဂိုဏ်းချုပ်ကျင်းကျီက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ထို့ပါ့ချန်ဆီ အပ်နှံခဲ့သည်။

ကျောက်ဖူတို့ ပြန်ရောက်လာသောအခါတွင် ထို့ပါ့ချန်က ဂိုဏ်းကို လက်လွှဲပေးပြီး အစွမ်းကုန်အားထုတ်၍ ကျင့်ကြံနိုင်လိမ့်မည်။

ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ထားပြီး ရှေ့ဆက်သွားခြင်းသည်လည်း ကျင့်ကြံခြင်းဖြစ်သည်။

ဟန်မူယဲ့က ထိုအချက်ကို ကောင်းမွန်စွာနားလည်သည်။

သူ၏ လက်ရှိအခြေအနေသည် ထိုသို့ပင်ဖြစ်သည်။

ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သုံးလကြာအောင် နေထိုင်ခဲ့ပြီး မူဝမ်နှင့်အတူ အလယ်ပိုင်းကုန်းမြေသို့ ထွက်လာခဲ့သည်။

သမင်ဖြူတောင်တန်းကျောင်းတော် ....

နန်းမြို့တော် ....

သူတို့နှစ်ယောက်က လမ်းတစ်လျှောက်တွင် သာမန်လူများကဲ့သို့ နေထိုင်ပြီး အခက်အခဲများကို ရင်ဆိုင်၍ ကြယ်ကောင်းကင်အောက်တွင် အိပ်စက်ခဲ့ကြသည်။ သူတို့က မရေမတွက်နိုင်သော ရှုခင်းများကို မြင်ခဲ့ရသည်။

နန်းမြို့တော်၏ အပြင်ဘက်တွင် ယုံတင်းမြစ်၏ တိမ်တိုက်ပိုးသား အင်မော်တယ်သင်္ဘောသည် နတ်ဘုံနတ်နန်းတစ်ခုနှင့် ဆင်တူသည်။

မူဝမ်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကိုဦးဆောင်၍ သင်္ဘောပေါ်သို့ တက်သွားသည်။ ယွင်ကျင်းက မျက်ရည်ဝဲနေသော မျက်လုံးတစ်စုံဖြင့် ကုန်းပတ်ပေါ်တွင် ရှိနေသည်။

All Chapters