← Chapters

အခန်း (၈၀၃)

Vol. 58 Ch. 803

အခန်း (၈၀၃)

Vol. 58 Ch. 803

ကောင်းကင်ကျောက်တိုင်တွင် လျှို့ဝှက်ချက်တစ်ခုရှိသည်။

ပါ့ရှားကလန်သည် ကောင်းကင်ကျောက်တိုင်ကို မျိုးဆက်တစ်လျှောက် သယ်ဆောင်ခဲ့ပြီး မဖော်ပြနိုင်သော အမွေအနှစ်ကို ဖုံးကွယ်ထားသည်။

ကောင်းကင်ကျောက်တိုင်၏ နောက်ကွယ်တွင် ရှုပ်ထွေးသောဇာတ်ကြောင်းများ ရှိနေသည်။

သို့သော် အရေးမပါပေ။

ဟန်မူယဲ့က သူ့ကိုယ်သူ ချုပ်နှောင်ထားရန်အတွက် ကောင်းကင်ကျောက်တိုင်ကို လာရောက်ရှာဖွေခြင်းမဟုတ်ပေ။

သူက ကောင်းကင်ကျောက်တိုင်နှင့်ပတ်သတ်ပြီး ဝန်ထုပ်ဝန်ပိုးယူမည်မဟုတ်ပေ။

“ဘန်း”

ဧရာမရှေ့ခြေသည် ကျဆင်းလာပြီး ကောင်းကင်ကျောက်တိုင်ကို ရိုက်ချလိုက်သည်။ ရွှေရောက်တောက်နေသော ကောင်းကင်ကျောက်တိုင်သည် ပျက်စီးသွားခဲ့သည်။

ပါ့ရှားကလန်၏ အမွေအနှစ်နှင့် အမျိုးမျိုးသောလျှို့ဝှက်ချက်များကို သယ်ဆောင်ထားသည့် ကောင်းကင်ကျောက်တိုင်သည် ပျက်စီးသွားခဲ့သည်။

ရွှေရောင်အလင်းစီးကြောင်းသည် ပြန့်ကျဲသွားပြီး အင်းကွက်များအားလုံးသည် ပေသန်းချီကျယ်ဝန်းသော ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ပါ့ရှားက အစိမ်း‌ရောင်တောက်နေသောမျက်လုံးများဖြင့် ဝင်္ကပါကို ကြည့်သည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ....

ရိုးရှင်းသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ မဟုတ်ပေ။

ထိုဝင်္ကပါသည် တည်နေရာကိုဖြတ်သန်းပြီး အချိန်ကို ကျော်လွှားနိုင်သည်။

ရွှေအလင်းသည် ပါ့ရှားကို ရစ်ပတ်ထားပြီး ပုံရိပ်ယောင်ဖြစ်သွားစေသည်။

အလင်းစက်ကွင်းသည် ပျောက်ကွယ်သွားသည်။ ပါ့ရှား၊ ကောင်းကင်ကျောက်တိုင်နှင့် ဝင်္ကပါတို့သည် အာကာသထဲတွင် မရှိတော့ပေ။

“ဝီ”

ကောင်းကင်‌ကျောက်တိုင်၏အောက်တွင် ပြင်းထန်သောစွမ်းအားတစ်ခု လှုပ်ရှားနေသည်။ အားကောင်းသော ရုပ်ခန္ဓာတစ်ခုသည် ဖြည်းဖြည်းချင်း နိုးထလာပုံရသည်။

ထိုစွမ်းအားသည် ပါ့ရှား၏စွမ်းအားထက် ပိုမိုခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။

ပတ်ဝန်းကျင်သည် ပျက်စီးသွားလုနီးပါး တုန်ခါလာသည်။

အဆုံးမရှိသော အစိမ်းပုပ်ရောင်အလင်းတန်းများသည် စုစည်းလာကြသည်။

ပျက်စီးနေသော ရှေးဟောင်းကုန်းမြေသည် တုန်ခါလာသည်။ အရိုင်းဆန်သောအငွေ့အသက်သည် ပတ်ဝန်းကျင်ကို ထိုးဖောက်သွားပြီး ဉာဏ်နည်းသောသားရဲများကို ပိုမိုရူးသွပ်လာစေသည်။

....

ပါ့ရှားသည် ရွှေအလင်းများ၏ရစ်ပတ်မှုကြောင့် အချိန်နှင့်တည်နေရာကို ဖြတ်သန်းပြီး တည်နေရာရွှေ့ပြောင်းခံလိုက်ရသည်။ ဟန်မူယဲ့က ထိုစွမ်းအားကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

သူ၏ အချိန်နှင့်တည်နေရာစွမ်းအားသည် ဤလောကတွင် ထိပ်တန်းအဆင့် ဖြစ်သည်။

ဝင်္ကပါစွမ်းအားသည် ကောင်းကင်ကျောက်တိုင်ထဲတွင် ရှေးခေတ်ကတည်းက ပုန်းကွယ်နေခဲ့ပြီး ကောင်းကင်ကျောက်တိုင်အမွေအနှစ်နှင့် ပါ့ရှားသွေးမျိုးဆက်စွမ်းအား၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ပါ့ရှားကလန်သည် ထိုစွမ်းအားကို ထိန်းသိမ်းထားရန်အတွက် ကောင်းကင်ကျောက်တိုင်ကို သယ်ဆောင်ခဲ့ကြသည်။

“ဘုန်း”

ပါ့ရှား၏ ဧရာမခန္ဓာကိုယ်ကြီးသည် ပုံရိပ်ယောင်ဆန်သောအလင်းလွှာကို ဝင်တိုက်ပြီး ဗလာဖြစ်နေသော ရွှံ့အိုင်ထဲသို့ ရောက်လာသည်။

ကြမ်းတမ်းသောစွမ်းအားတစ်ခုသည် သူ၏ ဝိညာဉ်သွေးကြောများအားလုံးကို ဖျက်ဆီးပစ်ချင်သကဲ့သို့ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာသည်။

ထို့ကြောင့် ပါ့ရှားသည် တီးတိုးဟိန်းဟောက်လိုက်ရသည်။

“အင်မော်တယ်ဘုရင်ရဲ့ပိုင်နက်မှာ ဆူညံသံမပြုလုပ်ရဘူး”

“ဒီသားရဲက ဘယ်ကနေရောက်လာပြီး အင်မော်တယ်ဘုရင်ရဲ့ သင်ပြမှုကို နှောင့်ယှက်နေတာလဲ”

“ဟမ်၊ ရှေးခေတ်သားရဲတစ်ကောင်က အထွတ်အထိပ်ကောင်းကင် အင်မော်တယ်ဘုရင်ရဲ့ နန်းဆောင်ထဲကို ရောက်လာတယ်ပေါ့။ ကောင်းပြီလေ၊ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မင်းရဲ့ကံကြမ္မာက မင်းရဲ့နားလည်နိုင်စွမ်းအပေါ်မှာပဲ မူတည်နေတယ်”

“ဘုန်း”

ဟန်မူယဲ့က ခွန်အားကြီးတစ်ခု၏ လွှမ်းခြုံမှုကို ခံစားလိုက်ရသည်။ သူ၏ သွေးမျိုးဆက်စွမ်းအားသည် ဖိနှိပ်ခံလိုက်ရပြီး ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။

သူက ဓားအိမ်တစ်ခုသယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ယောက်အဖြစ် ပြန်ပြောင်းသွားသည်။

သို့သော် ယခုအချိန်တွင် ရွှေအလင်းများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ပါ့ရှားသွေးမျိုးဆက်၏ စွမ်းအားသည် သူ့ကိုယ်ပေါ်တွင် သွယ်ယှက်နေပြီး လူသားမဟုတ်ဘဲ နတ်ဘုရားသားရဲ၏ လူသားအသွင်နှင့် ဆင်တူနေသည်။

သူက ခေါင်းမော့ကြည့်လိုက်သောအခါ ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လရောင်ဖြူဝတ်စုံနှင့် လူအိုကြီးကို မြင်လိုက်ရသည်။

လူအိုကြီး၏ ဆံပင်ရှည်နှင့် မုတ်ဆိတ်များသည် ဖြူဖွေးနေကြသည်။ သူက ညင်သာစွာပြုံးနေပြီး သစ်သားဆံထိုးဖြင့် ဆံပင်ကို စုစည်းထားသည်။ သူ၏ အဝတ်အစားများသည် ရိုးရှင်းသော ချည်ထည်အဝတ်များ ဖြစ်ကြသည်။

လူအိုကြီး၏ရှေ့တွင်ရှိသော စားပွဲပေါ်တွင် နာရီတစ်လုံး၊ ကျောက်စိမ်းခေါင်းလောင်းတစ်ခု၊ ကျောက်စိမ်းချိပ်တံဆိပ်တစ်ခုနှင့် စာလိပ်များကို တင်ထားသည်။

ဟန်မူယဲ့က လူအိုကြီးနှင့် အကြည့်ချင်းဆုံလိုက်သောအခါတွင် လူအိုကြီး၏ ကြည်လင်သောအကြည့်သည် သူ့တစ်ကိုယ်လုံးကို ထွင်းဖောက်သွားသည်ဟု ထင်ရသည်။

ထို့ကြောင့် သူက တစ်ကိုယ်လုံး တုန်ခါသွားပြီး အလိုလျောက် ခေါင်းငုံ့၍ အကြည့်လွှဲမိသည်။

ဝတ်စုံအမျိုးမျိုးနှင့် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် လူအိုကြီး၏ဘေးတွင် ရှိနေကြသည်။

ယခုအချိန်တွင် ထိုလူများသည် အငွေ့အသက်ကို ထိန်းချုပ်ထားသောကြောင့် သူတို့၏ ကျင့်ကြံဆင့်ကို မခန့်မှန်းနိုင်ပေ။

သို့သော် ထိုလူများ၏ကိုယ်ဟန်သည် ထူးခြားသည်။ သူတို့၏ တောက်ပနေသောမျက်လုံးများသည် လောကတစ်ခုလုံးကို သယ်ဆောင်ထားပုံရသည်။

‘သူတို့က ဘယ်သူတွေလဲ’

‘ဒီနေရာက ဘာလဲ’

“ထိုင်”

ရှေ့ဆုံးတွင်ရှိသော လူအိုကြီးက လက်မြှောက်လိုက်သောအခါတွင် အစိမ်းရောင်ထိုင်ဖုံတစ်ခုသည် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။

လူတိုင်းက ထိုင်ဖုံတစ်ခုစီ ရထားကြသည်။

ဟန်မူယဲ့က ငေးမောနေဆဲဖြစ်သည်။ ဘေးတွင်ရှိနေသော အေးစက်သည့်မျက်နှာထားနှင့် သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်က စိတ်မရှည်စွာ ပြောသည်။

“အင်မော်တယ်ဘုရင်က မင်းကို ထိုင်စေချင်ရင် ထိုင်လိုက်လေ။ မင်းက အင်မော်တယ်ဘုရင်ရဲ့ တာအိုသင်ပြမှုအခွင့်အရေးကို မလိုချင်ရင်လည်း ငါတို့ကို အချိန်ကုန်အောင် လုပ်မနေနဲ့”

‘အင်မော်တယ်ဘုရင်’

‘အဲဒါက ဘယ်လိုဘွဲ့ထူးမျိုးလဲ’

ဟန်မူယဲ့သိထားသလောက် အင်မော်တယ်ကမ္ဘာ၏ အသန်မာဆုံးကျင့်ကြံဆင့်သည် ကောင်းကင်ရွှေအင်မော်တယ် ဖြစ်သည်။

‘သူတို့ပြောနေတဲ့ အင်မော်တယ်ဘုရင်က အထွတ်အထိပ်ကောင်းကင် ရွှေအင်မော်တယ်ကို ပြောတာလား။ ဒါမှမဟုတ် ပိုအဆင့်မြင့်တာကို ပြောတာလား’

သူက ရှေ့တွင်ရှိနေသော လူအိုကြီးကို လေးစားစွာဦးညွတ်လိုက်ပြီး ရှေ့တစ်လှမ်းတိုး၍ ထိုင်ဖုံပေါ်တွင် ထိုင်သည်။

ထိုင်ဖုံသည် တည်ငြိမ်အေးချမ်းသော အငွေ့အသက်ကို ထုတ်လွှတ်ပေးပြီး သူ၏ လှုပ်ရှားနေသောသွေးချီကို ငြိမ်သက်သွားစေသည်။

သူ၏ ပတ်ဝန်းကျင်တွင်ရှိသော အရိုင်းဆန်သည့်အငွေ့အသက်ကိုလည်း ထိုင်ဖုံက ဖိနှိပ်လိုက်ပုံပေါ်ပြီး တည်ငြိမ်သောလေထုကို ဖန်တီးပေးသည်။

လူအိုကြီးက ခေါင်းညိတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ ထို့နောက် သူက စားပွဲခုံပေါ်တွင်ရှိသော စာအုပ်ကိုဖွင့်၍ လက်မြှောက်ပြီး လက်ချောင်းထိပ်ဖြင့် ကျောက်စိမ်းခေါင်းလောင်းကို တောက်လိုက်သည်။

“ချလွင် ....”

ခေါင်းလောင်းသံသည် သာယာပြီး နှလုံးသား၏ အနက်ရှိုင်းဆုံးအပိုင်းမှ ရောက်လာသကဲ့သို့ နားစွဲသွားစေသည်။

ထိုခေါင်းလောင်းသံသည် ဟန်မူယဲ့၏ သွေးချီများကို ချက်ချင်းငြိမ်သက်သွားပြီး နှလုံးသားကို ကြည်လင်လာစေသည်။ သူ့မျက်လုံးထဲတွင်ရှိသော ကြမ်းတမ်းသည့် သတ်ဖြတ်လိုစိတ်သည်လည်း ဖိနှိပ်ခံလိုက်ရသည်။

သူ့စိတ်ထဲတွင်ရှိသော အစိမ်းပုပ်ရောင်ဓားရှည်သည် ဆက်တိုက်တုန်ခါပြီး သူတစ်ယောက်တည်းသာကြားနိုင်သော ဓားမြည်သံကို ထုတ်လွှတ်နေသည်။

ကျောက်စိမ်းခေါင်းလောင်းသံသည် သူဖန်တီးထားသော သတ်ဖြတ်ခြင်းဓားနှင့် ဆက်သွယ်နိုင်သည်။

‘အဲဒီလူအိုကြီးရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်တောင်မြင့်မားနေတာလဲ’

“ငါက နှစ်ပေါင်း ၁၂၈,၀၀၀တိုင်းမှာ တာအိုဟောပြောပွဲလုပ်တယ်။ မင်းတို့ထဲမှာ တချို့က ငါ့ရဲ့ တာအိုဟောပြောပွဲကို ငါးကြိမ်နားထောင်ပြီးပြီ။ တချို့ကတော့ သုံးကြိမ်နားထောင်ခဲ့တယ်။ ဒီနေ့မှာ ကမ္ဘာဦးနတ်ဘုရားသားရဲတစ်ကောင်က တာအိုဟောပြောပွဲကို ရောက်လာခဲ့တယ်”

လူအိုကြီး၏အသံသည် တည်ငြိမ်ပြီး စိတ်အေးချမ်းသွားစေသည်။

ရေကဲ့သို့ နူးညံ့သိမ်မွေ့သော သူ့အကြည့်သည် ဟန်မူယဲ့ကို ဖြတ်သန်းသွားသည်။

“ငါက ခွဲခြားမှုမရှိဘဲ သင်ကြားပေးတယ်။ အားလုံးက အခွင့်အရေးအပေါ်မှာပဲ မူတည်တယ်။ ငါ့ရဲ့ တပည့်သုံးဆယ့်တစ်ယောက်လုံးက ရွှေအင်မော်တယ်အဆင့်ကို ရောက်နေကြပြီ။ တချို့က အင်မော်တယ်ဘုရင်အဆင့်နဲ့ သိပ်မဝေးတော့ဘူး ....”

လူအိုကြီးက စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ ဟန်မူယဲ့က လူတိုင်း၏အကြည့်ကို ခံစားလိုက်ရသည်။

သူတို့၏အကြည့်သည် လောကကို ပြောင်းပြန်လှန်နိုင်သော မရေမတွက်နိုင်သည့်အလေးချိန်ကို သယ်ဆောင်ထားသည်။

ကမ္ဘာတစ်ခုက သူ့ရင်ဘတ်နှင့် ဝင်တိုက်သွားသည်ဟု ခံစားလိုက်ရသည်။ ပါ့ရှား၏ ကြံ့ခိုင်သောခန္ဓာကိုယ်သာ မရှိခဲ့လျှင် သူက အမှုန့်ဖြစ်သွားလိမ့်မည်။

“ဟားဟား၊ တကယ်လို့ ဒီကောင်လေးက ငါ့ဂိုဏ်းကို ဝင်ရောက်နိုင်မယ်ဆိုရင် အားအနည်းဆုံးဖြစ်လာလိမ့်မယ်”

ကျင့်ကြံဆင့်မသိနိုင်သော အင်မော်တယ်ဘုရင်၏ တပည့်တစ်ယောက် ဖြစ်လာပြီး ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်မည်။

ရွှေအင်မော်တယ်များကပင် ထိုကျွမ်းကျင်သူ၏တပည့် ဖြစ်ကြသည်။

ဟန်မူယဲ့က ဤတာအိုဟောပြောပွဲ၏အကြောင်းကို မသိပေ။

သို့သော် ကောင်းကင်ထောက်တိုင်သည် ဤအခွင့်အရေးကို ဖန်တီးပေးခဲ့ကြောင်း နားလည်ထားသည်။

ပါ့ရှားကလန် သယ်ဆောင်ထားသော အခွင့်အရေးသည် ဤတာအိုဟောပြောပွဲပင် ဖြစ်လိမ့်မည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တည်ငြိမ်သောမျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်သည်။

သူ့ပုံစံကြောင့် လူအိုကြီးက အသာအယာ ခေါင်းညိတ်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်တစ်သန်းက တာအိုဟောပြောပွဲကို ပြုလုပ်နေတဲ့အချိန်မှာ ငါက ကောင်းကင်စက်ဝန်းကို ဖြစ်ပေါ်စေပြီး ကောင်းကင်စက်ဝန်းဝင်္ကပါကို ဖန်တီးခဲ့တယ်။ အဲဒီအချိန်မှာ တပည့်တချို့က နည်းနည်းလောက် နားလည်သွားကြတယ်။ အခု သူတို့က နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းကို လွှမ်းမိုးထားနိုင်ကြတယ်”

“ဒါပေမဲ့ ကောင်းကင်စက်ဝန်းဝင်္ကပါက အရမ်းအားကောင်းလွန်းတယ်။ နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းတစ်ခုလုံးကိုတောင် အပြည့်အဝ မတည်ဆောက်နိုင်ဘူး”

“ဒီနေ့မှာ ငါက ကောင်းကင်စက်ဝန်းဝင်္ကပါရဲ့ စွမ်းအားကို အသုံးပြုပြီး သတ်ဖြတ်ခြင်းဝင်္ကပါကို ဖန်တီးနိုင်တဲ့အကြောင်း ပြောပြမယ်”

‘ကောင်းကင်စက်ဝန်းဝင်္ကပါလား’

ထိုဝင်္ကပါသည် သူလေ့လာနေသော ကောင်းကင်စက်ဝန်းဝင်္ကပါနှင့် သက်ဆိုင်မှုရှိနိုင်သည်။

သူကျင့်ကြံထားသော ကောင်းကင်စက်ဝန်းဝင်္ကပါသည် နတ်ဘုရားကမ္ဘာ၏ ကောင်းကင်စက်ဝန်းကို မလွှမ်းမိုးနိုင်ဟု ခံစားမိသည်။

သို့သော် နတ်ဘုရားကမ္ဘာ၏ ကောင်းကင်စက်ဝန်းကို သူမသိပေ။

“နတ်ဘုရားကောင်းကင်ဘုံရဲ့ ကျင့်ကြံသူတွေအနေနဲ့ ငါတို့က သတ်ဖြတ်ခြင်းစစ်ပွဲတွေကို ရင်ဆိုင်နေရတယ်”

“ကမ္ဘာဦးခေတ်မှာ မရေမတွက်နိုင်တဲ့ နတ်ဘုရားသားရဲနဲ့ ရှေးခေတ်သားရဲတွေ ရှိကြတယ်။ ကမ္ဘာဦးနတ်ဘုရားနဲ့ မိစ္ဆာတွေက အာကာသထဲမှာ ပြည့်နှက်နေကြတယ်။ ငါတို့က ချီကျင့်ကြံသူတွေအနေနဲ့ ရှင်သန်ဖို့ တိုက်ခိုက်ရမယ်”

လူအိုကြီး၏စကားသံသည် အေးစက်မှုများကို ထုတ်လွှတ်နေပြီး လေထုကို သတ်ဖြတ်လိုစိတ်ဖြင့် တင်းကျပ်သွားစေသည်။

လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ရွှေအလင်းစက်ကွင်းသည် လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။

အလင်းစက်ကွင်းတိုင်းသည် အေးစက်နေပြီး ကမ္ဘာတစ်ခုကို အေးခဲသွားစေနိုင်ပုံရသည်။

အလင်းစက်ကွင်းများ ဆင့်ကဲထပ်သွားသောအခါတွင် ထုတ်လွှတ်နေသောစွမ်းအားသည် လူတစ်ယောက်၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပျက်စီးသွားစေနိုင်သည်။

ဟန်မူယဲ့က ထိုစွမ်းအားမျိုးကို မမြင်ဖူးပေ။

ထိုစွမ်းအားကို ထိန်းချုပ်ထားသည့် ကျွမ်းကျင်သူကိုလည်း သူမသိပေ။

အလင်းစက်ကွင်းများကြားတွင် ဖျတ်ခနဲပြေးလွှားနေသော အလင်းစီးကြောင်းသည် အချိန်၏ ချုပ်နှောင်မှုကိုပင် ပျက်စီးသွားစေခဲ့သည်။

ထိုအလင်းဝင်္ကပါထဲတွင် အချိန်နှင့်တည်နေရာစွမ်းအားသည် ပျက်စီးသွားရမည်။

‘ဒီလိုဝင်္ကပါမျိုးက ပြိုင်ဘက်ကင်းနေမှာပဲ’

“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ဖြတ်တောက်ပြီး သတ်ဖြတ်ခြင်းစွမ်းအားကို လှုံ့ဆော်မယ်။ တကယ်လို့ ဒီဝင်္ကပါက အောင်မြင်သွားခဲ့ရင် အင်မော်တယ်နဲ့ နတ်ဘုရားတွေကို ရှင်းလင်းနိုင်လိမ့်မယ်”

လူအိုကြီးက အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ထားပြီး အေးစက်တင်းမာသော မျက်နှာထားဖြင့် ပြောသည်။

သူ၏ တည်ငြိမ်သောပုံစံသည် ပျောက်ကွယ်နေပြီး အနက်ရောင်ဆံပင်များနှင့် အေးစက်နေသော အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့က ထိုစွမ်းအားမျိုးကို နားမလည်ပေ။ သို့သော် ပတ်ဝန်းကျင်တွင်ရှိသော လူများက ထိုဖြစ်ရပ်နှင့်ပတ်သတ်၍ ထူးဆန်းနေပုံမရပေ။

ဘေးတွင်ရှိသော ကျင့်ကြံသူများအားလုံးက အလင်းအစီအရင်ကို စိုက်ကြည့်နေကြသည်။ ထိုအစီအရင်၏ စွမ်းအားအနည်းငယ်ကို နားလည်နိုင်လျှင် သူတို့က ကောင်းကင်နှင့်မြေကြီးကို ကျော်လွန်သွားမည့်ပုံပေါ်သည်။

အလင်းဝင်္ကပါသည် စွမ်းအားများကို ဆက်တိုက်စု‌ဆောင်းနေပြီး ပတ်ဝန်းကျင်၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားသည် စုတ်ပြဲသွားတော့မည်ဟု ခံစားရသည်။

လူအိုကြီးအဖြစ်မှ ပြောင်းလဲသွားသော လူငယ်သည် မတ်တပ်ရပ်လိုက်သည်။ သူ့လက်များသည် တောက်ပသောအလင်းရောင်ဖြင့် ပြည့်နှက်နေသည်။

အလွန်အားကောင်းသော စွမ်းအားသည် စုစည်းနေပြီး ဖြည်းဖြည်းချင်း နိုးထလာသည်။

ထိုင်ဖုံများပေါ်တွင်ရှိနေ‌သော ကျင့်ကြံသူများက မတ်တပ်ရပ်လိုက်ပြီး မှော်နည်းစနစ်နှင့် တာအိုနည်းစနစ်များကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားကြသည်။

ဟန်မူယဲ့က အလွန်အားကောင်းသော ရတနာသုံးခု၊ ပြိုင်ဘက်ကင်းတာအိုနည်းစနစ်နှင့် တာအိုကျင့်ကြံသူသုံးဦး၊ ဓားအလင်းများကို ထုတ်လွှတ်နေ‌သော ဓားသမားနှစ်ဦးနှင့် မိစ္ဆာအလင်းအား ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ဦးကို မြင်လိုက်ရသည်။

အင်မော်တယ်ဘုရင် ပြောခဲ့သည့်အတိုင်း သူက လူတိုင်းကို သင်ပြပေးသည်။

All Chapters