← Chapters

အခန်း (၈၀၆)

Vol. 58 Ch. 806

အခန်း (၈၀၆)

Vol. 58 Ch. 806

“ဘုန်း”

အဝေးတစ်နေရာတွင် ပုံရိပ်များသည် ကောင်းကင်ထက်မှ ပြုတ်ကျလာကြသည်။

တိထင်၊ ချီလင်နှင့် နတ်ဘုရားသားရဲများ၏ မျက်နှာထားသည် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။

သူတို့က စွမ်းအားတစ်ခု၏ကျူးကျော်မှုကို လွန်ခဲ့သောရက်ပိုင်းမှစ၍ အာရုံခံမိခဲ့ပြီး ထွက်ပြေးရန် ကြိုးစားနေကြသည်။

သို့သော် သူတို့က မလွတ်မြောက်နိုင်ခဲ့ကြပေ။

“အဲဒါက ဒဏ္ဍာရီလာမိစ္ဆာ လောကလန်ပဲ”

ချီလင်က တောင်ပံနှင့်လူငယ်ကို ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ကမ္ဘာဦးလောကကို သစ္စာဖောက်ပြီး အမှောင်စွမ်းအားကို ရွေးချယ်ဖို့အတွက် ချောက်နက်ထဲကို ဆင်းသက်သွားတဲ့ မိစ္ဆာလောကလန်လား”

ချန်ချင်းကျစ်က လက်ထဲတွင်ရှိသော ဓားမော့ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး မီးခိုးရောင်စွမ်းအားများ ထုတ်လွှတ်နေသော လူငယ်ကို ကြည့်သည်။

ထိုစွမ်းအားသည် သူ့ကို ရင်တုန်သွားစေသည်။

ထိုလူငယ်က တောင်ပံကို ဖြန့်လိုက်လျှင် သူတို့အားလုံး သေဆုံးသွားမည်ဟု ခံစားနေရသည်။

“အရမ်းအားနည်းတယ်”

လူငယ်က နောင်တနေရသောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။

သူက ညင်သာစွာလက်သီးဆုပ်လိုက်သည်။ နတ်ဘုရားသားရဲများ အားလုံးသည် နှလုံးသားကို အညှစ်ခံလိုက်ရသကဲ့သို့ ခံစားရပြီး လဲကျသွားကြသည်။

ဟန်မူယဲ့က ပါ့ရှားစွမ်းအားကို ထုတ်ယူခံရပြီး သွေးမျိုးဆက်စွမ်းအား လျော့နည်းသွားသည်ဟု ခံစားရသည်။

ပြိုင်ဘက်သည် သွေးမျိုးဆက်စွမ်းအား ကျင့်ကြံခြင်းတွင် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိနေသောကြောင့် သူ၏ သွေးမျိုးဆက်သည် ဖိနှိပ်ခံလိုက်ရသည်။

သူက နတ်ဘုရားသားရဲ၏ခွန်အားနှင့် ခုခံနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပါ့ရှား၏စွမ်းအားကို ပြန်လည်ရုတ်သိမ်းသည်။ သူက လေပေါ်သို့ ခုန်တက်သွားသည်။

“ခလွမ် ....”

သူက ဓားရှည်ကို ထုတ်သည်။ ဓားသွားသည် ထက်မြိနေပြီး တောက်ပသောဓားအလင်းဖြင့် လေထုထဲတွင်ရပ်နေသော လူငယ်ကို ထိုးချသည်။

“စိတ်ဝင်စားစရာပဲ”

လူငယ်က အပြုံးတစ်ခုနှင့်အတူ ပြောလိုက်ပြီး လက်ချောင်းဖြင့် တောက်ထုတ်သည်။

“ခလွမ် ....”

ဓားရှည်သည် လက်ချောင်းနှင့် ထိတွေ့သွားသည်။ ဟန်မူယဲ့က ရပ်တန့်လိုက်ရသည်။ သူ့မျက်နှာက နီရဲလာပြီး သွေးတစ်လုပ် အန်ထုတ်သည်။

လူငယ်က အနည်းငယ် တုန်ခါသွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးရသည်။

လူငယ်က ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။

“ဒီအဆင့်နိမ့်ကမ္ဘာမှာ ဓားလမ်းစဉ်ကို အဆုံးစွန်အထိ ကျင့်ကြံထားတဲ့လူမျိုး ရှိနေသေးတာလား”

“တကယ်ရှားပါးတယ်”

ထို့နောက် သူက အေးစက်သောမျက်လုံးများဖြင့် ဆက်ပြောသည်။

“ငါက ဓားကျင့်ကြံသူတွေကို အမုန်းဆုံးပဲ”

သူ၏လက်ဝါးချက်သည် လေဟာနယ်ကိုဖြတ်တောက်ပြီး ဟန်မူယဲ့၏ပခုံးပေါ်သို့ ရောက်လာသည်။

ထိုရိုက်ချက်သည် လျင်မြန်ရုံသာမက တည်နေရာကိုလည်း ဖြတ်ကျော်သွားသည်။

ဟန်မူယဲ့က ထိုရိုက်ချက်ကို မရှောင်နိုင်ပေ။

ထိုလက်ဝါးချက် ကျဆင်းလာလျှင် သူက သေဆုံးသွားရလိမ့်မည်။

“ပျက်စီးစမ်း”

ဟန်မူယဲ့က ဓားကိုမြှောက်ပြီး အော်ဟစ်လိုက်သည်။ လေဟာနယ်သည် ဘန်းခနဲ ပေါက်ကွဲသွားသည်။

အာကာသ၏ ပေတစ်ရာပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်နေသည်။

ဟန်မူယဲ့၏ ပခုံးဆီသို့ ဦးတည်ထားသော လက်ဝါးချက်သည် သုံးပေအကွာသို့ ရောက်သွားပြီး လေဟာနယ်ကို လှိုင်းထသွားစေသည်။ ထို့နောက် ပျောက်ကွယ်သွားခဲ့သည်။

တည်နေရာကို ဖြတ်ကျော်သွားသော လက်ဝါးချက်သည် ဟန်မူယဲ့ကို မထိခိုက်စေခဲ့ပေ။ လူငယ်က အလေးအနက်ထားသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

သူ၏တောင်ပံတစ်စုံက အနည်းငယ်တုန်ခါသွားပြီး သွယ်လျသော အနက်ရောင်ငှက်မွေး ဓားရှည်တစ်ချောင်းသည် သူ့လက်ထဲတွင် ပေါ်လာသည်။

“ငါနောက်ဆုံးတိုက်ခိုက်ခဲ့တဲ့လူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကပဲ”

“ဒီလိုမျိုး စုတ်ပြတ်နေတဲ့နေရာမှာ ငါ့ကို ဓားထုတ်အောင်လုပ်နိုင်တဲ့လူ ရှိနေတယ်။ တကယ်စိတ်ပျက်စရာပဲ”

လူငယ်က စိတ်မရှည်သောမျက်နှာထားဖြင့် ဟန်မူယဲ့၏ခေါင်းကို ခုတ်ချသည်။

ဓားချက်သည် သာမန်ဆန်ပြီး ပေါ့ပါးသည်။

သို့သော် သိပ်မဝေးသောနေရာတွင်ရှိသည့် ချီလင်နှင့် တခြားလူများက မျက်လုံးပြူးသွားကြသည်။

သူတို့၏ရှေ့တွင် ဟန်မူယဲ့၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်အောင် တွန့်ခေါက်နေပြီး တစ်ပိုင်းတစ်စစီ ဖြစ်သွားနိုင်သည်။

ထို့နောက် တွန့်ခေါက်သွားသော လေဟာနယ်သည် ယခင်အတိုင်း ပြန်ဖြစ်လာသည်။

အချိန်နှင့်တည်နေရာ၏ တွန့်ခေါက်မှုသည် သူတို့ကို အသက်ရှုကြိမ်တစ်ခါ၏ တစ်ထောင်ပုံတစ်ပုံအချိန်အား ဖျတ်ခနဲ မြင်စေခဲ့သည်။

“သူက ငါ့ရဲ့ ဓားချက်တစ်ချက်ကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး”

လူငယ်က နှာမှုတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

သို့သော် သူက ချက်ချင်းအေးခဲသွားသည်။

ကိုးထပ်ဓားစံအိမ်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်လာခဲ့သည်။

ဓားစံအိမ်၏ ဓားအလင်းသည် တွန့်ခေါက်သွားသော တည်နေရာစွမ်းအားကို ခုခံပြီး စုပ်ယူလိုက်သည်။

“သေစမ်း။ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ အမွေအနှစ်ပဲ ....”

“မဟုတ်သေးဘူး”

လူငယ်က စကားကို အဆုံးမသတ်နိုင်ဘဲ ဟန်မူယဲ့၏ ရွှေရောင်တောက်နေသော ဓားဝိညာဉ်ကို စူးစူးစိုက်စိုက် ကြည့်သည်။

သူက တစ်ကိုယ်လုံးတုန်ခါနေသည်။ အနက်ရောင်တောင်ပံတစ်စုံသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး သူက လက်ထဲတွင်ရှိသော ငှက်မွေးဓားကို လွှတ်ချလျက် အော်ပြောလိုက်သည်။

“သခင်လေး၊ ကျွန်တော့်ကို ချမ်းသာပေးပါ ....”

ဟန်မူယဲ့၏ ဓားဝိညာဉ်သည် ပေါ်ထွက်လာခဲ့သည်။

အစိမ်းပုပ်ရောင် ဓားကိုယ်ထည်ပေါ်တွင် သွယ်ယှက်နေသော ရွှေရောင်အင်းကွက်များကို မြင်နိုင်သည်။

ထိုအင်းကွက်များသည် ဓားရှည်ထိုးဖောက်ခဲ့သော ရွှေရောင်စာရွက်၏စာလုံးများ ဖြစ်ကြသည်။

ဟန်မူယဲ့က ထိုစာလုံးများကို ရွတ်ဆိုခဲ့ဖူးသည်။

“ဝိညာဉ်လေပြင်း၊ ကောင်းကင်ပိုက်ကွန်”

“လမ်းကြောင်းသုံးခု၊ မူလလှုပ်ရှားမှု”

“ဘုန်း”

လေထုသည် ပြင်းထန်သောသတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သွားသည်။ ရွှေရောင်အလင်းသည် ပေါက်ကွဲထွက်လာပြီး လောကတစ်ခုလုံးကို တုန်ခါသွားစေသည်။

သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်သည် လူငယ်၏ ဖြူဖျော့နေသောမျက်နှာကို ပိုမိုဆိုးဝါးသွားစေသည်။

“သတ်ဖြတ်လိုစိတ်နဲ့ စုစည်းထားတဲ့ ဓားဝိညာဉ်၊ ဒီအမွေအနှစ်က ....”

လူငယ်က နောင်တရနေသောမျက်နှာထားဖြင့် အံကြိတ်ထားသည်။

“ကျွန်တော်က တကယ်ကိုပဲ မသိတတ်ပါဘူး။ သတ်ဖြတ်ခြင်းဓားကို ထုတ်လိုက်တဲ့အခါမှာ သေဆုံးခြင်းမရှိဘဲ ပြန်သိမ်းမှာမဟုတ်ဘူး”

သူက ခေါင်းမော့၍ အော်ဟစ်လိုက်သည်။

“ငါ့ရဲ့ မိစ္ဆာဝိညာဉ်က ဒီဓားကို ပူဇော်ပါမယ် ....”

ထိုအချိန်တွင် ပျက်စီးခြင်းတောရိုင်း၏ မရေမတွက်နိုင်သော သက်ရှိများသည် တွန့်ခေါက်လေဟာနယ်ထဲတွင် ပေါ်ထွက်လာပြီး ဟန်မူယဲ့၏ဓားကို တားဆီးလိုက်ကြသည်။

အစိမ်းပုပ်ရောင်ဓားသည် အဆုံးမရှိသောလေဟာနယ်ကို ထိုးဖောက်ပြီး မရေမတွက်နိုင်‌သော သက်ရှိများ၏သွေးကို ဝါးမြိုလိုက်သည်။

ဓားရှည်သည် လူငယ်၏နဖူးကို ထောက်ထားသောကြောင့် လူငယ်က တစ်ကိုယ်လုံး တုန်ခါသွားသည်။

“သခင်လေး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသန်းမှာ သခင်လေးကို သင်ပြခဲ့တဲ့ ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်ကို မှတ်မိသေးလား”

“ကျွန်တော်တို့ မိစ္ဆာလောကလန်က အင်မော်တယ်ဘုရင်ရဲ့ အမိန့်အောက်မှာ ရှိခဲ့ပါတယ်”

“ကျွန်တော် .... ကျွန်တော်က မိစ္ဆာလောကလန်ကို ဦးဆောင်ပေးဖို့အတွက် သခင်လေးကို လာရှာတာပါ။ ပြီးတော့ နတ်ဘုရားလောကကို တက်လှမ်းပြီး နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှာ အကျဉ်းကျနေတဲ့ အင်မော်တယ်ဘုရင်ကို ကယ်တင်ပေးပါ”

လူငယ်က တစ်ကိုယ်လုံး တုန်ခါနေပြီး ဟန်မူယဲ့နှင့် ဓားရှည်ကိုကြည့်လျက် တီးတိုးပြောသည်။

နှစ်ပေါင်းငါးသန်း ....

ကောင်းကင်ကျောက်တိုင်၏ တည်နေရာရွှေ့ပြောင်းမှုသည် လွန်ခဲ့သော နှစ်ပေါင်းငါးသန်းသို့ ရောက်သွားလိမ့်မည်ဟု ဟန်မူယဲ့က ထင်မထားခဲ့ပေ။

သူက ထိုတည်နေရာရွှေ့ပြောင်းမှုကြောင့် စိတ်ကူးမယဉ်နိုင်သော ကံကောင်းခြင်းကို ရရှိခဲ့သည်။

သူက ဓားရှည်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်။

တွန့်ခေါက်နေသော လေဟာနယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် အာကာသထဲတွင် ရှိနေသည့် သက်ရှိတစ်ဝက်ခန့်သည် ထိုဓားချက်ကြောင့် သေဆုံးသွားကြသည်။

ဟန်မူယဲ့က ပျက်စီးခြင်းတောရိုင်း၏ သက်ရှိတစ်ဝက်ခန့်ကို ဓားတစ်ချက်ဖြင့် သတ်ပစ်ခဲ့သည်။

ဓားရှည်က ထိုသက်ရှိတစ်ဝက်ကို စတေးပြီး သန့်စင်လိုက်သောကြောင့် ဟန်မူယဲ့သည် ဓားရှည်၏ ခမ်းနားသောစွမ်းအားကို ခံစားကြည့်နိုင်သည်။

ထိုစွမ်းအားကို သူကိုယ်တိုင်ကပင် နားလည်ရန်ခက်ခဲနေသည်။

ဓားရှည်၏စွမ်းအားကြောင့် သူက လူငယ်၏စကားများကို ယုံကြည်လိုက်သည်။

လူငယ်က ထိုဓားချက်ကို မခုခံဘဲ နှစ်ပေါင်းများစွာကြိုးစား၍ လွှမ်းမိုးခဲ့သော သက်ရှိများကို အသုံးပြုပြီး ဓားရှည်အတွက် ယဇ်ပူဇော်ခဲ့သည်။

ထို့ကြောင့် ဓားရှည်၏စွမ်းအားသည် လူငယ်ကို တိုက်ရိုက်သတ်ပစ်နိုင်သည်အထိ တိုးတက်လာခဲ့သည်။

“အင်မော်တယ်ဘုရင်က အကျဉ်းကျနေတာလား”

ဓားရှည်သည် ဟန်မူယဲ့၏စိတ်ထဲသို့ ပြန်ရောက်သွားသည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး လူငယ်ကို ကြည့်သည်။

အကယ်၍ အင်မော်တယ်ဘုရင်က သူ့ကို တပည့်တစ်ယောက်အဖြစ် လက်မခံလျှင်ပင် တာအိုအား သင်ပြပေးခဲ့သော အကြွေးကို ပြန်ဆပ်ရမည်။

ဥပမာအနေဖြင့် ဟန်မူယဲ့က ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို မော့ယွမ်ဆီမှ သင်ယူပြီး မော့ယွမ်ကို ဆရာအဖြစ် သတ်မှတ်ခဲ့သည်။

အကယ်၍ အင်မော်တယ်ဘုရင်က အမှန်တကယ် ဒုက္ခရောက်နေလျှင် သူက လျစ်လျူရှုမထားနိုင်ပေ။

လူငယ်က ခေါင်းညိတ်ပြီး ချီလင်နှင့် နတ်ဘုရားသားရဲများကို သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်သည်။

“သူတို့အားလုံးက ငါ့ရဲ့မိတ်ဆွေတွေပဲ”

ဟန်မူယဲ့က တီးတိုးပြောသည်။

ဓားကွေးနှစ်လက်ကို ကိုင်ထားသော ရှန့်လင်းရွှမ်းက ရှေ့သို့ ပြေးတက်လာသည်။ ချီလင်နှင့် တခြားလူများကလည်း ဟန်မူယဲ့၏ဘေးသို့ ရောက်လာကြသည်။

သူ့တို့၏ဝိညာဉ်က တိုက်ခိုက်ခံရပြီး ခုခံရန် ခက်ခဲနေခဲ့သည်။

ဟန်မူယဲ့နှင့် မိစ္ဆာလူငယ်က ဓားချင်းယှဉ်ပြီး ပြန်လည်ဆုတ်ခွာသွားသည်ကိုသာ မြင်လိုက်ရသည်။

သူတို့က တိုက်ပွဲ၏ရလဒ်ကို မခန့်မှန်းနိုင်ပေ။

“သခင်လေး၊ နေရာပြောင်းပြီး စကားပြောရအောင်”

လူငယ်က ဟန်မူယဲ့ကို တီးတိုးပြောသည်။ ထို့နောက် သူက လက်ဖြန့်လိုက်သောအခါတွင် အစိမ်းရောင်အလင်းသည် စုစည်းလာပြီး စိမ်းလန်းသောမြက်ခင်းပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

မြက်ခင်းပြင်တွင် မြင့်မားသော ကျောက်သားနန်းတော်များကို မြင်နိုင်သည်။

“အဲဒါက နွားသိုးရိုင်းတွေရဲ့ နယ်မြေပဲ”

“ပျက်စီးခြင်းတောရိုင်းရဲ့ မျိုးနွယ်တွေအားလုံး ရှာဖွေခဲ့ကြတဲ့ အကောင်းဆုံးစားကျက်ကွင်းပဲ”

ဟန်မူယဲ့၏နောက်တွင် မြက်ခင်းပြင်ကို မှတ်မိနေသော နတ်ဘုရားသားရဲများက ထိတ်လန့်စွာ ပြောလိုက်ကြသည်။

အများစုသည် အတိတ်ကို သတိရနေပုံပေါ်သည်။

လူငယ်က လက်မြှောက်လိုက်ပြီး ဟန်မူယဲ့ကို အနည်းငယ် ဦးညွတ်သည်။

ဟန်မူယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ခြေတစ်လှမ်းတိုး၍ မြက်ခင်းပြင်ထဲသို့ ဝင်ရောက်လိုက်သည်။

ရှေးကျသောအငွေ့အသက်သည် သူ့ဆီသို့ တိုးဝင်လာသည်။ မြင်ခင်းပြင်၏ သင်းရနံ့နှင့် အရိုင်းဆန်သော အရှိန်အဝါသည် ရောနှောနေသည်။

ကျောက်သားနန်းတော်များ၏ အပြင်ဘက်တွင် သားရဲများသည် လွတ်လပ်စွာသွားလာပြီး နေ‌ရောင်ခံနေကြသည်။ သူတို့က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် သတိထားနေကြသည်။

လူငယ်က ဟန်မူယဲ့၏ဘေးသို့ ရောက်လာပြီး တီးတိုးပြောသည်။

“သခင်လေး၊ ကျေးဇူးပြုပြီး နောက်ကနေလိုက်ခဲ့ပါ”

သူက ဟန်မူယဲ့ကို ခန်းဆောင်တစ်ခုဆီသို့ ခေါ်သွားသည်။

ချီလင်၊ တိထင်နှင့် တခြားလူများက မြင်ခင်းပြင်ပေါ်သို့ ရောက်လာပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ သူတို့က ကျောက်သားနန်းတော်များ၏ အပြင်ဘက်တွင်ရှိသော သားရဲများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

“ဝေါင်း ....”

“ဂါး ....”

ရှုပ်ထွေးနေသော အော်သံများနှင့်အတူ သားရဲများသည် စိတ်လှုပ်ရှားစွာ ပြေးထွက်လာကြသည်။

တချို့က လူသားအသွင်ကို ယူထားပြီး တချို့က သားရဲပုံစံဖြင့် လျင်မြန်စွာပြေးလာကြသည်။

“ဟားဟား၊ ငါ့ရဲ့ ကျောက်စိမ်းကြံ့ကလန်မှာ အသက်ရှင်နေတဲ့ကလန်သားတွေ ရှိနေတာကို မယုံနိုင်သေးဘူး”

‌ခေါင်းပေါ်တွင် ဦးချိုတစ်ခုရှိသော လူအိုကြီးတစ်ယောက်က မျက်ရည်ဝဲနေပြီး အော်ဟစ်သည်။

“ဒါ၊ ဒါက ရွှေဓားသွားတောဆိတ်ကလန်ရဲ့ မျိုးဆက်လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ ကလန်သားတွေအားလုံးက ပျောက်ကွယ်သွားပြီမဟုတ်လား”

ခါးကုန်းနေသော လူအိုကြီးတစ်ယောက်က မှုန်မှိုင်းနေသောမျက်လုံးများဖြင့် တီးတိုးရေရွတ်သည်။

သူတို့အားလုံးက ရတနာများကို ရှာဖွေချင်သောကြောင့် ပျက်စီးခြင်းတောရိုင်းသို့ ပြန်လာကြသည်။ သို့သော် ကိုယ်ပိုင်ကလန်သားများကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

All Chapters