← Chapters

အခန်း (၈၀၇)

Vol. 58 Ch. 807

အခန်း (၈၀၇)

Vol. 58 Ch. 807

ပျက်စီးခြင်းတောရိုင်း ပြိုကွဲသွားသောအချိန်တွင် သူတို့၏ အိမ်နှင့် ကလန်သားများသည် ဖျက်ဆီးခံလိုက်ရသည်။

သူတို့က လက်ရွေးစင်မျိုးဆက်များကို ကာကွယ်၍ ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်းနှင့်အတူ ထွက်ပြေးခဲ့ကြသည်။ သူတို့က ပျက်စီးခြင်းတောရိုင်းသို့ ပြန်မသွားနိုင်ခဲ့ကြပေ။

“တိထင်၊ ဘာဖြစ်နေတာလဲ”

ချီလင်က စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် တိထင်ကို လှည့်ကြည့်သည်။

ရှေ့တွင် သူတို့နှင့်သက်ဆိုင်သော ကလန်သားများသည် ဖြည်းဖြည်းချင်း ရှေ့တက်လာကြသည်။

လောကတွင် ချီလင်ကလန်သည် ဆက်လက်တည်ရှိနေသေးသည်။

သူက အလွန်ပျော်ရွှင်နေသည်။

“တချို့ကိစ္စတွေက ဘယ်သူက ရှင်းပြနိုင်မှာလဲ”

တိထင်က ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။

သူက ဝမ်းနည်းနေသည်။

ဤနေရာတွင် တိထင်ကလန်သားများ မရှိခဲ့ပေ။

တိထင်ကလန်သည် ရှားပါးသောမျိုးစိတ်တစ်ခု ဖြစ်သည်။ ပျက်စီးခြင်းတောရိုင်း၏ အထွတ်အထိပ်အခြေအနေတွင်လည်း အရေအတွက်အများအပြား မရှိခဲ့ပေ။

“တိထင်လား။ ခင်ဗျားတို့ကလန်အကြီးအကဲရဲ့ နေရာက ဟိုဘက်မှာရှိနေတယ်။ သူက ခင်ဗျားအတွက် တစ်ခုခုချန်သွားတယ်”

ရုတ်တရက်ဆိုသလိုပင် သစ်ကိုင်းနှင့်တူသော ဦးချိုများဖြင့် သားရဲတစ်ကောင်သည် တိထင်ကို ပြောလိုက်သည်။

တိထင်က တစ်ကိုယ်လုံးတုန်ခါသွားပြီး စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် တစ်ဖက်သို့ ပြန်လှည့်လာသည်။

“မထူးဆန်းတော့ပါဘူး။ အကြီးအကဲ ....”

သူက ပြေးထွက်သွားသည်။

ခန်းဆောင်ထဲတွင် ဟန်မူယဲ့က လှေကားထိပ်တွင်ရပ်လျက် မျိုးနွယ်စုများ၏ တွေ့ဆုံမှုကို ကြည့်နေသည်။

“မင်းက ဒီလိုမြင်ကွင်းမျိုးကို မြင်ရဖို့အတွက် အဲဒီသားရဲတွေကို ကာကွယ်ပေးခဲ့တာ မဟုတ်ဘူးမလား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

လူငယ်က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

“သခင်လေးပြောတာ မှန်ပါတယ်။ ကျွန်တော်က သန့်စင်တဲ့သွေးမျိုးဆက်ကို ထိန်းသိမ်းထားမှ သူတို့ရဲ့မျိုးဆက်တွေကို လွှမ်းမိုးပြီး ကိုယ်ပိုင်အင်အားစုကို တည်ဆောက်နိုင်လိမ့်မယ်”

ထိုနည်းလမ်းသည် တိုက်ရိုက်ကျပြီး ရိုးရှင်းသည်။

ထို့အပြင် အလွန်ရက်စက်သည်။

အကြောင်းပြချက်မရှိဘဲ မည်သူမှ သဘောကောင်းနေမည်မဟုတ်ပေ။

ပျက်စီးခြင်းတောရိုင်း၏ ထိုမျိုးနွယ်များသည် အသုံးဝင်နေသောကြောင့်သာ ရှင်သန်နိုင်ခဲ့ကြသည်။

ဟန်မူယဲ့က ဘာမှမပြောပေ။

ကျင့်ကြံခြင်းလောကဖြစ်စေ လူသားလောကဖြစ်စေ နွေးထွေးသောအလွှာကို ဖယ်ရှားလိုက်သောအခါတွင် အရာအားလုံးက အေးစက်နေလိမ့်မည်။

အကယ်၍ အရာအားလုံးကို ထိန်းချုပ်နိုင်သော စွမ်းအင်မျိုးမရှိလျှင် ကလန်တစ်ခုသည် ထိုနည်းလမ်းမျိုးဖြင့်သာ ရှင်သန်နိုင်သည်။

“အင်မော်တယ်ဘုရင်ရဲ့အကြောင်းကို ပြောရအောင်”

ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်။

ခန်းဆောင်ကို မီးခိုးပြာရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ရိုးရှင်း၍ ကြမ်းတမ်းသောပုံစံကို ဖော်ညွှန်းနေသည်။

ကျောက်တုံးအများအပြားကို အင်းကွက်အမျိုးမျိုးဖြင့် ထွင်းထုထားပြီး ထူးခြားဆန်းကြယ်သော စွမ်းအားကို ထုတ်လွှတ်ပေးနေသည်။

ဤခန်း‌ဆောင်သည် ပျက်စီးခြင်းတောရိုင်းမှ ကလန်ကြီးတစ်ခု၏ အမွေအနှစ် ဖြစ်လိမ့်မည်။

“သခင်လေး၊ ကျွန်တော့်နာမည်က ကျူးလင်ပါ။ ကျွန်တော်က မိစ္ဆာလောကလန်ကပါ”

“အမှန်အတိုင်းပြောရရင် အင်အားစုကြီးတွေက ကျွန်တော်တို့ကလန်ကို နတ်ဘုရားကမ္ဘာကနေ နှင်ထုတ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်မှာ လျှောက်သွားနေတာပါပဲ”

ကျူးလင်ဟု‌ခေါ်သော လူငယ်က ခန်းဆောင်ထဲတွင် ရပ်နေပြီး ဟန်မူယဲ့ကို အရာအားလုံး ရှင်းပြလိုက်သည်။

နတ်ဘုရားလောကသည် ကျင့်ကြံခြင်းလောက၏ အစစ်အမှန်ဗဟိုချက်၊ မူလရင်းမြစ်နှင့် အသန်မာဆုံးနေရာ ဖြစ်သည်။

“အင်မော်တယ်ကမ္ဘာလား။ သူတို့က နတ်ဘုရားဘုံရဲ့အပြင်ဘက်မှာ ပိတ်မိနေတဲ့ သနားစရာလူတွေပါပဲ”

ကျူးလင်က ရပ်တန့်လိုက်ပြီး ခေါင်းခါသည်။

“ကျွန်တော်တို့ရဲ့ မိစ္ဆာလောကလန်ကလည်း အတူတူပါပဲ”

အင်အားစုအများအပြားသည် နတ်ဘုရားဘုံတွင် တည်ရှိနေပြီး အသန်မာဆုံးအဆင့်သည် ရွှေအင်မော်တယ်အဆင့်ထက် ကျော်လွန်နေသော အင်မော်တယ်ဘုရင် ဖြစ်သည်။

“ဒီလောကမှာ လူသားအင်မော်တယ်တွေပဲ ရှိကြတယ်။ လူသားအင်မော်တယ်အဆင့်ထက် ကျော်လွန်ပြီး ကောင်းကင်အင်မော်တယ်အဆင့်ကို ရောက်နေတဲ့လူတွေက ရှားပါးကြတယ်”

“အင်မော်တယ်ကမ္ဘာမှာ ကောင်းကင်အင်မော်တယ်တွေကို ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေအဖြစ် ယူဆနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အထက်မှာ ရွှေအင်မော်တယ်တွေ ရှိနေကြသေးတယ်”

“နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်စက်ဝန်းမှာ အထွတ်အထိပ် ကောင်းကင်ရွှေအင်မော်တယ်တွေက အင်အားစုတစ်ခုကို ထိန်းချုပ်ထားနိုင်ကြတယ်။ သူတို့ရဲ့ အထက်မှာ အင်မော်တယ်ဘုရင်နဲ့ အထွတ်အထိပ်ကောင်းကင် အင်မော်တယ်ဘုရင်တွေ ရှိကြတယ်”

ကျူးလင်က မျှော်လင့်နေပုံရသော်လည်း ခါးသီးသောအပြုံးဖြင့် ပြောသည်။

“အဲဒီအဆင့်က အရမ်းဝေးကွာလွန်းပါတယ်။ ကျွန်တော်က မမျှော်လင့်ရဲပါဘူး”

ဤလောကတွင် လူသားအင်မော်တယ်များသည် အဆုံးသတ်ဖြစ်သည်။ ထိုအဆင့်ကို ကျော်လွန်နိုင်သော အဆုံးမဲ့နတ်ဘုရားဘုရင်ကဲ့သို့ လူများသည် အနည်းငယ်သာ ရှိကြသည်။

ကောင်းကင်အင်မော်တယ်၊ ရွှေအင်မော်တယ် ....

အထွတ်အထိပ်ကောင်းကင်အဆင့်ကို ရွှေအင်မော်တယ်၊ အင်မော်တယ်အုပ်ချုပ်သူနှင့် အင်မော်တယ်ဘုရင်များအဖြစ် ပြန်လည်ခွဲခြားထားသည်။

အဆင့်တစ်ခုချင်းစီသည် ကမ္ဘာတစ်ခုကဲ့သို့ ကွာခြားသည်။

ဟန်မူယဲ့က တာအိုဟောပြောပွဲနယ်မြေတွင် တိုက်ခိုက်ခံခဲ့ရသည်။ အနည်းဆုံး ထိုလူများထဲမှ တစ်ယောက်သည် ကောင်းကင်အင်မော်တယ်အဆင့် ဖြစ်သည်။

သူက ရုပ်ခန္ဓာနှင့် ဝိညာဉ်အပေါ်တွင် ကျရောက်လာသောဖိအားကို မခုခံနိုင်ခဲ့ပေ။

ထိုစွမ်းအားသည် စိတ်ကူးမယဉ်နိုင်သောအဆင့်တွင် ရှိနေသည်။

“သခင်လေး၊ အင်မော်တယ်ဘုရင် အကျဉ်းကျနေတာက သခင်လေးနဲ့ နည်းနည်းပတ်သတ်နေတယ်”

ကျူးလင်က ရှုပ်ထွေးသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြုံးသည်။

ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင် ထောင်ဟုန်ကျင်းသည် နတ်ဘုရားလောက၏ ထူးခြားချက်တစ်ခု ဖြစ်သည်။

သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် လှည့်လည်သွားလာနေပြီး ကိုယ်ပိုင်အင်အားစုကို မတည်ထောင်ခဲ့ပေ။

သူအမွေဆက်ခံထားသော ကောင်းကင်စက်ဝန်းဝင်္ကပါသည် နတ်ဘုရားလောကကို ဖိနှိပ်နိုင်သည်ဟု ပြောသည်။ သို့သော် သူက ထိုဝင်္ကပါကို မတည်ဆောက်နိုင်ပေ။

ကုန်ကျစရိတ် အလွန်များပြားသည်။

သူက နတ်ဘုရားလောက၏ နေရာအနှံ့တွင် လျှောက်သွားပြီး နှစ်ပေါင်း ၁၂၈,၀၀၀တိုင်းတွင် မည်သူ့ကိုမှ ခွဲခြားမှုမရှိဘဲ သင်ပြပေးလိမ့်မည်။

လွန်ခဲ့သောနှစ်များတွင် လှည့်ပတ်သင်ကြားပေးနေသည့် အင်မော်တယ်ဘုရင်ကို မည်သူမှ ဂရုမစိုက်ဘဲ ပစ်ထားခဲ့သည်။ အများဆုံး သူ၏ သင်ကြားမှုတွင် ပြဿနာတချို့ ဖြစ်လာရုံသာ ရှိသည်။

ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်သည် ခွဲခြားမှုမရှိဘဲ သင်ကြားပေးသောကြောင့် သူ၏ သင်ပြမှုကို ခံယူနိုင်သော လူများသည် ကံကောင်းသည်ဟု ယူဆကြသည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်းငါးသန်းခန့်တွင် သူ၏ သင်ကြားမှုက ပြောင်းလဲသွားခဲ့သည်။

ထိုနှစ်တွင် သူ၏ သင်ကြားမှုအပြီး၌ အင်မော်တယ်ဘုရင်က ရက်ရောနေပြီး ရတနာများကို ခွဲဝေပေးခဲ့သည်။

အင်မော်တယ်ဘုရင်တစ်ပါး၏ ရတနာများသည် တခြားကျင့်ကြံသူများ၏အမြင်တွင် တန်ဖိုးမဖြတ်နိုင်ပေ။

သူ၏သင်ကြားမှုကို ခံယူခြင်းနှင့် ရတနာကို ရရှိခြင်းသည် မတူညီသောအရာများ ဖြစ်ကြသည်။

ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်က နတ်ဘုရားလောက၏ အတွင်းနှင့်အပြင်တွင် လွတ်လပ်စွာ လှည့်ပတ်သွားလာပြီး သင်ကြားမှုကို ဖြန့်ဝေ၍ ရတနာများကို လက်ဆောင်ပေးခဲ့သည်။

ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်၊ ရတနာအင်မော်တယ်ဘုရင်၏ နာမည်သည် နတ်ဘုရားလောကတစ်ခုလုံးတွင် ပျံ့နှံ့လာခဲ့သည်။

ကျူးလင်၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်သည်။

ဟန်မူယဲ့က ရတနာများကို လက်ဆောင်ပေးရန်အတွက် အကြံပြုခဲ့သည်။

ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်က ဟန်မူယဲ့၏ အကြံပြုချက်ကို လက်ခံပြီး နှစ်ပေါင်းများစွာကြာအောင် စုဆောင်ထားခဲ့သော ရတနာများကို ထုတ်ပေး၍ အမျိုးမျိုးသော အခွင့်အရေးများကို ဖန်တီးခဲ့သည်။

နှစ်တစ်သန်းအချိန်အတွင်း၌ နတ်ဘုရားလောက၏ နေရာအသီးသီးမှ လူများသည် သူတို့ကိုယ်သူတို့ အင်မော်တယ်ဘုရင်၏ တပည့်အဖြစ် အလိုလျောက် သတ်မှတ်လာကြသည်။

အမျိုးမျိုးသောရတနာနှင့် အခွင့်အရေးများကို ပိုင်ဆိုင်ထားသည့် ကျွမ်းကျင်သူများသည် တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်မိပြီး အင်အားစုကြီးတစ်ခု ဖြစ်တည်လာသည်။

နတ်ဘုရားလောက၏ အင်အားစုကြီးများ သတိထားမိသောအချိန်တွင် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်သည် လူတိုင်းကြောက်ရွံ့ရသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

“အဲဒီတိုက်ပွဲမှာ အင်မော်တယ်နယ်မြေဆယ်ခု ပျက်စီးသွားခဲ့တယ်။ နတ်ဘုရားလောကရဲ့ ထောင့်တစ်နေရာကလည်း ပြိုကျသွားတယ်”

ကျူးလင်က ကမ္ဘာတုန်စေနိုင်သောတိုက်ပွဲကို ကိုယ်တိုင်မြင်ခဲ့ရသည့်အလား စိတ်လှုပ်ရှားစွာ ပြောသည်။

မရေမတွက်နိုင်သော အင်မော်တယ်ကမ္ဘာများသည် နတ်ဘုရားလောကကို ဝိုင်းရံတိုက်ခိုက်ပြီး အင်မော်တယ်နှင့် နတ်ဘုရားများ၏ ကြားတွင်ရှိသော အတားအဆီးကို ချိုးဖျက်ခဲ့သည်။ နတ်ဘုရားလောက၏ အင်အားစုများသည် တုံ့ပြန်ခဲ့ကြသည်။ ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်က သူပေးအပ်ခဲ့သော ရတနာများ၏စွမ်းအားကို အသုံးပြုပြီး ကောင်းကင်စက်ဝန်းဝင်္ကပါတစ်ဝက်ကို တည်ဆောက်ခဲ့သည်။

အဆုံးတွင် အင်မော်တယ်ဘုရင်ဆယ်သုံးပါးက လှုပ်ရှားလိုက်ပြီး ဝင်္ကပါကို ချိုးဖျက်ခဲ့ကြသည်။

ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်ကိုလည်း နတ်ဘုရားရင်းမြစ် ကောင်းကင်နန်းတော်တွင် အကျဉ်းချထားလိုက်သည်။

သို့သော် နတ်ဘုရားလောက၏ အတားအဆီးသည် ကျိုးပျက်သွားပြီး အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများသည် နတ်ဘုရားလောကသို့ ဝင်ရောက်သွားကြသည်။ တိုက်ပွဲသည် နောက်တစ်ကြိမ်ထပ်ဖြစ်လာလိမ့်မည်။

ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်၏ ရတနာများကို ရရှိထားသောလူ၊ အမွေအနှစ်ကို ဆက်ခံထားသောလူ၊ အင်မော်တယ်ကမ္ဘာမှ ရောက်လာသောလူများကို မည်သူမှ သေချာမပြောကြနိုင်ပေ။

နှစ်တစ်သောင်းတိုင်းတွင် ကျင့်ကြံသူများသည် နတ်ဘုရားရင်းမြစ် ကောင်းကင်နန်းတော်၏ရှေ့တွင် စုစည်းနေကြသည်။

မဟာပုဂ္ဂိုလ်ကြီးများသည် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်ကို အကြောင်းပြချက်နှစ်ခုကြောင့် ချုပ်နှောင်ထားခဲ့ကြသည်။ ပထမတစ်ခုသည် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်က အလွန်အားကောင်းသည်။ သူ၏ ဝှက်ဖဲများကို အပြည့်အဝမသိနိုင်ဘဲ သူ့ကို သတ်ဖြတ်လိုက်လျှင် ပိုမိုကြီးမားသော အရှုပ်အထွေးကို ဖြစ်ပေါ်စေလိမ့်မည်။

ဒုတိယအချက်သည် ကောင်းကင်စက်ဝန်းဝင်္ကပါကြောင့် ဖြစ်သည်။ ထိုဝင်္ကပါက အလွန်အားကောင်းသောကြောင့် လူတိုင်းက လိုချင်တပ်မက်နေကြသည်။

သို့သော် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်က တိတ်ဆိတ်နေခဲ့သည်။

“သခင်လေးက အင်မော်တယ်ဘုရင်ရဲ့ သင်ပြမှုကို နားထောင်နေတဲ့အချိန်မှာ အမွေအနှစ်ကို ရရှိသွားနိုင်တယ်လို့ လူတချို့က ထောက်ပြကြတယ်”

ကျူးလင်က ဟန်မူယဲ့ကို မော့ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

‘တစ်ယောက်ယောက်က ထောက်ပြခဲ့တာလား’

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

သူက အင်မော်တယ်ဘုရင်၏သင်ပြမှုကို နားထောင်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်းငါးသန်းသို့ တည်နေရာရွှေ့ပြောင်းသွားခဲ့သည်။ ထိုနေရာတွင် ရှိနေသောလူများမှလွဲ၍ မည်သူမှ သူ့ကို မသိကြပေ။

ထိုလူများသည် သူ၏ အခွင့်အရေးကို လုယူရုံသာမက သူ့ကို အပြတ်ရှင်းရန် ကြိုးစားနေကြသည်။

“နတ်ဘုရားကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာတွေအားလုံးက သခင်လေးကို နှစ်ပေါင်းသုံးသန်းကြာ‌အောင် လိုက်ရှာနေကြတယ်”

ကျူးလင်က ပြုံးသည်။

ဟန်မူယဲ့သည် နှစ်ပေါင်းငါးသန်းအကွာသို့ တည်နေရာရွှေ့ပြောင်းလာမည်ဟု မည်သူက ထင်ထားမည်နည်း။

ကျင့်ကြံခြင်းလောက၏လူများသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးလိုက်လျှင်ပင် သူနှင့်ပတ်သတ်သော သတင်းများကို မရှာနိုင်ခဲ့ကြပေ။

ဟန်မူယဲ့နှင့်အတူ သင်ပြမှုကို ခံယူခဲ့သော လူများထဲတွင် လူတချို့က နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။

ထိုလူများသည် ဟန်မူယဲ့ကို ရှာဖွေနေကြသည်။

ဤလောက၏ အထက်တွင်ရှိသော အင်မော်တယ်ကမ္ဘာတွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် အင်အားစုကြီးတစ်ခု ဖြစ်သည်။ ထိုဂိုဏ်း၏ ကျွမ်းကျင်သူတစ်ယောက်က ကျူးလင်နှင့်တိုက်ခိုက်ပြီး ဒဏ်ရာရသွားခဲ့သည်။ ကျူးလင်ကလည်း ကောင်းကင်ထောက်တိုင်၏အောက်တွင် ဖိနှိပ်ခံလိုက်ရသည်။

ကျူးလင်က ကောင်းကင်ထောက်တိုင်၏သမိုင်းကြောင်းကို မသိပေ။

ပါ့ရှားကလန်၏ အမွေအနှစ်ဖြစ်သော ကောင်းကင်ထောက်တိုင်၏ ဒဏ္ဍာရီကို မသိနိုင်ကြပေ။

ကိုးထပ်ဓားစံအိမ်သည် အင်မော်တယ်ဘုရင် ချီးမြှင့်ပေးခဲ့သော အခွင့်အရေးတစ်ခု ဖြစ်သည်။

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အင်မော်တယ်ဘုရင်ရဲ့ လက်အောက်မှာ တာအိုကို သင်ယူခဲ့ဖူးတယ်”

ကျူးလင်၏စကားကြောင့် ဟန်မူယဲ့က သူနှင့်အတူ ရှိနေခဲ့သော ဓားကျင့်ကြံသူများကို သတိရသွားသည်။

‘အဲဒါက သူတို့လား’

မရေမတွက်နိုင်သော ကမ္ဘာများသည် သူ့ကို နှစ်သန်းချီကြာအောင် ရှာဖွေနေကြလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထူးခြားသောအခွင့်အရေးများသည် ထူးခြားသောစမ်းသပ်မှုများနှင့် ရောယှက်နေသည်။

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာတွင် အထောက်အထား ပေါ်ပေါက်သွားမည့်အကြောင်းကို တွေးမိပြီး ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ အားကောင်းသောရန်သူများသည် သူ့ကို ဝိုင်းရံလာကြလိမ့်မည်။

သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တိုက်ပွဲများကို မကြောက်ရွံ့သော်လည်း ကျင့်ကြံခြင်းလောကတစ်ခုလုံးနှင့် တစ်ယောက်တည်း ရင်မဆိုင်ချင်ပေ။

မိုင်သန်းချီကျယ်ဝန်းသော နွားသိုးရိုင်းမြင်ခင်းပြင်တွင် ဟန်မူယဲ့နှင့် လိုက်ပါလာသော သားရဲတချို့က နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ချီလင်နှင့် တခြားလူများက ဟန်မူယဲ့နှင့်အတူ ပြန်ထွက်လာကြသည်။

ဟန်မူယဲ့က အာကာသကို ဖြတ်သန်းရန်အတွက် သင်္ဘောပျံကို မသုံးခဲ့ပေ။ သူက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုခဲ့သည်။

ဤနေရာမှ ထွက်ခွာလာသော နတ်ဘုရားသားရဲကလန်များသည် အထက်ဘုံ၏ အပြင်ဘက်တွင်ရှိသော ကြယ်များတွင် အခြေချလိမ့်မည်။ ထို့နောက် သင့်တော်သောကြယ်ကမ္ဘာကို ဖြည်းဖြည်းချင်း ရှာဖွေပြီး တိုးတက်လာကြလိမ့်မည်။

ဟန်မူယဲ့က ထိုအကြောင်းများကို သိပ်ဂရုမစိုက်ပေ။ ချီလင်နှင့် ချန်ချင်းကျစ်တို့က သေချာ‌ဆောင်ရွက်ကြလိမ့်မည်။

All Chapters