အခန်း (၈၁၁)
Vol. 58 Ch. 811
ရွှေရောင်တံဆိပ်ပြားပေါ်တွင် စာလုံးများကို ထွင်းထုထားသည်။
ကောင်းကင်ကင်းလှည့်ခန်းဆောင် ....
ထိုတံဆိပ်ပြားက ပုံရိပ်ယောင်များအားလုံးကို ဖန်တီးခဲ့သည်။
ဟန်မူယဲ့က ဤနေရာတွင် တခြားလူများ ကြုံတွေ့ခဲ့သောအရာကို မသိပေ။ သို့သော် သူက တံဆိပ်ပြားကို မြင်ခဲ့သည်။
စစ်ဆေးခြင်းခန်းဆောင်သည် ဓားဝင်္ကပါစွမ်းအားနှင့် အမွေအနှစ်ကို သယ်ဆောင်ထားသည်။ သို့သော် ခန်းဆောင်၏ အခြေခံအုတ်မြစ်သည် အင်မော်တယ်ကမ္ဘာမှ ဓားကျင့်ကြံသူတစ်ဦး၏ စွမ်းအားဖြစ်သည်။
လွန်ခဲ့သောနှစ်များတွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ကွမ်တုံယွင်သည် ကျူးလင်ကို လိုက်ဖမ်းခဲ့သည်။ သူက ပြင်းထန်သောဒဏ်ရာများကြောင့် သေဆုံးသွားပြီး စမ်းသပ်မှုတစ်ခုကို ချန်ရစ်ခဲ့သည်။
ကိုးထပ်ဓားစံအိမ်နှင့် တခြားအမွေအနှစ်များကို ဓားစံအိမ်၏ အကြီးအကဲများက ယူသွားကြသည်။
လွန်ခဲ့သော နှစ်သိန်းချီအတွင်း၌ ဤနေရာသို့ ရောက်လာသောလူသည် ဟန်မူယဲ့တစ်ဦးတည်းသာ ဖြစ်နိုင်သည်။
သူမြင်ခဲ့သော ပုံရိပ်များအားလုံးသည် အစစ်အမှန်မဟုတ်ကြပေ။
သို့သော် ထိုပုံရိပ်ယောင်သည် အစစ်အမှန်ကိုးထပ်ဓားစံအိမ်နှင့် အလွန်တူညီသည်။
သို့သော် ဟန်မူယဲ့အတွက် ကိုးထပ်ဓားစံအိမ်မဟုတ်ဘဲ ရွှေရောင်တံဆိပ်ပြားကို ရရှိလာခြင်းသည် ပိုကောင်းသည်။
သူက ထိုတံဆိပ်ပြားနှင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် တပည့်တစ်ယောက် ဖြစ်လာနိုင်သည်။
သူက အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်ပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် တိတ်ဆိတ်စွာ ကျင့်ကြံနိုင်သည်။
နတ်ဘုရားကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာများ ရှာဖွေနေကြသော လွန်ခဲ့သောနှစ်ပေါင်းငါးသန်းမှ အင်မော်တယ်ဘုရင်၏ တပည့်သည် အင်မော်တယ်ကမ္ဘာတစ်ခု၏ ဓားဂိုဏ်းတွင် ကျင့်ကြံနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဟန်မူယဲ့ ရွှေရောင်တံဆိပ်ပြားကို ကိုင်ထားပြီး ပြုံးသည်။
သူက စဉ်းစားကြည့်လိုက်ပြီး လက်မြှောက်၍ ကိုးထပ်ဓားစံအိမ်ကို ထုတ်ယူသည်။
ထိုဓားစံအိမ်သည် သုံးခုအဖြစ် ကွဲထွက်သွားသည်။
သူက ဓားစံအိမ်တစ်ခုကို ယူပြီး နှစ်ခုကို ချန်ထားလိုက်သည်။
သူက ထိုရတနာကို သိပ်မသုံးပေ။
သူက ကိုးထပ်ဓားစံအိမ်ကို ကိုင်ထားပြီး စစ်ဆေးခြင်းခန်းဆောင်ထဲမှ ပြန်ထွက်လာသည်။
သူက ခန်းဆောင်၏ လှေကားထစ်ပေါ်သို့ ပြန်ရောက်လာသောအခါတွင် လူတိုင်းက သူ့လက်ထဲတွင်ရှိသော ကိုးထပ်ဓားစံအိမ်ကို စိုက်ကြည့်နေကြသည်။
“ဓားစံအိမ်ရဲ့ တာအိုရောင်းရင်းတို့ ငါက ဓားစံအိမ်ရဲ့ ဘိုးဘေးတစ်ယောက်ဆီကနေ ကိုးထပ်ဓားစံအိမ်ကို ရရှိခဲ့တယ်”
“ဒီနေ့မှာ ငါက စစ်ဆေးခြင်းခန်းဆောင်ကို ဝင်ရောက်ပြီး အကြီးအကဲရဲ့စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့တယ်”
ဟန်မူယဲ့က ကိုးထပ်ဓားစံအိမ်ကို ကိုင်ထားပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
သူက စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး အသိအမှတ်ပြုခံလိုက်ရသည်။
ဓားစံအိမ်၏ တပည့်များသည် ဟန်မူယဲ့၏ ဓားစံအိမ်နှင့် ဤနေရာသို့ရောက်လာသော ရည်ရွယ်ချက်ကို သိထားသော်လည်း နှလုံးသားများ တုန်ခါသွားကြသည်။
တာအိုဘိုးဘေးချီယုနှင့် အကြီးအကဲများက အကြည့်ချင်းဖလှယ်ပြီး အသက်ပြင်းပြင်းရှူသွင်း၍ ဦးညွတ်လိုက်ကြသည်။
ဟန်မူယဲ့က ကိုးထပ်ဓားစံအိမ်ကို ပစ်လွှတ်လိုက်သည်။ ကိုးထပ်ဓားစံအိမ်သည် ပေထောင်ချီမြင့်မားသွားပြီး လေထုထဲတွင် ရပ်တည်နေသည်။
ကိုးထပ်ဓားစံအိမ်သည် ဓားစံအိမ်ဂိုဏ်းတွင် ပေါ်လာခဲ့ဖူးသည်။
သို့သော် နှစ်သောင်းချီကြာမြင့်သည်အထိ ထပ်မမြင်ခဲ့ရပေ။
ဓားစံအိမ်၏ အကြီးအကဲတချို့သည် မဟာအကြီးအကဲက ကိုးထပ်ဓားစံအိမ်ကို အင်မော်တယ်ကမ္ဘာသို့ ယူသွားကြောင်း သိထားကြသည်။
သို့သော် ဟန်မူယဲ့၏လက်ထဲတွင် ကိုးထပ်ဓားစံအိမ်တစ်ခု ရှိနေလိမ့်မည်ဟု ထင်မထားကြပေ။
‘မဟာအကြီးကဲက ဟန်မူယဲ့ကို တကယ်ပဲ အခွင့်အရေးပေးခဲ့တာလား’
သာမန်တပည့်များက ထိုအကြောင်းများကို မသိကြပေ။ သူတို့က ဟန်မူယဲ့၏စကားကို နားထောင်ပြီး ကိုးထပ်ဓားစံအိမ်ကို မြင်လိုက်ရသောအခါတွင် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
ကိုးထပ်ဓားစံအိမ်ကြောင့် ဓားစံအိမ်ဂိုဏ်းသည် လောက၏ နံပတ်တစ်အင်အားစု ဖြစ်လာလိမ့်မည်။
“ဓားသခင်ကို နှုတ်ဆက်ပါတယ်”
လူတစ်ယောက်က အော်ဟစ်လိုက်သည်။
“ဓားသခင်ကို အရိုအသေပေးကြ”
မရေမတွက်နိုင်သော အသံများသည် ပဲ့တင်ထပ်လာသည်။
ချီယုနှင့် တခြားလူများက ကျယ်လောင်စွာ အော်ဟစ်ကြသည်။
“ဓားသခင်ကို အရိုအသေပေးပါတယ်”
ဟန်မူယဲ့က စစ်ဆေးခြင်းခန်းဆောင်၏ရှေ့တွင် တည်ငြိမ်သောမျက်နှာထားဖြင့် ရပ်နေပြီး ထိုဂုဏ်ပုဒ်ကို လက်ခံလိုက်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်ဖြစ်သော ဓားဘိုးဘေးမူယဲ့သည် ဓားစံအိမ်၏အမွေအနှစ်ကို ရရှိပြီး ဓားသခင်မူယဲ့ ဖြစ်လာသည်။
သူက လောက၏ အသန်မာဆုံးဓားကျင့်ကြံသူ ဖြစ်သောကြောင့် ကျင့်ကြံခြင်းလောက၏ အမိန့်အာဏာကို ကိုင်ဆွဲထားသည်။
ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် ဆူပွက်သွားသည်။
အထက်ဘုံ၏ မရေမတွက်နိုင်သော အင်အားစုများသည် အနီးကပ်စောင့်ကြည့်နေကြသည်။
‘အခု ဟန်မူယဲ့က ဓားစံအိမ်ရဲ့ ဓားသခင်ဖြစ်သွားတဲ့တွက် အထက်ဘုံကို စုစည်းတော့မှာလား’
မရေမတွက်နိုင်သော အင်အားစုများသည် ယွီလင်တာအိုဂိုဏ်းကို စောင့်ကြည့်နေကြသည်။
အဆုံးမဲ့တာအိုဂိုဏ်း၏ အဓိကခန်းဆောင်တွင် အကြီးအကဲများက တာအိုဘိုးဘေးချူယွမ်ကို ဝိုင်းရံထားကြသည်။
“ဂိုဏ်းချုပ်၊ ယွီလင်တာအိုဂိုဏ်းက အခုထိ မတုံ့ပြန်သေးဘူး။ အခု ဘယ်လိုလုပ်ကြမလဲ”
မုတ်ဆိတ်ဖြူ အကြီးအကဲတစ်ယောက်က စိုးရိမ်နေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
တခြားလူများ၏ မျက်နှာထားကလည်း ရှုပ်ထွေးနေကြသည်။
အားလုံး၏အထက်တွင် ရှိနေသော နတ်ဘုရားခုံရုံးကို မည်သူမှ မလိုချင်ကြပေ။
သို့သော် ဟန်မူယဲ့၏ လွှမ်းမိုးနိုင်စွမ်းသည် တည်မြဲနေသည်။ သူက ဓားစံအိမ်ကို တိတ်ဆိတ်စွာ ထိန်းချုပ်ထားပြီး နတ်ဘုရားခုံရုံး၏ ပြန်လည်တည်ဆောက်မှုကို ဦးတည်၍ ကျင့်ကြံခြင်းလောကကို အုပ်ချုပ်ချင်နေသည်။
အကယ်၍ ခုခံမည်ဆိုလျှင် တစ်ခုတည်းသောရွေးချယ်မှုသည် ယွီလင်တာအိုဂိုဏ်းနှင့် ပူးပေါင်းရန်သာ ဖြစ်သည်။
သို့သော် ယွီလင်တာအိုဂိုဏ်းသည် ယခုအချိန်အထိ တိတ်ဆိတ်နေပြီး ဂိုဏ်းအများအပြားကို ထိတ်လန့်စေခဲ့သည်။
“ငါက ကျူးဝူကို သိုးငါးကောင်စံအိမ်ဆီ ပို့ထားတယ်။ သူပြန်လာရင် ငါတို့ သတင်းရလိမ့်မယ်”
တာအိုဘိုးဘေးချူယွမ်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
တာအိုဘိုးဘေးချူယွမ်၏တပည့် ကျူးဝူသည် အဆုံးမဲ့တာအိုဂိုဏ်း၏ ဒုတိယမျိုးဆက်တွင် အသန်မာဆုံးဖြစ်သည်။
ကျူးဝူက တာအိုပြိုင်ပွဲနယ်မြေတွင် အခွင့်အရေးရှာဖွေခဲ့ပြီး ခုန်ပေါက်တိုးတက်၍ အထက်ဘုံသို့ ပြန်ရောက်လာသည်။
တာအိုဘိုးဘေးချူယွမ်၏စကားကို ကြားလိုက်ရသောအခါတွင် အကြီးအကဲများက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ကျင့်ကြံခြင်းလောကတွင် နေရာမျိုးစုံမှ သတင်းရနိုင်သောအင်အားစုသည် သိုးငါးကောင်စံအိမ်ပင် ဖြစ်သည်။
သူတို့က တိကျသောသတင်းကို ရရှိပြီး ဂိုဏ်း၏အနာဂတ်အတွက် စီစဉ်နိုင်လျှင် မည်မျှပင် တန်ဖိုးကြီးပါစေ ထိုက်တန်သည်။
လက်ရှိအခြေအနေတွင် ခြေတစ်လှမ်းမှားသွားရုံဖြင့် ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်သည်။
“ဆရာ၊ သိုးငါးကောင်စံအိမ်ကနေ သတင်းရခဲ့ပါပြီ”
လေထုထဲတွင် အသံတစ်သံကို ကြားနိုင်သည်။ မောပန်းနေသော ကျူးဝူက ခန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။
ယခုအချိန်တွင် သူက တာအိုသခင်ကျူးဝူ ဖြစ်နေသည်။
တာအိုသခင်ကျူးဝူက အင်းကွက်ဖြင့်ချိပ်ပိတ်ထားသော ကျောက်စိမ်းသေတ္တာတစ်လုံးကို ယူလာသည်။ သူက တာအိုဘိုးဘေးချူယွမ်ကို ပေးလိုက်သည်။
အဆုံးမဲ့တာအိုဂိုဏ်း၏ အကြီးအကဲများအားလုံးက အသက်ရှူအောင့်ထားပြီး သေတ္တာကိုဖွင့်၍ စာရွက်ထုတ်လိုက်သော တာအိုဘိုးဘေးချူယွမ်ကို ကြည့်နေကြသည်။
“အမလေး ....”
တာအိုဘိုးဘေးချူယွမ်က စာရွက်ကို ဖွင့်ကြည့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါလျက် အသက်ပြင်းပြင်းရှူသွင်းသည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး ချီစွမ်းအင်ကို မထိန်းချုပ်နိုင်တော့ပေ။
အကြီးအကဲများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူတို့က မနေနိုင်တော့ဘဲ ရှေ့သို့ စုပြုံ၍ တိုးသွားကြပြီး စာရွက်ကို ကြည့်လိုက်သည်။ စာရွက်ပေါ်တွင် နည်းပါးသော စာကြောင်းတချို့ကိုသာ မြင်နိုင်သည်။
“ယွီလင်တာအိုဂိုဏ်းရဲ့ မဟာအကြီးအကဲ၊ ဓားဘိုးဘေးမူယဲ့”
ယွီလင်တာအိုဂိုဏ်းသည် အထက်ဘုံ၏ နံပတ်တစ်တာအိုဂိုဏ်းဖြစ်သည်။
ယွီလင်တာအိုဂိုဏ်းသည် ကျင့်ကြံခြင်းလောက၏ တာအိုအင်အားစုကို အနည်းဆုံး နှစ်တစ်သန်းကြာသည်အထိ ထိန်းချုပ်ထားသည်။
ယွီလင်တာအိုဂိုဏ်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခြင်းလောကကို လွှမ်းမိုးထားပြီး နတ်ဘုရားခုံရုံးခေတ်တွင် အဆင့်အတန်းမြင့်မားခဲ့သည်။
“ယွီလင်တာအိုဂိုဏ်းရဲ့ မဟာအကြီးအကဲတဲ့လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ....”
တာအိုဘိုးဘေးချူယွမ်က စာရွက်ကို ကိုင်ထားပြီး တီးတိုးရေရွတ်သည်။
သူနှင့် အဆုံးမဲ့တာအိုဂိုဏ်း၏ အကြီးအကဲများအားလုံးသည် စိတ်ရှုပ်ထွေးနေကြသည်။
ထိုသတင်းသည် သူတို့၏ နားလည်မှုကို ပြောင်းပြန်လန်သွားစေသည်။
‘ယွီလင်တာအိုဂိုဏ်းရဲ့ မာနနဲ့ဆိုရင် ဟန်မူယဲ့ကို မဟာအကြီးအကဲအဖြစ် ဘယ်လိုလုပ်ပြီး အသိအမှတ်ပြုမှာလဲ’
တာအိုပြိုင်ပွဲတွင် ဟန်မူယဲ့က ယွီလင်တာအိုဂိုဏ်း၏ နတ်ဘုရားဘုရင်ရှင်းတိကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။
ထိုရန်ငြိုးကြောင့် ယွီလင်တာအိုဂိုဏ်းနှင့် ဟန်မူယဲ့သည် မသင့်မြတ်ခဲ့ကြပေ။
လွန်ခဲ့သောနှစ်များတွင် အင်အားစုနှစ်ခုသည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခဲ့သော်လည်း အမှန်တကယ်ပူးပေါင်းမှုမျိုး မရှိခဲ့ပေ။
ယခုအချိန်တွင် ဟန်မူယဲ့က ယွီလင်တာအိုဂိုဏ်း၏ ဖုံးကွယ်ထားသော မဟာအကြီးအကဲဖြစ်သည်ဟု သတင်းရလိုက်သည်။
“သိုးငါးကောင်စံအိမ်ရဲ့ သတင်းက အတုများလား”
အကြီးအကဲတစ်ယောက်က စာရွက်နှင့်ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်သည်။
ကျောက်စိမ်းသေတ္တာကို အင်းကွက်ဖြင့် ချိတ်ပိတ်ထားပြီး ကြိုတင်ဖွင့်လှစ်လျှင် ပျက်စီးသွားလိမ့်မည်။
သိုးငါးကောင်စံအိမ်၏ သတင်းအတုရောင်းချခြင်းသည် ဖြစ်နိုင်ချေရှိသည်။
သို့သော် သိုးငါးကောင်စံအိမ်က သတင်းအတုရောင်းချမှုကြောင့် ကျင့်ကြံခြင်းလောကမှ ပျောက်ကွယ်သွားလိမ့်မည်။
သိုးငါးကောင်စံအိမ်သည် လေးနက်သောသတင်းကို အတုလုပ်လိမ့်မည်မဟုတ်ပေ။
“ဆရာနဲ့အကြီးအကဲတို့၊ ကျွန်တော့်အမြင်မှာ ဒီသတင်းက အမှန်ဖြစ်နိုင်တယ်”
တာအိုသခင်ကျူးဝူက လူအုပ်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
သူ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းသည် အလွန်ကောင်းမွန်ပြီး အကြီးအကဲအများစုသည် သူနှင့်မယှဉ်နိုင်ကြပေ။
သို့သော် ဝါစဉ်အရ သူက တရားဝင်အကြီးအကဲ ဖြစ်မလာခဲ့ပေ။
အဆုံးမဲ့တာအိုဂိုဏ်းတွင် ကျူးဝူသည် ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်သည်။
“ကျူးဝူ၊ ပြောပြပါအုံး”
တာအိုဘိုးဘေးချူယွမ်က သတိဝင်လာပြီး ကျူးဝူကို ကြည့်သည်။
သူက ကျူးဝူနှင့်ပတ်သတ်ပြီး စိတ်ကျေနပ်မှုရှိသည်။
ကျူးဝူ၏စွမ်းရည်သည် ထင်ရှားသည်။ သူက တာအိုပြိုင်ပွဲနယ်မြေသို့ ဝင်ရောက်ပြီး အဆုံးမဲ့တာအိုဂိုဏ်းတစ်ခုလုံးအတွက် အကျိုးအမြတ်များကို ယူဆောင်လာခဲ့သည်။
အကြီးအကဲများအားလုံးက ကျူးဝူကို ကြည့်လိုက်ကြသည်။
“ဆရာနဲ့ အကြီးအကဲတို့၊ ကျွန်တော်က အမတ်ချုပ်ကြီးဟန်ရဲ့စွမ်းအားကို ကိုယ်တိုင်မြင်ခဲ့ရတယ်”
ကျူးဝူက ကြောက်ရွံ့စိတ်၊ လေးစားမှုများနှင့်အတူ တီးတိုးပြောသည်။
“တကယ်လို့ သူက အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားချင်ရင် တစ်ခါတည်းထွက်သွားလို့ရတယ်”
အမှန်ပင်ဖြစ်သည်။ ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ သွားနိုင်သည်။
သူ၏ စွမ်းရည်နှင့် ရတနာများသည် ဤလောကတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
“အခုအချိန်မှာ ဓားဘိုးဘေးမူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကျော်ဖြတ်ပြီး လောကရဲ့နံပတ်တစ် ဖြစ်လာပြီ။ သူလုပ်ချင်တာကို ကျွန်တော်တို့ ရပ်တန့်လို့မရဘူး။ ယွီလင်တာအိုဂိုဏ်းအတွက်လည်း အတူတူပဲ”
ကျူးဝူ၏စကားကြောင့် တာအိုဘိုးဘေးချူယွမ်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အရေးအကြီးဆုံးဖြစ်သည်။
အကယ်၍ ဟန်မူယဲ့က ကျင့်ကြံခြင်းလောကကို လွှမ်းမိုးနိုင်လျှင် မရေမတွက်နိုင်သော နောက်လိုက်များကို ဆွဲဆောင်မိလိမ့်မည်။
သူ၏ စကားအနည်းငယ်သည် ဂိုဏ်းတစ်ဂိုဏ်းကို လွယ်ကူစွာပျက်စီးသွားစေလိမ့်မည်။
ထိုစွမ်းအားမျိုးသည် အကြောင်းပြချက် သို့မဟုတ် အမှန်တရားကို မလိုအပ်ပေ။
ထိုအရာသည် အသန်မာဆုံးလူ၏ စည်းမျဉ်းပင် ဖြစ်သည်။
“ယွီလင်တာအိုဂိုဏ်းကလည်း ဦးညွတ်ဖို့လိုအပ်တယ်”
ကျူးဝူက ခန်းဆောင်ထဲတွင်ရှိသော လူများကို ကြည့်သည်။
အကယ်၍ ယွီလင်တာအိုဂိုဏ်းက ဦးညွတ်ထားလျှင် သူတို့၏ အဆုံးမဲ့တာအိုဂိုဏ်းကလည်း ဦးညွတ်ရမည်။
လူတိုင်းက တိတ်ဆိတ်သွားပြီး တာအိုဘိုးဘေးချူယွမ်ကို လှည့်ကြည့်သည်။