← Chapters

အလယ်ပိုင်း ခွန်လွန်တောင် ၊ အရှေ့ပိုင်း ဝါဒတောင်

Vol. 83 Ch. 1168

အလယ်ပိုင်း ခွန်လွန်တောင် ၊ အရှေ့ပိုင်း ဝါဒတောင်

Vol. 83 Ch. 1168

အခန်း (၁၁၆၈) အလယ်ပိုင်း ခွန်လွန်တောင် ၊ အရှေ့ပိုင်း ဝါဒတောင်

“လူသားအထွတ်ထိပ်အဆင့်” သို့ အသစ်တက်ရောက်လာသော ရန်တိက မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ နှင့် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ကို အနိုင်ယူခဲ့သည်။

ဤသတင်းက လူတိုင်းကို အံ့သြတုန်လှုပ်စေသည်ပင်။

မျှော်လင့်မထားသည့်ဖြစ်ရပ်ဆိုသော်လည်း သေချာစဉ်းစားကြည့်လျှင်တော့ ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်သည်။

အကြောင်းမှာ ရန်တိက သိုင်းသူတော်စင် အဋ္ဌမအဆင့်မှာပင် တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ အား သတ်ဖြတ်လိုက်သည် မဟုတ်ပါလား။

လေမိုးကြိုးအိမ်တော်မှ အိမ်တော်သခင် ဟန်ရှန်းတာ့က စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း...

“ကောလဟလတွေအရတော့ အောက်ဘုံကမ္ဘာမှာတုန်းက ‘ရန်’ ဂိုဏ်းချုပ်ကို ဘယ်သူမှာ သူ့နာမည် မခေါ်ဝံ့ကြဘူးတဲ့ ၊ သူ့နာမည်မှာ ‘ဝူ’ တစ်လုံးထည့်ပြီး ‘ရန်ဝူတိ’ လို့ပဲ ခေါ်ကြတာတဲ့ ၊ ပြီးတော့ သူက သိုင်းပညာရှင်အဆင့် ၊ သိုင်းဆရာသခင်အဆင့်ကတည်းက ကျင့်ကြံခြင်းအဆင့် တူညီသူတွေအလယ်မှာ ပြိုင်ဘက်ကင်းပဲတဲ့”

(မှတ်ချက် - ‘ရန်ဝူတိ’ = ပြိုင်ဘက်ကင်း’ရန်’ ဆိုသောအဓိပ္ပါယ်)

“အထက်ဘုံကမ္ဘာရောက်တော့ အတော်များများက ‘ရန်ဝူတိ’ ဆိုတဲ့နာမည်ကို ဟာသတစ်ခုလို့ တွေးထင်ခဲ့ကြတာ ၊ ‘ရန်’ ဂိုဏ်းချုပ်က တောင်ပိုင်းထိပ်တန်းအရှင်သခင်ဟောင်း ကျွမ်းရှန်ကို သတ်ဖြတ်ပြီးတဲ့နောက်မှ အားလုံး အသံတိတ်သွားကြတာ”

“အခုတော့ ဒီ ‘ရန်ဝူတိ’ ဆိုတဲ့နာမည်က ပြန်လည်ရှင်သန်လာပြီ ထင်တာပဲ”

သေချာသည်ကတော့ ‘ရန်ဝူတိ’ ဆိုသောနာမည်က ဟာသတစ်ခုဖြစ်လာမည် မဟုတ်တော့ပေ။

အထက်ဘုံကမ္ဘာရှိလူတိုင်းက ရုတ်တရက်တောက်ပလာသော ကြယ်စင်ပမာဖြစ်သည့် ‘ရန်တိ’ ကို အလေးအနက်ထားကြမည် ဖြစ်သည်။

ထိုသူက ယခင်တစ်ချိန်က ကျော်ကြားခဲ့သော ‘ရွှေစင်ထက်ယံအရှင်သခင်’ ၏ သားဖြစ်ပြီး ယခုအချိန် လောကပထမ သိုင်းသူ‌တော်စင် ဖြစ်လာပေပြီ။

“ပြိုင်ဘက်ကင်း” ဆိုသော ဂုဏ်သရေနှင့် ထိုက်တန်သူတစ်ယောက် ဖြစ်လာပေပြီ?

နောက်ဆုံး ရောက်ရှိလာသော သတင်းက ပိုပြီး တုန်လှုပ်စရာ ကောင်းလှသည်။

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ’ထျန်းယိ’ အား ရန်တိက သတ်ဖြတ်ပစ်ခဲ့သည်ဆိုသော သတင်းပင်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ပြီးလျှင် ရန်တိသတ်ဖြတ်လိုက်သည့် ဒုတိယမြောက် ထိပ်တန်းအရှင်သခင် ဖြစ်ပေသည်။

အဆုံးသတ်မှာတော့ ကျောက်စိမ်းကျောက်ဆောင်မှ မူလဖွင့်လှစ်ဓား ထွက်ပေါ်လာပြီး ရန်ကျောက်ကဲလက်ထဲသို့ ကျရောက်သွားကာ အနက်ရောင်ပိုးသားဧကရာဇ် မရှုမလှ တိုက်ပွဲရှုံးနိမ့်သွားခဲ့သည်။

လူတိုင်း အံ့အားအသင့်ဆုံးအရာမှာ မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ က ရန်ကျောက်ကဲလက်ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသတင်းထွက်လာချိန်မှာတော့ အထက်ဘုံကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုက တုန်လှုပ်ခြင်းမဟုတ်ဘဲ စိတ်ရှုတ်ထွေးခြင်းများ ဖြစ်နေခဲ့သည်။

အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာ သတ်ဖြတ်ခံရလျှင်တောင် အထက်ဘုံကမ္ဘာအပေါ် သက်ရောက်မှုက ယခုလောက် ကြီးမားမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ချန်ချန်းဟွာက တစ်ယောက်တည်းသီးသန့်နေတတ်ပြီး အခြားသူများနှင့် ဆက်ဆံလေ့မရှိသလို ခန့်မှန်းရခက်သူတစ်ယောက် ဖြစ်သောကြောင့်ပင်။

ထို့ပြင် ချန်ချန်းဟွာ၏ အောင်မြင်ကျော်ကြားမှုက နှစ်ပေါင်း (၁၀၀)ကျော်မျှသာ ရှိသေးသည်။

သို့သော် မြေကမ္ဘာထိပ်တန်းအရှင်သခင်က ‘ဝမ်ကျန်းချန်’ ကတော့ အထက်ဘုံကမ္ဘာ စတင်တည်ထောင်သည့်ခေတ်ကာလ နီးပါးမှစတင်ပြီး မုန်တိုင်းများစွာကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့သူ ဖြစ်သည်။

ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့က အထွတ်ထိပ်အဆင့် စိုးစံနေချိန် အထက်ဘုံကမ္ဘာ၏ စွမ်းအားစုအမျိုးမျိုးဖြင့် ထိတွေ့ဆက်ဆံခဲ့သူမှာ ဝမ်ကျန်းချန်သာလျှင် ဖြစ်သည်။

သူ၏ အခွင့်အာဏာနှင့် ဂုဏ်အသရေက တိဟွမ်မြေကမ္ဘာဧကရာဇ်၏တပည့်ဖြစ်ခြင်းကြောင့်သာမက ကိုယ်ပိုင်အရည်အချင်းကြောင့်လည်း ဖြစ်သည်။

ဝမ်ကျန်းချန်ဆိုသည်က အထက်ဘုံကမ္ဘာ သမိုင်းကြောင်းတစ်လျှောက်တွင် သင်္ကေတစ်ခု ချန်ထားခဲ့နိုင်သူ ဖြစ်သည်။ အထက်ဘုံကမ္ဘာအကြောင်း ပြောမည်ဆိုလျှင် သူ့ကို ချန်ထား၍ မရနိုင်ပေ။

သူက သိုင်းသူတော်စင်တစ်ယောက် ဖြစ်သော်လည်း သူ၏ သြဇာအာဏာက ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည်။

ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်က ယနေ့ သတ်ဖြတ်ခံလိုက်ရသည်တဲ့လား။

ထိုသတင်းကြားသည့်တစ်ခဏတွင် အထက်ဘုံကမ္ဘာမှ မရေမတွက်နိုင်သောလူအများမှာ ဘာပြောရမှန်းမသိဘဲ မှင်တက်လျှက် ရှိကြသည်။

***

အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ် ၊ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်တို့ ဆုံတွေ့ရာနယ်ခြားဒေသတွင် အဖြူရောင်ဝတ်လူငယ်တစ်ယောက် လေထုထဲတွင် မတ်တတ်ရပ်နေပြီး အချိန်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။

သူ့ဘေးမှ တပည့်များသည်လည်း မှင်တက်စွာဖြင့် စကားမပြောနိုင် ဆွံ့အလျှက် ရှိကြသည်။

အချိန်အတန်ကြာမှ ဘေးနားမှတပည့်များ အသိပြန်ဝင်လာပြီး အဖြူရောင်ဝတ်လူငယ်ကို လှမ်းကြည့်လိုက်ကြသည်။

“ဆရာဦးလေး’ရန်’ က မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို တကယ်ကြီးသတ်လိုက်တာလား ဆရာ...  ဒါက ဒါက... တကယ်ပဲ”

အဖြူရောင်ဝတ်လူငယ်မှာ အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ ဖြစ်သည်။

သူက ဝမ်ဖူဆီမှ သတင်းရသည်နှင့်  အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ် ၊ နုန်လီတောင်မှ အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းကို လာရောက်စောင့်ကြည့်နေခြင်း ဖြစ်သည်။

သို့သော် ရုတ်တရက် ကြားရသည်သတင်းက သူ့ကို လမ်းပျောက်သွားစေသည်။

ပိုင်တောင်းက...

“မြေကမ္ဘာထိပ်တန်းအရှင်သခင်က တိဟွမ်မြေကမ္ဘာဧကရာဇ်ရဲ့ တပည့်ပဲ ၊ ဒီကိစ္စ ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး”

ထို့နောက် ပိုင်တောင်းက အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်သို့သွားရောက်ရန် ဦးတည်လိုက်သည်။

နောက်ဆုံးသတင်းကို ကြားသိရပြီးနောက်ပိုင်း သူတို့အားလုံး အံ့သြထိတ်လန့်သွားသလို နားမလည်နိုင်အောင်လည်း ခံစားလိုက်ကြရသည်။

ယွမ်ကျိုးမြို့တော်တွင် ထျန်းကျိခန်းမ လေလံပွဲအတွင် စုရုံးနေသည့် ကျင့်ကြံသူများမှာလည်း ထိုသတင်းကိုကြားသည့်အခါ ဆွံ့အသွားကြသည်။

လေလံပွဲတွင်ပါဝင်ရန် အရည်အချင်းပြည့်မီသူများမှာ သာမန်လူများမဟုတ်ကြဘဲ ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့ကြောင့် ယနေ့ အဖြစ်အပျက်က အစမျှသာရှိသေးကြောင်း အားလုံး သိရှိကြ၏။

ဤတိုက်ပွဲ၏ အကျိုးသက်ရောက်မှုက အလွန်အလှမ်းကျယ်နိုင်ဖွယ်ရှိပြီး နှစ်ပေါင်းများစွာ တည်ငြိမ်စွာ တည်ရှိခဲ့သော အထက်ဘုံကမ္ဘာ၏ ဖွဲ့စည်းပုံကိုပင် တုန်လှုပ်သွားစေနိုင်သည်။

ယခုတော့ ထျန်းကျိခန်းမတွင်ရှိနေသောလူတိုင်း စိတ်ရှုတ်ထွေးလျှက် ရှိကြသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်က နှစ်ပေါင်းများစွာ တန်ခိုးအာဏာကြီးမားခဲ့သူဖြစ်ပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်သည်လည်း သူ့ကိုကူညီရန် အလားအလာများသည်။

ဝါဒတောင်နှင့် ထျန်းကျိခန်းမ နောက်မှာတော့ ကျန့်ဟွမ်ဓားဧကရာဇ်နှင့် ကျောက်စိမ်းကျောက်ဆောင်က ရပ်တည်ပေးထားသည်။

ခွန်လွန်တောင်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ကိုယ်စားပြုသော ကျောက်စိမ်းကျောက်ဆောင်နှင့် ချီလင်ကမ်းပါးကြား ထိပ်တိုက်တွေ့ခြင်းက အထက်ဘုံကမ္ဘာမှ သိုင်းသမားများကို နှစ်ပိုင်းကွဲသွားစေသည်။

ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်က နောက်ပိုင်းမှ ပေါ်ပေါက်လာသောနေရာဖြစ်လေရာ ဂုဏ်သတင်းအရာတွင် နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးထက် နိမ့်ကျသည်။

သို့သော် ခန့်မှန်းရခက်သည့် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှလွဲပြီး  ဤကမ္ဘာမှ လူငယ်ပါရမီရှင်များအားလုံးနီးပါးက ကျောက်စိမ်းကျောက်ဆောင်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိကြသည်။

ချီလင်ကမ်းပါး အဆက်အနွယ်များကတော့ အရေအတွက်နည်းပါးခြင်းမရှိသည့်တိုင် ရန်ကျောက်ကဲကဲ့သို့ ပါရမီရှင် လူငယ်မျိုးဆက်များ ရှားပါးသည်။

ထို့ပြင့် အထက်ဘုံကမ္ဘာမှ အင်အားကြီးအုပ်စုများစွာက ထျန်းကျိခန်းမနှင့် နက်ရှိုင်းသောဆံဆံရေးရှိကြသည်ဖြစ်ရာ ၎င်းတို့၏ဆက်ဆံရေးကို ပြတ်ပြတ်သားသား ဖြတ်တောက်ရန်က လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

ထျန်းကျိခန်းမနှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်လျှင်တောင်မှ ချီလင်ကမ်းပါးက သူတို့ကို ယုံကြည်ရန်အတွက် အချိန်တစ်ခု လိုအပ်သည်။

အစိုးရိမ်ရဆုံးအခြေအနေမှာ တိဟွမ်မြေကမ္ဘာဧကရာဇ်က ပြင်ပဗလာနယ်ထဲသို့ရောက်ရှိနေပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်ရာ ဝါဒတောင်ကို မည်သူမှ ထိန်းသိမ်းနိုင်ခြင်း မရှိပေ။

မဟုတ်လျှင်လည်း အထက်ဘုံကမ္ဘာမှ ဧကရာဇ် (၅)ပါး ပူးပေါင်းပြီး ဝါဒတောင်ကို ဝိုင်းဝန်းနှိမ်နင်းရန်သာ ရှိသည်။

သို့သော် မိန်းမပျိုဧကရာဇ်က ဝါဒတောင်ကို တိုက်ခိုက်မည် မဟုတ်ပေ။

ပိုးသားဧကရာဇ်ကတော့ လောလောဆယ် ကိုယ့်ပြဿနာနှင့်ကိုယ် ရှုတ်ထွေးနေပြီး အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က ကြားနေရပ်တည်နေသည်။ သို့ဖြစ်ရာ ချင်းယွမ်ဧကရာဇ်တစ်ယောက်တည်း ကူရာကယ်ရာမဲ့လျှက် ရှိတော့သည်။

တိဟွမ်မြေကမ္ဘာဧကရာဇ် ပြန်ရောက်လာပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပါက အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွားမည် ဖြစ်သည်။

ထိုမတိုင်ခင်တော့ ဝါဒတောင်နှင့် ကျောက်စိမ်းကျောက်ဆောင်တို့က အကြွင်းမဲ့အားသာချက်ရှိနေပြီး အထက်ဘုံကမ္ဘာက သူတို့ပိုင်စိုးသည့်ကမ္ဘာ ဖြစ်နေမည်ပင်။

လက်ရှိအချိန်တွင် ချီလင်ကမ်းပါးဘက်မှရပ်တည်မည်ဆိုပါက ရန်ကျောက်ကဲနှင့် အခြားသူများအား စော်ကားသလိုဖြစ်ပြီး သွားစရာလမ်းပင် မရှိမည်မှာ စိုးရိမ်ရသည်။

ထိုအခြေအနေက လူတိုင်းကို စိတ်ရှုတ်ထွေးစေသည်ဖြစ်ရာ ရန်ကျောက်ကဲ ထျန်းကျိခန်းမသို့ ပြန်လာသည့်အခါ သူ့ကိုမြင်သူတိုင်းက မည်သို့နှုတ်ဆက်စကားဆိုရမည်ပင် မသိကြတော့ပေ။

ရန်ကျောက်ကဲကတော့ မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ ရင်းနှီးသူအချို့ကို ပြုံးပြခေါင်းညိတ် နှုတ်ဆက်ပြီးနောက် ရှောင်အိုက်ကို လှမ်းကြည့်လိုက်၏။

“ရှောင်အိုက်... အမေ ပြန်ရောက်နေပြီ ၊ မင်း သွားတွေ့လို့ရတယ်”

ထိုစကားကြားတော့ ရှောင်အိုက်၏ မျက်ဝန်းများ ရုတ်တရက်ပြူးကျယ်သွားပြီး ကြက်အစာနင်သည့်ပမာ ခေါင်းတွင်တွင်ညိတ်ရင်း...

“ဟုတ် ဟုတ်... သွားမယ် သွားမယ် သွားမယ်....”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အင်း... ဒါဖြင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ အထီးကျန်တိမ်တိုက်တောင်ကို သွားလိုက်ပါ ၊ အဖေရော အမေရော အဲဒီမှာရှိနေတယ်”

ထိုစကားကိုကြားတော့ ပတ်ဝန်းကျင်မှလူများ စိတ်ထဲ တုန်လှုပ်သွားကြသည်။

ရန်တိက အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ’ထျန်းယိ ‘ အား သတ်ဖြတ်လိုက်ပြီးသည့်နောက် လူတိုင်းစိတ်ထဲ မရေရာသောအတွေးများရှိနေသည့်တိုင် ယခု ရန်ကျောက်ကဲဆီမှ အတည်ပြုသတင်းကြားလိုက်ရသည်မှာ တုန်လှုပ်စရာ ကောင်းလှသည်။

တာအိုဝါဒ၏ အရှေ့ပိုင်းတောင်ထွတ်ဖြစ်သော ဝါဒတောင်သည် ယခု သူ၏အမည်အတိုင်း အထက်ဘုံကမ္ဘာ၏ အရှေ့ပိုင်းတွင် ရှင်သန်ရပ်တည်ပေတော့မည်။

ဤသည်က အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်ထားသော နုန်လီတောင်နှင့် မတူညီပေ။

အရှေ့ပိုင်း ကျယ်ပြန်ကောင်းကင်ပြည်နယ်၏ အရှင်သခင်ဖြစ်လာမည့် ဝါဒ‌တောင်သည် အရှေ့ပိုင်းဒေသကိုသာ လွှမ်းမိုးထားမည် မဟုတ်ပေ။ အထက်ဘုံကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိမည် ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ရန်တိက သိုင်းသူတော်စင်များသာဖြစ်သော်လည်း အစစ်အမှန် နတ်ဘုရားထက်ပင် သာလွန်သူများ ဖြစ်ကြသည်။ သူတို့၏ အဆုံးမရှိသော အလားအလာများက ယခုမှပင် တရားဝင် ထွက်ပေါ်လာခြင်း ဖြစ်၏။

သို့ဖြစ်ရာ အနာဂတ်တွင် သူတို့၏ အောင်မြင်မှုများက ပို၍ပင် ကြောက်စရာကောင်းလာပေမည်။

ထို့ပြင် အရှေ့ပိုင်း ဝါဒ‌တောင်က အလယ်ပိုင်း ခွန်လွန်တောင်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ယခုဆိုလျှင်...

ခွန်လွန်တောင်တစ်ခုတည်းကသာ အထက်ဘုံကမ္ဘာ၏ ဗဟိုချက်မဟုတ်တော့ကြောင်း လူအများက ရှုမြင်လာကြပြီ ဖြစ်၏။

All Chapters