← Chapters

ဖားယား မြှောက်ပင့်ခြင်း

Vol. 53 Ch. 782

ဖားယား မြှောက်ပင့်ခြင်း

Vol. 53 Ch. 782

ထုံးဟွာ အီလက်ထရောနစ်၏ စက်ရုံဝင်ပေါက်တွင်တော့ အသွင် သဏ္ဌာန် မျိုးစုံဖြင့် လူအုပ်ကြီးက စုဝေးနေကြသည်။

အများစုက ယောက်ျားသားများ ဖြစ်ကြပြီး အမျိုးသမီး တစ်ချို့လည်း ပါဝင်နေလေသည်။

သူတို့အားလုံးက သာမန်ဆန်စွာ ဝတ်ဆင်ထားကြပြီး ရိုးသားသည့် ကိုယ်ရောင်ကိုယ်ဝါတို့အား မြင်တွေ့နေရသည်။

ထိုစဉ် ဝမ်ရန်မှာ ဝင်ပေါက်ဝ၌ မတ်တပ်ရပ်နေပြီး အုပ်စုနှစ်ခုနှင့် အပြိုင်ငြင်းခုန်နေလေသည်။

လင်းရီ အခြား အုပ်စုနှစ်ခုကို ကြည့်လိုက်တော့ ရင်းနှီးနေသည့် မျက်နှာများအား မြင်တွေ့လိုက်ရ၏။

တစ်ယောက်မှာ ထုံးဟွာ အီလက်ထရောနစ်မှ ရှင်းရာ့ နည်းပညာသို့ ဘက်ပြောင်းသွားခဲ့သည့် ကျန်းရန်ချွမ်းပင်။

ကျန်တစ်ယောက်ကတော့ ဟွေးခေါ့ အီလက်ထရောနစ်သို့ ရောက်ရှိသွားခဲ့သည့် ဝမ်ဖူဖြစ်လေသည်။

“ မိန်းမငယ်လေး…. မင်း ဘာတွေ လာပြောနေတာ… ငါတို့ဘာငါတို့ ဒီတိုင်း အလုပ်သမား လာစုဆောင်းနေတာလေ….”

ပြောလိုက်သူကတော့ ဝမ်ရန်ချွမ်းဘေးနားတွင် မတ်တပ်ရပ်နေသည့်သူပင်။ သူက အသက်သုံးဆယ် အရွယ်ဟုထင်ရကာ ဝတ်စုံပြည့် ဝတ်ဆင်ထား၏။

ထိုအမျိုးသား၏ နာမည်က ကျောက်ရှင်းဖြစ်ပြီး ရှင်းရာ့ နည်းပညာမှ HR မန်နေဂျာဖြစ်သည်။

သူက စက်ရုံအတွက် အလုပ်သမားခေါ်ယူသည့် အပိုင်းကို တာဝန်ယူထားလေသည်။

“ အမှန်ပဲ.. ရုပ်ကြည့်တော့ အတော်လေး စကားနည်းမယ့်ပုံနဲ့ ဒီလောက်ထိ စွာမယ်လို့တောင် ထင်မထားဘူး… ကျိုးကြောင်းကို မဆီလျော်ဘူး….”

ပြောလိုက်သူကတော့ ဝမ်ဖူးဘေးတွင် ရပ်နေသည့် လျိုရွေ့တုန်းဖြစ်ပြီး ကျောက်ရှင်းကဲ့သို့ ဝတ်ဆင်ထားကာ ဟွေးခေါ့၏ HR မန်နေဂျာ တစ်ယောက်ပင်။

“ ကျွန်မက ကျိုးကြောင်း မဆီလျော်ဘူးဆိုတာ ဘာကို ပြောချင်တာ…. ကျွန်မတို့က အလုပ်ခေါ်စာ ချိတ်ထားတယ်… ဒီလူတွေက အလုပ်လာလျှောက်တယ်…. ဒါပေမယ့် ရှင်တို့က ဘလိုင်းကြီးနဲ့ ဒီလာပြီး လစာအမြင့်ကြီးတွေနဲ့ လူလာခိုးနေတာလေ…. ရှင်တို့တွေကမှ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့သူတွေ….” ဝမ်ရန်မှာ အာကျယ်အာကျယ်နဲ့ ပြန်ပက်လိုက်၏။

ထိုအချင်းအရာကို မြင်တွေ့တော့ လင်းရီ ပြုံးလိုက်မိသည်။ သူ ဝမ်ရန်၏ ကြီးပြင်လာသည့် အသွင်ကို မြင်တွေ့ခဲ့ရသည်။

ကျောင်းတုန်းက စကားနှစ်ခွန်းထက်ပိုပြောမိပါက အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေပြီး တစ်ဖက်သူနှင့် အကြည့်ချင်းဆုံ၍ စကားမပြောဝံ့သည့် သူမှာ ယခုတော့ လူရာကျော် ရှေ့တွင် တည်ငြိမ်စွာ ရပ်တည်နေပြီး အများနှင့် တစ်ယောက် ပြိုင်ငြင်းနေလေသည်။

ဟင်း… ဒီကလေးမလေးတောင် ကြီးပြင်းလာပါရောလား…

ဒါနဲ့ ဒီသောက်ရူးနှစ်ကောင်က ဘာဆိုင်လို့ ပြဿနာ လာရှာနေတာ…

ကြည့်ရတာ ဝမ်ရာ့ရှင်းနဲ့ စွန်းရုံမင်တို့ကောင်တွေ မလွတ်လာသေးဘူးနဲ့တူတယ်….

“ ငါတို့ စက်ရုံနှစ်ခုက စနစ်တကျနဲ့ ကုန်ထုတ်လုပ်တဲ့ အစီအစဉ်ကို ချဲ့ထွင်ထားပြီးတော့ လိုအပ်တဲ့ အရင်းအမြစ်တွေလည်း လုံလုံလောက်လောက်ရှိတယ်…. အဲ့ဒီတော့ ငါတို့ အလုပ်သမားတွေရဲ့ လုပ်ခလစာကို တိုးမြင့်ပေးလို့ မရဘူးလား….”

“ ဒါက မမျှတတဲ့ ယှဉ်ပြိုင်မှုကြီးလေ….”

ကျောက်ရှင်း ပခုံးတွန့်လိုက်ပြီး “ မင်းဘာမင်း ဘာပဲပြောပြော ငါတို့ကတော့ အေးဆေးပဲ… ဘာပဲဖြစ်ဖြစ်… ငါတို့က ဒီကို လူလာခေါ်တာပဲ.. ပြီးတော့ ဒီလမ်းကလည်း မင်းတို့ အပိုင်မို့လို့လား… ငါတို့ ဒီရောက်လာတာ တရားမဝင်ဘူးလား….”

“ ညီကိုရောင်းရင်း အပေါင်းတို့… ခု ဒီရဲ့ စက်ရုံကို ကြည့်လိုက်စမ်း… တိတ်ဆိတ်နေတာများ နေ့ခင်းကြီး တစ္ဆေခြောက်မှာတောင် ကြောက်ရတယ်… တကယ်လို့ မင်းတို့သာ ဒီလို စက်ရုံမျိုးမှာ အလုပ်လုပ်မယ်ဆိုရင် သူတို့ဘက်က မင်းတို့ လုပ်အားခတောင် ရှင်းပေးနိုင်မှာ မဟုတ်ဘူး…” လျိုရွေ့တုန်းမှ ကျယ်လောင်စွာ ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့ရဲ့ စက်ရုံနှစ်ခုကတော့ မတူဘူး… သူတို့က ပြည်တွင်းမှာ နာမည်ကြီး လူသိများတဲ့ စက်ရုံပဲ… ရန်ပုံငွေ ပေါများရုံတင် မကသေးဘူး… အစားအသောက်နဲ့ နေစရာလည်း ထောက်ပံ့ပေးသေးတယ်… အရေးကြီးဆုံးကတော့ ငါတို့ရဲ့ လုပ်ခလစာက ဒီစက်ရုံက ကမ်းလှမ်းတာထက် ပိုများတာပဲ…. မင်းတို့ အကုန်လုံးက ကျိုးဟိုင်ကို ရောက်လာတာ ပိုက်ဆံရှာဖို့ပဲ မဟုတ်ဘူးလား…. ဘယ်အရာက ကောင်းမွန်တဲ့ ရွေးချယ်မှုလဲ ဆိုတာတော့ ပြောပြဖို့ လိုမယ် မထင်ဘူး….”

လျိုရွေ့တုံး၏ စကားကို ကြားတော့ အလုပ်လာလျှောက်ကြသည့် အလုပ်သမားတိုင်း တိတ်တဆိတ် ခေါင်းညိမ့်လိုက်ကြသည်။

သူတို့အားလုံးက အလုပ်ခေါ်စာကို မြင်မိ၍ ဤနေရာသို့ ရောက်လာကြသော်လည်း ယခု အခိုက်အတန့်တွင်တော့ အခြားကုမ္ပဏီတစ်ခုက ပိုမိုမြင့်မားသည့် လစာအခွင့်အရေးများနှင့် ကမ်းလှမ်းနေလေသည်။ ထို့ကြောင့် သူတို့ကတော့ ပိုပေးသည့် ဘက်၌ အလုပ်လုပ်ပေးမည်ဖြစ်၏။

“ မင်းပြောတာ မင်းတို့ ကုမ္ပဏီက စရိတ်ငြိမ်း ထောက်ပံ့ပေးမယ်… ပြီးတော့ အပို ယွမ်တစ်ရာလည်း ပေးဦးမယ် ဟုတ်လား…” လူမည်း အမျိုးသားတစ်ဦးမှ ဟွာရှစကား မတောက်တခေါက်နှင့် မေးလိုက်၏။

“ အဲ့တာ အမှန်ပဲ… ငါတို့လို ကုမ္ပဏီကြီးက အဲ့လိုမျိုး ထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည် အပြည့်အဝရှိတယ်…”

“ ကောင်းပြီလေ… ဒါဆို ငါ မင်းတို့ဆီမှာ အလုပ်လုပ်မယ်….”

တစ်စုံတစ်ဦးမှ ရှေ့ဆောင်လမ်းပြလိုက်သည်နှင့် နောက်ဆက်တွဲများကလည်း လိုက်ပါလာကြကာ သူတို့အားလုံး အခြား စက်ရုံနှစ်ခုသို့ အလုပ်ဝင်ရန် နာမည်ပေးလိုက်ကြ၏။

မိနစ်အနည်းငယ်အတွင်း ဝမ်ရန်ဘက်ခြမ်း၌ လူတစ်ဦးတစ်ယောက်မျှ မကျန်ရှိတော့ချေ။

သူမဘက်ခြမ်း၌ မည်သူမျှ မရှိတော့တာကို မြင်တော့ ဝမ်ရန် ဒေါသတကြီးနှင့် ခြေဆောင့်မမလိုက်သည်။

တီချယ်လင်းက သူမကို ယုံကြည်လို့ ဒီတာဝန်ကိုပေးထားပါတယ်ဆိုနေ... ခုတော့ ဘာမှကို အဖတ်မတင်တောဘူး… တကယ်လို့ တီချယ်တာ ဒီကိစ္စ သိသွားလို့ကတော့ သေချာပေါက် သူမကို စိတ်ပျက်သွားလောက်တယ်…

၎င်းကို မြင်တော့ လင်းရီ ပြုံးလိုက်သည်။

ကြည့်ရသလောက်တော့ ဝမ်ရန် ရင့်ကျက်သည့် အမျိုးသမီးလေး ဖြစ်ဖို့ရာက ခရီးလမ်းအရှည်ကြီး လိုနေသေးသည့်ပုံပင်။

ထိုအကြောင်းတွေးမိတော့ လင်းရီ ကားမှန်ချ၍ ထုံးဟွာ ဝင်ပေါက်ဝသို့ မောင်းလာခဲ့လိုက်၏။

လင်းရီကားကို မြင်တော့ ဝမ်ရန် ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့သည်။ သူမ မူလက သူမ၏ အစွမ်းအစဖြင့် ယခု ပြဿနာကို ဖြေရှင်းရန် ကြံစည်ထားသော်လည်း တီချယ်လင်းက ရောက်လို့လာခဲ့ချေပြီ။ သူမ၏ အသုံးမကျမှုကို တီချယ်လင်းက သိသွားပြီဖြစ်၏။

လင်းရီ လမ်းလျှောက်လာသည်ကိုမြင်တော့ ဝမ်ရန် အပြေးလေး လာကြိုသည်။ သို့သော်လည်း သူမ၏ အမူအရာကတော့ အပြစ်လုပ်ထားသည့် မျက်နှာထားလေးနှင့်ပင်။

“ တီချယ်က ရောက်လာပြီလား….”

လင်းရီ ဝမ်ရန်၏ ပခုံးကို ပုတ်လိုက်ပြီး “ မင်းလုပ်သွားတာ မဆိုးဘူး… အနည်းဆုံးတော့ မင်းက တိုးတက်လာတယ်ပြောရမယ်… မလောနဲ့… မင်းရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းက အရှည်ကြီး ကျန်သေးတယ်…”

“ ဒါပေမယ့် ကျွန်မက တီချယ်ပေးတဲ့ တာဝန်ကိုတော့ မကျေပွန်နိုင်ခဲ့ဘူးလေ….”

“ ဘာမှ မဖြစ်ဘူး… မင်းက ငယ်သေးတယ်… ဘာဖြစ်နေလဲဆိုတာ နားလည်နေသရွေ့တော့ ငါလည်း တခြား ဘာကိုမှ မမျှော်လင့်ထားဘူး…”

လင်းရီ သူမကို အပြစ်တင်လိုစိတ် မရှိသည်ကို မြင်တော့ ဝမ်ရန်၏ အမူအရာမှာ သိသိသာသာ ကောင်းမွန်လာခဲ့လေသည်။ သို့တိုင်အောင် သူမကိုယ်သူမ အသုံးမကျဟု စိတ်ထဲ၌ ပြစ်တင်နေဆဲပင်။

သူမက အများကြီး လေ့လာသင်သူဖို့ လိုသေးတာပဲ

လင်းရီကို မြင်တော့ ကျောက်ရှင်းနှင့် လျိုရွေ့တုံးတို့ သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ကြ၏။

“ မန်နေဂျာကျောက်.. ဒီလူငယ်လေးက ထုံးဟွာ အီလက်ထရောနစ်ရဲ့ သူဌေးလေ… ကျုပ်အရင်က သူနဲ့ တွေ့ဖူးတယ်… ကျုပ်ကို လစာတိုးပေးပြီး လာကမ်းလှမ်းတာ ကျုပ် လက်မခံလိုက်ဘူး…”

ကျန်းရန်ချွမ်းမှာ တကယ့်ကို မြေခွေးအိုကြီးပင်။ ထိုသို့ တင်ပြလိုက်သောကြောင့် သူ၏ သစ္စာရှိမှုကို ပြသရာ ရောက်သွားပြီး သူဌေးသာ သိသွားပါက မျက်နှာရနိုင်လေသည်။

“ ဒီတော့ သူက သူဌေးပေါ့….”

လင်းရီကို မြင်သော်ငြား ကျောက်ရှင်းနှင့် လျိုရွေ့တုံးတို့ ရှိန်နေခြင်း မရှိ။ မကြာမီ ဖျက်ဆီးခံရတော့မည့် စက်ရုံသူဌေးအား သူတို့ ရှိန်နေစရာ အကြောင်း မရှိချေ။

လင်းရီ ကျောက်ရှင်းနှင့် လျိုရွေ့တုံးကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး “ မင်းတို့ကောင်တွေက ငါ့စက်ရုံရှေ့ ပေါ်တင်ကြီး လူလာခေါ်နေတယ်ဆိုတော့ လေးစားမှု မရှိဘူးပဲ….”

“ လေးစားမှုက စားပွဲပေါ် အစားအသောက်တွေ ရောက်လာအောင် လုပ်ပေးမှာမို့လို့လား…” ကျောက်ရှင်း ပြောလိုက်ပြီး “ မင်းပေးတဲ့ အကျိုးခံစားခွင့်တွေက ကောင်းလည်း မကောင်းဘူး… ပြီးတော့ ပေးတဲ့လစာကလည်း နည်းနည်းလေး… ဒီလို ပုံစံမျိုးနဲ့ မင်းရဲ့ အလုပ်သမားတွေကို ထိန်းထားနိုင်မယ်လို့ ထင်နေတာလား….”

“ မင်းတို့ကောင်တွေက ငါ့အလုပ်သမားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ မဟုတ်ဘူးလား… အကုန်လုံးက စက်ရုံနားနီးချင်းတွေကိုပဲ…. စည်းစည်းလုံးလုံးနဲ့ ငွေရှာသင့်တယ်လေ… ဘာလို့ မကျေမချမ်း ဖြစ်စရာ ကိစ္စတွေ လုပ်ဖို့ လိုမှာ.…”လင်းရီ ချိုသာစွာ ပြောလိုက်သည်။

“ ဟမ့်… မင်းက အဲ့လိုစကားမျိုး ပြောထွက်သေးတယ်ပေါ့….” ကျောက်ရှင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ မနေ့တုန်းက လမ်းတွေ ဖျက်ဆီးပြီး ငါတို့ သူဌေးနဲ့ စက်ရုံက ညီကိုတွေကို ရဲလက်အပ်လိုက်တဲ့ ကောင်က မင်းလေ… မင်းလို လူစားမျိုးကို ယဉ်ကျေးပျူငှာနေစရာ အကြောင်းမရှိဘူး….”

လျိုရွေ့တုံး စီးကရက် မီးညှိလိုက်ပြီး လင်းရီကို မောက်မာစွာ ကြည့်၍ “ ငါ ဒီနေ့ ရှင်းအောင်ပြောလိုက်မယ်… ငါတို့ စက်ရုံနှစ်ခု ရှိနေသေးသရွေ့ မင်းစက်ရုံ အလုပ်သမား ရမယ် မထင်နဲ့…”

ကျောက်ရှင်း လျိုရွေ့တုံးကို အပြုံးလေးဖြင့် ကြည့်လိုက်၏။

ဒါက သူလိုချင်ပုံစံ အတိအကျပဲ..

သူ့ဘော့စ်ရဲ့ အဆက်အသွယ်တွေနဲ့ဆို မကြာခင် ပြန်လွတ်လာမှာ သေချာသလောက်ပဲ… သူခု လုပ်လိုက်တာက သူ့ဘော့စ်ကိုယ်စား လက်စားချေပေးလိုက်တာနဲ့ အတူတူပဲလေ…

အချိန်ကျလာတဲ့အခါကျရင် သူ ရာထူးတိုး လစာတိုးတာမျိုးတောင် ဖြစ်ချင် ဖြစ်သွားနိုင်တယ်….

ဟီးဟီး… တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားစရာပဲ….

“ ဆွေးနွေးဖို့ အခန်းကဏ္ဍမရှိတော့ဘူးပေါ့…” လင်းရီ ပြုံးလိုက်ပြီး ကျန်းရုံချွမ်းနှင့် ဝမ်ဖူကို ကြည့်ကာ “ ခင်များတို့ နှစ်ယောက်ကလည်း ထုံးဟွာရဲ့ ကျောထောက်နောက်ခံအဓိက မဏ္ဍိုင်ကြီးတွေ ဖြစ်ခဲ့တာပဲ… ခု ကျုပ် စက်ရုံကို ပြန်ပြီး လည်ပတ်ဖို့ မြင့်မားတဲ့ လစာအခွင့်အရေးနဲ့ ပြန်ကမ်းလှမ်းမယ်… ခင်များတို့ သဘောတူသရွေ့ ခုစာချုပ်ချုပ်လို့ရတယ်…”

“ အိပ်မက်မက်နေလိုက်…. မင်း ငါတို့ကို ပိုက်ဆံ ဘယ်လောက်ပေးပေး.. ငါတို့ကတော့ ပြန်လာမှာ မဟုတ်ဘူး…” ကျန်းရန်ချွမ်း ပြောလိုက်ပြီး “ ထုံးဟွာအီလက်ထရောနစ်ဆိုတာ အနာဂတ်မရှိတဲ့ စက်ရုံတစ်ခုပဲ.. ဒီမှာ အလုပ်ဝင်တာက ကိုယ့်အချိန်တွေကို ဖြုန်းတီးရာကျလွန်းတယ်… မင်းငါတို့ကို သေအောင်ရိုက်သတ်ရင်တောင် မလာဘူး…”

All Chapters