← Chapters

လူမှားပြီး လက်စားချေမိခြင်း

Vol. 53 Ch. 783

လူမှားပြီး လက်စားချေမိခြင်း

Vol. 53 Ch. 783

“ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တောင် ကျင့်ဝတ်သိက္ခာလေးတော့ ရှိသင့်တယ် မဟုတ်ဘူးလား… ဘာလို့ ဒီလိုမျိုး လုပ်နေကြတာ….” လင်းရီ သက်ပြင်းချလိုက်၏။

“ ငါက အမှန်အတိုင်း ပြောပြနေတာပဲ… ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေကို ငါ့လိုအဖြစ်မျိုး မကြုံစေချင်လို့….”

ထိုသို့ပြောပြီးနောက် ကျန်းရုံချွမ်း အလုပ်သမားများဘက်သို့ လှည့်ကာ ကျယ်လောင်သည့် လေသံဖြင့် “ အားလုံးပဲ.. ကျုပ် အမှန်တရားတစ်ခုကို ပြောပါရစေ… ကျုပ်က အစတုန်းက ထုံးဟွာ အီလက်ထရောနစ်ရဲ့ အဓိက နည်းပညာရှင်တစ်ယောက်ပါ… ဒါပေမယ့် သူတို့ ဆက်ရုံရဲ့ အကျိုးခံစားခွင့်တွေကတော့ တော်တော်လေးကို ဆိုးရွားလွန်းတယ်… ခေါင်းဆောင်တွေတောင်မှ အကန့်အသတ်နဲ့… ပြီးတော့ နောက်ပိုင်းကျ သူတို့ဘက်က လခကိုတောင် နေ့ရွှေ့ ညရွှေ့နဲ့ ကျုပ်ရဲ့ တစ်လစာ လုပ်အားခကို ခုထိမရသေးဘူး… ခင်များတို့ စဉ်းစားကြည့်… အဲ့လိုစက်ရုံမျိုးမှာ အနာဂတ်ရှိနိုင်မှာလား….”

“ ကျန်းကြီး ပြောတာတွေက အမှန်ဆိုတာ ကျုပ် ထောက်ခံပေးနိုင်တယ်…” ဝမ်ဖူ ပြောလိုက်ပြီး “ ကျုပ်ကလည်း ထုံးဟွာရဲ့ အဓိက နည်းပညာရှင်တစ်ယောက်ပဲ.. ဒါပေမယ့် အချိန်မှန် လခမပေးလို့ ဟွေးခေါ့ဆီ ပြောင်းလာခဲ့တာ…. လူတိုင်းက သူတို့စကားကို နားမယောင်ကြဖို့ မျှော်လင့်ပါတယ်…”

၎င်းကိုကြားတော့ အခြား စက်ရုံများတွင် အလုပ်လျှောက်ရန် ရောက်လာကြသည့် အလုပ်သမားများ၏ စိတ်ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာသွားခဲ့တော့သည်။ သူတို့အားလုံး ဝမ်ရန်ကို ကြည့်သည့် အကြည့်တို့ပင် သဘာဝမကျ ဖြစ်သွားခဲ့လေသည်။

“ ဒီလူတွေက အလုပ်သမားတွေကို ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်ကျတဲ့ စက်မှုလုပ်ငန်းရှင်တွေပဲ….”

“ ကြော်ငြာကတော့ လန်ထွက်နေတာပဲ…. တကယ့်တကယ် လက်တွေ့ကျတော့ ဒီလိုမျိုး ဖြစ်နေမယ်လို့တောင် ထင်မထားဘူး….”

“ ဟူး… ငါတော့ ဒီနေ့ ကံကောင်းသွားတယ်.. မဟုတ်လို့ကတော့ သူတို့ ထောင်ချောက်ထဲ ရောက်သွားတော့မှာ…”

လူတိုင်းက လင်းရီကို စော်ကားပြောဆိုနေကြသည်ကို မြင်တော့ ဝမ်ရန် မည်သို့မျှ သည်းမခံနိုင်တော့ချေ။

သို့သော်လည်း သူမ တစ်ခုခုပြောတော့မည့် အချိန်တွင် လင်းရီမှ သူမကို တားမြစ်လာလေသည်။

“ ကောင်းပြီလေ…. ဘယ်သူကမှ ငါ့အတွက် အလုပ်မလုပ်ပေးချင်မှတော့ ငါကလည်း အတင်းမကြပ် မခိုင်းချင်ပါဘူး… ငါတို့ရဲ့ ဒီနေ့ အလုပ်သမားခေါ်ယူတာ ဒီမှာတင်ပြီးပြီ…” လင်းရီပြောပြီးနောက် ကြင်နာစွာဖြင့် “ မိတ်ဆွေတို့ မင်းတို့ ဘယ်မှာအလုပ်လုပ်ချင်လဲဆိုတာ မင်းတို့ကိုယ်တိုင် ရွေးချယ်ကြပါ… တကယ်လို့ ငါ့စက်ရုံမှာ အလုပ်လုပ်ချင်တယ်ဆိုရင် ငါ့နောက်ကနေ ခု လိုက်ခဲ့လို့ရတာ… တကယ်လို့ မလုပ်ချင်ဘူးဆိုလည်း ……. သဘောပါ…”

သို့နှင့် လင်းရီ ဝမ်ရန်နှင့် အခြား စက်ရုံအလုပ်သမားများကို စက်ရုံထဲသို့ ပြန်ခေါ်လာခဲ့လိုက်လေသည်။ မျှော်လင့်ထားသည့် အတိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့နောက်ကနေ လိုက်မလာခဲ့ချေ။

ကွာခြားမှုမှာ ယွမ် တစ်ရာလေးမျှသာ ဖြစ်သော်လည်း သူတို့အားလုံး တစ်ဖက်စက်ရုံကို ရွေးချယ်လိုက်ကြသည်။

စက်ရုံတံခါးက ဖြည်းညင်းစွာ ပြန်ပိတ်သွားခဲ့ပြီး စောနက အလုပ်လာလျှောက်ကြသည့် လူများအားလုံးနှင့် ကန့်သတ်လိုက်သကဲ့သို့ပင်။

ဝမ်ရန်နှင့် ကျန်သည့် အလုပ်သမားများအားလုံး ယခုလို မြင်ကွင်းကို မျှော်လင့် မထားကြချေ။

သူတို့အားလုံး သူတို့ကိုယ်သူတို့ ယခု ပြဿနာကို ဖြေရှင်းနိုင်သည့် အစွမ်းအစရှိသည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း ယခု ဥက္ကဌလင်း ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီးသူ၏ ဉာဏစွမ်းရည်တို့ဖြင့် ဆိုပါက အဆိုပါ ပြဿနာကို ဖြေရှင်းရန် ခက်ခဲလိမ့်မည် မဟုတ်သော်ငြား ရလဒ်ကတော့ လူတိုင်း မျှော်လင့်ထားသည့်အတိုင်း မဟုတ်ခဲ့ချေ။

“ တီချယ်… ကျွန်မတို့ အခု ဘာဆက်လုပ်ကြမှာလဲဟင်…. တကယ်လို့ အလုပ်သမားအသစ်တွေ မခေါ်နိုင်ဘူးဆိုရင် စက်ယန္တရားတွေက လည်ပတ်နိုင်မှာ မဟုတ်ဘူးနော်…”

“ အေးဆေးပေါ့… ကားက တောင်ရှေ့ရောက်ရင် လမ်းကို ရှာတွေ့လိမ့်မယ်… မတွေ့ရင် ဘီးပြန်လှိမ့်ခဲ့လိမ့်မယ်…” လင်းရီ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး “ ဒီခု အခြေအနေက မင်းအိမ်မှာ ပစ္စည်းတစ်ခုခုကို လိုက်ရှာတာနဲ့ ဆင်တူတယ်…. မင်း ဘယ်လောက်ပဲ ကြိုးစားပြီးရှာရှာ ရှာတွေ့မှာ မဟုတ်ဘူး… ဒါပေမယ့် မင်းဘက်က မရှာတော့တဲ့ အချိန်ကြရင် သူ့ဘာသူ ခုန်ပေါက်ပြီးထွက်လာလိမ့်မယ်….”

ဝမ်ရန် သိပ်နားမလည်ချေ။

အဲ့ဒီနှစ်ခုက ရောနှောလို့ မရဘူး ဟုတ်တယ်မလား…

“ ဒါဆို… ကျွန်မတို့က ဒီတိုင်း ထိုင်စောင့်နေကြမှာပေါ့…” ဝမ်ရန် တိုးညင်းစွာ မေးလိုက်၏။

“ အရင်ဆုံး စက်ရုံကို တစ်ချက် စူးစမ်းကြည့်တာပေါ့.. ဒီကိစ္စက သူ့အဆုံးအသတ်ကို ရောက်ရှိဖို့ သိပ်အချိန်မကြာလောက်တော့ပါဘူး… ဘာပဲဖြစ်ဖြစ် မလောနဲ့… စိတ်မပူနဲ့…”

“ ဟုတ် …. ဒါဆို တီချယ့်ကို လိုက်ပြပေးပါ့မယ်…”

မကြာမီ ဝမ်ရန်နှင့် ကျန်သူများအားလုံး အလုပ်သမား ခေါ်ယူသည့် ကိစ္စကို ဘေးချိတ်ထားလိုက်ကြသည်။

တီချယ်လင်းမှ ပြဿနာ မရှိဟု ဆိုလာသောကြောင့် သူတို့ များများစားစား စိတ်ပူနေရန် မလိုချေ။

လင်းရီတို့ အလုပ်ရုံထဲကို ရောက်တော့ နေရာတစ်ခုလုံးက အတော်လေး တိတ်ဆိတ်နေကြောင်း တွေ့ရှိလိုက်ရ၏။ စက်ပစ္စည်းအားလုံးက အိပ်မောကျနေဟန်ပင်။

“ တီချယ်… ထုံးဟွာ အီလက်ထရောနစ်မှာ ထုတ်လုပ်တဲ့လိုင်းက ခြောက်တန်းရှိတယ်…. ဒါပေမယ့် နောက်ဆုံးပေါ် နည်းပညာတွေ မဟုတ်တော့ ဖုန်းတစ်လုံး တပ်ဆင်ဖို့ဆို ၁၂ မိနစ်လောက်တော့ အချိန်ပေးရမှာ… တကယ်လို့ လူ ၂၀၀ ရှိမယ်ဆိုရင်တော့ တစ်နေ့ကို အလုံးရေ တစ်သောင်း ထုတ်နိုင်တယ်…” ဝမ်ရန် ပြောလိုက်ပြီး “ ပြည်တွင်းက တခြား စက်ရုံကြီးတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ဒီရဲ့ ထုတ်လုပ်နိုင်စွမ်းက မပြောပလောက်သေးဘူး… ဒါပေမယ့် ကျွန်မတို့က မိုဘိုင်းဖုန်း ဈေးကွက်ထဲကို ထဲထဲဝင်ဝင် ခြေဆန့်ဦးမှာ မဟုတ်သေးတော့ ဒီရဲ့နှုန်းက လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲ…”

လင်းရီ ပြုံးလိုက်သည်။

ဝမ်ရန်က ရိုးရိုးရှင်းရှင်း တွေးနေခြင်းပင်။

တစ်ရက် အလုံး တစ်သောင်း ဟူသည့် ပမာဏက မများပြားသောကြောင့် သူတို့ ထုတ်လုပ်မှုကို တတ်နိုင်သမျှ မြန်မြန် စတင်ရန် လိုအပ်လေသည်။ မည်သို့ပင်ဆိုစေ အလုံးရေ ငါးသိန်း ထုတ်လုပ်ဖို့ရာ လိုအပ်၏။ သို့မဟုတ်ပါက ဈေးကွက်ကို လှုံ့ဆော်နိုင်မှာ မဟုတ်ချေ။

“ ဝန်ထမ်းပြဿနာက မကြာခင် ဖြေရှင်းပြီးသွားလိမ့်မယ်…. နောက် သုံးလေးရက်လောက်အထိ စက်ရုံကို သေချာလေးစောင့်ကြည့်ထားဦး… ကျန်တာ ဘာမှ စိတ်မပူနဲ့….”

“ ဟုတ် တီချယ်… ကျွန်မနဲ့ပဲ လွှဲထားလိုက်…. ဒီရဲ့ မစ်ရှင်ကို အမြန်ဆုံး ပြီးမြောက်စေရမယ်လို့ အာမခံတယ်….”

ဝမ်ရန် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ယင်းက သူမ၏ စွမ်းဆောင်ရည်ကို တီချယ်လင်းမှ အသိအမှတ်ပြုသည်ဟူသည့် သဘောပင် မဟုတ်ပါလော။

“ သွားစို့… ဒီနေရာပြီးရင် ကန်သင်းနဲ့ အိပ်ဆောင်တွေဘက် သွားကြည့်ကြမယ်….”

“ ဟုတ် ဒီဘက်ကို တီချယ်…”

……………….

တစ်ချိန်တည်းတွင် ဝမ်ရာ့ရှင်း၏ ရိုးရိုက်စ်နှင့် စွန်းရုံမင်၏ ဘန်ထလေမှာ စက်မှုဇုန်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

သို့သော် သူတို့အားလုံး စက်ရုံသို့ တိုက်ရိုက် ဦးမတည်ပဲ ထိုအစား စွန်းပေါင်းကော်နှင့် ဝူကွမ်းဖတို့ ရှေ့ ထိုးရပ်၍ သူတို့လက်ကို ဆန့်တန်းလိုက်ကြပြီး

“ အာစိတို့… မနေ့က ဖြစ်ရပ်က နားလည်မှု လွဲသွားတာပါ…. ကျုပ်တို့ကို စိတ်မရှိပါနဲ့နော်…” ထိုသို့ ပြောရင်းဖြင့် နှစ်ယောက်မှာ အသင့်ယူဆောင်လာသည့် ဝိုင်နှင့် ဝီစကီများကို နှစ်ယောက်ထံ ဝေဆာသည့် အပြုံးတို့ဖြင့် ကမ်းပေးလိုက်ကြ၏။

ဆိုရိုးများအတိုင်း ပြုံးပြနေသည့်သူကို ပါးသွားရိုက်၍ မသင့်လျော်ချေ။ တစ်ဖက်သူမှ သူတို့ကို လက်ဆောင် ပဏ္ဍာတို့ဖြင့် တောင်းပန်လာပြီး ဖြစ်ရာ ယခုကိစ္စကို သင်ပုန်းချေပေးလိုက်ရုံသာ ရှိတော့သည်။

“ ဘောစိတို့ကတော့ ယဉ်ကျေးလွန်းနေပါပြီ…. ကျုပ်တို့ဘက်ကလည်း မနေ့က နည်းနည်းလွန်သွားတယ်… စကားပုံတွေအတိုင်းပဲလေ… ရန်မဖြစ်ဖူးရင် ရင်းနှီးမှာ မဟုတ်ဘူး… စိတ်မချမ်းမြေ့စရာ ကိစ္စတွေကို မေ့ဖျောက်ပစ်လိုက်ကြတာပေါ့…”

“ ဒါပေါ့ ဒါပေါ့… ဒါဆို ဒီကိစ္စက ကျေသွားပြီ…” ဝမ်ရာ့ရှင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကျုပ်တို့ လုပ်စရာလေးတွေ ရှိလို့ နောက်မှ စကားဆက်ပြောကြတာပေါ့… အချိန်ရရင် တစ်ဝိုင်းလိုက်တိုက်ပါ့မယ်…”

ယင်းက ဝတ်ကျေတမ်းကျေ ပြောသည့် စကားလုံးများ ဖြစ်ကြောင်း ဝူကွမ်းဖတို့ သိသော်ငြား လောကဝတ်အရ ခေါင်းညိမ့်သဘောတူလိုက်ကြလေသည်။

အချင်းချင်း သာကြောင်းမာကြောင်းများ ပြောကြားပြီးနောက် နှစ်ယောက်မှာ ကားထဲသို့ ပြန်ဝင်၍ သက်ဆိုင်ရာ စက်ရုံ အသီးသီးသို့ ဦးတည်လိုက်ကြသည်။

ဝမ်ရာ့ရှင်း၏ ရိုးရိုက်စ်ကို မြင်တော့ ယခုလေးတင် စက်ရုံသို့ ပြန်ရောက်လာကြသည့် ကျောက်ရှင်းနှင့် ကျန်းရန်ချွမ်တို့ အပြုံးလေးဖြင့် ကြိုဆိုနှုတ်ဆက်လိုက်ကြသည်။

ကားထဲမှ ထွက်ပြီးနောက် သူ့စက်ရုံထဲ၌ မျက်နှာစိမ်းများကို မြင်တော့ ဝမ်ရာ့ရှင်း မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဘာတွေဖြစ်နေတာ… ဘာလို့ လူတွေက ရုတ်တရက်ကြီး များလာခဲ့တာ…”

ဝမ်ရန်ရှင်းမှ မေးမြန်းလာခဲ့တော့ ကျောက်ရှင်း စိတ်လှုပ်ရှားစွာဖြင့် သူ့ ပေါင်သူ ပြန်ရိုက်လိုက်ပြီး

‘ ကျုပ်က ခင်များ သတိမထားမိမှာကို စိုးရိမ်နေတာ.. ဒါပေမယ့် ဒီလောက်မြန်မြန်ကြီး မေးလာမယ်လို့တောင် ထင်မထားဘူး….’

“ ဒီလိုပါဘော့စ်… ကျုပ်တို့ မနေ့တုန်းက ပြဿနာ အသေးစားလေးတွေ ဖြစ်ခဲ့တယ်မလား…. ထုံးဟွာဘက်ကနေ အလံဖြူပြပြီး ညတွင်းချင် အလုပ်သမား နောက်တစ်သုတ်ခေါ်ယူတဲ့ ကြေညာစာ ထွက်လာခဲ့တယ်… သူတို့က ဘော့စ် မရှိတဲ့ အချိန် အလုပ် ပြန်စချင်နေကြတာ…. ဒါပေမယ့် ဘယ်ရမလဲ... ဟဲဟဲ ဘော့စ်ရဲ့ ပါးနပ်တဲ့ လက်အောက်ငယ်သားကတော့ သူတို့ရဲ့ အစီအစဉ်တွေကို ကြိုမြင်နိုင်ခဲ့တယ်လေ…”

ကျောက်ရှင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ သူတို့ ဒီနေ့ အလုပ်သမားတွေ ခေါ်ယူနေတုန်း ကျုပ်အင်ဂျင်နီယာ ကျန်းနဲ့ အတူသွားပြီး သူတို့ ဆီ အလုပ်လျှောက်မယ့် အလုပ်သမားတွေ အကုန်လုံးကို သွားလုလာခဲ့တယ်… အဲ့ကောင်တွေ တစ်ယောက်တစ်လေလေးတောင် မရလိုက်ရှာဘူး… “

“ မှန်ပါတယ်... အဲ့တာကို ကျွန်တော်လည်း ထောက်ခံပေးနိုင်ပါတယ်ဘော့စ်….” ကျန်းရန်ချွမ်း ပြောလိုက်ပြီး “ မန်နေဂျာကျောက်က သတင်းရရပြီးချင်းပဲ ကျုပ်ကိုခေါ်ပြီး ချက်ချင်းသွားခဲ့တာ… ကျုပ်တို့ဘက်က အခွင့်အရေး တစ်စက်ကလေးမှကို မပေးခဲ့တာ.. စိတ်ချထားလိုက်ဘော့စ်… ဘော့စ်ဝမ် မရှိတုန်း ကျုပ်တို့ ကောင်းကောင်းကြီး ကိုင်တွယ်ထားပေးပါတယ်…”

ဖြောင်း…

ဖြောင်း ...

ဝမ်ရာ့ရှင်း ကျောက်ရှင်းနှင့် ကျန်းရန်ချွမ်းတို့အား ပါးတစ်ယောက် တစ်ချက်စီ ရိုက်နှက်လိုက်ပြီး အသား တဆတ်ဆတ် တုန်ယင်စွာ လက်ညိုးထိုးလိုက်ပြီး “ စောက်သုံးမကျတဲ့ စောက်ရူးတွေ.. မင်းတို့ကို ဘယ်ကောင်က အဲ့လိုလုပ်ခိုင်းလို့လဲကွ……”

All Chapters