နတ်ဘုရားသဖွယ် ခန့်မှန်းမှု
Vol. 53 Ch. 784
၎င်းတို့၏ လုပ်ရပ်အတွက် အကျိုးအမြတ်လိုချင်နေကြသည့် ကျောက်ရှင်းတို့နှစ်ယောက်မှာ အလကားနေ အလကား ပါးရိုက်ခံလိုက်ရသည့် အတွက် ကြက်သေသေသွားခဲ့လေသည်။
“ ဘာဖြစ်လို့လဲ.... ဘော့စ်ဝမ်ပဲ အရင်တုန်းက အဲ့လိုမျိုး လုပ်ဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား… ကျုပ်တို့ ဘာအမှားမှ မလုပ်ခဲ့ဘူးလေ…”
“ ငိုးပဲ… ငါပြောခဲ့တာ အရင်တုန်းက… ခု ငါ အဲ့လိုမျိုး မလုပ်ချင်တော့ဘူး ဟုတ်ပြီလား…” ဝမ်ရာ့ရှင်း ဒေါသတကြီးဖြင့် ဆဲရေးလိုက်၏။
“ မင်းတို့ စောက်သုံးမကျတဲ့ကောင်တွေက ငါ့အကြံအစည်တွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာပဲ…”
နှစ်ယောက်သား ခေါင်းငုံးထားရင်း ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင် ဖြစ်နေလေသည်။
ဘာလို့ အခြေအနေတွေက ညတွင်းချင်း ပြောင်းလဲကုန်တာလဲဟ….
“ ခုကစပြီးတော့ မင်းတို့ နှစ်ကောင်လုံး ဒီမှာ အလုပ်လုပ်စရာ မလိုတော့ဘူး.. ပြီးတော့ မင်းတို့ ထုံးဟွာ အီလက်ထရောနစ်ကနေ ခေါ်လာခဲ့တဲ့ အလုပ်သမားတွေ အကုန်လုံးကိုလည်း အလုပ်ထုတ်တယ်….”
“ လူတိုင်းကို အလုပ်ထုတ်မယ်…” စက်ရုံထဲရှိ အခြား ခေါင်းဆောင်များလည်း ကြက်သေသေသွားခဲ့ကြ၏။
သူတို့ ဘာဖြစ်နေလဲဆိုတာ လိုက်မမှီကြတော့ချေ။
ဖြစ်နိုင်တာ ထုံးဟွာ အီလက်ထရောနစ်က သူဌေးနဲ့ ဘော့စ်ဝမ်က ပြန်ပြီး သင့်မြတ်သွားကြတာများလား…
‘ အဲ့လိုလည်း မဖြစ်နိုင်လောက်ဘူး…’
မကြာမီ အဆိုပါ သတင်းထူးကြီးက စက်ရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။ မူလက စက်ရုံသို့ ခေါ်ဆောင်ချင်း ခံခဲ့ရသည့် အလုပ်သမားအားလုံးမှာ အလုပ်ရုံထဲမှ အသည်းအသန်ပြေးထွက်လာပြီး ဝမ်ရာ့ရှင်းကို ဝန်းရံ၍ “ ဘော့စ်ဝမ်… ဘာလို့လဲဗျာ… ကျုပ်တို့ အလုပ် ကောင်းကောင်းလုပ်နေတာပဲလေ… ဘာလို့ ကျုပ်တို့ကို အလုပ်ထုတ်နေတာ….”
ဝမ်ရာ့ရှင်း သူ့လက်ကို စိတ်မရှည်စွာ ဝေ့ယမ်းလိုက်ပြီး “ ဘာအကြောင်းပြချက်မှ မရှိဘူး.. ငါ မင်းတို့ကို ဆက်မသုံးချင်တော့လို့ ထုတ်လိုက်တာ… ဒီတော့ မင်းတို့ လာခဲ့တဲ့ နေရာကို ပြန်ကြတော့… ငါ့နားလာပြီး ယင်ကောင်လို လာအုံမနေကြနဲ့… ဒီကနေ လစ်စမ်း…”
ဝမ်ရာ့ရှင်း ဒေါသထွက်နေသည်ကို မြင်တော့ အလုပ်သမား အများစုမှာ ထိတ်လန့်သွားခဲ့ကြပြီး လုံခြုံရေး အစောင့်များ၏ မောင်းထုတ်ခြင်းကိုခံလိုက်ရလေသည်။
ထို့နောက် သူတို့အားလုံး လက်သည်ဖြစ်သည့် ကျန်းရန်ချွမ်းနှင့် ကျောက်ရှင်းအား ဝန်းရံလိုက်ကြ၏။
“ အစ်ကိုကျန်း… ကျုပ်တို့အခု ဘယ်လိုလုပ်ကြမှာ… ကျုပ်တို့က ခင်များခေါ်လို့ ဒီရောက်လာခဲ့တာနော်… ခု ဒီလိုမျိုး ဖြစ်သွားခဲ့ပြီဆိုတော့ ခင်များ ဘယ်လို ပြန်ဖြေရှင်းပေးမှာ…” အလုပ်သမားတစ်ဦးမှ လက်ညိုးထိုးရင်း ပြောလိုက်၏။
“ ဆရာကျန်း… ကျုပ်တို့ အစက ထုံးဟွာ အီလက်ထရောနစ်မှာ အလုပ်လျှောက်မလို့.. ဒါပေမယ့် လမ်းခုလတ်မှာ ခင်များ ဆွဲဆောင်လို့ ဒီရောက်လာခဲ့တာ…. တကယ်လို့ ဒီကိစ္စကို မဖြေရှင်းပေးလို့ကတော့ ခင်များ အေးဆေးနေရမယ် မကြံနဲ့….”
ကျန်းရန်ချွမ်းနှင့် ကျောက်ရှင်းတို့ အလုပ်သမား ရာနှင့်ချီ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး မေးခွန်းပေါင်းများစွာကို အမေးခံနေရလေသည်။ အကယ်၍ သူတို့သာ ဖြေရှင်းမည့် နည်းလမ်းကို မစဉ်းစားနိုင်ခဲ့ပါက စက်မှုဇုန်ထဲမှ နေ၍ အကောင်းပတိ ပြန်လည်ထွက်ခွာရန် မဖြစ်နိုင်လောက်ချေ။
“ လူတိုင်းပဲ.. မစိုးရိမ်ကြနဲ့… ငါ မင်းတို့ကို ခု ဟွေးခေါ့ အီလက်ထရောနစ်ဆီ ခေါ်သွားပေးမယ်… သူတို့လည်း အဲ့ဒီမှာ လူတွေ ခေါ်နေကြတာ… ငါတို့ အတွက် သေချာပေါက် အလုပ် တစ်နေရာတော့ ပေးနိုင်မှာပဲ….” ကျန်းရုန်ချွမ်း ပြောလိုက်၏။
“ ဒါဆိုလည်း ဒီနေရာကနေ အမြန်ဆုံး သွားကြစို့…”
“ ဟုတ်တယ် ဟုတ်တယ်… သွားကြစို့…”
ထိုအကြောင်း စဉ်းစားမိတော့ အုပ်စုမှာ ၎င်းတို့၏ ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်လိုက်ကြပြီး ဟွေးခေါ့ အီလက်ထရောနစ်သို့ ဦးတည်လိုက်ကြလေသည်။
သို့သော်လည်း သူတို့ ထုံးဟွာ အီလက်ထရောနစ်ရှေ့ကို ရောက်တော့ လူတိုင်း မသိစိတ်မှ ဂိတ်ပေါက်ဝကို အလိုအလျောက် ငေးမောမိသွားကြသည်။
အကယ်၍ သူတို့သာ ထုံးဟွာစက်ရုံသို့ အလုပ်လျှောက်ခဲ့မည် ဆိုပါက ယခုအချိန်လောက်ဆို နေရာအတည်တကျနှင့် အလုပ်လုပ်ခွင့်ရပြီး ယခုလို သောင်ပြင်အလွှတ်ခံလိုက်ရသည့် ခွေးအတစ်သိုက်လိုမျိုး ဖြစ်နေလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အနည်းဆုံးတော့ သူတို့ကို လက်ခံပေးမည့် တစ်နေရာ ကျန်ရှိနေသေးသောကြောင့် တော်သေးသည်ဟု ဆိုရမည်။
ထိုအချိန်တွင်ပဲ ကျန်းရုံချွမ်း ဟွေးခေါ့ အီလက်ထရောနစ် စက်ရုံထဲမှ လူအများအပြား ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
သူတို့အားလုံးကို ဦးဆောင်လာသူကတော့ ဝမ်ဖူနှင့် လျိုရွေ့တုံးပင်။
အုပ်စုနှစ်ခုက လမ်းလယ်တွင် အကြည့်ချင်း ဆုံသွားခဲ့ကြ၏။
“ ဘာတုန်းဟ.. ဘာတွေဖြစ်နေတာ… မင်းတို့ကောင်တွေ ဘာလို့ ထွက်လာခဲ့ကြတာ..” ဝမ်ဖူ အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလိုက်၏။
“ အဲ့ဘော့စ်က ဘာကြောင်နေမှန်း မသိပါဘူးကွာ… ငါတို့အကုန်လုံးကို အလုပ်ထုတ်ပစ်လိုက်တယ်…” ကျန်းရုံချွမ်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ ငါယိုး… မင်းအတည်ကြီးလား… ငါတို့လည်း တူတူပဲ… ထုံးဟွာ အီလက်ထရောနစ်က ရောက်လာတဲ့လူတိုင်း အလုပ်ထုတ်ခံလိုက်ရတယ်….”
“ လခွမ်း..... ဘာလားဟ…. ဒါ တိုက်ဆိုင်သွားတာများလား…”
“ သေချာပေါက် တစ်ခုခုတော့ ရှိကိုရှိရမယ်…” ဝမ်ဖူ ပြောလိုက်ပြီး “ သူတို့ ငါတို့ကို ခေါ်ယူတုန်းက သူတို့ရဲ့ ထုတ်လုပ်မှုကို တိုးချဲ့ချင်လို့ ပြောပြီး ခု သူတို့ ဆန္ဒပြီးမြောက်သွားတော့ ငါတို့ကို ပထုတ်လိုက်တာ နေမှာ…”
“ သေစမ်း… ရွံရှာစက်ဆုပ်ဖို့ ကောင်းလိုက်တဲ့လူတွေ… ဒါငါတို့ကို အလေးမထားတာပဲ…”
“ ရှီးပဲ… ဒီလိုဖြစ်မယ်မှန်းသိရင် ထုံးဟွာမှာပဲ အလုပ်လျှောက်ခဲ့ပါတယ်.. ဒါတွေအကုန် မင်းတို့ကြောင့်ပဲ…”
“ ဟုတ်တယ်… မင်းတို့ကြောင့်… မင်းတို့ ဒီကိစ္စ အဆင်ပြေအောင် လုပ်ပေးရင် လုပ်ပေး… မဟုတ်လို့ကတော့ ထွက်သွားဖို့ မစဉ်းစားနဲ့…”
လူ အယောက် နှစ်ရာကျော်လောက်က ဝိုင်းအုံလာသည်ကို မြင်တော့ လေးယောက်သား အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့ပြီး ကျန်းရုံချွမ်းနှင့် ဝမ်ဖူတို့မှ အလျင်အမြန် ချွေးသိပ်လိုက်ရ၏။
“ လူတိုင်းပဲ.. စိတ်လိုက်မာန်ပါတွေ မလုပ်ကြပါနဲ့… ဒါက ကုမ္ပဏီ အတွင်းရေး ပြဿနာဆိုတော့ ငါတို့ကို အပြစ်တင်လို့ မရဘူးလေ…” ကျန်းရုံချွမ်း ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့က ထုံးဟွာရဲ့ အလုပ်သမားဟောင်းတွေပဲ.. ငါတို့ ဟိုကို ပြန်ရောက်ရင် သူတို့ ငါတို့ကို ပြန်ပြီး အလုပ်ပေးလိမ့်မယ်… ပြီးတော့ မင်းတို့လည်း ခုနတုန်းက ကြားသားနဲ့… ဘော့စ်အသစ်က ငါ့ကို လစာ ပိုပေးပြီး ခေါ်ချင်နေတာလေ…. ငါ့ရဲ့ အရည်အချင်းနဲ့ နာမည်ဂုဏ်သတင်းတွေအရဆိုရင် ဘယ်သူကမှ ငါ့ကို မငြင်းဘူး…”
“ ကောင်းပြီလေ.. ဒါဆိုလည်း ငါတို့ကို အမြန်ပြန်ခေါ်သွား….”
“ လုပ်စရာ အလုပ်ရှိရင် ရပြီ… အဲ့ဒီ ယွမ် တစ်ရာလည်း မက်မောမနေတော့ဘူး…”
“ အိုကေ.. သွားစို့… လူတိုင်းပဲ… နောက်က လိုက်ခဲ့ကြပါ….”
သို့နှင့် လူနှစ်ရာကျော်သည့် လူအုပ်ကြီးမှ ထုံးဟွာ အီလက်ထရောနစ်သို့ ပြန်လည် ခရီးဆန့်လိုက်ကြတော့သည်။
“ တံခါးကို ဖွင့်လိုက်… ငါတို့ ဘော့စ်အသစ်နဲ့ တွေ့ချင်တယ်… “ ကျန်းရုံချွမ်းမှ ဂိတ်စောင့်ကို ပြောလိုက်၏။ သူ၏ လေသံက ကျယ်လောင်နေပြီး တစ်မျိုးတစ်ဖုံဖြင့် အာဏာရှင်ဆန်နေလေသည်။
“ မင်းတို့ကောင်တွေက စောနလေးတင် ထွက်သွားခဲ့ကြတာ မဟုတ်ဘူးလား… ဘာလို့ ပြန်လာခဲ့တာ… ပြီးတော့ ဥက္ကဌလင်းက မင်း တွေ့ချင်တိုင်း တွေ့လို့ရတဲ့ လူများ မှတ်နေလား….”
ဂိတ်စောင့်သူက လူအိုကြီး တစ်ယောက်ပင်။ သူက ဝမ်ရန်နှင့် သွေးဝေးသည့် ဆွေမျိုး တစ်ယောက်ဖြစ်ပြီး အရွယ်လေးကလည်းရ၊ မိသားစုကလည်း အဆင်မပြေဖြစ်သောကြောင့် သူ့အသက်အရွယ်နှင့် အဆင်ပြေမည့် အလုပ်မျိုးကို ဝမ်ရန်မှ စီစဉ်ထားပေးခြင်းပင်။
ထို့ကြောင့် ဝမ်ရန်နောက်ခံနှင့် စကားပြောသည့် အခါ၌ ယုံကြည်မှုတို့ ပြည့်နှက်နေလေသည်။
“ အဘိုးကြီး… ခင်များက အလုပ်သမားအသစ်ထင်တယ်.. ဒီမှာ ကျုပ်ပြောမယ်.. ကျုပ် ကျန်းရုန်ချွမ်းက စက်ရုံရဲ့ မဏ္ဍိုင် နည်းပညာရှင်ပဲ… ကျုပ် မရှိပဲနဲ့ စက်ရုံက လည်ပတ်ဖို့ ခက်ခဲသွားလိမ့်မယ်… တကယ်လို့ ကျုပ်ကို ဝင်ခွင့်မပြုဘဲနဲ့ စီးပွားရေးကို နှောင့်နှေးစေခဲ့မယ်ဆိုရင် ခင်များ အကျိုးဆက်တွေကို ခံနိုင်မှာလား…”
“ မင်းဘာမင်း ပြောချင်ရာပြောကွာ… ဥက္ကဌလင်းရဲ့ အမိန့်မပါဘဲနဲ့တော့ မင်းတို့ကို တံခါး မဖွင့်ပေးနိုင်ဘူး…”
“ တံခါးမဖွင့်ပေးဘူးပေါ့.. ခင်များ သေချာပေါက် နောင်တကြီးကြီး ရလိမ့်မယ်…”
အစောင့်ကတော့ ကျန်းရုံချွမ်းကို လျစ်လျူရှုလိုက်ပြီး ပြတင်းပေါက် ပြန်ပိတ်ကာ သူ၏ ရေဒီယိုအဟောင်းလေးနှင့် ရှေးသီချင်းများ ပြန်ဖွင့်ပြီး ငြိမ့်နေလေသည်။ ခြိမ်းခြောက်မှုက သူ့အပေါ် မည်သို့မျှ မသက်ရောက်သည့်အလားပင်။
ကျန်းရုံချွမ်းလည်း ဂရုမစိုက်အားပေ။ သူက ယခု အရေးနိမ့်သည့် အခြေအနေသို့ ကျရောက်နေသောကြောင့် ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားရပေမည်။ မဟုတ်ပါက ဖွတ်ညက်ညက်ကြေအောင် ထုထောင်းခံရမည် ဖြစ်၏။
ကြံရာ မရသည့် အဆုံး စက်ရုံ ဝင်ပေါက်ဝတွင် ရပ်လိုက်ပြီး ကျန်းရုံချွမ်း အသက်ဝဝရှူ၍ အားအင်အပြည့်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ ဥက္ကဌလင်း… မန်နေဂျာဝမ်… ကျုပ် ကျန်းရုံချွမ်း စက်ရုံရဲ့ ထုတ်လုပ်မှုကို ပြန်ပြီး ပံ့ပိုးပေးဖို့ ရောက်လာနေပြီ… တံခါးဖွင့်ပေးပါဦး….”
“ ဟျောင့်တွေ… အဲ့အတိုင်း ရပ်မနေကြနဲ့… အတူအော်ကြမယ်… အဲ့တာမှ ဥက္ကဌလင်း ကြားနိုင်မှာ….” ဝမ်ဖူပြောလိုက်၏။
၎င်းကိုကြားတော့ အပြင်ဘက်ရှိ လူတိုင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ အသံက စက်ရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
စက်ရုံကို လိုက်လံစစ်ဆေးနေကြသည့် လင်းရီ ဝမ်ရန်နှင့် ကျန်သူများလည်း အပြင်ဘက်ရှိ ထို အသံများကို ကြားလိုက်ကြ၏။
“ တီချယ်… သူတို့တွေ ပြန်လာကြပြီကော…” ဝမ်ရန်မှ အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်၏။
“ တွေ့လား… ငါမပြောဘူးလား…” လင်းရီ ပြုံးလိုက်ပြီး “ ဒီကောင်တွေ ပြန်လာမှာပါလို့….”
စက်ရုံအလုပ်သမားများမှ လင်းရီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြလေသည်။
ဘော့စ်က လုံးဝကို အမေးဇင်းပဲ… သူတကယ်ကြီး ဒီလိုဖြစ်မယ်မှန်း ကြိုသိနေတယ်….
“ ဒါဆို ခု ဘယ်လိုဆက်လုပ်ကြမှာ… တီချယ် သူတို့ကို ပြန်ခေါ်မှာလား …”
“ မင်းကော ဘယ်လိုထင်လဲ… မင်းအမြင်ကို ပြောကြည့် ... ” လင်းရီ ဝမ်ရန်ကို ကြည့်ရင်း မေးမြန်းလိုက်၏။
စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ဝမ်ရန်မှ “ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆိုရင်တော့ ကျွန်မတို့ သူတို့ ပြန်ခေါ်သင့်တယ်….”
ထိုသို့ ပြောပြီးနောက် ဝမ်ရန် နှုတ်ခမ်းကိုက်လိုက်ပြီး “ ဒါပေမယ့် ကျွန်မရဲ့ ကိုယ်ပိုင် အမြင်အရဆိုရင်တော့ သူတို့ကို တကယ်ကြီး ပြန်မခေါ်ချင်ဘူး… အဲ့လိုလူမျိုးတွေက စိတ်ချရတဲ့ လူစားမျိုးတွေ မဟုတ်ဘူးလေ…”
လင်းရီ ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ပြီး “ ဒါဆိုလည်း မင်းသဘောပဲ… ငါတို့ လူအသစ်တွေပဲ ထပ်ခေါ်လိုက်ကြတာပေါ့…”
“ ဒါဆို ကျွန်မ သူတိုကို အပြင်ထွက်ပြီး ရှင်းပြလိုက်မယ်…. ဒီလိုမျိုး အော်ဟစ်ပြီးတော့ ဘာလဲလုပ်မှာ….”
“ အတူသွားစို့ … ငါလည်း ကြည့်သင့်သလောက် ကြည့်ပြီးသွားပြီဆိုတော့ ခဏနေ ပြန်တော့မယ်….”