← Chapters

ဟန်တအားများလွန်းရင် ပျင်းဖို့ကောင်းသွားပြီ

Vol. 53 Ch. 785

ဟန်တအားများလွန်းရင် ပျင်းဖို့ကောင်းသွားပြီ

Vol. 53 Ch. 785

သို့နှင့် အုပ်စုမှာ စက်ရုံအပြင်ဘက်သို့ ထွက်လာခဲ့ကြ၏။

နှစ်ရာကျော်သည့် လူအုပ်ကြီးက စက်ရုံ ဝင်ပေါက်ဝတွင် စုရုံးနေကြလေသည်။

“ ထုံးဟွာကနေ ထွက်သွားတဲ့ လူတွေက အတော်များသားပဲ…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ လူ အများကြီးဆိုတော့ နည်းနည်းတောင် ကြောက်ဖို့ကောင်းလာပြီ….”

“ တီချယ်ဘာမှ ကြောက်စရာမလိုဘူး… ကျွန်မတို့က အမှန်တရားဘက်ကလေ…. သူတို့ကို လျစ်လျူရှုထားလိုက်….”

လင်းရီ ရယ်မောလိုက်ပြီး “ မကြောက်ပါဘူးကွာ… လာ သွားစို့….”

လင်းရီနှင့် ဝမ်ရန်တို့ အပြင်ထွက်လာသည်ကို မြင်တော့ ကျန်းရုံချွမ်းနှင့် ကျန်သူများအားလုံး ဝန်းရံလိုက်ကြ၏။ ၎င်းတို့ကြား၌ အလှမ်းကွာဝေးခြင်း သိပ်မရှိပေ။

“ ဥက္ကဌလင်း… ခင်များ ပြောတာ ကျုပ်ကို လစာပိုပေးပြီး အလုပ်ခန့်ချင်တယ်လို့ ပြောခဲ့တယ်မလား…. ကျုပ် ခု ပြန်သွားပြီးစဉ်းစားကြည့်တော့ ဒီနေရာကမှ ကျုပ်နဲ့ သင့်လျော်တဲ့ နေရာပဲ.. ပြီးတော့ အရင်က ထွက်လာခဲ့တဲ့ အလုပ်သမားတွေကိုလည်း အကုန်လုံး ပြန်ခေါ်လာခဲ့တယ်… ကျုပ်တို့ကို ခု အလုပ်စီစဉ်ပေးတော့…”

“ ဟုတ်တယ် ဟုတ်တယ်… ကျုပ်တို့အားလုံး တခြား စက်ရုံတွေမှာ အလုပ်မလုပ်ချင်တော့ဘူး… ဒီမှာပဲ လုပ်ချင်တယ်….”

“ နေစမ်းပါဦး…” လင်းရီ လက်ကာပြလိုက်ပြီး ဆူညံနေသည့် တစ်ယောက်တစ်ပေါက် အသံတို့အား ငြိမ်သွားစေလျက် “ ငါမင်းတို့ကို အလုပ်ခန့်ပါမယ်လို့လည်း မပြောရသေးဘူး… ဘာလို့ အပျော်စောနေကြတာ…”

“ ဥက္ကဌလင်း… ခင်များပဲ ပြောခဲ့တာလေ… ဘာလို့ စကားကို ပလောင်းပလဲတွေ ပြောနေတာ…” ကျန်းရုံချွမ်း မျက်လုံးကြီး ပြူးပြီး ပြောလိုက်၏။

“ ငါ စောနတုန်းက ပြောခဲ့တာ အမှန်ပဲ.. ဒါပေမယ့် အခု ပြောနေလို့လား….” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါက မင်းရဲ့ လခကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေပါတယ်ဆို… ခုကျ ဘာလို့ ပြန်လာခဲ့တာ….”

ကျန်းရုံချွမ်း ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး ကိုးရို့ကားယား နိုင်စွာဖြင့် “ စောနက နားလည်မှုလွဲသွားလို့လေ…. ခု ရှင်းလင်းသွားပြီဆိုတော့ ပြန်လာခဲ့တာ သဘာဝပဲလေ… ဥက္ကဌလင်းရဲ့ ဦးဆောင်မှုအောက်မှာဆို ကျုပ်ယုံကြည်တယ်.. ထုံးဟွာ အီလက်ထရောနစ်က ပိုပြီး ကောင်းမွန်သထက် ကောင်းမွန်လာလိမ့်မယ်….”

လင်းရီ ကျန်းရန်ချွမ်း၏ ပခုံးကို ပုတ်လိုက်ပြီး လေးနက်သည့်လေသံဖြင့် “ ငါ့လို စက်ရုံကြီး တစ်ခုလုံးကို စီမံနေတဲ့ကောင်က မင်းစကားကို ယုံကြည်ရအောင် သောက်ရူးလို့များ ထင်နေတာလား… တစ်ခြားနေရာသွားပြီးတော့ အလုပ်သွားရှာလိုက်.. ဒီမှာလာပြီး ကိုယ့်အရှက်ကိုယ် လာခွဲမနေနဲ့….”

“ ဥက္ကဌလင်း… ခင်များ ဒီလိုလုပ်လို့မရဘူးလေ… ကျုပ်တို့အားလုံးက ထမင်းစားဖို့ စောင့်နေကြတာ မဟုတ်ဘူးလား….” ကျန်းရုံချွမ် မေးခွန်းထုတ်လိုက်၏။

“ ဒါပေမယ့် ငါမင်းတို့ကို ထမင်းအိုးပေးပြီးပြီလေ.. မင်းတို့မှ မယူချင်တာ…. အဲ့တာတော့ ငါ့လာပြီး အပြစ်တင်နေလို့ ဘယ်ရမှာ…” လင်းရီ ပြောလိုက်ပြီး “ဖယ်စမ်း.. ငါအခု သွားတော့မယ်.. မင်းတို့နဲ့ အဖတ်လုပ်ပြီး စကားပြောဖို့ အချိန်မရှိဘူး…”

“ မရဘူး….”

ကျန်းရုံချွမ်း လင်းရီရှေ့ ဆီးရပ်လိုက်ပြီး “ ဒီနေ့ ကျုပ်တို့ကို အလုပ် မစီစဉ်ပေးရင် ခင်များလည်း ထွက်သွားဖို့ မစဉ်းစားနဲ့…”

ခွပ်…

လင်းရီ ကျန်းရုံချွမ်း၏ မျက်နှာကို ထိုးချထည့်လိုက်ပြီး တစ်ဖက်သူမှာ မူးဝေ၍ မြေပြင်သို့ လဲကျသွားခဲ့သည်။ “ ဘာလဲ… မင်းကို အသက်ကြီးတယ်ဆိုပြီး ကြောက်မယ်များ ထင်နေတာလား…”

ကျန်းရုံချွမ် အထိုးခံလိုက်ရသည်ကို မြင်တော့ ကျန်သူများအားလုံး ကြောက်လန့်တကြား ဖြစ်သွားခဲ့ကာ လင်းရီ သွားရန်အတွက် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြလေသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ဘာမျှ မပြောဝံ့ကြချေ။

လင်းရီ စက်ရုံမှ ထွက်လာခဲ့ပြီးနောက် အိမ်သို့ ပြန်လာခဲ့လိုက်လေသည်။ သူ တံခါးဖွင့်ပြီးခါရှိသေး အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာခဲ့၏။ လီလင်းမှ ဖုန်းဆက်လာခဲ့ခြင်းပင်။

“ ဟယ်လို မစ္စတာလင်း… အလုပ်ရှုပ်နေတာလား …”

“ မရှုပ်ပါဘူး… အားပါတယ်…ဘာပြောမလို့လဲ…”

“ တောင်သူလယ်သမားတွေ လူမှုဖူလုံရေးအတွက်လေ…. ကျင်းပမယ့်ရက်က နောက်အပတ် သောကြာနေ့…. ကျွန်မ ရှင့်ကို အဲ့ဒီကိစ္စအကြောင်း ရှင်းပြပေးချင်လို့…”

ဤဖုန်းခေါ်ဆိုမှုက ချိန်ကိုက်သား ရောက်လာခဲ့သည်ဟု လင်းရီ ခံစားနေရ၏။

' မနက်ခင်းတုန်းက ကျန်းရှောင်ယွီ ဖုန်းဆက်လာပြီးတော့ ဒီကိစ္စ မေးတယ်… ခု လီလင်းက သူ့ဆီဖုန်းဆက်လာပြီး ရှင်းပြတော့မယ်…’

“ ရတာပေါ့… ပြောလေ….”

“ ဒီတစ်ကြိမ်ပွဲက Dou Yu (တုန်းယွီ) , Dou Yin(တုန်ယင်း)နဲ့ Kuaishou (ခွိုက်ရှုံ)ပေါ်မှာ ကျင်းပကြမှာ… ဒီတိုင်း ပြည်သူလူထုအတွက် တိုက်ရိုက်ထုတ်လွင့်ပေးမှာ ဆိုပေမယ့် အမှောင်ထဲက ပြိုင်ဆိုင်မှုတွေကတော့ မလွဲမသွေ ရှိလာမှာပဲ… ဒါကြောင့်မို့ ပစ္စည်းတွေ ရောင်းတာက လိုက်စထွင်းရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိတာ..ကျွန်မတို့ ရေပန်းစားမှုနဲ့ ရောင်းအားတွေမှာလဲ ရှုံးလို့မဖြစ်ဘူး…”

“ ငါသိတယ်…”

ယခုအချိန်၌ ပလတ်ဖောင်း အသီးသီးက ရေပန်းစားမှုများ ယှဉ်ပြိုင်နေသောကြောင့် မည်သူကမျှ မရှုံးနိမ့်ချင်ကြချေ။ ထို့ကြောင့် သူတို့အားလုံး အားသွန်ခွန်စိုက်နှင့် ယှဉ်ပြိုင်ရပေမည်။

“ အဲ့တာပြီးတော့ ကျွန်မတို့ဘက်က ရှင့်အတွက် ဆယ်လီတစ်ယောက် စီစဉ်ထားပေးသေးတယ်… အချိန်ကျလာရင် ရှင်က သူနဲ့အတူတူ စထွင်းပေးရမှာ…အဲ့တာဆို ရောင်းအားက ပိုကောင်းလာနိုင်တယ်…”

“ အင်း….”

လင်းရီ ၎င်းတို့၏ ရည်ရွယ်ချက်ကို နားလည်လေသည်။

အကယ်၍ နာမည်ရှိသူ ဆယ်လီတစ်ဦး၏ ပံ့ပိုးမှုဖြင့် ဆိုပါက အကျိုးသက်ရောက်မှုမှာ ပို၍ ကောင်းမွန်လာနိုင်သည်။ ထို့ကြောင့် လင်းရီလည်း ဘာမျှ ပြောမနေတော့ချေ။

“ နောက်တော့ကော… ဘာကျန်သေးလဲ..”

“ ကျန်တာက လိုက်စထွင်းအတွက် ရောင်းမယ့် ပစ္စည်းလေးတွေပါပဲ… ကျွန်မတို့ဘက်က ရှင့်အတွက် ထုတ်ကုန်ခြောက်ခု စီစဉ်ထားပေးတယ်…. ခဏနေကျရင် အဲ့တာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ပို့ပေးလိုက်မယ်.. အကုန်လုံး အဲ့ထဲမှာ ပါပြီးသားပဲ… တခြားစထွင်မာတွေ အဲ့ဒီ ပစ္စည်း ရောင်းနေတဲ့ ဗွီဒီယိုတွေကော… အချိန်ကျလာရင် ရှင် ကြည့်သင်ယူပြီးတော့ စထွင်းမှာ အဲ့ပစ္စည်းတွေ ဘယ်လို ရောင်းရမလဲဆိုတာ နားလည်သွားလိမ့်မယ်…” လီလင်း ပြောလိုက်ပြီး “ ရှင့်ရဲ့ စွမ်းရည်နဲ့ဆိုရင်တော့ ဒီကိစ္စ ကိုင်တွယ်ဖို့ မခက်ခဲပါဘူး…”

“ ဒါဆို ငါရောင်းရမယ့် ပစ္စည်းတွေ မင်းတို့ ပြင်ပြီးသွားပြီပေါ့….”

လီလင်းရီ ဖော်လံဖားမှုကို လင်းရီ စိတ်ထဲထည့်မနေပဲ သူအသိချင်ဆုံး မေးခွန်းကိုသာ မေးမြန်းလိုက်၏။

“ အွန်း… လတ်တလော စီရင်စု တစ်ချို့က စိုက်ပျိုးရေး ထုတ်ကုန်တွေ ပြန်ပြီးထုတ်လုပ်တဲ့ နေရာမှာ တော်တော်လေး မဆိုးဘူး… သူတို့ ထုတ်တဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးက တော်တော်လေး ကောင်းတယ်… ကျွန်မတို့ အဲ့ဒီထဲက ဈေးသက်သာတဲ့ ထုတ်ကုန်တစ်ချို့ကို ပြင်ဆင်ပြီးတော့ လိုက်စထွင်းထဲမှာ အသုံးပြုဖို့ စီစဉ်ထား…”

“ ခဏလေး … ငါတစ်ခုလောက် မေးချင်လို့….” လင်းရီ လီလင်းကို စကားဖြတ်ပြောလိုက်ပြီး “ အဲ့ဒီ နေရာတွေက သူတို့ ကိုယ်ပိုင် ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတယ်ဆိုမှတော့ သေချာပေါက် မဆင်းရဲဘူးမလား….”

“ အာ………..”

ယင်းမေးခွန်းက လီလင်းကို အကျပ်ရိုက်သွားစေသည်။

လင်းရီ ပြောသကဲ့သို့ အဆိုပါ နေရာများက ကောင်းမွန်သည်ဟု ပြော၍ ရသည့်အပြင် လုံးဝ မနွမ်းပါးကြချေ။

“ ရှင့်မှာ တခြား အကြံဉာဏ်တွေ ရှိနေတယ်လို့တော့ ကျွန်မကို လာမပြောနဲ့နော်….”

“ လိုက်စထွင်းက တောင်သူလယ်သမားတွေ အတွက် ဆိုမှတော့ ငါတို့ နွမ်းပါးတဲ့ ဒေသက ထုတ်ကုန်တွေကို ကူရောင်းပေးပြီးတော့ သူတို့ရဲ့ ဈေးကွက်ကို တိုးချဲ့ပေးသင့်သေးတယ် မသုတ်ဘူးလား… တကယ်လို့ တခြား နေရာက ပစ္စည်းတွေကို ကူရောင်းပေးမယ်ဆိုရင် နောက်ဆုံးကျ အဲ့ဒီ ပိုက်ဆံတွေက ငွေရှင်ကြေးရှင်တွေ လက်ထဲ ပြန်ရောက်သွားမှာပဲ မဟုတ်ဘူးလား… အဲ့လိုဆိုမှတော့ ဘာလို့ အစကတည်းကရင် ဒီလိုမျိုး ပွဲတော်ကြီး ကျင်းပနေမှာ…”

ဖုန်းတစ်ဖက်ခြမ်းရှိ လီလင်းမှာတော့ တိတ်ဆိတ်သွားခဲ့လေသည်။

တောင်သူ လယ်သမားများအတွက် လူမှုဖူလုံရေးဆိုသည်က ဟန်ပြရှိုးတစ်ခုထက် မပိုကြောင်း သူမပြောပြချင်နေတော့၏။

ပလတ်ဖောင်း ဂရုအစိုက်ဆုံးက မည်သူတွေ ပိုက်ဆံရသွားမလဲ မဟုတ်ဘဲ ထိုအစား အသုံးပြုသူ အများအပြားကို ဆွဲဆောင်ရန်နှင့် သက်ဆိုင်ရာ ခေါင်းဆောင်များအား ၎င်းတို့၏ သဘောထားကို ဖော်ပြရန်ပင်။

သို့သော်လည်း လင်းရီ၏ ရည်ရွယ်ချက်က ပလတ်ဖောင်းနှင့် အနည်းငယ် ကွဲလွဲနေခဲ့၏။

“ ရှင် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ…” လီလင်း လေးနက်တည်ကြည်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ ငါရောင်းမယ့် ပစ္စည်းကို ငါကိုယ်တိုင် ရှာလို့ရလား….”

အချိန်အကြာကြီး စဉ်းစားပြီးနောက် “ ရမယ်လို့တော့ မုချကြီး ရှင့်ကို ကတိမပေးနိုင်ဘူး…. ဘာလို့ ဆို ပလတ်ဖောင်းကို ပြန်ပြီး အစီရင်ခံရဦးမှာမို့လို့ပဲ…..”

“ ဒီလောက် အသေးအမွှားလေးကို ပြန်ပြီး တင်ပြနေစရာ လိုသေးတာလားဟ….”

“ မစ္စတာလင်း … ရှင် ဒါတွေကို နားမလည်ပါဘူး…” လီလင်း ပြောလိုက်ပြီး “ ဒီကိစ္စမှာ အကျိုးအမြတ်တွေ အများကြီးပါဝင်နေတာ… ဟပ်ချလောင်းဆိုပြီး ပြောင်းလဲပစ်လို့ ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး.. ဒါကြောင့်မို့ ကျွန်မဘက်က အကောင်းဆုံး တောင်းဆိုပေးရုံပဲ တတ်နိုင်တယ်… သူဌေး သဘောတူမယ်လို့တော့ အာမ မခံနိုင်ဘူး…”

“ ကောင်းပြီလေ… ဒါဆိုလည်း သွားတင်ပြချည်… တကယ်လို့ သဘောမတူဘူးဆိုရင် စထွင်မာ လဲလိုက်တော့…” လင်းရီ ပြောလိုက်ပြီး “ လိုက်စထွင်းက ဟန်ရေးပြပွဲတစ်ခုရဲ့ တစ်စိတ်တစ်ဒေသဆိုရင်တောင် တအားကြီး ဟိတ်ဟန်များလွန်းသွားရင် ပျင်းဖို့ကောင်းသွားပြီ…”

“ အင်း…ကျွန်မနားလည်ပြီ….” လီလင်း ပြောလိုက်ပြီး “ ဒါပေမယ့် တအားကြီးလည်း ခေါင်းမာမနေနဲ့ဦး… အဆင်မပြေရင် ညှိနှိုင်းလို့ ရမယ်မလား…”

“ မရဘူး…” လင်းရီ ယတိပြတ် ပြောလိုက်ပြီး “ မင်းတို့ ပလတ်ဖောင်းဆီကနေ ငါ ငွေရှာနေတာလည်း မဟုတ်ဘူး… ငါကြိုက်တာ ငါလုပ်မယ်…”

လင်းရီ၏ စကားလုံးများက လီလင်းအား အနောက်တိုင်း စားသောက်ဆိုင်တွင် သူမတို့ တွေ့ဆုံစဉ်က မြင်ကွင်းကို ပြန်လည်အမှတ်ရသွားစေခဲ့သည်။

ထိုသူက ဘူဂတီဖြင့် ထွက်သွားခဲ့သောကြောင့် သူ့တွင် ပိုက်ဆံမရှားသည်မှာ သေချာလေသည်။

ထို့ပြင် လင်းရီက Douyu နှင့် လင်းယွမ်အုပ်စုကြားရှိ ရင်းနှီးမြုပ်နှံမှုကိုလည်း လွှမ်းမိုးနိုင်စွမ်းရှိနေပြန်သည်။

အဆိုပါ အပြုအမူတို့နှင့်ပင် ဤလူက ရိုးရှင်းသည့် သာမန်လူမဟုတ်ကြောင်း သက်သေပြဖို့ရာ လုံလောက်၏။ထို့ကြောင့် သူမ စကားကို သေချာစဉ်းစားချင့်ချိန်ပြီးမှ ပြောရပေမည်။

“ မစ္စတာလင်း ဆိုလိုချင်တာကို နားလည်ပါတယ်.. ကျွန်မ အကြောင်းထူးရင် ဖုန်းပြန်ဆက်လိုက်မယ်..” လီလင်း ပြောလိုက်ပြီး “ စကားမစပ်လေ…. ကော်ရှစ်ပေါ်က အလုပ်ထုတ်ခံလိုက်ရပြီသိလား…”

All Chapters