← Chapters

အပျော်လင်လေး လာလုပ်

Vol. 53 Ch. 786

အပျော်လင်လေး လာလုပ်

Vol. 53 Ch. 786

“ ကောင်းတာပေါ့… အဲ့တော့လည်း မင်းတို့ ကုမ္ပဏီက သိုးမည်းတစ်ကောင် လျော့သွားတာပေါ့..”

လီလင်း ခါးသီးစွာ ပြုံးလိုက်ပြီး “ မစ္စတာလင်း ပြောတာ မှန်တယ်…”

မစ္စတာလင်းက ရင်းနှီးမြုပ်နှံမှု အပေါ်မှာ လွှမ်မိုးမှု ရှိနေတယ်ဆိုတော့ အထက်ကြီးပိုင်းတွေကလည်း သူ့ရဲ့ တောင်းဆိုမှုကို ပယ်ချမှာတော့ မဟုတ်လောက်ဘူး…

“ ဒါဆို ကျွန်မ ရှင့်ရဲ့ အတွေးတွေကို အရင်တင်ပြလိုက်ဦးမယ်… ပြီးရင် ရှင့်ဆီ အမြန်ဆုံး ပြန်ဆက်သွယ်လိုက်မယ်နော်…”

လီလင်း ယခု ကိစ္စကို တတ်နိုင်သမျှ မြန်ဆန်စွာ ကိုင်တွယ်သင့်သည်ဟု ခံစားနေရ၏။

“ ကောင်းပြီလေ… ငါမင်းဆီက သတင်းကို စောင့်နေမယ်…”

ဖုန်းချပြီးနောက် လင်းရီ သူ၏ စာကြည့်ခန်းထဲသို့ ပြန်သွားပြီး ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။

ထို့နောက် သူ၏ လက်နှစ်ဖက်ကို ဦးခေါင်းနောက်သို့ ပို့ထားရင်း ခြေထောက်ကိုတော့ စားပွဲပေါ်တင်ထားလျက် လက်ရှိ အခြေအနေ အရပ်ရပ်ကို မျက်လုံးမှိတ်ရင်း အေးဆေးတွေးတောနေလိုက်သည်။

သူ့တွင် ကိုင်တွယ်စရာ များပြားနေသော်လည်း လက်ရှိ သူ လုပ်နိုင်သည်ကတော့ များများစားစား မရှိချေ။

လိုက်စထွင်းနှင့် ပတ်သက်၍လည်း သူ့ဘက်က နောက်ထပ် ခြေလှမ်းစဖို့ရန်အတွက် လီလင်း၏ သတင်းကို စောင့်ဆိုင်းရပေမည်။

အခြားတစ်ဖက်တွင်တော့ ထုံးဟွာ အီလက်ထရောနစ်၌ ယခုအချိန်ထိတော့ ပြဿနာ ကြီးကြီးမားမား တစ်စုံတစ်ရာ မပေါ်ပေါက်လာသေးချေ။ သို့သော်လည်း ယခုအချိန်လောက်ဆို ကျန်းဟိုင်ရုံဆိုသူက ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့၏ အခြေအနေများကို သိပြီးလောက်ချေပြီ။

ထိုသူ၏ နောက်ထပ် ခြေလှမ်း သို့မဟုတ် သူ၏ နောက်ထပ် ပွန်းရုပ်က မည်သူဖြစ်မည်နည်းကို လင်းရီ မသိချေ။ ထို့ကြောင့် လင်းရီ လုပ်ဆောင်နိုင်သည်ကား စောင့်ဆိုင်းဖို့ရာပင်။ သူ့ဘက်ကတော့ သူ့ရှေ့ ရောက်လာသည့် အရာမှန်သမျှကို ကိုင်တွယ်သွားမည်ဖြစ်၏။

သူ့ကို တစ်ခုတည်းသော စိုးရိမ်စိတ် ဝင်စေသည်ကတော့ မစ်ဆူစီးပွားရေး အုပ်စုပင်။ ထိုအကြံသမား အာယာနဲ မစ်ဆူက မည်သည့်အကွက်တို့ ရွှေ့လာမလဲဆိုတာကို မည်သူက သိလိမ့်မည်နည်း။

ထို့ပြင် မစ်ဆူအုပ်စု၏ အရွယ်အစားနှင့် ၎င်းတို့၏ နောက်လာမည့် ခြေလှမ်းက သေချာပေါက် သေးမွှားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့ဘက်က ထိုအုပ်စု၏ အခြေအနေကို ပို၍ အာရုံစိုက်သင့်လေသည်။

သူ့အတွေးများကို သေချာစီစစ်ပြီးနောက် လင်းရီ ကွန်ပျူတာ ဖွင့်၍ ချစ်ပ် နည်းပညာ ၃.၀ အတွက် ကုတ် စတင်ရေးသားတော့၏။

မွန်းလွဲတစ်နာရီသို့ ရောက်သည့် အခါမှသာ ခေတ္တအနားယူလိုက်သည်။

ယနေ့ည သူ ကျီချင်းရန်၏ နေအိမ်သို့ ညစာသွားစားမည် ဖြစ်သောကြောင့် သူ့ဘက်က လက်ဗလာဖြင့် သွားရောက်၍ မသင့်တော်ချေ။ ထို့ကြောင့် ကြိုတင်ပြီးတော့ တစ်ခုခု ဝယ်သွားသင့်၏။

ယခင်တုန်းက လင်းရီတို့ တွေ့ဖူးကြသော်ငြား ယခု တစ်ကြိမ်က တရားဝင် သွားရောက်တွေ့ဆုံသည်ဟု သတ်မှတ်နိုင်လေသည်။ ထို့ကြောင့် သူ့ဘက်က ပို၍ အလေးအနက် ထားသင့်၏။

ကျီချင်းရန်၏ ဘိုးဘွားမိဘများက တုံးဟူ ဗီလာတွင် နေထိုင်ပြီး လင်းရီ ထိုဗီလာသို့ နောက်ဆုံး ရောက်ခဲ့သည်မှာ အချိန်အတန်ကြာပြီး ဖြစ်သော်လည်း ထိုလူ သုံးယောက်ကိုတော့ လင်းရီ ရှင်းလင်းစွာ မှတ်မိနေသေးသည်။

ကျီချင်းရန်၏ အဘိုးမှာ ကျီရုံချင်းဖြစ်ပြီး သူက ရှေးဟောင်း လက်ရေးလှနှင့် ပန်းချီများကို နှစ်သက်သောကြောင့် ရှေးဟောင်းပစ္စည်းများကို လက်ဆောင်အနေဖြင့် ဝယ်ပေးမည်ဆိုပါက သေချာပေါက် မှားယွင်းလိမ့်မည် မဟုတ်ချေ။

ကျီချင်းရန်၏ မိခင် ၊ စုန့်မင်ဟွေ့မှာတော့ အိမ်ထောင်မှု နိုင်နင်းပြီး ကြင်နာတတ်သည့် အမျိုးသမီးဖြစ်၏။ ထို့ကြောင့် သိမ်မွေ့သည့် ကျောက်စိမ်းလို ပစ္စည်းမျိုးက အသင့်တော်ဆုံးပင်။

သူမအဖေ ကျီအန်းထိုက်ကတော့ လိုက်စထွင်း ကြည့်ရှုရသည်များကို အတော်လေး ဝါသနာထုံသူပင်။

ဆိုတော့ လိုက်စထွင်းကြည့်ရင်း စားလို့ရအောင် ငါးအသားလုံး လက်ဆောင်ပေးလိုက်ရင် မကောင်းဘူးလား….

စိတ်ပိုင်းဖြတ်ပြီးနောက် လင်းရီ တိုင်းစကွဲသို့ မောင်းထွက်လာလေသည်။

ယခင် သူ ရောက်လာစဉ်တုန်းက ကျောက်စိမ်းထည်များ ရောင်းချသည့် တစ်နေရာကို မှတ်မိနေသေးသောကြောင့် ယခုတစ်ကြိမ်တွင်တော့ သူ ထိုနေရာသို့ တန်းမတ်စွာ ဦးတည်လိုက်သည်။

လင်းရီ ပထမထပ်၏ အနောက်တောင်ဘက်စွန်း ယွီယွမ် အမည်ရသည့် ဆိုင်ရှေ့တွင် ရပ်တန့်လိုက်၏။

“ မင်္ဂလာပါ ဆရာ… ကိုယ်တိုင်ဝတ်ဖို့လား လက်ဆောင်ပေးမလို့လားဗျ… ကျွန်တော် အကောင်းမွန်ဆုံး အကြံပြုပေးလို့ ရပါတယ်…”

အရပ် ရှည်ရှည်နှင့် အမျိုးသား အရောင်းတာ၀န်ခံမှ ပြောလိုက်၏။

“ အဲ့တာဆို အနာဂတ် ယောက္ခမလောင်းကြီးကို လက်ဆောင်ပေးမလို့ အဆင်ပြေတာလေး တစ်ခုလောက် ကူရှာပေးပါလား….”

“ ဟုတ် ဒါဆို ဆရာသုံးမယ့် ပမာဏက ဘယ်လောက်လဲဗျ..” အမျိုးသားမှ ချိုသာသည့် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကျွန်တော်က အရောင်းတာဝန်ခံ ဆိုပေမယ့် ဒီလိုမျိုး လက်ဆောင်ပစ္စည်းတွေကို ယောက္ခမဆီ ပေးနေကျဆိုတော့ ကောင်းကောင်းလေး နားလည်ပါတယ်…”

လင်းရီ ပြုံးလိုက်ပြီး “ ဒါဆို အတူတူပဲပေါ့.. ဒါပေမယ့် ဘယ်လောက် ပမာဏရယ်လို့တော့ အကန့်အသတ်မရှိဘူး… အရည်အသွေးကောင်းပြီး သင့်တော်တာဖြစ်ရင် အဆင်ပြေပြီ…”

“ အကန့်အသတ် မရှိဘူးလား…”

အမျိုးသား အရောင်း တာဝန်ခံမှာ တစ်ခဏမျှ ကြက်သေသေသွားခဲ့ပြီး “ ဒါပေမယ့် ကျွန်တော်တို့ ဆိုင်ရဲ့ ဈေးအကြီးဆုံး လက်ဝတ်တန်ဆာက ယွမ် ငါးသန်းကျော်ဆိုတော့……….”

“ အဆင်ပြေတယ်… ရဲရဲသာပြ…. ငါကြိုက်ရင် ယူမယ်….”

ထိုအခါ ဆိုင်ထဲရှိ ဝန်ထမ်းတိုင်းက လင်းရီကို ထူးဆန်းစွာဖြင့် ကြည့်လိုက်ကြ၏။

ဒါဆို ဒါက ချမ်းသာတဲ့ ဒုတိယမျိုးဆက်ရဲ့ သူ့ ယောက္ခမလောင်းကို လက်ဆောင်ဝယ်ပေးတဲ့ ပုံစံပေါ့…

“ ဟုတ် ဒါဆို ဆရာ့ယောက္ခမလောင်းရဲ့ အသွင်အပြင်နဲ့ စိတ်နေသဘောထားလေး တစ်ချက်လောက် မေးခွင့်ရှိမလားဗျ…အဲ့ဒါမှ သင့်တော်တာလေးကို အကြံပြုပေးလို့ရမှာမို့လို့ပါ…”

“ သိမ်မွေ့တယ်…လှပတယ်…တည်ငြိမ်ရင့်ကျက်တယ်…”

“ အဲ့ဒါဆိုရင်တော့ ဒီရဲ့ ရေခဲ ကျောက်စိမ်း လက်ကောက်လေးက အသင့်တော်ဆုံးဖြစ်မယ်ထင်တယ်ဗျ… သူ့ဈေးလေးက ယွမ် ၈၂၀,၀၀၀ ပါ… သက်လတ်ပိုင်း အမျိုးသမီးတွေအတွက် အင်မတန် သင့်တော်ပါတယ်…” အရောင်းတာဝန်ခံမှ မိတ်ဆက်ပေးလိုက်၏။

“ အင်း… မဆိုးဘူး… ဒါပဲ ယူလိုက်မယ်..” လင်းရီ သူ့ဘဏ်ကတ်ကို ကမ်းပေးလိုက်ပြီး “ ကတ်ဖြတ်လိုက်… လျှို့ဝှက်နံပါတ်က 000000…. အိုး… ဒီမှာ ဒါက ငါ့ရဲ့ စိန်အဆင့် မန်ဘာကတ်… ဒါဆို ၃၀ ရာခိုင်နှုန်း ဒစ်စကောင့် ရမယ်ထင်တာပဲ….”

“ ဆရာ့မှာ စိန်အဆင့် မန်ဘာကတ် ရှိနေတယ်…”

ဆိုင်ထဲရှိ အရောင်းဝန်ထမ်းများအားလုံး ကြက်သေသေသွားကြတော့၏။

အဘယ်ကြောင့် ဆိုသော် စိန်အဆင့် မန်ဘာကတ်ဆိုသည်က ဆယ်မီလီယမ် အသုံးပြုပြီးမှ ရရှိနိုင်သောကြောင့်ပင်။

သူ အရင်တုန်းက ပစ္စည်းတွေ ဘယ်လောက်များများတောင် ဝယ်ခဲ့တာတုန်းဟ……

“ ကောင်းပါပြီ ဆရာ… ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါဦးဗျ…” အမျိုးသား အရောင်းတာဝန်ခံမှ လင်းရီ၏ ကတ်ကို ငွေကိုင်ထံ ကမ်းလိုက်ပြီး သူကတော့ လင်းရီ ဝယ်ထားသည့် လက်ကောက်ကို သေချာလေး ထုပ်ပိုးပေးလိုက်ရင်း

“ ဆရာက ဆယ်မီလီယမ်တောင် သုံးပြီးသွားပြီဆိုတော့ ဒီကို မကြာမကြာ လာတဲ့ ပုံပဲနော်…”

“ တစ်ခါတစ်လေမှ လာဖြစ်တာပါ…”

“ တစ်ခါတစ်လေ လာပြီးတော့ ဆယ်မီလီယမ် သုံးလိုက်တယ်ပေါ့…” အရောင်းစားရေးမှ မျက်လုံးအနည်းငယ် ပြူးကျယ်သွားခဲ့၏။

“ ငါ နာရီ ဝယ်လိုက်တော့ သူတို့ငါ့ကို အဲ့ မန်ဘာကတ် ပေးလာခဲ့တာပဲ…”

မသိစိတ်မှ အလိုအလျောက် လင်းရီလက်ကောက်ဝတ်ထံသို့ အကြည့်ရောက်သွားခဲ့၏။

နာရီကို မြင်လိုက်သည့် အခိုက်အတန့်တွင်တော့ သူ့ အကြည့်တို့ပင် ပြာဝေသွားခဲ့လေသည်။

Richard Mille

ကံကောင်းစွာဖြင့် သူ့ဘက်က ပျူငှာစွာဖြင့် ဆက်ဆံခဲ့သောကြောင့်ပင်။ မဟုတ်ပါက တိုင်ကွန်းတစ်ယောက်ကို အပြစ်ပြုမိပြီး အလုပ်ဖြုတ်ခံရလောက်၏။

“ ဒါနဲ့… ဒီနားမှာ ရှေးဟောင်း ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ရှိလား… “ လင်းရီ မေးလိုက်ပြီး ကျီချင်းရန်၏ အဘိုးအတွက် လက်ဆောင် ပစ္စည်း ဝယ်ယူရန် ဟန်ပြင်လိုက်၏။

“ ရှိပါတယ် ဆရာ… ဒီကနေပြီးတော့ အရှေ့ဂိတ် တည့်တည့်ကို ကျော်ပြီး ညာဘက်ကွေ့လိုက်ရင် အဲ့မှာ စာပေအဆောက်အဦးဆိုတာ ရှိတယ်.. အတော်လေးလည်း ကြီးတယ်ဗျ…”

“ ကောင်းပြီ.. ကျေးဇူးပါ…”

ကျောက်စိမ်းလက်ကောက်ကို ဝယ်ယူပြီးနောက် လင်းရီ ကျီအန်းထိုက်အတွက် ခါးပတ်တစ်စုံ ဝယ်လိုက်၏။ သူ့ ယောက္ခထီးကြီးက လိုက်စထွင်းကြည့်ရသည်ကို နှစ်သက်သည် ဆိုဦးတော့ သူ့ဘက်က ငါးအသားလုံးကြီး လက်ဆောင်ပေး၍ မသင့်လျော်ချေ။

အရာအားလုံး ပြင်ဆင်ပြီးနောက် လင်းရီ အရောင်းတာဝန်ခံ ပြောသည့် အတိုင်း သွားရင်း အရှေ့တံခါးပေါက် ညာဘက်ခြမ်းရှိ စာပေအဆောက်အဦးသို့ ရောက်လာခဲ့၏။

သူ ဆိုင်းဘုတ်ပြားကို ဖတ်ကြည့်လိုက်တော့

' ရှေးဟောင်း အနုပညာ ခန်းမ' ဟု ရေးထိုးထားလေသည်။

ဆိုင်၏ အပြင်အဆင်မှာတော့ ရှေးဆန်လှပြီး အထဲ၌ လူများစွာကလည်း လှည့်ပတ် ကြည့်ရှုနေကြ၏။

လင်းရီ တံခါးတွန်းဖွင့်၍ အထဲသို့ ဝင်လိုက်သည်။ ထိုအခါ ဆိုင်သူဌေးမှ ထိုင်ခုံတွင် အေးဆေးထိုင်ရင်း ခေါင်းငဲ့ကြည့်လျက် မည်သည်ကိုမျှ မဆိုချေ။ သူ၏ လက်ဖက်ရည်ကို အေးဆေးသောက်ရင်း လက်ထဲရှိ ကျောက်စိမ်းပုတီးကိုသာ စိပ်နေလိုက်၏။

ရှေးဟောင်းပစ္စည်းများ ဝယ်ယူရာ၌ အဓိက ဖောက်သည်များမှာ သက်လတ်ပိုင်း လူကြီးများဖြစ်ပြီး လူငယ်များ သုံးစွဲနိုင်သည့် နှုန်းက မပြောပလောက်ချေ။ ထိုကဲ့သို့သော ကတ်စတန်မာများကို အရေးတယူ ပြုနေသည်က အချိန်ဖြုန်းခြင်းဖြစ်၏။ ထို့ကြောင့် ဆိုင်ပိုင်ရှင်မှာ အသက်လေးဆယ်အောက် ကတ်စတန်မာများ ဆိုပါက များများစားစား အာရုံထားမနေချေ။

လင်းရီကတော့ ထိုအချင်းအရာကို ဂရုစိုက်မနေပဲ သူ လိုချင်သည့် ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုနေသည်။

သို့သော်လည်း ဆိုင်ထဲရှိ အချို့အမျိုးသမီးများကတော့ လင်းရီကို ကြည့်လိုက်ကြ၏။

ဒီ လူငယ်လေးက အရမ်း ချောတာပဲ……..

ဆိုင်၏ အရွယ်အစားက မသေးငယ်သောကြောင့် ပစ္စည်းအမျိုးအစား အတော်လေးတော့ စုံလင်ပေသည်။ သို့သော် အများစုကတော့ ကြွေထည်ပစ္စည်းများနှင့် သစ်သားပန်းပုတို့က များ၏။ အကုန်လုံးကလည်း ရှေးဟောင်းပစ္စည်းများဖြစ်ကာ လက်ဆောင်ပေးမည် ဆိုလျှင်လည်း မျက်နှာပျက်စရာ ဖြစ်လိမ့်မည် မဟုတ်ချေ။

အဆုံးတွင်တော့ လင်းရီ လက်ကောက်တစ်ကွင်းကို ကောက်ကိုင်ကြည့်လိုက်ပြီး အဘိုးကျီကို လက်ဆောင်ပေးရန် ပြင်ဆင်လိုက်၏။

“ သူဌေး… ဒီလက်ကောက်က ဘယ်လောက်လဲ….”

“ ၃၂…(သုံးသိန်းနှစ်သောင်း) ဟိုင်နန်က ဟွမ်လီဟွားရဲ့ လက်ရာပဲ… ကမ္ဘာပေါ်မှာ ဒီလို ပစ္စည်းမျိုးက သိပ်မကျန်တော့ဘူး…”

“ ၃၂…… နည်းနည်းလေး ဈေးကြီးလွန်းမနေဘူးလား…”

ပညာရှိ ဉာဏ်ပညာကြောင့် လင်းရီ ယခု ပစ္စည်းအကြောင်းကို နည်းနည်းပါးပါး နားလည်ပေသည်။

ပစ္စည်းက တောက်ပြောင်နေပြီး မျက်နှာပြင်ပေါ်၌ ညီညာချောမွေ့နေကာ မည်သို့ အစင်းရာတို့မျှ ရှိမနေချေ။ ထို့ကြောင့် တန်ဖိုးရှိသည်ဟု သတ်မှတ်၍ရ၏။ သို့သော်လည်း အကောင်းစားကြီးတော့ ဟုတ်မနေသေးချေ။

ထို့ကြောင့် ယွမ် သုံးသိန်း နှစ်သောင်း ဆိုသည်က အနည်းငယ်တော့ ဈေးများ၏။

“ မင်း နားမလည်ဘူးဆိုရင်လည်း မပြောနဲ့… တကယ်လို့ ဈေးကြီးတယ်ထင်ရင်လည်း မဝယ်နဲ့ .. တခြားဆိုင်တွေ လိုက်မေးကြည့်လိုက်… ငါ့ဆိုင်က ဈေးအတန်ဆုံးပဲ…”

‘ ဒီလေသံက ဘာလား... ငါ့ကို မဝယ်နိုင်ဘူးထင်ပြီး လာအထင်သေးနေတာလား…’

“ မောင်ငယ်လေး… နင့်ကြည့်ရတာ ဒီ လက်ကောက်ကို တော်တော်လေး နှစ်သက်နေတယ်နဲ့တူတယ်…”

ပြောလိုက်သူကတော့ ဘွတ်ဖိနပ်အရှည်နှင့် အသားရောင် လေကာအင်္ကျီကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးဖြစ်၏။ သူမ၏ အဝတ်အစားနှင့် ကိုယ်လုံးကိုယ်ပေါက်က မဆိုးလှသော်လည်း ရုပ်ရည်ကတော့ သာမန်ဆန်စွာပင်။

“ အင်း… အတော်လေး ကြည့်လို့ကောင်းတယ်လေ…”

“ ပြဿနာ မရှိပါဘူး.. မောင်ငယ်လေး ကြိုက်ရင် ယူလိုက်… မကြီးက နင့်ကို လက်ဆောင်ပေးမယ်…” သက်လတ်ပိုင်း အမျိုးသမီးမှ ပြောလိုက်ပြီး “ မကြီးတို့ အတူ ထမင်းစားဖို့ အချိန်ရှိမယ်ဆိုရင်ပေါ့…”

၎င်းကိုကြားတော့ ဆိုင်ထဲရှိ လူတိုင်း လင်းရီကို ကွက်ကြည့်ကွက်ကြည့် လုပ်လိုက်ကြ၏။

သူဌေးမကြီးက သူ့ကို ရဖို့ ယွမ် သုံးသိန်းနှစ်သောင်း ဖြုန်းဖို့ ဆန္ဒရှိနေတယ်….

သေစမ်း.. ရုပ်ချောတဲ့သူများ ကံကောင်းလိုက်ပါဘိ…

“ အစ်မကြီး… ခင်များ အရွယ်က တော်တော်လေး အိုစာနေပြီ… ကျုပ်ကို စိတ်ကူးလေးတောင် လာမယဉ်နဲ့… ကျုပ်မှာ ဆိုင်သူရှိပြီးသား…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

All Chapters