← Chapters

ငါတော်တော် မူးနေပြီ

Vol. 53 Ch. 787

ငါတော်တော် မူးနေပြီ

Vol. 53 Ch. 787

ချမ်းသာသည့် အမျိုးသမီး၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး သူမ အနည်းငယ် မပျော်မရွှင် ဖြစ်သွားကြောင်း သိသာလေသည်။

သို့သော်လည်း မကြာမီ အလျင်အမြန်ပဲ သာမန်ပြန်ဖြစ်သွားခဲ့ပြီး

“ နင့်မှာ ချစ်သူရှိလည်း ငါဂရုမစိုက်ဘူး…” အမျိုးသမီးမှ ပြောလိုက်ပြီး “ နင့်ကောင်မလေး မပေးနိုင်တာကို ငါက ပေးနိုင်တယ်.. တကယ်လို့ နင်သာ ဆန္ဒရှိမယ်ဆိုရင် ဒီရဲ့ သုံးသိန်းနှစ်သောင်းတန် လက်ကောက်ကို နေရာမှာတင် ပေးလိုက်မယ်… ပြီးတော့ ဒီ ဆိုင်ရှင်ကလည်း နင့်ကို တောင်းပန်စေရမယ်….”

“ ဥက္ကဌကျန်း… မလုပ်ပါနဲ့…. ဒီမှာ လူတွေ ဒီလောက် အများကြီး ရှိနေတာ ကျေးဇူးပြုပြီး ကျုပ်ကို မျက်နှာသာ နည်းနည်းလောက်တော့ ပေးပါဦးလား…” ဆိုင်ပိုင်ရှင်မှ ကိုးရို့ကားယား ပြုံးပြီး ပြောလိုက်၏။

“ ခုချိန်ကစပြီးတော့ ဒီကောင်လေးက ငါ့အပိုင်ပဲ… နင့်စကားလုံးတွေက သူ့အပေါ် ရင့်သီးလွန်းတယ်… ဒီတော့ တောင်းပန်သင့်တာ သဘာဝပဲ မဟုတ်ဘူးလား…”

ဆိုင်ပိုင်ရှင်မှ နဖူးထိပ် စီးကျနေသည့် ချွေးအေးတို့အား သုတ်လိုက်၏။ သူ့ရှေ့ရှိ အမျိုးသမီးက ဆိုင်၏ ဖောက်သည်ဟောင်းကြီးဖြစ်ပြီး သူမထံမှ ပိုက်ဆံများစွာကို ဝါးမျိုထားသောကြောင့် သူမစကား နားထောင်ရမည်မှာ သဘာဝပင်။

“ ခင်များတို့နှစ်ယောက်က ရူးနေကြတာလား…” လင်းရီ ဘေးတွင် ရပ်နေရင်း ဆွံ့အနေမိ၏။

“ ဒီငွေလောက်လေးက ကျုပ်ကား ဆီဖြည့်ဖို့တောင် မလောက်တာကို ဘာကိစ္စ ခင်များ ပိုက်ဆံယူရမှာ… ကိုယ့်အရှက်ကိုယ် လာခွဲမနေနဲ့….”

“ ကောင်လေး… နင်စကားကို ဆင်ခြင်ပြီးပြောစမ်း…”

“ ဒါ ကျုပ် သောက်ရူးတွေနဲ့ စကားပြောတဲ့ ပုံစံပဲ…” လင်းရီ ပြောလိုက်၏။

ထို့နောက် တံခါးကို ပြန်ဆွဲဖွင့်ပြီး နှစ်ယောက်ကို လျစ်လျူရှုလျက် ဆိုင်ထဲမှ ထွက်ခွာသွားခဲ့လေသည်။

“ ဥက္ကဌကျန်း.. ဘာမှစိတ်မပူနဲ့… ကျွန်တော် ဥက္ကဌကျန်း ကိုယ်စား အဲ့ကောင်လေးကို သင်ခန်းစာပေးလိုက်မယ်…”

သို့နှင့် ဆိုင်ရှင်လည်း တံခါးပေါက်ကို ပြေးဖွင့်၍ သူ့လူနှစ်ယောက်နှင့် အတူ လင်းရီနောက်သို့ ကမန်းကတမ်း ပြေးလိုက်သွားလိုက်လေသည်။

သို့သော်လည်း လင်းရီ ဘူဂတီထဲသို့ ဝင်သွားသည်ကို မြင်တော့ သူ့ကိုယ်ရှိန်ကို တုံ့ခနဲ သတ်လိုက်ပြီး အကြောင်သား ငေးကြည့်နေမိသွားခဲ့၏။

ဘူဂတီရဲ့ ဈေးအပေါဆုံးမော်ဒယ်လ်တောင် မီလီယမ် ဆယ်နဲ့ချီတယ်လေ….

…………………..

ထိုဆိုင်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ အခြား ရှေးဟောင်းပစ္စည်းဆိုင် ကောင်းကောင်းတစ်ခုကို မေးမြန်း ရှာဖွေ၍ သင့်တော်သည့် လက်ကောက်တစ်ကွင်းကို ဝယ်ယူလိုက်၏။ ထို့နောက် ကျီချင်းရန်ကို ကြိုရန်အတွက် ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်လေသည်။

လင်းရီ ချောင်ရန်အုပ်စု၏ ကားပါကင်ကို ရောက်ရောက်ချင်း ကျီချင်းရန်မှ ဖုန်းခေါ်လာခဲ့၏။

“ ရီ.. နင် ဘယ်တော့ ငါ့ကို လာကြိုမှာ… ငါခု ပစ္စည်းတွေ အများကြီး ဝယ်ထားတာ တစ်ယောက်တည်း မသယ်နိုင်တော့လို့….”

“ ခု ကားပါမှာ… အခု တက်လာနေပြီ…”

သူ ရုံးခန်းကို ရောက်တော့ လင်းရီ ကြမ်းပြင်ပေါ်၌ လက်ဆောင်ပုံး ခုနစ်ခု ရှစ်ခုခန့် ချထားသည်ကို မြင်တွေ့လိုက်ရ၏။ အကုန်လုံးက စားစရာ သောက်စရာများပင်။

“ နင် ခဏနေ ဟိုရောက်လို့ ရှိရင် ဒါတွေ နင်ဝယ်ခဲ့တာလို့ပဲ ပြောလိုက်… သေချာလည်း ဂရုစိုက်ဦးနော်… ငါဝယ်ပေးတာလို့လည်း လွှတ်ကနဲ ပြောထွက်မနေနဲ့ဦး…”

“ မင်းလုပ်လိုက်မှဖြင့် ငါကလည်း မသိတတ်သူ ကြီး ကျနေတာပဲ.. ငါလည်း ယောက္ခမကြီးတို့ကို ပေးဖို့ လက်ဆောင်တွေ ကြိုပြင်ထားပါတယ်ဟ…”

ကျီချင်းရန် ချစ်ဖို့ကောင်းစွာ ပြုံးလိုက်ပြီး “ သိဘူးလေ… နင်က အမြဲတမ်း အလုပ်ရှုပ်နေတော့ မေ့များ နေမလားလို့ပေါ့… ဒါကြောင့်မို့ နင့်ကိုယ်စား ကြိုဝယ်ထားပေးလိုက်တာ…”

“ ဘယ်လောက်ပဲ အလုပ်များတယ် ပြောပြော ဒီလိုကိစ္စမျိုးကို မေ့စရာလား ချင်းရန်ရဲ့…” လင်းရီ ကျီချင်းရန်၏ ပါးကို ဖျစ်ညစ်လိုက်ပြီး “ ယောက္ခမကြီးက စိတ်ဆိုးပြီး လက်ထပ်ဖို့ သဘောမတူဘူးဆိုရင် ဘယ်လိုလုပ်မှာ….”

“ ဟွန့်… ငါတော့ ဂရုမစိုက်ပေါင်… နင့်ဘာနင် စဉ်းစားပေါ့…”

လင်းရီ ပြုံးလိုက်ပြီး ကျီချင်းရန်၏ တင်ပါးကို ပုတ်၍ “ ကောင်းပြီ… ဘဝင်ခိုက်နေတာတွေ တော်လိုက်တော့… ခု သွားကြစို့…”

“ အွန်း အွန်း… ခဏလေးနော်… ငါ အဝတ်သွားလဲလိုက်ဦးမယ်… “

ဆယ်မိနစ်ကြာပြီးနောက် ကျီချင်းရန် သူမ၏ အဝတ်စားလဲခန်းထဲမှ ထွက်လာခဲ့လေသည်။

သူမက အနက်ရောင် ဘောင်းဘီနှင့် မိတ်ကပ်ရောင် လေကာ အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ဦးခေါင်းနောက်တွင် သပ်ရပ်စွာ စည်းနှောင်ထားကာ သူမ၏ အမူအရာကတော့ ချမ်းစိမ့်သည့် ဆောင်းဥတုကဲ့သို့ အေးစက်စက်နိုင်နေသည်။

ပြီးနောက် နှစ်ယောက်အတူ ကြိုဝယ်ထားသည့် လက်ဆောင်ပစ္စည်းများကို ယူ၍ တုံးဟူဗီလာသို့ ဦးတည်လိုက်ကြ၏။

“ ဘိုးဘိုး… အဖေ…အမေ… သမီးတို့ ရောက်ပြီ…” ဝင်ဝင်ချင်း ကျီချင်းရန် အသံပေးလိုက်၏။

လင်းရီနှင့် ကျီချင်းရန်တို့ ရောက်လာသည်ကို မြင်တော့ TV ကြည့်နေကြသည့် ကျီရုံချင်းနှင့် ကျီအန်းထိုက်တို့ နှစ်ဦး မတ်တပ်ရပ်လိုက်ပြီး

“ လာကြ လာကြ… မြန်မြန်ဝင်လာခဲ့ကြ… အိုက်ယိုး… ဒီပစ္စည်းတွေက ဘာတွေလဲ… တစ်မိသားစုတည်းတွေကို အိမ်ပြန်လာတာ ဒီလိုမျိုးတွေ ဝယ်လာစရာလားကွယ်…”

ကျီရုံချင်းမှ လင်းရီအား နွေးထွေးစွာ ကြိုဆိုလိုက်၏။ အသက်ကြီးပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်ကတော့ သန်စွမ်းကြံ့ခိုင်နေဆဲဖြစ်ကာ စကားပြောသည့် အချိန်၌ အားအင်အပြည့်နှင့် ဖြစ်နေလေသည်။

“ ဟားဟား… ဒါပေါ့ဗျ…”

“ မင်း ဒီကောင်စုတ်လေးကတော့… ငါ့သမီးကို ပြန်ပေးဆွဲသွားပြီး အိမ်လေးတောင် တစ်ခေါက် လာမကြည့်ဘူး…. ငါမင်းကို ပြောလိုက်မယ်… မင်းတို့က လက်မထပ်ရသေးဘူးကွ…” ကျီအန်းထိုက်မှ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ကျွန်တော်လည်း အလုပ်တွေအရမ်းများနေလို့ပါ အန်ကယ်ရာ.. ဒီရက်ပိုင်း အချိန်လေး နည်းနည်းချောင်တော့ ခု အန်ကယ်တို့ဆီ လာလည်တာပဲလေ…” လင်းရီ သာမန်အေးဆေး လေသံဖြင့် ပြောလိုက်၏။

သူတို့ အရင်ကလည်း တွေ့ဖူးပြီးဖြစ်သောကြောင့် တရားလွန်ကြီး ယဉ်ကျေးမနေတော့ပဲ သက်တောင့်သက်သာ ဖြစ်စွာ ပြုမူနေတော့သည်။

ဆန့်ကျင်ဘက် ကျီချင်းရန်က အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

ထိုအခိုက်အတန့်တွင် စုန့်မင်ဟွေ့ မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး “ ခဏလေး စောင့်ဦးနော်… ဟင်းတွေက ခဏဆို ရတော့မှာ…”

ပုံမှန်ဆိုပါက ဟင်းပွဲများကို အိမ်အကူမှ ချက်ပြုတ်လေ့ရှိသော်လည်း လင်းရီ လာမည်ဆိုသောကြောင့် သားမက်လောင်းလေး စားဖို့ရာ စုန့်မင်ဟွေ့ကိုယ်တိုင် ယောင်းမကိုင်၍ မီးဖိုချောင်ထဲ လက်စွမ်းပြနေလေသည်။

“ ထိုင်လေ… ကိုယ့်အိမ်ကိုယ့်ယာလိုနေ… ဘာလို့ တအားကြီး ယဉ်ကျေးနေတာ… “ လင်းရီ ဆိုဖာပေါ်တွင် ထိုင်ချရင်း ပြောလိုက်၏။

“ အမယ်… အရမ်းတွေ သက်တောင့်သက်သာ ဖြစ်နေတယ်ပေါ့… ဒါက ငါ့အိမ်ပါနော်… ဟုတ်ပြီလား… နင်သာ ဆင်ဆင်ခြင်ခြင်နေ…….”

“ မင်းအိမ်ဆိုတော့ကော ဘာဖြစ်လဲ.. သူ့အိမ်ဆိုတိုင်းနဲ့ သူများကို စိတ်တိုင်းကျ အနိုင်ကျင့်လို့ရမယ်များ ထင်နေတာလား….”

ကျီချင်းရန် “ ??? “

“ အန်တီ… ဒီမှာ အန်တီ့သမီးကို လာကြည့်လှည့်ပါဦး…. သူ့အိမ်ဆိုတိုင်းနဲ့ လူကို အနိုင်ကျင့်နေလို့…”

“ ချင်းရန်…ညဉ်းနော်…အသက်ကလည်း မကြီးမငယ်နဲ့...ပြီးတော့ မကြာခင်လည်း လက်ထပ်တော့မယ့်ဟာကို ဘာလို့ ကလေးဆိုးကြီးလို လုပ်နေတာ….” စုန့်မင်ဟွေ့ ၏ လက်ချာပေးသည့် အသံက မီးဖိုချောင်ထဲကနေ ထွက်ပေါ်လာလေသည်။

“ ဘာမှမဟုတ်ဘူး အမေ…သူ လျှောက်ပြောနေတာ.. သမီးသူ့ကို ဘာမှလည်း မလုပ်ပဲနဲ့…”

ကျီချင်းရန် လင်းရီ ဘေးတွင် ထိုင်ချလိုက်ပြီး သူ့ခါးကို ဆွဲဆိတ်လိုက်၏။

“ အမေက နင့်ဘက်မှာရှိတိုင်း နင့်ကို ဘာမှ မလုပ်ရဲဘူးများ ထင်နေတာလား…”

“ ငါမင်းကို ပြောလိုက်မယ်.. ငါ့ကို လာမစနဲ့နော်.. ဒါက ကျိုကျုံးဗီလာ မဟုတ်ဘူး… ပြီးတော့ မင်းရဲ့ မိသားစုကလည်း ဒီနေရာမှာ… ငါ့ မျက်နှာက အရေထူတော့ ဘာမှမကြောက်ဘူး…”

“ ဟွန့်… နင်က အမြဲတမ်း အဲ့စိတ်ချည်းပဲ…”

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စနောက်ရင်း ပြုံးနေသည်ကို မြင်တော့ ကျီမိသားစုဝင်များအားလုံး ကြည်နူးမိသွားကြ၏။

ဆိုလိုသည်က ၎င်းတို့၏ ဆက်ဆံရေးမှာ အတော်လေး ခိုင်မာနေပြီး လက်ထပ်ဖို့ သိပ်မလိုတော့ဟူသည့် သဘောပင်။

“ ကဲ ကဲ… စကားပြောနေတာတွေ တော်လောက်ပြီ… အရင်ဆုံး စားလိုက်ကြစို့…”

မကြာမီ စုန့်မင်ဟွေ့ မီးဖိုချောင်ထဲမှ ဟင်းပွဲနှစ်ပွဲဖြင့် ထွက်လာခဲ့ပြီး ၎င်းတို့ကို ထမင်းစား စားပွဲပေါ်တွင် တင်လိုက်လေသည်။

ကျီချင်းရန်မှ မတ်တပ်ရပ်ပြီး သူ့အမေလက်ထဲမှ ပန်းကန် တစ်လုံးကို ကမ်းယူလိုက်၏။ နောက်ဆုံး ဟင်းပွဲများအားလုံး အသင့်ဖြစ်သည့် အချိန်၌ မိသားစုဝင်များအားလုံး ထမင်းစားပွဲဝိုင်းတွင် စု၍ ညစာစားကြလေသည်။

ကျီမိသားစုမှာ ချမ်းသာသည်ဆိုသော်ငြား စကားပြောသည့် အရာ၌ မည်သည့် စည်းအကန့်ကိုမျှ မကျော်လွန်ခဲ့ကြချေ။ သူတို့အားလုံးက လောဘကြီးသည့် ဦးလေး ဒေါ်လေးတို့ မဟုတ်ကြပဲ အကြောင်းအရာ အားလုံးက ရောက်တတ်ရာရာ ဆွေးနွေးပြောဆိုရင်း နွေးထွေးသည့် လေထုတစ်ခုကို ထိန်းသိမ်းထားကြ၏။

စားသောက်ပြီးနောက် ကျီရုံချင်းမှ ဦးစွာ မတ်တပ်ရပ်၍ သူ့အခန်းထဲသို့ ပြန်သွားပြီး လေးယောက်ကို သီးသန့်နေရာ ပေးလိုက်သည်။

မည်သို့ပင်ဆိုစေ ယခုက ပထမဆုံးအကြိမ် တရားဝင် လာရောက်လည်ပတ်ခြင်း ဖြစ်သောကြောင့် ယောက္ခမနှင့် သားမက်ကြား ပြောစရာစကားများ ရှိမည်မှာ ကျိန်းသေပေါက်ပင်။ ထို့ကြောင့် ဧည့်ခန်းထဲတွင် နေ၍ ပါလေရာ လုပ်မနေပဲ ရှောင်ပေးလိုက်လေသည်။

ကျီချင်းရန်နှင့် စုန့်မင်ဟွေ့တို့ကတော့ မီးဖိုချောင်ထဲသွား၍ ပန်းကန်များ ဆေးကြောနေကြစဉ် လင်းရီနှင့် ကျီအန်းထိုက်တို့ကတော့ ဧည့်ခန်းထဲတွင် ထိုင်၍ တီဗွီကြည့်ရင်း စကားလက်ဆုံ ကျနေခဲ့ကြ၏။

“ ငါ ရန်ရန် ဆီကနေ ကြားတာ မင်းအခု စထွင်မာလုပ်နေတယ်ဆို…”

“ ဒီတိုင်း အတွေ့အကြုံရဖို့ သပ်သပ်ပါဗျာ… “ လင်းရီ ပြောလိုက်ရင်း “ အန်ကယ်ကျီ… ကျွန်တော် မှတ်မိသလောက်တော့ အန်ကယ်လည်း စထွင်းတွေ ကြည့်ပါတယ်… ကျွန်တော့်ကို မိတ်ဆက်ပေးချင်တဲ့ စထွင်မာလေးများ မရှိဘူးလား…”

“ အာ…. ငါက ဒီတိုင်း ကြုံကြိုက်လို့ တစ်ခါတစ်ရံလောက်ပဲ ကြည့်ဖြစ်တာပါကွာ… အဲ့လိုအရာမျိုးတွေကို သိပ်ပြီး စိတ်မဝင်စားပါဘူး…”

လင်းရီပြုံးပြီး ဘာမျှ ပြန်မပြောလိုက်ချေ။

ယောက္ခထီးကြီးကတော့ ယောက္ခထီးကြီးပါပဲ… ငါ့ထက်တောင်မှ လှည့်ကွက်တွေ ပိုတတ်နေတယ်…

မကြာမီ အမေနှင့် သမီးတို့ မီးဖိုချောင်ထဲမှ ပြန်ထွက်လာခဲ့ကြပြီး ကျီချင်းရန်ကတော့ သူ့ဘေးတွင် ထိုင်ချလိုက်သည်။

ထို့နောက် ယောက္ခထီးကြီးနှင့် ယောက္ခမကြီးတို့ နှစ်ယောက်ပေါင်းပြီး လင်းရီတို့ နှစ်ယောက်အား မြေးလေးရအောင် မည်သို့ ကြိုးပမ်းသင့်ကြောင်း အာပေါင်အာရင်း သန်သန်ဖြင့် ဩဝါဒများ ခြွေကြတော့၏။

သူမ မိဘများ အလိုရှိသည်က မြန်မြန်လက်ထပ်ပြီး သူတို့ ချီရန်အတွက် မြေးလေး မွေးပေးဖို့ရာပင်။ အကယ်၍ လက်မထပ်ရသေးလျှင်တောင်မှ မြေးအရင်ချီရမည်ဆိုပါက အဆင်ပြေသည်ဟု ဆိုလာခဲ့၏။

စုံတွဲမှာ အသက်ကြီးလာသည်နှင့်အမျှ သူတို့၏ အဓိကအာရုံမှာ နောက်မျိုးဆက်သို့ ကူးပြောင်းသွားခဲ့လေသည်။

“ အမေ…. သမီးတို့ရဲ့ အသက်မွေးဝမ်းကြောင်းက ခုမှ အညွှန့်တစ်လူလူနဲ့ တက်နေတုန်း ရှိသေးတာကို ဘာလို့ အမေ့သမီးကို မြန်မြန် လက်ထပ်ခိုင်းပြီး ကလေးယူဖို့ပဲ ပြောနေတာတုန်း…”

“ နင်တို့ ဆက်ဆံရေးက တည်ငြိမ်နေပြီ ဆိုမှတော့ ဒီအကြောင်း စဉ်းစားရမှာ သဘာဝပဲလေ… ခု ငယ်ရွယ်တုန်း ယူထားရင် ကလေးမွေးပြီး ပြန်သက်သာလာတာ မြန်တယ်… အသက်ကြီးမှဆို အန္တရာယ် များလွန်းတယ်..”

“ ဟုတ်ပါပြီ အမေရယ်… ခု နောက်တောင်ကျနေပြီဆိုတော့ သမီးတို့ ပြန်တော့မယ်…”

သူမ မိဘများ ကလေးယူရန်အတွက် နားပူမတက် တိုက်တွန်းနေမည်ကို ကျီချင်းရန် ကြောက်ရွံ့နေမိသည်။

အမေတို့က အရမ်းကို စိတ်လောလွန်းပါတယ်…

“ ငါ သောက်တာ နည်းနည်းများသွားတော့ မပြန်ခင် ခဏလောက် နားလိုက်ဦးမယ်…” လင်းရီ ဆိုဖာနောက်သို့ မှီရင်း ပြောလိုက်၏။

ကျီချင်းရန် “ ??? “

“ နင်သောက်နေတာ ဆိုဒါတွေလေ… ဘာလို့ သောက်တာနည်းနည်းများသွားတယ် လာပြောနေတာလဲ….”

All Chapters