← Chapters

ငါ ဟုန်ပေါင်း ပြင်ထားလိုက်သင့်လား..

Vol. 53 Ch. 790

ငါ ဟုန်ပေါင်း ပြင်ထားလိုက်သင့်လား..

Vol. 53 Ch. 790

“ စတော်ကင်တွေ…” ကျန်းရှောင်ယွီ စဉ်းစားလိုက်ပြီး “ ကျွန်မက အဲ့လိုမျိုးတွေ ဝတ်လေ့ဝတ်ထမရှိဘူးလေ… ဒါကြောင့်မို့ ရေခဲသေတ္တာထဲ မထည့်ထားပါဘူး…”

“ အိုး… အဲ့လိုဆို ကောင်းတယ်…”

လင်းရီ ပြောပြီးနောက် ရင်ထဲတွင် သက်ပြင်းချလိုက်ရင်း ‘ နောက်ဆုံးတော့ သာမန်ဆန်တဲ့လူကို တွေ့ပြီလေ…’

သူ အဖုံးဖွင့်ပြီး ရေတစ်ငုံသောက်လိုက်၏။ ထို့နောက် လာရင်းကိစ္စ ဆွေးနွေးရန် ဟန်ပြင်နေတုန်း ကျန်းရှောင်ယွီမှ “ ဒါပေမယ့် အထဲမှာ ကျွန်မရဲ့ အတွင်းခံတွေတော့ သိမ်းထားတယ်…”

“ လခွမ်း…” လင်းရီ အနည်းငယ် မအီမသာ ဖြစ်သွားခဲ့ပြီး “ ပုံမှန်ဆို သူများက စတော်ကင်တွေ ထည့်တာပါဟ… မင့်အလှည့်ကျမှ ဘာလို့ အတွင်းခံတွေ ထည့်တာတုန်း….”

“ ရည်ရွယ်ချက်ချင်းကတော့ အတူတူပဲလေ…. ကြာရှည်ခံပြီး ပုံစံမပျက်တော့ဘူးပေါ့…”

“ ငိုးပဲ… ငါ့ဖို့ ရေနွေးပဲ လုပ်ပေးတော့….”

“ အာ…. အစ်ကိုရီ… အဲ့ဒီ အတွင်းခံတွေ အကုန်လုံးက အသစ်ဂျတ်ချွတ်တွေချည်းလေ…. အဲ့လောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်စရာ မလိုပါဘူး…”

“ တော်ပြီ..ငါ့ကို ရေနွေးပဲပေးတော့…”

ကျန်းရှောင်ယွီ သူမ နှုတ်ခမ်းကို ကိုက်မိသွား၏။

အစ်ကိုရီရဲ့ စရိုက်က အရမ်းထူးဆန်းတာပဲ… ယုတ္တိကျကျ ပြောကြေးဆို ဒါက စိတ်တိုစရာ ကိစ္စမှ မဟုတ်တာ….

လင်းရီညွှန်ကြားသည့်အတိုင်း ကျန်းရှောင်ယွီ ရေနွေးတစ်အိုးတည်လိုက်လေသည်။

ပြန်လာပြီးနောက် ခွေးခြေခုံတစ်ခုယူ၍ လင်းရီရှေ့တွင် ထိုင်ကာ

“ အစ်ကိုရီ… ရှင် လိုက်စထွင်းကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ…”

“ အမှန်အတိုင်း ပြောရရင် ပလတ်ဖောင်းက ငါရောင်းရမယ့် ပစ္စည်းတွေကိုစီစဉ်ပေးပြီးသွားပြီ… ဒါပေမယ့် ငါ့စိတ်ထဲ အဲ့လိုလုပ်လိုက်မယ်ဆိုရင် နောက်ဆုံး ပိုက်ဆံ ရသွားမှာက လူချမ်းသာတွေပဲ ဖြစ်သွားမှာ… ဒါကြောင့်မို့ ငါ့နည်းငါ့ဟန်နဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေကို ရှာဖွေပြီး ရောင်းအားကျနေတဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းပေးပြီး ကူညီပေးဖို့ စဉ်းစားထားတယ်..”

ကျန်းရှောင်ယွီ သူ့ကို ထူးဆန်းသလို ကြည့်လိုက်ပြီး “ အစ်ကိုရီ…. ဒါတွေက ရှင့်လို စက်မှုလုပ်ငန်းရှင် တစ်ဦးက စဉ်းစားနေသင့်တဲ့ အရာတွေလား….”

“ ဘာလို့.. ငါက အဲ့ဒါမျိုးတွေ စဉ်းစားလို့မရဘူးလား…”

“ ဒါပေမယ့် ချမ်းသာတဲ့ လူတွေက ပုံမှန်ဆို ကြွားဝါပြီး သူတို့ရဲ့ ကောင်းတဲ့ နာမည်ဂုဏ်သတင်းတွေကို ရဖို့ ငွေသုံးကြတာလေ… ရှင့်လိုမျိုး ကိုယ်တိုင်ကိုယ်ကျ အားတက်သရောနဲ့ ပရဟိတလုပ်နေတဲ့ သူဌေးမျိုးက အရမ်းရှားတယ်…” ကျန်းရှောင်ယွီ ပြောလိုက်ပြီးနောက် “ ဒီလိုမျိုး အသေးအမွှားကိစ္စလေးတွေကို စဉ်းစားနေတာက ရှင့် ဦးနှောက်ဆဲလ်တွေကို ဖြုန်းတီးရာ မကျဘူးလား…”

“ ငါလည်း မလုပ်ချင်ပါဘူး… ဒါပေမယ့် ငါ တတ်နိုင်စလောက် အကောင်းဆုံးတော့ လုပ်ရမှာပဲ…”လင်းရီ ပြောလိုက်ပြီး “ အမှန်ဆို ငါ့ အုတ်ဂူရဲ့ ကျောက်တိုင်မှာ ငါ ဘယ်လောက် ခန့်ညားကြောင်း ချီးမွမ်းတဲ့ စာသားတွေကလွဲပြီး ကျန်တာ ဘာမှမလိုချင်ဘူး…”

“ ခစ်ခစ်ခစ်….. အစ်ကိုရီပြောတာမှန်တယ်…” ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ ဒါဆိုလည်း ခုပဲ စကြတာပေါ့.. အချိန်က တစ်ပတ်တည်းကျန်တော့တာဆိုတော့ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး..”

လင်းရီ သူ့ဖုန်းကို ကမ်းပေးလိုက်၏။ ဖုန်းထဲတွင်တော့ ကျောက်ရာလီ ပေးပို့လာသည့် အချက်အလက် မှတ်တမ်းများက ရှိနေသည်။

“ ဒါ ငါရွေးထားတဲ့ ပစ္စည်းတွေပဲ… အဲ့ထဲက ရောင်းလို့ အဆင်ပြေမယ့်ဟာ တစ်ခုကို ရွေးထုတ်လိုက်….”

လိုက်စထွင်းထဲ၌ အရာအားလုံးကို ရောင်းချရန်က အဆင်မပြေချေ။ ထို့ကြောင့် လင်းရီမှ အတွေ့အကြုံရှိသည့် ကျန်းရှောင်ယွီကိုသာ တာဝန်ပေးလိုက်တော့၏။

“ သစ်သီးရယ်…ပန်းရယ်.. လက်ဖက်ခြောက်တွေရယ်… ဆန်တွေရယ်… ဟင်းဒယ်အိုးတွေ………….”

ကျန်းရှောင်ယွီ ပစ္စည်းတစ်ဒါဇင်ကျော်ကို ရေရွတ်သွားပြီးနောက် မျက်နှာထက်၌ အခက်တွေ့နေသည့် အမူအရာက ပေါ်ပေါက်လာသည်။

“ အစ်ကိုရီ.. ဒီပစ္စည်းတွေက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ….”

“ အဆင်ပြေတယ်မဟုတ်လား…. အကုန်လုံးက မရှိမဖြစ် လိုအပ်တဲ့ နေ့စဉ်သုံး ပစ္စည်းတွေပဲလေ…”

“ အွန်း... ဒါပေမယ့် ဒါတွေက လိုက်စထွင်းတွေထဲမှာ ရောင်းလို့ အဆင်ပြေတာတွေမှ မဟုတ်တာ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ လိုက်စထွင်း ပလတ်ဖောင်းတွေပေါ်မှာ ရောင်းလို့ အသင့်လျော်ဆုံး ပစ္စည်းတွေက စားစရာ သောက်စရာတွေလိုမျိုး ရောင်းထွက်မြန်တဲ့ ကုန်ပစ္စည်းတွေပဲ…. နေ့စဉ်သုံးပစ္စည်းတွေလည်း ရောင်းလို့ ရတယ်ဆိုပေမယ့် ရောင်းအားကတော့ အာမ မခံနိုင်ဘူး… အခုပွဲမှာဆို ပလတ်ဖောင်း သုံးခုကနေပြီး အပြိုင်အဆိုင် ရောင်းကြမှာဆိုတော့ နည်းနည်းလေးပဲ ရောင်းရမယ်ဆိုရင် ရှက်ဖို့ ကောင်းလွန်းတယ်…”

လင်းရီ ခေါင်းညိမ့်လိုက်၏။ ကျန်းရှောင်ယွီ ပြောသည်ကလည်း အဓိပ္ပာယ် ရှိလေသည်။

“ ဒါပေမယ့် ခု ဒီမှာ ရှိတဲ့ ပစ္စည်းတွေကိုသာ သူတို့ဘက်က နောက်တစ်ဆင့် ထပ်တိုးလုပ်ဆောင်နိုင်မယ်ဆိုရင် ဒီလိုမျိုး ဆင်းရဲနေမှာတောင် မဟုတ်ဘူး…”

ကျန်းရှောင်ယွီ ဆန်းကြယ်စွာ ပြုံးလိုက်ပြီး “ အစ်ကိုရီ… ရှင်က အရမ်းချမ်းသာတယ်ဆိုတော့ အိတ်ထောင်ထဲကနေ ယွမ်သန်းရာဂဏန်းလောက် စိုက်လိုက်ရလည်း ကိစ္စမရှိဘူးမလား…”

“ မင်း ဘာကို ပြောချင်နေတာ….”

“ ကျွန်မ တစ်ခု အကြံပြုစရာရှိတယ်… ဥပမာ .. အသီးလို အရာမျိုးတွေကို သေချာလေး စနစ်တကျနဲ့ စည်သွပ်သစ်သီးတွေအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် ပိုပြီး ရောင်းချလို့ လွယ်ကူသွားပြီလေ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ခုရှိတာ ကျွန်မတို့ကဘက်က အကုန်လုံး ဝယ်ပြီးတော့ နောက်တစ်ဆင့် စနစ်တကျနဲ့ စည်သွပ်ဘူးထဲ ထည့်ရမှာ… ဒီလိုနည်းလမ်းနဲ့ ရောင်းအားကို တိုးနိုင်စေသလို အဲ့ဒေသက လူတွေကို ကူညီရာလည်း ရောက်တယ်လေ…”

“ အကြံကောင်းပဲ… “ လင်းရီ ပြောလိုက်ပြီး “ ဒါဆို ခု သွားကြစို့… ငါတို့ ရန်ချိန်က ကျင်းဖုန်း စီရင်စုကို သွားကြမယ်…. ငါ့အိမ်လည်း ခဏဝင်လည်ရင်း တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့…”

“ အွန်း အွန်…” ကျန်းရှောင်ယွီ ခေါင်းညိမ့်လိုက်ပြီး “ နောက်ပြီး လက်ဖက်ခြောက်တွေ၊ ဆန်တွေ၊ ဒယ်အိုးတွေ ပိုပြီး အမျိုးအစား စုံလင်တဲ့ ကုန်ပစ္စည်းတွေ ပြင်ဆင်ထားကြမယ်… ရောင်းအားက အရေးကြီးတယ် ဆိုပေမယ့် လူမှုဖူလုံရေး အတွက်ဆိုတော့ လေးလေးနက်နက်နဲ့ လုပ်ကြရမယ်…”

“ နောက်ဆုံးတော့ အသိစိတ်တွေ ဝင်လာပြီပေါ့…”

“ ဟိုးဟိုး… အဲ့တာ အစ်ကိုရီဆီကနေ သင်ယူထားတာတွေလေ….” ကျန်းရှောင်ယွီ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒါဆို ခုပဲ သွားကြစို့..”

“ အွန်း.. ခဏနော် … အဝတ်သွားလဲလိုက်ဦးမယ်…”

ကျန်းရှောင်ယွီ သူမ အခန်းထဲသို့ ပြန်၍ အဝတ်အစား လဲနေစဉ် လင်းရီမှ ဖုန်းထုတ်၍ ကျောက်ရာလီထံ ဆက်သွယ်လိုက်၏။

သူမကို သူ၏ အတွေးအကြံအစည်များအကြောင်း ပြောပြပြီး အဆိုပါဒေသများသို့ ခရီးထွက်ခိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတစ်ဦးတည်း နေရာဒေသ အများအပြားသို့ နှံ့စပ်အောင် မသွားရောက်နိုင်သောကြောင့်ပင်။

ခရီးကို စီစဉ်ပြီးနောက် လင်းရီ ကျီချင်းရန်ထံ ဖုန်းဆက်လိုက်ပြီး သူ၏ အစီအစဉ်များကို ပြောပြကာ စိတ်မပူရန် မှာကြားလိုက်၏။

မကြာမီ ကျန်းရှောင်ယွီ သူမ ပစ္စည်းမျာကို ထုပ်ပိုးပြီးစီးသွားပြီး လေယာဉ်လက်မှတ်ဖြတ်၍ နှစ်ယောက်သား လေဆိပ်သို့ ရောက်လာခဲ့ကြလေသည်။

ညနေ ငါးနာရီ ဝန်းကျင်ခန့်တွင် လင်းရီနှင့် ကျန်းရှောင်ယွီတို့ လေယာဉ်ပေါ်မှ ဆင်းလိုက်ကြပြီး တက္ကစီငှား၍ မိဘမဲ့ ဂေဟာသို့ ထွက်လာခဲ့ကြ၏။

လင်းရီက မိဘမဲ့ တစ်ယောက်မှန်း သိသွားသည့် အချိန်တွင်တော့ ကျန်းရှောင်ယွီ အင်မတန် အံ့အားသင့်သွားခဲ့လေသည်။

ထိုအခါမှပဲ လင်းရီ အဘယ်ကြောင့် တောင်သူလယ်သမားများအတွက် လူမှုဖူလုံရေး လိုက်စထွင်းပွဲကြီးကို အလေးအနက်ထားနေလဲဆိုတာ နားလည်သွားခဲ့တော့၏။

အဘယ်ကြောင့်ဆိုသော် သူက အခြားသူတို့ မတွေ့ကြုံခဲ့ဖူးသည့် အတွေ့အကြုံများကို ခံစားဖူးပြီး နွမ်းပါးမှုက ဂျိုနဲ့လားဆိုတာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်‌လေသည်။

သူတို့ မိဘမဲ့ဂေဟာကိုရောကတော့ ညနေခင်း ခြောက်နာရီကျော်နေပြီး ကလေးများအားလုံးကတော့ အထဲသို့ ပြန်ခေါ်ခြင်း ခံလိုက်ရကာ ကစားကွင်းထဲ၌ ကလေးတစ်ယောက်မျှ ရှိမနေချေ။

နေက မစောင်းသေးသော်လည်း ချမ်း‌အေးသည့် ဆောင်းတွင်းအချိန် ဖြစ်သောကြောင့် မေမေဝမ်မှ ကလေးများအား အအေးမိခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ယခုလို လုပ်ဆောင်လိုက်ရခြင်းပင်။

“ အမေ…”

သုံးထပ် အဆောက်အဦးရှေ့သို့ လမ်လျှောက်လာရင်း ဝမ်ချွေ့ပင်းမှ ကလေးတစ်ယောက် လက်ကို ဆွဲလျက် အပေါ်ထပ်မှ ဆင်းလာသည်ကို မြင်တွေ့လိုက်ရတော့ လင်းရီ သူ ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်သည်။

“ သား… နင်………….”

ဝမ်ချွေ့ပင်း စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားခဲ့၏။

ဖုန်းထဲတွင် ကျီချင်းရန်မှ လင်းရီ အလည်လာလိမ့်မည်ဖြစ်ကြောင်း ကြိုတင် ပြောပြထားသောကြောင့် မူလက ပျော်ရွှင်ရမည့် ကိစ္စဖြစ်သော်လည်း ဝမ်ချွေ့ပင်း လင်းရီကို မြင်သည့် အခိုက်အတန့်တွင်တော့ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုငရှုပ်လေးက နောက်ထပ် မိန်းကလေးတစ်ယောက်ကို ခေါ်လာပြန်လေသည်။

ဒီကောင်စုတ်လေးကတော့ တုတ်စာမိချင်နေပြီနဲ့တူတယ်…

စိတ်ထဲ၌ ထိုသို့ ကြိမ်းမောင်းနေသော်လည်း ဝမ်ချွေ့ပင်း အပြင်ဘက်ခြမ်း၌ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်ဆဲပင်။ ယင်းက အခြေခံကျဆုံး လောကဝတ်ဖြစ်လေသည်။

အချို့အရာများက စိတ်တံခါးကို ပိတ်သိမ်း၍ ထားသင့်ပြီး ထုတ်ဖော်ခြင်းအလို့ငှာ မသင့်လျော်ချေ။

“ သား… သူလေးက ဘယ်သူလဲ…”

“ ကျွန်တော့် သူငယ်ချင်းလေ… လုပ်စရာ တစ်ခုခု ရှိလို့ ကျွန်တော်နဲ့ လိုက်လာခဲ့တာ….”

“ ဒါဆို မြန်မြန် ဝင်လာခဲ့လေ… အစားအသောက်တွေက အသင့်ပဲ… အရင်ဆုံးစားကြသောက်ကြတာပေါ့….”

လင်းရီနှင့် ကျန်းရှောင်ယွီတို့ တတိယထပ်သို့ ရောက်လာခဲ့ပြီး သူတို့ စားသောက်နေစဉ် ဝမ်ချွေ့ပင်းမှ ဝမ်တုန်းတုန်းအား ခေါ်လိုက်၏။

“ အစ်ကိုကြီးလင်း…”

လင်းရီကို မြင်တော့ ဝမ်တုန်းတုန်း လုံးတုံးလုံးတုံးနှင့် ပြေးလာပွေ့ဖက်လိုက်သည်။

သူ မတွေ့တာ ကြာပြီမို့လို့လားတော့မသိ။ ဝမ်တုန်းတုန်းမှာ ကိုယ်အလေးချိန် တက်လာခဲ့ပြီး မျက်နှာထက်တွင်လည်း စိတ်ချမ်းသာနေသည့် အရိပ်အယောင်တို့အား မြင်တွေ့နေရသည်။

“ ဘယ်လိုလဲ… ဒီမှာ နေရတာ ပျော်တယ်မလား…”

“ ပျော်တာပေါ့… မေမေဝမ်ကလည်း သားကို ဂရုစိုက်ပေးတယ်.. သူငယ်ချင်းတွေကလည်း အများကြီးပဲ” ဝမ်တုန်းတုန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး အသံက အနည်းငယ် တိမ်၀င်သွားခဲ့ကာ “ ဒါပေမယ့် အမှတ်မကောင်းရင်တော့ အဆူခံရတယ်…”

“ နင်က နင့်အစ်ကိုကြီးကို တိုင်နေတယ်ပေါ့လေ..” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ငါ မရိုက်တာကိုပဲ ဝမ်းသာလိုက်ဦး…”

ဝမ်တုန်းတုန်း ရယ်မောလိုက်၏။ မေမေဝမ်က သူကောင်းဖို့အတွက် လုပ်နေကြောင်း သူနားလည်လေသည်။

မိသားစု ညစာစားပွဲပြီးနောက် လေထုမှာ လိုက်ဖက်ညီပြီး ကြည်နူးစရာ ကောင်းနေတော့၏။ ဝမ်ချွေ့ပင်း တစ်ဦးတည်းကသာလျှင် စိတ်ထဲ၌ ဝိရောဓိဖြစ်နေရင်း အတွေးနယ်လွန်နေသည်။

သူမ ဟုန်ပေါင်း ပြင်ထားသင့်လား… ဒါမှမဟုတ် မပြင်ထားသင့်ဘူးလား….

All Chapters