← Chapters

ထင်မှတ်မထားသည့် ဈေး

Vol. 53 Ch. 792

ထင်မှတ်မထားသည့် ဈေး

Vol. 53 Ch. 792

" မောင်ငယ်လေး .. နင်ဘာတွေလာပြောနေတာ... နင် အဝါရောင် မက်မွန်သီးတွေ ၀ယ်ချင်နေတာ မဟုတ်ဘူးလား... ငါတို့က ဒီကို ရောင်းဖို့လာတာလေ... ဘာလို့ လှည့်စားတယ်လို့ ပြောနေရတာလဲ...."ရိုးသားသည့် စိတ်ခံအလျောက် အစ်မကြီးမှ ဘွင်းဘွင်းရှင်းရှင်း ပြန်လည် မေးခွန်းထုတ်လိုက်၏။

" ခင်များတို့ ဒီလောက်ထိ ဈေးချနေမှတော့ သေ‌ချာပေါက် မကောင်းတာတွေ ရောင်းတော့မလို့မဟုတ်ဘူးလား...."လင်းရီ သာမန်လေသံဖြင့် ပြောလိုက်ပြီး " အရင်တုန်းကလည်း ဒီလိုမျိုးတွေ ကျုပ် ကြုံဖူးပြီးပြီ... ဒီတော့ ရိုးသားလိုက်ကြရအောင် .... "

“ နင် အဲ့လိုပြောကြေးဆို ငါတို့ကို အထင်လွဲနေပြီ.. ငါတို့နောက် လိုက်ခဲ့ပြီး အသီးတွေ တစ်လုံးချင်း လိုက်ကိုင်ကြည့်လှည့်… ပြီးမှ နင်ကြိုက်တာကို ရွေးယူသွား.. တကယ်လို့ မကောင်းတဲ့ တစ်လုံး ပါခဲ့ရင် ပြန်လာပေးလိုက်…”

ထိုစကားလုံးများက လင်းရီကို သင်္ကာမကင်း ဖြစ်သွားစေသည်။

တကယ်လို့ ယုံကြည်ချက်မှ ပြည့်ဝမနေဘူးဆိုရင် အဲ့လို စကားမျိုး ပြောရဲမှ မဟုတ်လောက်ဘူး…”

“ အစ်ကိုရီ… သူတို့ ရောင်းတဲ့ အသီးက သူများတွေထက် ဈေးပိုချိုတယ်… ပြီးတော့ လူလည်း ဒီရောက်လာနေပြီဆိုတော့ ဘာလို့ တစ်ချက်လောက် သွားမကြည့်ကြမှာ…” ကျန်းရှောင်ယွီမှ ပြောလိုက်၏။

“ ကောင်းပြီလေ… ဒါဆိုလည်း တစ်ချက်သွားကြည့်တာပေါ့…”

သို့နှင့် သက်လတ်ပိုင်း စုံတွဲမှာ လမ်းကို ဦးဆောင်လိုက်ပြီး ဆယ်မိနစ်ကြာပြီးနောက် ဧရာမ ဂိုဒေါင်ကြီးရှေ့သို့ ရောက်ရှိလာလေသည်။ ဂိုဒေါင်ထဲရှိ အပူချိန်မှာ နိမ့်ဆင်းနေသောကြောင့် အသီးများ သိုလှောင်ရန်အတွက် အတော်လေး အဆင်ပြေလှသည်။ အချို့ ကြာရှည်ခံနည်းလမ်းများနှင့် ပေါင်းစပ်လိုက်သောကြောင့် အဝါရာင် မက်မွန်သီးများ၏ သက်တမ်းကို ရှည်ကြာသွားစေသော်လည်း အချိန် အကြာကြီး သိုလှောင်ခံသည်လို့တော့ မဆိုလိုချေ။ တတ်နိုင်သမျှ မြန်မြန် ရောင်းချရန် လိုအပ်၏။

“ အထဲဝင်လာကြည့်လေ…. ငါတို့ သိုလှောင်ထားတဲ့ အသီးတွေက အထဲမှာရှိတယ်.. မကောင်းတာ ပုပ်တာ တစ်ခုမှ မပါဘူး…”

ကျန်းရှောင်ယွီ ရှေ့သို့သွား၍ တစ်ချက်ကြည့်လိုက်၏။ အရည်အသွေးကတော့ အမှန်ပင် မဆိုးလှချေ။ အလုံးကလည်း လှ၏။

သို့သော်လည်း သူမ လင်းရီ၏ စိုးရိမ်စိတ်ကို နားလည်ပေသည်။ ဆိုရိုးများအတိုင်း ကမ္ဘာပေါ်တွင် အလကား ရသည့် နေ့လည်စာ မရှိချေ။ အခြားသူများက ဈေးတစ်မျိုး ရောင်းနေစဉ် ဤစုံတွဲက ပို၍ သက်သာသည့် ဈေးနှုန်းမျိုးဖြင့် ရောင်းနေခဲ့၏။ အကယ်၍ အခြားအကြောင်းပြချက် တစ်ခုသာ မရှိဘူးဆိုပါက မည်သူကမျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သူက အလကားနေရင်း အလကား ဈေးနှုန်းကို လျော့ပစ်ချင်မည်နည်း။

“ ဒီရဲ့ အသီးတွေ အကုန်လုံးက အဆင်ပြေတယ်ဆိုတာ သေချာလို့လား…”

“ သေချာတယ်… ကြိုက်သလိုစစ်.. တကယ်လို့ အပုပ် တစ်လုံးပါခဲ့ရင် နင်တို့ ချက်ချင်း လှည့်ထွက်သွားလို့ရတယ်…”

ကျန်းရှောင်ယွီ မယုံကြည်ပဲ ဖာတစ်ခုကို ယူ၍ အထဲသို့ လှန်လောကြည့်လိုက်၏။ အမှန်ပင်။ မည်သည့် ပြဿနာတို့မျှ ရှိမနေချေ။

ထို့နောက် သေချာစေရန် အခြား ဖာတစ်ခုကို လှန်လောကြည့်လိုက်၏။

“ မိန်းကလေး… ဒီတိုင်းပဲ လှန်လောကြည့်မနေနဲ့လေ… တစ်လုံး မြည်းစမ်းကြည့်လိုက်…” သက်လတ်ပိုင်း အမျိုးသမီးမှ စိတ်အားထက်သန်စွာဖြင့် တိုက်တွန်းလိုက်၏။

ကျန်းရှောင်ယွီကလည်း ဟန်ဆောင်မနေ‌ပေ။တစ်လုံးကောက်ယူ၍ ကိုက်မြည်းကြည့်လိုက်သည်။ အရသာ ခံကြည့်ပြီးနောက် သူမ မျက်လုံးတို့အရောင်လက်လာလေသည်။

“ အစ်ကိုရီ … ဒီရဲ့ မက်မွန်သီးတွေက တကယ်ချိုတယ်… စားကြည့်ဦးမလား….”

လင်းရီ မြည်းမကြည့်လိုက်ပေ။ သူတို့၏ စကားအသွားအလာမှတစ်ဆင့် ဤစုံတွဲ၏ အသီးများက မှားယွင်းမနေကြောင်း ကောက်ချက်ချ၍ ရလေသည်။

သို့သော်လည်း သူ တစ်ခု နားမလည်သည်က တူညီသည့် ပစ္စည်းတစ်ခုကို အဘယ်ကြောင့် သူတို့က တမူထူးပြီး ဈေးအရမ်းလျှော့ရောင်းနေပါသနည်း။

“ အစ်မကြီးရဲ့ အသီးတွေက သူများတွေရဲ့ အသီးတွေနဲ့ အတူတူပါပဲ… ဘာလို့ အရမ်းဈေးလျှော့ပြီး ရောင်းနေတာ…”

“ ဒီ အသီးတွေက ဆွတ်ထားတာ အတော်လေးလည်း ကြာနေပြီ… တကယ်လို့ ခုနေမရောင်းဘူးဆို လုံးဝ အရှုံးပေါ်သွားတော့မှာ…. အစ်မတို့လည်း ရွေးချယ်စရာ မရှိဘူးလေ…” သက်လတ်ပိုင်းအမျိုးသမီးမှ နောင်တရနေသည့် လေသံဖြင့် ပြောလိုက်၏။

“ ဒါပေမယ့် တစ်ခြားသူတွေရဲ့ အသီးကကော အတူတူပဲ မဟုတ်ဘူးလား… သူတို့ကျ ဘာလို့ ခင်များထက်ကို ဈေးပိုတင်ရောင်းနေကြတာ….”

“ အဲ့ခေါင်းမာတဲ့ လူတွေအကြောင်း ထည့်မပြောစမ်းနဲ့…. ငါကတော့ သူတို့လုပ်တဲ့အတိုင်း လိုက်မလုပ်နိုင်ပေါင်…” သက်လတ်ပိုင်း အမျိုးသမီးမှ ပြောလိုက်ပြီး “ တကယ်လို့ နင်ဝယ်ချင်တယ်ဆိုရင် ငါ ထရပ်တစ်စီး ရှာပေးမယ်… ဒါပေမယ့် ကားခကိုတော့ နင်ပဲပေး… ဘာလို့ဆို အဲ့လောက် ပိုက်ဆံ အများကြီးကျ ငါတို့လည်း မတတ်နိုင်ဘူး….”

လင်းရီ ငွေအကြောင်း ဂရုစိုက်မနေချေ။ ထို့ကြောင့် သက်လတ်ပိုင်း အမျိုးသမီးမှ ဘယ်လောက်နှင့် ရောင်းရောင်း သူ့အတွက် ကိစ္စ မရှိပေ။

ဒီတိုင်း အနှီကိစ္စကသာ စိတ်ဝင်စားဖို့ ကောင်းနေတော့သည်။

နေရာတစ်ခုလုံးရှိ လူတိုင်းက တို့၏ ၃.၈ ယွမ်နှင့် ရောင်းချနေသော်လည်း သူမကတော့ တစ်ယွမ်ပင် ဈေးလျှော့ပြီး ရောင်းချနေ၏။

လင်းရီ သူတွေးလို့ မဆုံးသေးမီ အပြင်ဘက်၌ အသံဗလံများကို ကြားလိုက်ရ၏။

“ လျိုလောင်အာ… မင်းတို့ကောင်တွေက ဘာဖြစ်ချင်နေတာ…. လူတိုင်းက ၃.၈ ယွမ်နဲ့ ရောင်းနေတာကို မင်းတို့က ဘာမို့လို့ ၂.၈ ယွမ်နဲ့ ရောင်းနေတာလဲ… ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်နေတာလား….”

လင်းရီ မတုံ့ပြန်နိုင်သေးမီ လူဆယ်ဦးခန့်မှာ ဂိုဒေါင်ထဲသို့ ပြေးဝင်လာကြသည်။

သူတို့အားလုံးက သက်လတ်ပိုင်း စုံတွဲကို အမဲဖြတ်ချင်နေသည့် အလား ဒေါသတကြီးနှင့် ကြည့်နေခဲ့ကြ၏။ ၎င်းတို့၏ ဝတ်ပုံစားပုံကို ကြည့်ရသလောက်တော့ မြို့နီးနားစပ်မှ ဖြစ်ကြပုံပင်။

“ ငါ့အသီးငါ ဘယ်လောက်နဲ့ ရောင်းရောင်း နင်တို့နဲ့ ဘာဆိုင်လဲ… နင်တို့နဲ့ ဘာမှမဆိုင်ဘူး.. ဘယ်သူကမှလည်း လာမတားနဲ့…”

သက်လတ်ပိုင်း အမျိုးသမီးမှ ခါးထောက်လျက် ပြန်ပြောလိုက်သည်။ သူမ၏ အရှိန်အဝါက လုံးဝအားနည်းခြင်းမရှိ၊ ကျောင်းတော်သား တစ်သိုက်နှင့် အပြိုင်ငြင်းနေသည်နှင့်ပင် ဆင်တူနေသည်။

“ ဒါပေမယ့် မင်းအဲ့လိုလုပ်တော့ ငါတို့ကောင်တွေ ရောင်းတဲ့ဈေးက ဘာဖြစ်သွားမလဲ… ငါတို့ဆီက ကျန်တဲ့ အသီးတွေကို ဘယ်လိုရောင်းလို့ရတော့မှာလဲကွ….”

“ အဲ့တာ ငါ့အပူမပါဘူး… ဘာပဲပြောပြော ငါကတော့ ၂.၈ ယွမ်နဲ့ ရောင်းမှာပဲ… အရေးမပါတာတွေ လာမပြောနဲ့…”

“ ကောင်းပြီ ကောင်းပြီ… လူတိုင်းပဲ … ငြင်းခုန်မနေကြနဲ့တော့….” ပြောလိုက်သူကတော့ သက်လတ်ပိုင်း အမျိုးသမီး၏ ခင်ပွန်းဖြစ်သူပင်။

“ သူများတွေ(တခြားလာဝယ်သူ) ကမ်းလှမ်းတဲ့ဈေးက ၂.၁ ယွမ်.. တကယ်လို့ မင်းတို့က ၃.၈ ယွမ်နဲ့ ရောင်းချင်နေတယ်ဆိုရင် ဘယ်သူက လက်ခံနိုင်မှာ.. ပြီးတော့ အသီးတွေက နောက်ဆယ်ရက်လောက်ဆို ပုတ်ကုန်တော့မယ်… ငါတို့ အချိန်ထပ်ဆွဲလို့မဖြစ်တော့ဘူး.. တကယ်လို့ မင်းဘက်က ငါတို့ ဈေးနဲ့ ရောင်းနိုင်မယ် ထင်ရင် ရောင်းလိုက်…”

“ တကယ်လို့ပုတ်သွားမယ် ဆိုရင်တောင် အဲ့လိုကောင်မျိုးတွေကိုတော့ ငါတို့မရောင်းနိုင်ဘူး… ငါတို့ရဲ့ အသီးကို မရရင် ရှုံးမယ့်သူက သူတို့ပဲ… ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲ ကြည့်ကြသေးတာပေါ့….”

“ တကယ်လို့ ရောင်းမထွက်ဘူးဆိုရင် ဒီနှစ်ဘာနဲ့ သွားစားကြမှာ… သူတို့မှာက ပိုက်ဆံ အများကြီးရှိတယ်… ငါတို့ရဲ့ အသီးကို ဈေးကောင်းနဲ့ မရရင်တောင် သူတို့ ရမယ့်ငွေတွေ မဆိုသလောက် နည်းသွားရုံလောက်ပဲရှိမှာ…. အဲ့အချိန် ငါတို့က ဘာဖြစ်နေမလဲ….”

“ ဘာဖြစ်ဖြစ်ကွာ… မရောင်းနိုင်ဘူး…. လူကို ဒီလိုမျိုး လာနှိမ်ချင်လို့တော့ ဘယ်ဖြစ်မှာ…”

“ နင်တို့ကောင်တွေက ငတုံးပဲ… ငါ့ကိုပါ နင်တို့နဲ့ ရောပြီး လာမဆွဲချနဲ့ … ငါ့သားက ကျူရှင်လခဖိုးပေးဖို့ စောင့်နေပြီ… ဘာပဲဖြစ်ဖြစ် ဒီတစ်သုတ်တော့ ရတဲ့ဈေးနဲ့ ဖြစ်သလို ရောင်းရမှာပဲ.. “ သက်လတ်ပိုင်း အမျိုးသမီးမှ ပြတ်သားသည့် လေသံဖြင့် ပြောလိုက်၏။

“ ကောင်းပြီ … ငြင်းခုန်မနေကြနဲ့တော့…” လင်းရီ နားကလော်ရင်း ပြောလိုက်ပြီး “ ကျုပ်တို့က ဒီကို အသီးဝယ်ဖို့ လာခဲ့တာ… ပြီးတော့ ခင်များတို့တွေအတွက်လည်း ငွေကျန်စေချင်တယ်… ဒါကြောင့်မို့ ခင်များတို့မှာ ရှိသမျှ အကုန်ယူမယ်… အကုန်လုံးကို ၃.၅ ယွမ်နဲ့ပဲ ယူမှာ… ဒီတော့ ဈေးကိုက်တယ်မလား….”

၎င်းကိုကြားတော့ ရွှမ်းဟုန်သူ ရွှမ်းဟုန်သားများ အားလုံး ကြက်သေသေသွားခဲ့ကြ၏။

သူတို့ ဆက်ပြီး ဈေးဆစ်လို့ ရသေးတာကို တကယ်ကြီး အဲ့ဒီ ဈေးနဲ့ ပေးမယ်ပြောနေတယ်..

“ မင်း.. မင်း တကယ်ကြီးလား…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ကျုပ်တို့က စထွင်မာတွေ…. ခု တောင်သူဦးကြီးတွေ လူမှုဖူလုံရေးအတွက် လိုက်စထွင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်နေတာ… ကျုပ်တို့ ဒီရောက်လာကတည်းက ခင်များတို့ အခြေအနေကို နားလည်ထားပြီးသား… အကုန်လုံးက တောင်သူတွေချည်းဆိုတော့ ခင်များတို့ကို ငွေကျန်စေချင်တယ်… ပြီးတော့ ကျုပ်အထင် ၃.၅ ယွမ်က သင့်တင့်တဲ့ ဈေးလို့ ထင်တယ်.. တကယ်လို့ သဘောတူတယ်ဆိုရင် ပြဿနာ မရှိဘူး… အသီးတွေ အကုန်လုံးကို ယူမယ်..”

လင်းရီ၏ စကားလုံးများကို မှင်တက်စွာ နားထောင်ပြီးနောက် လူတိုင်းက တဒင်္ဂမျှ ကြက်သေသေသွားခဲ့ကြ၏။ ထို့နောက် သူတို့အားလုံး လင်းရီကို ကယ်တင်ရှင်ကြီးအလား ပြုံးပြလိုက်ကြလေသည်။

“ ကျေးဇူးရှင်လေး.. မင်းဘက်က ဘယ်အချိန် အသီးတွေ လာယူမှာ… ငါတို့ဘက်ကတော့ ဂိုဒေါင်ထဲမှာ အသင့်ပဲ… ဘာမှ စိတ်ပူစရာ မလိုဘူး…”

“ နောက်မှ အဲ့ကိစ္စလုပ်ဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ်… ခုပြန်ပြီး ပြင်ဆင်ထားလိုက်တော့… အချိန်ကျလာရင် ကျုပ်ဘက်က ကတ်တီနဲ့တွက်ပြီး နေရာမှာတင် တစ်ခါတည်း ငွေချေပေးမယ်…”

“ အိုကေ အိုကေ… ငါတို့ခုပဲ သွားပြင်ဆင်ထားလိုက်တော့မယ်… ခု ဒီကိစ္စက အတည်ဖြစ်သွားပြီနော်… မင်းနောက်မှ စကားပြန်မရုတ်သိမ်းနဲ့…”

“ လက်ငင်းရှင်းပေးမယ်ဆိုနေ.. ဘာလို့ စကားပြန်ရုတ်သိမ်းရမှာ.. အကြွေးဝယ်မှာလည်း မဟုတ်…”

လူတိုင်း လင်းရီ၏ စကားကို သဘောတူလိုက်ကြ၏။ အကယ်၍ ထိုသူက လှည့်စားချင်နေသည်ဆိုပါက သူတို့ဘက်က အသီးမရောင်းလိုက်ရုံပင်။ ထို့ကြောင့် စွန့်စားစရာ အကြောင်း မရှိချေ။

“ ခုဒီလောက်ပဲ… ခင်များတို့ ပြန်ပြီးတော့ အရင် ပြင်ဆင်ထားလိုက်ကြ.. မနက်ဖြန် ကျုပ်လူတွေ ခေါ်လာပြီးတော့ ကုန်ပစ္စည်းလဲရင်း ငွေတစ်ခါတည်းချေမယ်…”

“ ကောင်းပြီလေ…”

ယခု ကိစ္စမှ အကျိုးအမြတ် ရရန် တွေးထားခြင်း မရှိသောကြောင့် ကိစ္စမှာ အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့လေသည်။

အရာအားလုံး စီစဉ်ပြီးနောက် လင်းရီနှင့် ကျန်းရှောင်ယွီတို့ ရန်ချိန် ပြန်လာခဲ့ကြ၏။

“ အစ်ကိုရီ … ခုလေးတင် ကျွန်မ တစ်ချက် တွက်ကြည့်လိုက်တာ သူတို့ ရိတ်သိမ်းထားတဲ့ မက်မွန်သီး အလေးချိန်က ကတ်တီ ၂သန်းလောက်ရှိတယ်… ၅၀၀ ဂရမ်ကို တစ်ဘူးနဲ့ တွက်မယ်ဆိုရင် စည်သွပ်ဘူး ၂သန်းကြီးများတောင်မှ.. တကယ်လို့ ရောင်းမကုန်ရင် ဘယ်လိုလုပ်ကြမှာ…”

“ ရောင်းမကုန်တော့လည်း ငါတို့ဘာငါတို့ ပြန်ဝယ်လိုက်ကြတာပေါ့… အလွန်ဆုံးကျ ယွမ် သန်း ၂၀…. ပြန်ယူလာပြီး ငါတို့ရဲ့ ဝန်ထမ်းတွေကို ပေးမယ်ဆိုလည်း မဆိုးဘူး… ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာ မရှိဘူး…”

“ အစ်ကိုရီ ... ရှင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ…”

“ တခြားကောင်မလေးတွေလည်း အဲ့လို ပြောကြတာပါပဲ….”

“ ဒါပေမယ့် သူတို့ပြောတာက တခြား ကိစ္စ ဖြစ်လောက်တယ်…”

All Chapters