ငါ ကူညီပေးဖို့ လိုသေးလား
Vol. 53 Ch. 794
“ သပပဲ… နင်တို့ မကောင်းဆိုးဝါးကောင်တွေ… ဘာလို့ အမြဲတမ်း ငါ့ကို လှောင်ပြောင်ဖို့ပဲ အားသန်နေကြတာ…”
“ ဘာလို့ဆို မင်းက အရမ်း အားနည်းလို့လေ… ဟဟ….”
ကျန်းရှောင်ယွီ လိုက်စထွင်းထဲရှိ စနောက်မှုများကို စိတ်ထဲ ထားမနေချေ။ ထို့ပြင် သူမ ကြောက်လည်း ကြောက်ရွံ့မနေပေ။ ပဟေဠိ ဖြစ်သွားရုံလောက်သာ ရှိ၏။
ဒီလူတွေက ဘာလို့ ရုတ်တရက်ကြီး ရောက်ချလာခဲ့ကြတာ….
ကားထဲတွင် ကျီချင်းရန်နှင့် အီစီကလီ လုပ်နေသည့် လင်းရီမှာ အပြင်ဘက်ရှိ အခြေအနေများကို မြင်တော့ ကားတံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့၏။
“ ဒီ အသီးတွေကို ဝယ်တဲ့သူက ငါပဲ … ငါ လုပ်ခိုင်းတာ… ဘာလဲ… ပြဿနာရှိလို့လား…”
ရှီကျန်းချန် လင်းရီကို အစုန်အဆန်ကြည့်လိုက်ပြီး “ ငါ ဒီအသီးတွေကို ကြိုက်လို့ ဘယ်ကောင့်မှ ယူခွင့်မပြုထားဘူးလို့ မင်းကို ဘယ်သူကမှ မပြောပြဘူးလား….”
ထိုအခိုက်အတန့်တွင် လင်းရီထံသို့ ကိုယ်တိုင်ကိုယ်ကျ အသီးလာရောင်းသည့် သက်လတ်ပိုင်း အမျိုးသမီးမှ လင်းရီကို ဘေးသို့ ဆွဲခေါ်သွားပြီး “ မောင်ငယ်လေး.. နင် မဆင်မခြင် မလုပ်နဲ့… သူတို့က အရင်တစ်ခေါက်တုန်းက ဒီကို အဝါရောင် မက်မွန်သီးတွေ ဝယ်ဖို့ လာကြည့်သွားတဲ့သူတွေ… ဒါပေမယ့် သူတို့ပေးတဲ့ ဈေးက နည်းလွန်းတော့ အစ်မတို့ မရောင်းပေးလိုက်ဘူး….”
“ ဆိုတော့ သူတို့ပေါ့….” လင်းရီ ပြုံးလိုက်၏။
“ ဟုတ်တယ်… သူတို့ ပုံစံ ကြည့်ရသလောက်တော့ အတော်လေး အာဏာရှိကြတဲ့ပုံပဲ… ပြီးတော့ ကျိုးကြောင်းလည်း မညီညွှတ်ကြဘူး… ဒါကြောင့်မို့ မဆင်မခြင် မလုပ်နဲ့…. စကားနဲ့ပဲ ကောင်းကောင်းရှင်းပြလိုက်… မရရင်တော့ ရဲခေါ်လိုက်ပေါ့.. သူတို့ဘက်က လူတွေ အများကြီးဆိုတော့ မောင်ငယ်လေး ရန်ဖြစ်ရင် နင်ပဲ ခံရမှာ…”
“ အဲ့တာ အစ်မကြီး စိတ်ပူစရာ မလိုပါဘူး…သွားပြီးတော့ အသီးတွေ တင်တာကိုပဲ ကူညီပေးလိုက်…. ကျုပ် ဒီကောင်တွေကို ကိုင်တွယ်ထားလိုက်မယ်….”
“ မောင်ငယ်လေး… နင် ဂရုစိုက်ရမယ်နော်…”
“ မပူနဲ့… အဆင်ပြေတယ်…”
အမှန်တွင်တော့ မည်သည့် နယ်ခံကမျှ လင်းရီ၏ လုံခြုံရေးကို စိတ်ပူမနေချေ။ သူတို့ စိတ်ပူနေသည်က အကယ်၍ လင်းရီ ထိခိုက်ဒဏ်ရာ ရသွားပြီး အသီးဖိုး မပေးနိုင်မည်ကိုပင်။
လင်းရီ ရှီကျန်းချန်ကို ကြည့်လိုက်ပြီး “ မင်းက ဒီလူတွေရဲ့ အသီးကို အောက်ဈေးနဲ့ပေးတဲ့ကောင်ဆိုတာ ဟုတ်လား….”
“ မင်းက စောက်ရမ်းတွေ အံ့ဩဖို့ ကောင်းနေတယ်ပေါ့… ငါ လက်ဦးထားပြီးတာကိုတောင် မင်းက ဈေးအမြင့်ကြီးနဲ့ ဝယ်ဝံ့နေတယ်… ဘယ်မြေနိုးက……….”
ဖြောင်း…
ရှီကျန်းချန် စကားမဆုံးသေးခင် လင်းရီ ပါးဖြတ်ရိုက်၏။
“ မင်းစောက်စကားကို ဆင်ခြင်ပြီး ပြောစမ်း…. မင်းကိုယ်မင်း ဘယ်သူနဲ့ စကားပြောနေတယ် ထင်နေတာတုန်းကွ….”
ပါးရိုက်ခံလိုက်ရခြင်းကြောင့် ရှီကျန်းချန်မှာ ကြက်သေသေသွားခဲ့ပြီး အချိန်မှီ မတုံ့ပြန်နိုင်လိုက်ချေ။
ပုံမှန်ဆို သူကပဲ တခြားသူတွေကို ရိုက်နေကျလေ…. ဒီနေ့ကျမှ ဘာမဟုတ်တဲ့ စထွင်မာလေးက သူ့ကို တကယ်ကြီး လာရိုက်နေတာလား….
ယင်းက သူ့ကို အတော်လေး ရှုပ်ထွေးသွားစေခဲ့၏။
ပုံမှန်ဆို သူ့ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ရုပ်သွင်ပြင်နဲ့ သူ့နောက်လိုက်တွေရဲ့ အရှိန်အဝါတွေနဲ့ဆို စထွင်မာ ပေါက်စနလေးက ကြောက်ဒူးတုန်နေရမှာ မဟုတ်ဘူးလား…..
ထိုမြင်ကွင်းကို မြင်တော့ လိုက်စထွင်းထဲ၌ ကွန်းမန့်ဗုံးများ ပေါက်ကွဲထွက်လာတော့၏။
“ ဖက်… မျက်နှာဖုံး အစ်ကိုကြီးက သောက်ရမ်းမိုက်တယ်… အဲ့ရိုက်ချက်က တော်တော်လေး စိတ်အားရစရာကြီးပဲ….”
“ မျက်နှာဖုံးအစ်ကိုကြီးက ဒီလောက်ထိ လက်မြန်ခြေမြန် ရှိလိမ့်မယ်လို့ ဟိုကောင် ထင်ထားမှာ မဟုတ်လောက်ဘူး…”
“ ဒီကောင်တွေကတော့ သေတွင်းလာတူးနေကြတာပဲ… မျက်နှာဖုံး အစ်ကိုကြီးကို ဖိုးသူတော်လို့ ထင်နေကြလား မသိဘူး…”
ရှူးရှူးရှားရှားဖြစ်နေသည့် ရှီကျန်းချန်မှာ ရိုက်နှက်ခံလိုက်ရသည်ကို မြင်တော့ ရွမ်းဟုန်မြို့ရှိ ရွာသူရွာသားအပေါင်းမှာ ရှော့ခ်ရသွားကြလေသည်။
ဒီလူငယ်လေးက စကားပြော ချိုသာတဲ့ လူငယ်လေးပါဟ… ဒါပေမယ့် ဒီလောက်ထိ စိတ်ဆတ်လိမ့်မယ်လို့တော့ ထင်မထားဘူး..
စာအုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ တကယ်ပါပဲ…
စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှီကျန်းချန် အသိစိတ် ပြန်ကပ်လာပြီး “ မြေနိုး မင်း သေချင်နေတာလား… ငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ…”
ဘန်း….
လင်းရီ ရှီကျန်းချန်၏ ကိုယ်ကို ကန်ကျောက်ပြိး နောက်သို့ လွင့်ထွက်သွားစေလိုက်သည်။
တစ်ဖက်သူမှာ ရင်ဘက်ဖိရင်းဖြင့် နောက်သို့ ပက်လက်လှန်သွားခဲ့လေသည်။
ထိုအခါ ရှီကျန်းချန် ခေါ်လာခဲ့သည့် လူတိုင်း ရှော့ခ်ရစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့ ဒီနေ့ ဒီလာခဲ့ကြတာ သင်ခန်းစာပေးဖို့လေ… ခု သူတို့ဘက်က စတောင် မစရသေးဘူး သူတို့ ခေါင်းဆောင်ကြီးက ဒီစထွင်မာ ရိုက်နှက်တာချည်း ခံနေရတယ်…
ငါ -ိုးတဲ့မှ ဘာတွေ ဖြစ်နေတာတုန်းဟ….
“ မြေလူးတွေ… မင်းတို့ ကြည့်ကောင်းနေကြတာလားကွ… သူ့ကို သွားရိုက်ကြလေ….”
ထိုအခါ လူအယောက်နှစ်ဆယ်ခန့်မှာ လင်းရီကို ဝန်းရံလိုက်ကြပြီး တိုက်ခိုက်လို့ရမည့် အချိန်ကောင်းကို ရိပ်တကြည့်ကြည့် လုပ်နေကြတော့၏။
သူ့ရှေ့ရှိ ငကြောက် အုပ်စုကို မြင်တော့ လင်းရီ မနေနိုင်ပဲ ရယ်မောလိုက်ပြီး “ မင်းတို့ကောင်တွေ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ကောင်းမယ်နော… ငါမင်းတို့ကို အမှောက်သိပ်ပြီးတဲ့ အချိန်ကျရင် ပြန်ထနိုင်မယ်လို့ အာမ မခံပေးနိုင်ဘူး…”
“ ငိုးပဲ… ငါတို့ဘက်က ဒီလောက် လူအများကြီး ရှိနေတာကို ကြောက်စရာလားကွ… လူတိုင်းပဲ …. တက်…. “
ဦးဆောင် ဆော်ဩလိုက်သူကတော့ ရှီကျန်းချန်၏ ဒရိုက်ဘာဖြစ်သူပင်။ သူ အရင်ဆုံး ရှေ့သို့ ပြေးတက်လာခဲ့၏။
“ မင်းတို့လို ကြွက်သားပဲ ရှိပြီး ဦးနှောက်မရှိတဲ့ ကြီးပေါလောကြီးတွေလောက်ကတော့ အယောက်တစ်ရာဆိုလည်း ပေးတယ်…”
“ မင်း အတော့်ကို…… အာ့……….”
စကားဆုံးအောင် မပြောနိုင်မှီ လင်းရီ၏ ကန်ချက်ကြောင့် ညဉ်းသံပြု၍ နောက်သို့ လွင်စင်သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
“ ကဲ … နောက်တစ်ယောက် ဘယ်သူထပ်လာချင်သေးလဲ…” လင်းရီ ဖျော့တော့စွာ ပြုံး၍ မေးလိုက်၏။
ဤတစ်ကြိမ်တွင်တော့ ရှီကျန်းချန် ခေါ်လာခဲ့သည့် လူတိုင်း အရမ်းကာရော မပြုမူရဲကြတော့ချေ။
တစ်ချက်ကန် တစ်ယောက်မှောက်…
ဒီလောက် ခွန်အားကြီးနေမှတော့ ဘယ်ကောင်က သွားပြီး အသားနာခံချင်မှာ….
“ ဘာလို့ ဒီတိုင်းရပ်နေကြတာ…. ငါ့ကို ချဖို့ ချောင်းနေကြတာ မဟုတ်ဘူးလား….” လင်းရီ ပြောလိုက်၏။
အုပ်စုမှာ တုန်ယင်သွားခဲ့ပြီး ရှီကျန်းချန်အနားသို့ ပြန်လည် ဆုတ်ခွာသွားကြကာ “ ဘော့စ်ချန်… ကျွန်တော်တို့ ခု ဘာဆက်လုပ်ကြမှာ….”
“ ဘာလုပ်ရမှာ.. သွားပြီး အဲ့ကောင်ကို အမှောက်သိပ်လေ… ငါ သင်ပေးဖို့ လိုသေးတာလား….”
“ ဒါပေမယ့် အဲ့လူက ဒီလောက်သန်မာတာကို ကျွန်တော်တို့က သူ့ပြိုင်ဘက်မှ မဟုတ်တာ…..”
“ စောက်ပိန်းတွေ.. အဲ့တာဆိုလည်း အကုန်ပေါင်းချကြပေါ့ကွ… ဘာလို့ တစ်ယောက်ချင်းစီသွားပြီး အလှည့်ကျ အရိုက်ခံနေမှာ..”
ရှီကျန်းချန်၏ စကားလုံးများက လူအုပ်ကြီးကို တစ်ဖန် ယုံကြည်မှု ရှိသွားစေသည်။
ကျားတစ်ကောင်ပင် ဝံပုလွေတစ်အုပ်ကို မရင်ဆိုင်ဝံ့ဟု သူတို့ မြဲမြံစွာ ယုံကြည်ထားကြ၏။
သူတို့ဘက်က မည်သည့် အခွင့်အရေးမျှမပေးဘဲ စုပေါင်းတိုက်ခိုက်ကြမည်ဆိုပါက ထိုလူကို သေချာပေါက် အနိုင်ယူနိုင်ပေမည်။
လင်းရီ စိတ်မရှည်စွာ နားကလော်ရင်း ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာခဲ့၏။ သို့သော်လည်း ရှီကျန်းချန်၏ မည်သည့် တပည့်တပန်းကမျှ မတိုက်ခိုက်ဝံ့ကြချေ။
သူတို့အားလုံး နှလုံးခုန် မြန်ဆန်နေကြပြီး မျက်လုံးထဲတွင်လည်း အကြောက်တရားတို့ဖြင့် ပြည့်နှက်နေခဲ့ကြ၏။
လင်းရီ၏ ကိုယ်မှ ထုတ်လွှတ်နေသည့် အရှိန်အဝါ လှိုင်းတံပိုးကြီးက သူတို့ကို နစ်မွန်းစေပြီး ခြေလှမ်းလှမ်းခွင့်မရအောင် ဖိနှိပ်ထားလေသည်။
လင်းရီ အနားသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်တော့ သူတို့ အားလုံး အစွမ်းကုန် ရုန်းထွက်ပြီး ခပ်ဝေးဝေး ဆုတ်ခွာသွားကြတော့၏။
လင်းရီ ခါးကိုင်း၍ ရှီကျန်းချန်၏ မျက်နှာကို ခပ်ဆတ်ဆတ်ရိုက်လိုက်ပြီး “ တကယ်လို့ မနက်ဖြန် နေထွက်တာ မြင်ချင်သေးတယ်ဆိုရင် မင်းရဲ့ ငကြောက် အပေါင်းအပါတွေကို ခေါ်ပြီး ဒီကနေ ထွက်သွားလိုက်တော့… မင်းတို့ကောင်တွေက ငါ့ပြိုင်ဘက် မဟုတ်ဘူး…”
“ မင်း… မြေလူး…”
ရှီကျန်းချန် မကျေနပ်နိုင်သေးချေ။ သို့သော်လည်း လင်းရီမှာ သူ့ကို ပြီးဆုံးအောင် ပြောရန် အခွင့်အရေး မပေးဘဲ မေးစေ့ကို ခြေထောက်ဖြင့် ပင့်ကန်လိုက်၏။
အဆိုပါ ကန်ချက်က သွားတစ်ဝက်လောက်ကို ကျွတ်ထွက်သွားစေခဲ့ပြီး မေးရိုးကြီး ကျိုးအက်သွားစေခဲ့တော့သည်။
“ မင်းတို့ကောင်တွေကော... ချမှာလား … မချဘူးလား…” လင်းရီ ပြုံးစစ ဆိုလိုက်၏။
“ မ.. မချတော့ပါဘူး…”
“ မချတော့ရင်လည်း လစ်လေ… ဒီမှာ ဘာဆက်လုပ်နေတာ… ငါမင်းတို့ကို ထမင်းစားဖိတ်မှာ စောင့်နေတာလား….”
“ မ.. မဟုတ်တာ… ကျုပ်တို့ ခုသွားနေပါပြီ….”
ကသောင်းကနင်း ဖြစ်စွာဖြင့် ရှီကျန်းချန်တို့ အပေါင်းအပါ တစ်သိုက်မှာ ကားထံသို့ ခွေးပြေးဝက်ပြေး ပြေးသွားကြပြီး ရွှမ်းဟုန်မြို့မှ အမြန်ဆုံး ထွက်ခွာသွားကြတော့၏။
“ အိုကေ… ခု အလုပ်ဆက်လုပ်လို့ရပြီ…”
လင်းရီ ရှီကျန်းချန်တို့အား ကိုင်တွယ်လိုက်သည်ကို မြင်တော့ ရွှမ်းဟုန်မြို့ရှိ ရွာသူရွာသားများမှာ ပို၍ နာခံလာကြလေသည်။
“ အစ်ကိုရီ…. ခု လိုက်စထွင်းထဲမှာ အတော်လေး ပွက်လာရိုက်နေကြပြီ… မိန်းကလေးတွေ အကုန်လုံးက ရှင်နဲ့ လက်ထပ်ပြီး ကလေးမွေးပေးချင်လို့တဲ့…”
“ အဲ့တာဆို သူတို့ကို အခွင့်အရေး ပေးလိုက်လို့ ဘယ်ဖြစ်မှာ…” လင်းရီ ပြုံးပြီးနောက် ကျန်းရှောင်ယွီ၏ ပခုံးကိုပုတ်ကာ “ ရှောင်းယွီ ... ငါခု ကျိုးဟိုင်ကို အရင်ပြန်နှင့်တော့မယ်…. ခုက စပြီး မင်းက ဒီနေရာရဲ့ တာဝန်ရှိသူပဲ… တကယ်လို့ ခုနကလို အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် ဝေးဝေးသာရှောင်နေလိုက်… ဘာ ဒဏ်ရာမှ မရစေနဲ့… ပြီးရင် ငါ မင်းကိုယ်စား ကိုင်တွယ်ပေးမယ်… နားလည်လား... ”
“ အွန်း အွန်း… နားလည်ပြီ…”
ညွှန်ကြားချက် တစ်ချို့ ပေးပြီးနောက် လင်းရီ မွန်းလွဲလေယာဉ်နှင့်အတူ ကျိုးဟိုင်သို့ ပြန်ရောက်လာကာ ကျီချင်းရန်အား အလုပ်မှ သွားကြိုလိုက်၏။
“ နင် နောက် သုံးလေးရက်လောက်နေရင် လူမှုဖူလုံရေးအတွက် လိုက်စထွင်းလုပ်မှာမလား… ခု ပြင်ဆင်တာ အခြေအနေ ဘယ်လိုရှိလဲ…” ကျီချင်းရန်မှ ညစာစားရင်း မေးလိုက်၏။
“ အကုန်လုံး အဆင်ပြေပါတယ်.. ထွေထူးပြဿနာတွေတော့ မရှိပါဘူး…”
ကျီချင်းရန် လက်တစ်ဖက်ဖြင့် မေးထောက်လျက် လင်းရီကို ပြုံးပြလိုက်ရင်း “ ငါ ကူညီပေးနိုင်တာတွေကော မရှိဘူးလား… ဥပမာ နင် စထွင်းတဲ့ အချိန် နင့်ဘေးနား ရပ်နေပေးတာမျိုးလေ….”
“ မင်းကိုယ်မင်း ဟန်ပြ မော်ဒယ် လုပ်ပေးမယ်လို့ ပြောနေတာလား…”
“ ဟုတ်တယ်လေ… ပြီးရင် ငါ မိနီစကတ်လေး ဝတ်လိုက်မယ်… ပေါင်အထိ ရောက်တဲ့ စကတ်နဲ့ဆို တော်တော်လေး အလုပ်ဖြစ်မယ် မထင်ဘူးလား…”