ပန်ရှင်း ပြန်လာခြင်း
Vol. 67 Ch. 714
ရွှမ်ချင်းကျွင်း စကားပြောလို့ ပြီးတဲ့အခါ ဟန်ကျွယ်က ပြောလိုက်ပါတယ် “တကယ်တော့ မင်းတို့တွေ အစီရင်ခံစရာ မလိုပါဘူး၊ ငါ အကုန်လုံးကို သိပြီးပြီ”
နတ်မိမယ်ရှီရွှမ်တို့ ငါးယောက်ဟာ မှင်တက်သွားပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုစွမ်းအားကို မလေးစားဘဲ မနေနိုင်ပါဘူး။ မယ်တော်ဂိုဏ်းက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ အဝေးကြီးပါ။ ဒါကို ဟန်ကျွယ်က အကုန်လုံး သိနိုင်တယ်ဆိုတော့ တကယ်လည်း လေးစားလောက်ပါတယ်။
“မင်းတို့တွေ ပြန်လာပြီဆိုတော့ ငါ တာအိုဟောကြားပေးမယ်”
လီယောင်တို့ ငါးယောက်ဟာ ပျော်ရွှင်သွားပြီး ခေါင်းညိတ်လိုက်ပါတယ်။
အန္တိမမူလ မဟာတာအိုဟာ တာအိုဘုံကျောင်းကို လွှမ်းခြုံသွားပါတယ်။
နှစ်ငါးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဟောကြားတာကို အဆုံးသတ်ပြီး ရွှမ်ချင်းကျွင်းတို့ ငါးယောက်ကို အနားယူစေပါတယ်။
လီယောင်ကတော့ တာအိုဘုံကျောင်းထဲမှာ နေထိုင်ခဲ့ပါတယ်။ ကျန်တဲ့လေးယောက်ဟာ ဒါကို မမြင်ချင်ယောင်ဆောင်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။
လီယောင်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်မ ဂိုဏ်းချုပ်နေရာကို လင်းအာဆီ လွှဲချင်တယ်၊ ကျွန်မ ပြန်လာပြီး ကျင့်ကြံအားထုတ်ချင်တယ်၊ ကျွန်မကို ဒီထက် စွမ်းအားကြီးလာအောင် ကူညီပေးပါလား၊ ကျွန်မ ကောင်းကင်တာအိုမှာပဲ မရပ်တန့်ချင်ဘူး”
“မင်းရဲ့ဘိုးဘေးက အိပ်မက်ပေးလို့လား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် လီယောင်ဟာ တစ်ခဏ ကြက်သေသေသွားပါတယ်။
“ဘိုးဘေးက ကျွန်မကို ကျင့်ကြံဖို့ သင်ကြားပေးတယ်၊ ကျွန်မ စွမ်းအားကြီးလာရင် အဆုံးသတ် အပျက်အစီး နတ်ဘုံကိုလာပြီး သူ့ကို ကူညီပေးစေချင်နေတယ်... ရှင်က ဘိုးဘေး အိပ်မက်ပေးတာကို သိနိုင်တယ်ဆိုတော့ ဘိုးဘေးထက် စွမ်းအားပိုကြီးတယ်မလား...”
လီယောင်ဟာ လီဇီဇိုင်ကို မေးခဲ့ဖူးပါတယ်။ ဒီအိပ်မက်ပေးတာကို တစ်ယောက်ယောက်က ရှာတွေ့သွားမလား ဆိုပြီးတော့ပေါ့။ အဲဒီတုန်းက လီဇီဇိုင်ဟာ ဒီအိပ်မက်ကို တစ်ယောက်မှ ရှာမတွေ့နိုင်ဘူးဆိုပြီး ယုံကြည်မှုအပြည့်နဲ့ အဖြေ ပြန်ပေးခဲ့ပါတယ်။
“အင်း.. လီဇီဇိုင်က လွတ်လပ် တာအိုပညာရှိပဲဟာ... ငါ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ ဒီစကားကို တမင်ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ပါတယ်။ လီယောင်က သူ့အပေါ် မျက်နှာသာပေးမှု ကြယ်ခြောက်ပွင့် ရှိတယ် ဆိုပေမဲ့ လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိပါတယ်။ ဟန်ကျွယ်ဟာ လီယောင်က သူ့ကို ဆန့်ကျင်မှာကို မလိုလားပါဘူး။
လီယောင်က ပြောလိုက်ပါတယ် “ရှင်က တကယ်ကို စွမ်းအားကြီးတာပဲ၊ ဒါကြောင့်လည်း ကျွန်မ ပြန်လာတာ၊ ကျွန်မ ဘိုးဘေးနဲ့ သိပ်ပြီး နီးနီးကပ်ကပ် မနေချင်ဘူး၊ ကျွန်မ လီယောင် ဒီနေ့ ဒီနေရာကို ရောက်လာတာက ဘိုးဘေးရဲ့ သွေးစည်းကို မှီခိုပြီး ရောက်လာတာ မဟုတ်ဘူး၊ ရှင့်ကျေးဇူးနဲ့ ရောက်လာတာ”
အတိတ်မှာတုန်းက လီယောင်ရဲ့ မိသားစုဟာ အကျိုးအမြတ်အတွက် လီယောင်ကို တခြားမိသားစုနဲ့ လက်ထပ်ပေးခဲ့ပါတယ်။ လီယောင်ဟာ လက်ထပ်ပွဲကို ဆန့်ကျင်ပြီး ထွက်ပြေးခဲ့တဲ့အတွက် နောက်ကနေ လိုက်ဖမ်းတာကို ခံခဲ့ရပါတယ်။ လီယောင် မျှော်လင့်ချက် ကင်းမဲ့နေတဲ့အချိန်မှာ ဟန်ကျွယ်က ကူညီပေးခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် လီယောင် လက်ထပ်ပွဲကို သဘောတူခဲ့ရင်တောင် ပြီးခဲ့တဲ့ကပ်ဘေးမှာ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါက မင်း မင်းဘိုးဘေးနဲ့ ထွက်ပြေးသွားမယ် ထင်နေတာ”
လီယောင်ဟာ ခေါင်းခါလိုက်ပါတယ် “မဖြစ်နိုင်တာ... ဘိုးဘေးရဲ့ တာအိုပညာရပ်က သာမန်ပဲ၊ သူက ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်၊ လီမိသားစုမှာ ကျွန်မလိုမျိုး တပည့်ဘယ်နှယောက် ရှိနေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
လီယောင်ဟာ ဟန်ကျွယ်ကို ထပ်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ် “ကျွန်မ ပိတ်ဆို့မှုကို ရောက်နေပြီလို့ ခံစားရတယ်၊ တာအိုရယူဖို့ နည်းလမ်းရှိလား... ဒါပေမဲ့ ကျွန်မ ကောင်းကင်တာအို ပညာရှိ မဖြစ်ချင်ဘူး၊ ကျွန်မ ရှင်လျှောက်တဲ့လမ်းကို လျှောက်ချင်တယ်”
တာအိုပညာရှိအတု အဆင့်က ၉၉ ရာခိုင်နှုန်းသော ပါရမီရှင်တွေရဲ့ မျက်နှာကျက်ပါ။ သူတို့တွေဟာ သူတို့တစ်ဘဝလုံး နောက်ထပ် ခြေတစ်လှမ်း မလှမ်းနိုင်ကြတော့ပါဘူး။
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ရှိတယ်၊ ဒါပေမဲ့ အလွန်တရာ နာကျင်ရလိမ့်မယ်၊ နောက်ပြီး မင်းငါ့ကို အကြွင်းမဲ့ သစ္စာရှိပြီး ဘယ်တော့မှ သစ္စာမဖောက်မှ ဖြစ်လိမ့်မယ်”
လီယောင်ရဲ့ မျက်လုံးတွေဟာ ဝင်းလဲ့တောက်ပသွားပါတယ် “ကျွန်မ နာကျင်မှုကို မကြောက်ဘူး၊ သစ္စာရှိတာအတွက်တော့ ကျွန်မက ရှင့်အပိုင် ဖြစ်နေပြီပဲ၊ ကျွန်မက ဘယ်လိုလုပ်ပြီး ရှင့်ကို သစ္စာဖောက်မှာလဲ”
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “နောက်ကျလို့ လီဇီဇိုင် အိပ်မက်ပေးရင် အလိုက်သင့် ဆက်ဆံပြီး သူဘာလိုချင်လဲဆိုတာကို စုံစမ်းကြည့်ချည်၊ ဒါပေမဲ့ မင်း တိတ်ဆိတ်ဂိုဏ်း တပည့်တွေကိုတောင် ထိခိုက်အောင် မလုပ်ရဘူး၊ ငါပြောတာ နားလည်လား...”
လီယောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
လီယောင်ဟာ မတ်တတ်ရပ် ရှေ့တိုးပြီး အဝတ်အစားတွေ ချွတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်း ဘာလုပ်နေတာလဲ၊ ငါ မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး”
“ကျွန်မက ကျွန်မရထားတဲ့ ကျင့်စဉ်တစ်ခုကို စမ်းကြည့်ချင်လို့ပါ၊ ရှင်လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်နဲ့အတူ ကျင့်ကြံရင် ဘယ်လိုများနေမလဲ မသိဘူး”
လီယောင်ရဲ့ စကားကြောင့် ဟန်ကျွယ်ရဲ့ မျက်မှောင်တွေဟာ ပြေလျော့သွားပါတယ်။ ဟန်ကျွယ်ဟာ တခြားလူတွေကို အတင်းဖိအားပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မိန်းကလေးဘက်က အရင်စလာရင်တော့ ဟန်ကျွယ်က ယဉ်ကျေးနေမှာ မဟုတ်ပါဘူး။ မကြာမကြာ အပန်းဖြေတာကလည်း မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
နောက်ဆက်ဖြစ်တဲ့ကိစ္စကတော့...
မျက်တောင်တစ်ခတ်အတွင်း ခြောက်လ ကုန်သွားပါတယ်။
လီယောင်နဲ့ ဟန်ကျွယ် နှစ်လလောက် ကစားပြီးတဲ့အချိန်မှာ ရွှမ်ချင်းကျွင်း ထပ်ရောက်လာပြီး နောက်ထပ် လေးလာကြာအာင် မြူးထူးပျော်ပါး ကစားကြပါတယ်။ ဒီအတောအတွင်း ရွှမ်ချင်းကျွင်းက ကိုယ်ဝန်ဆောင်ချင်ပေမဲ့ ဟန်ကျွယ်က ရွှမ်ချင်းကျွင်းရဲ့ တောင်းဆိုချက်ကို ငြင်းဆန်လိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ရဲ့ သားတောင် ခုထိ မမွေးသေးတဲ့အတွက် ဟန်ကျွယ်ဟာ အခုအချိန်မှာ နောက်ထပ် ပြဿနာတစ်ခု ထပ်မဖန်တီးချင်ပါဘူး။ နောက်ကျရင်တော့ တစ်မျိုးပေါ့။
ရွှမ်ချင်းကျွင်းဟာ ရှင်းဟုန်ရွှမ်ရဲ့ အခြေအနေကို သိတဲ့အတွက် ဆက်ပြီး မတောင်းဆိုတော့ပါဘူး။
ဟန်ကျွယ်ဟာ ဂူအောင်းမကျင့်ကြံခင် လီယောင်နဲ့ ရွှမ်ချင်းကျွင်းကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက် ရွှေ့လိုက်ပါတယ်။ သူတို့နှစ်ယောက်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်လာပြီး ကျင့်ကြံဖို့ အစီအစဉ်ရှိပေမဲ့ အဲဒီမတိုင်ခင် မယ်တော်ဂိုဏ်းအတွက် ဆက်ခံသူကောင်းတစ်ယောက် ရှာရပါဦးမယ်။
နောက်ထပ် နှစ်ငါးထောင်ကြာရင် သူတို့တွေ ပြန်လာမှာပါ။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံမှုကို အာရုံစိုက်လိုက်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။
ပန်ရှင်း၊ ကျင်းရှန်နဲ့ ဧကရာဇ်ရှောင်တို့ဟာ ခန်းမထဲမှာ စုဝေးနေကြပါတယ်။ ပန်ရှင်းနဲ့ ကျင်းရှန်ဟာ မောပန်းနွမ်းလျနေကြပါတယ်။ ဧကရာဇ်ရှောင်ဟာ ပန်ရှင်းကို စိုက်ကြည့်ပြီး ချီတုချတုံ ဖြစ်သွားပါတယ်။
ဧကရာဇ်ရှောင်ဟာ ပန်ရှင်းကို ဟန်ကျွယ်ရဲ့ စွမ်းအားအကြောင်း ပြောပြချင်နေတာပါ။ ဒါပေမဲ့ ပန်ရှင်းကို ထိခိုက်မှာလည်း စိုးရိမ်နေပါတယ်။ ပန်ရှင်းက လက်မခံဘဲ ဟန်ကျွယ်ကို သွားစိန်ခေါ်ရင် ကောင်းကင်တာအိုအတွက် ကျိန်းသေပေါက် ကပ်ဘေးတစ်ခု ဖြစ်လာမှာပါ။
ဧကရာဇ်ရှေင်ဟာ သူ့အမြင်နဲ့သူ ရှိပါတယ်။ ဧကရာဇ်ရှောင်ဟာ အာဏာအတွက် တိုက်ခိုက်ပေမဲ့ ကောင်းကင်တာအို ဘေးကင်းဖို့က သူ့အတွက် ပထမဦးစားပေးပါ။
ပန်ရှင်းက ပြောလိုက်ပါတယ် “ပဋိပက္ခရဲ့ အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်၊ ဒီအတောအတွင်း အင်အားစုကြီးတစ်စု ပေါ်လာပြီး ပဋိပက္ခကို လိုက်သိမ်းပိုက်နေတယ်၊ ပဋိပက္ခ ကောင်းကင်လမ်းလည်း ခြိမ်းခြောက်ခံနေရတယ်၊ ဒီကိစ္စက အခြေအနေ သိပ်မကောင်းဘူး၊ တာအိုရောင်းရှင်းရှောင် မိစ္ဆာတွေကို စုစည်းပြီး ပဋိပက္ခ ကောင်းကင်လမ်းကို စောင့်ကြပ်ခိုင်းလို့ရမလား”
မိစ္ဆာ မျိုးနွယ်စုက အမြဲတမ်း ရှိနေခဲ့တာပါ။ ကောင်းကင်တာအိုထဲမှာ အစုလိုက်အပြုံလိုက် မပေါ်လာရုံ တစ်မယ်ပါ။
ဧကရာဇ်ရှောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါ့လက်အောက်က မိစ္ဆာတွေထဲမှာ တာအိုပညာရှိ မရှိဘူး၊ သူတို့က ဘယ်လိုလုပ်ပြီး ပဋိပက္ခ ကောင်းကင်လမ်းကို စောင့်ကြပ်နိုင်မှာလဲ”
ပန်ရှင်းက လက်ဝှေ့ယမ်းလိုက်ပါတယ် “အရင်ဆုံး စီစဉ်ထားလိုက်... ငါ ဒီကိစ္စကို တခြားတာအိုပညာရှိတွေနဲ့ ဆွေးနွေးဦးမယ်”
အဲဒီနောက် ပန်ရှင်းဟာ ဧကရာဇ်ရှောင်ကို ငြင်းဆန်ဖို့ အခွင့်အရေး မပေးဘဲ နေရာကနေ ထကာ ထွက်ခွာသွားပါတယ်။
ပန်ရှင်း စကြဝဠာခန်းမဆီ ဦးတည်သွားချိန်မှာ ဧကရာဇ်ရှောင်ဟာ ဘယ်လိုမှ မျိုသိပ်မထားနိုင်တော့ဘဲ ဟန်ကျွယ်ရဲ့ စွမ်းဆောင်မှုကို ကျင်းရှန်သိအောင် ပြောပြလိုက်ပါတယ်။ ကျင်းရှန်ဟာ ဟန်ကျွယ်ရဲ့ စွမ်းအားအကြောင်းကို ကြားသိရချိန်မှာ မျက်နှာ အကြီးအကျယ် ပြောင်းသွားပေမဲ့ အလန့်တကြား မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်အပေါ်ထားရှိတဲ့ ပန်ရှင်းရဲ့ သဘောထားကို သိပြီးတာမလို့ပါ။
ဘာပဲဖြစ်ဖြစ် ရန်သူ ဖြစ်လာမှာ မဟုတ်တဲ့အတွက် အထိတ်တလန့် ဖြစ်စရာ မလိုပါဘူး။
“ဟန်ကျွယ်ကို ကျွန်တော်တို့တွေ ယှဉ်ပြိုင်သူတစ်ယောက်အနေနဲ့ မကြည့်သင့်ဘူး၊ ဒါကလည်း တာအိုရောင်းရင်းပန်ရဲ့ သဘောထားပဲ”
ကျင်းရှန်ရဲ့ စကားကြောင့် ဧကရာဇ်ရှောင်ဟာ နှလုံးလှုပ်သွားပါတယ် ‘ပန်ရှင်းက ဘက်ပြောင်းသွားတာလား... ဒီအခြေအနေက အရမ်းရင်းနှီးနေသလိုပဲ...’
အရင်တုန်းက ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ကောင်းကင်အရှင်ဝူဖာနဲ့ တခြားတာအိုပညာရှိတွေလည်း အတူတူပါပဲ။ ဟန်ကျွယ် ကောင်းကင်တာအိုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဝင်ပါတိုင်း စောဒကတစ်ချက် မတက်ဘဲ သဘောတူကြတာချည်းပါပဲ။
ဧကရာဇ်ရှောင်ရဲ့ မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေ အကုန်လုံးထဲမှာ သူတစ်ယောက်ပဲ ဟန်ကျွယ်နဲ့ မရင်းနှီးတာကို ရုတ်တရက် ခံစားမိလိုက်လို့ပါ။
ဟန်ကျွယ်က အပေါ်ယံ မြင်နေရသလို မရိုးရှင်းဘူးဆိုတာကို ဧကရာဇ်ရှောင် သိပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တိုးတက်ပြောင်းလဲမှုတွေက ရည်မှန်းချက် ဘယ်လောက်ကြီးတယ်ဆိုတာကို လုံးဝ ဖော်ပြနေပါတယ်။
ကျင်းရှန်ဟာ ဧကရာဇ်ရှောင် မျက်နှာပြောင်းသွားတာကို ကြည့်ပြီး ဧကရာဇ်ရှောင် ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ မနှစ်သိမ့်ပေးပါဘူး။
ကျင်းရှန်အတွက် ပန်ရှင်းနောက် လိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ ပန်ရှင်း ဘာလုပ်လုပ် နောက်ကနေ လိုက်မှာပါ။ တခြားတာအိုပညာရှိတွေက သူ့ကို စွန့်ပစ်ရင်တောင်မှပေါ့။ တာအိုပညာရှိ အသိုင်းအဝန်းထဲမှာ ဟန်ကျွယ်ရဲ့ အင်အားစုက သူ့ကို တစ်ခါမှ မဖိနှိပ်ခဲ့ပါဘူး။
ပန်ကူးခန်းမဟာ တိတ်ဆိတ်သွားပါတယ်။ တာအိုပညာရှိနှစ်ပါးဟာ ကိုယ့်ကိစ္စကိုယ် တွေးတောနေကြပါတယ်။
အမှောင်ထုထဲမှာ ကျောက်စိမ်း လှေကားထစ်တွေဟာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး တည်ရှိနေပါတယ်။ ဟန်ထော်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ်နောက်က ပါလာပါတယ်။ ဟန်ထော်ဟာ ငွေရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး အရင်အတိုင်းပဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒေါင်လိုက် မျက်လုံးနှစ်လုံးကတော့ ဟန်ထော်ရဲ့ နဖူးပေါ်မှာ လုံးဝ မတွေ့မြင်ရပါဘူး။
“အရှင်မင်းကြီး... ကျွန်တော်တို့တွေ ဘယ်သူကို သွားတွေ့မှာလဲ” ဟန်ထော်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ဟန်ထော်ဟာ တာအိုပညာရှိ ဖြစ်သွားပြီမို့ သူ့အာရုံက အသွင်ပြောင်းလဲသွားပါပြီ။ ပဋိပက္ခက ဟန်ထော်ရဲ့ မျက်လုံးထဲမှာ မြူးမြူးကြွကြွ ရှိနေပြီး အရာအားလုံးက အသစ်အတိုင်းပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ငါ့ရဲ့ စီနီယာတစ်ယောက်ဆီ သွားလည်မှာ၊ သူ့ကျေးဇူးကြောင့် ငါ ကောင်းကင်ရုံးတော်ကို တည်ထောင်နိုင်တာ”
“အရင်စီနီယာလား...”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒီစီနီယာကို မတွေးနဲ့၊ အဲဒီစီနီယာက ပဋိပက္ခတိုက်ပွဲတွေကနေ လွတ်မြောက်သွားတာ ကြာလှပြီ၊ ငါတို့ အခုသွားတွေ့မဲ့ စီနီယာက ပဋိပက္ခနတ်ဘီလူးတစ်ပါး...”
မြန်မာပြည် ငြိမ်းချမ်းပါစေ။