← Chapters

နတ်ဘီလူး ခန္ဓာစစ်

Vol. 67 Ch. 715

နတ်ဘီလူး ခန္ဓာစစ်

Vol. 67 Ch. 715

‘ပဋိပက္ခ နတ်ဘီလူးလား...’ ဟန်ထော်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ စီနီယာအကြောင်းကို ပိုသိချင်သွားပါတယ်။

ဟန်ထော်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှေ့ဆက်လျှောက်ကြပါတယ်။ အချိန်တစ်ခုကြာအောင် လမ်းလျှောက်ပြီးတဲ့ နောက်မှာတော့ ကျောက်စိမ်းလှေကားထစ်တွေပေါ်မှာ အလင်းတံခါးတစ်ခု ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အလင်းတံခါးကို အသာတွန်းဖွင့်ပြီး ဝင်လိုက်ပါတယ်။ ဟန်ထော်လည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကနေ ထက်ကြပ်မကွာ လိုက်ဝင်လိုက်ပါတယ်။

ဟန်ထော်ဟာ ဖျတ်ခနဲ ဖြစ်သွားပြီး မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ သူ့ရှေ့မှာ အလွန်တရာ ကြီးမားတဲ့ ပလ္လင်တစ်ခု ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဟန်ထော်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ဗလာကျင်းနေတဲ့ ခန်းမတစ်ခုကို တွေ့မြင်လိုက်ရပြီး ကျောက်သားတိုင်တွေက ပေတစ်သောင်းကျော် မြင့်မားပြီး အလွန်ကြီးမားတာကို တွေ့လိုက်ရပါတယ်။ ခန်းမရဲ့ အထက်မှာတော့ တလက်လက် တောက်ပနေတဲ့ ကြယ်တာရာ ကောင်းကင်ပြင် ရှိနေပါတယ်။

ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို မေးခွန်းမေးဖို့ ပြင်လိုက်စဉ်မှာပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ရုတ်တရက် ဦးညွှတ်တာကို တွေ့လိုက်ရတဲ့အတွက် ဟန်ထော်လည်း လိုက်ဦးညွှတ်လိုက်ပါတယ်။

“မဆိုးဘူး... သူက ပဋိပက္ခ နတ်ဘီလူး မဟုတ်ပေမဲ့ ပဋိပက္ခနတ်ဘီလူးနဲ့ ယှဉ်နိုင်တဲ့ သွေးစည်း အလားအလာ ရှိတယ်၊ ကောင်းကင်တာအို ဟန်ကျွယ်က တကယ် အထင်ကြီးဖို့ ကောင်းတာပဲ”

ကျယ်လောင်ပြီး ရှည်လျားတဲ့အသံဟာ ဟန်ထော်ရဲ့ နှလုံးသားကို လှုပ်ခါသွားစေပါတယ်။ ဟန်ထော်ဟာ စိတ်ထဲမှာ ထိတ်လန့်သွားပြီး ပဋိပက္ခနတ်ဘီလူးကို ကြည်ညိုလေးစားသွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ထော်အာရဲ့ အရည်အချင်းက တကယ်ကို အထင်ကြီးဖို့ ကောင်းတာ၊ ကျွန်တော်တို့ ကောင်းကင်ရုံးတော်က အရပ်ဆယ်မျက်နှာမှာ တိုက်ခိုက်ဖို့ သူ့ကို လိုသေးတယ်၊ ကျွန်တော် စီနီယာကို ဒီတစ်ခါ လာရှာတာကို ထော်အာကို နတ်ဘီလူးခန္ဓာကိုယ် သင်ကြားပေးစေချင်လို့ပါ၊ အနှစ်ချုပ်ရရင် ထော်အာက ပဋိပက္ခနတ်ဘီလူး ဖြစ်နေပြီ၊ ပဋိပက္ခ နတ်ဘီလူးတိုင်းမှာ သူတို့ကိုယ်ပိုင် ခန္ဓာစစ်ရှိတယ်လို့ ပြောကြတယ်၊ သူတို့ရဲ့ ခန္ဓာစစ်ကို နိုးထပြီးရင် သူတို့ရဲ့ စွမ်းအားက ဆတိုး တိုးတက်သွားတယ်တဲ့၊ ဒီကိစ္စကို ကျွန်တော် မတတ်နိုင်လို့ စီနီယာကို လာရှာရတာပါ”

ဟန်ထော်ဟာ တာအိုရယူတုန်းက သူ့ခန္ဓာစစ်ကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ထပ်ပြီးတော့ မပြောင်းနိုင်သေးပါဘူး။

“ဟီးဟီး... ရတယ်၊ ဒါပေမဲ့ ငါတို့တွေ ဆက်ဆံရေးကို ပိုရှင်းအောင် မလုပ်သင့်ဘူးလား”

“အနာဂတ်မှာ စီနီယာရဲ့ မဟာတာအိုကို ကောင်းကင်ရုံးတော်ထဲမှာ ဖြန့်ကြက်နိုင်တယ်၊ တကယ်လို့ စီနီယာ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ကျွန်တော်က အကောင်းဆုံးကြိုးစားပြီး ကူညီပေးမယ်၊ ဒါပေမဲ့ ကျွန်တော်ရဲ့ စည်းမျဉ်းတွေကို မဆန့်ကျင်ရဘူး၊ အစကပြောထားတဲ့ အကောင်းစား ရတနာကိုတော့ ကောင်းကင်ရုံးတော်က အကောင်းဆုံး ကြိုးစားပြီး ရှာဖွေပေးမယ်”

ပဋိပက္ခနတ်ဘီလူးက ချက်ချင်း ပြန်မဖြေတဲ့အတွက် ခန်းမဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ထော်ဟာ စိတ်လေးသွားပါတယ်။ ကြည့်ရတာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ပဋိပက္ခ နတ်ဘီလူးက သူထင်ထားသလို သိပ်မရင်းနှီးသလိုပါပဲ။

“ဒီကလေးက ငါ့အမွေကို လိုချင်တယ်ဆိုရင် အနာဂတ်မှာ ငါ့အတွက် တာအိုပညာရှိတစ်ပါးကို သတ်ပေးရမယ်”

ပဋိပက္ခနတ်ဘီလူးရဲ့ စကားကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ထော်ဟာ မနေနိုင်ဘဲ ဝင်ပြောလိုက်ပါတယ် “ဘယ်သူ့ကို သတ်ပေးရမှာလဲ၊ ကျွန်တော်အဖေကိုတော့ ပြန်မသတ်နိုင်ဘူး”

ဟန်ထော်ဟာ ဒီလိုမြင်ကွင်းမျိုးကို အများကြီး မြင်ဖူးပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများက သူတို့ရန်သူကို ဒီလိုမျိုးကြံစည်ပြီး သူတို့မိသားစုကို သစ္စာဖောက်အောင် လုပ်တတ်ကြပါတယ်။

“ဟားဟား... အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါက ဖုံးကွယ် မဟာတာအို နတ်ဘီလူး၊ ငါ မဟာတာအိုကို ရထားတာ နှစ်ပေါင်းဘီလီယံချီပြီ၊ မင်းအဖေ ဟန်ကျွယ်က အခုမှ မဟာတာအိုအဆင့်ကို ရောက်တာ၊ ငါသာ သူနဲ့ ရန်သူ ဖြစ်ချင်တယ်ဆိုရင် ငါ့ဘာသာငါ တိုက်ခိုက်မှာပေါ့၊ နောက်ပြီး ငါနဲ့ ဟန်ကျွယ်နဲ့က ဘာရန်ငြိုးရန်စမှ မရှိဘူး၊ ငါသတ်ချင်တဲ့ တာအိုပညာရှိက အဆုံးသတ် အပျက်အစီးနတ်ဘုံကပဲ၊ သူက ကောင်းကင်တာအိုရဲ့ ရန်သူလည်း ဟုတ်တယ်”

ပဋိပက္ခ နတ်ဘီလူးရဲ့ စကားကြောင့် ဟန်ထော်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ကျွန်တော် တောင်းပန်ပါတယ်၊ ဒီကလေးက မစဉ်းစားမဆင်ခြင်ဘဲ ပြောမိလိုက်တယ်၊ သူ့ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ အဲဒီတာအိုပညာရှိက ဘယ်သူလဲဆိုတာကို ပြောပြပေးလို့ရမလား”

“ဟွန်း... မင်းကို ပြောလို့ ဘာမှမဖြစ်ဘူး၊ ငါသတ်ချင်တဲ့လူက ဘိုးဘေးမှော်ပညာရှိ သိကျန်းပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှလုံးလှုပ်သွားပါတယ်။

ဟန်ထော်ကတော့ ဘာမှမတုံ့ပြန်ပါဘူး။ ဟန်ထော်ဟာ သိကျန်းရဲ့ ဒဏ္ဍာရီတွေကို ကြားဖူးပေမဲ့ သိကျန်းကို မသိပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “သိကျန်းက ပန်ကူးနဲ့ ရန်သူ ဖြစ်ချင်တာဆိုတော့ သူ့ကိုယ်စား ကျွန်တော်ကပဲ သတ်ပေးပါရစေ”

ဖုံးကွယ် မဟာတာအို နတ်ဘီလူးက ဘာမှ မပြောပါဘူး။

“အရှင်မင်းကြီး... ရပါတယ်၊ ကျွန်တော် သူ့ကို သတ်နိုင်ပါတယ်၊ အရှင်မင်းကြီး ကျွန်တော်ကို စိုးရိမ်တယ်ဆိုရင် ကျွန်တော် ဒီအမွေအနှစ်ကို မယူတော့ဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို တစ်ချက်ကြည့်ပြီး ခေါင်းအသာ ခါလိုက်ပါတယ်။

ဒီအချိန်မှာ ဖုံးကွယ် မဟာတာအို နတ်ဘီလူးရဲ့အသံ ထပ်မံ ထွက်ပေါ်လာပါတယ် “ဟမ်... ကောင်စုတ်လေး... မင်းက ငါ့ကို ဈေးဆစ်ချင်နေတာလား၊ ငါ မင်းအဖေအပေါ်ကို အကြွေးတစ်ခု တင်ထားလို့သာ၊ မဟုတ်ရင် ငါ မင်းကို သတ်ပစ်တာ ကြာပြီ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “စီနီယာရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ကောင်းကင်တာအို အနန္တကပ်ဘေးထဲမှာ သေသွားတာ ကြာလှပေါ့၊ တကယ်တော့ ကျွန်တော်က စီနီယာကို အဖေတစ်ယောက်လို သဘောထားပါတယ်၊ ဒါပေမဲ့ အဆင့်အတန်းက ကွာခြားလွန်းလို့ ကျွန်တော် စည်းမကျော်ရဲတာပါ”

ဟန်ထော်ဟာ မျက်တောင်ခတ်ရင်း နားထောင်ပါတယ်။

“ထားလိုက်ပါတော့... မင်းတို့သာ ငါ့ကို ကူပြီး သိကျန်းကို သတ်ပေးမယ်ဆိုရင် ဘယ်သူပဲသတ်သတ် ရတယ်၊ ဒီကလေးကို ဒီမှာထားခဲ့၊ မင်းသွားလို့ရပြီ...”

“မဖြစ်ဘူး... ကျွန်တော် ဒီမှာနေပြီး သူ့ကို အဖော်ပြုပေးမယ်”

“မင်းက ငါ့ကို စိုးရိမ်နေတာလား...”

“မဟုတ်ပါဘူး... သူ ကြောက်မှာစိုးလို့ပါ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ကို ချက်ချင်းပဲ နားလည်လိုက်ပါတယ် “အရှင်မင်းကြီး မရှိရင် ကျွန်တော်ရဲ့ တာအိုနှလုံးသားက တည်ငြိမ်မှာ မဟုတ်ဘူး”

“ဟီးဟီး...”

ဖုံးကွယ် မဟာတာအို နတ်ဘီလူးဟာ နှာခေါင်းရှုံ့လိုက်ပေမဲ့ မငြင်းပါဘူး။

နှစ်တစ်ထောင် ကြာပြီးနောက်...

ဟင်းလင်းပြင်၊ ကျောက်စိမ်းလှေကားထစ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်ဟာ အလင်းတံခါးကနေ အတူတူ ထွက်လာကြပြီး လာလမ်းအတိုင်း ပြန်ကြပါတယ်။ ဟန်ထော်ဟာ ကျားတစ်ကောင်လို စိတ်ဓာတ် တက်ကြွနေပြီး သူ့ခန္ဓာကိုယ်ဟာ အလာတုန်းကထက် အများကြီး သန်မာလာပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “ဘယ်လိုနေလဲ”

“ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးမှာ အားအင်တွေ ပြည့်ဖြိုးနေတယ်လို့ ခံစားရတယ်၊ အရင်တုန်းကထက် လေးငါးဆလောက် ပိုပြီးတော့ သန်မာလာတယ်၊ နတ်ဘီလူး ခန္ဓာစစ်ကို ထုတ်ဖော်လိုက်ရင် ကျွန်တော် ပြန်မွေးဖွားသွားသလို ခံစားရတယ်၊ ကျွန်တော် တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ဘူး” ဟန်ထော်ရဲ့ လေသံဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှေ့ကို လှမ်းကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “စစ်ပွဲက မကြာခင် ရောက်လာလိမ့်မယ်၊ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး၊ ငါ ကောင်းကင်ရုံးတော်ကို တိုးချဲ့ပြီးတာနဲ့ ကောင်းကင်တာအိုကို ပြန်ကြမယ်”

ဟန်ထော်က တအံ့တဩ မေးလိုက်ပါတယ် “အရှင်မင်းကြီးက ကောင်းကင်တာအိုကို ဘာဖြစ်လို့ ပြန်ချင်တာလဲ”

ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အတိတ်အကြောင်းတွေကို သိပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်သာ ကောင်းကင်တာအိုကို ပြန်ရင် စစ်ပွဲတစ်ခု ဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။

“ကောင်းကင်တာအိုကို ပဋိပက္ခဆီ ဦးဆောင်ဖို့ပဲ၊ မစိုးရိမ်ပါနဲ့၊ ငါ ကလဲ့စားချေဖို့ ပြန်သွားမှာ မဟုတ်ဘူး၊ အမုန်းတရားက သင်ခန်းစာတစ်ခုပဲ၊ ငါ့ကို ပိတ်လှောင်နိုင်စွမ်း မရှိဘူး၊ ဒီကိစ္စက ကောင်းကင်အရှင်ရွှမ်တု တောင်းဆိုထားတာ၊ ပဋိပက္ခ ကောင်းကင်လမ်း ဖွင့်လှစ်ပြီးတဲ့အချိန်မှာ ပဋိပက္ခမျိုးနွယ်စုတွေနဲ့ အင်အားစုတွေက အနီးအနားမှာ ပုန်းအောင်းပြီး ကောင်းကင်တာအို ကျင့်ကြံသူတွေကို လုယူကြတယ်၊ ကောင်းကင်တာအိုက ကောင်းကင်ရုံးတော်ရဲ့ အင်အားကို လိုအပ်တယ်၊ ကောင်းကင်ရုံးတော်ကလည်း ကောင်းကင်တာအိုကနေ ကောင်းကင်စစ်သား တော်တော်များများကို စုဆောင်းရလိမ့်မယ်၊ ဒါက နှစ်ဖက်စလုံး အရှုံးမရှိတဲ့ အခြေအနေပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အဖြေကြောင့် ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို တလေးတစား ဖြစ်သွားပါတယ်။ ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကို အချိန်အတော်ကြာအောင် လိုက်ခဲ့တာမလို့ ကောင်းကင်ရုံးတော်ရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အသိဆုံးပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နည်းလမ်းတွေနဲ့ ရဲတင်းမှုတွေက ဟန်ထော်ရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲကို ကျန်နေခဲ့ပါတယ်။

ဟန်ထော်ရဲ့ အမြင်မှာ ကောင်းကင်တာအိုနဲ့ ပူးပေါင်းတာက ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုပါ။ ဒီပူးပေါင်းမှုကနေ ကောင်းကင်တာအို လိုအပ်နေတဲ့ လူသားအရင်းအမြစ်ကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ထော်သာ မိစ္ဆာ ကောင်းကင်ဧကရာဇ် နေရာမှာဆိုရင် ကောင်းကင်အရှင်ရွှမ်တုက သူ့ကို လာရှာရင်တောင် အလွယ်တကူ ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ပါဘူး။

အရင်တုန်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုကနေ နှင်ထုတ်ခံခဲ့ရတာ မဟုတ်ပါလား။

“ငါတို့ ပြန်သွားလို့ မင်းအဖေ အိပ်မက်ပေးရင် ဖုံးကွယ် မဟာတာအို နတ်ဘီလူးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မပြောနဲ့၊ ပန်ကူးရဲ့ ကံတရားက အရမ်းများပြားလွန်းတယ်၊ အဲဒါက မင်းအဖေကို သက်ရောက်သွားရင် သူ အနာဂတ်မှာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်ဖို့ ခက်လိမ့်မယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်က သတိပေးလိုက်ပါတယ်။

ဟန်ထော်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် နားလည်ပါတယ်”

သူတို့နှစ်ယောက်ဟာ ဘေးချင်းယှဉ် လမ်းလျှောက်ရင်း ကျောက်စိမ်းလှေကားထစ်တွေ အဆုံးမှာ ပျောက်ကွယ်သွားပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်လိုက်ပါတယ်။ နောက်ထပ် နှစ်ငါးထောင် ကုန်ဆုံးသွားပြန်ပါပြီ။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကို နှစ်တစ်သောင်းအထိ တိုးချင်သွားပါတယ်။

ဒီနှုန်းအတိုင်း ဆက်သွားရင် နှစ်တစ်သိန်းအတွင်း အဆင့်လေးတစ်ဆင့် တက်ဖို့က လုံးဝကို မဖြစ်နိုင်သလောက်ပါပဲ။ ကျင့်ကြံမှုအလျင်က တော်တော်ကို နှေးလွန်းပါတယ်။ လိပ်ခြေကျင်း ခတ်ထားသလိုပါပဲ။

ကျင့်ကြံမှုအလျင် နှေးလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံတဲ့အချိန်ကိုပဲ တိုးနိုင်ပါတယ်။ ဒါမှ နောက်ပြန်လှည့်ကြည့်ရင် သူ့ကျင့်ကြံမှုအလျင်က မြန်ဆန်တယ်လို့ ခံစားရမှာပါ။

ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ လီယောင်နဲ့ ရွှမ်ချင်းကျွင်းကို တွေ့လိုက်ရပါတယ်။ ရွှမ်ချင်းကျွင်းရဲ့ ဘေးမှာလည်း ချစ်စရာကောင်းတဲ့မျက်နှာနဲ့ မိန်းကလေးငယ်လေးတစ်ယောက် ပါလာပါတယ်။ ဒီမိန်းကလေးက ပန်းစိတ်ဝိညာဉ်ပါ။

ဟန်ကျွယ်ဟာ သတိမလွတ်ဘဲ အသွင်တူလက်ရည်စမ်းပွဲနဲ့ စမ်းသပ်လိုက်တဲ့အခါ ဒီမိန်းကလေးက မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ် အဆင့်သာ ရှိပြီး အင်အားကြီးမားတဲ့ နောက်ခံ မရှိတာကို တွေ့လိုက်ရပါတယ်။

ဒီတော့မှ ဟန်ကျွယ်ဟာ စိတ်ချသွားပြီး ရွှမ်ချင်းကျွင်းတို့ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ရွှေ့လိုက်ပါတယ်။ တာအိုဘုံကျောင်းထဲကို တန်းမ‌ရွှေ့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters