← Chapters

နတ်ဘီလူး စစ်တပ်

Vol. 67 Ch. 718

နတ်ဘီလူး စစ်တပ်

Vol. 67 Ch. 718

ဧရာမပဋိပက္ခသားရဲကို တရွတ်တိုက်ဆွဲသွားတဲ့ ကောင်းကင်စစ်သားတွေကို ကြည့်ရင်း ချူရှီရန်ဟာ သက်ပြင်းချလိုက်ပါတယ်။

ဒီကောင်းကင်စစ်သားတွေထဲမှာ အားအနည်းဆုံး စစ်သားက မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့် ရှိပါတယ်။ နတ်မင်းအဆင့် ကျင့်ကြံသူကလည်း မရှားပါဘူး။ နတ်မင်းအဆင့် ကျင့်ကြံသူ အကုန်လုံးကလည်း ကောင်းကင်စစ်သားပဲ ဖြစ်နိုင်ပါတယ်။

ဟန်ထော် လက်အောက်မှာရှိတဲ့ ကောင်းကင်စစ်သူကြီး အကုန်လုံးက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေပါ။ သူတို့အကုန်လုံးမှာ သတ်ဖြတ်ငွေ့ လျှံထွက်နေတဲ့အတွက် တော်ရုံလူ အနားမကပ်ရဲပါဘူး။

ဟန်ထော်ဟာ ကောင်းကင်စစ်သားတွေကို ဦးဆောင်ရင်း ချူရှီရန်ကို နှုတ်ဆက်လိုက်ပါတယ်။

ချူရှီရန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာဘိုးဘိုးရဲ့သားက အရမ်း အရည်အချင်းရှိတယ်ဆိုတာကို ကြားဖူးတာကြာပြီ၊ မင်းက တာအိုပညာရှိ ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”

ဟန်ထော်ဟာ ဟန်ကျွယ်နားမှာ တစ်ချိန်လုံး ရှိမနေခဲ့ပါဘူး။ ဟန်ထော်ဟာ ပဋိပက္ခမှာ လှည့်လည်နေတာကြောင့် တပည့်ရင်းတွေထက် ကျင့်ကြံမှု ပိုမြန်တာ ဖြစ်ပါတယ်။

ချူရှီရန်ကတော့ အရည်အချင်း ကွာခြားတာကိုပဲ အပြစ်တင်ပါတယ်။

နဂါးက နဂါးမွေးသလို မီးငှက်ကလည်း မီးငှက် မွေးပါတယ်။ ဟန်ကျွယ်ရဲ့ တိုက်ရိုက် သွေးစည်းက ပြိုင်ဘက်ကင်း အရည်အချင်းနဲ့ ပါရမီရှင်ဖြစ်တာ အံ့ဩစရာတော့ မရှိပါဘူး။

ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “ငါ တာအိုကို ရယူနိုင်တာက အခွင့်အရေးကောင်း တစ်ခုကြောင့်ပါ၊ ငါ့ အရည်အချင်းအပေါ် လုံးဝ မှီခိုနေတာ မဟုတ်ဘူး၊ ဒါနဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ အခြေအနေရော ဘယ်လိုရှိလဲ”

ချူရှီရန်ဟာ တိတ်ဆိတ်ဂိုဏ်းအကြောင်းကို အကျဉ်းချုံးပြီး ပြောပြလိုက်ပါတယ်။ အသေးစိတ်တော့ မပြောပြပါဘူး။ တိတ်ဆိတ်ဂိုဏ်း ဘယ်လောက် အင်အားကြီးတယ်ဆိုတာကို ထုတ်မပြောသင့်တဲ့ လျှို့ဝှက်ချက်တစ်ခုပါ။

ဟန်ထော်က ရုတ်တရက် မေးလိုက်ပါတယ် “ငါ့မှာ ညီလေး ရှိတာလား၊ ညီမလေး ရှိတာလား”

ချူရှီရန်ဟာ မှင်တက်သွားပြီး ပြန်ဖြေသင့် မဖြေသင့် ချီတုံချတုံ ဖြစ်သွားပါတယ်။

ဒီအချိန်မှာပဲ ချူရှီရန်နဲ့ အတူရှိနေခဲ့တဲ့ မျက်နှာဖုံးနဲ့ မိန်းမပျိုဟာ ချူရှီရန်ဆီကို ပျံသန်းလာပါတယ်။ ဒါပေမဲ့ ကောင်းကင်စစ်သားတွေ တားဆီးတာကို ခံလိုက်ရပါတယ်။ ဟန်ထော်ဟာ ဒီမိန်းမပျိုက ချူရှီရန်နဲ့ အတူ မတ်တတ်ရပ်နေခဲ့တာကို မှတ်မိသွားပြီး ချူရှီရန်ဘက်လှည့်ကာ မေးလိုက်ပါတယ် “အသိလား... မင်း သူ့ကို အတူခေါ်သွားချင်လား...”

ချူရှီရန်ဟာ တစ်ခဏ တွေးတောပြီးနောက် ပြန်ဖြေလိုက်ပါတယ် “ခေါ်သွားမယ်၊ သူမက ကျွန်တော့်အသက်ကို ကယ်ထားတာ”

ဟန်ထော်ဟာ လက်မြှောက်ပြီး ကောင်းကင်စစ်သားတွေကို မတားဖို့ အချက်ပြလိုက်ပါတယ်။

မျက်နှာဖုံးနဲ့ အမျိုးသမီးဟာ ချက်ချင်း ပျံသန်းလာပေမဲ့ ဟန်ထော်နဲ့ ချူရှီရန်နားကိုတော့ မကပ်ပါဘူး။ ဧရာမ ပဋိပက္ခသားရဲဘေးနားကနေသာ လိုက်ပါတယ်။

ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “တော်တော် သိတတ်တာပဲ” အဲဒီနောက် ဟန်ထော်ဟာ ချူရှီရန်ကို ပြန်ကြည့်ပြီး ချူရှီရန်ဆီကို အဖြေကို စောင့်ဆိုင်းပါတယ်။

ချူရှီရန်ဟာ သူ့ဘာသာ သက်ပြင်းချလိုက်ပြီး အမှန်အတိုင်း ဖြေလိုက်ပါတယ် “မင်းမှာ ညီလေးတစ်ယောက် ရှိတယ်၊ ဒါပေမဲ့ သူက အခုထိ မွေးမလာသေးဘူး”

ဟန်ထော်ဟာ မှင်တက်သွားပြီး တအံ့တဩ ပြန်မေးလိုက်ပါတယ် “ဘာလို့ မမွေးသေးတာလဲ၊ ကိုယ်ဝန်ဆောင်ထားတာ နှစ်သောင်းချီနေပြီမလား”

ချူရှီရန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ တကယ်ကို တော်တော် ကြာနေပြီ၊ ဒါပေမဲ့ သူ့အမေ ဝမ်းဗိုက်ထဲမှာ ရှိနေတုန်းပဲ၊ သူ့ကြည့်ရတာ လူသားနဲ့ မတူဘူး၊ တခြား ရှန်တျန်သက်ရှိတွေနဲ့ ပိုတူတယ်”

“ဒါဆို သူ့အရည်အချင်းကလည်း တော်တော် ထက်မြက်မယ်နဲ့ တူတယ်” ဟန်ထော်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ထက်မြက်ရုံတင် မဟုတ်ဘူး၊ ကမ္ဘာပျက်မတက် အားကောင်းမှာ... ငါ့သွေးစည်းကို ပဲ့တင်ထပ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး’

ဟန်ထော်ဟာ အရင်တုန်းက သူခံစားခဲ့ရတဲ့ လေးလံတဲ့ ခံစားချက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒီကိစ္စအတွက်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ကို ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အထွတ်အထိပ် တည်ရှိမှုတစ်ခုရှိတောင် ခေါ်သွားတယ် မဟုတ်ပါလား။

ချူရှီရန်ဟာ ဘာမှတ်ချက်မှ မပေးပါဘူး။ ချူရှီရန် ကိုယ်တိုင်လည်း ဒီကိစ္စက ကောင်းလား ဆိုးလားဆိုတာကို မဝေခွဲနိုင်ပါဘူး။ ဒါကြောင့် ဘာမှမပြောဘဲ ပါးစပ်ပိတ်နေတာပါ။

ဟန်ကျွယ်က အရမ်းစွမ်းအားကြီးတဲ့အတွက် အနာဂတ်မှာ သူ့ကလေးတွေ အာဏာအတွက် တိုက်ခိုက်ကြမှာက သာမန်ပါပဲ။

ဟန်ထော်ဟာ ချူရှီရန်ရဲ့ အမူအရာကို ကြည့်ပြီး ချူရှီရန် ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းမိလိုက်ပါတယ် “မင်း ဘာတွေ တွေးနေတာလဲ၊ ငါက ငါ့ညီရဲ့ အရည်အချင်းကို မနာလို ဖြစ်ပါ့မလား၊ အဖေက ငါ့ကို အရမ်းချစ်တာ၊ အဖေရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ငါ ပဋိပက္ခမှာ သေတာ ရေလို့တောင်ရမှာ မဟုတ်တော့ဘူး”

သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်ပြင်မှာ ဟန်ကျွယ် ကူညီတာကို သိလိုက်ကတည်းက ဟန်ထော်ဟာ အတိတ်က ကံကောင်းတဲ့ ကိစ္စတွေ အကုန်လုံးကို သူ့အဖေရဲ့ ကူညီမှုကို လှေနံဓားထစ် မှတ်ယူလိုက်ပါတယ်။

ချူရှီရန်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာဘိုးဘိုးက ကောင်းကင်တာအိုမှာနေပြီး မင်းကို ကယ်နိုင်တာလား”

“ဟုတ်တယ်၊ အဲဒီနေ့က...”

ဟန်ထော်ဟာ သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်ပြင်က အဖြစ်အပျက်တွေကို ပြန်ပြောပြလိုက်ပါတယ်။ ဟန်ထော်ဟာ ဒီအကြောင်းကို ပြောရင်း စိတ်လှုပ်ရှားလာပြီး မျက်နှာမှာလည်း လေးစားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

ချူရှီရန်ဟာ ချက်ချင်းဆိုသလို ဆန်းကြယ်စွမ်းအားတစ်မျိုးကို တွေးမိလိုက်ပါတယ်။

မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။

ချူရှီရန်လည်း ဒီဆန်းကြယ်စွမ်းအားကို တတ်မြောက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်လောက်တော့ အစွမ်းထက်အောင် မသုံးနိုင်ပါဘူး။ ကောင်းကင်တာအိုကနေ ပဋိပက္ခနက်ထဲက နည်းနည်း‌နောနော အကွာအ‌ဝေး မဟုတ်ပါဘူး။

ချူရှီရန်ဟာ ဟန်ထော် ပြောပြတာကို နားထောင်ရုံနဲ့တင် တော်တော်လေး အံ့ဩတုန်လှုပ်သွားပါတယ်။

‘ဆရာဘိုးဘိုးရဲ့ အရည်အချင်းက ဘယ်လောက်ထိတောင် ကြောက်ဖို့ ကောင်းနေတာလဲ၊ ကောင်းကင်တာအိုထဲမှာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာတောင် သူ့စွမ်းအားက တစ်နေ့တခြား ဒီရေလို တိုးလာနေတယ်’

စကားပိုပြောလေလေ ဟန်ထော်နဲ့ ချူရှီရန်ဟာ ပိုပြီးတော့ ရင်းနှီးလာလေလေပါပဲ။ ကောင်းကင်စစ်သူကြီးတွေကလည်း ဟန်ထော်နဲ့ ချူရှီရန်ကို ကြည့်ပြီး အချင်းချင်း တီးတိုး ပြောဆိုနေကြပါတယ်။ ဟန်ထော်က ပုံမှန်ဆိုရင် ရေခဲတုံးထက်တောင် တည်တန့်ပါသေးတယ်။ ကောင်းကင်စစ်သူကြီးတွေရှေ့မှာ ပြုံးတယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။

ဒီအကြောင်းကြောင့်လည်း ကောင်းကင်စစ်သူကြီးတွေဟာ ချူရှီရန် ဘယ်သူလဲဆိုတာကို စိတ်ဝင်စားနေကြတာပါ။

နှစ်တစ်သောင်းဟာ အလွန်လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတယ်။ အထူးသဖြင့် ဂူအောင်းကျင့်ကြံနေတဲ့ ဟန်ကျွယ် အတွက်ပေါ့။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

နှစ်တစ်သောင်း ကုန်ဆုံးသွားပေမဲ့ တိတ်ဆိတ်ဂိုဏ်းက အရင်လို ငြိမ်သက်နေတုန်းပါပဲ။ အနည်းဆုံး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို သက်ရောက်လောက်တဲ့အထိ ဆူဆူညံညံ မဖြစ်ပါဘူး။ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားသလို တစ်ချိန်တည်းမှာ စိတ်လည်း ပျက်သွားပါတယ်။ တပည့်တွေ အကုန်လုံးက ကြီးပြင်းလာကြပြီး သူ့ကို လိုအပ်တဲ့ပုံ မပေါ်တော့ဘူး မဟုတ်ပါလား။

ကောင်းကင်တာအိုက အရင်အတိုင်းပါပဲ။ အရာအားလုံးက ပုံမှန်အတိုင်း ဆက်သွားနေပါတယ်။ တာအိုပညာရှိတွေကလည်း ဟန်ကျွယ်ကို လာနှောင့်ယှက်ပါဘူး။

‘ငါ ဘာတွေ လျှောက်တွေးနေမိပြီလဲ၊ ဒါက ကောင်းတဲ့ကိစ္စဟာကို’ ဟန်ကျွယ်ဟာ မဆိုစလောက် ပြုံးပြီး ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် အနားမှာရှိတဲ့ တာအိုဘုံကျောင်းကို လှမ်းကြည့်လိုက်တဲ့အခါ ရှင်းဟုန်ရွှမ်က ကျင့်ကြံအားထုတ်မနေဘဲ ရွှမ်ချင်းကျွင်းနဲ့ ကလေးအကြောင်း ပြောဆိုနေတာကို တွေ့လိုက်ရပါတယ်။

ရှင်းဟုန်ရွှမ်ဟာ စိုးရိမ်နေပါတယ်။ ကိုယ်ဝန်ရလာပြီးနောက် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်တယ်ဆိုပေမဲ့ ရှင်းဟုန်ရွှမ်ဟာ သူ့သားရဲ့ အရည်အချင်းကို ဖျစ်ညှစ်သုံးနေတယ်လို့ ခံစားလာရပါတယ်။

ရွှမ်ချင်းကျွင်းဟာ ရှင်းဟုန်ရွှမ် အတွေးများနေမှန်း သိတာကြောင့် အတွေးမများဖို့ ပြောပြီး နှစ်သိမ့်ပေးပါတယ်။

မကြာသေးခင်ကပဲ ရှင်းဟုန်ရွှမ်က တာအိုပညာရှိအတု အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေကို လိုက်မီသွားပါတယ်။ ရွှမ်ချင်းကျွင်းဟာ ရှင်းဟုန်ရွှမ်ကို မနာလို ဖြစ်နေပါတယ်။ သူမလည်းပဲ ရှင်းဟုန်ရွှမ်လိုမျိုး ကိုယ်ဝန်ဆောင်ပြီး ကျင့်ကြံမှု တိုးချင်နေပါတယ်။

ဟန်ကျွယ်ဟာ သူ့မိန်းမနှစ်ယောက် စကားပြောတာကို ချောင်းနားထောင်ပြီးနောက် ကောင်းကင်တာအိုကို ပြန်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က တစ်စုံတစ်ယောက် တာအိုပညာရှိနေရာ ရယူသွားတာကို မှတ်မိနေပါသေးတယ်။

ဒီလူနာမည်က ရှီတုတောက်လို့ ခေါ်ပါတယ်။

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ထူးထူးဆန်းဆန်း ဖြစ်သွားရပါတယ်။

အရင်တုန်းက ရှီတုတောက်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ဆရာတင်ခဲ့ပြီး နောက်ပိုင်းမှာ ပန်ရှင်းထံ ခိုဝင်ခဲ့ပါတယ်။

ပန်ရှင်းက ရှီတုတောက်နဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကြားက ကံတရားကို တွက်ချက်မိပုံ ရပါတယ်။ ပန်ရှင်းဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဟန်ကျွယ်ရဲ့ လူဆိုတာကို သိတာကြောင့် ရှီတုတောက်ကိုလည်း ပံ့ပိုးပေးလိုက်တာ ဖြစ်ပါတယ်။

မြေအင်မော်တယ်ကမ္ဘာ ကောင်းကင်တာအိုထဲ ရောက်လာပြီးနောက် လွမ်ဟွေ အာကာသက တာအိုပညာရှိတွေအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပါဘူး။ တာအိုပညာရှိ အကုန်လုံး လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဟန်ကျွယ်ရဲ့လူဆိုတာကို သိသွားကြပါတယ်။

ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင် ကွန်ရက်ကို တည်ဆောက်ထားပါတယ်။ အနာဂတ်မှာ တာအိုပညာရှိတွေဟာ သူ့ကြင်နာမှုကို လက်မခံချင်ရင်တောင် လက်ခံရမှာပါ။ တာအိုဘိုးဘေးလိုမျိုးပေါ့။

တာအိုဘိုဘေး ရှိနေတုန်းက တာအိုပညာရှိ အကုန်လုံးနီးပါးဟာ တာအိုဘို‌ဘေးရဲ့ တပည့်တွေချည်းပါပဲ။ တာအိုဂိုဏ်းအပြင်ဘက်က တာအိုပညာရှိဆိုတာ မရှိခဲ့ပါဘူး။

ဧကရာဇ်ရှောင်၊ တာအိုပညာရှိမင်ကျွယ်နဲ့ တခြား တာအိုပညာရှိတွေလည်း တာအိုဘိုးဘေးရဲ့ တပည့် ဖြစ်ခဲ့တာချည်းပါပဲ။

‘နဂါးသတ်သမားက နောက်ဆုံးတော့ နဂါးဖြစ်လာပါ့လား... အဟွတ်... ငါက တာအိုဘိုးဘေးနဲ့မှ မတူတာ...’ ဟန်ကျွယ်ဟာ အတွေးများလွန်းတဲ့ သူ့ကိုယ်သူ ကျိန်ဆဲလိုက်ပါတယ်။

နှစ်တစ်သောင်း ကြာပြီးနောက် ကောင်းကင်တာအိုဟာ အရင်ကထက် အများကြီး ပိုအားကောင်းလာပါတယ်။ အင်မော်တယ်ကမ္ဘာဟာလည်း ဆယ်ပုံတစ်ပုံ ကျယ်ပြန့်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး သွေးသားနတ်ဘီလူးကို လွှတ်ပေးလိုက်ပါတယ်။ သွေးသားနတ်ဘီလူးက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်နဲ့ မွေးဖွားလာတာပါ။ ဟန်ကျွယ်ဟာ သွေးသားနတ်ဘီလူးကို မုရုံချီလက်ထဲအပ်ပြီး ဟန်မင်ကို အသံလွှင့်စကား ပြောလိုက်ပါတယ်။

ဟန်မင်ဟာ တာအိုဘုံကျောင်းထဲကို ခပ်သုတ်သုတ် ရောက်ရှိလာပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။

“မင်း ဘာဖြစ်လို့ ဒီကြားထဲ စိတ်ဓာတ်ကျနေတာလဲ”

ဟန်ကျွယ်ဟာ တခြားနတ်ဘီလူးတွေက အတူစုပြီး ကျင့်ကြံအားထုတ်ကြပေမဲ့ ဟန်မင်က ထောင့်တစ်နေရာမှာ တစ်ဦးတည်း ပုန်းအောင်းနေတာကို တွေ့တဲ့အတွက် အခုလိုမေးလိုက်တာ ဖြစ်ပါတယ်။

ဟန်မင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “တာအိုစက်ကွင်းက စိတ်ဝိညာဉ်ချီတွေနဲ့ ပြည့်နေပေမဲ့ ကျွန်တော်ရဲ့ ကျင့်ကြံမှုအလျင်က နှေးကွေးလွန်းတယ်၊ ကျွန်တော် မျက်နှာပူလို့ ပုန်းနေတာပါ”

ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ယှဉ်ရင် ဟန်မင်ရဲ့ ကျင့်ကြံမှုအလျင်က တကယ်ကို နှေးတာပါ။ ဂျက်လေယာဉ်နဲ့ လိပ်တစ်ကောင်ကို နှိုင်းယှဉ်ရသလိုပါပဲ။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ဟန်မင်ကို ပဋိပက္ခနတ်ဘီလူးအသွင် ကြိုပြောင်းလဲပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်မင်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်နေပြီ ဖြစ်တဲ့အတွက် တောင့်ခံနိုင်လောက်ပါတယ်။

ဒါပေမဲ့ အဲဒီမတိုင်ခင် ဟန်ကျွယ်အနေနဲ့ ကွမ်းပုပိုင်ကို အရင်ဆုံး ပဋိပက္ခနတ်ဘီလူး ဖြစ်အောင် လုပ်ပေးဖို့ လိုပါတယ်။ မဟုတ်ရင် ကျော်လုပ်ပေးသလို ဖြစ်နေမှာပါ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကွမ်းပုပိုင်ကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။

“မင်း ပဋိပက္ခနတ်ဘီလူး ဖြစ်လာဖို့ အဆင်သင့် ဖြစ်ပြီလား...” ဟန်ကျွယ်က မျက်နှာသေနဲ့ မေးလိုက်ပါတယ်။

ကွမ်းပုပိုင်ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကို ကြားတာနဲ့ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ကြက်အစာကောက်သလို ခေါင်းတဆတ်ဆတ် ညိတ်ပါတော့တယ်။

ဟန်မင်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဟန်မင်နဲ့ ကွမ်းပုပိုင်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်ကို လောကဦးကမ္ဘာထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် အလုပ်ခွဲလုပ်ပြီး သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်တွေကို နတ်ဘီလူးချီနှစ်လုံးနဲ့ ပေါင်းစပ်ပေးလိုက်ပါတယ်။

ကောင်းကင်တာအိုက တစ်နေ့တခြား အင်အားကြီးလာတဲ့အတွက် ဟန်ကျွယ်ရဲ့ နတ်ဘီလူးစစ်တပ် အစီအစဉ်ကလည်း ခပ်မြန်မြန် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

ဒီပေါင်းစပ်မှု ပြီးသွားရင် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းမှာ တာအိုဟောကြားပြီး နတ်ဘီလူးတွေရဲ့ ကျင့်ကြံမှု ခပ်မြန်မြန် တိုးတက်လာအောင် လုပ်ဖို့ ကြံရွယ်ထားပါတယ်။

မုရုံချီ၊ ကြက်သွေးရောင် မြေခွေးနီ၊ ကောင်းကင်နက္ခ နတ်ဘီလူးတို့ဟာ အစောဆုံး ပဋိပက္ခ နတ်ဘီလူးတွေ ဖြစ်ကြပါတယ်။ သူတို့တွေ တာအိုရယူဖို့ အချိန်တန်ပါပြီ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters