← Chapters

အခြားရှုထောင့်မှ တွက်ချက်ခြင်း

Vol. 67 Ch. 720

အခြားရှုထောင့်မှ တွက်ချက်ခြင်း

Vol. 67 Ch. 720

‘ဟင်... ဒီကောင်က ဘာဖြစ်နေတာလဲ’ ဟန်ကျွယ်ဟာ မုန်းတီးမှု အသိပေးချက်တွေကို တွေ့လိုက်ရပေမဲ့ မျက်နှာတစ်ချက် ပျက်မသွားဘဲ ရွှီတုတောက်ကို ခေါင်းအသာ ညိတ်ပြကာ ကောင်းကင်အရှင်ရွှမ်တုဘေးမှာ ထိုင်လိုက်ပါတယ်။

တခြားတာအိုပညာရှိတွေလည်း နေရာယူလိုက်ကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက စပြောပါတယ် “ဒီအတောအတွင်း ရှုံဟွာလို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပဋိပက္ခထဲမှာ ပေါ်လာတယ်၊ သူက တော်တော်လေးကို စွမ်းအားကြီးလာပြီး ကောင်းကင်တာအိုကို နင်းခြေချင်တယ်လို့ ပြောကြတယ်၊ ငါတို့တွေ သတိထားမှ ဖြစ်လိမ့်မယ်”

တာအိုပညာရှိတွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။

“ကောင်းကင်တာအိုကို တက်နင်းမယ်၊ သူက ဘယ်သူမလို့ ဒီလောက်တောင် မောက်မာနေရတာလဲ”

“ဟာသပဲ၊ အဆုံးသတ် အပျက်အစီး နတ်ဘုံတောင် ကောင်းကင်တာအိုကို မဖျက်ဆီးနိုင်ဘူး၊ သူက ဘာအစွမ်းအစရှိလို့ ဒီလိုတောင် ပြောရဲရတာလဲ”

“ဒီလူက ဘယ်ကလဲ”

“ရှုံဟွာ...”

“ကောင်းကင်တာအိုက အရင်ကနဲ့မှ မတူတာ၊ အဲဒီရှုံဟွာ ကောင်းကင်တာအိုကို လာရဲရင် ငါတို့ကလည်း လက်ဆောင်ကောင်းကောင်း ပြန်ပေးသင့်တာပေါ့”

တာအိုပညာရှိတွေဟာ တအံ့တဩ ဖြစ်သွားကြပေမဲ့ ထိတ်လန့်ခြင်း မရှိပါဘူး။

ကောင်းကင်တာအိုက တစ်မူထူးခြားတဲ့ တည်ရှိမှုတစ်ခုပါ။ တာအိုပညာရှိအထက်က တည်ရှိမှုတွေ ကောင်းကင်တာအိုထဲကို အတင်း တိုးဝင်လို့ မရပါဘူး။ ဒါကြောင့် ရန်သူတွေ ကောင်းကင်တာအိုကို တိုက်ခိုက်ချင်တယ်ဆိုရင် တာအိုပညာရှိအောက်က သက်ရှိတွေကို စေလွှတ်ပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ဖျက်ဆီးမှပဲရပါလိမ့်မယ်။ ကံတရား အထောက်အပံ့ ပြိုလဲသွားမှပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ကောင်းကင်တာအိုထဲကို ဝင်လာနိုင်ပါလိမ့်မယ်။

ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ ဆွေးနွေးတာကို တစ်လုံးမှ ဝင်မပြောဘဲ ထိုင်ပြီး နားထောင်ပါတယ်။ ဟန်ကျွယ်ဟာ ရွှီတုတောက်ကို တစ်ချိန်လုံး စိုက်ကြည့်မနေပေမဲ့ မသိမသာတော့ အကဲခတ်နေပါတယ်။ ရွှီတုတောက်က ဘာအကြောင်းအရင်းမှ မရှိဘဲ သူ့ကို မုန်းတီးမှု ကြယ်နှစ်ပွင့်ရှိသွားတာက ထူးဆန်းတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပထမဆုံး ရှုံဟွာကို တွေးမိလိုက်ပါတယ် ‘ဒီကောင်က ရှုံဟွာနဲ့ ပတ်သက်နေတာများလား... မဟုတ်ရင် ဒီလောက်ထိ တိုက်ဆိုင်နေမယ် မထင်ဘူး...’

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲနဲ့ စစ်ဆေးကြည့်ပေမဲ့ ရွှီတုတောက်ရဲ့ အချက်အလက်ထဲမှာ ရှုံဟွာနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မတွေ့ရပါဘူး။

“ရွှီတုတောက်က ကောင်းကင်တာအို အပြင်ဘက်က ကမ္ဘာတွေနဲ့ ဆက်စပ်မှု ရှိနေလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှု ရှိသည်။]

‘ငါ ထင်တဲ့အတိုင်းပါပဲလား...’ ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ် “ရွှီတုတောက်က ဘယ်သူနဲ့ ဆက်သွယ်နေတာလဲ”

[တွက်ချက်မရပါ။ ထိုသို့သော ကံတရာမျိုး မရှိပါ။]

ဟန်ကျွယ်ဟာ ဝမ်းသာသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှုံဟွာက သူ့ကံတရားကိုပဲ ဖုံးကွယ်နိုင်ပြီး ရွှီတုတောက်နဲ့ ဆက်သွယ်ခဲ့တဲ့ ကံတရားကို မဖုံးကွယ်နိုင်လို့ပါပဲ။

‘အို... ရှုံဟွာလေး... မင်းက တော်တော် သတိမဲ့တာပဲ’

ဟန်ကျွယ်မှာသာ စနစ်မရှိဘူးဆိုရင် တာအိုပညာရှိတွေရဲ့ သူ့အပေါ် သဘောထားကို သိရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင် ရှုံဟွာရဲ့ အကြံအစည်က အောင်မြင်ကောင်း အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ရှုံဟွာရဲ့ အကြံအစည်ကို ဟန်ကျွယ် သိသွားခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ရွှီတုတောက်ကို လက်ညိုးမထိုးဘဲ ဒီအတိုင်း ငြိမ်နေလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရွှီတုတောက်ကို ဘယ်လိုအသုံးချရမလဲဆိုတာ စပြီးတော့ စဉ်းစားပါတယ်။ ဟန်ကျွယ်အနေနဲ့ ရှုံဟွာက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ဒါမှ လိုအပ်တာတွေ ပြင်ဆင်နိုင်မှာပါ။

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအို ခံစစ်အတွက် စပြီးတော့ ပြင်ဆင်ပါတယ်။ ဟန်ကျွယ်ကလွဲရင် တာအိုပညာရှိအားလုံး တာဝန်ပေးခံရပါတယ်။

ရွှီတုတောက်က ရုတ်တရက် ထမေးလိုက်ပါတယ် “စီနီယာဟန်ကရော... ကောင်းကင်တာအိုကို စီနီယာဟန်သာ မကာကွယ်ဘူးဆိုရင် ကျွန်တော် တကယ် ယုံကြည်ချက် မရှိဘူး”

ရွှီတုတောက်ရဲ့ မျက်နှာဟာ ကောင်းကင်တာအိုကို စိုးရိမ်တဲ့မျက်နှာထား ဖြစ်သွားပါတယ်။ မသိရင်တော့ လူကောင်းလေးပေါ့။

ကောင်းကင်အရှင်ဝူဖာဟာ ရွှီတုတောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ဒါက လျှို့ဝှက်ချက်ပဲ”

တခြားတာအိုပညာရှိတွေဟာ တွေးတောတဲ့ ပုံစံ ဖြစ်သွားပါတယ်။ တာအိုပညာရှိတွေဟာ ရွှီတုတောက်က ပရိယာယ်သုံးနေမှန်း သိပါတယ်။ ဒီပရိယာယ်လောက်တော့ တာအိုပညာရှိတွေအတွက် ပါးပါးလေးပါ။

ပန်ရှင်းဟာ အရင်လိုမျိုး ခေါင်းမသုံးတဲ့လူ မဟုတ်တော့တဲ့အတွက် ရွှီတုတောက် ဘာတွေးနေတယ်ဆိုတာကို သိပါတယ်။ ဒါကြောင့် မျက်နှာပူသွားပြီး ရွှီတုတောက်ကို ကြိမ်းလိုက်ပါတယ် “မင်းလို တာအိုပညာရှိအသစ်က တာအိုရောင်းရင်းဟန် ဘာလုပ်တယ်ဆိုတာကို ပြောစရာလား...”

ရွှီတုတောက်ဟာ ကြောက်လန့်တကြား ပြောလိုက်ပါတယ် “ကျွန်တော်က လက်ညှိုးလိုက်ထိုးတာ မဟုတ်ပါဘူး၊ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဒဏ္ဍာရီတွေကို ကြားဖူးထားလို့ပါ၊ ကျွန်တော်တင် မဟုတ်ပါဘူး၊ သက်ရှိအားလုံးရဲ့ နှလုံးသားထဲမှာ စီနီယာဟန်က ကေင်းကင်တာအိုရဲ့ အကြီးမားဆုံး အကာအကွယ်ပါ”

ကောင်းကင်အရှင်ရွှမ်တုက ဝင်ပြောလိုက်ပါတယ် “တော်ပြီ၊ ဘေးအန္တရာယ် ကျရောက်တော့မဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် သံသယဖြစ်မနေနဲ့”

တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ ဘာမှမပြောပါဘူး။ သဘောကောင်းတဲ့ မျက်နှာနဲ့ ပြုံးနေပါတယ်။

ရွှီတုတောက်ကလည်း ထပ်ပြောရဲတော့ပါဘူး။ ရွှီတုတောက်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘တာအိုပညာရှိတွေက သူ့ကို ဘာဖြစ်လို့ ကာကွယ်နေရတာလဲ၊ ကောင်းကင်တာအိုထဲမှာ တာအိုပညာရှိတွေက သေမှမသေနိုင်တာ၊ ဒီလောက်ကြီး မျက်နှာချိုသွေးစရာ မလိုပါဘူး...’

ရွှီတုတောက်ဟာ အကြောင်းရင်းကို စဉ်းစားလို့ မရပါဘူး။ ရွှီတုတောက်ဟာ တာအိုပညာရှိ အသိုင်းအဝိုင်းက သူထင်ထားသလို မရှုပ်ထွေးဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

ကောင်းကင်တာအို ဒီလောက်မြန်မြန် တိုးတက်ပြောင်းလဲနိုင်တာ တာအိုပညာရှိတွေ စည်လုံးညီညွတ်လို့ပါ။ တာအိုပညာရှိတွေ စည်းလုံးညီညွတ်နေတာကလည်း ဟန်ကျွယ်ကိုကြောက်လို့ မဟုတ်ပါလား။

ကောင်းကင်အရှင်ရွှမ်တုဟာ ပန်ရှင်းကို ပဋိပက္ခ ကောင်းကင်လမ်းအကြောင်း အစီရင်ခံခိုင်းပါတယ်။

“ပဋိပက္ခ ကောင်းကင်လမ်းက လုံးဝ ပြီးပြည့်စုံသွားပြီ၊ မဟာတာအိုပညာရှိတွေတောင် ဖျက်ဆီးနိုင်မှာ မဟုတ်တော့ဘူး၊ သက်ရှိတစ်ဘီလီယံလောက် နေ့တိုင်းသွားလာနေတော့ တခြား ကောင်းကင်တာအိုငယ်လေးတွေနဲ့ တခြားဒိုင်မစ်ရှင်က သက်ရှိတွေကိုတောင် ဆွဲဆောင်နိုင်လာတယ်...”

ပန်ရှင်းဟာ တစ်ချက်မနားဘဲ ရှင်းပြပါတယ်။ ပန်ရှင်းရဲ့မျက်နှာဟာ ပြောလေလေ ဘဝင်ခိုက်လေလေပါပဲ။

ပဋိပက္ခ ကောင်းကင်းလမ်းကို ဖွင့်လှစ်ပြီး အားသွန်ခွန်စိုက် ပံ့ပိုးခဲ့တဲ့လူက ပန်ရှင်းပါ။ အခုအချိန်မှာ ပဋိပက္ခ ကောင်းကင်လမ်းက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို စပြီးတော့ တိုးပွားလာစေနေပါပြီ။ ဒီအတွက် အကြီးမားဆုံး အကျိုးအမြတ်ရသူကလည်း ပန်ရှင်းပါပဲ။

ပန်ရှင်းရဲ့ စကားဆုံးသွားတဲ့ အခါမှာတော့ ရှီတုတောက်က ပြောလိုက်ပါတယ် “ငါလည်း ပဋိပက္ခ ကောင်းကင်လမ်းကို လျှောက်လှမ်းမယ်၊ ပဋိပက္ခမှာရှိတဲ့ ထိပ်သီးကျင့်ကြံသူတွေနဲ့ လက်ရည်စမ်းနိုင်တာပေါ့၊ ပဋိပက္ခမှာရှိတဲ့ တာအိုပညာရှိ တော်တော်များများက ကိုယ်စွမ်းကိုယ်စနဲ့ တာအိုကို ရယူခဲ့တာ မဟုတ်ရင် အလောင်းသုံးလောင်းသတ်ပြီး တာအိုကို ရယူခဲ့ကြတာချည်းပဲ”

“ဒါဆို ငါလည်း လျှောက်မယ်” လီတောက်ခုံးက ထပြောလိုက်ပါတယ်။

ရှီတုတောက်ဟာ မျက်လုံးပင့်တက်သွားပြီး ဆဲဆိုလိုက်ပါတယ် “မင်း ငါ့နောက်ကို ဘယ်အချိန်အထိ လိုက်နေမှာလဲ၊ မင်းငါ့ကို မယှဉ်နိုင်ပါဘူး”

လီတောက်ခုံးဟာ ပြုံးရုံသာ ပြုံးပြီး ဘာမှပြန်မပြောပါဘူး။ တာအိုပညာရှိတွေဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ အငြင်းပွားမှုကို အံတိုနေပါပြီ။ ဟန်ကျွယ်ကလည်း ဒီအတိုင်း ထိုင်ကြည့်နေပါတယ်။ တကယ်လို့ ဟန်ကျွယ် ဝင်ပါရင်လည်း သူ့စွမ်းအားကို သုံးပြီး ရှီတုတောက်ကို ဖိနှိပ်ရင် ဖိနှိပ် မဟုတ်ရင် လီတောက်ခုံး ခံစားရမှာပါ။ ဘယ်ဟာပဲဖြစ်ဖြစ် အပြစ်မလွတ်ပါဘူး။

နောက်ပြီး ရှီတုတောက်နဲ့ လီတောက်ခုံးကြားက တိုက်ပွဲဟာ နှစ်ဖက်စလုံး အလိုရှိလို့ ဆက်ဖြစ်နေတာပါ။ ပါးစပ်က ဘာပဲပြောပြော ရှီတုတောက်ဟာ တိုက်ခိုက်တာကို နှစ်သက်ပါတယ်။ လီတောက်ခုံးကြောင့်သာ မဟုတ်ရင် ရှီတုတောက်က ပုံမှန်တိုးတက်လာမှာ မဟုတ်ပါဘူး။

တစ်နာရီကြာတဲ့အခါမှာတော့ တာအိုပညာရှိတွေ ထွက်ခွာသွားကြပါတယ်။

ဟန်ကျွယ်ဟာ ရွှီတုတောက်ကို ရုတ်တရက်ပြုံးပြလိုက်ပါတယ် “မင်းက ကောင်းကင်တာအိုကို တော်တော် ဂရုစိုက်တာပဲ၊ ငါ တာအိုစက်ကွင်းကို လာခဲ့ပါဦး၊ မင်းစွမ်းအား တိုးတက်လာအောင် ငါ မင်းကို တာအိုဟောကြားပေးမယ်၊ ဒီလိုဆို အနာဂတ်မှာ ကောင်းကင်တာအိုအတွက် ပိုပြီးတော့ အကျိုးဆောင်နိုင်တာပေါ့”

ရွှီတုတောက်ဟာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အခါမှာ အံ့အားသင့်သွားပြီး ချက်ချင်း သဘောတူလိုက်ပါတယ်။ တခြား တာအိုပညာရှိတွေကတော့ မျက်နှာကိုယ်စီ ရှိကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုကတော့ အထူးအဆန်း အဖြစ်ဆုံးပါ။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ရွှီတုတောက်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ခေါ်သွားပါတယ်။

တာအိုဘုံကျောင်းထဲ ရောက်လို့ ရွှီတုတောက် စကားပြောဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ ရွှီတုတောက်ကို တစ်ချက်တည်း ဖိနှိပ်ပြီး သိစိတ်ကို ချုပ်နှောင်လိုက်ပါတယ်။

ဒီလိုနဲ့ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။

[လောကဦး ကောင်းကင်ထောင်သည် ပစ်မှတ်အား အောင်မြင်စွာ ကျွန်ပြုပြီးပါပြီ။]

[ရွှီတုတောက်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံးအဆင့်။]

ရွှီတုတောက်ဟာ မျက်လုံးပွင့်လာပြီး ဟန်ကျွယ်ကို တရိုတသေ ဦးညွှတ်လိုက်ပါတယ်။

“ပဋိပက္ခက ဘယ်သူက မင်းကို ဆက်သွယ်တာလဲ”

ဟန်ကျွယ်ရဲ့ မေးခွန်းကို ရွှီတုတောက်ဟာ ပြန်ဖြေပါတယ် “ရှုံဟွာလို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခုပဲ၊ သူ့သရုပ်မှန်ကိုတော့ ကျွန်တော်လည်း မသိဘူး၊ သူက ကောင်းကင်တာအိုကို ဖျက်ဆီးပြီးရင် ကျွန်တော့်ကို ကောင်းကင်တာအိုရဲ့ သခင် လုပ်ခိုင်းမယ်လို့ ကတိပေးထားတယ်”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ရွှီတုတောက်က ရှုံဟွာရဲ့ သရုပ်မှန်ကို မသိဘူးလား...’

“မင်းက သူ့အကြောင်းကို ဘာမှမသိဘဲနဲ့ သူ့စကားကို ဘယ်လိုလုပ်ပြီး ယုံတာလဲ” ဟန်ကျွယ်ဟာ နားမလည်နိုင်စွာ မေးလိုက်ပါတယ်။

“အရင်က ကျွန်တော် ပဋိပက္ခ ကောင်းကင်လမ်းထဲ လျှောက်လှမ်းပြီး ပဋိပက္ခမှာ‌ လျှောက်သွားခဲ့ဖူးတယ်၊ အဲဒီတုန်းက ကျွန်တော် သူ့စွမ်းအားကို မြင်ခဲ့တယ်၊ သူက တော်တော်ကို ကြောက်ဖို့ကောင်းတာ၊ သူ ပဋိပက္ခ နတ်ဘီလူး ဖိနှိပ်တာကို ကျွန်တော်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်” ရွှီတုတောက်ဟာ တကယ်ကို ကြောက်နေတာပါ။

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး အသေးစိတ် မေးမြန်းပါတယ်။ ရွှီတုတောက်ကလည်း သူသိသမျှ အရာအားလုံးကို ပြောပြပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ရွှီတုတောက်ကို အရင်အတိုင်း နေခိုင်းပြီး ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ပြန်ပို့လိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။

“ရွှီတုတောက် ပြောပြတဲ့ တိုက်ပွဲကို ငါ မြင်ချင်တယ်”

ဟန်ကျွယ်ဟာ ရှုံဟွာကို ရှောင်ရှားပြီး ပဋိပက္ခနတ်ဘီလူးနဲ့ ရွှီတုတောက် ရှုထောင့်ကနေ တွက်ချက်လိုက်တာပါ။

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ကျသွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ သူက ရွှီတုတောက်ရဲ့ ဘေးမှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။ ရွှီတုတောက်ဟာ လေပြင်းကြောင့် ယိမ်းယိုင်နေတဲ့ ဆီမီးလိုပါပဲ။ အချိန်မရွေး ငြိမ်းသွားမဲ့ပုံစံ ရှိနေပါတယ်။

ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါမှာ အမှောင်ထုထဲမှာ မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေပြီး အာကာသက ကွဲကြေနေပါတယ်။ အာကာသ ကွဲကြေရာက ထွက်ပေါ်လာတဲ့ သလင်းကျောက်တွေဟာ ဟင်းလင်းပြင်မှာ မျောပါနေပါတယ်။ အရောင်မျိုးစုံရှိတဲ့ လျှပ်စီးတွေကလည်း မကုန်ဆုံးနိုင်လောက်အောင် တဖျတ်ဖျတ် လင်းလက်နေပါတယ်။

လျှပ်စီးတွေကြားထဲမှာ ရုပ်သွင်နှစ်ခု တိုက်ခိုက်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters