← Chapters

ကပ်ဘေးအသက် ထိန်းချုပ်သူ၊ ပန်ကူးမျိုးဆက်

Vol. 68 Ch. 723

ကပ်ဘေးအသက် ထိန်းချုပ်သူ၊ ပန်ကူးမျိုးဆက်

Vol. 68 Ch. 723

[လီတောက်ခုံး: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်၊ ကပ်ဘေးအသက် ထိန်းချုပ်သူ၊ တိတ်ဆိတ်ဂိုဏ်း၏ ပထမ အစောင့်အရှောက်၊ အနန္တဧကရာဇ်၊ ပြီးပြည့်စုံသော ဓားအင်မော်တယ်၊ တာအိုဘိုးဘေး ဆက်ခံသူ။ သင်က ကောင်းကင်ဓားတာအိုကို ဖမ်းဆုပ်နိုင်ခဲ့သောကြောင့် လီတောက်ခုံးသည် သင့်အား စိတ်ဝင်စားခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]

‘ကပ်ဘေးအသက် ထိန်းချုပ်သူ... ဒီကောင် ဘာဖြစ်သွားတာလဲ’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရွေးချယ်စရာ မရှိတာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ကပ်ဘေးအသက် ထိန်းချုပ်သူက ဘာကိုပြောတာလဲ”

[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ကပ်ဘေးအသက် ထိန်းချုပ်: မဟာတာအို ကံတရား အထောက်အပံ့ နတ်အာဏာစက်၊ ကောင်းကင်တာအို၏ ရှန်တျန် ကံတရား အထောက်အပံ့နှင့် ဆင်တူသည်။ နာမည်အပြင် အခွင့်အာဏာတစ်မျိုးလည်း ဖြစ်သည်။ ဤနတ်အာဏာစက်ဖြင့် ကံတရား၏ သက်ရောက်မှုကို မခံရဘဲ ကပ်ဘေးများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်နိုင်သည်။]

‘မဟာတာအို နတ်အာဏာစက်...’ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်မင်းတွေကို တွေးမိလိုက်ပါတယ် ‘ဒီပဋိပက္ခနတ်မင်းတွေ အကုန်လုံးက မဟာတာအို ကံတရား အထောက်အပံ့ နတ်အာဏာစက်ကို ရထားကြတာများလား...’

အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံးကို အိပ်မက်ထဲကနေ သွားလည်ပါတယ်။ အိပ်မက်နယ်မြေက ဟင်းလင်းပြင်ပါ။

ဟန်ကျွယ်ဟာ ဝတ်ရုံနက် ဝတ်ဆင်ထားပြီး ဆံပင်တွေ အနည်းငယ် ရှုပ်ပွနေတဲ့ လီတောက်ခုံးကို ဟင်းလင်းပြင်ထဲမှာ တွေ့လိုက်ရပါတယ်။ လီတောက်ခုံးရဲ့ မျက်နှာဟာ အေးစက်နေပြီး သူ့မျက်ခုံးကြားထဲမှာလည်း အနက်ရောင် ဓားသင်္ကေတတစ်ခု ရှိနေပါတယ်။ လက်ရှိ လီတောက်ခုံးက ဘယ်လိုကြည့်ကြည့် လူကောင်းတစ်ယောက်နဲ့ကို မတူပါဘူး။

လီတောက်ခုံး မျက်လုံးဖွင့်လိုက်တဲ့အခါ သတ်ဖြတ်ငွေ့တွေ လျှံထွက်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာတော့ သတ်ဖြတ်ငွေ့တွေဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။

လီတောက်ခုံးက တအံ့တဩ မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော် တစ်ခုခု ဖြစ်တာကို အာရုံခံမိလို့လား”

ဟန်ကျွယ်က ပုံမှန်ဆိုရင် သူ့ကို လာရှာလေ့မရှိပါဘူး။ အချိန်ကို တွက်ကြည့်ရင် အခုအချိန်က ဟန်ကျွယ် ဂူအောင်းကျင့်ကြံပြီးတဲ့အချိန်ပါ။ ဂူအောင်း ကျင့်ကြံရာက ထလာလာချင်း သူ့ကို အိပ်မက်ပေးတယ်ဆိုတာက သူ့ကို စိုးရိမ်လို့ မဟုတ်ပါလား။

လီတောက်ခုံးဟာ ရင်ထဲမှာ ထိသွားပါတယ်။ ဟန်ကျွယ်က အမြဲတမ်း တည်တည်တံ့တံ့ ရှိပြီး အနေဝေးတယ်လို့ ထင်ရပေမဲ့ သူတို့တွေ ဒုက္ခရောက်ရင် ဘယ်တော့မှ ပုန်းမနေပါဘူး။ ကျိုးဖန်ကလည်း ဟန်ကျွယ်ရဲ့ အံ့ဩဖွယ် အစွမ်းကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ ချဲ့ကားပြီး ပြောပြထားပါတယ်။

“ဘာဖြစ်တာလဲ ငါ့ကိုပြော”

လီတောက်ခုံးဟာ အမှန်အတိုင်း မခြွင်းမချန် ပြောပြလိုက်ပါတယ်။ ရှုံဟွာရဲ့ သတင်း အချက်အလက်ကို ရရှိဖို့အတွက် သူတို့နှစ်ယောက်ဟာ လျှို့ဝှက်ဆန်းကြယ် ရန်သူရဲ့ ရန်စမှုကို တမင်လက်ခံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူနဲ့ ရှီတုတောက်ဟာ တစ်ဖက်လူရဲ့ လက်ထဲမှာ ခပ်မြန်မြန်ပဲ ရှုံးနိမ့်သွားပါတယ်။

လီတောက်ခုံး သတိပြန်ရလာတဲ့အချိန်မှာတော့ သီးခြားအာကာသတစ်ခုကို ရောက်နေပါပြီ။ ဒီနေရာမှာ လီတောက်ခုံး တစ်ယောက်တည်း ရှိပြီး ရေအိုင်တစ်အိုင်ထဲကို ရောက်နေပါတယ်။ ဒီရေအိုင်ရဲ့ ထူးခြားတဲ့ အင်အားတစ်ခုက လီတောက်ခုံးရဲ့ ရုပ်နာမ်နှစ်ပါးကို ပြုပြင်မွမ်းမံပေးနေပါတယ်။ လီတောက်ခုံးဟာ ထူးခြားတဲ့အင်အားတစ်ခုကြောင့် မျက်ခုံးမွေးတောင် မလှုပ်နိုင်ပါဘူး။

လီတောက်ခုံးဟာ သူ စွမ်းအားပိုကြီးလာတာကို အာရုံခံနိုင်တဲ့အတွက် အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ အကူအညီ မတောင်းတာ ဖြစ်ပါတယ်။

“ရှုံဟွာက တစ်ယောက်ထက် ပိုရှိနေတာလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

လီတောက်ခုံးဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်တော် မြင်တာချည်းပဲ ရှုံဟွာ သုံးယောက် မကတော့ဘူး၊ သူတို့က ကျွန်တော်ရဲ့ ကျင့်ကြံမှု ပြောင်းလဲတာကို အလှည့်ကျ စစ်ဆေးကြတယ်၊ ဒါပေမဲ့ ကျွန်တော် သူတို့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ တော်တော်ထူးဆန်းတယ်၊ ကျွန်တော် သူတို့ကို ရှင်းရှင်းလင်းလင်း မြင်ရတာ သေချာတယ်၊ ဒါပေမဲ့ ကျွန်တော် သူတို့မျက်နှာကို မမှတ်မိဘူး”

“ဒါဆို မင်း မသက်မသာ ခံစားရလား၊ သူတို့ ထိန်းချုပ်တာကို ခံနေရပြီလား...”

လီတောက်ခုံးဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေပါတယ် “အဲဒီလို မရှိပါဘူး၊ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် တိတ်ဆိတ်ဂိုဏ်းကို ချက်ချင်း ဆက်သွယ်ပါ့မယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကောင်းပြီ... ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနဲ့၊ ငါ မင်းကို သင်ပေးထားတဲ့ ဖိတ်ခေါ်ပညာရပ်က တားမြစ်ပညာရပ် မဟုတ်ဘူး၊ ငါ့ကို အချိန်မရွေး ဆင့်ဆိုနိုင်တယ်"

“ဂိုဏ်ချုပ် မစိုးရိမ်ပါနဲ့၊ ကျွန်တော် လျှောက်ကြည့်ပြီး သတင်း စုဆောင်းချင်သေးတယ်”

“အင်း...”

အဲဒီနောက် ဟန်ကျွယ်ဟာ တစ်ခါတည်း အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ရှုံဟွာက သုံးယောက်မက ပေါ်လာပြီ... ဒါဆို ရှုံဟွာက အင်အားစုတစ်စုလား...’

ဟန်ကျွယ်ဟာ နားမလည်နိုင်တာကြောင့် ဒီကိစ္စကို ဘေးဖယ်ထားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ လီတောက်ခုံး လုံခြုံနေပါသေးတယ်။ တကယ်လို့ လီတောက်ခုံး အငိုက်မိပြီး ကျွန်ပြုခံရရင်တောင် ဟန်ကျွယ်မှာ အကြွင်းမဲ့ သန့်စင်ခြင်းနဲ့ လောကဦးထောင် ရှိနေပါသေးတယ်။

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး နတ်ဘီလူးတွေရဲ့ ကျင့်ကြံမှုအခြေအနေကို အကဲခတ်လိုက်ပါတယ်။

ဟန်ကျွယ် စိတ်မပျက်ရပါဘူး။ မုရုံချီ၊ ကြက်သွေးရောင် မြေခွေးနီ၊ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ကွမ်းပုပိုင်တို့ဟာ တာအိုကို အောင်မြင်စွာ ရယူနိုင်သွားကြပါပြီ။

ဟန်မင်၊ အချိန် နတ်ဘီလူး၊ ဖြတ်သန်း နတ်ဘီလူးနဲ့ မြူနတ်ဘီလူးတို့ဟာလည်း တာအိုပညာရှိအတုအဆင့်ကို တတ်လှမ်းသွားကြပါပြီ။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ရန်တုဆီ ရောက်သွားပါတယ်။ ရန်တုဟာ အခုထိ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို မရောက်သေးပါဘူး။ ရန်တုရဲ့ အရည်အချင်း ကန့်သတ်ချက်က တော်တော်လေးကို ကြီးပါတယ်။ ရန်တုသာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဖြစ်အေင် ကျင့်ကြံနိုင်မယ်ဆိုရင် ဟန်ကျွယ်ဟာ ရန်တုကို ပဋိပက္ခ နတ်ဘီလူး ဖြစ်လာအောင် ကူညီပေးမှာပါ။

အချိန်တစ်ခုကြာအောင် ကြိုးစားရုန်းကန်ရမှ ရန်တုဟာ ဟန်ကျွယ်ပေးတဲ့ အခွင့်အရေးကို တန်ဖိုးထားမှာပါ။

လီယောင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီယောင်အတွက် ထိုင်စရာ ဖန်ဆင်းပေးပြီး လက်တလော ကျင့်ကြံမှု အခြေအနေကို မေးမြန်းပါတယ်။

ကျင့်ကြံမှုဆိုတာနဲ့ လီယောင်ဟာ ချက်ချင်း စိတ်လှုပ်ရှားလာပြီး ဆက်တိုက်ကို ပြောပါတော့တယ်။ ဒီအချိန်မှာ လီယောင်ဟာ အရင်လို အေးစက်မနေတော့ပါဘူး။

ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီးနောက် လီယောင်ရဲ့ ကျင့်ကြံမှုဟာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီကလည်း ပေါကြွယ်ဝလွန်းတဲ့အတွက် လီယောင်ဟာ ရှန်တျန်ချီကို အကန့်အသတ်မရှိ လိုသလို စုပ်ယူနိုင်ပါတယ်။

လီယောင်ရဲ့ ပြုံးပျော်နေတဲ့ မျက်နှာကို ကြည့်ပြီး ဟန်ကျွယ်လည်း ပျော်ရွှင်လာပါတယ် ‘ငါက ငါ့ဘေးနားကလူတွေအတွက် တော်‌တော် အသုံးဝင်တာပဲ’

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်ပြီး ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။ ဘယ်သူမှ အကူအညီ လာမတောင်းတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ဂူအောင်းကျင့်ကြံပါတယ်။

တစ်ယောက်မှ သူ့အကူအညီကို မလိုဘူး၊ ဘယ်သူမှ သူ့ကို ပြဿနာ လာမရှာဘူးဆိုရင် အကောင်းဆုံးပါ။ ဒါဆိုရင် ဟန်ကျွယ်ဟာ အမြင့်ဆုံးထိရောက်အောင် ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံမှာပါ။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ် “လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ သတင်းကို လုံးဝ မရသေးဘူးလား”

ပန်ရှင်းဟာ ခေါင်းခါလိုက်ပါတယ် “မရဘူး၊ သူတို့တွေ ပဋိပက္ခ ကောင်းကင်လမ်းကနေ ထွက်သွားကြတယ်၊ ထိခိုက်တာ တစ်ခုမှမရှိဘူး၊ သူတို့တွေ အခွင့်အရေး သွားရှာတာ ဖြစ်လောက်တယ်”

ကောင်းကင်အရှင်ဝူဖာဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ဒီကောင်တွေ မရှိလည်း ဘာမှမဖြစ်ဘူး၊ ကောင်းကင်တာအိုမှာ သူတို့က ဘာမှလုပ်တာလည်း မဟုတ်ဘူး၊ အမြဲတမ်း တိုက်ခိုက်နေကြတာ”

တခြားတာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ဝူဖာရဲ့ စကားကို သဘောတူကြပါတယ်။

အတိတ်မှာတုန်းက တာအိုပညာရှိတွေဟာ လီတောက်ခုံးနဲ့ ရှီတုတောက် အာဏာအတွက် မတိုက်ခိုက်တဲ့အတွက် အကောင်းမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအို တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလာတာနဲ့အမျှ တာအိုပညာရှိတွေ တာဝန်ယူရတဲ့ နေရာတွေကလည်း ပိုပိုများလာပါတယ်။ ဒီအခါမှာတော့ တာအိုပညာရှိတွေဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ကို မနာလို ဖြစ်လာကြပါတယ်။

ကံတရား အထောက်အပံ့ဂိုဏ်းတွေ တိုးတက်လာတာက တာအိုပညာရှိတွေအတွက် အရေးကြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ တာအိုပညာရှိတွေအတွက် တကယ် အရေးကြီးတာက ကျင့်ကြံတာပါ။ မြင်သာအောင် ပြောရရင် ဟန်ကျွယ်လိုမျိုးပေါ့။ ဟန်ကျွယ်က ဘာကိုမှ ဂရုမစိုက်တာတောင် ဘယ်သူမှ သူ့ကို သစ္စာမဖောက်ရဲပါဘူး။

ဒါပေမဲ့ တာအိုပညာရှိတွေရဲ့ တပည့်တွေကတော့ မကြာခဏ နှိုက်ထုတ်ခံရပါတယ်။ မကြာမကြာဆိုသလိုလည်း စကားနားမထောင်တဲ့ အရိပ်အယောင်တွေ တွေ့ရပါတယ်။

“ဒီကြားထဲ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာ ပန်ကူးမျိုးဆက်တွေ အများကြီး ပေါ်လာတယ်၊ တာအိုရောင်းရင်းပန် ဒီအကြောင်းကို ရှင်းပါဦး” ကောင်းကင်အရှင်ရွှမ်တုက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။

ဒီအစည်းအဝေးက အင်မော်တယ်ကမ္ဘာရဲ့ အတွင်းရေးကိစ္စတွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို သတင်းမပေးတာပါ။

ပန်ရှင်းဟာ မျက်နှာပျက်သွားပါတယ် “ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ သူတို့အားလုံးမှာ ပန်ကူးရဲ့ သွေးစည်းရှိတာ အမှန်ပဲ၊ ငါ့အထင် ပန်ကူးနတ်ဘုရားက မသေသေးဘဲ အမှောင်ထဲကနေ ကောင်းကင်တာအိုကို စိုက်ကြည့်နေလောက်တယ်၊ သူက ကောင်းကင်တာအိုတောင် ဖြစ်နိုင်တယ်”

တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ်။

ဖန်းလျန်က ထပြောပါတယ် “ကောင်းကင်တာအိုက ပန်ကူး မဟုတ်ဘူး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်က ငါနဲ့ ပေါင်းစပ်ပြီးပြီ၊ အဲဒါက အသိဉာဏ်ဆိုတော့ ကောင်းကင်တာအို နိယာမရဲ့ ငြင်းဆန်တာကို ခံခဲ့ရတယ်”

တောင်ဘက်စွန်း ကောင်းကင်အရှင်က ဝင်မေးလိုက်ပါတယ် “အဲဒီမျိုးဆက်တွေရဲ့ အရည်အချင်းက ဘယ်လိုရှိလဲ”

ကျင်းရှန်က ဖြေလိုက်ပါတယ် “အရမ်း ထက်မြက်တယ်၊ အကုန်လုံးနီးပါး ပါရမီရှင်တွေချည်းပဲ”

“ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား”

“ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အရမ်းများလွန်းတယ်၊ ပန်ကူးကသာ သူတို့ကို ထိန်းချုပ်နိုင်တယ်ဆိုရင် သူတို့တွေ ကောင်းကင်တာအို ကံတရား အထောက်အပံ့ရဲ့ သခင်ဖြစ်လာတာနဲ့ ပန်ကူးက သူတို့ကို အသုံးချပြီး ကောင်းကင်တာအိုကို တစ်ချက်တည်း တော်လှန်သိမ်းပိုက်နိုင်လိမ့်မယ်” ကျင်းရှန်ဟာ စိုးရိမ်သံနဲ့ ဖြေလိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုလည်း မျက်မှောင်ကြုတ်သွားပါတယ်။ ဒီကိစ္စက တကယ်ကို ကိုင်တွယ်ရခက်တဲ့ ပြဿနာပါ။

တာအိုပညာရှိတွေဟာ ဒီပန်ကူးမျိုးဆက်တွေကို တစ်ခါတည်း မဖမ်းနိုင်ပါဘူး။ ဘာြဖစ်လို့လဲဆိုတော့ ဒီအထဲမှာ သူတို့မျိုးဆက်တွေ၊ သူတို့မိတ်ဆွေနဲ့ အင်အားစုတွေတောင် ပါဝင်နေလို့ပါ။ တာအိုပညာရှိတွေသာ ပန်ကူးမျိုးဆက် အကုန်လုံးကို ဖမ်းဆီးမယ်ဆိုရင် သက်ရှိတွေ လှန့်မိမှာပါ။

အဲဒီအချိန်ကျရင် တာအိုပညာရှိတွေမှာ ဖြေရှင်းချက် ပေးစရာ မရှိပါဘူး။ ပန်ကူးက ရန်သူလို့ ပြောရအောင်ကလည်း ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအကုန်လုံးက ပန်ကူးနတ်ဘုရားကို အကြွေးတင်နေတာပါ။

ပန်ကူးက အရာအားလုံးအသွင် ပြောင်းလဲပြီး လောကကြီးကို ဖန်တီးခဲ့တာ မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters