အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအား ပံ့ပိုးခြင်း
Vol. 68 Ch. 724
“တကယ်တော့ ငါတို့တွေက ပန်ကူးနတ်ဘုရားကို အမြင့်ကြီး တွေးထားတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ရှေးခေတ်ကစလို့ အနန္တကပ်ဘေးတွေ ဘယ်နှကြိမ်တောင် ဖြစ်ပေါ်ခဲ့ပြီးပြီလဲ၊ အရင် မီးလျှံမျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စု ကျူးကျော်တုန်းကတောင် ပန်ကူးနတ်ဘုရားက လုံးဝ မပေါ်လာခဲ့ဘူး၊ သက်ရှိအားလုံးရဲ့ စိတ်ထဲမှာ ပန်ကူးနတ်ဘုရားက အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလောက် ကြည်ညိုဖို့ကောင်းမယ် မထင်ဘူး” ချုံရှီလိုင်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
ချုံရှီလိုင်ဟာ တခြားတာအိုပညာရှိတွေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆက်ပြောပါတယ် “ပန်ကူးရဲ့ ဒဏ္ဍာရီတွေက အခုသက်ရှိတွေနဲ့ အရမ်းဝေးသွားပြီ၊ ငါတို့တွေ သူ့ဒဏ္ဍာရီကို မဖြန့်ကြက်သင့်တော့ဘူး၊ အခုခေတ်က ပါရမီရှင်ခေတ်မလား၊ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နှစ်သုံးသောင်းနဲ့ တာအိုပညာရှိဖြစ်လာတာပဲ၊ ဒီသတင်းသာ သက်ရှိတွေကြားထဲမှာ ပျံ့နှံ့သွားရင် ဘယ်လိုဖြစ်မယ် ထင်လဲ၊ သူတို့တွေ ကျိန်းသေပေါက် စိတ်ဓာတ် တက်ကြွလာကြမှာပဲ”
“သက်ရှိအားလုံးရဲ့ ကြည်ညိုလေးစားမှုတွေကို အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆီ ရွှေ့ရအောင်၊ ဒီလိုဆိုရင် အနာဂတ်မှာ ပန်ကူးရဲ့ မျိုးဆက်တွေ ကောင်းကင်တာအိုကို တော်လှန်မှာ စိုးရိမ်စရာ မလိုတော့ဘူး”
ချုံရှီလိုင်ရဲ့ စကားက တာအိုပညာရှိတွေကို မျက်နှာ ပြောင်းသွားစေပါတယ်။ တာအိုပညာရှိတွေဟာ ချုံရှီလိုင်က ဒီအခွင့်အရေးကို အသုံးချပြီး ပန်ကူးကို ဖိနှိပ်ကာ ဟန်ကျွယ်ကို အပေါ်တွန်းတင်နေမှန်း သိပါတယ်။
ကျင်းရှန်၊ ဧကရာဇ်ရှောင်နဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။
ဒါပေမဲ့ ချုံရှီလိုင်ရဲ့ စကားက ကျိုးကြောင်းဆီလျော်နေတာကြောင့် တာအိုပညာရှိတွေဟာ တိုက်ရိုက် မငြင်းပယ်ရဲပါဘူး။ အခုကျန်နေတဲ့ ကောင်းကင်တာအိုပညာရှိတွေက ခံစားချက် တချို့ရှိတဲ့အပြင် စည်းမျဉ်းတွေလည်း ရှိကြပါတယ်။ တကယ့် ဉာဏ်နီဉာဏ်နက်များပြီး အကျိုးအမြတ်အတွက် ဘာမဆိုလုပ်ရဲတဲ့ တာအိုပညာရှိတွေက ဟန်ကျွယ်လက်ချက်နဲ့ ပျက်စီးသွားကြပါပြီ။
ဖန်းလျန်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်း ပြောတာ မှန်တယ်၊ ဒီနည်းလမ်းက တော်တော် ကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ဆရာဘိုးဘိုးက အဲဒီလို ဂုဏ်သတင်းမျိုးကို မလိုအပ်ဘူး၊ တကယ်လို့ သူ့ကို ပေးလိုက်ရင်တောင် လက်ရှိ ကောင်းကင်တာအိုကို သက်ရောက်စေမှာ မဟုတ်ဘူး၊ တခြားလူဆိုရင် မာနကြီးလာပြီး တာအိုပညာရှိတွေကို လိုက်ဖိနှိပ်ကောင်း ဖိနှိပ်နိုင်တယ်၊ ဒါပေမဲ့ ငါ့ဆရာဘိုးဘိုးကတော့ ဘာမှလုပ်မှာ မဟုတ်ဘူး၊ သူ့အကြောင်းကို ခင်ဗျားတို့လည်း သိနေတာပဲ”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ ဒါက အမှန်တရား မဟုတ်ပါလား။
ဟန်ကျွယ်က သူတို့ကို ခက်ခဲအောင် ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ကျင့်ကြံမှု အများကြီး ကွာဟနေရင်တောင် ဟန်ကျွယ်က အပေါ်စီးကနေ သူတို့ကို မဆက်ဆံပါဘူး။ ဒါကြောင့် တာအိုပညာရှိတွေဟာ ချုံရှီလိုင်ရဲ့အဆိုကို ထောက်ခံကြပါတယ်။
ဧကရာဇ်ရှောင်ဟာ ပန်ရှင်းကို တအံ့တဩ ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်ရှင်းကလည်း ချုံရှီလိုင်ရဲ့အဆိုကို စိတ်ပါလက်ပါ ထောက်ခံလို့ပါ ‘ဒီကောင်က ဟန်ကျွယ်ဘက် ရောက်သွားပြီလား...’ ဧကရာဇ်ရှောင်ရဲ့ အမြင်မှာ ပန်ရှင်းနဲ့ ချုံရှီလိုင်က ဟန်ကျွယ်ရဲ့ မျက်နှာသာပေးမှုကို ရရှိဖို့အတွက် တိုက်ခိုက်နေတာပါ။
ဧကရာဇ်ရှောင်ဟာ စိတ်ခံစားချက်ကို အမြန်ဆုံး ထိန်းချုပ်လိုက်ပါတယ်။ ဧကရာဇ်ရှောင်ဟာ ကောင်းကင်တာအိုမှာ ကောင်းကောင်းမွန်မွန် နေရဖို့အတွက် ပန်ရှင်း ဟန်ကျွယ်ရဲ့ ယုံကြည်မှုရအောင် အတတ်နိုင်ဆုံး ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တာအိုပညာရှိတွေဟာ ပန်ရှင်းရဲ့ မျိုးဆက်တွေကို ဖိနှိပ်ဖို့နဲ့ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဒဏ္ဍာရီကို ဘယ်လို ဖြန့်ကြက်ရမလဲဆိုတာ စပြီးတော့ စီစဉ်ကြပါတယ်။
ပန်ရှင်းက အတက်ကြွဆုံးပါ။ ပန်ရှင်းဟာ ပန်ကူးရဲ့ မျိုးဆက်ဖြစ်တဲ့အတွက် တခြားမျိုးဆက်တွေကို ချဉ်းကပ်ဖို့ အလွယ်ကူဆုံးပါ။ တာအိုပညာရှိတွေ အထူးသဖြင့် ချုံရှီလိုင်ဟာ ပန်ရှင်းကို တော်တော်လေး မနာလို ဖြစ်သွားပါတယ်။ ချုံရှီလိုင်ဟာ သူ့အစီအစဉ်က ပန်ရှင်းကို အကျိုးအမြတ် ဖြစ်စေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
မီးခိုးရောင် လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသတစ်ခုရဲ့ ရေအိုင်တစ်အိုင်မှာ လီတောက်ခုံးဟာ ကိုယ်တုံးလုံး ထိုင်နေပါတယ်။ ရေအိုင်အပြင်မှာ ထူထပ်သိပ်သည်းတဲ့ မြူခိုးတွေ ပြည့်နှက်နေတာကြောင့် အဝေးကို မမြင်နိုင်ပါဘူး။ ရေအိုင်ထဲက ရေတွေဟာ ပူနွေးပြီး အစိမ်းရောင် သမ်းနေပါတယ်။ တချို့ရေတွေကတော့ ခရမ်းရောင် ရှိပါတယ်။
“ပလုံ...”
ရုပ်သွင်တစ်သွင်ဟာ လီတောက်ခုံး ဘေးနားကို ရုတ်တရက် ကျလာပေမဲ့ ရေတွင် စင်မသွားပါဘူး။ ဒီရုပ်သွင်က ရှီတုတောက်ပါ။
ရှီတုတောက်ဟာ ကိုယ်ဟန် အမြန်ဆုံး ပြုပြင်လိုက်ပါတယ်။ ရှီတုတောက်ရဲ့ ရောင်ဝါဟာ အားနည်းနေပြီး သူ့ဆံပင်တွေ ဖွာလန်ကြဲနေပါတယ်။ အဆော်ခံထားရတယ်ဆိုတာ သိသာလှပါတယ်။
လီတောက်ခုံးဟာ ရှီတုတောက်ကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွားပါတယ် “မင်း မသေသေးဘူးလား”
ရှီတုတောက်ဟာ အသက်မှန်အောင် ရှူပြီး လီတောက်ခုံးကို မျက်လုံးပင့်ကာ ကြည့်လိုက်ပါတယ် “မင်းက ငါ့ကို တကယ် သေစေချင်တာလား၊ ခွေးမသား... မင်းစကားကိုသာ ငါ နားမထောင်ခဲ့ရင် ဒီလိုမျိုး ဘေးဒုက္ခကို ခံစားရမှာ မဟုတ်ဘူး”
လီတောက်ခုံးဟာ မရှက်တဲ့အပြင် ပြုံးတောင် ပြုံးလိုက်ပါသေးတယ်။
ဒီအချိန်မှာပဲ ရှုံဟွာရဲ့အသံ ထွက်ပေါ်လာပါတယ် “မင်းက ရှုံဟွာ ဖြစ်လာပြီ၊ ဆက်ပြီးတော့ ကျင့်ကြံချည်၊ မင်း အမှောင်ထု ဖြစ်လာရင် ဒီနေရာကနေ ထွက်ခွာလို့ရပြီ”
လီတောက်ခုံးဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အမှောင်ထုက ဘာလဲ”
ရှုံဟွာက ပြန်ဖြေပါတယ် “ပဋိပက္ခ မတိုင်ခင်က အမှောင်ထုပဲ၊ အမှောင်ထုက အရာအားလုံးရဲ့ အစစ်အမှန် ပုံရိပ်ပဲ၊ မင်း ဒီနေရာမှာ အနည်းဆုံး နောက်ထပ် နှစ်တစ်သန်း ထပ်နေဦးမယ်၊ ကြိုးကြိုးစားစား ကျင့်ကြံဖို့ မမေ့နဲ့”
“ကြာလှချည်လား...” ရှီတုတောက်က အော်ပြောလိုက်ပေမဲ့ ရှုံဟွာက ပြန်မဖြေပါဘူး။
လီတောက်ခုံးဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှုံဟွာရဲ့ စကားအရ အမှောင်ထုက သူ့ကို တိုက်စားရင်တောင် အနည်းဆုံး နှစ်တစ်သန်းကြာမယ်ဆိုတာ သိလိုက်ရလို့ပါ။ ဒီအချိန်က ဟန်ကျွယ် ဒီထက် အများကြီး စွမ်းအားပိုကြီးလာဖို့ လုံလောက်ပါတယ်။
လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ အရည်အချင်းကို အသိဆုံးပါ။ လက်ရှိ ဟန်ကျွယ်က အသက် သုံးသိန်းသာ ရှိသေးပြီး မဟာတာအိုပညာရှိကို ခုခံနိုင်နေပြီ မဟုတ်ပါလား။ နှစ်တစ်သန်းကြာရင် ဟန်ကျွယ်က မဟာတာအိုပညာရှိတွေကို ကြက်ကလေး ငှက်ကလေးလို သတ်နိုင်သွားမှာပါ။
ရှီတုတောက်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ငါက မင်းနဲ့အတူတူ ရေအိုင်တစ်အိုင်တည်းမှာ နှစ်တစ်သန်းကြာအောင် နေရမှာလား၊ အဲဒီလို နေရမဲ့အစား ငါ့ကိုသာ သတ်လိုက်စမ်းပါ”
“ဒါဆိုလည်း ကိုယ့်ဘာသာ သတ်သေလိုက်လေ”
“ဟီးဟီး...”
အဲဒီနောက် နှစ်ယောက်စလုံး တိတ်ဆိတ်သွားပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ရှီတုတောက်က မေးလိုက်ပါတယ် “မင်း ရှုံဟွာ ဘယ်နှယောက်ကို မြင်ဖူးပြီးပြီလဲ”
“မင်းကရော ဘယ်နှယောက် မြင်ပြီးပြီလဲ”
“ကောင်းကင်တာအို ဒုက္ခရောက်ပြီ” ရှီတုတောက်ဟာ သက်ပြင်းချလိုက်ပါတယ်။ သူတို့တွေဟာ ရှုံဟွာတစ်ယောက်ကိုတောင် မနိုင်ပါဘူး။ ငါးယောက်ဆိုရင်တော့ ပြောမနေပါနဲ့။ ဒါ့အပြင် ဒီရှုံဟွာတွေ အကုန်လုံးက စွမ်းအားကြီးမားတဲ့ အင်အားစုတွေကို ထိန်းချုပ်ထားတယ်ဆိုရင် သူတို့အကုန်လုံးကို စုစည်းလိုက်တဲ့အခါမှာ တော်တော်ကို ကြောက်ဖို့ကောင်းမှာပါ။
လီတောက်ခုံးက ပြောလိုက်ပါတယ် “အရင်ဆုံး ကျင့်ကြံကြမယ်၊ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး”
“အင်း...”
ပဋိပက္ခ၊ ကောင်းကင်ရုံးတော်။
နှစ်တစ်သောင်းကျော် တိုးတက် ပြောင်းလဲပြီးတဲ့အခါမှာတော့ ကောင်းကင်ရုံးတော်ဟာ အာကာသတစ်ခုကို ရှာတွေ့သွားပြီး နန်းစိုက်လိုက်ပါတယ်။ နန်းတော်ကို ကြယ်တွေနဲ့ စီခြယ်ထားပြီး ကောင်းကင်စစ်သားတွေက အစီအမံအတိုင်း ကင်းလှည့်နေကြပါတယ်။ ကောင်းကင်ရုံးတော်ရဲ့ ဗဟိုမှာတော့ စိတ်ဝိညာဉ်နန်းတော် ရှိနေပါတယ်။
ခန်းမထဲမှာ အင်မော်တယ်တွေ စုဝေးနေကြပါတယ်။ အရင်တုန်းက ကောင်းကင်တာအိုမှာရှိခဲ့တဲ့ ကောင်းကင်ရုံးတော်ထက်တောင် ပိုပြီးတော့ စည်ကားနေပါသေးတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာထိုင်ပြီး ပညာရှင် အင်မော်တယ်တွေနဲ့ ကောင်းကင်စစ်သူကြီးတွေ ငြင်းခုံတာကို တိတ်တဆိတ် နားထောင်ပါတယ်။ နတ်မင်းအဆင့် ကျင့်ကြံသူသုံးပါးကတော့ ရှေ့ဆုံးမှာရပ်ပြီး ဘာမှ ဝင်မပြောပါဘူး။
ကောင်းကင်ရုံးတော်ဟာ ဆက်တိုက် တိုက်ခိုက်ဖို့ လိုသလို အတွင်းရေးကို စီမံခန့်ခွဲပြီး လက်အောက်ခံ ကမ္ဘာတွေနဲ့ မျိုးနွယ်စု အသီးသီးတွေကို စီမံအုပ်ချုပ်နိုင်တဲ့ ပညာရှင် အင်မော်တယ်တွေကိုလည်း လိုအပ်ပါတယ်။
ကောင်းကင်တာအို ကောင်းကင်ရုံးတော်နဲ့ မတူတာက တာအိုပညာရှိ အင်အားစုတွေ မရှိတာကြောင့် ဒီငြင်းခုံမှုဟာ သဟဇာတ ပျက်လောက်တဲ့အထိတော့ မဖြစ်ပါဘူး။ ချူရှီရန်လည်း ဒီအထဲမှာ ရှိနေပါတယ်။ ချူရှီရန်ဟာ ပညာရှင် အင်မော်တယ်တော့ မဟုတ်ပါဘူး။ ကောင်းကင်စစ်သူကြီးပါ။
“ဟီးဟီး...”
ထူးဆန်းတဲ့ ရယ်မောသံဟာ စိတ်ဝိညာဉ်နန်းတော်ထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားတဲ့အတွက် အင်မော်တယ်တွေဟာ တိတ်ဆိတ်သွားပါတယ်။ အင်မော်တယ်တွေဟာ ပါးစပ်ပိတ်ပြီး လှည့်ကြည့်လိုက်တဲ့အခါ ခန်းမအပြင်မှာ ဧည့်သည်မရှိသလို သူစိမ်းလည်း တစ်ယောက်မှ မရှိပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ကောင်းကင်ရုံးတော်တဲ့... ဘာမှလည်း မဟုတ်ဘူး၊ ငါက ရှုံဟွာပဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်... မင်း ငါနဲ့ အလောင်းအစား လုပ်ရဲလား...”
‘ရှုံဟွာ...’ အင်မော်တယ်တွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ ရှုံဟွာနာမည်က ဒီအတောအတွင်း ပဋိပက္ခထဲမှာ တော်တော်ကြားနေရပါတယ်။ ကောင်းကင်ရုံးတော်က ပဋိပက္ခ နတ်ဘီလူးတွေကို တိုက်ခိုက်သလို ရှုံဟွာကလည်း ပဋိပက္ခ နတ်ဘီလူးတွေကို လိုက်တိုက်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ရုံးတော်နဲ့ မတူတာက ရှုံဟွာဟာ တစ်ကိုယ်တည်းနဲ့ ပဋိပက္ခနတ်ဘီလူး သုံးပါးကို အနိုင်ယူ စည်းရုံးနိုင်ခဲ့ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာအလောင်းအစားလဲ”
ဟန်ထော်၊ ယီတျန်နဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ သူတို့နဲ့ နတ်အာရုံကို အသုံးပြုပြီး ရှာဖွေပေမဲ့ ရှုံဟွာရဲ့ ရောင်ဝါကို ဘယ်လိုမှ ဖမ်းမမိပါဘူး။
“ငါ ကောင်းကင်ရုံးတော်ကို တိုက်ခိုက်ဖို့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးကို လွှတ်လိုက်မယ်၊ ကောင်းကင်ရုံးတော်က တစ်နှစ်ကြာအောင် ခုခံနိုင်ရင် ဒီပဋိပက္ခနတ်ဘီလူးကို ကောင်းကင်ရုံးတော်ဆီ ပေးမယ်၊ ကောင်းကင်ရုံးတော် ရှုံးနိမ့်ခဲ့ရင်တော့ ငါ့ကို အညံ့ခံရလိမ့်မယ်”
အင်မော်တယ်တွေဟာ ရှုံဟွာရဲ့ စကားကြောင့် ဒေါသအိုး ပေါက်ကွဲကုန်ပြီး ဆဲဆိုကြိမ်းမောင်းပါတော့တယ်။ အင်မော်တယ်တွေဟာ ရှုံဟွာကို မမြင်ရပေမဲ့ ကောင်းကင်ရုံးတော်ထဲမှာ အပြင်လူကို မောက်မာခွင့် မပေးနိုင်ပါဘူး။ ဒါ့အပြင် ရှုံဟွာက ပြဿနာရှာဖို့ ရောက်လာတာ မဟုတ်ပါလား။
ယီတျန်က ကျိန်ဆဲလိုက်ပါတယ် “ခွေးမသား... မင်းက ဘာလို့ ပုန်းနေတာလဲ၊ သတ္တိရှိရင် ထွက်လာပြီး ငါနဲ့ လာတိုက်စမ်းပါ”
ရှုံဟွာက ဘာမှ ပြန်မဖြေပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်တောင်ခတ်ပြီး စဉ်းစားလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှုံဟွာပြောတဲ့ အလောင်းအစားနဲ့ ပတ်သက်ပြီး ပဟေဠိ ဖြစ်သွားပါတယ်။ ရှုံဟွာက သူတို့ကို ကျိန်းသေပေါက် အနိုင်ယူနိုင်မယ်လို့ လုံးဝ ယုံကြည်ချက် ရှိနေပုံပါတယ်။ ဒီလောက်တောင် စွမ်းအားကြီးရင် အခုလိုမျိုး ပုန်းလျှိုးကွယ်လျှိုး လုပ်နေစရာ မလိုပါဘူး။
ဒါကြောင့် ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိပါတယ်။ ရှုံဟွာက သူလွှတ်မဲ့ ပဋိပက္ခ နတ်ဘီလူးလောက် စွမ်းအားမကြီးတာပါ။ ဒါကြောင့် သူက လျှောက်ပြောနေတာပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဒီအလောင်းအစားက အဓိပ္ပာယ် မရှိဘူး၊ ကောင်းကင်ရုံးတော်က ပဋိပက္ခ နတ်ဘီလူးတွေကို အမြင့်ကြီး မတွေးတော့ဘူး၊ ငါတို့တွေ လောင်းကြေး ပြောင်းရအောင်”
ရှုံဟွာရဲ့အသံ ထပ်ထွက်လာပါတယ် “ဘယ်လိုပြောင်းမှာလဲ”
“မင်းနဲ့ငါ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ရှိတဲ့ ပါရမီရှင်တစ်ပါးစီကို စေလွှတ်ပြီး တိုက်ခိုက်ခိုင်းမယ်၊ မင်းနိုင်ရင် ကောင်းကင်ရုံးတော်ကို မင်း ပိုင်တယ်၊ မင်းရှုံးရင် အဲဒီပါရမီရှင်ကို ကောင်းကင်ရုံးတော်က ပိုင်တယ်၊ ကောင်းကင်ရုံးတော်ကိုလည်း မင်းထပ်ပြီး မနှောင့်ယှက်ရတော့ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ယုံကြည်မှုအပြည့်ရှိတဲ့ မျက်နှာနဲ့ ရန်စလိုက်ပါတယ် “တာအိုရောင်းရင်းရှုံဟွာ လောင်းရဲလား...”
မြန်မာပြည် ငြိမ်းချမ်းပါစေ။