← Chapters

မိစ္ဆာ ကောင်းကင်ဧကရာဇ်၏ ဖိတ်ခေါ်မှု

Vol. 68 Ch. 725

မိစ္ဆာ ကောင်းကင်ဧကရာဇ်၏ ဖိတ်ခေါ်မှု

Vol. 68 Ch. 725

ရှုံဟွာဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် ဆွပေးတာကို ချက်ချင်းပဲ လက်ခံလိုက်ပါတယ် “ဘာလို့ မလောင်းရဲရမှာလဲ၊ အချိန် သတ်မှတ်လိုက်”

ရှုံဟွာဟာ ယုံကြည်ချက် အပြည့်ပါပဲ။ ရှုံဟွာဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်ရုံးတော်ကို မသိမ်းသွင်းခင် သူတို့ရဲ့ ယုံကြည်ချက်ကို ရိုက်ချိုးချင်တာပါ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ခေါင်းမော့ပြီး ပြောလိုက်ပါတယ် “နောက်နှစ်တစ်သောင်း ကြာရင် ကောင်းကင်ရုံးတော်မှာ ယှဉ်ပြိုင်မယ်”

“ကောင်းပြီလေ... ငါ မင်းကို နှစ်တစ်သောင်း စောင့်မယ်၊ ကောင်းကင်ရုံးတော်က ဘယ်လိုပါရမီရှင်မျိုးကို စေလွှတ်မလဲဆိုတာ ငါ မြင်ချင်သေးတယ်... ဟား...ဟား....” ရှုံဟွာဟာ အရူးတစ်ယောက်လို ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ရှုံဟွာရဲ့ ရယ်မောသံဟာ တဖြည်းဖြည်း တိုးညင်းသွားပါတယ်။

ရှုံဟွာရဲ့ ရယ်သံ ပျောက်ကွယ်သွားတဲ့အခါမှာတော့ အင်မော်တယ်တွေဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ပါတယ်။

ယီတျန်ဟာ ရှေ့ထွက်ပြီး ပြောလိုက်ပါတယ် “ကြည့်ရတာ ကောင်းကင်ရုံးတော်က ကျွန်တော်ကို လိုအပ်ပုံပဲ၊ အဲဒီတော့ ကျွန်တော်...”

“ထော်အာ... ဒီတိုက်ပွဲက မင်းအပေါ် မူတည်တယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ယီတျန်ရဲ့ စကားကို ဆုံးအောင်မစောင့်ဘဲ ဖြတ်ပြောလိုက်ပါတယ်။

ယီတျန်ရဲ့ အပြုံးဟာ အေးခဲသွားပါတယ်။

ကောင်းကင်စစ်သူကြီးတွေကလည်း မရယ်ဘဲ မနေနိုင်ပါဘူး။

ဟန်ထော်ဟာ ရှေ့ထွက်ပြီး လက်သီးဆုပ်လိုက်ပါတယ် “ကျွန်တော် သေရင်တောင် ဒီတိုက်ပွဲကို နိုင်စေရပါမယ်” ဟန်ထော်ရဲ့ မျက်လုံးတွေဟာ ပြတ်သားပြီး ယုံကြည်မှုအပြည့် ရှိနေပါတယ်။

ဟန်ထော်ဟာ အရင်က ဟန်ထော် မဟုတ်တော့ပါဘူး။ ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်တွေဟာလည်း ဟန်ထော်အပေါ် ယုံကြည်မှု ရှိပါတယ်။ ဟန်ထော်က သူ့အစွမ်းအစကို တိုက်ပွဲတွေ အလီလီအခါခါ တိုက်ခိုက်ပြီး သက်သေပြခဲ့ပြီ မဟုတ်ပါလား။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အားရစွာ ခေါင်းညိတ်လိုက်ပြီး ပြီးခဲ့တဲ့ကိစ္စတွေကို ဆက်ဆွေးနွေးတာကြောင့် စိတ်ဝိညာဉ်နန်းတော်ဟာ တစ်ဖန်ပြန်ပြီးတော့ ဆူညံသွားပါတယ်။ ကောင်းကင်ရုံးတော် တစ်ခုလုံးက ရှုံဟွာကို ဂရုစိုက်ဟန် မရှိပါဘူး။

နှစ်တစ်သောင်းဟာ မီးခိုးငွေ့လိုပဲ တဒင်္ဂချင်း ကုန်ဆုံးသွားပါတယ်။ အချိန်ကုန်တာ မြန်လွန်းတဲ့အတွက် ဖြစ်ပျက်ခဲ့သမျှက အိပ်မက်တစ်ခုလိုပါပဲ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသက် ၃၅၀,၀၀၀ ပြည့်ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အသက်သုံးသိန်းပြည့် မွေးနေ့က မနေ့ကလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အသက် လေးသိန်းပြည့်ရင် စနစ်ကပေးတဲ့ ရွေးချယ်မှုကနေ ရလာမဲ့ ဆုလာဘ်တွေကို မျှော်မိလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို စပြီးတော့ အကဲခတ်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ကံတရား အထောက်အပံ့က အရင်ကထက် အများကြီး တိုးလာတာကို ရှာတွေ့သွားပါတယ်။ မရေမတွက်နိုင်တဲ့ တန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရုပ်တုတွေ ဘုံကျောင်းတွေဟာ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာအနှံ့မှာ ပေါ်ပေါက်လာပါတယ်။

ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ တာအိုပညာရှိတွေက သူ့ဒဏ္ဍာရီကို လူသိများအောင် လုပ်နေမှန်း သိလိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက တာအိုဟောကြားပွဲတစ်ခုမှာ တာအိုလာနားထောင်တဲ့ ပါရမီရှင်တွေကို ကောင်းကင်တာအိုရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်က အသက် ၃၀,၀၀၀ တည်းနဲ့ တာအိုကို ရယူနိုင်ခဲ့တဲ့ ဟန်ကျွယ်လို့ ပြောလိုက်ပါတယ်။ ဒီသတင်းက တာအိုဟောကြားပွဲ ပြီးတာနဲ့ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာကို တောမီးလို ပျံ့နှံ့သွားခဲ့ပါတယ်။

တိတ်ဆိတ်ဂိုဏ်းရဲ့ ဂုဏ်းသတင်းကလည်း မိုးပေါ်ကို ထိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီလောက် နာမည်မကြီးချင်ပါဘူး။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တွက်ချက်ကြည့်တဲ့အခါ တာအိုပညာရှိတွေ ဒီလိုလုပ်တာက ပန်ကူးကို ဖိနှိပ်ဖို့ဆိုတာ သိသွားပါတယ်။ ဒီတော့မှ ဟန်ကျွယ်ရဲ့ မျက်မှောင်တွေဟာ ပြေလျော့သွားပါတယ်။

တာအိုပညာရှိတွေရဲ့ အစီအစဉ်က တကယ်ကို မဆိုးတာပါ။ ဒီလို အာရုံပြောင်းတာက တစ်စုံတစ်ယောက်ကို ဖိနှိပ်ဖို့ အကောင်းဆုံး နည်းလမ်းပါ။

ဟန်ကျွယ်ဟာ လီရွှမ်အောက်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ အပြေးလာနေတာကို ရှာတွေ့သွားပါတယ်။ နောက်ထပ် နာရီအနည်းငယ်ဆိုရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်လာတော့မှာပါ။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ဆွဲသွင်းလိုက်ပါတယ်။

လီရွှမ်အောက်ဟာ ကြမ်းပြင်ပေါ် ဆင်းသက်လိုက်ရတဲ့အခါ အံ့ဩမှင်တက်သွားပါတယ်။ လီရွှမ်အောက်ဟာ အရှိန်အပြည့်နဲ့ ပျံသန်းနေတာပါ။ အဲဒီလိုပျံသန်းနေရာကနေ ရုတ်ခြည်း ပျောက်ကွယ်ပြီး တာအိုဘုံကျောင်းထဲကို ရုတ်ခြည်း ရောက်လာတယ် မဟုတ်ပါလား။

ဒီလိုနည်းလမ်းမျိုးက...

လီရွှမ်အောက်ဟာ ဟန်ကျွယ်ကို ပိုလေးစားသွားပြီး ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။ လီရွှမ်အောက်ဟာ ဟန်ကျွယ်ကို မြင်တိုင်း အဆုံးကို မမြင်နိုင်တဲ့ ခံစားချက်ကို ရပါတယ်။ လီရွှမ်အောက်ဟာ ကျိုးဖန်ဆီကနေ သူတို့ဂိုဏ်းချုပ်က အနည်းဆုံး မဟာတာအိုပညာရှိအဆင့်ကို ရောက်နေပြီလို့ ကြားထားပါတယ်။

“ဘာကိစ္စလဲ”

“ကျိုးဖန်နဲ့ ကျွန်တော်ရဲ့ ပူးပေါင်းမှုက လုံးဝပြည့်စုံသွားပြီ၊ အခု ကျွန်တော်တို့တွေ မဟာတာအိုမျှော်စင်ကို တိုက်ရိုက်ရောက်နိုင်တဲ့ နေရာပြောင်းအစီအမံ ၃၀၀ ကျော်ကို တည်ဆောက်ပြီးပြီ...”

အဲဒီနောက် လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ တိုးတက်မှုတွေကို အစီရင်ခံပြီး နောက်ဆုံးပိတ်အနေနဲ့ ပြောလိုက်ပါတယ်။

“ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာမှာ ပန်ကူးရဲ့ အမွေကို ဆက်ခံထားတဲ့ ပါရမီရှင်တွေ အမြောက်အများ ပေါ်လာတယ်၊ ဒီပါရမီရှင်တွေ အကုန်လုံးက ခန္ဓာကျင့်ကြံလမ်းစဉ်ကို ရွေးချယ်ကြတယ်၊ တိတ်ဆိတ်ဂိုဏ်းကလည်း သူတို့ထဲက တချို့ကို လက်ခံထားတယ်၊ ကျွန်တော် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို အသုံးချပြီး သူတို့ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်တယ်”

“စီစဉ်လိုက်၊ နောက်နှစ်တစ်သောင်းကျရင် သူတို့ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ခေါ်လာခဲ့ချည်၊ တိတ်ဆိတ်ဂိုဏ်း အပြင်စည်းထဲကနေ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ကျင့်ကြံအားထုတ်ဖို့ နောက်ထပ်တစ်သုတ် ထပ်ရွေး... ဒီတစ်ခါ အယောက်တစ်သိန်း လက်ခံမယ်”

‘များလှချည်လား...’ လီရွှမ်အောက်ဟာ ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က စိတ်ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေတာပါ။ ဒီအထဲကို ဝင်နိုင်တာနဲ့တင် ဧရာမအခွင့်အရေးကြီးတစ်ခုပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး လီရွှမ်အောက်ကို အပြင်ဘက် ပြန်ပို့လိုက်ပါတယ်။ ဟန်ကျွယ် အပြင်စည်းတပည့် တစ်သိန်းကို အတွင်းစည်းထဲ ဝင်ခွင့်ပြုတာက ပဋိပက္ခရဲ့ တိုက်ခိုက်မှုကို စောင့်ကြပ်ဖို့ပါ။ အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ် ဧကရာဇ်နဲ့ နတ်မင်းအဆင့် ကျင့်ကြံသူတွေ မရှားပေမဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်နဲ့ တာအိုပညာရှိအတုတွေ ရှားနေပါသေးတယ်။ အထူးသဖြင့် တာအိုပညာရှိအတုက တော်တော်ကို နည်းပါးတာပါ။

လက်ရှိမှာ ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေက တာအိုပညာရှိအတုအဆင့်ကို စတင်ထိုးဖောက်လာကြပါပြီ။ အားအနည်းဆုံး ချန်ယွီအာတောင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။

ဟန်ကျွယ်ဟာ သူ့တပည့်ရင်း အကုန်လုံးကို နောက်နှစ်ငါးသောင်းအတွင်း တာအိုပညာရှိအတု ဖြစ်လာအောင် ကူညီဖို့ ပြင်ဆင်ထားပါတယ်။

ကောင်းကင်တာအိုထက် သာလွန်တဲ့ စိတ်ဝိညာဉ်ချီ၊ မဟာတာအိုပညာရှိရဲ့ တာအိုဟောကြားမှု... ဒီအချက်နှစ်ချက်ကြောင့် ဝက်ကို ခေါ်မွေးရင်တောင် အချိန်ကြာလာတာနဲ့ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်နိုင်ပါတယ်။ ဒါ့အပြင် တိတ်ဆိတ်ဂိုဏ်း တပည့်ရင်းတွေရဲ့ အရည်အချင်းက အရမ်းကြီး ဆိုးရွားနေတာ မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းထဲမှာက ပါရမီရှင် မရှားလို့ ညံ့တယ်လို့ ထင်နေရတာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်း စာစောင်က အတိတ်က စာစောင်တွေနဲ့ သိပ်ကွာခြားမှု မရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ပါဝင်စားစွာ ဖတ်တုန်းပါပဲ။

[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ အိပ်မက်နယ်မြေက အရင်အတိုင်း ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်ပါပဲ။ ရာသီဥတုက သာယာနေပြီး နေရောင်ခြည်က သစ်ရွက်တွေ ကြားထဲကနေ ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ပေါ်ကို ကျရောက်နေပါတယ်။ အရာအားလုံးက အရင်အတိုင်းဆိုပေမဲ့ ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အရင်ကနဲ့ လုံးဝ မတူတော့ပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “မင်း ဒီနေရာကို မှတ်မိသေးလား”

“မှတ်မိတာပေါ့”

“နှစ်တွေလည်း ကြာသွားပြီဆိုတော့ ဒီနေရာကို မင်း မေ့သွားပြီလို့ ငါ ထင်နေတာ”

“တကယ်တော့ ကျွန်တော်အတွက်က နှစ်တစ်ရာပဲ ကုန်သေးသလို ခံစားရတယ်”

ဟန်ကျွယ်ရဲ့ စကားကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မှင်တက်သွားပြီးနောက် ချက်ချင်းဆိုသလို ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားလည်လိုက်ပါတယ်။ ဟန်ကျွယ်က အမြဲတမ်း ဂူအောင်းကျင့်ကြံနေတဲ့အတွက် သူ့ဘဝအတွေ့အကြုံက သေမျိုးတွေရဲ့ ဘဝ အတွေ့အကြုံလောက်တောင် မရှိပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မှတ်ဉာဏ်ထဲမှာ အတိတ်က ဝေဝါးလာပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာတော့ မနေ့တစ်နေ့ကလိုပါပဲ။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “အရှင်မင်းကြီး... ဘာကိစ္စလဲ၊ ပြောသာ ပြောပါ၊ ပုံမှန်ဆိုရင် အရှင်မင်းကြီး ကျွန်တော်နဲ့ ဒီလိုမျိုး ရှေးဟောင်းနှောင်းဖြစ်တွေ မပြောပါဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးပင့်တက်သွားပါတယ် “မင်းက အရင်အတိုင်းပဲ၊ ပျင်းဖို့ ကောင်းလိုက်တယ်၊ တကယ်တော့ ငါ မင်းကို ပြောစရာရှိတယ်၊ မင်း ရှုံဟွာကို သိလား”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “မသိဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “လွန်ခဲ့တဲ့နှစ်တွေတုန်းက ကောင်းကင်ရုံးတော်ကို ရှုံဟွာ ရောက်လာပြီး ငါနဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့တယ်၊ နှစ်ဖက်စလုံးက လောကဦး ပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တစ်ဦးစီ စေလွှတ်ပြီး ယှဉ်ပြိုင်ဖို့ပဲ၊ တကယ်လို့ ကောင်းကင်ရုံးတော် ရှုံးနိမ့်ခဲ့ရင် ရှုံဟွာဆီမှာ အညံ့ခံရလိမ့်မယ်”

ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘နောက်ထပ် အလောင်းအစားလား... ဘာဖြစ်လို့ ဒီလောက်တောင် အလောင်းအစားကို ခုံမင်ရတာလဲ’

“ငါ ထော်အာကို စေလွှတ်ဖို့ စီစဉ်ထားတယ်” ဒီစကားအရောက်မှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခဏရပ်ပြီး ဟန်ကျွယ်ကို အကဲခတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ အမူအရာက လုံးဝ မပြောင်းလဲတဲ့အတွက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။

‘ဒီကောင်လေးက ပိုပိုပြီးတော့ နက်နဲလာပါ့လား...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဆက်ပြောပါတယ် “ရှုံဟွာကို လက်ရဖမ်းဆီးဖို့ ငါ မင်းကို ဖိတ်ခေါ်ချင်တယ်”

“ဒါက စီးချင်းထိုးတာ မဟုတ်ဘူးလား”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဟားဟား... ဒီရှုံဟွာက သူနိုင်မယ်လို့ လုံးဝ ယုံကြည်ချက်ရှိနေတာ ကျိန်းသေပေါက် တခြားအစီအစဉ်တစ်ခု ရှိနေလိမ့်မယ်၊ ငါက ငါယုံကြည်ချက်မရှိတဲ့ တိုက်ပွဲကို ဘယ်တော့မှ မတိုက်ဘူး၊ အဲဒီတော့ ငါနိုင်ရင် ဘာဖြစ်မလဲ၊ အဲဒီကောင်က စကားတည်ရင် ကိစ္စမရှိဘူး၊ ဒါပေမဲ့ စကားမတည်ဘူးဆိုရင် အရှက်ရပြီး ဒေါသထွက်စရာတွေ ဖြစ်လာလိမ့်မယ်၊ အဲဒီတော့ ဒီအခွင့်အရေးကို အမိအရ အသုံးချပြီး အဲဒီကောင်ကို လက်ရဖမ်းဆီလိုက်တာ ပိုကောင်းတယ်၊ ငါ သိသလောက် ရှုံဟွာက တစ်ယောက်မက ရှိတယ်၊ ဒါပေမဲ့ သူတို့ဘယ်သူလဲဆိုတာကို ဘယ်သူမှမသိဘူး၊ အဲဒီတော့ ငါ ရှုံဟွာတစ်ကောင်ကို ဖမ်းပြီး သူတို့ရဲ့ နောက်ခံနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်မယ်”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ဖိတ်ကြားမှုကို လက်ခံရင် ကောင်းကင်ရုံးတော်ကို သွားရမှာပါ။ ဟန်ကျွယ်ဟာ နည်းနည်း ကြောက်သွားပါတယ်။ ကောင်းကင်တာအိုထဲကနေ အပြင်ထွက်ရင် သူ့အတွက် အန္တရာယ်ရှိတယ် မဟုတ်ပါလား။

ဒါပေမဲ့ ငြင်းလိုက်ပြန်ရင်လည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်ဟာ လီတောက်ခုံးလိုမျိုး ကျိန်းသေပေါက် အန္တရာယ်ကြားထဲ ရောက်မှာပါ။ ဟန်ကျွယ်ဟာ အဲဒီရှုံဟွာက မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်ကို တကယ် သိမ်းသွင်းချင်လားဆိုတာကို မသိပါဘူး။ တကယ်လို့ သူတို့နှစ်ယောက် သေသွားရင် ဟန်ကျွယ် နောင်တရလို့ဆုံးမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်က အားနည်းနေရင် ကိစ္စမရှိပါဘူး။ အစွမ်းမရှိလို့ မကယ်နိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အကြောင်းပြလို့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူက အရမ်းအရမ်းကို စွမ်းအားကြီးနေပါပြီ။

လောလောဆယ်မှာ ပဋိပက္ခနတ်မင်းတွေက သူ့နဲ့ ရင်ဆိုင်ဖို့ အကြောင်းမရှိပါဘူး။ ပဋိပက္ခသိစိတ်ကျတော့လည်း မနိုင်ရင် ထွက်ပြေးလို့ ရပါသေးတယ်။ လျှပ်တစ်ပြက်အတွင်းမှာ ဟန်ကျွယ်ဟာ ဖြစ်နိုင်ခြေအများကြီးကို တွေးတောသုံးသပ်လိုက်ပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါတယ်။

“ကောင်းပြီ၊ ကျွန်တော် လာခဲ့မယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရင်ထဲမှာ ထိသွားပါတယ်။ ဟန်ကျွယ်ရဲ့ စရိုက်ကို သူ ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့် ဟန်ကျွယ် ခုလိုမျိုး တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters