← Chapters

ရှုံဟွာ တိုက်ခိုက်ခြင်း

Vol. 68 Ch. 729

ရှုံဟွာ တိုက်ခိုက်ခြင်း

Vol. 68 Ch. 729

နှစ်ပိုင်း ပိုင်းခံလိုက်ရတဲ့ နတ်ဘီလူးသတ်သမားဟာ သူ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ထော်ဟာ နတ်ဘီလူးသတ်သမားရှေ့ ရုတ်တရက် ရောက်လာပြီး နတ်ဘီလူးသတ်သမားကို တောင်ပံနဲ့ အုပ်လိုက်ပါတယ်။

“ဝုန်း...”

နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ရဲ့ တောင်ပံတွေကို ဆုတ်ဖြဲပြီး ထိုးထွက်လိုက်ပေမဲ့ တစ်ကိုယ်လုံး သွေးချင်းနီနေပါပြီ။

ဟန်ထော်ဟာ ညာလက်ကိုလွှတ်ပြီး နတ်လှံတံကို အလွန်လျင်မြန်စွာ လည်ပတ်စေပါတယ်။ အဲဒီနောက် လက်နှစ်ဖက်နဲ့ မန္တန်ထုတ်သုံးပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ထော် ခြေထောက်အောက်က ရွှေရောင်နဂါးဟာ နတ်လှံတံထဲကို ဝင်ရောက်သွားပါတယ်။

အဲဒီနောက် အရိပ်နက်ကြီးတစ်ခုဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ နတ်ဘီလူးဓမ္မရုပ်တုနဲ့ ဆင်တူပါတယ်။ အရိပ်နက်ဟာလည်း နတ်လှံတံထဲကို ဝင်ရောက်သွားပါတယ်။ ချက်ချင်းဆိုသလို နတ်လှံတံကနေ အနက်ရောင် အလင်းတွေ ဖြာထွက်လာပြီး နန်းတော်အားလုံးရဲ့ အကာအကွယ် အစီအမံတွေကို သွက်သွက်ခါသွားစေပါတယ်။

“အဲဒါ ဘာကြီးလဲ”

“ပဋိပက္ခနတ်ဘီလူး စွမ်းအားလား”

“မဟုတ်ဘူး၊ အဲဒီ အရိပ်နက်ရဲ့ ရောင်ဝါက သူ့ရောင်ဝါနဲ့ မတူဘူး”

“သူ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ် ပဋိပက္ခ နတ်ဘီလူးတစ်ပါး ပုန်းအောင်းနေတာလား”

“မဖြစ်နိုင်တာ... ပဋိပက္ခနတ်ဘီလူးနှစ်ပါးက ဘယ်လိုလုပ်ပြီး တစ်ဦးတည်းဖြစ်အောင် ပေါင်းစည်းနိုင်မှာလဲ”

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အချင်းချင်း ဆက်သွယ်ပြီး ထင်ရာမြင်ရာ ပြောဆိုကြပါတယ်။ အများစုကတော့ တိုက်ပွဲကိုကြည့်ပြီး အံ့အားသင့်နေကြပါတယ်။

ဟန်ထော်ရဲ့ စွမ်းအားက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ပဋိပက္ခနတ်ဘီလူးကတော့ ပဋိပက္ခထဲမှာ ထိပ်တန်း အလားအလာရှိတဲ့လူပါ။

ရှုံဟွာနဲ့ ကောင်းကင်ရုံးတော်က ပဋိပက္ခနတ်ဘီလူး လေးငါးပါးကို အနိုင်ယူနိုင်ခဲ့တယ်ဆိုပေမဲ့ အဲဒီပဋိပက္ခ နတ်ဘီလူးတွေက အလောင်းမဟုတ်ရင် ကျင့်ကြံတာ မကြာသေးတဲ့ နတ်ဘီလူးတွေပါ။ ရှေးဟောင်း ပဋိပက္ခနတ်ဘီလူးတွေက ပဋိပက္ခထဲမှာ စွမ်းအားကြီးတဲ့ တည်ရှိမှုတွေ ဖြစ်နေတုန်းပါ။ ပဋိပက္ခနတ်ဘီလူးတွေက တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးကြတဲ့အတွက် အချင်းချင်း မကူညီကြတာပါ။ မဟုတ်ရင် ပဋိပက္ခတစ်ခုလုံးကို ပဋိပက္ခနတ်ဘီလူးတွေ အုပ်စိုးတာ ကြာပါပြီ။

ဟန်ထော်ဟာ မျက်လုံးကျဉ်းပြီး နတ်ဘီလူးသတ်သမားကို လှံနဲ့ ထိုးလိုက်ပါတယ်။ လှံလမ်းကြောင်းမှာရှိတဲ့ အာကာသဟာ ကွဲကြေပြီး အကြွင်းမဲ့အမှောင်ထု ဖြစ်သွားပါတယ်။

နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ရဲ့ လှံချက်ကို မရှောင်နိုင်တာကြောင့် ဓမ္မစွမ်းအားကို အသုံးပြုပြီး ဟန့်တားလိုက်ပါတယ်။ ဒါပေမဲ့ လှံချက်က နတ်ဘီလူးသတ်သမားရဲ့ ဓမ္မစွမ်းအားကို ထိုးဖောက်သွားပါတယ်။ အဲဒီနောက် နတ်လှံဟာ နတ်ဘီလူးသတ်သမားရဲ့ နောက်မှာ ရပ်ပြီး နတ်ဘီလူးသတ်သမားရဲ့ ဓမ္မစွမ်းအားကို စုပ်ယူပါတော့တယ်။

နတ်ဘီလူးသတ်သမားဟာ မမြင်နိုင်တဲ့ ကြိုးတွေနဲ့ နှောင်ဖွဲ့ခံထားရသလိုမျိုး လွတ်အောင် ရုန်းနိုင်ခြင်း မရှိပါဘူး။

“အင်း... မင်းလက်အောက်မှာ ပဋိပက္ခနတ်ဘီလူးတစ်ပါး ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်းက ဒီလောက်ထိ ယုံကြည်ချက် ရှိနေတာ အံ့ဩစရာ မရှိတော့ပါဘူး”

ရှုံဟွာရဲ့အသံ ထွက်ပေါ်လာပါတယ်။ ရှုံဟွာဟာ တိုက်ပွဲစကတည်းက စကားတစ်လုံးမှ မပြောဘဲ အခုမှ စပြောတာပါ။ ရှုံဟွာရဲ့ လေသံဟာ အနည်းငယ် အံ့ဩပုံ ပေါက်နေပေမဲ့ တုန်ယင်ခြင်း မရှိသေးပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... မင်း အရှုံးပေးဖို့ ပြင်ဆင်ပြီးပြီလား”

“ဟီးဟီး... အရှုံးပေးရမယ်၊ မင်းရဲ့ ပါရမီရှင်က သေတော့မယ်”

ရှုံဟွာရဲ့ စကားအဆုံးမှာပဲ နတ်ဘီလူးသတ်သမားဟာ နားစည်ကွဲမတတ် အော်ဟစ်လိုက်ပါတယ်။ အဲဒီနောက် နတ်ဘီလူးသတ်သမားရဲ့ လက်ခြောက်ဖက်ဟာ အရူးအမူး လှုပ်ရှားလာပြီး နတ်လှံရဲ့ နှောင်ဖွဲ့မှုကို ချိုးဖျက်ကာ ဟန်ထော်ကို လက်သီးနဲ့ ထိုးချလိုက်ပါတယ်။

နတ်လှံဟာ နောက်ကနေ ထပ်မံတိုက်ခိုက်ပြီး နတ်ဘီလူးသတ်သမားရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်ပါတယ်။ နတ်ဘီလူးသတ်သမားဟာ ဒါကို ဂရုမစိုက်ဘဲ ဟန်ထော်ကိုသာ အရူးအမူး တိုက်ခိုက်ပါတယ်။

ဟန်ထော်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ကောင်းကင်တစ်ခွင် ပြည့်နှက်နေတဲ့ အာကာသ အပိုင်းအစတွေဟာ ဓားအရိပ်အသွင် ပြောင်းလဲသွားပြီး နတ်ဘီလူးသတ်သမားကို တိုက်ခိုက်ပါတော့တယ်။

အသက်တစ်သောင်း၊ မဟာတာအို ဆန်းကြယ်စွမ်းအား။

နတ်ဘီလူးသတ်သမားရဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်းဆိုသလို နုပ်နုပ်စဉ်း ခံရပါတော့တယ်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ နတ်ဘီလူးသတ်သမားဟာ သူ့ခန္ဓာကိုယ်ကို ပြန်စုစည်းလိုက်ပါတယ်။ နတ်ဘီလူးသတ်သမားရဲ့ သွေးနှစ်ဟာ ပိုလိုတောင် သန်မာလာပါသေးတယ်။ နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ရှေ့ကို လျင်မြန်စွာ ရောက်ရှိပြီး လက်သီးတွေနဲ့ ခြေထောက်တွေနဲ့ရော အရူးတစ်ယောက်လို တိုက်ခိုက်ပါတော့တယ်။ နတ်ဘီလူးသတ်သမားရဲ့ အလျင်က အရင်ကထက် ပိုမြန်လာပါတယ်။

တစ်ခဏချင်းမှာပဲ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ ဟန်ထော်ရဲ့ ဝိညာဉ်ဟာ ထွက်ပြေးပြီး ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပါတယ်။

ရောင်ဝါနက်တချို့ဟာ ဟန်ထော် ပတ်လည်မှာ ပေါ်လာပြီး ဟန်ထော်ကို တုပ်နှောင်လိုက်တဲ့အတွက် ဟန်ထော်ရဲ့ ခန္ဓာကိုယ်ဟာ ကျောက်သားအတိ ဖြစ်သွားပါတယ်။ ဟန်ထော်ရဲ့ မျက်လုံးလေးလုံးပဲ ဘာမှမဖြစ်ဘဲ ကျန်ရစ်ပါတယ်။

နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ဆီကို တစ်လှမ်းချင်း လျှောက်လာပြီး ရက်ရက်စက်စက် ပြုံးလိုက်ပါတယ် “ငါက ဆန်းကြယ်စွမ်းအား မတတ်ဘူးလို့ ထင်နေတာလား၊ သုံးဖို့ မလိုလို့ မသုံးတာ”

“ကောင်လေး... မင်းက တကယ်ပဲ အစွမ်းထက်ပါတယ်၊ မင်းရဲ့ အရည်အချင်းကလည်း ကြောက်ဖို့ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ မင်း ကံဆိုးချင်တော့ ငါနဲ့ စောစောစီးစီး တွေ့လိုက်ရတာပဲ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို စားပြီးရင် မင်းအရည်အချင်းကို အသုံးချပြီး ပဋိပက္ခမှာ နာမည်ကျော်အောင် လုပ်မယ်၊ ပဋိပက္ခနတ်ဘီလူးတွေကို ဖိနှိပ်မယ်”

နတ်ဘီလူးသတ်သမားဟာ ခေါင်းသုံးလုံးက ပါးစပ်တွေကို ဟလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ကို မြင့်မြင့်မြောက်ပြီး ခြေထောက်ကနေ စစားပါတယ်။ ဒီမြင်ကွင်းက ကောင်းကင်စစ်သား သန်းချီရဲ့ မျက်လုံးတွေဟာ ရဲရဲနီသွားစေပြီး တိုက်ခိုက်လိုစိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာစေပါတယ်။

ကျိုးဖန်က တိုက်ခိုက်ဖို့ ပြင်လိုက်ပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ကျိုးဖန်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပါတယ်။ ကျိုးဖန်ဟာ နောက်လှည့်ကြည့်တဲ့အခါ တည်ငြိမ်လွန်းတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာကို တွေ့လိုက်ရပါတယ်။

ဒီအချိန်မှာပဲ...

ကျောက်ရုပ်ဖြစ်နေတဲ့ ဟန်ထော်ဟာ ရုတ်တရက် အမှုန့်ဖြစ်သွားပြီး မျက်လုံးလေးလုံးဟာ နတ်ဘီလူးသတ်သမားရဲ့ ဝေးရာကို ပျံသန်းသွားပါတယ်။ နတ်လှံဟာ ဟန်ထော်ရဲ့ မျက်လုံးရှိရာကို ပျံသန်းလာပါတယ်။ စောစောက နတ်လှံနဲ့ ပေါင်းစပ်ခဲ့တဲ့ အရိပ်နက်ဟာ ပြန်ပေါ်လာပြီး ဟန်ထော်ရဲ့ မျက်လုံးလေးလုံးနဲ့ ပေါင်းစပ်သွားပါတယ်။ ဒါကြောင့် အေးစက်တဲ့ မျက်လုံးလေးလုံးနဲ့ အရိပ်နက်တစ်ခု ဖြစ်တည်လာပါတယ်။

အရိပ်နက်အဖြစ် အသွင်ပြောင်းပြီးတဲ့ ဟန်ထော်ဟာ နတ်လှံကို ကိုင်ပြီး နတ်ဘီလူးသတ်သမားဆီ လျှောက်သွားပါတယ်။

နတ်ဘီလူးသတ်သမားဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ရောင်ဝါနက်တချို့ဟာ ဟန်ထော် ပတ်လည်မှာ ထပ်ပေါ်လာပြီး ဟန်ထော်ကို ရစ်ပတ်နှောင်ဖွဲ့ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ပုံရိပ်ယောင်ကို ချည်နှောင်သလိုမျိုး ဟန်ထော်ကို ကျော်သွားကြပါတယ်။ ဘယ်လိုပဲကြိုးစား ကြိုးစား ဟန်ထော်ကို မချည်နှောင်နိုင်ပါဘူး။

ဟန်ထော်ဟာ နတ်ဘီလူးသတ်သမားဆီကို တန်းတန်းမတ်မတ် လျှောက်သွားပါတယ်။ ဒီအချိန်မှာ ဟန်ထော်က နတ်ဘီလူးသတ်သမားထက် ပိုပြီးတော့ မိစ္ဆာဆန်ပါတယ်။ ဟန်‌ထော်ရဲ့ ရုပ်သွင်က မိစ္ဆာဆန်တာ မဟုတ်ပါဘူး။ သူ့ရောင်ဝါက မိစ္ဆာဆန်လွန်းတာပါ။

မဟာတာအိုပညာရှိတွေဟာ မျက်မှောင်ကြုတ်သွားကြပါတယ်။

ဟန်ထော်ဟာ လှံကိုဝှေ့ယမ်းပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ နတ်ဘီလူးသတ်သမားဟာ ဟန်ထော်နောက်ကို ထပ်ရွှေ့ပြီး ထပ်စားဖို့ ပြင်လိုက်ပါတယ်။

“မင်းက ငါ့ကို စားချင်ရအောင်... မင်းဗိုက်က အဲဒီလောက် ကြီးလို့လား”

ဟန်ထော်ရဲ့ အေးစက်တဲ့အသံနဲ့အတူ အရိပ်နက်နောက်မှာ အနက်ရောင်မျဉ်း ထောင်ချီ ရုတ်တရက် ပေါ်လာပြီး နတ်ဘီလူးသတ်သမားရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ လွင့်ပါး ပျောက်ကွယ်စေတာကြောင့် တစ်ခဏအတွင်း နတ်ဘီလူးသတ်သမားဟာ အနက်ရောင်မျဉ်းတွေ ထိုးဖောက်ထားတဲ့ ဝိညာဉ်ပဲ ကျန်ရှိပါတော့တယ်။

နတ်ဘီလူးသတ်သမားရဲ့ ဝိညာဉ်ဟာ တုန်ယင်သွားပါတယ်။ နတ်ဘီလူးသတ်သမားဟာ ရုန်းကန်ချင်ပေမဲ့ တစ်စက်ကလေးတောင် လှုပ်ရှားလို့ မရပါဘူး။

“ဒါ... ဒါက ဘာလဲ...”

နတ်ဘီလူးသတ်သမားဟာ ဟန်ထော်ကို စိုက်ကြည့်ပြီး တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။

နတ်ဘီလူးသတ်သမားဟာ ခန္ဓာကိုယ်ကို ပြန်မတည်ဆောက်နိုင်သလို လွတ်အောင်လည်း မရုန်းနိုင်ပါဘူး။

ဟန်ထော်ဟာ နတ်ဘီလူးသတ်သမားကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက ငါရဲ့ မွေးရာပါ ဆန်းကြယ်စွမ်းအားကို ပထမဆုံး ရင်ဆိုင်ရတဲ့သူပဲ”

စကားဆုံးတာနဲ့ ဟန်ထော်ဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါ ပြင်းထန်လွန်းတဲ့ စုပ်အားတစ်ခု ပေါ်လာပြီး နတ်ဘီလူးသတ်သမားရဲ့ ဝိညာဉ်ကို အရူးအမူး စုပ်ယူပါတော့တယ်။ နတ်ဘီလူးသတ်သမားရဲ့ ဝိညာဉ်ဟာ အနက်ရောင်မျဉ်းထောင်ချီ ထိုးစိုက်ခံထားရတာကြောင့် မရွှေ့လျားနိုင်ပါဘူး။ ဒါကို အလွန်ပြင်းထန်တဲ့ စုပ်အားနဲ့ စုပ်ယူလိုက်တဲ့အခါ နတ်ဘီလူးသတ်သမားရဲ့ ဝိညာဉ်ဟာ တစ်စစီ စုတ်ပြဲလာပြီး ဟန်ထော်ရဲ့ လက်ဖဝါးထဲကို ရောက်လာပါတယ်။

ဒီတော့မှ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ကျိုးဖန်ကလည်း ရယ်ကျဲကျဲနဲ့ ကြိမ်းလိုက်ပါတယ် “ဒီကောင်လေးမှာ ဒီအကွက် ရှိနေလိမ့်မယ်လို့ ထင်မထားပါဘူး၊ ဒါက ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ၊ ငါ့နှလုံးသားကိုတောင် ကြက်သီးထစေတယ်”

တခြားလူတွေကလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ ဟန်ထော်ရဲ့ အရိပ်နက်အသွင်က တကယ်ကို ကြောက်ဖို့ ကောင်းတာပါ။

“ဟွန်း...” ရှုံဟွာရဲ့ အေးစက်တဲ့ နှာခေါင်းရှုံ့သံဟာ ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဘီလူးသတ်သမားကို ချုပ်နှောင်ထားတဲ့ အနက်ရောင်မျဉ်း ထောင်ချီဟာ ရုတ်တရက် ကျိုးပြတ်သွားပါတယ်။

ဟန်ထော်ဟာ အန္တရာယ်ကို အလိုလိုခံစားမိပြီး နောက်လှည့်ကာ လှံကို ဝှေ့ယမ်းလိုက်ပါတယ်။ ဒါပေမဲ့ မမြင်နိုင်တဲ့ အင်အားရဲ့ တိုက်ခိုက်မှုကြောင့် ဟန်ထော်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လွင့်ပါးပျောက်ကွယ်ပြီး မျက်လုံးလေးလုံးသာ ကျန်ရှိပါတော့တယ်။

ရှုံဟွာက ရုတ်တရက် တိုက်ခိုက်လိုက်တာပါ။

တစ်ချိန်တည်းမှာပဲ မဟာတာအိုပညာရှိတွေဟာ ကောင်းကင်ရုံးတော်ရဲ့ ထောင့်တိုင်းမှာ ပေါ်လာပြီး လက်မြှောက်ကာ မန္တန်ထုတ်သုံးလိုက်ပါတယ်။ မဟာတာအိုပညာရှိတွေရဲ့ ဓမ္မစွမ်းအားဟာ ပေါက်ကွဲထွက်ပြီး ကောင်းကင်ရုံးတော်တစ်ခုလုံးကို ဖုံးအုပ်သွားပါတယ်။

ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးရဲ့ ခေါင်းဆောင် သိကျန်းက နှာခေါင်းရှုံ့လိုက်ပါတယ် “ရှုံဟွာ... ပုန်းမနေနဲ့၊ ထွက်လာခဲ့တော့၊ မင်း ဒီနေ့ ပြေးမလွတ်ဘူး”

ဟင်းလင်းပြင်လို ရောင်ဝါရှိတဲ့ လောကဦး ကောင်းကင်အရှင်က မြင်းမြီးယပ်ကို ကိုင်ပြီး သရော်လိုက်ပါတယ် “ဒါက ရှုံဟွာတဲ့လား... ရှုံးတာနဲ့ ကိုယ်ပေးထားတဲ့ ကတိကို ချိုးဖျက်တော့တာပဲ၊ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ၊ ဒီလိုပုံစံမျိုးနဲ့ ပဋိပက္ခကို အုပ်ချုပ်ဖို့ ထိုက်တန်တယ်လို့ မင်းကိုယ်မင်း ထင်နေတာလား...”

“ဟားဟား... ဟုတ်တယ်”

“ဒီကောင်က ကြောင်သူတော် ကြွက်သူခိုးပဲ”

“မင်း ကိုယ်ထင်ပြရမလဲ ကြည့်ကြသေးတာပေါ့”

“စောစောတုန်းက မင်း လေပေါ်မြောက်နေတာ မဟုတ်ဘူးလား၊ အခုတော့ အရှုံးကိုတောင် လက်မခံနိုင်တော့ဘူး၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ”

“ဒီရှုံဟွာက သူ့အသက်အတွက် ဒူးထောက် တောင်းပန်မလား ဆိုတာကို အလောင်းအစား ထပ်ကြရအောင်”

မဟာတာအိုပညာရှိတွေရဲ့ လှောင်ပြောင်သံ ရယ်မောသံဟာ ကောင်းကင်ရုံးတော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်ဝှေ့ယမ်းပြီး ဟန်ထော်ကို သူ့ဘေးနား ရွှေ့လိုက်ပါတယ်။ တခြားလူတွေကလည်း ဟန်ထော်ကို ဝိုင်းရံလိုက်ကြပါတယ်။

ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်လိုက်ပါတယ်။ ဟန်ထော်ရဲ့ မျက်နှာဟာ ဖျော့တော့နေပြီး သူ့ရောင်ဝါကလည်း အတော်ကို အားနည်းနေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းလုပ်တာ အရမ်းကောင်းတယ်၊ ကောင်းကင်ရုံးတော်နဲ့ ငါ့ကို အရှက်မရစေဘူး”

တခြားလူတွေကလည်း ဟန်ထော်ကို ဝိုင်းကြည့်ကြပါတယ်။

ဟန်ထော်ဟာ သူ့ရဲ့ မွေးရာပါ ဆန်းကြယ်စွမ်းအားကို သုံးပြီးတဲ့အချိန်မှာ တကယ်ကို စွမ်းအားကြီးတာပါ။ နတ်ဘီလူးသတ်သမားက လုံးဝကို မခုခံနိုင်တာပါ။

“ဝုန်း...”

ကောင်းကင်ရုံးတော်မှာ လေပြင်းထန်လာပြီး ယိုယွင်ပျက်စီးနေတဲ့ ကောင်းကင်ပြင်မှာ မိုးကြိုးတိမ်တိုက်တွေ လိမ့်တက်လာပါတယ်။ မရေမတွက်နိုင်တဲ့ တိမ်မည်းတွေဟာ လျှပ်စီးတွေ ကောင်းကင်မီးတွေ ယှက်နွယ်ပြီး အာကာသ အက်ကြောင်းတွေထဲကနေ ထွက်ပေါ်လာပါတယ်။ ကမ္ဘာပျက်တော့မဲ့ အတိုင်းပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters