← Chapters

အမှောင်နယ်မြေ

Vol. 69 Ch. 732

အမှောင်နယ်မြေ

Vol. 69 Ch. 732

ကောင်းကင်ရုံးတော်ထက်မှာ ပဲ့တင်ထပ်သွားတဲ့ ရှုံဟွာရဲ့အသံဟာ ကောင်းကင်စစ်သား သန်းချီရဲ့ နှလုံးသားကို တုန်လှုပ်ချောက်ချားစေပါတယ်။

‘ဒီကောင်က အဖော်တွေ ရှိသေးတာလား...’

ဟန်ကျွယ်ဟာ ချက်ချင်း အသွင်တူ လက်ရည်စမ်းပွဲကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပေမဲ့ တခြား ရှုံဟွာတွေ ပေါ်လာတာကို မတွေ့ရပါဘူး။

ဒီအချိန်မှာပဲ...

တောင်ဘက်မုခ်တံခါးနောက်က အာကာသဟာ ရုတ်တရက် ကွဲကြေပြီး ဧရာမတွင်းနက်ကြီး တစ်တွင်း ဖြစ်ပေါ်လာကာ ရုပ်သွင်တွေ ထွက်ပေါ်လာပါတယ်။

[ရှုံဟွာ: မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်၊ နောက်ခံမသိ။]

[ရှုံဟွာ: မဟာတာအို လောကဦးပဋိပက္ခ အလယ်အဆင့်၊ နောက်ခံမသိ။]

[ရှုံဟွာ: မဟာတာအို လောကဦးပဋိပက္ခ ကနဦးအဆင့်၊ နောက်ခံမသိ။]

[ရှုံဟွာ: မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်၊ နောက်ခံမသိ။]

ဟန်ကျွယ်ဟာ အသစ်ရောက်လာတဲ့ ရှုံဟွာတွေရဲ့ ကျင့်ကြံမှုကို ချက်ချင်း သိသွားပါတယ်။ မဟာတာအိုပညာရှိအဆင့်ရှိတဲ့ ရှုံဟွာက ၁၃ ပါးတိတိ ရှိပါတယ်။ ဟန်ကျွယ်ဟာ ဒါကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ စိတ်ထဲမှာလည်း လန့်သွားပါတယ်။ ရှုံဟွာတွေရဲ့ အင်အားစုက တော်တော်လေး အားကောင်းနေပြီ မဟုတ်ပါလား။

ဒါပေမဲ့ ဒီရှုံဟွာတွေက အမှောင်ထုစွမ်းအား မရှိတာကို ဟန်ကျွယ် သတိထားမိသွားပါတယ်။ အမှောင်ထုစွမ်းအား မရှိရင် မဟာတာအိုပညာရှိတွေက သူတို့အစွမ်းကို ပြသနိုင်မှာပါ။

ဒီရှုံဟွာတွေက အကုန်လုံး ကွဲပြားခြားနားပါတယ်။ တူတာဆိုလို့ အကုန်လုံး ဝတ်ရုံနက် ဝတ်ထားပြီး သူတို့ခန္ဓာကိုယ်တွေက ဝိညာဉ်နဲ့ တူနေတာပါ။ သရဲလိုလို မိစ္ဆာလိုလိုနဲ့ ကြောက်ဖို့ကောင်းပါတယ်။

ရှုံဟွာ ၁၃ ပါးဟာ ဟန်ကျွယ်ရှိတဲ့ နန်းတော်ဆီကို တန်းတန်းမတ်မတ် လျှောက်လာကြပါတယ်။ သူတို့ရဲ့ ရောင်ဝါကလည်း တဖြည်းဖြည်း အားကောင်းလာပါတယ်။

“ဝုန်း..ဝုန်း..ဝုန်း...”

နန်းတော်တွေဟာ တစ်ဆောင်ပြီးတစ်ဆောင် ကွဲကြေကုန်ပါတယ်။ အာကာသတစ်ခုလုံး ကွဲကြေပြီး ခရမ်းရောင် အာကာက အစားထိုးသွားပါတယ်။ ချက်ချင်းဆိုသလို ခရမ်းရောင် မြူခိုးတွေ ထွက်ပေါ်လာပြီး အဖြူ‌ရောင်အလင်း၊ အဲဒီနောက် နက်ပြာရောင် အလင်းအဖြစ် ပြောင်းလဲသွားပါတယ်။ အရမ်းကို ထူးဆန်းပါတယ်။ ဒါက လောကဦး အာကာသပါ။ အရောင်ပြောင်းလဲတာက သူတို့ရဲ့ ဓမ္မစွမ်းအားတွေ လျင်မြန်စွာ တိုးတက်လာတာကြောင့် ဖြစ်ပါတယ်။

ရှုံဟွာ ၁၃ ပါးက ခြေငါးလှမ်း လှမ်းပြီးရုံပဲ ရှိပါသေးတယ်။ သူတို့ရဲ့လမ်းကို ရုပ်သွင် ၁၂ ခုက ပိတ်ဆို့ဟန့်တားလိုက်ပါတယ်။

ဒီရုပ်သွင် ၁၂ ခုကတော့ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးပါ။

သိကျန်းဟာ ဇက်ချိုးပြီး လူဆိုးပြုံး ပြုံးလိုက်ပါတယ် “ငါ့ညီတို့ စောစောတုန်းက ငါတို့တွေ အမှောင်ထုစွမ်းအား ဖိနှိပ်တာကို ခံရတာ တော်တော်လေး ခံရခက်တယ်၊ အခု ဒီခံစားချက်တွေကို ဖွင့်ထုတ်ဖို့ အချိန်ရောက်ပြီ”

သိကျန်းရဲ့ စကားအဆုံးမှာပဲ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးဟာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ပြောင်းလဲလိုက်ကြပါတယ်။ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးစလုံးဟာ ကြောက်ဖို့ကောင်းတဲ့ မျက်နှာတွေရှိပြီး သူတို့ခါးမှာ မြွေကြီးတွေ ပတ်ထားကြပါတယ်။ အကုန်လုံးရဲ့ ခန္ဓာကိုယ်ကလည်း လူသန်ကြီးတွေ ဖြစ်သွားကြပါတယ်။

လောကဦး ကောင်းကင်အရှင်ဟာ မြင်းမြီးဟာ ဝှေ့ယမ်းပြီး ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ အခုအချိန်က တကယ်တမ်း တိုက်ခိုက်ရမဲ့အချိန်ပဲ”

ကျဲ့ယင်၊ နွီဝါနဲ့ တခြားတာအိုပညာရှိတွေဟာလည်း ရှေ့ထွက်လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ အမှောင်ထုစွမ်းအားက မဟာတာအိုပညာရှိတွေကို တော်တော်လေး စိတ်ဓာတ်ကျစေပါတယ်။ သူတို့ရဲ့ ဓမ္မစွမ်းအားကို ထုတ်သုံးတာနဲ့ အမှောင်ထုစွမ်းအား‌ ချေဖျက်တာကို ခံရတယ် မဟုတ်ပါလား။ ဒီလိုပုံစံနဲ့ ရန်သူကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ။

ဟန်ကျွယ် လက်ထဲက ရှုံဟွာရဲ့ ဝိညာဉ်ဟာ အရူးပမာ အော်ဟစ်လိုက်ပါတယ် “မင်း ကြောက်နေပြီလား... ဟားဟား... အခုအချိန် မင်း ဒူးထောက် တောင်းပန်ရင်တောင် မမီတော့ဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်ထော်၊ ကျိုးဖန်နဲ့ တခြားလူတွေဟာ မျက်မှောင်ကြုတ်သွားပါတယ်။

နောက်ထပ် ရောက်လာတဲ့ ရှုံဟွာ ၁၃ ပါးက မရိုးရှင်းပါဘူး။ သူတို့လမ်းကို မဟာတာအိုပညာရှိတွေက ပိတ်ဆို့ထားတာတောင် ဝိညာဉ် တုန်လှုပ်စေတဲ့ ဖိအားကို မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ ခံစားနိုင်ပါသေးတယ်။

ဒီအချိန်မှာပဲ...

ရှုံဟွာ ၁၃ ပါး နောက်က အနက်ရောင် အလင်းတန်းတစ်ခုဟာ ရုတ်တရက် တောက်ပလာပြီး ကောင်းကင်ရုံးတော် တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားပါတယ်။

မဟာတာအိုပညာရှိတွေနဲ့ ကောင်းကင်စစ်သား သန်းချီဟာ တုံ့ပြန်ချိန်မရဘဲ အလင်းနက် လွှမ်းမိုးတာကို ခံလိုက်ရပါတယ်။ ဟန်ကျွယ်လည်း အတူတူပါပဲ။

ဟန်ကျွယ်ဟာ မြင်ကွင်းတစ်ခုလုံး ဝေဝါးပြီး ပတ်ဝန်းကျင်က မှောင်မည်းသွားတာကို ခံစားလိုက်ရပါတယ်။ အမှောင်တားမြစ်နယ်မြေကို ရောက်သွားသလိုပါပဲ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေလည်း သူ့ဘေးနားမှာ မရှိတော့ပါဘူး။

ချက်ချင်းဆိုသလို အမှောင်ထုထဲမှာ ကြယ်တွေ တောက်ပလာပြီး ကြယ်တာရာ ကောင်းကင်ပြင်တစ်ခု ဖြစ်တည်သွားပါတယ်။

ဟန်ကျွယ်ဟာ ရှုံဟွာ ၁၃ ပါးကို တွေ့လိုက်ရပါတယ်။ အတိအကျ ပြောရရင် ရှုံဟွာ ၁၄ ပါးပါ။ ရှုံဟွာ ၁၃ ပါးရဲ့ နောက်မှာ ချီအလုံးနဲ့တူတဲ့ အရိပ်နက်တစ်ခု ရှိနေပါတယ်။

“ဒါက ငါ့ရဲ့ အမှောင်နယ်မြေပဲ၊ အဆင့်တူတဲ့လူတွေကိုပဲ သုံးလို့ရတယ်၊ မင်း ငါတို့အားလုံးကို အနိုင်ယူနိုင်မှ ဒီပုံရိပ်ယောင်ထဲကနေ လွတ်မြောက်နိုင်လိမ့်မယ်” အသံဩဩကြီးတစ်သံ ထွက်ပေါ်လာပါတယ်။

ရှုံဟွာ ၁၃ ပါးဟာ လူစုခွဲပြီး ဟန်ကျွယ်ကို ဝိုင်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “ဒါဆို တခြားတာအိုပညာရှိတွေကလည်း မင်းတို့ ဝိုင်းတိုက်တာက ခံရမှာလား”

“ဟုတ်တယ်၊ ငါ အခု မင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ အညံ့ခံပြီး ရှုံဟွာ ဖြစ်လာစမ်းပါ”

“အညံ့မခံဘူးဆိုရင်ရော...”

အရိပ်နက်တွေဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲကနေ လျင်မြန်စွာ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အရိပ်ကြီးတွေ ဖြစ်သွားပါတယ်။ ဒီအရိပ်ကြီးတွေက နတ်ဘီလူးဓမ္မရုပ်တုတွေပါ။

“အညံ့မခံရင် သေရမယ်...”

“သတ်...” အသံဩဩကြီးက ချက်ချင်း အမိန့်ပေးလိုက်ပါတယ်။

အသံဩဩပိုင်ရှင်ဟာ နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိပါတယ်။ ဒါကြောင့် အချိန်မဆိုင်းဘဲ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာပါ။

.....

လောကဦး ဟင်းလင်းပြင်။

ဟန်ထော်ဟာ အေးခဲသလို ဖြစ်နေတဲ့ ဟန်ကျွယ်ကိုကြည့်ပြီး တအံ့တဩ မေးလိုက်ပါတယ် “ဘာဖြစ်သွားတာလဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ တခြားတာအိုပညာရှိတွေလည်း လှုပ်ရှားမှုမရှိတာကို တွေ့လိုက်ရပါတယ်။ မဟာတာအိုပညာရှိတွေတင် မဟုတ်ပါဘူး။ ရှုံဟွာ ၁၃ ပါးလည်း ကျောက်ရုပ်လို ဖြစ်နေပါတယ်။

ဒီမြင်ကွင်းက ထူးဆန်းလွန်းလှပါတယ်။

ဟန်ကျွယ်လက်ထဲက ရှုံဟွာဝိညာဉ်ဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... ဒါက ငါ့ရဲ့ အမှောင်နယ်မြေပဲ၊ အဆင့်တူတဲ့ ရန်သူတွေကို ပုံရိပ်ယောင်စစ်ထဲ ဆွဲထည့်နိုင်တယ်၊ မဟာတာအိုပညာရှိတိုင်းက ရှုံဟွာတွေ ဝိုင်းတိုက်တာက တစ်ဦးတည်း ရင်ဆိုင်ရလိမ့်မယ်၊ မင်းတို့က အတူပူးပေါင်းပြီး ရှုံဟွာကို ခုခံချင်တယ်တဲ့လား... ဘယ်လောက်တောင် တုံးအလိုက်လဲ”

“ဟားဟား... ငါ တစ်ခုပြောဖို့ မေ့သွားသေးတယ်၊ ရှုံဟွာတိုင်းမှာ ကိုယ်ပိုင် အမှောင်နယ်မြေ ရှိတယ်၊ မဟာတာအိုပညာရှိတွေ အကုန်သေသွားရင် မင်းတို့တွေ အသက်ရှင်ဖို့ မေ့လိုက်တော့... ဟားဟား...”

ရှုံဟွာဟာ အရူးပမာ ရယ်မောလိုက်ပါတယ်။ ရှုံဟွာဟာ ဟန်ထော်နဲ့ တခြားလူတွေက အသက်ချမ်းသာပေးဖို့ ဒူးထောက် တောင်းပန်တာကို စိတ်ကူးကြည့်ပြီး အရမ်းကို စိတ်လှုပ်ရှားသွားပါတယ်။

ကျိုးဖန်ဟာ မပျော်မရွှင် ဖြစ်သွားပြီး ကြိမ်းမောင်းလိုက်ပါတယ် “ငါ မင်းကို နုပ်နုပ်စဉ်းပြီး အမှုန့်ကြိတ်ပစ်ချင်လာပြီ”

ရှုံဟွာက မဟာတာအိုပညာရှိပါ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ လက်ထဲမှာ ချုပ်နှောင်ခံထားရပါတယ်။ ဒီလိုအခြေအနေမှာတောင် မဟာတာအိုပညာရှိက လောကဦးပဋိက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်သတ် သတ်နိုင်တဲ့အရာ မဟုတ်ပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှုံဟွာရဲ့ စကားကြောင့် မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်သွားပါတယ်။ ရှုံဟွာရဲ့ အရေအတွက်နဲ့ အရည်အချင်းက မိစ္ဆာ ကောင်းကင်ဧကရာဇ် ခန့်မှန်းတာထက် အများကြီး ပိုနေပါတယ်။

‘သေစမ်း... ငါ ဟန်ကျွယ်ကို ဆွဲချမိပြီလား...’

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို လှမ်းကြည့်မိတဲ့အခါ ကြက်သေသေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ပြုံးနေတာကို တွေ့လိုက်ရလို့ပါ။

ဟန်ကျွယ်ဟာ ခေါင်းမော့ပြီး ပြောလိုက်ပါတယ် “အမှောင်နယ်မြေ... တကယ်ကို တစ်ခုခုပဲ”

တခြားလူတွေလည်း ကြက်သေသေသွားကြပါတယ်။ အဲဒီနောက် သူတို့တွေဟာ ဟန်ကျွယ်ကို အံ့ဩတကြီး ခေါ်လိုက်ကြပါတယ်။

“အဖေ...”

“ဆရာဘိုးဘိုး...”

“ဆရာသခင်...”

သူတို့တွေဟာ သူတို့မျက်လုံးကိုတောင် မယုံနိုင်အောင် ဖြစ်သွားကြပါတယ်။

ဟန်ကျွယ်လက်ထဲက ရှုံဟွာဝိညာဉ်ဟာ မျက်လုံးပြူး မျက်ဆံပြူးသွားပါတယ် “မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး... မင်း ဘယ်လိုလုပ်ပြီး အမှောင်နယ်မြေထဲကနေ လွတ်လာတာလဲ”

ရှုံဟွာဝိညာဉ်ရဲ့အသံဟာ တုန်ယင်နေပါတယ်။

ဟန်ကျွယ်ဟာ ရှုံဟွာဝိညာဉ်ကို အင်္ကျီလက်အိုးထဲ ထည့်ပြီး ‌ကျောက်ရုပ်လို ရပ်နေတဲ့ ရှုံဟွာ ၁၃ ပါးဆီ လျှောက်သွားပါတယ် “ဘာခက်တာမှတ်လို့... မင်းတို့ အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲဟာကို...”

ဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်ထော်နဲ့ တခြားလူတွေဟာ ဆွံ့အ မှင်တက်သွားကြပါတယ်။ တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်က ရှုံဟွာ ၁၃ ပါးကို ပုံရိပ်ယောင်စစ်ထဲမှာ အသက်ရှူကြိမ်ဆယ်ကြိမ်အတွင်း သတ်ပစ်လိုက်တာပါ။

ဟန်ကျွယ်ရဲ့ တပည့်တွေဖြစ်တဲ့ ကျိုးဖန်နဲ့ ချူရှီရန်တောင် ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။ ‘ဆရာသခင်က... ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ’

သူတို့တွေ လှည့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ နောက်မှာ မြင့်တက်လာတဲ့ အရိပ်နက်ကြီးတွေကို တွေ့မြင်လိုက်ရပါတယ်။

ယီတျန်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဟန်ထော်... အဲဒါက မင်းရဲ့ မွေးရာပါစွမ်းအားမလား၊ မင်းရဲ့ မွေးရာပါ ဆန်းကြယ်စွမ်းအားက မင်းအဖေဆီက ဆင်းသက်လာတဲ့ပုံပဲ”

ဟန်ထော်ဟာ ဟန်ကျွယ်နောက်က နတ်ဘီလူးဓမ္မရုပ်တုတွေကိုကြည့်ပြီး စိတ်ခံစားချက်တွေ ရှုပ်ထွေးသွားပါတယ်။

တစ်။

နှစ်။

လေး။

ရှစ်။

ဟန်ထော်က တစ်ခုပဲ အမွေရခဲ့တာပါ။ ဒါတောင် အဆင့်တူတွေကို အနိုင်ယူဖို့ လုံလောက်နေပါပြီ။ သူ့အဖေကတော့ ဒီလောက်များတဲ့ ဓမ္မရုပ်တုတွေကို ပိုင်ဆိုင်ထားပါတယ်။ သူ့အဖေ ဘယ်လောက်ထိ စွမ်းအားကြီးမလဲဆိုတာ ဟန်ထော် မတွေးရဲတော့ပါဘူး။

ရှုံဟွာ ၁၃ ပါးရှေ့ ရောက်သွားတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ဒါဇင်ကျော်ကို ဆင့်ခေါ်ပြီးပါပြီ။ နတ်ဘီလူးဓမ္မရုပ်တု အကုန်လုံးဟာ ရှေ့တိုးပြီး ရှုံဟွာ ၁၃ ပါးကို ငုံ့ကြည့်လိုက်ပါတယ်။ ဧရာမလူသန်ကြီးတွေကက ပုရွက်ဆိတ်လေး ၁၃ ကောင်ကို တိုးကြိတ်ပြီး ကြည့်နေသလိုပါပဲ။

“မဖြစ်နိုင်ဘူး... မင်း ဘယ်လို လွတ်လာတာလဲ”

ရှုံဟွာ ၁၃ ပါးဟာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပါတယ်။ အမှောင်နယ်မြေကို ထုတ်သုံးထားတဲ့ ရောင်ဝါနက် ရှုံဟွာကတော့ အချိန်မရွေး ငြိမ်းသွားနိုင်တဲ့ မီးစာလိုမျိုး ဆက်တိုက် ယမ်းခါနေပါတယ်။

ရောင်ဝါနက် ရှုံဟွာရဲ့ အမှောင်နယ်မြေက ဟန်ကျွယ်ကို မချုပ်နှောင်နိုင်ဘဲ သူ့အဖော်တွေကိုသာ ပြန်ချုပ်မိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရောင်ဝါနက်ရှုံဟွာကို တစ်ချက် ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ခေါင်းထက်က နတ်ဘီလူးဓမ္မရုပ်တု ဒါဇင်ကျော်ဟာ လက်သီး လက်ဝါးတွေကို ဝှေ့ယမ်းပြီး မိုးပြိုတော့မဲ့ အတိုင်း တိုက်ခိုက်လိုက်ကြပါတယ်။

“ဝုန်း...”

ကြောက်ဖို့ကောင်းတဲ့ တောက်ပစူးရှတဲ့ အလင်းရောင် ထွက်ပေါ်လာပြီး လောကကြီးကို အရောင်မဲ့သွားစေပါတယ်။ တခြားလူတွေလည်း မျက်စိကျိန်းတာကို မခံနိုင်တာကြောင့် မျက်လုံးမှိတ်လိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နတ်အာရုံကိုလည်း ထုတ်သုံးလို့ မရပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters